← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း(၂)-ကံကြမ္မာကို ပြောင်းလဲခြင်း

သူမ ချောင်ဟွားအဆောင်ကို ရောက်တာနဲ့ နှင်းတွေကြားကနေ ရွှယ်နင်ဟာ လူအုပ်ကြားထဲမှာ ကြိုးကြာတစ်ကောင်လို ထင်ရှားနေတဲ့သူကို ချက်ချင်း သတိထားမိလိုက်သည်။

ဆောင်းရာသီဖြစ်ပေမယ့် သူမရဲ့ အရေပြားပေါ်ကျနေတဲ့ နှင်းတွေက ပူလောင်သလို ခံစားလိုက်ရသည်။

"နှစ်သစ်ကူးနီးပြီ။အမွေဆက်ခံသူက သူ့တာဝန်ကနေ ပြန်လာတဲ့အတွက် မြို့တော်ကနေ ထပ်မထွက်သွားတော့ဘူး မဟုတ်လား?"

အမျိုးသား၏အသံက အေးစက်စက်နှင့်တည်ငြိမ်သည်။

"အင်း။ကျွန်တော် ရက်နည်းနည်းလောက် နားဦးမယ်။အဲ့ဒါပြီးမှ တရားရေးဝန်ကြီးဌာနကို ပြန်သွားမှာ"

အဝေးက အမျိုးသားတွေရဲ့ စကားဝိုင်းကို ကြားရတဲ့အခါ ရွှယ်နင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး သူမရဲ့ရင်ဘတ်က စူးစူးရှရှ တင်းကြပ်နေသည်။

သူမ သူနဲ့မတွေ့တာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် အမှန်တော့ သူတို့ မတွေ့ခဲ့ကြတာ လေးနှစ်၊ငါးနှစ်လောက် ရှိနေခဲ့ပြီ။

စုကျန်း ငယ်ရွယ်စဉ်အချိန်တုန်းက သူ့ရဲ့အလှတရားက ယှဉ်နိုင်စရာ မရှိအောင် လှပပြီး သူ့နားထင်တွေဆီ ပျံတက်တော့မလို့ထင်ရတဲ့ ချွန်ထက်တဲ့ မျက်ခုံးမွှေးတွေ ရှိသည်။

သူ ဘယ်နေရာမှာပဲ ထိုင်နေပါစေ နတ်ဘုရားတွေ ရေးဆွဲထားတဲ့ လက်ရာမြောက်သည့် ပန်းချီကားတစ်ချပ်လိုပင်။

ဒီနေ့၊ရွှမ်းယီနယ်စားမင်းအိမ်တော်က ပွဲအခမ်းအနားကြီးတစ်ခု ကျင်းပနေပြီး အိမ်တော်တစ်ခုလုံး ဧည့်သည်များဖြင့် ပြည့်နှက်နေသည်။

သခင်မတွေနဲ့ အထက်တန်းလွှာမိန်းမပျိုလေးတွေက ပြဇာတ်ကြည့်ဖို့အတွက် ချောင်ဟွားအဆောင်မှာ စုရုံးရောက်ရှိနေကြသည်။

သဘာဝကျစွာပဲ စင်ပေါ်က သရုပ်ဆောင်တွေဟာ အောက်မှာထိုင်နေတဲ့ အမျိုးသားလောက် မျက်စိပသာဒဖြစ်စရာ မရှိပေ။

ငယ်ရွယ်တဲ့မိန်းမပျိုလေးတွေအားလုံးက အမွေဆက်ခံသူ စုကျန်းကို တိတ်တိတ်လေး ခိုးကြည့်နေကြသည်။

စုကျန်းက အသက်နှစ်ဆယ်သာသာပဲ ရှိသေးပြီး တော်ဝင်စာမေးပွဲရဲ့အဆင့်သုံးဆင့်လုံးကို ထိပ်ဆုံးနေရာကနေ အောင်မြင်ခဲ့သည်။ထူးချွန်ထက်မြတ်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မြို့တော်မှာ အလိုချင်ဆုံး ခင်ပွန်းသည်လည်း ဖြစ်သည်။

