← Chapters

အခန်း ၅၆၆

Vol. 57 Ch. 566

အခန်း ၅၆၆

Vol. 57 Ch. 566

အခန်း (၅၆၆)

အရိုးဖြူတောင်ကြားအတွင်း သေဆုံးခြင်းစွမ်းအင်များစီးဆင်းနေပြီး ကောင်းကင်ကိုပင် ဖုံးကွယ်ထား၏။ နေ့ခင်းပင်ဖြစ်သော်ငြား ပတ်ဝန်းကျင်သည် ညအမှောင်အလား။

ကံကောင်းထောက်မစွာ ရှီးရွှမ် ညဘက်မြင်နိုင်စွမ်း ရှိ၏။ သူ့အတွက် နေ့နှင့်ညကြား ကွာခြားချက် မရှိသလောက်ပင်။

သူ ဓားရှည်ကို ကိုင်ဆောင်ကာ တောင်ကြားထဲသို့ ဖြည်းညှင်းစွာ ဝင်သွား၏။ သူ သတိအပြည့်ထားနေပြီး ထူးခြားသောအသံ ကြားသည်နှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

ခြေသံတရှပ်ရှပ် ထွက်ပေါ်နေခြင်းမှလွဲ၍ တောင်ကြားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ သူ့ကိုယ်ပိုင်ခြေသံများမှလွဲ၍ အခြားမည်သည့်အသံကိုမျှ မကြားရချေ။

အချိန်များ ကုန်လွန်သွား၏။ ရှီးရွှမ် တောင်ကြားထဲသို့ ခြေလှမ်းပေါင်း တစ်ထောင်ကျော် လျှောက်လာခဲ့ပြီးသော်လည်း အရိုးနတ်ဆိုး တစ်ကောင်နှင့်မျှ တွေ့ရသေးပေ။

၎င်းက သူ့ကို တော်တော်လေး ဇဝေဇဝါ ဖြစ်သွားစေ၏။ သူ ဦးတည်ချက် ပြောင်းရန်ပြင်လိုက်ချိန်မှာပင် လှုပ်ရှားသံတစ်သံ အနီးတစ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသည်။

လူနှင့်သားရဲပုံစံနှစ်မျိုးစလုံးရှိသော အရိုးနတ်ဆိုး ဒါဇင်ပေါင်းများစွာ သူ မြင်လိုက်ရ၏။ သူတို့ အဖြူဝတ်အမျိုးသမီးတစ်ဦးကို လိုက်လံ ဖမ်းဆီးနေကြလေသည်။

သူမ ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး အဝတ်အစားမျာသည် အပေါက်အပြဲများဖြင့် ပြည့်နေ၏။ အပေါက်ပြဲများမှတစ်ဆင့် သူမ ပြည့်ဖြိုးသော ခန္ဓာကိုယ်အချိုးအစားကို တစွန်းတစ်စ မြင်တွေ့နိုင်ပေသည်။

သို့သော် ရှီးရွှမ် ထိုအမျိုးသမီးကို စိုက်မကြည့်ပေ။ ယင်းအစား ဤနေရာတွင် အမျိုးသမီးကျင့်ကြံသူတစ်ဦး အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသနည်းဟု တွေးတောနေမိသည်။

ရှီးရွှမ်ကို မြင်တော့ အမျိုးသမီး၏မျက်လုံးများ တောက်ပသွား၏။ သူမ ချက်ချင်း အော်ဟစ်လိုက်သည်။ “သခင်လေး ကျွန်မကို ကယ်ပါဦး”

“ကောင်းပြီလေ”

ရှီးရွှမ် ပြန်ဖြေကာ သူ့ဓားကို ရှေ့သို့ ထိုးသွင်းလိုက်၏။ ဓားချီတစ်ချက် အဖြူဝတ်အမျိုးသမီးနှင့် သူမနောက်ရှိ အရိုးနတ်ဆိုးအုပ်စုဆီသို့ တိုးဝင်သွားသည်။

ဓားချီ ချဉ်းကပ်လာသည်ကို မြင်တော့ အမျိုးသမီး ဘေးသို့ အလိုအလျောက် ရှောင်တိမ်းလိုက်၏။ မျက်စိတစ်မှိတ်အတွင်း ဓားချီသည် နတ်ဆိုးအားလုံးကို ထိုးဖောက်သွားခဲ့သည်။

