← Chapters

အခန်း ၂၇၇

Vol. 14 Ch. 277

အခန်း ၂၇၇

Vol. 14 Ch. 277

အပိုင်း(၂၇၇) ကမ္ဘာနှစ်ခု ပေါင်းစပ်ခြင်း

"ဝုန်း... ဝုန်း.. ဝုန်း"

ဧရာမ ဆူညံသံကြီးက လူတို့၏ နားထဲသို့ ရိုက်ခတ်သွားပြီး နှလုံးသားများပင် တုန်ရီသွားရလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ၏။

ဤသည်မှာ လူသားတို့၏ သဘာဝတရားအပေါ် အလိုအလျောက် ကြောက်ရွံ့တတ်သော စိတ်ပင်ဖြစ်ပြီး မျိုးဗီဇထဲတွင် ကိန်းအောင်းနေသော အရာလည်း ဖြစ်သည်။

အစွမ်းပိုင်ရှင်များ ဖြစ်ကြသော်လည်း ဤအချိန်၌ အားလုံး တိတ်ဆိတ်နေကြ၏။

ချန်းရီက ဘရိတ်ကို ရုတ်တရက် နင်းလိုက်ပြီး ကားကို တောင်ကုန်းငယ်လေးပေါ်တွင် တိုက်ရိုက် ရပ်တန့်လိုက်သည်။ ထို့နောက် ကားပေါ်မှ ဆင်းကာ အဝေးဆီမှ ကမ္ဘာပျက်မတတ် ပျက်စီးနေသော မြင်ကွင်းကြီးကို လှမ်းကြည့်လိုက်၏။

ကားကို ဘာကြောင့် ရပ်လိုက်ရသနည်း ဆိုသော်။

ဤနေရာနှင့် ထိုကမ္ဘာပျက်မတတ် ပျက်စီးနေသော မြင်ကွင်းကြီးသည် လုံးဝ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်အဖြစ် ဖြစ်တည်နေသောကြောင့် ဖြစ်သည်။

ကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းတွင် သဲကြီးမဲကြီး ရွာသွန်းနေသော မိုးက ထိုကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ရေလွှမ်းမြိုတော့မည့်အလား ရှိနေသည်။

သို့သော် ဤနေရာတွင်မူ ကောင်းကင်က အနည်းငယ် လင်းထိန်နေပြီး မိုးတစ်ပေါက်မျှ ကျဆင်းခြင်း မရှိပေ။

လေထုကပင် အနည်းငယ် ခြောက်သွေ့နေသေး၏။

ထို့ကြောင့် ချန်းရီတို့သည် လတ်တလောတွင် အနည်းဆုံးတော့ ဘေးကင်းနေကြပြီ ဖြစ်သည်။

ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုး။

အရင်ကလည်း ကြုံဖူးခဲ့သည်။

ဘေးနှစ်ဖက်သည် လုံးဝ ဆက်စပ်မှုမရှိသော ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေ၏။

ကမ္ဘာပျက်ကပ်နှင့် ပတ်သက်သော ခန့်မှန်းချက်များကို ချန်းရီ ရုတ်တရက် သတိရသွားသည်။

ကမ္ဘာနှစ်ခု ပေါင်းစပ်သွားခြင်းကြောင့် ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု အချို့က ဆိုကြသည်။

ယခု အခြေအနေကို ကြည့်ရသည်မှာ။

အဝေးဆီမှ ဘေးဒုက္ခကြီးနှင့် ယခုနေရာမှ တိတ်ဆိတ်ငြိမ်သက်မှုတို့သည် ကမ္ဘာနှစ်ခု ပေါင်းစပ်နေသည့် နယ်စပ်မျဉ်းနှင့် တကယ်ကို တူညီနေသည်။

