← Chapters

အခန်း ၅၇၀

Vol. 57 Ch. 570

အခန်း ၅၇၀

Vol. 57 Ch. 570

အခန်း (၅၇၀)

“ပြောကြည့်ပါ”

ရှီးရွှမ် မျက်နှာတွင် တည်ငြိမ်နေသေးသော်လည်း သူ့လေသံက အများကြီး ပို၍ လေးနက်သွားသည်။

“ဂျူနီယာညီလေး ငါ မင်းဆီက လမ်းညွှန်မှုကို တောင်းချင်လို့ပါ။ အဆင်ပြေမလား”

ရှီယွီချီ ပြောပြီးနောက် သူ ရှီးရွှမ်၏ အမူအရာကို သေချာ ဂရုတစိုက် အကဲခတ်လိုက်၏။ အကယ်၍ တစ်ဖက်လူသာ ငြင်းဆန်ခဲ့ပါက သူ ဆင်ခြေတစ်ခုကို တွေးထားပြီး ဖြစ်သည်။

ရှီးရွှမ် မဆိုင်းမတွ ပြန်ဖြေကြားလိုက်၏။

“စီနီယာအစ်ကို ခင်ဗျား အရမ်း လေးနက်နေပါပြီ။ ကျွန်တော်တို့ ဂိုဏ်းတူညီအစ်ကိုတွေကြားမှာ အပြန်အလှန် လေ့ကျင့်ရုံသပ်သပ်ပါ။ လမ်းညွှန်မှု တောင်းခံတယ်လို့ ပြောနေစရာ မလိုပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ဓားသိုင်းကို လေ့ကျင့်ချင်နေတာ”

“ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေး”

ရှီယွီချီ ရှီးရွှမ်ကို ဂုဏ်ပြုရန်အတွက် သူ့ဝိုင်ခွက်ကို အလျင်အမြန် မြှောက်လိုက်သည်။

“ချီးယား”

ရှီးရွှမ် အလွန် သူရဲကောင်းဆန်စွာ ပြောလိုက်၏။

ရှီယွီချီ : “ချီးယား”

“ညီအစ်ကိုနှစ်ယောက် ခဏလောက် နေပါဦး”

ဟုန်ပိပေါ် ဝင်ရောက်စကားဆိုကာ သူတို့နှစ်ဦးကို နှောင့်ယှက်လိုက်သည်။

သူတို့နှစ်ဦး ဟုန်ပိပေါ်ကို သိချင်စိတ်များဖြင့် ကြည့်လိုက်သည်။

ဟုန်ပိပေါ် အရှက်မရှိစွာ ပြောလိုက်သည်။

“ငါ့ကိုရော ထည့်တွက်ပေးလို့ ရမလား

“ပြဿနာ မရှိဘူး”

လူတစ်ယောက်နှင့် လေ့ကျင့်ခြင်းသည် လေ့ကျင့်ခြင်းပင်။ လူနှစ်ယောက်နှင့် လေ့ကျင့်ခြင်းလည်း ထူး၍ ကွဲပြားမနေသဖြင့် ရှီးရွှမ် ပြောလိုက်၏။

“ဒါဆိုရင် ဒီခွက်ကို ကုန်အောင် သောက်လိုက်ကြစို့”

“ပွင့်လင်းတာပဲ”

“ကောင်းတယ်”

ဝိုင်တစ်ခွက်သောက်ပြီးနောက် ထိုသုံးဦး အတူတကွထိုင်ကာ ဆက်သောက်ကြသည်။

စားသောက်ပွဲအပြီးတွင် ရှီးရွှမ် သူ့အိမ်သို့ ပြန်ရောက်လာပြီး သူ့တပည့်ကို သတ်ဖြတ်ခြင်းနယ်မြေထံ ပို့ပေးဖို့ သူ့ဆရာထံ စာတစ်စောင်ရေးရန် ဘောပင်ကို ချက်ချင်း ကောက်ကိုင်လိုက်၏။