အရိုးနတ်ဆိုးတများ အရိုးပွတ်တိုက်သံ ဂလုံဂလွမ်သံများနှင့်အတူ ချက်ချင်း ပျက်စီးသွား၏။ အဖြူဝတ်အမျိုးသမီး သူမ ရင်ဘတ်ကို ဖိကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး။ ဒီကျေးဇူးကို ကျွန်မ ပြန်မဆပ်နိုင်လောက်ဘူး။ ကျွန်မ ရှင့်ကို လက်ထပ်ပြီး ခန္ဓာကိုယ်နဲ့ ဆပ်ပါမယ်”

“ဟမ့်”

ရှီးရွှမ် တိုးညှင်းစွာ နှာမှုတ်လိုက်၏။

“အဲဒီလောက်ထိ မလိုပါဘူး။ မင်း အဝတ်အရင်ဆုံး လဲဝတ်။ ပြီးတော့မှ နတ်ဆိုးတွေရဲ့ နေရာကို ငါ့ကို လမ်းပြပေး”

“သူတို့အားလုံးကို တစ်ခါတည်း ရှင်းပစ်မယ်”

အရိုးဖြူတောင်ကြားလိုနေရာမျိုးတွင် အလှလေးအား ကယ်တင်သည့် သူရဲကောင်းဇာတ်လမ်းမျိုးကို သူ သဘာဝကျကျပင် မယုံကြည်ပေ။

ထိုတိုက်ခိုက်မှုတွင် သူ အစွမ်းကုန် မသုံးခဲ့သော်လည်း ကောင်းကင်ဇာစ်မြစ်အဆင့်အောက်ရှိ မည်သည့် ကျင့်ကြံသူကမျှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

သို့တိုင် ထိုအမျိုးသမီးသည် ချက်ချင်း ရှောင်တိမ်းနိုင်၏။ သူမ ခွန်အားအရ တာအိုတည်ဆောက်ခြင်းအဆင့် အရိုးနတ်ဆိုးတစ်စု၏ လိုက်လံဖမ်းဆီးခြင်းကို ခံရရန်မှာ မဖြစ်နိုင်ပေ။

ထိုအမျိုးသမီးသည် ကောင်းကင်ဇာစ်မြစ်အဆင့် အရိုးနတ်ဆိုးတစ်ကောင် ရုပ်ဖျက်ထားခြင်းဖြစ်ပေလိမ့်မည်။ သူမ ရည်ရွယ်ချက်ကို သူ မသိသော်လည်း သူမကို အလျင်စလို မဖော်ထုတ်ပေ။

နတ်ဆိုးများ စုဝေးသည့်နေရာသို့ ရောက်သည်နှင့် သူမကို ထိတ်လန့်မှုအကြီးစားတစ်ခုပေးရန် အစွမ်းကုန် တိုက်ခိုက်ပစ်ပေမည်။

“ကျွန်မ နားလည်ပါပြီ”

အမျိုးသမီး နာခံစွာ ပြန်ဖြေကြားလိုက်သည်။

သူမ သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားတစ်စုံကို ယူကာ လဲလှယ်ဝတ်ဆင်လိုက်၏။ အချိန်အနည်းငယ် ကြာပြီးနောက် သူမ ထပ်မံ ပြောလိုက်သည်။

“သခင်လေး သူတို့နေရာကို ကျွန်မကို တကယ်ကြီးလမ်းပြပေးစေချင်တာလား။ အဲ့မှာ ကြောက်စရာကောင်းတဲ့နတ်ဆိုးတွေ အများကြီး ရှိတယ်နော်”

“စစ်မှန်ကံကြမ္မာအဆင့်မှာရှိတဲ့ ကျွန်မ ဂိုဏ်းတူရောင်းရင်းတွေ အဲဒီမှာ သေသွားကြတာ။ ကျွန်မသာ ဂိုဏ်းကာကွယ်ရေးရတနာကို မပိုင်ထားရင် ရှင့်ကို တွေ့နိုင်မှာတောင်မဟုတ်ဘူး”

ရှီးရွှမ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“ဒီသခင်လေးကို မင်းရဲ့ အသုံးမကျတဲ့ ဂိုဏ်းတူရောင်းရင်းတွေနဲ့ မယှဉ်နဲ့။ လမ်းသာပြစမ်းပါ”

“ရှင့်ဆန္ဒအတိုင်းပါပဲ”

အမျိုးသမီး လမ်းပြရန် လှည့်လိုက်သည်။ သူမ နှုတ်ခမ်းသည် သတိမထားမိနိုင်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

သူမ လှုပ်ရှားမှုတိုင်းကို ရှီးရွှမ် မြင်တွေ့နေရကြောင်းကို သူမ လုံးဝ မသိခဲ့ချေ။ သူ ၎င်းကို မဖော်ထုတ်ဘဲ သူမနောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်။

