← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း(၁၂၄)

မုကျွင်းယန် ထပ်ပြီး အရူးလုပ် ခံလိမ့်မည် မဟုတ်ချေ။

သူ့လက်ချောင်းများတွင် ရစ်ခွေနေသော ဆံနွယ်များကို သူမ ဦးခေါင်းအနောက်ဘက်ဆီသို့ တင်းကျပ်စွာ ဆွဲယူလိုက်၏။

ကုဟွား နာကျင်မှုကြောင့် ညည်းတွားမိသွားသည်။

ခေါင်းကို မော့ထားရန် ဖိအားပေးခံလိုက်ရသဖြင့် သူမ ဒေါသစိတ်လေးမှာ ချက်ချင်းပင် ပေါ်ထွက်လာခဲ့ရ၏။

လှပသော မျက်ဝန်းအစုံက သူ့ကို စိုက်ကြည့်နေပြီး နာကျင်မှုကြောင့် တိုးညှင်းစွာ ညည်းညူလိုက်သည်။

မုကျွင်းယန် ကြမ်းတမ်းနေသော လက်မဖြင့် နူးညံ့လှသော သူမ ပါးပြင်လေးများကို ပွတ်သပ်ပေးလိုက်ပြီး အလွန်ပင် တည်ငြိမ်လှသော လေသံဖြင့် မေးမြန်းလိုက်၏။

“သူက သင့်တော်တဲ့ လက်တွဲဖော်တစ်ယောက်လား”

သူ့အကြောင်းကို ကောင်းမွန်စွာ သိရှိထားကြသူများသာဆိုလျှင် ယခုအချိန်တွင် သူ မပျော်မရွှင် ဖြစ်နေပြီဖြစ်ကြောင်း သိရှိနိုင်သည်။

ကုဟွားက သူနှင့် အတူတူ အိပ်ဖူးသည်မှာ အကြိမ်အနည်းငယ် ရှိပြီဖြစ်သော်လည်း သူ့ဘေးနားတွင် နေထိုင်ခဲ့ရသည့် အချိန်မှာ မကြာမြင့်သေးချေ။

အကယ်၍ ထိုအမျိုးသားက သူ့စိတ်ခံစားချက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ထားမည်ဆိုပါက သူမအနေဖြင့် လုံးဝ ရိပ်မိနိုင်မည် မဟုတ်ချေ။

ဤကြီးမားလှသော ကျောထောက်နောက်ခံကြီးက မေးခွန်းထုတ်လာချိန်တွင် သူမအနေဖြင့် ရင်ထဲရှိ အစစ်အမှန်အတိုင်း ဖြေကြားရုံမျှသာ တတ်နိုင်သည်။

ကုဟွား တိုးညှင်းသော လေသံလေးဖြင့် ထိတ်လန့်တကြား ဖြေကြားလိုက်၏။

“သခင်ကြီးက အဲဒီလို ထင်တယ်ဆိုရင်လည်း... သူက သင့်တော်တဲ့သူပဲပေါ့”

‘တော်တော်လေးကို ပါးနပ်တာပဲ’

မုကျွင်းယန် နှာခေါင်းရှုံ့လိုက်သည်။

“ထူးချွန်တဲ့ အမျိုးသားနဲ့ လှပတဲ့ အမျိုးသမီး... အသက်အရွယ်ချင်းလည်း တူကြတာဆိုတော့ သဘာဝကျစွာနဲ့ပဲ သင့်တော်တဲ့ လက်တွဲဖော်တွေပဲပေါ့”

ကုဟွား နောက်ဆုံးတွင်မှ တစ်စုံတစ်ဦး အဆင်မပြေဖြစ်နေကြောင်း အသေအချာ အတည်ပြုလိုက်နိုင်၏။