ယခင် ရှီးရွှမ်သည် ထိုသို့ လုပ်ဆောင်နိုင်သည့် အခြေအနေတွင် မရှိပေ။ ယခု သူ တပည့်တစ်ဦးကို ဦးဆောင်နိုင်သည့် စွမ်းရည်ရှိနေသဖြင့် ထိုကောင်လေးကို မြောင်တောင်ပေါ်တွင် တစ်နေကုန်ထားခြင်း အဖြေတစ်ခု မဟုတ်ပေ။

မြောင်တောင်ပေါ်၌

ရှီးရွှမ်၏စာကို လက်ခံရပြီးနောက် ချူဖုန်း စာဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချပြီး တီးတိုးရေရွတ်လိုက်သည်။

“ဒီကောင်လေး သတ်ဖြတ်ခြင်းနယ်မြေမှာ တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ”

သူ စက္ကူကြိုးကြာရုပ်လေး တစ်ခုကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်သည်။ ၎င်းကို အပေါ်သို့ မှုတ်လိုက်ပြီးနောက် စက္ကူကြိုးကြာရုပ်လေး မြောင်တောင်၏ ပြင်ပခြံဝင်းဆီသို့ ပျံသန်းသွား၏။

ထိုအချိန်တွင် လျန်ယီ ဂိုဏ်းတူညီအစ်ကိုများနှင့်အတူ ကျင့်ကြံနေခဲ့သည်။ သူတို့အားလုံး အတွင်းစည်းတပည့်များ ဖြစ်ကြသော်လည်း ဌာနမှူးများ၏ တပည့်များ မဟုတ်ကြသဖြင့် အားလုံး အပြင်စည်းတွင် လေ့ကျင့်ကြသည်။

“လျန်ယီ ဘယ်မှာလဲ”

ကျယ်လောင်သော အသံတစ်သံ ပြင်ပခြံဝင်းထဲတွင် ထွက်ပေါ်လာ၏။ လူတိုင်း အသံလာရာသို့ ကြည့်လိုက်ကြသည်။ သူတို့ ကောင်းကင်ယံတွင် လွင့်မျောနေသော စက္ကူကြိုးကြာရုပ်လေးကို မြင်တွေ့လိုက်ရသည်။

စက္ကူကြိုးကြာရုပ်လေးကိုမြင်တော့ လျန်ယီ ချက်ချင်း ရှေ့သို့ ထွက်လာပြီး လေးစားစွာ ပြောလိုက်၏။

“ဒီတပည့် ရှိပါတယ်”

“ဌာနမှူး မင်းကို ဆင့်ခေါ်နေတယ်။ ဌာနမှူးရဲ့ ခြံဝင်းဆီကို ချက်ချင်းသွားပြီး အရိုအသေပေးလိုက်ပါ”

စက္ကူကြိုးကြာရုပ်လေး၏ အသံသည် ဩဇာညောင်းလှသည်။

“ဒီတပည့် နာခံပါတယ်”

လျန်ယီ ပြန်ဖြေကြားပြီးနောက် သူ့ဂိုဏ်းတူညီအစ်ကိုများ၏ မနာလိုသောအကြည့်များအောက်တွင် ဌာနမှူး ခြံဝင်းဆီသို့ လျှောက်သွား၏။

သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်လာသော တပည့်သစ်များ ၎င်းကိုမြင်တော့ သူတို့အချင်းချင်း တီးတိုးပြောလာကြသည်။

“စီနီယာအစ်ကိုလျန် ဌာနမှူးရဲ့ ဆင့်ခေါ်တာကို ခံရတာပဲ။ ဌာနမှူး သူ့ကို တပည့်အဖြစ် လက်ခံတော့မှာများလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဌာနမှူးက လျန်ယီရဲ့ ဆရာဘိုးဘိုး။ လျန်ယီသာ ဌာနမှူးတပည့် ဖြစ်လာမယ်ဆိုရင် သူနဲ့ သူ့ဆရာက ညီအစ်ကိုတွေ ဖြစ်မသွားဘူးလား”