ထိုနှစ်ဦး သွေးရောင်မြစ်ကမ်းဘေးသို့ နာရီဝက်ခန့် ခရီးသွားကြ၏။ အမျိုးသမီးသည် တစ်ဖက်ကမ်းသို့ လက်ညှိုးထိုးပြလိုက်သည်။

“သခင်လေး သူတို့ သွေးမြစ်ရဲ့ တစ်ဖက်ကမ်းက ဂူတစ်ခုထဲမှာ ရှိတာ။ အဲဒီထဲမှာ နှစ်တစ်သောင်း သွေးလင်ကျီးမှို တစ်ခုလည်း ရှိတယ်”

“ကျွန်မတို့အုပ်စု လင်ကျီးမှိုကို ရဖို့အတွက်ပဲ စွန့်စားခဲ့ကြတာ။ ဘယ်သူ ထင်ထားမှာလဲ...”

“ဆက်ပြီး လမ်းပြပါ”

ရှီးရွှမ် အဓိပ္ပာယ်မရှိသော စကားများကို ထပ်မံ နားမထောင်တော့ပေ။

အဖြူဝတ်အမျိုးသမီး ရှီးရွှမ် အလွန်ခေါင်းမာကြောင်း ‌သိလိုက်သည်။

‘သူလည်း တခြားပါရမီရှင်တွေလို တအားမောက်မာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်’

သူ့ကို နောက်ထပ် အချိန်အနည်းငယ်လောက် ဂုဏ်ယူခွင့်ပေးထားရန် သူမ ဆုံးဖြတ်လိုက်၏။ သူတို့ သွေးကမ်းခြေဂူထဲသို့ ဝင်ရောက်သွားသည်နှင့် သူ ဘယ်တော့မှ ပြန်မလာနိုင်တော့ကြောင်းကို သူမ သေချာအောင် လုပ်ပေးမည်။ သူ့ကံကြမ္မာမှာလည်း သူမအပိုင် ဖြစ်လာပေလိမ့်မည်။

သူတို့နှစ်ဦး ဓားပျံစီး၍ သွေးမြစ်ကို ဖြတ်သန်းပျံသန်းသွားကြပြီး မျက်စိတစ်မှိတ်အတွင်း ဂူအပြင်ဘက်သို့ ရောက်ရှိလာကြ၏။ အဖြူဝတ်အမျိုးသမီး ကြောက်ရွံ့ဟန်ဆောင်ကာ ပြောလိုက်သည်။

“သခင်လေး အထဲမှာ အရိုးနတ်ဆိုးတွေ အများကြီး ရှိတယ်။ ကျွန်မ မဝင်ရဲဘူး”

“စိုးရိမ်စရာ မလိုပါဘူး။ ငါ ဒီမှာရှိနေတာ ဘယ်အရိုးနတ်ဆိုးကမှ မင်းကို အန္တရာယ် မပေးနိုင်ဘူး။ သွားကြစို့”

ရှီးရွှမ် လေသံသည် အလွန် တည်ငြိမ်နေသော်လည်း ငြင်းဆန်ခွင့်မပြုသော အရှိန်အဝါကို သယ်ဆောင်ထား၏။

အဖြူဝတ်အမျိုးသမီး ဘာမှထပ်မပြောတော့ပေ။ ဂူထဲသို့ တိတ်တဆိတ်သာ လျှောက်သွားသည်။ ဂူထဲသို့ ဝင်ရောက်ပြီးနောက် ရှည်လျားကျဉ်းမြောင်းသော ဝင်ပေါက်တစ်ခု သူတို့ကို ဆီးကြိုနေ၏။

ခြေလှမ်းပေါင်းများစွာ လျှောက်ပြီးနောက် နေရာက ရုတ်တရက် ကျယ်သွားသည်။ ကျယ်ဝန်းသော ဥမင်ကြီးတစ်ခု ရှီးရွှမ် ရှေ့တွင် ပေါ်လာပြီး အိပ်စက်နေကြသော အရိုးနတ်ဆိုးများဖြင့် ပြည့်နှက်နေ၏။ သို့သော် ကင်းလှည့်နေသော အရိုးနတ်ဆိုး တစ်ကောင်၊ နှစ်ကောင်ကို မြင်တွေ့နိုင်သည်။

အဖြူဝတ်အမျိုးသမီး ခြေလှမ်းများကို ရပ်တန့်လိုက်ချိန် ဓားမြည်သံတစ်ချက် သူမနားထဲတွင် ပဲ့တင်ထပ်သွားသည်။ နောက်တစ်စက္ကန့်တွင် သူမ ကျောဘက်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ အလိုအလျောက် ငုံ့ကြည့်လိုက်ရာ သူမ ခန္ဓာကိုယ်သည် ဓားတစ်လက်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကြောင်း တွေ့သွားသည်။

