← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း(၉)မင်္ဂလာပွဲ ဆွေးနွေးခြင်း

လျိုရှီကလည်း အလွန်ပင် ချိုသာပျူငှာစွာ ပြုံးလိုက်ပြီး ပြောလာသည်။

"နင်နင့်ဘက်က ဒီလိုမျိုး တောင်းဆိုလာတာ ရှားမှရှားပဲလေ... အဒေါ်တို့က မင်းဆန္ဒကို အတတ်နိုင်ဆုံး မဖြည့်ဆည်းပေးဘဲ နေပါ့မလား"

ရွှယ်နင်သည် သခင်မကျန်း၏ ရှေ့ရှိ ပန်းထိုးထားတဲ့ ထိုင်ခုံပုလေးပေါ်တွင် လိမ္မာယဉ်ကျေးစွာ ထိုင်လိုက်သည်။

"အမေ... သမီးကိစ္စက မလောပါဘူး"

စုရှီး၏ နှုတ်ခမ်းထောင့်မှ လှောင်ပြုံးမှာ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သလောက်ပင်။

"ညီမလေးရွှယ်က ဒီနေ့ အဘွားရှေ့မှာ အဒေါ့်ကို အမေလို့ အသိအမှတ်ပြုချင်ကြောင်းတွေ အစွမ်းပြနေခဲ့တာ မဟုတ်ဘူးလား? အခုကျမှ ဘာလို့ မလောတော့တာလဲ? ဟင်... ပြီးတော့ အစ်ကိုကြီးရော? အစ်ကိုကြီးက ဘာလို့ ညီမလေးရွှယ်နဲ့ အတူတူမလာတာလဲ? အရင်တုန်းကဆိုရင် ညီမလေးရွှယ်က အစ်ကိုကြီးနောက်ကို အမြီးလို တကောက်ကောက် လိုက်နေကျဆိုတော့ အခုလည်း အတူတူရှိနေမယ်လို့ ငါက ထင်နေတာ"

သူမ၏ စကားလုံးများထဲမှ လှောင်ပြောင်သရော်မှုများက ရွှယ်နင်၏ နားထဲ စူးရှနာကျင်စေသည်။

ဒါပေမဲ့လည်း သူမ မချေပနိုင်ခဲ့ပေ။ အကြောင်းကတော့ နယ်စားမင်းအိမ်တော်ရှိ လူတိုင်းရဲ့ အမြင်မှာ သူမက ငယ်ငယ်ကတည်းက စုကျန်းနောက်ကိုပဲ တကောက်ကောက် လိုက်နေခဲ့သူ ဖြစ်တာကြောင့်ပင်။

စုရှီးက သူမကို အနှိမ့်ချဆုံးအကြည့်နဲ့ ကြည့်နေပေမယ့် အဲ့လိုပြုမူတာက သူမ(စုရှီး)အတွက် ဘာကောင်းကျိုးတွေ ရရှိစေလို့လဲ? သူမ(စုရှီး)လည်း သူစိမ်းယောကျာ်းတစ်ယောက်နဲ့ တိတ်တဆိတ် ကတိကဝတ်ပြုထားတဲ့သူပဲ ဖြစ်တယ်။ အဲ့ဒါကလည်း မသင့်တော်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား။

ရွှယ်နင်က တည်ငြိမ်တဲ့ မျက်နှာထားဖြင့်ပင် ပြန်တုံ့ပြန်လိုက်သည်။

"အစ်မကြီးက ဒီနှစ်ဆိုရင် အသက် ဆယ့်ရှစ်နှစ် ရှိပြီလေ... အားနင်ရဲ့ အသိအမှတ်ပြုပွဲက အစ်မကြီးရဲ့ အိမ်ထောင်ရေးထက် ပိုအရေးကြီးနိုင်ပါ့မလား?"

