← Chapters

အခန်း ၂၇၉

Vol. 14 Ch. 279

အခန်း ၂၇၉

Vol. 14 Ch. 279

အပိုင်း(၂၇၉) ရိုးသားသူ

မလှမ်းမကမ်းရှိ ရှောင်တယ်ဇီ၏ ခေါင်းနှင့် မျက်နှာတစ်ခုလုံး ဖောင်းအစ်ယောင်ယမ်းနေပြီး သူ၏ ခေါင်းကြီးက ဝက်ခေါင်းကြီးတစ်လုံးလို ဖောင်းကားနေသည်။

သူဝတ်ဆင်ထားသော ပုံကြီးချဲ့လွန်းသည့် အနီရောင်ဝတ်စုံကြီးသာ မရှိပါက ဤသူသည် ယခင်က မာနတစ်ခွဲသားနှင့် မောက်မာနေခဲ့သော ရှောင်တယ်ဇီမှန်း မည်သူမျှ မှတ်မိနိုင်မည် မဟုတ်ပေ။

အမှန်တော့ ချန်းရီက ထို "ဧကရာဇ်" ဟုဆိုသော သူကိုပါ သွားရောက် ထိုးကြိတ်ချင်နေသေးသည်။

ထိုကောင်၏ ယခင်က ပြောဆိုခဲ့သော လေသံမှာ အလွန် ဒေါသထွက်စရာ ကောင်းလှသည်။

ဧကရာဇ် ဖြစ်ဖြစ်... ခွေးဖြစ်ဖြစ်... သူ ဂရုမစိုက်ပေ။

ယခုအချိန်တွင် ချန်းရီက ထိုကောင့်ကိုပါ ပူးတွဲ၍ ဆော်ပစ်ချင်နေ၏။

သို့သော် ချန်းရီက ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ တတိယထပ်ကို တစ်ပတ်လှည့်ပတ် ကြည့်ရှုလိုက်သော်လည်း တံခါးဖွင့်၍ရမည့် နေရာကို လုံးဝ မတွေ့ရချေ။

သိသာထင်ရှားစွာပင်... ဤ "ဧကရာဇ်" ဆိုသူက အလွန် သတိကြီးလှပြီး ယနေ့ကဲ့သို့သော အခြေအနေမျိုးကို ကြိုတင် ခန့်မှန်းမိထားပုံရသည်။

ထို့ကြောင့် တတိယထပ် တစ်ခုလုံးကို အလွန် ထူးခြားသော သတ္တုတစ်မျိုးဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ချန်းရီက အမုန်းတရား ဓားဖြင့် စမ်းသပ် ခုတ်ကြည့်လိုက်သော်လည်း သေးငယ်သော အရာလေး တစ်ခုသာ ထင်ကျန်ရစ်စေနိုင်ခဲ့သည်။

ဤအခြေအနေက ချန်းရီကိုပင် အနည်းငယ် အံ့အားသင့်သွားစေ၏။

သာမန်အချိန်များတွင် အမုန်းတရား ဓားကို အသုံးပြု၍ ထင်းခုတ်သည်ဖြစ်စေ၊ အခြား ကားများဆီမှ အပိုပစ္စည်းများကို ဖြတ်တောက်ယူသည်ဖြစ်စေ...

မည်သည့် အခက်အခဲမျှ မရှိခဲ့သည်ကို သိထားရမည်။

ထို့အပြင် အမုန်းတရား ဓား၏ ဓားသွားဖုံးကွယ်ခြင်း ဝိသေသကြောင့် ၎င်း၏ ထက်မြက်မှုမှာ စိတ်ကူးမှန်းဆ၍ မရနိုင်လောက်အောင်ပင် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ရသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ထို့ကြောင့် ချန်းရီလည်း လက်လျှော့လိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် အစမှအဆုံးတိုင်အောင် ထို "ဧကရာဇ်" ဆိုသူမှာ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။

ရှောင်တယ်ဇီ၏ ပြောစကားအရဆိုလျှင်...