အချိန်အနည်ငယ်ကြာပြီးနောက် လျန်ယီ ဌာနမှူးခြံဝင်း အပြင်ဘက်သို့ ရောက်ရှိလာ၏။ သူ အလွန် လေးစားစွာ ပြောလိုက်သည်။

“တပည့်လျန်ယီ ဆရာ့ဘိုးဘိုးကို အရိုအသေပေးပါတယ်”

သူ ဝမ်တောက်ကျောင်းတော်သို့ ရောက်နေသည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီး ဖြစ်၏။

သူ ကြာကြာနေလေ ဆရာဘိုးဘိုးကို ပို၍ ရိုသေလေးစားလေပင်။ တစ်ချိန်တည်းမှာ ထိုစဉ်က မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည့်အတွက် ဝမ်းသာနေမိသည်။

“ဝင်ခဲ့”

နွေဦးလေပြေပမာ နူးညံ့သိမ်မွေ့သော ချူဖုန်းအသံ ဌာနမှူးခြံဝင်း အတွင်းမှ ထွက်ပေါ်လာ၏။

“ဟုတ်ကဲ့ပါ”

လျန်ယီ ပြန်ဖြေကြားပြီးနောက် ဌာနမှူး ကိုယ်ပိုင်ခြံဝင်း အတွင်းသို့ ဖြည်းညှင်းစွာ ဝင်သွားသည်။

သူ ဝင်သွားသည်နှင့်တစ်ပြိုင်နက် သူ့ဆရာ့ဘိုးဘိုး ကျောက်စားပွဲတစ်လုံးရှေ့တွင် ထိုင်နေသည်ကို မြင်လိုက်ရ၏။ သူ အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်သည်။ “ဆရာဘိုးဘိုးကို အရိုအသေ ပေးပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ချူဖုန်း ပြုံးကာ သူ့ရှေ့က မြေးတပည့်ကို အကဲခတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”

လျန်ယီ ဆက်မေးလိုက်၏။

“ဆရာဘိုးဘိုး တပည့်ကို ဘာကြောင့် ခေါ်တာလဲဆိုတာ မေးလို့ရမလား”

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။

“မင်း ဆရာက လက်ရှိသတ်ဖြတ်ခြင်းနယ်မြေမှာ လေ့ကျင့်နေတယ်။ မင်းကို အဲဒီခေါ်ချင်နေတယ်။ ဒါပေမဲ့ သူ မင်း သဘောကိုလည်း သိချင်တယ်။ မင်း မြောင်တောင်မှာပဲ နေလို့ရသလို သွားချင်လည်း ရတယ်”

သူ့ဆရာဘိုးဘိုး သူ့ကို ဤကိစ္စအတွက် ဆင့်ခေါ်လိမ့်မည်ဟု မထင်ထားပေ။ သူ မဆိုင်းမတွ ပြန်ဖြေကြားလိုက်သည်။

“ဆရာဘိုးဘိုး တပည့် ဆရာ့နောက်ကို လိုက်ပြီး လေ့ကျင့်ဖို့ ဆန္ဒရှိပါတယ်”

“ကောင်းပြီ”

ချူဖုန်း ပြောနေရင်း သူ့ဝတ်ရုံထဲမှ ကိုယ်ပိုင်အမှတ်သားပြားကို ထုတ်ယူကာ ရှေ့သို့ တွန်းပို့လိုက်သည်။

တိုကင်ပြားသည် လေထဲတွင် ဖြည်းညှင်းစွာ ပျံသန်းသွားပြီး လျန်ယီအရှေ့သို့ ကျရောက်သွား၏။

“ဒါ ငါ့အမှတ်အသားပဲ။ မနက်ဖြန်ကျရင် အဲဒါကို ပြင်ပရေးရာဌာနဆီ ယူသွားပြီး အကြီးအကဲရှောင်ပိုင်ကို သွားရှာလိုက်။ သူ့ကို စီစဉ်ခိုင်းလိုက်ပါ”

