← Chapters

အခန်း ၂၇၄

Vol. 14 Ch. 274

အခန်း ၂၇၄

Vol. 14 Ch. 274

အပိုင်း(၂၇၄) သူ ငါ့ကိုတော့ ရိုက်မှာမဟုတ်ပါဘူး

ချန်းရီက ဤစကားကို ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင်။

ခေါင်းဆောင်ချူချယ်တစ်ယောက် ကိုယ့်တံတွေးကိုယ် သီးလုမတတ် ဖြစ်သွားရ၏။

နေပါဦး၊ သူက ဘယ်လို မျက်နှာပြောင်တိုက်ပြီး ဒီစကားကို ပြောထွက်ရတာလဲ။

သူ ဘယ်လိုတောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ။

ဟူး... ကြည့်ရတာ မျက်နှာပြောင်တိုက်တဲ့ နေရာမှာတော့ ငါနဲ့ ချန်းရီက အများကြီး ကွာခြားနေသေးပါလား။

စကားပြောစက်ထဲတွင် မည်သည့်အသံမှ ထွက်မလာတော့ပေ။

ရှောင်တယ်ဇီဟုခေါ်သော ထိုမိန်းမစိုးက အားလုံး၏ သက်သေထွက်ဆိုချက်ကို စောင့်ဆိုင်းနေပုံရ၏။

အကယ်၍ ချန်းရီသာ ယခု သူ၏ဘေးတွင် ရှိနေပါက မိမိကို အမြန်သဘောထားမှတ်ချက်ပေးရန် တိုက်တွန်းတော့မည်ကို ချူချယ်က တွေးမြင်နိုင်နေသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် စကားပြောစက်ထဲမှ စကားကို ကြားလိုက်ရချိန်တွင် လမ်းစဉ် အဆင့် (၃) ပိုင်ရှင် ဖြစ်သော သူမပင်လျှင်။

ယခုအချိန်၌ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

(၁၉) နှစ်အရွယ် ကောင်မလေးသည် လူ့ဘောင်အသိုင်းအဝိုင်းထဲ ဝင်ရောက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ချန်းရီလောက် မျက်နှာပြောင် မတိုက်နိုင်သေးပေ။

သာမန်အချိန်သာဆိုလျှင် ကောင်မလေးသည် ယခုအချိန်၌ ရိုးသားဖြူစင်သော တက္ကသိုလ်ကျောင်းသူလေး တစ်ယောက် ဖြစ်နေသင့်သည် မဟုတ်ပါလော။

နှမြောစရာကောင်းသည်မှာ။

ကောင်မလေးသည် အဖြစ်အပျက်များစွာကို ကြုံတွေ့ဖြတ်သန်းခဲ့ရသော်လည်း ချန်းရီနှင့် နှိုင်းယှဉ်ရန် ဆိုသည်မှာ ဝေလာဝေး။

ချူချယ်နှင့် မျက်နှာပြောင်တိုက်မှုကို ယှဉ်ပြိုင်လျှင်ပင် အနိုင်ရမည် မဟုတ်ပေ။

ကောင်မလေး၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ချန်းရီကိုယ်စား ရှက်ရွံ့နေမိသည်။

တစ်ချိန်တည်းမှာပင် သူက ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို ဘာဝန်ထုပ်ဝန်ပိုးမှမရှိဘဲ ပြောထွက်နိုင်ရသနည်းဟု စိတ်ထဲတွင် အလွန် သိချင်နေမိ၏။

တင်းတုံအနေဖြင့်မူ။

သူမ၏ မျက်လုံးများထဲတွင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏၊ သေချာသည်မှာ ထိုအရာက တစ်ခဏတာမျှသာ ဖြစ်သည်။

ထို့နောက် ချက်ချင်းပင် သဘောပေါက်သွားလေသည်။

ချန်းရီက ယခုအချိန်အထိ အသက်ရှင်နေနိုင်ပြီး သူမကတော့ လက်တစ်ဖက် ပြတ်သွားရသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