သူမ အလျင်အမြန်ပင် ပိုမိုဖားယားလိုက်ပြီး ခန္ဓာကိုယ်ကို မှီတွယ်လိုက်သည်။

“ဒီကိုယ်လုပ်တော်ကတော့ သခင်ကြီးလို လူမျိုးကို အနှစ်သက်ဆုံးပါပဲ။ ဟိုလို ဖြူဖြူဖျော့ဖျော့ ကောင်ချောလေးမျိုးကတော့... ဒီကိုယ်လုပ်တော်အတွက် တအား ပျင်းစရာကောင်းလွန်းတယ်”

ဤစကားလုံးများက မုကျွင်းယန်ကို ကျေနပ်သွားစေသည်။

‘ဒါဆို သူက မုအန်းကို မနှစ်သက်ခဲ့လို့ ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့တာပေါ့လေ’

သူမဆံနွယ်များကို နောက်ဆုံးတွင် လွှတ်ပေးလိုက်ပြီး သူမ၏ ခါးသိမ်သိမ်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ သူ့ရင်ခွင်ထဲသို့ နစ်ဝင်လုနီးပါး ဆွဲဖက်လိုက်၏။

ကုဟွား သူမအနားသို့ တိုးကပ်လာသည့် တိုးညှင်းလှသော သူ့အသံကို ကြားလိုက်ရသည်။

“လိမ္မာလိုက်တဲ့ ကောင်မလေး”

သူ့ပူနွေးလှသော ထွက်သက်ဝင်သက်များက သူမနားရွက်ဖျားထက်သို့ ကျရောက်လာချိန်တွင် ကုဟွား၏ မျက်နှာလေး နီမြန်းသွားခဲ့ရပြီး နှလုံးခုန်သံများလည်း မြန်ဆန်လာခဲ့ရ၏။

သူမအနေဖြင့် ထိုအမျိုးသား၏ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံလိုက်ရသော်လည်း ရင်ထဲ၌ နွေးထွေးကာ နှစ်သိမ့်မှုတစ်မျိုးကို ခံစားလိုက်ရသည်။

သို့သော် သူမကို ဤမျှအထိ အလွယ်တကူ စိတ်လှုပ်ရှားတတ်သူတစ်ဦးအဖြစ် ထိုအမျိုးသားအား မထင်မှတ်စေချင်သဖြင့် တိုးညှင်းစွာ နှာခေါင်းရှုံ့လိုက်မိ၏။

၎င်းက ကြောက်နေသော်လည်း လက်သည်းများကို ထုတ်ပြချင်နေသည့် ကြောင်ပေါက်စလေးတစ်ကောင်၏ အသံနှင့် ဆင်တူလှသည်။

မုကျွင်းယန် သူ့နှလုံးသားလေးကို လက်သည်းလေးဖြင့် ညင်သာစွာ ကုတ်ခြစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

‘ဒီမိန်းမပျိုလေးက တကယ်ပဲ လူကို နှိပ်စက်လွန်းတယ်’

ဆောင်းဦးအစ၏ ညဉ့်နက်ပိုင်းတွင် လေပြင်းများ တိုက်ခတ်နေခဲ့ပြီး ကြွေလွင့်နေသော သစ်ရွက်ခြောက်များမှာလည်း တရှဲရှဲဖြင့် အသံမြည်လျက် လွင့်မျောနေခဲ့ကြသည်။

ယနေ့တွင် ကုဟွား ခံစားနေရသော သာယာမှုများမှာ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့၏။

သူမထံမှ ထွက်လာခဲ့သော အသံများကို ကြားလိုက်ရချိန်တွင် သူမ အလွန်ပင် ထိတ်လန့်သွားခဲ့ရသဖြင့် နှုတ်ခမ်းကို ဖိကိုက်ထားခဲ့မိ၏။

နှုတ်ခမ်းများ ပြင်းပြင်းထန်ထန် နမ်းရှိုက်ခံနေရပြီး ညည်းတွားသံများကြား၌ပင် ထိုအမျိုးသား၏ အသံအက်ရှရှမှာ သူမ နားစည်အတွင်းသို့ ဝင်ရောက်လာခဲ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

