← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) - သူမ ပြောင်းလဲသွားပြီ

မင်းသမီး ရှို့နင်းနှင့် စုကျန်းတို့၏ ရင်းနှီးမှုကို စုမိသားစုဝင် အားလုံးက အလိုအလျောက် ခွင့်ပြုထားကြပြီး ဖြစ်သည်။

ရွှယ်နင်သည် နောက်သို့ ခပ်ဖွဖွလေး လှည့်ကြည့်လိုက်ပြီး စုကျန်းက အမှန်ပင် ခြေလှမ်းများကို ရပ်တန့်ထားတာကို တွေ့လိုက်ရသည်။

တောက်ပတဲ့ ကြက်သွေးရောင် အင်္ကျီနှင့် ဂါဝန်ကို ဝတ်ဆင်ထားသည့် ထိုမိန်းကလေးက လန်းဆန်းတက်ကြွတဲ့ အမူအရာဖြင့် အမျိုးသား၏ ဘေးနားသို့ ချဉ်းကပ်သွားသည်။

ပညာရှင်အမျိုးသားနှင့် အလှပဂေးအမျိုးသမီး... သူတို့နှစ်ယောက်က ကြည့်ရတာ အရမ်းလိုက်ဖက်ညီသည်။

"ဒီရက်ပိုင်း ရာသီဥတုက အရမ်းအေးနေတာနဲ့ အိမ်ထဲမှာပဲ အောင်းနေရတာ။ အဲဒါကြောင့် ရှီဇီရဲ့ စာကြည့်ခန်းကနေ စာအုပ်တစ်အုပ်လောက် ငှားဖတ်မလားလို့"

"ရတာပေါ့... ဘာစာအုပ် ဖတ်ချင်လို့လဲ"

"ရှီဇီ... ရှီဇီ့ဆီမှာ ဝတ္ထုစာအုပ်တွေ ရှိလားဟင်"

စုကျန်း၏ အေးစက်စက် မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။ တရားရေးဝန်ကြီးဌာနရဲ့ အသက်အငယ်ဆုံး ဒုဝန်ကြီးတစ်ဦး ဖြစ်တဲ့အတွက် သူ့စာကြည့်ခန်းထဲမှာ အမျိုးသမီးငယ်တွေ နှစ်သက်တတ်သည့် ပေါ့ပေါ့ပါးပါး ဖတ်စရာမျိုး တစ်အုပ်မှ မရှိပေ။

မင်းသမီး ရှို့နင်းကလည်း ထိုအချက်ကို သတိထားမိလိုက်ပြီး နီမြန်းနေတဲ့ သူမရဲ့မျက်နှာလေးက ပန်းတစ်ပွင့်လို လှပနေသည်။

"ရှီဇီ... မနက်ဖြန် ပြန်လာတဲ့အခါ စာအုပ်ဈေးကနေ ကျွန်မအတွက် စာအုပ် တစ်အုပ်နှစ်အုပ်လောက် ဝယ်ပေးလို့ ရမလား။ အခုခေတ်မှာ ခေတ်စားနေတဲ့ မိန်းကလေးတွေ ဖတ်ရတာ ကြိုက်တဲ့ စာအုပ်မျိုးလေ"

အမျိုးသား၏ အသံမှာ အေးစက်သော်လည်း စိတ်ရှည်မှုရှိနေသည်။

"အင်း"

စုကျန်းသည် သူမရဲ့ နောက်ဘက် မနီးမဝေးတွင် ရပ်နေပြီး မင်းသမီး ရှို့နင်းရဲ့ ချိုသာတဲ့ အသံက သူတို့နှစ်ယောက် စကားပြောနေစဉ်အတွင်း ပျံ့လွင့်နေသည်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူမကိုယ်တိုင်လည်း ဝတ္ထုစာအုပ်တွေ ဖတ်ချင်ခဲ့ဖူးတာကို ရွှယ်နင် ပြန်အမှတ်ရသွားသည်။

ထိုအချိန်တုန်းက သူမ ဘယ်လောက်ပဲ တောင်းဆိုခဲ့ပါစေ၊ ထိုအမျိုးသားက သူမအတွက် စာအုပ်တစ်အုပ်တောင် ယူလာပေးဖို့ ဘယ်တုန်းကမှသဘောမတူခဲ့ဘူး။

အခု မင်းသမီး ရှို့နင်းအတွက်ဆိုရင် သူက အလွယ်တကူပဲ သဘောတူလိုက်ပြီ။

မင်းသမီး ရှို့နင်းအပေါ် သူထားရှိတဲ့ သံယောဇဉ်က သူမလိုမျိုး သွေးသားမတော်စပ်တဲ့ ညီမတစ်ယောက်အပေါ် ထားတဲ့ သံယောဇဉ်နှင့် ကွာခြားတယ်ဆိုတာ ထင်ရှားသည်။

