← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း(၁၂၃)

“အဖေ... သူက အဖေ့ သားရဲ့ ခယ်မလေ။ တကယ်လို့ အဖေ သူ့ကို ပိုင်ဆိုင်ဖို့ ကြိုးစားမယ်ဆိုရင် အပြင်လူတွေက ကျွန်တော်တို့ ယုံမြို့စားအိမ်တော်ရဲ့ ကျောရိုးကို လက်ညှိုးထိုးကြမှာ(ကျိန်ဆဲကြမှာ)မဟုတ်ဘူးလား။ သူ့အတွက်နဲ့ အဖေက ကျွန်တော့်ဖခင်အပေါ် ထားရှိခဲ့တဲ့ ကတိသစ္စာနဲ့ တရားမျှတမှုတွေကို စွန့်လွှတ်ရဲတယ်ပေါ့။ အန်းအာကို စွန့်ပစ်ရဲတယ်ပေါ့။ တစ်လောကလုံးက လူတွေက အဖေ့ကို မိသားစုချင်း ကျူးလွန်ဖို့ ကြံစည်နေပါတယ်လို့ ပြောဆိုကြတာကိုတောင် လက်ခံရဲတယ်ပေါ့...”

ဖြန်း...

ပြင်းထန်ပြီး စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။

မုအန်း အလွန်အမင်း ပြင်းထန်စွာ အရိုက်ခံလိုက်ရသဖြင့် မြေပေါ်သို့ လဲကျသွားခဲ့ရပြီး နှစ်ပတ်မျှ လိမ့်သွားခဲ့ရသည်။

သူက သွေးပျက် ထိတ်လန့်စွာ သူ့ပါးပြင်ကို အုပ်ကိုင်လိုက်ပြီး မုကျွင်းယန်ကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေခဲ့မိ၏။

“အဖေ... အဖေက တကယ်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ ကျွန်တော့်ကို ရိုက်တယ်ပေါ့ ဟုတ်လား။ ဒါ အဖေ ကျွန်တော့်ကို ပထမဆုံးအကြိမ်အဖြစ် ရိုက်တာပဲ”

မုကျွင်းယန် ရှေ့သို့ ခြေတစ်လှမ်း တိုးကပ်လိုက်ပြီးနောက် ငုံ့ကြည့်လျက် သူ့အား စိုက်ကြည့်ကာ တစ်လုံးချင်း ဆိုလိုက်၏။

“ကုဟွားက ကုဟွား... ကုဝမ်ရုက ကုဝမ်ရုပဲ။ သူနဲ့ ငါ့ကြားမှာ ဘာပဲဖြစ်ပျက်ပါစေ... မင်းတို့ လင်မယားနှစ်ယောက်နဲ့ လုံးဝ မသက်ဆိုင်ဘူး။ တကယ်လို့ မင်း လူတစ်ယောက်လိုမျိုး ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာကို နားမလည်သေးဘူးဆိုရင် သွေးစွန်းနေတဲ့ စစ်မြေပြင်က ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်လဲဆိုတာကို မင်း သွားရောက်မြင်တွေ့နိုင်ဖို့အတွက် မင်းကို စစ်စခန်းဆီ ပြန်လည်ပို့ပေးဖို့ ငါ စိတ်မရှိဘူး။ ဒါမှလည်း မင်းဖခင် ဘယ်လောက်အထိ သတ္တိပြောင်မြောက်ခဲ့လဲဆိုတာကို မင်း ပြန်မှတ်မိလာမှာ”

မုအန်း သူ့ကို ကြောင်အမ်းစွာ ငေးစိုက်ကြည့်နေခဲ့မိ၏။

မုကျွင်းယန်က ဆက်လက်၍ စကားတစ်လုံးမျှ မဆိုတော့ချေ။

သူ ပြန်လှည့်လိုက်ပြီး ကြောင်အမ်းနေသော ကုဟွားကို ဆွဲခေါ်လျက် အဓိကတံခါးမကြီးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ကာ တံခါးကို ဝုန်းခနဲ ပြင်းထန်စွာ ပိတ်လိုက်သည်။