စုရှီး၏ မျက်နှာ ချက်ချင်း ပျက်သွားတော့သည်။ လျိုရှီကတော့ ပြုံးနေဆဲ ဖြစ်ပေမယ့် ထိုအပြုံးများက သူမ၏ မျက်ဝန်းများဆီသို့ ရောက်မလာခဲ့ပေ။

စုမန့်က တခစ်ခစ် ရယ်မောလိုက်ရင်း စုရှီးကို ကြည့်ကာ ဝင်ပြောလိုက်သည်။

"အားနင် ပြောတာ မှန်တာပဲ... အစ်မကြီးသာ အမြန် အိမ်ထောင်မပြုရင် အပျိုကြီး ဖြစ်သွားလိမ့်မယ်"

စုရှီး၏ မျက်နှာ မည်းမှောင်သွားပြီး ရွှယ်နင်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ ခနဲ့လိုက်သည်။

"ငါ အိမ်ထောင်မပြုရလည်း နင် အိမ်ထောင်မပြုရတာထက်စာရင် တော်သေးတယ်... နင်ကြိုက်နေတဲ့လူက ဒီတစ်သက် နင့်ကို ဘယ်တော့မှ ပြန်ချစ်လာမှာ မဟုတ်ဘူး"

ရွှယ်နင်ရဲ့ မျက်နှာက အနည်းငယ် ဖြူဖျော့သွားပြီး နှလုံးသားတစ်ခုလုံးကို တစ်စုံတစ်ယောက်က လက်ဖြင့် အတင်းဆုပ်ညှစ်ထားသလို ခံစားလိုက်ရ၏။

ရွှယ်နင်၏ အားနည်းချက်ကို ထိုးနှက်နိုင်ပြီဟု ယူဆကာ စုရှီးက ပြန်လည်ပြုံးရွှင်သွားသည်။

"ညီမလေး အားနင်... နင်လည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ကျေနပ်မနေပါနဲ့ဦး"

သို့သော် ရွှယ်နင်က ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်၏။

"အမေနဲ့ ဒုတိယအဒေါ်တို့ ရှေ့မှာတင် ပြောပါဦး... အပြင်ထွက်လေ့မရှိဘဲ အတွင်းဆောင်ထဲမှာပဲနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ညီမက ဘယ်သူ့ကို ကြိုက်နေတယ်လို့ အစ်မကြီးက ပြောချင်တာလဲ?"

စုရှီးက သရော်သံဖြင့် ပြန်ဖြေလိုက်သည်။

"နင်က အစ်ကိုကြီးကို ကြိုက်နေတာ မဟုတ်ဘူးလား?"

ရွှယ်နင်၏ မျက်နှာထားမှာ တင်းမာသွားပြီး သူမရဲ့အသံကို ရုတ်တရက် မြှင့်လိုက်သည်။

"အစ်မကြီး... စကားပြောရင် ဆင်ခြင်ပါ!"

ရွှယ်နင်၏ ရုတ်တရက် ထွက်ပေါ်လာတဲ့ အရှိန်အဝါကြောင့် စုရှီး လန့်သွားသည်။

"နင်က ဘာလို့ အော်နေတာလဲ..."

ရွှယ်နင်က အေးစက်စက် လေသံဖြင့်

"အစ်ကိုကြီးနဲ့ ညီမက မောင်နှမသံယောဇဉ်ပဲ ရှိတာ... အစ်မကြီးက ဘယ်လိုဖြစ်လို့ ဒီလို စည်းလွတ်ဝါးလွတ် ပြောနိုင်ရတာလဲ? အစ်ကိုကြီးက အခုမှ တရားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခါစ ရှိသေးတာ... သူ့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားအောင် လုပ်တာက ဒုတိယအိမ်တော်အတွက် ဘာအကျိုးရှိမှာမလို့လဲ?"