ကမ္ဘာနှစ်ခု၏ စည်းမျဉ်းများက ပေါင်းစပ်ရန် ကြိုးစားနေသည့်အလားပင် ဖြစ်သည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများသည်လည်း ကမ္ဘာနှစ်ခု ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုး အသေးစားလေးများသာ ဖြစ်ပေမည်။

ဒီလိုသာဆိုလျှင် ချူချယ်၏ ရာသီဥတု အာရုံခံနိုင်စွမ်းက အဘယ်ကြောင့် ဤမျှ ဆိုးရွားနေရသနည်း ဆိုသည်ကို ရှင်းပြ၍ ရနိုင်သွားပြီ ဖြစ်သည်။

ကမ္ဘာနှစ်ခု၏ စည်းမျဉ်းများ ပေါင်းစပ်ခြင်းသည် ရိုးရှင်းသော ရာသီဥတု ပြောင်းလဲမှုထက် များစွာ ပို၍ ရှုပ်ထွေးနေမည် မဟုတ်ပါလော။

အင်းပေါ့... ဤသည်မှာ ခန့်မှန်းချက် တစ်ခုသာ ဖြစ်သည်။

သို့သော် ခေါင်းဆောင်ချူက ဤတစ်ကြိမ်တွင် တကယ့်ကို အသုံးမကျလွန်းပေ။

(၂၄) နာရီအတွင်း ရာသီဥတုကို ကြိုတင် ဟောကိန်းထုတ်နိုင်သည်ဟု ဆိုထားသည် မဟုတ်ပါလော။

ဤမျှ အသုံးမကျသော အစွမ်း။

သူ့ကို ဘာလုပ်ရမည်နည်း။

လူတိုင်းက ကားများကို အသီးသီး ရပ်လိုက်ကြပြီး အသက်ရှင်ကျန်ရစ်သူများက ကားပြတင်းပေါက်များမှ ခေါင်းပြူထွက်လာကာ ရှေ့မှ မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။

ထို ကြီးမားခန့်ညားသော ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးသည်လည်း ဘေးနားတွင် ဖြည်းညှင်းစွာ ရပ်တန့်သွား၏။

အန္တရာယ်ကင်းရှင်းသွားပြီ ဖြစ်ကြောင်း အသိပေးချက်ကို ရရှိထားသော လူများက ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ ပြတင်းပေါက်များဆီသို့ လျှောက်လာကြပြီး သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများကဲ့သို့ပင် ထိတ်လန့်နေကြသည်။

သိပ်ပြီး အထင်အရှားမရှိလှသော ပျော်ရွှင်သော မင်းသားလေး ကားလေးသည်လည်း ရပ်တန့်သွားသည်။

အဝါရောင် တိပ်ဖြင့် ကပ်ထားသော မျက်မှန်အဟောင်းကို တပ်ဆင်ထားသည့် ပိန်ပိန်ပါးပါးနှင့် မှိုင်းတိုင်းတိုင်း အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာ၏။

သို့သော် ဤအချိန်တွင် မည်သူကမျှ သူတို့ကို ဂရုစိုက်နေရန် အချိန်မရှိကြပေ၊ လူတိုင်းက အခြားကမ္ဘာတစ်ခုတွင် ဖြစ်ပေါ်နေသည့်အလား ထိုဘေးဒုက္ခကြီးကိုသာ ကြည့်နေကြသည်။

ထိုသဲကြီးမဲကြီး ရွာသွန်းနေသော မိုးသည် ဤဘက်ခြမ်းနှင့် ရှင်းလင်းပြတ်သားသော နယ်နိမိတ်မျဉ်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

တောင်ကုန်းပေါ်မှ လျှောကျလာသော ရွှံ့နွံများသည်ပင်လျှင် သူတို့၏ နယ်မြေအတွင်း၌သာ ပျက်စီးစေပြီး ဤဘက်ခြမ်းသို့ အနည်းငယ်မျှပင် ကျူးကျော်လာခြင်း မရှိပေ။