မုအန်း ဒေါသတကြီးဖြင့် အံကြိတ်လိုက်ပြီး မြေပြင်ပေါ်မှ လူးလဲထကာ ကွမ်းရှန်းဆောင်၏ ခြံဝင်းတံခါးအပြင်ဘက်သို့ ဒေါသတကြီး ပြေးထွက်လာခဲ့၏။

သို့သော် ရုတ်တရက် မှောင်ရိပ်တစ်ခုကြောင့် သူ ထိတ်လန့်သွားခဲ့ရသည်။

“ခင်ပွန်း... ကျွန်မတို့ကြားမှာ ကိစ္စရပ်တွေကို သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်တာပေါ့... ဒါမှလည်း ကျွန်မတို့က ယုံမြို့စားအိမ်တော်ရဲ့ အစွန့်ပစ်ခံ နယ်ရုပ်တွေ ဖြစ်မသွားမှာလေ”

ကုဝမ်ရု မှောင်ရိပ်ထဲမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာခဲ့၏။

မုအန်း သူမကို စိုက်ကြည့်လိုက်ပြီး အသံကို နှိမ့်ချလိုက်သည်။

“မင်းမှာ ဘာအကြံအစည် ရှိလို့လဲ”

“ခင်ပွန်း... ကျွန်မနဲ့အတူတူ ကျင်းရှို့ဆောင်ကို ပြန်ကြရအောင်နော်... ကျွန်မ ခင်ပွန်းကို အသေးစိတ် ရှင်းပြပေးပါ့မယ်”

ကုဝမ်ရုက မုအန်းလက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။

မုအန်းလည်း အုံ့မှိုင်းနေသော မျက်နှာထားဖြင့် သူမအနောက်မှ လိုက်ပါသွားခဲ့သည်။

ဒေါသထွက်နေသော အမျိုးသား၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ကုဟွား နူးညံ့သော ညောင်စောင်းပေါ်သို့ တိုက်ရိုက် ပစ်ချခြင်း ခံလိုက်ရ၏။

သူမအနေဖြင့် ပြန်လည်မတုံ့ပြန်နိုင်သေးမီ၌ အဝတ်အစားများ လွင့်စင်သွားသည်။

သူမခါးလေးမှနေ၍ သူ့ရင်ခွင်ထဲသို့ ပြင်းထန်စွာ ဆွဲကပ်ခြင်း ခံလိုက်ရပြီး ရင်ဘတ်ပေါ်ရှိ ညအိပ်အင်္ကျီမှာလည်း ဆုတ်ဖြဲခြင်း ခံလိုက်ရသဖြင့် ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရ၏။

မျက်စိတစ်မှိတ်အတွင်း၍ သူမတစ်ကိုယ်လုံး ဗလာကျင်းသွားခဲ့ရသည်။

ကုဟွား သူ၏ အာဏာရှင်ဆန်သော အမူအရာများကြောင့် ထိတ်လန့်တုန်လှုပ်သွား၏။

ဖြစ်နိုင်သည်မှာ အတိတ်ဘဝက မုအန်း၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရသော ကြောက်ရွံ့မှုများကြောင့် သူမ မသိစိတ်အလျောက် အသည်းအသန် ရုန်းကန်မိသွားခဲ့ခြင်း ဖြစ်လိမ့်မည်။

သို့သော် သူမအနေဖြင့် ပိုမို၍ ရုန်းကန်လေလေ ထိုအမျိုးသားမှာ ပိုမို၍ ရက်စက်ကြမ်းကြုတ်လာလေလေ ဖြစ်သည်။

ကုဟွား သူ့နည်းလမ်းများကို ယခင်တည်းက ကြုံတွေ့ခဲ့ဖူးသည်။

အကယ်၍ သူမအနေဖြင့် ပြင်းထန်စွာ ဆက်လက်ခုခံနေမည်ဆိုပါက မကြာမီ၌ အခြေအနေများမှာ အလွန်ပင် ဆိုးဝါးသွားနိုင်သည်။