ဒီနေ့ဟာ သခင်မကျန်း၏ မွေးနေ့ပွဲအခမ်းအနားဖြစ်သည်။သူမက မြို့တော်မှာရှိတဲ့ အထက်တန်းလွှာမိန်းမပျိုများအားလုံးကို ဖိတ်ကြားထားပြီး အပြင်ပန်းမှာတော့ ပွဲကျင်းပဖို့ဆိုပေမယ့် အမှန်တကယ်တော့ သူ့အတွက် ဇနီးတစ်ယောက် ရွေးချယ်ရန်ပင်။

သူ့နှလုံးသားထဲမှာ ချစ်မြတ်နိုးတဲ့လူဖြစ်တဲ့ မင်းသမီးရှို့နင်း ရှဲ့နင်းထန်လည်း ဒီနေ့ ဒီနေရာမှာ ရှိနေပြီးတော့ သခင်မကျန်း ဘေးနားတွင် ထိုင်နေသည်။

သူမရဲ့အရင်ဘဝတုန်းက ဒီအချိန်မှာပဲ သခင်မကျန်းက သူ့အတွက် လက်ထပ်ပွဲစီစဉ်ပေးဖို့ ကြံရွယ်ထားတယ်ဆိုတာကို ရွှယ်နင် သိခဲ့ရတယ်။သူမက နေမကောင်းဖြစ်ချင်ယောင်ဆောင်ပြီးတော့ ပွဲအခမ်းအနားကို မပါဝင်ခဲ့ဘူး။အဲ့ဒီအစား သူမက ပေါင်ချန်ကို စုကျန်းရဲ့ဝိုင်ခွက်ထဲ ဆေးခတ်ခိုင်းခဲ့တယ်။

ဆေးစွမ်းပြလာတဲ့အချိန်မှာပဲ စုကျန်းကို ကူပြီးတော့ ချောင်ဟွေ့အဆောင် အနီးကို ခေါ်လာခဲ့လိုက်ပြီး အဲ့ဒီနောက် သူမက တိတ်တိတ်လေး အထဲဝင်သွားခဲ့တယ်။

ထိုနေ့က သူမနဲ့စုကျန်းရဲ့ ပထမဆုံးအကြိမ်ကို မျှဝေခဲ့သည်။

သူက ကြမ်းတမ်းနေခဲ့ပေမဲ့-အရမ်းကြမ်းတမ်းတာကြောင့် သူမ အမှန်တကယ် နာကျင်မှုကို ခံစားခဲ့ရပေမယ့်- သူမရဲ့သွားတွေကို တင်းတင်းကြိတ်ထားပြီး အော်မငိုခဲ့ပေ။

သူမက သခင်မကျန်း သူမတို့ ပျောက်နေတာကို သတိထားမိတဲ့အချိန်အထိ စောင့်နေခဲ့ပြီး သူမတို့ ရောယှက်နေတာကို ဖြည်းဖြည်းချင်း ရှာတွေ့သွားစေခဲ့တယ်။

သခင်မကျန်းက သူမကို သမီးအရင်းတစ်ယောက်လို ပြုစုပျိုးထောင်ခဲ့၏။ထိုနေ့က ပထမဆုံးအကြိမ်အဖြစ် သူမရဲ့မျက်ဝန်းထဲမှာ စိတ်ပျက်မှုများရှိနေတာ ရွှယ်နင် မြင်ခဲ့ရသည်။

ထိုအဖြစ်အပျက်နောက်ပိုင်း သူမရဲ့ဂုဏ်သတင်းက အရှက်တရားကင်းမဲ့တဲ့သူအဖြစ် ပြန့်နှံ့သွားခဲ့သည်။

သူမက မိဘတွေရဲ့ အံ့အားသင့်ဖွယ် အလှတရားကို ဆက်ခံပြီး ယှဉ်နိုင်စရာမရှိတဲ့ အလှတရားအဖြစ် နာမည်ကြီးပေမယ့် မြို့တော်ရှိ မည်သည့်ပညာရှင် သို့မဟုတ် အထက်တန်းလွှာ အိမ်တော်မဆို "ယုတ်ညံ့တဲ့" မိန်းကလေးကို လက်ထပ်ရန် ငြင်းဆိုခဲ့ကြသည်။

