အခန်း ၅၆၇
Vol. 57 Ch. 567
အခန်း (၅၆၇)
“ရှင် သေဖို့ ဆုံးဖြတ်ထားမှတော့ ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
သခင်မချန်ဟွမ် သူမ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။ ရုတ်တရက် ဂူထဲတွင် နတ်ဆိုးလေပြင်းများ တိုက်ခတ်လာသည်။ လေပြင်းများသည် ရှီးရွှမ်ကို မျက်လုံးမဖွင့်နိုင်အောင် လုပ်လိုက်၏။
သို့တိုင် ရှီးရွှမ် သူ့ဓားရှည်ကို ကိုင်ဆောင်ထားပြီး နေရာတွင် မလှုပ်မယှက် ရပ်နေသည်။
လက်ဖက်ရည်တစ်ခွက်စာ သောက်ရန်ကြာချိန်တွင် ဂူတစ်ခုလုံး အရိုးစုများဖြင့် ပြည့်နှက်သွား၏။
အရိုးစုများသည် ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်များဖြစ်ကြပြီး ရှီးရွှမ်ဆီ တစ်လှမ်းချင်း လျှောက်လာကြသည်။
အရိုးစုများ ရှီးရွှမ်ထံ ချဉ်းကပ်လာချိန် သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လက်ထဲမှ ဓားရှည် သိသိသာသာ နိမ့်ဆင်းသွား၏။
“မဟာတောရိုင်း ဓားသိုင်း”
ဓားစွမ်းအင်တစ်ခု ဖြတ်သန်းသွားပြီး အရိုးနတ်ဆိုးတစ်ဖွဲ့လုံး ချက်ချင်းပင် လေထဲ၌ ပျောက်ကွယ်သွားသည်။
သို့သော် ပတ်ဝန်းကျင်ရှိ အရိုးနတ်ဆိုးများ ရှီးရွှမ်၏ဓားကို မမြင်ကြသည့်အလား သူ့ဆီသို့ အဆုံးမဲ့ ပြေးဝင်လာကြ၏။
သူတို့ သွေးနံ့ရထားသော ငါးမန်းများအလားပင်။
ရှီးရွှမ် ဓားရှည်ကို ဆက်လွှဲယမ်းနေပြီး ဂူထဲတွင် ဓားစွမ်းအင်များက ဝေ့ဝဲနေ၏။
သို့သော် အရိုးနတ်ဆိုးများ အဆုံးမဲ့ ထွက်ပေါ်နေသောကြောင့် ရှီးရွှမ် မည်မျှပင် သတ်ဖြတ်စေကာမူ သူတို့က ပေါင်းပင်များအလား ထပ်ခါတလဲလဲ ပြန်ထွက်လာကြသည်။
၎င်းကို မြင်တော့ သခင်မချန်ဟွမ် ငါးခူပြုံးပြုံးလိုက်၏။
ပါရမီရှင်များသည် အဆင့်ကျော်တိုက်ခိုက်နိုင်ကြသဖြင့် သူတို့ကိုယ်သူတို့ ဂုဏ်ယူတတ်ကြသော်လည်း အစီအရင်ထဲတွင် ၎င်းက အချည်းနှီးသာ။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွား၏။
ရှီးရွှမ် ဓားရှည်ကို ဆက်တိုက်လွှဲယမ်းနေသဖြင့် သူ့ပတ်လည်မီတာအနည်းငယ်အတွင်းသို့ မည်သည့် အရိုးနတ်ဆိုးကမျှ မချဉ်းကပ်နိုင်ပေ။
သို့သော် ဤအတိုင်း ဆက်သွားနေခြင်းက ဖြေရှင်းချက်တစ်ခု မဟုတ်ပေ။
နောက်ဆုံးတွင် သူ့ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပေလိမ့်မည်။
ရှီးရွှမ် အရိုးနတ်ဆိုးများသတ်ဖြတ်သည့်နေသော အရှိန်ကို နှေးကွေးလိုက်ပြီး သူ့စိတ်ထဲတွင်လည်း လက်ရှိ အကျပ်အတည်းကို မည်သို့ဖောက်ထွက်ရမည်အား လျင်မြန်စွာ တွေးတောနေ၏။
မကြာမီ အဖြေနှစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။ ပထမတစ်ခုမှာ သူ့ဆရာ ပေးထားသော ဓားကျောက်စိမ်းကို အသုံးပြုရန်ပင်။ ဒုတိယတစ်ခုသည် ကျဲလျှို့ဝှက်ချက်ကို နားလည်သဘောပေါက်ရန်အတွက် ဤအကျပ်အတည်းကို အသုံးပြုကာ သူ့ကိုယ်သူ သေရေးရှင်ရေး အခြေအနေထဲသို့ တွန်းပို့ရန်ပင်။