သူ၏ အရှင်မင်းကြီး မှာ ယခုအချိန်တွင် အနားယူနေပြီး အရှင်မင်းကြီး နိုးထလာပါက ချန်းရီလို အောက်တန်းစား ကတော့ ကံဆိုးမိုးမှောင် ကျတော့မည်ဟု ဆိုသည်။

ထိုစကားကြောင့် ချန်းရီက ရှောင်တယ်ဇီထံသို့ သွားကာ ထပ်မံ၍ အသေအလဲ ထိုးကြိတ်ပစ်လိုက်သည်။

ဤကောင်၏ ပါးစပ်က တကယ်ကို မာကျောလှသည်။ ဤမျှလောက် အထိုးခံရသည်တောင်မှ ပါးစပ်က အောက်တန်းစား ဆိုသည့် စကားကို တတွတ်တွတ် ရွတ်နေသေး၏။

တကယ်ကို ဒေါသထွက်စရာ ကောင်းလွန်းလှသည်။

......

"မင်္ဂလာ... ပါ... ကျွန်တော့်နာမည်က... ချန်းဟောင် ပါ"

"စကားစု လမ်းစဉ်... လမ်းစဉ် အဆင့်(၂) ပါ"

သူတို့ရှေ့တွင် ရှိနေသူမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနိုင်ကျင့်ချင်စရာ ကောင်းသော ရိုးသားသည့် လူတစ်ယောက် ဖြစ်ပြီး သူ၏ ကိုယ်ပေါ်တွင် အလွန် ရိုးရှင်းသော ဂျင်းဘောင်းဘီနှင့် အကွက်ကျား ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။

သူ၏ ခေါင်းပေါ်ရှိ ဆံပင်များကလည်း ရှုပ်ပွနေသော ကြွက်သိုက်ကြီး တစ်ခုနှင့် တူနေ၏။

မျက်နှာပေါ်တွင်လည်း အဝါရောင် တိပ်ဖြင့် ပတ်ကာ စည်းနှောင်ထားသော မျက်မှန်အိုကြီး တစ်လက်ကို တပ်ဆင်ထားသည်။

ပထမဆုံး အကြိမ် မြင်လိုက်ရသည့် ခံစားချက်ကပင် ရိုးသားပြီး အလွယ်တကူ အနိုင်ကျင့်၍ ရနိုင်မည်ဟု ထင်ရသည်။

သူ၏ မျက်နှာကလည်း အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပင်ပန်းနွမ်းနယ်နေသည့် ပုံပေါ်နေ၏။

အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် ခုနက ဤသူသည် သူ၏ အစွမ်းကို အသုံးပြုကာ ကျောက်တုံးကြီးများကို ကာကွယ်တားဆီးပေးခဲ့ခြင်း ဖြစ်ကြောင်း ခန့်မှန်းရ ခက်ခဲမည် မဟုတ်ပေ။

ထိုကဲ့သို့သော လုပ်ရပ်က သူ့အတွက်လည်း ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်စေခဲ့ပုံရသည်။

"စောစောက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်... ခင်ဗျားသာ မရှိခဲ့ရင်... ကျွန်တော်တို့ လူတော်တော်များများ သေကုန်လောက်တယ်"

ချူချယ်က ခင်မင်ရင်းနှီးစွာဖြင့် လက်လှမ်းပေးလိုက်သည်။

ထို ရိုးသားသော လူ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့နေသည့် အမူအရာများ ပေါ်လာသည်။

"ရ... ရပါတယ်... လူတိုင်း... လူတိုင်းက အချင်းချင်း ကူညီ... ကူညီပေးသင့်တာပဲလေ"

ချန်းရီက လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း လျှောက်လာကာ ထိုသူ၏ ပခုံးကို ပုတ်လိုက်သည်။

"စောစောက ခင်ဗျား ထယ်ရှီးကို ကယ်ပေးခဲ့တာပဲ... အားလုံးက သူငယ်ချင်းတွေ ဖြစ်သွားပြီ... နောက်ပိုင်း ပြဿနာ တစ်ခုခု ရှိလာရင်... ကျွန်တော့်ကို တိုက်ရိုက်သာ ပြောလိုက်"