"ညီမလေးအားနင်... ရှီဇီ့ကို စာအုပ်တစ်အုပ်လောက် ဝယ်ခိုင်းချင်သေးလား"

မင်းသမီး ရှို့နင်းက သူမကို ရုတ်တရက် လှမ်းခေါ်လိုက်သဖြင့် ရွှယ်နင် ခြေလှမ်းများ ရပ်သွားသည်။

တစ်ချိန်က အလွန် နာကျင်ခဲ့ရတဲ့ အရာများက အခုတော့ အတော်လေး သာမန်ကာလျှံကာ ကိစ္စများလို ဖြစ်နေသည်။

"မလိုပါဘူး"

ရွှယ်နင်က ညင်သာစွာ ပြုံး၍ ခေါင်းခါပြလိုက်သည်။

"ကျွန်မ အဲဒါတွေကို သိပ်စိတ်မဝင်စားတော့လို့ပါ"

စုကျန်းက ရွှယ်နင်ကို အဓိပ္ပာယ်ပါတဲ့ အကြည့်တစ်ချက် ပေးလိုက်သည်။ သူမက မျှော်လင့်ထားတဲ့အတိုင်း လိမ်ညာရတာ ဝါသနာပါတဲ့ မိန်းမငယ်လေး ဖြစ်နေဆဲပင်။

မင်းသမီး ရှို့နင်းက ကပ်ချွဲလိုက်သည်။

"ရှီဇီ... စံအိမ်က မိန်းကလေးတွေ အားလုံး ဖတ်လို့ရအောင် စာအုပ် နည်းနည်းလောက် ပိုဝယ်လာပေးပါလားဟင်"

ရွှယ်နင်က သူမအပေါ် ထားရှိတဲ့ စုကျန်းရဲ့ အထင်သေးမှုကို မမြင်တာ မဟုတ်ဘဲ၊ သူတို့နှင့် ဆက်ပြီး ပတ်သက်နေရန်လည်း ဆန္ဒမရှိတော့ပေ။

သူမက ခန်းမထဲကနေ စောစီးစွာ ထွက်လာခဲ့ပြီး အစေခံကြီးတစ်ဦး ကမ်းပေးသည့် ဝါးထီးကို ယူကာ လေနှင့်နှင်းများကြားထဲသို့ တိုးဝင်သွားသည်။

"ညီမလေးအားနင်—"

နောက်ကွယ်မှ စုမိုင်၏ လှမ်းခေါ်သံကိုပင် သူမ မကြားလိုက်ပေ။

...

"သူ(မ)ကို ဘာလို့ လှမ်းခေါ်နေတာလဲ"

နက်ပြာရောင် ဝတ်ရုံပွကြီးကို ဝတ်ဆင်ထားတဲ့ စုယွီက စင်္ကြံလမ်းအောက်တွင် ပျင်းရိစွာ ရပ်နေပြီး သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ရှိနေသည်။

စုမိုင်သည် ခြေလှမ်းများကို ရပ်လိုက်ပြီး လှည့်ကြည့်ကာ သူ့နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်သည်။ ထို့နောက် နူးညံ့ပြီး လေးနက်တဲ့ အပြုံးတစ်ခုကို ပြသလိုက်ရာ ပထမဆုံး မြင်လိုက်ရသူအဖို့ သူက စံပြညီငယ်လေး တစ်ဦးကဲ့သို့ပင်။

စုယွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အကြည့်များက အေးစက်နေပြီး တတိယအိမ်ခွဲမှ လူများကို သူ့ရဲ့ စိတ်ထဲကနေ အောက်ခြေကတည်းက အထင်မကြီးပေ။

"အဘွားက မင်းကို မေးစရာရှိသေးလို့တဲ့။ မင်းကို ပြန်လာခဲ့ဖို့ ပြောနေတယ်"

စုမိုင်က ရိုသေစွာဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆို ကျွန်တော် အဘွားရဲ့ မေးခွန်းတွေကို အရင်သွားဖြေလိုက်ပါဦးမယ်။ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ ဖြည်းဖြည်းချင်း သွားကြပါဦး"

စုယွီက "အင်း" ဟုသာ ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်ပြီးနောက် စင်္ကြံအောက်တွင် တိတ်ဆိတ်စွာ ရပ်နေတဲ့ စုကျန်းကို လှည့်ကြည့်လိုက်သည်။

"အစ်ကိုကြီး... ဘာကို ကြည့်နေတာလဲ"