စုရှီး ဆွံ့အသွားပြီး ခဏလောက် ဘယ်လိုပြန်ချေပရမလဲဆိုတာ မသိတော့ပေ။

ဒုတိယအိမ်တော်က ကိုယ်ပိုင်အရည်အချင်း မရှိဘဲ ပထမအိမ်တော်ကို မှီခိုပြီး ရပ်တည်နေရခြင်း ဖြစ်၏။

စုကျန်းရဲ့ အနာဂတ်က နယ်စားမင်းအိမ်တော်တစ်ခုလုံးရဲ့ အနာဂတ်ပင်။

လျိုရှီသည် အခြေအနေအရပ်ရပ်ကို နားလည်သူဖြစ်သဖြင့် မကျေမနပ် ဖြစ်နေတဲ့ စုရှီးကို ဆွဲတားလိုက်ပြီး အခြေအနေကို ပြန်ထိန်းသည့်အနေဖြင့် ပြုံးကာ ပြောလိုက်သည်။

"အားရှီးက စလိုက်တာပါ... တို့တွေက မောင်နှမတွေပဲဟာကို... နင်နင်လည်း စိတ်ထဲမထားပါနဲ့နော်"

ရွှယ်နင်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ပြုံးလိုက်သည်။

"အဒေါ်... စိတ်မပူပါနဲ့၊ အားနင်က အစ်မကြီးအပေါ် အငြိုးမထားပါဘူး"

ထိုစကားများက စုရှီးကို စိတ်သဘောထား သေးသိမ်ပြီး မရင့်ကျက်သူတစ်ဦးကဲ့သို့ ဖြစ်သွားစေသည်။

စုရှီး မခံမရပ်နိုင်ဖြစ်လွန်းပြီး မျက်ဝန်းများ နီမြန်းလာသော်လည်း မိခင်ဖြစ်သူ၏ တားဆီးမှုကြောင့် ဘယ်လိုမှ ပြန်မပြောနိုင်တော့ပေ။

သခင်မကျန်းက ဝင်ဖြတ်ပြောလိုက်သည်။

"တော်ကြတော့... အားနင်ပြောတာ မှန်တယ်၊ သူ(မ)ရဲ့ အသိအမှတ်ပြုပွဲက အားရှီးရဲ့ အိမ်ထောင်ရေးလောက် အရေးမကြီးပါဘူး။ အခုတလော ငါတို့နဲ့ အဆက်အသွယ်ရှိတဲ့ မိသားစုတွေထဲက ထူးချွန်တဲ့ လူငယ်တချို့ကို ငါရွေးထားပြီးပြီ။ ယောင်းမလည်း ကလေးအတွက် ပိုဂရုစိုက်ပြီး သေချာရွေးချယ်ပေးသင့်တယ်။ နောက်မှ အထိန်းတော်စုန့်ကို အဲဒီလူငယ်စာရင်းစာအုပ် မင်းတို့ဆီ ပို့ခိုင်းလိုက်မယ်"

နယ်စားမင်းစံအိမ်၏ အိမ်ရှင်မတစ်ဦးဖြစ်သည့်အတိုင်း သခင််မကျန်းတွင် နေ့စဉ် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များက မရေမတွက်နိုင်အောင် ရှိသည်။

သူမက စုရှီးရဲ့ အိမ်ထောင်ရေးကို

တမင်တကာ မေ့ထားတာမဟုတ်ဘဲ ဒုတိယအိမ်တော်မှ လျိုရှီကိုယ်တိုင်က အရမ်း ချေးများလွန်းနေတာကြောင့် သမီးဖြစ်သူရဲ့ အိမ်ထောင်ရေးက ကြန့်ကြာနေရခြင်းပင်။

လျိုရှီလည်း ဒီနေ့လာတဲ့ အဓိကရည်ရွယ်ချက်က စုရှီး၏ အိမ်ထောင်ရေးအတွက် ဖြစ်တာကြောင့် မျက်ဝန်းများ တောက်ပသွားသည်။

"ယောင်းမ မျက်စိကျတဲ့လူဆိုရင်တော့ အကောင်းဆုံးဖြစ်မှာ အသေအချာပဲ။ ဒါပေမဲ့ ကျွန်မက ဝီလိုလမ်းက လုမိသားစုရဲ့ သားကြီးကို စိတ်ထဲမှာ ရည်ရွယ်ထားမိလို့ပါ။ ယောင်းမအနေနဲ့ မိတ်ဆက်ပေးလို့ ရမလား"

စုရှီးသည် ရှက်သွေးဖြာသွားကာ ခေါင်းငုံ့၍ အပျိုစင်လေးတစ်ဦးကဲ့သို့ ငြိမ်သက်နေတော့သည်။

ရွှယ်နင် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။

"ဝီလိုလမ်းက လုမိသားစု... ဘယ်လုမိသားစုလဲ?"