"ဒါပေမဲ့... ခင်ဗျားရဲ့ စကားစု လမ်းစဉ်က တော်တော်လေး အစွမ်းထက်တာပဲ"

ချန်းဟောင်က အနည်းငယ် ရှက်ရွံ့စွာဖြင့် လက်ကို ပွတ်သပ်လိုက်သည်။

"မဆိုး... မဆိုးပါဘူး"

"စကားစု လမ်းစဉ်ကလည်း တခြားသူတွေနဲ့ အတူတူပါပဲ"

ဤသူသည် မည်သည့် ဉာဏ်နီဉာဏ်နက်မျှ မရှိသူ ဖြစ်ပြီး အခြားသူများက ဘာမေးမေး အကုန် ဖြေဆိုလေသည်။

အနည်းငယ် လေ့လာမေးမြန်းကြည့်လိုက်ပြီးနောက် ချန်းဟောင်သည် ကမ္ဘာပျက်ကပ် မတိုင်မီက အိမ်တွင်းအောင်း ပရိုဂရမ်မာ တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရ၏။

နေ့စဉ် နေအိမ်တွင် အင်တာနက်ပေါ်မှ အလုပ်များ လက်ခံလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်ပြီး လူ့အသိုင်းအဝိုင်းနှင့် အချိန်ကြာမြင့်စွာ အဆက်အသွယ် ပြတ်တောက်နေခဲ့သောကြောင့် လူများနှင့် ဆက်ဆံရာတွင် အလွန် ညံ့ဖျင်းနေခြင်း ဖြစ်သည်။

သူ၏ ပြောစကားအရ ဆိုလျှင် သူသည် တစ်လတိတိ အိမ်အပြင်သို့ လုံးဝ မထွက်ခဲ့ဖူးသလို သုံးလတိတိ အခြားသူများနှင့် စကား တစ်ခွန်းမျှ မပြောဘဲ နေခဲ့ဖူးသည်ဟု ဆိုသည်။

အမှန်တကယ်တော့ ချန်းဟောင် အိမ်တွင်းအောင်း ဖြစ်သွားရခြင်းမှာ သူ၏ စကားထစ်သော ရောဂါကြောင့်လည်း ပါဝင်ပေသည်။

ထိုကဲ့သို့သော အားနည်းချက်ကြောင့် အလုပ်ရှာဖွေရာတွင် အလွန် ခက်ခဲခဲ့ပြီး နေအိမ်တွင်သာ အိမ်တွင်းအောင်း တစ်ယောက်အဖြစ် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက်တွင် မသိမသာဖြင့် စကားစု လမ်းစဉ် နိုးကြားလာခဲ့ကာ အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့၏။

ထို့နောက် ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီးနှင့် ကြုံတွေ့ခဲ့ရပြီး ခံတပ်ကားကြီး၏ ပိုင်ရှင်နှင့် အလောင်းအစား လုပ်ရာတွင် ရှုံးနိမ့်သွားခဲ့သောကြောင့် ယာဉ်တန်းထဲသို့ ဝင်ရောက်ခဲ့ရခြင်း ဖြစ်သည်။

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲသို့ ဝင်ရောက် မနေထိုင်လိုသောကြောင့် သူ၏ သေးငယ်သော ပျော်ရွှင်သော မင်းသားလေး ကားလေးကို ကိုယ်တိုင် မောင်းနှင်ကာ တစ်ကိုယ်တည်း သီးသန့် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ချန်းရီက ထိုစကားများကို ကြားပြီးနောက် မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။

"နေပါဦး... ရှုံးသွားတာနဲ့ပဲ သူပြောတာကို နားထောင်လိုက်ရတာလား"

"အင်း... အရင်က... အရင်ကတည်းက သဘောတူထားတာလေ... ကျွန်တော်... ကျွန်တော်ကိုယ်တိုင်လည်း လက်ခံခဲ့တာ... ပဲ"