သူမ အလျင်အမြန်ပင် ခုခံမှုကို စွန့်လွှတ်လိုက်ပြီး နာကျင်မှုများကို လျှော့ချနိုင်ရန်အတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးလိုက်၏။

ယခုတစ်ကြိမ်တွင် အရာအားလုံး အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။

ထိုအမျိုးသား၏ ချွေးများဖြင့် စိုရွှဲနေသော လေးလံလှသည့် ခန္ဓာကိုယ်ကြီးမှာ အိပ်ရာ၏ ဘေးတစ်ဖက်သို့ ပြင်းထန်စွာ လဲကျသွား၏။

ကုဟွား သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူမ မတ်တတ်ထရပ်လိုက်ပြီး အပြင်ဝတ်ရုံကို လှမ်း၍ ဆုပ်ကိုင်ရန် ပြင်လိုက်စဉ် သူမခါးလေးမှာ ဆွဲကိုင်ခြင်း ခံလိုက်ရပြီး အနောက်ဘက်သို့ ပြန်လည်ဆွဲခေါ်ခြင်း ခံလိုက်ရပြန်၏။

ကုဟွား : “...”

‘သွားပါပြီ... ဒီခြင်္သေ့ကြီးက ဒီည ငါ့ကို နှိပ်စက်ပြီး သတ်ပစ်တော့မလို့လား’

သို့သော်...

သူမက သူ့အတွက် အိပ်ရာနွေးစေမည့် ကိရိယာတစ်ခုမျှသာ ဖြစ်သည်။

သူမအနေဖြင့် အင်အားမကြီးမားလာသေးမီအချိန်အထိ လိမ္မာယဉ်ကျေးစွာ နာခံပြီး အလိုလိုက်ရုံမျှသာ တတ်နိုင်သည်။

‘တကယ်လို့ သခင်ကြီး ဒေါသထွက်နေရင် ကိုယ်လုပ်တော်က ချော့မြူပေးရုံပဲပေါ့’

သူမ၏ အရှက်တရားများကို လျစ်လျူရှုထားလိုက်ပြီး ကုဟွား ခန္ဓာကိုယ်ကို လှည့်လိုက်ကာ ကျောက်စိမ်းပမာ ဝင်းပလှသော လက်မောင်းလေးများကို သူ၏ လည်ပင်းထက်တွင် သိုင်းဖက်လိုက်၏။

သူမက နူးညံ့ချိုသာပြီး တိုးညင်းလှသော လေသံလေးဖြင့် အလိုက်သိစွာ မေးမြန်းလိုက်သည်။

“သခင်ကြီး... စိတ်မပျော်ဘူးလားဟင်။ ဘာလို့လဲဆိုတာ ပြောပြပါလား။ ဒီကိုယ်လုပ်တော်က သခင်ကြီး စိတ်သက်သာရာရအောင် လုပ်ပေးမယ်လေ...နော်”

မုကျွင်းယန် ရင်ခွင်ထဲရှိ မိန်းမပျိုလေးကို ငုံ့ကြည့်လိုက်မိ၏။

သူ့လက်ချောင်းများမှာ သူမကျောရိုးတစ်လျှောက် ဖြည်းဖြည်းချင်းနှင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပွတ်သပ်တက်လှမ်းသွားခဲ့သည်။

၎င်းက ကုဟွား၏ ကျောပြင်ထက်တွင် မြွေတစ်ကောင် တွားသွားနေသကဲ့သို့ ခံစားရစေသဖြင့် သူမအနေဖြင့် မလှုပ်ရှားရဲလောက်အောင် တောင့်တင်းသွားခဲ့ရ၏။

သူ လက်ချောင်းငါးချောင်းကို ဖြန့်ကျက်လိုက်ပြီး သူမနားထင်ဘေးရှိ နက်မှောင်နေသော ဆံနွယ်များကို သပ်တင်ပေးလိုက်ကာ လည်ပင်းအနောက်ဘက်ရှိ နူးညံ့သော နေရာလေးတွင် ဖြည်းဖြည်းချင်း ပွတ်သပ်ပေးပြီး ရပ်တန့်လိုက်သည်။