စွန့်ပစ်ခံထားရသော ထိုတောင်ကြားလမ်းသည် မိုးရွာသွန်းမှု အစွန်းနားတွင် လုံးဝ ပြတ်တောက်သွား၏။

ယခင်က ခေါင်းဆောင်ချူ ပြောခဲ့သည်မှာ တစ်မိုင်ကျော်ခန့် သွားလျှင် လွတ်မြောက်ရာလမ်း ရှိသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

ချန်းရီ ထင်မှတ်ထားခဲ့သည်မှာ တစ်မိုင်ကျော်ခန့် မောင်းနှင်ပြီးလျှင် ထိုတောင်ကြားလမ်းမှ ထွက်ခွာကာ အခြား လုံခြုံသော လမ်းမကြီးတစ်ခုသို့ ကွေ့ဝင်သွားနိုင်မည်ဟု ဖြစ်သည်။

သို့သော် တစ်မိုင်ကျော်ခန့် အကွာတွင် ထိုတောင်ကြားလမ်းမှ အမှန်တကယ် ထွက်ခွာနိုင်ခဲ့မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

သို့သော် ယခုမူ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေ၏။

ဤနေရာတွင် လူသားတို့ လှုပ်ရှားသွားလာခဲ့သော အရာယွင်း အနည်းငယ်မျှပင် မရှိသည့်အပြင် စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သော လမ်းမကြီးလည်း မရှိတော့ဘဲ ကားများမှာ မြက်ခင်းပြင်တစ်လျှောက်သာ မောင်းနှင်သွားနိုင်တော့သည်။

သို့သော် ဤအချိန်၌ မည်သူကမျှ ထိုမျှလောက်အထိ တွေးတောနေရန် စိတ်ကူးမရှိကြဘဲ ရှေ့တွင် မြင်တွေ့နေရသည့် အရာအားလုံးကို ထိတ်လန့်တကြား ကြည့်နေကြသည်။

တောင်ကြီးနှစ်လုံးကြားရှိ ထိုတောင်ကြားလမ်းမှာ ယခုအခါ ဘေးနှစ်ဖက်မှ ပြိုကျလာသော ရွှံ့နွံများနှင့် ကျောက်တုံးများအောက်တွင် လုံးဝ မြုပ်နှံသွားခဲ့ပြီ ဖြစ်သည်။

လူအင်အား၊ ငွေကြေးအင်အားများစွာ အကုန်အကျခံကာ တည်ဆောက်ခဲ့ရသော ထိုတောင်ကြားလမ်းမှာ ယခုမှစ၍ အစကတည်းက မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားခဲ့လေပြီ။

ဆူညံလှသော ဝုန်းဒိုင်းကျဲသံကြီးများက လူတို့၏ နားစည်ကို နာကျင်စေ၏။

အစွမ်းပိုင်ရှင်တစ်ဦးဖြစ်သော သူ့အနေဖြင့်ပင် သဘာဝတရား၏ ကြီးမားလှသော စွမ်းအားကြီးကို မည်သို့မျှ မတွန်းလှန်နိုင်ကြောင်း ဝန်ခံရပေမည်။

ချန်းရီက ဆေးလိပ်ကို ခဲထားရင်း အဝေးဆီမှ တောင်ပြို၊ မြေကွဲနေသော မြင်ကွင်းကြီးကို ကြည့်ကာ တစ်ခဏမျှ ဘာပြောရမည်ကိုပင် မသိဖြစ်နေသည်။

ပို၍ ထူးဆန်းသည်မှာ ဟိုဘက်ခြမ်းမှ သဲကြီးမဲကြီး ရွာသွန်းနေသော မိုးနှင့် ဤဘက်ခြမ်းမှ တိတ်ဆိတ်ငြိမ်သက်မှုတို့က ကမ္ဘာနှစ်ခုကဲ့သို့ ဖြစ်နေခြင်းပင်။