ချန်းဟောင်၏ မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာ အချို့ ရှိနေသော်လည်း ခိုင်မာ ပြတ်သားစွာပင် ပြောလိုက်သည်။

"မဟုတ်သေးပါဘူး... ညီအစ်ကိုရာ... ခင်ဗျားရဲ့ အားနည်းချက် တစ်ခုခုကို သူက ကိုင်ထားလို့လား"

တစ်စုံတစ်ယောက်က ဤမျှလောက်အထိ ကတိသစ္စာ တည်လိမ့်မည်ဟု ချန်းရီက မယုံကြည်နိုင်သေးပေ။

ယခုက ကမ္ဘာပျက်ကပ် ရောက်နေပြီလေ။

ကမ္ဘာပျက်ကပ် မတိုင်မီကပင် အချို့လူများသည် စာချုပ် ချုပ်ဆိုထားပြီးနောက် ဖောက်ဖျက်တတ်ကြသေးသည် မဟုတ်ပါလော။

အလောင်းအစား တစ်ခုကြောင့်နှင့် တစ်သက်လုံး သူတစ်ပါး၏ ချုပ်ကိုင်မှုအောက်တွင် နေရမည်တဲ့လား။

ချန်းရီက သူ့ရှေ့ရှိ ဤလူသည် သူနှင့် ဆန့်ကျင်ဘက်လူ တစ်ယောက် ဖြစ်သည်ဟု ခံစားလိုက်ရ၏။

ထိုအချိန်မှသာ ယခင်က ပြုလုပ်ခဲ့သော ကတိသစ္စာကြောင့် ရှောင်တယ်ဇီက အဘယ်ကြောင့် ဤမျှလောက် ယုံကြည်နေခဲ့ရသနည်း ဆိုသည်ကို သူ နားလည်သွားခဲ့သည်။

ချန်းဟောင်က ခေါင်းခါယမ်းလိုက်သည်။

"မ... ရှိပါဘူး"

ချန်းရီက ဟားတိုက် ရယ်မောလိုက်သည်။

"ဟားဟား... ဒါဆို ရှင်းနေတာပဲ... အဲဒီ အလောင်းအစား ကတိကို ခင်ဗျား စိတ်ထဲကနေ ထုတ်ပစ်လိုက်ရုံပဲလေ... ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ဘူး"

ချန်းဟောင်၏ မျက်နှာမှာ နီရဲသွားသော်လည်း ချန်းရီ၏ စကားကိုမူ ထောက်ခံခြင်း မရှိခဲ့ပေ။

သို့သော် သိသာထင်ရှားစွာပင် ဤရိုးသားသော လူသည် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ ပိုင်ရှင်အပေါ်တွင် အနည်းငယ် မကျေနပ်မှုများ ရှိနေပုံရသည်။

ထို့ကြောင့် ချူချယ်က ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မေးမြန်းသည့်အခါ...

ချန်းဟောင်က သူသိသမျှ အကုန်အစင်ကို တစ်ခုမကျန် ပြောပြလေတော့သည်။

သူသည် စကားထစ်သော အားနည်းချက် ရှိသဖြင့် စကားပြောဆိုရာတွင် နှေးကွေးနေသော်လည်း ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ အကြောင်းများကို အကုန်အစင် ဖွင့်ချပစ်လိုက်၏။

ချန်းဟောင်၏ ပြောစကားအရ ဆိုလျှင်...

ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ ပိုင်ရှင်မှာ စိတ်ကူးယဉ်သမား လမ်းစဉ် အဆင့်(၃) အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည်။

ဤလမ်းစဉ်၏ အစွမ်းမှာ စိတ်ကူးထဲတွင် ပုံဖော်ထားသော အရာများကို လက်တွေ့ အပြင်လောကတွင် တကယ့်အရာဝတ္ထုများအဖြစ် ဖန်တီးပေးနိုင်ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အစွမ်းမျိုး ဖြစ်နေကြောင်း ကြားလိုက်ရချိန်တွင် ချန်းရီနှင့် ချူချယ်တို့ နှစ်ယောက်လုံးမှာ အံ့အားသင့်သွားကြသည်။