ထို့နောက် သူမနဲ့စုကျန်း၏ အိမ်ထောင်ရေး ပြေလည်သွားခဲ့သည်။

စုကျန်းက စုမိသားစု၏ ဂုဏ်သိက္ခာနှင့်အနာဂတ်ကို သယ်ဆောင်ထားတဲ့ နယ်စားမင်းအိမ်တော်၏ အမွေဆက်ခံသူ ဖြစ်သည်။အခြားတစ်ဖက်မှာတော့ သူမက မိဘတွေ၊အစ်ကိုတွေ၊မောင်တွေ မရှိတဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး-‌ထောက်ပံ့မှုမရှိ၊အဆက်အသွယ်မရှိ၊သူမ သူ့ကို ပေးဆပ်နိုင်တာ ဘာမှမရှိပေ။

သခင်မကျန်းက သူမအပေါ် အလွန်စိတ်ပျက်သွားခဲ့၏။စုမိသားစုရှိ လူတိုင်းက သူမကို အထင်သေးခဲ့ကြသည်။

သူမနဲ့ငယ်သူငယ်ချင်းတွေလို ကြီးပြင်းလာခဲ့တဲ့ စုကျန်းတောင်မှ သူ့ခံစားချက်တွေ ပြောင်းလဲသွားခဲ့သည်။

သူတို့က မောင်နှမတွေအဖြစ် ဆက်ရှိနေဖို့ အသင့်တော်ဆုံး ဖြစ်ခဲ့ပေမယ့် သူမက တစ်စုံတစ်ခုအပေါ်မှာ ပိုပြီးတော့ အတင်းအကြပ် လုပ်ဆောင်ခဲ့တယ်။

အဆုံးမှာတော့ သူမ ရရှိခဲ့တာ သူ့ရဲ့အေးစက်မှုနှင့်စက်ဆုပ်ရွံရှာမှုပင်။

စုမိသားထဲကို လက်ထပ်သွားပြီးတဲ့နောက် သူမရဲ့နေ့ရက်များက ပိုပြီးတော့ ခက်ခဲလာခဲ့သည်။သခင်မကျန်း သေဆုံးသွားတဲ့အခါမှာတော့ ဘယ်သူကမှ သူမအပေါ်ကို ကြင်နာတာမျိုး မရှိတော့ဘူး။

အခြားလူတွေအတွက်တော့ သူမနဲ့စုကျန်းက သဟဇာတဖြစ်ပြီး အချင်းချင်း ရိုသေလေးစားကြတဲ့ ဇနီးမောင်နှံများပင်။ဒါပေမဲ့ မျက်နှာပြင်အောက်က ခါးသီးမှုတွေကိုတော့ သူမတစ်ယောက်တည်း နားလည်သည်။

"နင်နင် သမီး ဘာလို့ ရောက်လာတာတုန်း?"

သခင်မကျန်းက သူမကို သတိထားမိတဲ့ ပထမဆုံးလူဖြစ်ပြီး နွေးထွေးစွာပြုံးကာ သူမကို လက်ယပ်ခေါ်လိုက်သည်။

ရွှယ်နင် သူမရဲ့မှတ်ဉာဏ်များကနေ လွတ်မြောက်သွားပြီး သူမရင်ဘတ်ထဲမှာ ချဉ်စူးနေတဲ့ခံစားချက်ကို မြိုချကာ နီရဲနေတဲ့မျက်လုံးများဖြင့် စင်္ကြံကို ဖြတ်ကူးကာ သခင်မကျန်းဘေးတွင် ရပ်လိုက်သည်။

"သခင်မ..."

သခင်မကျန်းနဲ့သူမရဲ့အမေက အတူတူ ကြီးပြင်းလာခဲ့ကြပြီး အရင်နှီးဆုံးသူငယ်ချင်းများ ဖြစ်သည်။

သူမရဲ့မိဘတွေ နယ်စပ်မှာ သေသွားတဲ့အချိန် ရွှယ်မျိုးနွယ်စုက ရွှယ်မိသားစု၏ စစ်ရေးလုပ်ဆောင်ချက်တွေကို လိုချင်တပ်မက်ခဲ့ပြီး သူမကို ဘယ်သူက လက်ခံမလဲဆိုတာ အငြင်းပွားခဲ့ကြသည်။