“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”

တိုကင်ကို ယူပြီးနောက် လျန်ယီ ချူဖုန်းကို ဦးညွှတ်လိုက်သည်။

“ဒါဆိုရင် မြေးတပည့်ကို ခွင့်ပြုပါဦး”

“သွားတော့”

ချူဖုန်း လျန်ယီကို ဆက်နေရန် မတိုက်တွန်းပေ။

နောက်တစ်နေ့တွင် လျန်ယီ ချူဖုန်း ပေးလိုက်သော တိုကင်ဖြင့် မြောင်တောင်မှ ထွက်ခွာလာပြီး ပြင်ပရေးရာဌာန၏ စီစဉ်မှုအောက်တွင် သတ်ဖြတ်ခြင်းနယ်မြေဆီသို့ ဦးတည်သွားတော့သည်။

ရက်အနည်းငယ်ကြာပြီးနောက် လျန်ယီ ဝမ်တောက်ဂိတ်၌ သူ့ဆရာရှီးရွှမ်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရ၏။ သူ့မျက်နှာကး ပျော်ရွှင်မှုများဖြင့် လင်းလက်သွားပြီး အလျင်အမြန် ဦးညွှတ်လိုက်သည်။

“တပည့် ဆရာ့ကို အရိုအသေ ပေးပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ရှီးရွှမ် ယခုအခါ တာအိုတည်ဆောက်ခြင်းနဝမအဆင့်သို့ ရောက်နေသော သူ့တပည့်ကို ကြည့်လိုက်ရင်း သူ့မျက်နှာတွင် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာ၏။

“ယီလေး မင်းကို မြောင်တောင်ကနေ သတ်ဖြတ်ခြင်းနယ်မြေဆီခေါ်လိုက်လို့ ငါ့ကို အပြစ်မတင်ပါဘူးနော်”

“အပြစ်မတင်ပါဘူး”

လျန်ယီ ပြောလိုက်သည်။ “ဆရာ ဘယ်မှာရှိနေပါစေ တပည့်ကလည်း အဲဒီမှာပဲ ရှိနေမှာပါ”

“မင်း ဘာလို့ ငါ့ကို သတိတရပုံတွေ ဖမ်းနေတာလဲ”

ရှီးရွှမ် ဆက်ပြော၏။

“ငါတို့ ကျင့်ကြံသူတွေက ကျင့်စဉ်တိုးတက်လာဖို့အပြင် စစ်မှန်တဲ့တိုက်ပွဲတွေအများကြီးကိုလည်း လိုအပ်တယ်။ ဒီတော့ သတ်ဖြတ်ခြင်းနယ်မြေက ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ အကောင်းဆုံး နေရာပဲ။ ငါ့ကို ယုံ။ ငါတို့ ဆရာတပည့်တွေ သတ်ဖြတ်ခြင်းနယ်မြေကနေ ထွက်သွားတဲ့အချိန် ငါတို့နာမည်တွေ လောကကြီးကို တုန်လှုပ်သွားစေမဲ့အချိန်ပဲ”

“တပည့် ဆရာ့ကို သေချာပေါက် စိတ်မပျက်စေရပါဘူး”

လျန်ယီ စိတ်လှုပ်ရှားနေသောမျက်နှာဖြင့် ပြောလိုက်သည်။

ကျင့်ကြံခြင်းတွင် အချိန်များ ကုန်လွန်သွား၏။

မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်တာ ကုန်လွန်သွားသည်။

ဝမ်တောက်ဂိတ်ရှိ လျှို့ဝှက်အခန်းတစ်ခုတွင် ရှီးရွှမ် တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်ရောက်ရန် တံခါးပိတ်ကျင့်ကြံနေ၏။