လျိုရှီက ပြုံးကာ

"လိမ္မာတဲ့ ကလေးလေး... အဲဒါ မင်းရဲ့ အမေဘက်က ဦးလေးတော်စပ်တဲ့ မိသားစုလေ။ ယောင်းမက မင်းကို ဒီလောက်နှစ်အကြာကြီး စောင့်ရှောက်လာတာပဲ၊ အခုလိုမျိုး နှစ်မိသားစု ထပ်ပြီး ဆွေမျိုးတော်စပ်လိုက်ကြရင် ပိုပြီးတောင် ကောင်းမသွားဘူးလား?"

ရွှယ်နင်၏ မျက်နှာ မှောင်ကျသွားကာ လျိုရှီကို ကြည့်၍ မျက်မှောင်ကြုတ်မိသည်။

သူမက ယုံကျိုးက စံအိမ်ဟောင်းမှာ နေခဲ့ရတာ ကြာလှပြီ။ ကြာလွန်းတာကြောင့် စုရှီးရဲ့ မူလစေ့စပ်ထားသူက သူမရဲ့ဝမ်းကွဲအစ်ကို လုစီလင် ဆိုတာကိုပင် မေ့လုနီးပါး ဖြစ်သွားတယ်။

အရင်ဘဝက သူမရဲ့ ဦးလေးနှင့် ဝမ်းကွဲအစ်ကိုက ယုံရွှယ်နယ်စပ်မှာ တာဝန်ကျနေခဲ့ကြခြင်း ဖြစ်သည်။ သူမသာ စုကျန်းနှင့် လက်ထပ်ခဲ့ခြင်း မရှိပါက ဦးလေးက ဝမ်းကွဲအစ်ကိုအား တုန်းကျင်းမြို့တော်ဆီ ပြန်လာရန် အမိန့်ပေးလိမ့်မည် မဟုတ်ပေ။ လုမိသားစုလည်း စုရှီးနှင့် အိမ်ထောင်ရေးကိစ္စ ဆွေးနွေးမှာ မဟုတ်ချေ။ အဲ့လိုဆိုရင် စုရှီးလည်း လက်ထပ်ပြီးတဲ့နောက် ဝမ်းကွဲကို တစ်သက်လုံး နှိပ်စက်ပြီး သူမရဲ့ ချစ်သူနှင့် တိတ်တဆိတ် ဖောက်ပြန်နေမည် မဟုတ်တော့ချေ။

သခင်မကျန်းက ခဏလောက် စဉ်းစားလိုက်သည်။

"လုမိသားစုရဲ့ သားကြီးလား... ငါ သူ့ကို မတွေ့ရတာတောင် တော်တော်ကြာပြီ။ အခု ဘယ်လိုများ ဖြစ်နေမလဲ မသိဘူး"