တကယ်ကို မျက်နှာပြောင်တိုက်နိုင်သူတွေက ပိုပြီး အသက်ရှည်ရှည် နေနိုင်သလို ပိုပြီးတော့လည်း ကောင်းကောင်းမွန်မွန် နေနိုင်ကြတာပဲ။

ထိုအချိန်မှာပင် စကားပြောစက်ထဲမှ ပထမဆုံးလူ၏ သဘောထားမှတ်ချက် ထွက်ပေါ်လာ၏။

"အဟမ်း... အဲဒီ... ငါက ဒီယာဉ်တန်းရဲ့ ခေါင်းဆောင် လမ်းပြသူ လမ်းစဉ်က ချူချယ်ပါ"

"ငါ သက်သေခံပါတယ်... ချန်းရီက ငါတို့ ယာဉ်တန်းထဲမှာ တော်တော်လေး ယုံကြည်ရတဲ့ ရဲဘော်တစ်ယောက်ပါ"

"သူ့စကားကို ယုံကြည်လို့ ရပါတယ်"

ချူချယ်သည်လည်း ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကို ဦးဆောင်ကားအဖြစ် အန္တရာယ်စွန့်ခိုင်းလိုပေသည်။

လမ်းပြသူ ဟုတ်လား။

ဟုတ်တယ်၊ အရှင်မင်းကြီးက လမ်းပြသူဆိုတာ အရမ်းကို ယုံကြည်ရတဲ့ အလုပ်အကိုင်တစ်ခုလို့ ပြောဖူးတာပဲ။

ဒီကမ္ဘာကြီးမှာ အသက်ရှင်သန်ချင်တယ်ဆိုရင် အရှင်မင်းကြီးကလွဲပြီး အယုံကြည်ရဆုံးက လမ်းပြသူ လမ်းစဉ်က အစွမ်းပိုင်ရှင်တွေပဲ ဖြစ်တယ်။

ရှောင်တယ်ဇီသည် တောင်ပေါ်လမ်းတွင် အပြင်းအထန် ပြေးလွှားနေသော ပျော်ရွှင်နေသည့် မင်းသားလေးဆီသို့ အကြည့်ရောက်သွား၏။

ဟုတ်သားပဲ၊ သူ့လို ဥပမာတစ်ခု ရှိနေမှတော့ လူတွေကို ပိုပြီး ရိုးရိုးသားသား ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်စရာတော့ မရှိပါဘူးလေ။

ချူချယ် စကားပြောပြီးသွားချိန်တွင်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးနှင့် တင်းတုံတို့ နှစ်ယောက်မှာ သက်ပြင်းအနည်းငယ် ချလိုက်နိုင်ကြသည်။

ဒီလောက်နဲ့ပဲ ပြီးသွားပြီဟု ထင်မှတ်ကာ ဆက်လက်၍ နှုတ်မဟတော့ပေ။

ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စမျိုးကို တခြားသူကိုပဲ လုပ်ခိုင်းလိုက်တာ အကောင်းဆုံးပဲ။

ချန်းရီက စတီယာရင်ကို အကြမ်းပတမ်း ကွေ့လိုက်ရာ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကြီးက အရှေ့ရှိ ချိုင့်ခွက်တစ်ခုကို လှပသေသပ်စွာ ရှောင်တိမ်းသွား၏။

စကားပြောစက်ထဲမှ ထိုနားထောင်ရဆိုးသော စူးရှရှအသံကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။

"နေဦး... သူတို့တွေကရော... ငါ ခုနက အမျိုးသမီးနှစ်ယောက် အသံကြားလိုက်သေးတယ်... သူတို့ကရော ဘာမှ မပြောချင်ဘူးလား"