သူမ အမှန်တကယ်တွင် ခုခံချင်နေခဲ့သော်လည်း နှုတ်ခမ်းကို ကိုက်ထားလျက် သတ္တိမရှိစွာ အောင့်အည်းသည်းခံနေခဲ့ခြင်း ဖြစ်သည်။

သူမ အလွန်ပင် ကြောက်ရွံ့နေခဲ့သော်လည်း သူ့ကို ပျော်ရွှင်အောင် ပြုလုပ်ပေးရန်အတွက် နာခံနေခဲ့ရခြင်း ဖြစ်သည်။

မုကျွင်းယန်၏ ရင်ထဲ၌ မွန်းကြပ်နေခဲ့သော ဒေါသများမှာ ချက်ချင်းပင် အတော်လေး ပြေပျောက်သွား၏။

သူမ လည်ပင်းအနောက်ဘက်ရှိ လက်မှာလည်း မသိစိတ်အလျောက် ညင်သာစွာဖြင့် နှိပ်နယ်ပေးမိသွားခဲ့ရသည်။

၎င်းမှာ ဒေါသထွက်နေသော ကြောင်ကလေးတစ်ကောင်၏ အမွေးအမျှင်များကို ပွတ်သပ်ပေးနေရသကဲ့သို့ ဖြစ်သည်။

သူ့ရင်ခွင်ထဲရှိ ဆီးနှင်းပမာ ဖြူစင်ဝင်းပနေသော အမျိုးသမီးငယ်လေးသည် သနားစဖွယ် ကောင်းလှသော်လည်း အမြဲတမ်း သတိအပြည့် ရှိနေတတ်ပြီး သတိမထားမိသည့် အချိန်မျိုးတွင် ရုတ်တရက် ကုတ်ခြစ်တတ်သည်။

သူမက အမှန်တကယ်ပင် ကြောင်ပေါက်စလေးတစ်ကောင်နှင့် အလားသဏ္ဌာန် တူလှသည်။

ဖြည်းဖြည်းချင်းပင် သူ့ရင်ခွင်ထဲရှိ ကြောင်ပေါက်စလေး၏ အမွေးအမျှင်များမှာ ငြိမ်သက်သွားခဲ့ရသည်။

သူမခန္ဓာကိုယ်လေးမှာ နူးညံ့သွားခဲ့ရပြီး သူ့ရင်ခွင်ထဲ၌ ပျင်းရိစွာဖြင့် မှီတွယ်နေခဲ့မိ၏။

ထိုအခါမှသာ မုကျွင်းယန်မှာ ကြောင်ပေါက်စလေးတစ်ကောင်က သူမထက် ပို၍ လိမ္မာယဉ်ကျေးသေးသည်ဟု ခံစားလိုက်ရသည်။

အမွေးအမျှင်များကို ပွတ်သပ်ပေးပြီးသည်နှင့် ကြောင်ပေါက်စလေးက ဗိုက်လေးကို လှန်ပြတတ်ပြီး သခင်ဖြစ်သူအား စိတ်ကြိုက်ပွတ်သပ်ခွင့် ပေးတတ်သည်။

ဒါပေမဲ့ ဒီကောင်မလေးကရော...

သူမအမွေးအမျှင်များကို ပွတ်သပ်ပေးလိုက်လျှင်ပင် သူမက ဟန်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။

သူမ၏ ချောမွေ့နူးညံ့လှသော ခါးသိမ်သိမ်လေးကို ပွတ်သပ်ပေးလိုက်ပြီး သူက ဖြည်းညင်းစွာ မေးမြန်းလိုက်၏။

“မင်း ဆဋ္ဌမတူလေး မုဖုန်းကို ဘယ်လိုထင်လဲ”

ကုဟွား မုဖုန်း သူမအပေါ် မည်သို့ ပြောကြားခဲ့သည်ကို မသိရှိထားချေ။

ဤစကားကို ကြားရချိန်တွင် သူမက သူ့ဆိုလိုရင်းကို အထူးဂရုပြု၍ ခန့်မှန်းရန် ကြိုးစားလိုက်၏။