မိုးကုပ်စက်ဝိုင်းဆီမှ ရွှေရောင်အလင်းတန်းလေး အနည်းငယ် ထွက်ပေါ်လာပြီး ချန်းရီ၏ မျက်နှာဘေးထောင့်ကို ဖြာကျနေကာ ကျန်ရှိနေသော သွေးရောင်မျက်လုံး တစ်လုံးကို ပို၍ပင် ထူးဆန်းကျောချမ်းဖွယ် ကောင်းသွားစေသည်။

"ခေါင်းဆောင်ချူ... ခုနက တစ်မိုင်ကျော်လောက် လိုသေးတယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ"

ချန်းရီ၏ အသံမှာ အနည်းငယ် အက်ကွဲနေပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။

ဤကောင်က အခြား အစွမ်းများ ဖွက်ထားသေးသလား။

မြေပုံကိုပါ အာရုံခံနိုင်သလား၊ ဂိမ်းထဲတွင် မြေပုံ ဖွင့်သကဲ့သို့ပင် ဖြစ်မည်လား။

သူက ထိုတောင်ကြားလမ်းသို့ မရောက်ဖူးဟု ပြောခဲ့သည် မဟုတ်ပါလော။

သံသယများတတ်သော ချန်းရီသည် မနေနိုင်ဘဲ အတွေးတွေ များသွားရပြန်သည်။

မျက်စိရှေ့တွင် ကမ္ဘာပျက်ကပ်နှင့် တူသော မြင်ကွင်းမျိုး ဖြစ်နေလျှင်ပင်။

ချန်းရီက သူ့ကိုယ်သူ အတွေးမများစေရန် မထိန်းချုပ်နိုင်သေးပေ။

မတတ်နိုင်ပေ၊ မွေးရာပါ သံသယများတတ်သည် ဆိုသည်မှာ သူ့ကို ပြောခြင်းပင် ဖြစ်သည်။

ချူချယ်က မျက်လုံးပြူးကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

"ငါ လမ်းညွှန်ဆိုင်းဘုတ်ကို မြင်လိုက်တာ... အဲဒီမှာ လောင်ညိုတောင် ရှေးဟောင်းလမ်းထွက်ပေါက် တစ်မိုင်ကျော် လိုသေးတယ်လို့ ရေးထားတယ်"

ချန်းရီ "..."

ခွေးကောင်၊ ဤမျှ ရိုးရှင်းနေမည်ဟု မထင်ထားခဲ့ပေ။

သို့သော် ခေါင်းဆောင်ချူကို ကြည့်ရသည်မှာ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။

ချန်းရီက အေးစက်စက် ဟစ်ကြွေးလိုက်သည်။

"ဟမ့်... ခေါင်းဆောင်ချူရဲ့ ရာသီဥတု အာရုံခံနိုင်စွမ်းကလည်း သာမန်လောက်ပါပဲ... ဒီလောက် သိသာတဲ့ ရာသီဥတု ပြောင်းလဲတာကိုတောင် ခေါင်းဆောင်ချူက ကြိုပြီး အာရုံမခံနိုင်ဘူးလား"

"မင်း ခေါင်းဆောင် လုပ်နေတာ သိပ်ပြီး အရည်အချင်း မပြည့်ဝဘူး"

"မင်း ဘယ်နေရာသုံးစားရလဲ"

ချူချယ်က ချန်းရီကို အေးစက်စက် ကြည့်လိုက်သည်။

"ငါ့ရဲ့ ရာသီဥတု အာရုံခံနိုင်စွမ်းသာ မရှိရင်... မင်း မြေမြုပ်နေလောက်ပြီ"

စကားပြောပြီးသည်နှင့် ချန်းရီကို ပြန်လည် ချေပခွင့် လုံးဝမပေးတော့ဘဲ လှည့်ထွက်သွားလေသည်။

ချန်းရီ "..."