ရှောင်တယ်ဇီသည် ချန်းရီ၏ လူစရိုက်နှင့် ပတ်သက်၍ အားလုံး၏ အတည်ပြုချက်ကို ကြားရမှသာ သဘောတူညီမှုကို ပြုလုပ်လိုခြင်း ဖြစ်သည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာလေးက ပို၍ နီမြန်းသွားသည်။

ကံကောင်းသည်မှာ သူမက ယခုအချိန်တွင် ကားခေါင်မိုးပေါ်၌ ရှိနေပြီး အမှောင်ထုထဲတွင် ရောက်ရှိနေသဖြင့် သူမ၏ မျက်နှာအရောင်ကို မည်သူမျှ မမြင်နိုင်ခြင်းပင်။

အားလုံးနှင့် အချိန်မီ ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်ရန်အတွက်။

ထို့ကြောင့် ကောင်မလေးသည် ခုနကတည်းက စကားပြောစက်ကို ပခုံးတွင် ချိတ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။

ဒီလိုကိစ္စမျိုး ဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ရင် စကားပြောစက်ကို ကားထဲမှာပဲ ထားခဲ့တာ မကောင်းဘူးလား။

မီးနဂါးဓားက တစ်ချက် လက်ခနဲ ဖြစ်သွားပြီး အနည်းငယ် ကြီးမားသော ကျောက်တုံးတစ်တုံးကို လေထဲတွင်ပင် ဓားရောင်ခြည်ဖြင့် ခုတ်ပိုင်းဖျက်ဆီးပစ်လိုက်ကာ အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်၊

"ကျွန်မက ဓားနတ်ဘုရား လမ်းစဉ်ကပါ... ကျွန်မ... ကျွန်မထင်တာ သူကလည်း ယုံကြည်ရတဲ့သူ တစ်ယောက်ပါ"

"သူ့ကို ယုံကြည်လိုက်ရင် လုံးဝ နောင်တရမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်"

"ယာဉ်တန်းထဲမှာလည်း သူက ကတိတည်ပြီး ယုံကြည်ရတဲ့သူ တစ်ယောက်ပါ"

ထိုစကားကို ပြောပြီးနောက် ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ အသက်ကို ပြင်းပြင်းရှူလိုက်ရပြီး မျက်နှာလေးမှာ နီရဲပူထူနေပြီ ဖြစ်သည်။

ဒီလောက် ဗြောင်ကျကျ လိမ်ပြောရတာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူမအတွက်တော့ အလွန် ထူးဆန်းသော အတွေ့အကြုံတစ်ခု ဖြစ်နေ၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေမိသည်၊ အလိမ်ခံရရင်လည်း ငါ့ကို လာမရှာနဲ့၊ လိမ်တဲ့သူကိုပဲ သွားရှာပါ၊ ငါလည်း ဒီလို မလုပ်ချင်ပါဘူး။

တင်းတုံအနေဖြင့်မူ။

တင်းတုံ၏ မျက်နှာမှာလည်း သိပ်တော့ ကြည့်ကောင်းမနေပေ။

လိမ်ညာရသည့် ကိစ္စမျိုးကို သူမက စွန်းချန်းချန်းထက်ပင် ပို၍ စိမ်းသက်နေသေးသည်။

ကမ္ဘာပျက်ကပ် မတိုင်မီက သူမ၏ အလုပ်သည် အလွန် တည်ကြည်လေးနက်မှု ရှိခဲ့သဖြင့် သူမ၏ စရိုက်မှာလည်း အနည်းငယ် တင်းကျပ်နေကာ ချန်းရီနှင့် ချူချယ်တို့လို အခြားသူများကို လိုက်လံ နောက်ပြောင်လေ့ သိပ်မရှိခဲ့ပေ။

ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် သူမကို လိမ်ပြောရမည့် ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

စဉ်းစားပြီးနောက် တင်းတုံ၏ အနည်းငယ် ရှက်ရွံ့နေသော အသံက စကားပြောစက်ထဲမှ ထွက်ပေါ်လာ၏။