ဤအစွမ်းက သိပ်ကို ကြောက်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်လုံးများထဲတွင်ပင် စိတ်ဝင်စားမှုများ အထင်းသား ပေါ်လွင်နေ၏။

သူတို့ရှေ့တွင် ရှိနေသော ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီးသည်ပင်လျှင် ဤလမ်းစဉ် အဆင့်(၃) စိတ်ကူးယဉ်သမားက စိတ်ကူးထဲမှနေ၍ ပုံဖော် ဖန်တီးထားသော အရာတစ်ခု ဖြစ်ပေသည်။

သူ၏ အစွမ်းအားလုံးကို ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီး လက်တွေ့ ဖြစ်ပေါ်လာစေရန်အတွက် အသုံးပြုထားခြင်း ဖြစ်သည်။

ထို့ကြောင့် ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် ဤသူ၌ မည်သည့် တိုက်ခိုက်ရေးစွမ်းရည်မျှ ရှိမနေပေ။

ချန်းရီ သဘောပေါက်သွားသည်။

မတွေ့ရသေးသော ဤစိတ်ကူးယဉ်သမား လမ်းစဉ် အစွမ်းပိုင်ရှင်သည် ပြင်းထန်သော တစ်ဖက်သတ် အားနည်းချက် ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက လူကို ထူးဆန်းသော ခံစားချက်မျိုး အမြဲပေးနေခြင်း ဖြစ်ပေလိမ့်မည်။

ယခင်က ရှောင်တယ်ဇီကို အသေအလဲ ထိုးကြိတ်နေစဉ်အတွင်း ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ခြင်းမှာလည်း မဆန်းတော့ပေ။

ဤလမ်းစဉ် အဆင့်(၃) စိတ်ကူးယဉ်သမားက လက်ရှိအချိန်တွင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးအတွက် လက်နက်စနစ်ကို မတပ်ဆင်ရသေးခြင်း ဖြစ်နိုင်ပေသည်။

သူက ထိုအနီရောင်ဝတ်စုံနှင့် မိန်းမလျာကို ထိုးကြိတ်နေချိန်တွင် ဤစိတ်ကူးယဉ်သမား ထွက်မလာခဲ့ခြင်းမှာလည်း သူ့ကိုယ်သူ တိုက်ခိုက်ရေးစွမ်းရည် မရှိကြောင်း သိထားသဖြင့် ထွက်လာပါက အထိုးခံရမည်ကို ကြောက်ရွံ့နေ၍ ဖြစ်နိုင်သည်။

သို့သော် ပုံမှန်လူ တစ်ယောက်အနေဖြင့် မည်သူက မိမိကိုယ်ကို ဧကရာဇ်အဖြစ် စိတ်ကူးယဉ်နေမည်နည်း။

စိတ်ကူးယဉ်သမား ဟုတ်လား။

ကြည့်ရသည်မှာ စိတ်ကူးယဉ်ခြင်းကို နှစ်သက်ခြင်းသည်လည်း စိတ်ကူးယဉ်သမား လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်ပုံရသည်။

ဤလမ်းစဉ်သည် ချူချယ်နှင့် မတူညီပေ။

လမ်းပြသူ လမ်းစဉ်တွင် အခြေခံအားဖြင့် တိုက်ခိုက်ရေးစွမ်းရည် မရှိသော်လည်း သဘာဝလွန်ပစ္စည်းများကို စုဆောင်းခြင်း သို့မဟုတ် အခြားသော နည်းလမ်းများကို အသုံးပြု၍ မိမိကိုယ်ကို ကာကွယ်နိုင်သေးသည်။

သို့သော် ဤစိတ်ကူးယဉ်သမားကမူ တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝ စွန့်လွှတ်ထားပြီး သူ၏ အစွမ်းအားလုံးကို ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးအပေါ်တွင်သာ အသုံးပြုထားခြင်း ဖြစ်သည်။

အွန်လိုင်းဂိမ်းများထဲတွင် စွမ်းရည်အမှတ် အားလုံးကို ကာကွယ်ရေးတွင်သာ မြှင့်တင်ထားသော ကစားသမား တစ်ယောက်နှင့် အလားသဏ္ဍာန် တူနေပေသည်။

ချန်းဟောင်၏ ပြောစကားအရ ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီးတွင် လမ်းပြသူ မရှိဘဲ ယခုအချိန်အထိ အသက်ရှင်သန်နိုင်ခဲ့ခြင်းမှာ...