ပြီးခဲ့သည့်အကြိမ်က သူတို့နှစ်ယောက် အပြန်အလှန် စကားများကြရာတွင် ချန်းရီက အသာစီးရခဲ့သည်ကို မှတ်မိနေသေးသည်။

ဤတစ်ကြိမ်တွင်မူ အသာစီးရသွားသူမှာ ခေါင်းဆောင်ချူ ဖြစ်သွား၏။

တကယ်တော့ ချန်းရီက ချူချယ်၏ သံသယများကို ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။

လမ်းစဉ် (၂) သို့ တက်လှမ်းပြီးကတည်းက ရာသီဥတုကို အာရုံခံခြင်းသည် ချူချယ်အတွက် ရေသောက်၊ ထမင်းစားသကဲ့သို့ လွယ်ကူရိုးရှင်းလွန်းလှသည်။

ယခင်က မည်သည့် ပြဿနာကြီးမျှ မဖြစ်ခဲ့ဖူးပေ။

အဆိုးဆုံးဆိုလျှင် မူလက ယနေ့ နေသာမည်ဟု အာရုံခံမိသော်လည်း တကယ်တမ်းတွင် မိုးဖွဲဖွဲလေး ရွာကျလာခြင်းမျိုးသာ ရှိခဲ့သည်။

ချို့ယွင်းချက်မှာ ဤမျှလောက်သာ ရှိခဲ့၏။

သေချာသည်မှာ အာရုံခံမှုကို ပို၍ မကြာခဏ ပြုလုပ်ပါက ဤကဲ့သို့သော အမှားမျိုးကိုပင် အချိန်မီ သိရှိနိုင်မည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ် ရာသီဥတု အာရုံခံမှုက ချူချယ်ကို အလွန်အမင်း စိတ်ပျက်အားငယ်သွားစေသည်။

အာရုံခံလိုက်တိုင်း နီးပါးသည် ယခင်အကြိမ်နှင့် အလွန် ကွာခြားနေတတ်သည်။

ထို့ကြောင့် အာရုံခံပြီးတိုင်း ရရှိလာသော ရလဒ်များမှာ မတူညီကြတော့ပေ။

ချူချယ်သည် မလှမ်းမကမ်းရှိ ထို အခြားကမ္ဘာတစ်ခု တွင် ဖြစ်ပေါ်နေသော ဘေးဒုက္ခကြီးကို စူးစိုက်ကြည့်နေ၏။

ယခု ဤဘက်ခြမ်းမှ တိတ်ဆိတ်ငြိမ်သက်မှုနှင့် လုံးဝ ဆန့်ကျင်ဘက် အခြေအနေကြီး ဖြစ်နေသည်။

ချူချယ်၏ မျက်ဝန်းများက အရောင်လက်သွားပြီး သူ၏ စိတ်ထဲမှ အတွေးများသည် မျက်နှာပေါ်တွင် ပေါ်လွင်နေသကဲ့သို့ တည်ငြိမ်မနေကြောင်း သိသာလှသည်။

မိုးကုပ်စက်ဝိုင်းဆီမှ ရွှေရောင်နေရောင်ခြည်က ခေါင်းဆောင်ချူ၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး နက်ရှိုင်းသော သမုဒ္ဒရာကဲ့သို့သော ထိုမျက်ဝန်းများကိုမူ အကြမ်းဖျင်းမျှပင် မမြင်နိုင်ပေ။

ရုတ်တရက် နေရောင်ခြည် ကွယ်သွားသလို ခံစားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ထယ်ရှီး၏ ဧရာမ ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသည်။

လူအများ၏ အာရုံကို အဖမ်းစားဆုံးအရာမှာ ထိုကောင်၏ ခေါင်းနှစ်လုံးနှင့် လက်မောင်း လေးဖက်ပင် ဖြစ်သည်။

ချူချယ်သည် ယခုလက်ရှိ ထယ်ရှီး၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် ဖိအားကို အာရုံခံမိနေ၏။

"ထယ်ရှီး... မင်း..."