"ကျွန်မ လူလွှတ်ပြီး စုံစမ်းကြည့်ပြီးပါပြီ။ သခင်လေးလုက အခု ကျန့်ပေစစ်တပ်မှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာ၊ တော်တော်လေး အရည်အချင်းရှိတဲ့သူပဲ။ ဒီနှစ်ကုန်ပိုင်းမှာ တာဝန်တွေ အစီရင်ခံဖို့ မြို့တော်ကို ပြန်လာလိမ့်မယ်။ အဲဒီကျရင် နည်းနည်းလောက် လမ်းကြောင်းပေးလိုက်တာနဲ့ စစ်ဘက်ရေးရာဝန်ကြီးဌာနမှာ အရေးပါတဲ့ ရာထူးတစ်ခု ရနိုင်တယ်။ အနာဂတ်မှာ သူက အောင်မြင်မယ့်သူမလို့ ကျွန်မတို့အားရှီးနဲ့ဆိုရင် အလိုက်ဖက်ဆုံးပဲ။ ပြီးတော့ အားရှီး ကောင်းကောင်းမွန်မွန် အိမ်ထောင်ကျသွားတာက ရွှမ်းယီနယ်စားမင်းစံအိမ်အတွက်လည်း ဂုဏ်တက်စရာပဲလေ။ အဲဒီအခါကျရင် ယောက္ခမကလည်း ယောင်းမကို အိမ်ထောင်မှု သေချာစီမံနိုင်တယ်ဆိုပြီး ချီးမွမ်းမှာ သေချာတယ်"

သခင်မကျန်းက ရွှယ်နင်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ချိန်ဆနေ၏။ ရွှယ်နင်ကမူ ဘာမှမပြောပေ။

အပျိုစင်မိန်းကလေးတစ်ဦးအနေဖြင့် စုရှီး၏ အိမ်ထောင်ရေးကိစ္စတွင် ဝင်ရောက်ပြောဆိုခွင့် သူမ၌ မရှိပေ။

သခင်မကျန်းက လောလောဆယ် သဘောတူလိုက်ရုံပဲ ရှိတာကြောင့် ပြောလိုက်သည်။

"လုမိသားစု မြို့တော်ကို ပြန်ရောက်လာတဲ့အခါ သခင်လေးလုကို အလည်လာဖို့ ငါ ဖိတ်ခိုင်းလိုက်ပါ့မယ်"

ထိုအခါမှသာ လျိုရှီသည် စိတ်ကျေနပ်သွားပြီး စုရှီးကို ခေါ်ကာ ချိုးရွှေဥယျာဉ်မှ ထွက်သွားတော့သည်။

သူတို့ ထွက်သွားသည်နှင့် သခင်မကျန်းက ရွှယ်နင်ကို သူမအနား လာထိုင်ရန် လက်လှမ်းခေါ်လိုက်၏။ ရွှယ်နင်က နှုတ်ခမ်းလေးကို အနည်းငယ် စေ့ထားပြီး အခန်းတွင်းမှ အမွှေးနံ့သာနံ့ကြောင့် ပါးပြင်လေးများမှာ ပန်းနုရောင် သန်းနေသည်။

သခင်မကျန်းက သူမကို ကြည့်လေလေ ပိုချစ်လေလေ ဖြစ်လာပြီး ပါးလေးကိုတောင် ဆွဲညှစ်ချင်စိတ် ပေါက်လာတော့သည်။

ဒီလောက် ချစ်စရာကောင်းတဲ့ မိန်းကလေးက သူမရဲ့ ချွေးမ မဖြစ်နိုင်တော့တာကို နှမြောမိ‌ပေမယ့် သမီးအဖြစ် ရလိုက်တာလည်း အလွန် ဝမ်းသာစရာပင်။

"နင်နင်... မင်းရဲ့ ဦးလေးမိသားစုနဲ့ အမေတို့မိသားစု ဆွေမျိုးတော်စပ်မှာကို မင်း သဘောတူရဲ့လား?"

ရွှယ်နင်သည် သခင်မကျန်းကို အကျပ်ရိုက်အောင် မလုပ်ချင်သဖြင့် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ဒါပေမဲ့ ဒီဘဝမှာတော့ စုရှီးအား သူမရဲ့ ဝမ်းကွဲအစ်ကိုကို ထိခွင့်ပေးမည် မဟုတ်တော့ချေ။

"ဒါက တွေ့ကြည့်ရုံပဲလေ... နောက်ဆုံးတော့ ဝမ်းကွဲအစ်ကို့ရဲ့ ဆန္ဒပေါ်မှာပဲ မူတည်မှာပါ"

စုမန့်က နှုတ်ခမ်းလေးစူကာ-

"ဟုတ်တယ်! ဝမ်းကွဲအစ်ကိုက ငယ်ငယ်တုန်းကဆိုရင် ငွေတုံးငွေခဲလေးလိုပဲ အရမ်း ချစ်ဖို့ကောင်းတာ။ အခုဆိုရင် ဘယ်လောက်တောင် ချောနေမလဲ မသိဘူး။ စုရှီးလိုလူနဲ့ ဘယ်လိုလုပ်ပြီး တန်ပါ့မလဲ?"