ကန့်ကွက်မှုအားလုံးကို ဆန့်ကျင်ပြီးတော့ ရွှယ်မျိုးနွယ်စု အကြီးအကဲတွေရဲ့လက်ကနေ ကယ်တင်ခဲ့ကာ နယ်စားမင်းမိသားစုထဲကို ခေါ်ဆောင်လာခဲ့ပြီး နောက်ပိုင်းမှာ စုကျန်းကို အတင်းအကြပ် လက်ထပ်စေခဲ့တာက သခင်မကျန်းပင်။

ကံမကောင်းစွာပဲ သခင်မကျန်းက သိပ်မကြာခင်မှာ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့သည်။

စုကျန်းက သခင်မကျန်းရဲ့သေဆုံးမှုအတွက် သူမကို အပြစ်တင်ခဲ့တယ်၊ဒါပေမဲ့ သူမက သခင်မကျန်းရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ-ဘယ်လိုလုပ် သခင်မကျန်းကို ထိခိုက်အောင်လုပ်မှာလဲ?

အရင်တုန်းက သူမကို အချစ်ဆုံးလူကို ကြည့်ပြီး ရွှယ်နင်၏မျက်လုံးများ ပူနွေးလာကာ သူမရင်ဘတ်ထဲမှာ ခါးသက်မှုက မြှင့်တက်လာသည်။သူမ စိတ်ရှိလက်ရှိ အော်ငိုပစ်ချင်တာကလွဲပြီး ဘာမှမလုပ်ချင်တော့ပေ။

ဒါပေမဲ့ အခုက သခင်မကျန်းနဲ့ ပြန်အမှတ်ရနေဖို့ အချိန်မဟုတ်ဘူး။

သခင်မကျန်းက သူမရဲ့ လက်ကိုဆုပ်ကိုင်ပြီး နီရဲနေတဲ့မျက်လုံးများကို မြင်တဲ့အခါ စိုးရိမ်စွာ မေးလိုက်သည်။

"နေမကောင်းဖြစ်နေတာလား?နင်နင် အခု သက်သာပြီလား?"

"သခင်မ ၊ ကျွန်မ ခဏလောက် အိပ်လိုက်တာ အများကြီး ကောင်းသွားပါပြီ။အစ်ကို ပြန်ရောက်လာပြီလို့ ကြား........"

ရွှယ်နင်၏အကြည့်က ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ စုကျန်းဆီ အလျင်အမြန် ကျရောက်သွားသည်။သူက ခွက်တစ်ခွက်ကို သူ့နှုတ်ခမ်းဆီ ကပ်နေတာကို သူမ မြင်လိုက်ရ၏။

အဲ့ဒီဝိုင်ခွက်!

သူမရဲ့မျက်ဆန်တွေကျုံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။သူမ ဘာမှမစဉ်းစားတော့ဘဲ စုကျန်းဆီ ပြေးသွားပြီး အားလုံးရှေ့မှာ သူ့လက်ထဲက ဝိုင်ခွက်ကို ဆွဲလုလိုက်သည်။

သခင်မကျန်း တစ်ယောက်တည်း ကြက်သေ,သေသွားတာမဟုတ်ဘဲ စင်မြင့်အောက်က လူတွေကလည်း သူမကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။

နယ်စားမင်းအိမ်တော်ရဲ့ မိန်းမပျိုတစ်ယောက်အဖြစ် ကြီးပြင်လာခဲ့တဲ့ ရွှယ်နင်ဟာ ပုံမှန်အားဖြင့် ဒီလိုမသင့်တော်တဲ့အရာကို ဘယ်တော့မှ မလုပ်ပေ။

တည်ငြိမ်စွာ ထိုင်နေခဲ့တဲ့ အမျိုးသားက ရုတ်တရက် သူမကို မော့ကြည့်လာ၏။

ဆီနှင်းများကြားတွင် သူတို့ အကြည့်ချင်းဆုံသွားသည်-သူ့ရဲ့ နက်မှောင်ပြီး ဖီးနစ်ငှက်လို စူးရှတဲ့မျက်ဝန်းများက သူမကို စိုက်ကြည့်နေသည်။