ထယ်ရှီးက ရိုးအအ ပြုံးလိုက်ပြီး ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။

"ဟီးဟီး... ခေါင်းဆောင်ချူ... ချန်းရီ... ငါ... နိုးပြီ"

ကောင်းပြီ၊ သူ၏ ဤရိုးအအ အပြုံးလေးက ခုနက ခံစားနေရသော ဖိအားများကို တစ်ခဏချင်းအတွင်း လုံးဝ လွင့်စင်သွားစေသည်။

ချန်းရီက ထယ်ရှီး၏ ခေါင်းနှစ်လုံးနှင့် လက်မောင်း လေးဖက်ကို ကြည့်လိုက်၏။

"ကျွတ်ကျွတ်... ထယ်ရှီး... မင်းကတော့... တကယ်မိုက်တာပဲ"

လမ်းစဉ် အဆင့်မြှင့်တင်လိုက်၍ ပုံမှန်မဟုတ်သော အသွင်အပြင်များ အပြင်ဘက်သို့ ထွက်ပေါ်လာခြင်းတွင် ထယ်ရှီးမှာ ပထမဆုံးလူ ဖြစ်မည်ဟု ဆိုရပေမည်။

လမ်းစဉ် အစွမ်းပိုင်ရှင် များစွာကို မြင်တွေ့ဖူးသော်လည်း ပုံမှန်မဟုတ်သော အသွင်အပြင်များ အပြင်ဘက်သို့ ထွက်ပေါ်လာသူမှာ ထယ်ရှီး တစ်ယောက်တည်းသာ ရှိသေးသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ လက်ညှိုးနှင့် လက်ခလယ်ကို ကွေးလိုက်ပြီး သူမ၏ ခါးသေးသေးလေးနှင့် တူညီသော ထယ်ရှီး၏ လက်မောင်းကို ခေါက်ကာ ချီးကျူးလိုက်သည်။

"ထယ်ရှီး... နင်က... အရမ်း အမိုက်စား ဖြစ်သွားတာပဲ"

"တခြား ဘာတွေ ထူးခြားသေးလဲ"

"တခြား ထူးခြားတာလား... အင်း..."

ထယ်ရှီးက ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။

"ဘာမှတော့ မခံစားရဘူး... ခွန်အားတွေ ပိုကြီးလာတယ်... အမြန်နှုန်း ပိုမြန်လာတယ်... ခွန်အားတွေလည်း ပိုပြည့်ဝလာတယ်လို့ပဲ ခံစားရတယ်"

တိုက်တန် လမ်းစဉ်နှင့် ပတ်သက်၍ ယခု လူတိုင်း အနည်းငယ်မျှ နားလည်သွားကြပြီ ဖြစ်သည်။

ဤလမ်းစဉ်သည် အဆင့်မြှင့်တင်လိုက်ပါက အစွမ်းများ များများစားစား မရရှိဘဲ အများစုမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုသာ တိုးတက်စေခြင်း ဖြစ်သည်။

သို့သော် သူ၏ ဤခန္ဓာကိုယ် ကြံ့ခိုင်မှု တိုးတက်လာခြင်းက အနည်းငယ် လွန်ကဲနေပြီး လက်မောင်း နှစ်ဖက် တိုက်ရိုက် ထပ်တိုးလာခြင်းသာ ဖြစ်သည်။

"ဟမ့်... မင်းတို့ တောသားတွေ... တိုက်တန် လမ်းစဉ်ရဲ့ အသွင်ပြောင်းတာလေးကိုတောင် မကြားဖူးကြဘူးလား"

စူးရှသော လူ၏သံကြီးက ချက်ချင်း ထွက်ပေါ်လာသည်။

ထို အရိုက်ခံချင်စရာကောင်းသော အသံသည် ဘေးကင်းသွားပြီ ဖြစ်သောကြောင့် အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိပေ။

ဆက်ရန်...

All Chapters