“အသံထွက်ပြီး အော်ညည်းလိုက်”

ဤအချိန်တွင် ကုဟွား အမှန်တကယ်ပင် ဆဲရေးတိုင်းထွာလိုက်ချင်မိ၏။

‘ဒီ အသုံးမကျတဲ့ မုအန်းဆိုတဲ့ကောင်ကတော့လား’

ထိုလူယုတ်မာကောင်က ကာမဂုဏ်ခံစားမှုများ၌ အချိန်ကြာမြင့်စွာ နစ်မွန်းခဲ့သူဖြစ်သဖြင့် မကြာခဏဆိုသလို စွမ်းဆောင်နိုင်စွမ်း မရှိချေ။

ထိုသို့ဖြစ်ပျက်သည့် အချိန်တိုင်းတွင် သူက လက်များကို အသုံးပြု၍ ဆွဲဆိတ်ခြင်း၊ ပါးစပ်ဖြင့် ကိုက်ခဲခြင်းနှင့် သူမမျက်နှာကို ပါးရိုက်ခြင်းများ ပြုလုပ်တတ်သည်။

သို့သော် မုကျွင်းယန်က စွမ်းအားပြည့်ဝလှသော စစ်နတ်ဘုရားတစ်ပါး ဖြစ်သည်။

သူမ နောက်ဆုံးတွင်မှ ဝတ္ထုစာအုပ်များထဲတွင် ဖော်ပြထားသော အရာများကို ကိုယ်တိုင်ကြုံတွေ့လိုက်ရသည်။

ပြီးနောက် ဝတ္ထုစာအုပ်များထဲမှ ဖော်ပြချက်များကလည်း မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

အိပ်ရာပေါ်မှ ချိုသာသော စကားလုံးများနှင့် ကတိကဝတ်များ အားလုံးမှာ အတုအယောင်များသာ ဖြစ်ကြ၏။

ခန္ဓာကိုယ်၏ အာရုံခံစားမှုများမှ ပေးစွမ်းသော ပျော်ရွှင်မှုများက သူမအတွေးအမြင်များကို ထိန်းချုပ်ထားသည်။

ပူပြင်းလှသော အရှိန်အဟုန်များ လျော့ပါးသွားခဲ့ရပြီး လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူမအနေဖြင့် သတိအပြည့် ထားရှိရမည် ဖြစ်သည်။

ထိုအမျိုးသား၏ စိတ်အာရုံအတွင်းသို့ စိတ်ကူးယဉ်ဆန်သော ခံစားချက်များကို ထည့်ပေးနိုင်ရန်အတွက် ကုဟွားက သူမ၏ တာဝန်ဝတ္တရားအတိုင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့မိ၏။

ကံဆိုးစွာ မုကျွင်းယန်နှင့် နှိုင်းယှဉ်လျှင် သူမခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အမှန်တကယ်ပင် အားနည်းလွန်းလှသည်။

ညဉ့်သုံးချက်တီးသံ ထွက်ပေါ်လာချိန်မှသာ သူတို့နှစ်ဦး အပစ်အခတ် ရပ်စဲလိုက်ကြ၏။

မုကျွင်းယန် ထူးထူးခြားခြားပင် အလွန်အမင်း လျင်မြန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရသည်။

ပင်ပန်းလွန်းသဖြင့် ရုန်းမထနိုင်လောက်အောင် ဖြစ်နေခဲ့ရသော်လည်း ကုဟွား၏ စိတ်အာရုံမှာ နိုးကြားနေခဲ့သည်။

သူမ မျက်ဝန်းများကို အနည်းငယ် ဖွင့်လိုက်ပြီး သူမရှေ့မှ အမျိုးသားကို စိုက်ကြည့်လိုက်မိ၏။