ရွှယ်နင်ရဲ့မျက်နှာ ဖြူဖျော့သွားပေမယ့် သူမလက်ချောင်းတွေနဲ့ ခွက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

စုကျန်းသည် ရွှယ်နင်ကို တည့်တည့် စိုက်ကြည့်နေ၏။မိန်းကလေးက တောက်ပတဲ့အဝါရောင် အင်္ကျီလက်ရှည်နဲ့စကတ်ကို ဝတ်ဆင်ထားပြီး ဗာဒံစေ့ပုံစံ မျက်ဝန်းများနှင့် မက်မွန်သီးရောင် ပါးပြင်တို့ရှိသည်။သူမက လှပပေမယ့် ပုံမှန်အားဖြင့် နူးညံ့ပြီး အရည်ရွှမ်းနေတဲ့မျက်လုံးတွေက အခုတော့ သူ နားမလည်နိုင်တဲ့ ထူးဆန်းပြီး ပြင်းထန်တဲ့ခံစားချက်တွေ တောက်လောင်နေသည်။

သူ့နှလုံးသား အနည်းငယ် တုန်လှုပ်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။သူ့ရဲ့ လက်ချောင်းရှည်ရှည်များကို ဆန့်ထုတ်ကာ အေးစက်ပြီး ဂရုမစိုက်တဲ့အမူအရာက သူမရဲ့ အဆင်အခြင်မဲ့မှုအတွက် ဆူပူနေပုံပေါက်သည်။

"နင်နင် မင်း ဘာလုပ်တာလဲ?"

သူက ပေါ့ပေါ့ပါးပါး ခွက်ကို ပြန်ယူဖို့ ကြိုးစားလိုက်သည်။

ဒါပေမဲ့ ရွှယ်နင်က လုံးဝ ခွင့်မပြုခဲ့ပေ။

ဆယ်နှစ်ကြာ ဇနီးမောင်နှံအဖြစ် ဖြတ်သန်းခဲ့ပေမယ့် သူစိမ်းတွေလိုပဲ။

သူမ သေဆုံးသွားတဲ့ ညက မီးဟာ သူမကို အရှင်လတ်လတ် သူမရဲ့အသားနဲ့ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့ပြီး နောင်တတွေထဲ နစ်မြှုပ်စေခဲ့တယ်။

မီးတောက်တွေထဲမှာ သူမ ကျိန်ဆိုခဲ့တယ်:

သူမသာ နောက်ထပ်အခွင့်အရေးတစ်ခု ရရင်၊

စုကျန်းနဲ့ ဝေးဝေးမှာ နေမယ်။

သူ့နဲ့ နီးစပ်ဖို့ လုံးဝ မကြိုးစားတော့ဘူး။

သူ့ကို ဘယ်တော့မှ ပြန်မချစ်တော့ဘူး။

သူ့ဇနီး ဘယ်တော့မှ ပြန်မဖြစ်စေရဘူး။

မျက်ရည်တွေ ဝဲတက်လာချင်တဲ့ ခံစားချက်ကို ဖိနှိပ်ရင်း သူမ အသက်ပြင်းပြင်းရှူကာ တောက်ပတဲ့အပြုံးကို အတင်းအကြပ်ပြုံးလိုက်ပြီး သူမက သူ့အကျိုးအတွက် စဉ်းစားပြီး လုပ်ပေးသလို သရုပ်ဆောင်လိုက်သည်။

"ညီမ အစ်ကို့ကို မတွေ့ရတာ အတော်လေးကြာနေပြီ။အစ်ကို မသောက်သင့်ဘူးနော်"

ဒါနဲ့ သူမက ဝိုင်ကို ပျော်ပျော်ပါးပါး ထိပြီး နှင်းထဲ လောင်းချလိုက်သည်။

အဲ့ဒီနောက် သူမက စားပွဲပေါ်က ဝိုင်ခရားကိုယူ၍ ကလေးတစ်ယောက်လိုမျိုး သူမ ရင်ဘတ်ထဲ ပွေ့ဖက်ထားလိုက်သည်။

"သခင်မကလည်း အစ်ကို လျှော့သောက်သင့်တယ်လို့ ပြောတယ်။ကျွန်မက သူ့ကျန်းမာရေးအတွက် စဉ်းစားပေးနေတာပါနော်"