သုံးရက်အကြာတွင် ရှီးရွှမ် တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်သွားသည်။ သူမျက်လုံးများ ရုတ်တရက် ပွင့်လာပြီး တီးတိုးရေရွတ်လိုက်၏။

“နောက်ဆုံးတော့ တာအိုပေါင်းစည်းခြင်းအဆင့် ရောက်ပြီ။ အခု ငါ တာအိုအနှစ်သာရကို နားလည်ထားတဲ့ ကျင့်ကြံသူ တစ်ယောက်နဲ့ မဆုံသရွေ့ သူတော်စင်တစ်ပိုင်းအဆင့်အောက်က ဘယ်သူမှ ငါ့ကို မထိန်းထားနိုင်တော့ဘူး။ နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက်ကို အဆင့်ကျော် တိုက်ခိုက်ရတာကလည်း လွယ်ကူလာလိမ့်မယ်။ မြောင်တောင်ကို ပြန်ရမဲ့ အချိန်ရောက်ပြီ”

ထို့နောက် ရှီးရွှမ် ကျောက်တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာသည်။

သူ အပြင်ထွက်သွားသည်နှင့် ရှီယွီချီ၊ ဟုန်ပိပေါ်၊ လျန်ယီနှင့် အခြားသူများကို မြင်တွေ့လိုက်ရ၏။

“တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်သွားပြီး ဝမ်တောက်ကျောင်းတော်အကြီးအကဲတစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် ဂျူနီယာညီလေး”

ရှီယွီချီ ပထမဆုံး ရှေ့သို့ ထွက်လာကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။ သူ့မျက်လုံးများတွင် မနာလိုမှုများ ပြည့်နှက်နေ၏။

“စီနီယာအစ်ကို ကျွန်တော့်ကို ချီးကျုးလွန်းနေပါပြီ။ ခင်ဗျားကိုယ်တိုင်ကလည်း တာအိုပေါင်းစည်းခြင်းအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တာလေ။ သုံးနှစ်အတွင်းမှာ ကျွန်တော် ခင်ဗျားကို အကြီးအကဲရှီလို့ စခေါ်ရတော့မယ် ထင်တယ်”

ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။

“ဂျူနီယာညီလေး နောက်မနေပါနဲ့။ ငါက မင်းနဲ့ဆိုရင် လုံးဝကို ကွာခြားလွန်းပါတယ်”

ရှီယွီချီ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ ထိုစဉ်က သူ မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ခဲ့သည့်အတွက် အလွန် ဝမ်းသာနေမိ၏။ သူ အချိန်တိုအတွင်း သူက စိတ်ဝိညာဉ်ပြည့်အင့်ခြင်းသတ္တမအဆင့်မှ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည့် အခြေအနေသို့ ရောက်လာ၏။ ဤဘဝတွင် နီဗားနားရှင်သန်ခြင်းအဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် ရှိသွားသည်။

ထိုအချိန်ကျရင် သူ သတ်ဖြတ်ခြင်းနယ်မြေကို စောင့်ကြပ်နေရန် မလိုတော့ပေ။

ရှီးရွှမ် ပြုံးကာ ပြောလိုက်၏။

“နှုတ်ဆက်စကားတွေကို ကျော်လိုက်ကြစို့။ ဒီည သောက်ကြရအောင်။ မနက်ဖြန်ကျရင် ဆရာ့ကို သတင်းကောင်းပြောဖို့ ဝမ်တောက်ကျောင်းတော်ကို ပြန်ရမယ်”

ရှီယွီချီ : “သေချာတာပေါ့။ သွားကြစို့”

ထိုညတွင် စားသောက်ပွဲ ညနက်သည်အထိ ကျင်းပခဲ့၏။ နောက်တစ်နေ့မနက်စောစောတွင် ရှီးရွှမ် သူ့တပည့် လျန်ယီနှင့်အတူ ဓားပျံစီးကာ ဝမ်တောက်ဂိတ်မှထွက်ခွာလာသည်။

All Chapters