သို့သော် သူမက မုဖုန်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိချေ။

‘ငါ ဒီလူရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီအောင် သူ့ကို ဘယ်လို အကဲဖြတ်ပေးရပါ့မလဲ’

ဦးနှောက်ကို အသုံးချပြီး အချိန်အကြာကြီး တွေးတောနေခဲ့သော်လည်း အကြောင်းပြချက်တစ်ခုကို ရှာမတွေ့ခဲ့ချေ။

ထိုလူငယ်လေးမှာ သူမနှင့် အသက်အရွယ်ချင်း တူညီပြီး မုကျွင်းယန်၏ တူအရင်းခေါက်ခေါက် ဖြစ်သည်။

ယနေ့တွင် မုဖုန်းက သူနှင့် ရင်းနှီးကျွမ်းဝင်စွာ စကားပြောဆိုနေသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူမအနေဖြင့် မကောင်းပြောရန် လုံးဝ မသင့်တော်ချေ။

ကုဟွား တည်ငြိမ်ဟန် ဆောင်လိုက်ပြီး ပြောလိုက်သည်။

“မုမိသားစုက လူငယ်တွေအားလုံးက ထူးချွန်ထက်မြက်ကြတာချည်းပါပဲ။ လျိုလန်ကလည်း သဘာဝကျစွာပဲ မဆိုးလှပါဘူး။ ကျွန်မ ကြားရသလောက်တော့ သူက ဆောင်းဦးစာမေးပွဲကို ဖြေတော့မှာဆိုတော့ သေချာပေါက် ဂုဏ်ထူးဆောင်အဆင့်နဲ့ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”

‘သူက မုဖုန်း ဆောင်းဦးစာမေးပွဲ ဖြေရတော့မယ့် အကြောင်းကိုတောင် သိနေတယ်ပေါ့လေ’

‘သူတို့က ဒီလောက် အချိန်တိုတိုလေးအတွင်းမှာ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတာလား’

မုကျွင်းယန်က သူမဆံနွယ်တစ်စုကို ဆွဲကိုင်လိုက်ပြီး သူ့လက်ချောင်းများတွင် ပတ်လျက် ဆော့ကစားနေခဲ့၏။

သူ့လေသံမှာ အလွန်ပင် ပုံမှန်အတိုင်း ဖြစ်နေခဲ့သဖြင့် ကုဟွားအနေဖြင့် မည်သည့်အန္တရာယ်ကိုမျှ သတိမပြုမိခဲ့ချေ။

“အမ်း... မုမိသားစုရဲ့ ဒုတိယမျိုးဆက် မြေးမြစ်တွေကြားမှာ သူက တကယ် ထူးချွန်ထက်မြက်တဲ့သူလို့ သတ်မှတ်လို့ရတယ်”

ကုဟွားလည်း သူ့စကားအတိုင်း လိုက်ပါပြောဆိုလိုက်၏။

“သခင်ကြီးက ထူးချွန်တယ်လို့ ပြောရင် သူက သေချာပေါက် ထူးချွန်မှာပါ”

“သူက အခုထိ မစေ့စပ်ရသေးဘူးလေ”

ကုဟွား ရုတ်တရက်ပင် တစ်စုံတစ်ရာ အဆင်မပြေဖြစ်နေသည်ကို သတိပြုမိသွားခဲ့ရပြီး သူမမျက်တောင်လေးများ တုန်ယင်သွားခဲ့ရ၏။

သူမ အချိန်နှောင်းမှသာ သတိပြုမိသွားခဲ့ရသည်။

‘ဒါက...ဒီနေ့ မုဖုန်းက လူရှေ့မှာ ငါ့ဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့လို့... သူ စိတ်မပျော်မရွှင် ဖြစ်သွားခဲ့ရတာများလား’

ကုဟွား အလျင်အမြန်ပင် သူမလက်မောင်းများကို တင်းကျပ်လိုက်ပြီး ခန္ဓာကိုယ်ကို ပင့်မလိုက်ကာ သူ့ပါးပြင်ထက်သို့ ပြင်းထန်သော အနမ်းတစ်ပွင့် ပေးလိုက်၏။

All Chapters