"အဟမ်း... ချန်းရီက... ယုံကြည်ရပါတယ်"

တင်းတုံက များများ မပြောချင်၍လား သို့မဟုတ် စကားများများပြောလျှင် အလိမ်ပေါ်သွားမည်ကို စိုးရိမ်၍လားတော့ မသိပေ။

ဒီလောက် ရိုးရှင်းသော စကားတစ်ခွန်းကို ပြောလိုက်ပြီးနောက်။

တင်းတုံတစ်ယောက်လည်း ရင်တုန်ပန်းတုန် ဖြစ်သွားရသည်။

ထိုစကားက သူမ၏ ပါးစပ်ကို ကိုက်နေသည့်အလား ခံစားလိုက်ရ၏။

ဒီဖြစ်စဉ် တစ်ခုလုံးက ပြောရရင်တော့ ရှည်လျားလှသည်။

သို့သော် အမှန်တကယ်တွင် စကားအနည်းငယ် ပြောရုံမျှ အချိန်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ချန်းရီ၏ အသံက စကားပြောစက်ထဲမှ ထွက်ပေါ်လာသည်၊ "ငါတို့ ယာဉ်တန်းထဲက လူတိုင်း ငါ့ကို အာမခံပေးနေပြီပဲ... မင်းက မယုံသေးဘူးလား"

ချူချယ် "..."

စွန်းချန်းချန်း "..."

တင်းတုံ "..."

ထယ်ရှီး နိုးမနေတာ တော်သေးသည်။

သို့မဟုတ်လျှင် ထယ်ရှီးကိုသာ ဤကိစ္စမျိုး လုပ်ခိုင်းပါက ဆယ်ပုံ ကိုးပုံလောက် အလိမ်ပေါ်သွားပေလိမ့်မည်။

ထိုသူသည် တိုက်တန် လမ်းစဉ် အဆင့် ပိုမြင့်လာလေလေ ဘေးထွက်ဆိုးကျိုး ပိုကြီးမားလာလေလေ ဖြစ်ပြီး ဦးနှောက်ကလည်း ပို၍ ထိုင်းမှိုင်းလာလေလေ ဖြစ်သည်။

ထိုစူးရှရှ အသံကြီးက နောက်ဆုံးတွင် စကားပြောလာသည်။

"ကောင်းပြီ... ငါ နားထောင်ကြည့်ရသလောက် နောက်ဆုံးက အမျိုးသမီးက ရိုးသားတဲ့လူ တစ်ယောက်ပဲ"

"ငါက စကားလုံး နည်းနည်းပဲ ကြားလိုက်ရတယ်ဆိုပေမဲ့ ငါက အရူးမှ မဟုတ်တာ"

"မင်းတို့ထဲမှာ နောက်ဆုံးက အမျိုးသမီးက အယုံကြည်ရဆုံးနဲ့ အမှန်ကန်ဆုံးပဲ... ငါ ယုံလိုက်ပြီ"

"မင်းတို့ ကားကို ငြိမ်ငြိမ်လေး မောင်းကြ... ငါ ရှေ့ကနေ သွားပြီး လမ်းပြပေးမယ်"

"မင်းတို့ တောသားတွေ သေချာ လိုက်ခဲ့ကြ"

ချန်းရီ၏ မျက်ထောင့်များ တွန့်ကွေးသွား၏။

ဒီလခွမ်း။

ဒီလူက တကယ် အထိုးခံချင်နေတာပဲ၊ ပါးစပ်ကနေ "တောသားတွေ" တစ်ခွန်း၊ "အောက်တန်းစားတွေ" တစ်ခွန်းနဲ့။

တင်းတုံသည် သူမအနေဖြင့် စကားအနည်းငယ် ပြောလိုက်ရုံဖြင့် ဤလူက ယုံကြည်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