ဒါကို ကြားတော့ သခင်မကျန်းက ချစ်မြတ်နိုးစွာ ရယ်မောလိုက်သည်။

"ဒီလောက်အေးခဲနေတဲ့နှင်းထဲမှာ သူ့ကို ဝိုင်နွေးနွေးလေး တစ်ခွက်လောက် သောက်ခိုင်းတာ ဘာမှမဖြစ်ပါဘူး"

"ဒါပေမဲ့ သခင်မက အဲ့ဒါကို စောစောက မပြောဘူးလေ။ပြီးတော့ ဒီဝိုင်က ဒီနေရာမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ဘယ်သူသိမှာလဲ။တကယ်လို့ အစ်ကိုက အေးစက်နေတဲ့ဝိုင်တွေကို သောက်မိသွားရင် သူ နောက်ပိုင်း စာရေးတဲ့အခါကျ သူ့လက်တွေ တုန်နေလိမ့်မယ်"

စုကျန်း၏နှုတ်ခမ်းပါးများ အနည်းငယ် ကွေးတက်သွားပြီး သိသာတဲ့အပြုံးမျိုး မဟုတ်ဘဲ တည်ငြိမ်ပြီး ကျော့ရှင်းကာ သူ့ကို အထူးတလည် ချောမောသွားစေသည်။

သူမက ငယ်ရွယ်ပြီး ထက်မြက်ကာ ချစ်စရာကောင်းနေဆဲပင်။သူမဆီက နောက်ပြောင်ကျီစယ်တဲ့ စကားအနည်းငယ်က အဆောင်ထဲက အမျိုးသမီးတွေကို ရယ်မောသွားစေသည်။

၎င်းက ညီမလေးတစ်ယောက်က သူမရဲ့အစ်ကိုကြီးကို ဂရုစိုက်တာထက် မပိုပေ။

သူမက ရိုးရိုးရှင်းရှင်းနဲ့ ရူးမိုက်၊တုံးအပြီးတော့ သူ့ကို လူမြင်ကွင်းမှာ အရှက်ခွဲလိုက်တာပင်။

အသက်ကြီးတဲ့အမျိုးသမီးတွေက ဒီကိစ္စကို မကျော်သွားခင် ရယ်မောပြီး သူမကို အနည်းငယ် စနောက်လိုက်ကြသည်။

အထက်တန်းလွှာ မိန်းမပျိုလေးများကတော့ ဖြစ်ပျက်သွားတဲ့ မြင်ကွင်းကို ကြည့်ရင် လည်ပင်းမော့ထားကြသည်။အများစုက သူမနဲ့သူငယ်ချင်းဖြစ်ရန် မျှော်လင့်နေကြ၏။

ဘာပဲဖြစ်ဖြစ် သူမက စုအိမ်တော်မှာ ကြီးပြင်းလာခဲ့ပြီး သခင်မကျန်းက သူမကို သမီးအရင်းတစ်ယောက်လို ဆက်ဆံသည်။စုကျန်းက သူမရဲ့အမည်ခံအစ်ကို ဖြစ်၏။သူမရဲ့ နှစ်သက်မှုကို ရရှိတာက စုမိသားစုကို သွားရောက်လည်ပတ်ဖို့ အခွင့်အရေးတွေ ပိုမိုရရှိလာနိုင်တယ်လို့ ဆိုလိုတာဖြစ်ပြီး ငယ်ရွယ်တဲ့အမွေဆက်ခံသူနဲ့ တွေ့ဆုံနိုင်ချေရှိသည်။

မင်းသမီးရှို့နင်းတောင် လှည့်လာပြီးတော့ ရွှယ်နင်ကို ညင်သာစွာ ပြုံးပြလာခဲ့သည်။

ရယ်မောသံများနှင့်စကားစမြည် ပြောဆိုမှုများကြားတွင် သက်ဝင်လှုပ်ရှားတဲ့လေထုက အခန်းထဲ ပြည့်နှက်နေသည်။

ဒါပေမဲ့ ဝိုင်အိုးကို ကိုင်ထားတဲ့ လက်သေးသေးလေးတွေက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေတာကိုတော့ ဘယ်သူမှ သတိမထားမိကြပေ။

All Chapters