ပုံမှန်အားဖြင့် ထိုမျက်ဝန်းအစုံမှာ အေးစက်လှသော ဓားတစ်လက်အလား စူးရှပြီး နက်ရှိုင်းလှသည်။

ယခုကဲ့သို့ မှိတ်ထားချိန်တွင် ခက်ထန်ကြမ်းကြုတ်သော အသွင်သဏ္ဌာန်များ ပျောက်ကွယ်သွားခဲ့ရပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကြောင်ကြီးတစ်ကောင်နှင့် ပို၍ ဆင်တူလှသည်။

မြင့်မားပြီး ဖြောင့်စင်းနေသော နှာတံ၊ ပါးလွှာသော ဓားသွားပမာ နှုတ်ခမ်းများနှင့် ပျံသန်းနေသော ဓားတစ်စင်းအလား မျက်ခုံးတစ်စုံ။

သူ့မျက်နှာကျမှာ နတ်ဘုရားတို့၏ လက်ရာမွန်အလား သေသေချာချာ ထုဆစ်ထားသကဲ့သို့ ဖြစ်နေသည်။

အေးစက်ပြီး ခံစားချက်ကင်းမဲ့လှသော်လည်း အားအင်များဖြင့် ပြည့်နှက်နေခဲ့သည်။

ကုဟွား ရင်ထဲ၌ ရုတ်တရက်ပင် ဂုဏ်ယူဝင့်ကြွားမှုတစ်မျိုး ခံစားလိုက်ရ၏။

ဖြစ်နိုင်သည်မှာ ဤလောကတွင် သူမတစ်ယောက်တည်းသာ ယုံမြို့စားကြီး၏ အခြားတစ်ဖက်ခြမ်းကို မြင်တွေ့ဖူးခြင်း ဖြစ်လိမ့်မည်။

ပြတ်သားပြီး စွမ်းအားပြည့်ဝသော စစ်နတ်ဘုရား၏ ပြင်ပအခွံကို ခွာထုတ်လိုက်လျှင် သူ့အရိုးထဲ၌ လောဘရမ္မက်ကြီးမားလှသော သားရဲတစ်ကောင် ဖုံးကွယ်နေခဲ့ခြင်း ဖြစ်သည်။

သူက အာဏာရှင်ဆန်ပြီး နိုင်ထက်စီးနင်း ပြုမူတတ်၏။

သူမအနေဖြင့် သူပေးအပ်သော အကူအညီများနှင့် ဂရုစိုက်မှုများကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူက သူမအပေါ်သို့ အတင်းအဓမ္မ ဖိအားပေး စေခိုင်းတတ်သည်။

ကုဟွား မထိန်းနိုင်ဘဲ သူမ သွယ်လျသော လက်ညှိုးလေးကို ဆန့်တန်းလိုက်ပြီး သူ့ နှာတံတစ်လျှောက်ကို ညင်သာစွာဖြင့် ပွတ်သပ်ကြည့်လိုက်မိ၏။

သူမ အမှန်တကယ်ပင် အထက်တန်းလွှာ အမျိုးသမီးများစွာ ရူးမိုက်စွာ လိုက်လံရှာဖွေနေကြရသော ထူးချွန်ထက်မြက်လှသည့် အမျိုးသားတစ်ဦးကို ပိုင်ဆိုင်ထားခဲ့ရခြင်း ဖြစ်သည်။

ကုဟွား ရဲရဲဝံဝံ တွေးတောမိလိုက်၏။

‘သူ့ နှလုံးသားထဲမှာ ငါ့အတွက် နေရာလေး နည်းနည်းလောက် ရှိနေနိုင်လောက်မလား’

သို့သော် ပြန်လည်တွေးတောကြည့်လျှင်...