အဖြူဝတ်အမျိုးသမီး အံ့အားသင့်စွာ ရှီးရွှမ်ကို ကြည့်ပြီး အလိုအလျောက် မေးမြန်းလိုက်၏။

“ရှင် ဘယ်တုန်းက သိသွားတာလဲ”

ရှီးရွှမ် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ငါ တိုက်ခိုက်တာကို မင်း ရှောင်လိုက်တဲ့ အချိန်တည်းကပဲ”

“ဟားဟားဟား”

အဖြူဝတ်အမျိုးသမီး နားစည်ကွဲလုမတတ် ကြောက်မက်ဖွယ်ကောင်းသောအသံဖြင့် ရယ်မောလိုက်၏။

“ရှင် တကယ်ကို စွမ်းရည်တချို့ ရှိနေတာပဲ။ ကျွန်မ ရှင့်ကို ပိုပြီး သဘောကျလာပြီ။ ဒါပေမဲ့ ရှင် ကျွန်မကို သတ်နိုင်ပြီလို့ ထင်နေတာလား”

အဖြူဝတ်အမျိုးသမီး ပြောနေရင်း ချက်ချင်းပင် ပြာကျသွားသည်။ တစ်ချိန်တည်းမှာပင် ဥမင်အတွင်းရှိ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်တစ္ဆေမီးတောက်စိမ်းများ ရုတ်တရက် လင်းလက်လာ၏။ မျက်စိတစ်မှိတ်အတွင်း ဂူတစ်ခုလုံး လင်းထိန်သွားသည်။

ယခင်က အိပ်စက်နေသော အရိုးနတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် မျက်လုံး ပွင့်လာကြပြီး ရှီးရွှမ်ကို ကြောက်မက်ဖွယ် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

“တော်တော်လေး စိတ်ဝင်စားစရာပဲ”

ထိုမြင်ကွင်းကို ကြည့်ပြီး ရှီးရွှမ် စိတ်ဝင်စားစွာ ပြောလိုက်သည်။

ဥမင်အတွင်း၌ အဖြူဝတ်အမျိုးသမီး၏အသံ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာ၏။

“ကောင်လေး သေမင်းတံခါးဝကို ရောက်နေပြီ။ ဒါတောင် ခေါင်းမာတုန်းလား”

ရှီးရွှမ် အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦး ဂူ၏အနက်ရှိုင်းဆုံးနေရာမှ ပျံသန်းလာပြီး လေထဲတွင် ရပ်ကာ သူ့ကို အထင်အမြင်သေးမှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ကြည့်နေသည်။

သူ အေးဆေးစွာ ပြောလိုက်သည်။

“ဟုတ်လို့လား။ ဒါဆို ဒီနေ့ ငါ့ကို သတ်နိုင်မယ်လို့ ယုံကြည်နေတဲ့အချက်က ဘယ်နေရာကနေ လာလဲဆိုတာ ကြည့်ကြတာပေါ့”

အမျိုးသမီး ပြောလိုက်၏။

“ကျွန်မ ဘာလို့ အရိုးဖြူတောင်ကြားထဲမှာ အသတ်မခံရဘဲ နှစ်သောင်းပေါင်းများစွာကြာအောင် နေနိုင်ခဲ့တာလဲ ဆိုတာကို ရှင် သိလား”

“ဘာလို့လဲဆိုတော့ မင်းက အားနည်းလို့ တခြားလူတွေ မင်းကို ဖြေရှင်းဖို့ စိတ်မဝင်စားကြလို့”

ရှီးရွှမ် အလွန် လေးနက်စွာ ပြောဆိုလိုက်သည်။

“ဟွန့်”

အမျိုးသမီး အေးစက်စက် နှာမှုတ်လိုက်၏။

“အဲဒါ ကျွန်မဂူထဲမှာ အရိုးတစ်သောင်းဝိညာဉ်ဖြတ်တောက်ခြင်းအစီအရင်တစ်ခု ရှိနေလို့ပဲ”

“စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်တောင်မှ အစီအရင်ထဲ ဝင်လာရင် အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်။ ဒီဂူထဲမှာဆိုရင် ကျွန်မက အဆင့်တူတွေကြားမှာ ပြိုင်ဘက်ကင်းပဲ”

“ဟုတ်လို့လား ငါတော့ မယုံပါဘူး”

ရှီးရွှမ် လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်၏။

“ငါက ကိုယ်တိုင်မမြင်ရရင် မယုံတတ်ဘူး”

All Chapters