ရှီးရွှမ် မဆိုင်းမတွ ဒုတိယတစ်ခုကို ရွေးချယ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ ဤနေရာသို့ လေ့ကျင့်ရန် လာခဲ့ခြင်း ဖြစ်၏။
သို့သော် မျက်ကန်းသတ်ဖြတ်နေခြင်းသည် လက်ရှိပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သူ အခြေအနေကို ချိုးဖျက်ရန် နည်းလမ်းတစ်ခုကို ရှာဖို့ လိုအပ်သည်။
သူ့ဓားကို လွှဲယမ်းနေရင်း လက်ရှိ တိုက်ပွဲအခြေအနေကို ကောက်ချက်ချရန် ချန်လျှို့ဝှက်ချက်ကို အသုံးပြုလိုက်၏။
ပထမအကြိမ်ကြိုးစားမှု ကျရှုံးသွားသည်။
ဒုတိယအကြိမ်ကြိုးစားခြင်း ကျရှုံးသွား၏။
တတိယအကြိမ်ကြိုးစားမှုကလည်း ကျရှုံးသွားသည်။
အချိန်များ မသိလိုက်မသိဘာသာဖြင့် တစ်ရက် ကုန်လွန်သွား၏။
သခင်မချန်ဟွမ် ရှီးရွှမ် ဝိညာဉ်စွမ်းအား ထက်ဝက်ကျော် ကုန်ခမ်းသွားသည်ကို မြင်တော့ ကောင်းကင်ရွေးချယ်ခံ၏ ကံကြမ္မာကို ယူရန် မည်သည့်အချိန်တွင် လှုပ်ရှားရမည်နည်းဟု တွေးတောလာတော့သည်။
သတ်ဖြတ်ခြင်းတိုက်ပွဲမြေပြင် အဆက်မပြတ်ကျင့်ကြံရုံတစ်ခုတည်းဖြင့် ပိုမို၍ သန်မာလာမည်မဟုတ်ပေ။ လုံလောက်သောကံကြမ္မာ ရှိမှသာလျှင် သတ်ဖြတ်ခြင်း တိုက်ပွဲမြေပြင်၏ ကန့်သတ်ချက်များကို ခုခံနိုင်ပြီး အဆင့်တက်နိုင်မည်ဖြစ်သည်။
ရှေ့က ကောင်လေးသည် သူမရှင်သန်နေထိုင်လာခဲ့သော အဆုံးမဲ့နှစ်များအတွင်း သူမ မြင်ဖူးသမျှထဲ ကံကြမ္မာအများဆုံးပိုင်ဆိုင်ထားသူပင်။
ကံကောင်းထောက်မစွာ ထိုကောင်လေး၏ကံကြမ္မာသည် များမကြာမီ သူမ အပိုင်ဖြစ်လာတော့မည် ဖြစ်သည်။ ၎င်းကို တွေးမိတော့ သခင်မချန်ဟွမ်၏ မျက်နှာပေါ်မှ အပြုံးက ပို၍ပင် တောက်ပလာ၏။
တစ်ချိန်တည်းမှာပင် ရှီးရွှမ် သူ့ဓားဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီး မီတာဒါဇင်များစွာ အတွင်းရှိ အရိုးနတ်ဆိုးများ အားလုံးကို သတ်ဖြတ်လိုက်သည်။
သူ့အရှိန်အဝါ အလျင်အမြန် အားနည်းသွားသဖြင့် ရှေ့သို့ ပြေးဝင်လာသည့် အရိုးနတ်ဆိုးအုပ်စု နေရာမှာတင် မှင်တက်အေးခဲသွားကြ၏။
သခင်မချန်ဟွမ်၏ မျက်လုံးများ အခွင့်အရေး ရောက်လာသဖြင့် လင်းလက်သွားသည်။ သူမ ရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်သွားပြီး ရှီးရွှမ်၏နှလုံးသားဆီသို့ လက်လှမ်းလိုက်၏။
‘အခုပဲ’
ရှီးရွှမ် စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။ သူ့အစွမ်းထက်ဆုံး ဓားချက်ကို ထုတ်သုံးရန် သွေးအဆီအနှစ်ကို လောင်ကျွမ်းကာ ရှီမိသားစုလျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်သည်။ ထိုဓားချက်သည် သူ့ကို ကျင့်ကြံခြင်းအား ရက်အနည်းကြာ ထုတ်သုံးမရစေတော့မည့် ဘေးထွက်ဆိုးကျိုးရှိ၏။