ယခင်က မှော်စာလုံး လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်နှင့် ကြုံတွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ထို မှော်စာလုံး လမ်းစဉ် အစွမ်းပိုင်ရှင်က ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီး တစ်ခုလုံးကို ကိုယ်ယောင်ဖျောက်နိုင်သော မှော်စာလုံးများဖြင့် ရေးဆွဲပေးခဲ့ပြီး အတွင်းဘက်ရှိ သက်ရှိလူသားများ၏ အငွေ့အသက်ကို အပြည့်အဝ ဖုံးကွယ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကလည်း ဤဖုံးကွယ်ရေး မှော်စာလုံးများအတွက် စွမ်းအင်များကို အစဉ်တစိုက် ထောက်ပံ့ပေးနိုင်စွမ်း ရှိနေသည်။

ထို့ကြောင့်ပင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက ယခုအချိန်အထိ ဆက်လက် တည်ရှိနေနိုင်ခြင်း ဖြစ်ပေသည်။

ထိုအချိန်မှာပင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ အသံချဲ့စက်မှ အသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟမ့်... မင်းတို့လို တောသားတွေက ဘာများ သိလို့လဲ"

"အဲဒီ ထူးဆန်းတဲ့ အရာတွေကို သာမန်နည်းလမ်းတွေနဲ့ သတ်ပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... နံပါတ်စဉ် နိမ့်တဲ့ သဘာဝလွန်ပစ္စည်းတွေဆိုရင်တောင် သူတို့အပေါ် သက်ရောက်နိုင်စွမ်းက အကန့်အသတ် ရှိတယ်"

"ငါတို့ရဲ့ လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အသက်ရှင်သန်နိုင်ဖို့ပဲ... အသက်ရှင်နေမှသာ ပြန်လည် တိုက်ခိုက်ဖို့ အခွင့်အရေး ရနိုင်မှာ"

"ကိုယ်တော့်ရဲ့ လမ်းစဉ်အဆင့် မြင့်တက်လာမယ့် အချိန်ကိုသာ စောင့်နေလိုက်... အဲဒီအချိန်ကျရင် ဘယ်လို သဘာဝလွန်ပစ္စည်းမျိုး မရှိဘဲ နေမလဲ"

"အဲဒီအချိန်ကျမှသာ ကိုယ်တော်က မင်းတို့ကို ဦးဆောင်ပြီး တန်ပြန် တိုက်ခိုက်ဖို့ အခွင့်အရေး ရလာမှာ"

"ပြီးတော့... မင်းလို သေးနုပ်လှတဲ့ လမ်းစဉ် အဆင့်(၂) ကောင်... ငါ့လူကို လာပြီး မမြှူဆွယ်နဲ့... မဟုတ်ရင်တော့ အကျိုးဆက်ကို မင်း ခံနိုင်မှာ မဟုတ်ဘူး"

ထိုအချိန်မှာပင် အဖြူရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး အလွန် ဩဇာတိက္ကမ ရှိပုံရသော အမျိုးသား တစ်ယောက် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ တတိယထပ်ရှိ ကြမ်းပြင်မှ မျက်နှာကြက်အထိ အရှည်ရှိသော မှန်ပြတင်းပေါက်ကြီးရှေ့တွင် ထွက်ပေါ်လာသည်ကို လူအားလုံး မြင်တွေ့လိုက်ရသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး နိုးလာပြီပေါ့... ဒီ ကျွန်တော်မျိုးအတွက် လက်စားချေပေးတော်မူပါ"

ဆက်ရန်...

All Chapters