လိမ်ညာလေ့မရှိဘဲ ရိုးသားစွာ နေထိုင်လာသူများ၏ အသံထဲတွင် သဘာဝအလျောက် ဖော်ပြ၍မရနိုင်သော ယုံကြည်ချင်စရာကောင်းသည့် ခံစားချက်မျိုး ပါဝင်နေတတ်သည်။

"ရုပ်သွင်သည် စိတ်မှ ဖြစ်တည်သည်" ဟူသော စကားသာမက "အသံသည်လည်း စိတ်မှ ဖြစ်တည်သည်" ဟူသော စကားလည်း ရှိနေသေးသည် မဟုတ်ပါလော။

အချို့လူများကို သင် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဗီဇအလျောက် မနှစ်မြို့ခြင်းမျိုး ဖြစ်ပေါ်လာတတ်သည်။

အချို့လူများဆိုလျှင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း သူတို့၏ စကားပြောသံကို ကြားလိုက်သည်နှင့် စိတ်အနှောင့်အယှက် ဖြစ်လာတတ်သည်။

တင်းတုံကဲ့သို့ လိမ်လေ့လိမ်ထ လုံးဝမရှိသလောက်ဖြစ်သော လူမျိုးအတွက်မူ သူမ၏ အသံထဲတွင် သဘာဝအလျောက် ခိုင်မာပြတ်သားသည့် ခံစားချက်မျိုး ပါဝင်နေတတ်သည်။

ယခုအချိန်တွင် တင်းတုံ၏ မျက်နှာအမူအရာမှာ သိပ်တော့ ကြည့်ကောင်းမနေပေ။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကျောပြင်ကို ငှက်မွေးဖြင့် ပွတ်သပ်ခံနေရသကဲ့သို့ ယားကျိကျိ ခံစားချက်မျိုး ဖြစ်ပေါ်နေပြီး ကားခေါင်မိုးပေါ်တွင် ရပ်ကာ သတိဝီရိယဖြင့် စောင့်ကြည့်နေသော သူမသည် အနေခက်စွာဖြင့် ပခုံးများကို လှုပ်ခါလိုက်မိသည်။

ဤရှက်ရွံ့စရာကောင်းသော ခံစားချက်ကို လွှင့်ပစ်ချင်နေသည့်အလားပင်။

......

ရှောင်တယ်ဇီသည် ဤကိစ္စကို အရှင်မင်းကြီးထံ တင်ပြတောင်းဆိုခဲ့ခြင်း မရှိပေ။

အဓိကအကြောင်းအရင်းမှာ အရှင်မင်းကြီးက ယခုလေးတင် အနားယူတော့မည်ဟု ပြောထားခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ တင်ပြတောင်းဆိုခဲ့လျှင်လည်း "အရှင်မင်းကြီး" က သဘောတူပေလိမ့်မည်။

အရင်တုန်းက ဒီနည်းလမ်းနဲ့ပဲ အရူးတစ်ယောက်ကို လှည့်စားခဲ့တာ မတွေ့ခဲ့ဘူးလား။

အဲဒီအရူးက ကားမောင်းပြီး ငါတို့ဘေးကနေ လိုက်လာသေးတယ်လေ။

အရင်က အောင်မြင်ခဲ့သည့် သာဓကများ ရှိထားသဖြင့်။

ရှောင်တယ်ဇီသည် ဤကဲ့သို့သော ကိစ္စမျိုးအပေါ် မျှော်လင့်ချက်များ ပိုမို ကြီးမားနေခဲ့သည်။

အကယ်၍ မအောင်မြင်ခဲ့ဘူးဆိုလျှင်တောင်။

မအောင်မြင်ခဲ့ရင်တောင်။

သူ ငါ့ကိုတော့ ရိုက်မှာမဟုတ်ပါဘူးလေ။

"အရှိန်ကုန်တင်ပြီး မောင်းစမ်း... ငါတို့ အရှေ့ဆုံးကို သွားမယ်"

ရှောင်တယ်ဇီက ကားမောင်းသူ နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။

ဆက်ရန်...

All Chapters