ယနေ့တွင် သူက ကျန်းရော့ရှီး၏ ရှေ့မှောက်၌ သူမအား ရည်ရွယ်ချက်ရှိရှိဖြင့် မျက်နှာပြစေခဲ့ရုံမျှမက လူအများရှေ့တွင် ကျောက်စိမ်းဆံထိုးလေးကို ဆင်မြန်းပေးခဲ့သည်။

၎င်းက သူမအပေါ် အလိုလိုက်နေသည့်ပုံ မပေါ်ချေ။ သူ သူမကို အသုံးချနေခဲ့ပြီး ရှေ့တန်းသို့ တွန်းပို့လိုက်ခြင်းသာ ဖြစ်သည်။

ယနေ့၌ သူ့အစပိုင်း ကြမ်းတမ်းလှသော အမူအရာများကို ပြန်လည်တွေးတောမိချိန်တွင် သူ သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်စက်နေခဲ့ခြင်း ဖြစ်နိုင်၏။

ကုဟွား ပိုတွေးမိလေလေ ဒေါသ ပိုထွက်လာရလေလေ ဖြစ်နေသည်။

သူမ ပါးစပ်ကို ဖွင့်ပြီး ကိုက်ခဲလိုက်ချင်မိ၏။

လူတိုင်း မြင်တွေ့နိုင်မည့် သူ၏ လည်ပင်းထက်တွင် ကိုက်ခဲထားလိုက်ပါက အကောင်းဆုံး ဖြစ်လိမ့်မည်။

လူတိုင်းအား သူက တကယ်တမ်း၌ ကာမဂုဏ်ကင်းမဲ့နေသူတစ်ဦး မဟုတ်ကြောင်း သူက လက်ထပ်ရန် ငြင်းဆန်နေခြင်း မဟုတ်ကြောင်း သိရှိစေချင်ပြီး သူ ရူးသွပ်သွားချိန်တွင် ဘယ်လောက်အထိ အဓိပ္ပာယ်မရှိလဲဆိုသည်ကိုပါ သိရှိစေချင်မိ၏။

ကုဟွား နှုတ်ခမ်း စူလိုက်မိသည်။

ကျန်းရော့ယွင်၏ နာမကျန်းဖြစ်နေသော ခန္ဓာကိုယ်ဖြင့်ဆိုလျှင် သဘာဝကျစွာပင် ကြမ်းတမ်းလှသော သူ့နှိပ်စက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ထို့ကြောင့်လည်း သူတို့အနေဖြင့် လက်ထပ်ပြီးသော်လည်း ပေါင်းသင်းဆက်ဆံနိုင်ခြင်း မရှိခဲ့ကြခြင်း ဖြစ်လိမ့်မည်။

သူက သူမကို ရမ္မက်များ ဖြေဖျောက်ရန်အတွက် အသုံးချနေခဲ့ခြင်း ဖြစ်သဖြင့် သူမအနေဖြင့်လည်း အတိုးအချို့ကို ပြန်လည်ရယူသင့်သည်။

ကုဟွား၏ လက်ချောင်းလေးမှာ မတော်တဆပင် သူ့နှာခေါင်းဖျားထက်သို့ ထိမိသွားခဲ့သဖြင့် ထိတ်လန့်တကြား လက်ကို အလျင်အမြန် ပြန်ချလိုက်မိ၏။

သို့သော် အတန်ကြာအောင် စောင့်ဆိုင်းကြည့်ပြီးနောက်တွင် သူ့ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမလက်ညှိုးလေးကို သေသေချာချာဖြင့် ပြန်လည်ဆန့်တန်းလိုက်ပြီး သူ အနှစ်သက်ဆုံးသော အမူအရာအတိုင်း သူ့ပါးပြင်ထက်သို့ ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေခဲ့မိ၏။

‘ဟမ်... အခုထိ ဘာတုံ့ပြန်မှုမှ မရှိသေးဘူးလား’

ကုဟွား၏ နူးညံ့သော လက်ကလေးမှာ သူ့ပုခုံးထက်သို့ ညင်သာစွာဖြင့် တက်လှမ်းသွားခဲ့သည်။

All Chapters