ဒီကလေးတွေကို ငယ်ငယ်ကတည်းက ကြည့်လာခဲ့တဲ့ သခင်မကျန်းက စုရှီးရဲ့ သာမန်ကာလျှံကာ စိတ်နေစိတ်ထားနဲ့ ကောင်းကင်ဘုံအထိ ရည်မှန်းချက်ကြီးမားမှုကို ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ။ လုမိသားစုက ကျဆင်းနေတဲ့ စစ်ဘက်မိသားစုဖြစ်ပေမယ့် သူမကို သဘောကျလိမ့်မည်ဟု မပြောနိုင်ပေ။

သူမက မတတ်သာသလို ပြုံးလိုက်ရင်း စုမန်၏ ဖောင်းအိနေသော ပါးပြင်လေးကို ထိလိုက်ကာ—

"မင်းကလည်း အဲဒီလူကို ဘာလို့ 'ဝမ်းကွဲအစ်ကို' လို့ ခေါ်နေရတာလဲ?"

စုမန် တခစ်ခစ် ရယ်မောရင်း ရွှယ်နင်၏ ပုခုံးပေါ် ခေါင်းမှီလိုက်သည်။

"အားနင်က အခု အမေ့ရဲ့ သမီးဖြစ်သွားပြီဆိုတော့ သမီးရဲ့ ညီမလေး ဖြစ်သွားပြီပေါ့။ အဲဒါကြောင့် သမီးကလည်း 'ဝမ်းကွဲအစ်ကို' လို့ ခေါ်တာ သဘာဝကျတာပဲ မဟုတ်ဘူးလား?"

သခင်မကျန်း၏ နှုတ်ခမ်းတွင် နူးညံ့သည့် အပြုံးတစ်ခု ပေါ်လာပြီး ကောင်းမွန်စွာ ကြီးပြင်းလာတဲ့ သမီးနှစ်ယောက်ကို ကြည့်ကာ အလွန်ပင် ကျေနပ်နေတော့သည်။

"မင်းတို့ အစ်မကြီးအကြောင်း ထားလိုက်ပါတော့။ မင်းက အခု ဆယ့်ခြောက်နှစ် ရှိပြီ၊ နင်နင်ကလည်း အရွယ်ရောက်လာပြီ။ အသိအမှတ်ပြုပွဲကျရင် မြို့တော်က သူဌေးသူကြွယ်တွေ အများကြီး လာကြလိမ့်မယ်။ အမေကတော့ မင်းတို့နှစ်ယောက်အတွက်လည်း စိတ်ပူပေးရတော့မယ် ထင်တယ်... တတ်နိုင်သမျှ မြန်မြန်လေး အိမ်ထောင်ချပေးရမယ်"

စုမန်က ရှက်သွေးဖြာသွားသည်။

"မန်မန်က အခုထိ အိမ်ထောင်မပြုချင်သေးဘူး၊ အမေ့နားမှာ နောက်ထပ် နှစ်အနည်းငယ်လောက် နေချင်သေးတယ်"

သခင်မကျန်းက ရွှယ်နင်ဘက် လှည့်ကာ

"နင်နင်ရော.. ဘယ်လိုလဲ?"

"သမီးကတော့ အမေ စီစဉ်သမျှကိုပဲ နားထောင်ပါ့မယ်"

ရွှယ်နင်က နူးညံ့စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

"အမေ လက်ထပ်စေချင်တဲ့လူကို အားနင် လက်ထပ်မယ်"

All Chapters