သို့သော် သူ့ယခင် ကောက်ချက်ချမှုအရ သူ့ရှေ့က အရိုးနတ်ဆိုးများ သေဆုံးသွားပြီးနောက် ဂူထဲရှိ ကျန်အရိုးနတ်ဆိုးများအားလုံး ပျောက်ကွယ်သွားသည်ကို သူ သိထားသည်။
၎င်းက သူ့ရှေ့တွင် အစွမ်းထက်အရိုးနတ်ဆိုး တစ်ကောင်သာ ရှိနေကြောင်း အဓိပ္ပာယ်ရ၏။
ကလန်
ဓားမြည်သံနှင့်အတူ ရှီးရွှမ်လက်ထဲက ဓားသည် သခင်မချန်ဟွမ်ဆီ တိုးဝင်သွားသည်။
ထိုဓားက လျှပ်စီးအလား မြန်ဆန်ပြီး မိုးကြိုးပမာ ပြင်းထန်သည့် အားအင်တို့ ပါဝင်၏။
ဓားထွက်ပေါ်လာချိန်တွင် အသံအားလုံး မျက်စိတစ်မှိတ်အတွင်း တိတ်ဆိတ်သွားသည်။
ဂူတစ်ခုလုံးတွင် ဓားတစ်လက်သာ ရှိတော့ပြီး သခင်မချန်ဟွမ် ဓားချက်ကြောင့် နေရာမှာတင် အေးခဲသွား၏။
သူမ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး အကြီးအကျယ် ထိတ်လန့်သွားသည်။ သူမ တွေးလိုက်မိ၏။
‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင်လေး သူ့ဝိညာဉ်စွမ်းအားတွေ ကုန်သွားတာ သိသာတယ်။ ဘယ်လိုလုပ် ဒီလိုဓားသိုင်းမျိုးကို အသုံးပြုနိုင်သေးတာလဲ’
‘ထွက်ပြေးရမယ်။ ငါ ထွက်ပြေးရမယ်’
သခင်မချန်ဟွမ်၏ အလိုအလျောက် တုံ့ပြန်မှုမှာ ထွက်ပြေးရန် ဖြစ်သော်လည်း ထိုဓားသည် သူမ လက်မောင်းကို ထိုးဖောက်သွားပြီး သူမ နှလုံးသားဆီသို့ ဦးတည်လာသည်။
ဘုန်း
သခင်မချန်ဟွမ်၏ ခန္ဓာကိုယ် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ခေါင်းတစ်လုံးသာ ကျန်ရစ်ခဲ့၏။
ကလန်
ရှီးရွှမ် လက်ထဲမှ ဓားရှည်သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ယင်းဓားချက်က သူ့ဝိညာဉ်စွမ်းအားများကို ကုန်ခမ်းသွားစေ၏။
“နင့်လို သောက်ကလေးကများ ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးရဲတယ်ပေါ့။ ငါ နင့်သတ်မယ်”
သခင်မချန်ဟွမ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ သွေးဆာနေသော ပါးစပ်ကြီးကို ဟလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း ရှီးရွှမ် သူ့ကို ဆွဲငင်နေသော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။
“ဆရာ ကျွန်တော့်ကို ကယ်ပါဦး”
ရှီးရွှမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပြင်ဆင်ထားသည့် ဓားကျောက်စိမ်းကို အသက်သွင်းလိုက်၏။
ဓားကျောက်စိမ်းထဲမှ ဓားစွမ်းအင်တစ်ခု ပျံထွက်လာ၏။
ဘုန်းခနဲအသံနှင့်အတူ ၎င်းက သခင်မချန်ဟွမ်၏ ခေါင်းကို ထိုးဖောက်သွားပြီး ဂူတစ်ခုလုံးကိုလည်း ပျက်စီးသွားစေသည်။ ထိုဓားစွမ်းအင်သည် ဂူကို ချိုးဖျက်သွားပြီး ကောင်းကင်ထိတိုင် ထိုးတက်သွား၏။
ကြောက်မက်ဖွယ်ဓားစွမ်းအင်သည် အရိုးဖြူတောင်ကြားကို လင်းလက်သွားစေသည်။
သို့သော် ၎င်းသည် တောင်ကြားထဲရှိ နတ်ဆိုးများကို ထိတ်လန့်သွားစေသဖြင့် ဂူများထဲတွင် ပုန်းအောင်းနေပြီး အပြင်သို့ မထွက်ရဲတော့ပေ။
ဝုန်း
ဂူပြိုကျသွားပြီး ရှီးရွှမ် ကျောက်တုံးကြီးများအောက်တွင် ပိသွားသည်။
ထိုအချိန်တွင် သူ့၌ ဝိညာဉ်စွမ်းအား မကျန်တော့ပေ။ သတိမလစ်မီ သူ့တွင်နောက်ဆုံးကျန်ရှိနေသော ခွန်အားကို အသုံးပြု၍ ဝိညာဉ်စွမ်းအား ပြန်ဖြည့်တင်းပေးသော ဆေးတစ်လုံးကို သောက်လိုက်ပြီးနောက် အိပ်ပျော်သွား၏။
သူ သတိလစ်နေသော အခြေအနေတွင် ရှီးရွှမ်အသိစိတ်ပင်လယ်ထဲ၌ မှေးမှိန်နေသော ကျဲလျှို့ဝှက်ချက်သည် တာအိုအလင်းတန်း ခပ်ဖျော့ဖျော့လေး တောက်ပလာသည်။
ထိုတာအိုအလင်းတန်းသည် တဖြည်းဖြည်း တောက်ပလာ၏။ ၎င်းသည် ရှီးရွှမ်၏ အသိစိတ်ပင်လယ်တစ်ခုလုံးကို လင်းလက်သွားစေသည်။ ထို့နောက် ကျဲစာလုံးသည် သူ့စိတ်ထဲ၌ လုံးဝ စွဲထင်သွားသည်။
ရှေးကျသည့် အသံတစ်သံ ရှီးရွှမ်စိတ်ထဲတွင် ထွက်ပေါ်လာ၏။
“ကျဲလျှို့ဝှက်ချက်ကို နားလည်သွားရင် တိုက်ခိုက်ရေးစွမ်းအားကို ဆယ်ဆအထိ တိုးပွားစေနိုင်တယ်”
၎င်းအသံကိုကြားတော့ ရှီးရွှမ် အိပ်ချင်မူးတူးဖြင့် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့အပေါ်တွင် ဖိထားသော ကျောက်တုံးများကို ကြည့်ရင်း သက်တောင့်သက်သာ မရှိသလို ခံစားရ၏။
သူ့ဘေးနားမှ ဓားကို ကောက်ကိုင်လိုက်ပြီး အထက်သို့ ထိုးသွင်းကာ ကျောက်တုံးများကို ဖျက်ဆီးလိုက်သည်။ ထို့နောက် သူ့လက်ဝါးဖြင့် ရိုက်ထုတ်ကာ လေပြင်းကို အသုံးပြု၍ ကျောက်တုံးအပိုင်းအစများကို လွင့်စင်သွားစေသည်။
ရှီးရွှမ် ဂူပေါက်ဝမှ ဝင်လာသော အလင်းတန်းဖျော့ဖျော့ကို ကြည့်ရင်း သက်ပြင်းရှည်ကြီးချကာ တီးတိုးရေရွတ်လိုက်၏။
“အမှန်ပဲ။ သေရေးရှင်ရေး အခြေအနေထဲကို ဝင်ပြီးအသက်ရှင်သန်ဖို့အတွက် ဗီဇကိုလှုံ့ဆော်မှ ကျဲလျှို့ဝှက်ချက်ကို နားလည်သဘောပေါက်နိုင်မှာ။ အခုတော့ ကောင်းကင်ဇာစ်မြစ်အဆင့်ကို စိတ်အေးလက်အေး တက်လို့ရပြီ”
သူ ကျဉ်းမြောင်းသော ကျောက်ဂူထဲမှ မထွက်ခွာသေးချေ။ ယင်းအစား သူ သိုလှောင်လက်စွပ်ထဲမှ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးအချို့ကို ထုတ်ယူကာ အစီအရင်တစ်ခု တည်ဆောက်လိုက်သည်။
အစီအရင် ပြီးသွားချိန်တွင် ရှီးရွှမ် ဆေးတစ်လုံးကို ထုတ်သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းမှ များပြားလာသည့် ဝိညာဉ်စွမ်းအားကို ခံစားနေလိုက်၏။
ရှီးရွှမ် အဆင့်တက်တော့ပေမည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါများ အဆက်မပြတ်မြင့်တက်လာပြီး အစီအရင်အတွင်းရှိ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများထံမှ ဝိညာဉ်စွမ်းအားများ အလျင်အမြန် ကုန်ခမ်းသွား၏။
တစ်ရက်အကြာတွင် ရှီးရွှမ်၏အရှိန်အဝါသည် မီးတောင်ပေါက်ကွဲသည့်မလား ထိုးတက်သွား၏။ သူ့ကျင့်ကြံမှုအခြေခံသည် အချုပ်အနှောင်များကို ချိုးဖျက်သွားပြီး ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ဝင်ရောက်သွားတော့သည်။