စုကျန်းသည် ရွှယ်နင် သူတို့အဘွားကို ခုနက ပြောသွားခဲ့တဲ့ စကားများကို ပြန်စဉ်းစားနေမိသည်။ သူ့ရဲ့နက်ရှိုင်းတဲ့ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး အဝေးကို ထွက်ခွာသွားတဲ့ သူမရဲ့ ကျောပြင်ကို ခဏလောက် ငေးကြည့်နေပြီးမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

စုယွီက အနားသို့ တိုးလာသည်။

"ကျွန်တော် အစ်ကိုကြီးနဲ့အတူ လိုက်ခဲ့မယ်လေ"

စုကျန်းက သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သော်လည်း သဘောတူခြင်းလည်း မရှိ၊ ငြင်းပယ်ခြင်းလည်း မရှိပေ။

စုယွီက အရှက်မရှိဘဲ ထိုအမျိုးသား၏ နောက်မှ ခပ်ကပ်ကပ် လိုက်လာခဲ့သည်။

ကျောက်ပြားခင်းထားတဲ့ လမ်းပေါ်တွင် ဆီးနှင်းအသစ်များက ထူထပ်စွာ ဖုံးလွှမ်းနေသည်။

သူတို့နှစ်ယောက် လျှောက်လိုက်သည့်အခါ ခြေထောက်အောက်တွင် နှင်းများ နင်းမိတဲ့အသံက တဖျတ်ဖျတ်နှင့် ထွက်ပေါ်နေသည်။

မြောက်လေက တဝေါဝေါ တိုက်ခတ်နေပြီး ထူထဲသည့် နှင်းပွင့်များမှာ သူတို့ရဲ့မျက်နှာပေါ်သို့ ဓားဖြင့် မွှန်းသကဲ့သို့ ကျရောက်နေသည်။

"ဒီရွှယ်နင်က—"

စုယွီက လျှာတစ်ချက် သပ်လိုက်ပြီး—

"သူ(မ)က ဒီနောက်ပိုင်း နည်းနည်း ပြောင်းလဲသွားသလိုပဲ"

အရင်တုန်းကဆိုရင် သူမက အခုလိုမျိုး အရင်ဆုံး ထွက်ခွာသွားရဲပါ့မလား။

အမြဲတမ်း သူမရဲ့ အစ်ကိုကြီးကို မျက်နှာချိုသွေးပြီးမှပဲ ထွက်သွားတတ်တာ မဟုတ်ဘူးလား။

အခုတော့ နောက်ကိုတစ်ချက်တောင် လှည့်မကြည့်ဘဲ ထွက်ခွာသွားသည့် သူမရဲ့ပုံစံက အမှန်တကယ်ပင် အနည်းငယ် လေးစားစရာ ကောင်းနေသည်။

စုကျန်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"ဘာတွေ ထူးခြားနေလို့လဲ"

"ဒါက ကျွန်တော့်ရဲ့ ခံစားချက်သက်သက်ပါ။ အရင်တုန်းကဆိုရင် သူ(မ)က အစ်ကိုကြီးရဲ့ မင်ယွဲ့ဆောင်မှာပဲ အမြဲ တဝဲလည်လည် လုပ်နေတာ မဟုတ်ဘူးလား။ အခုဆို သူ(မ) မင်ယွဲ့ဆောင်ကို မလာတာ ရက်‌တော်တော်ကြာနေပြီ"

စုကျန်းသည် ခြေလှမ်းများ ရပ်တန့်သွားပြီး ဒီနေ့ ကျန့်ကော်ဘုရားကျောင်းမှာ ထိုမိန်းကလေးငယ်လေးက သူ့ကို မျက်ရည်စက်လက်ဖြင့် စွပ်စွဲပြောဆိုခဲ့တာများကို ပြန်သတိရသွားသသည်။

သူမရဲ့ စကားများနှင့် မျက်ရည်များကို သူ တကယ်တမ်း အလေးအနက် မထားခဲ့ပေ။

ဘာကြောင့်လဲဆိုတော့ ငယ်ငယ်ကတည်းက ရွှယ်နင်ဟာ ဘယ်တုန်းကမှ သတ္တိရှိတဲ့သူ မဟုတ်ခဲ့ပေ။

စုချင်းနှင့် အခြားသူများက သူမကို စကားအနည်းငယ် ပုတ်ခတ်ပြောဆိုလိုက်ရုံနှင့် သူမက မျက်ရည်များ ဝဲကာ ငိုယိုတတ်သည်။

ညီအစ်မများကြား ရန်ဖြစ်တာတွေ ရှိရင်‌တောင် သူမက ဘယ်တော့မှ အနိုင်မယူနိုင်ခဲ့ပေ။

ထိုအခါတိုင်း သူမက ဆံပင်ဖရိုဖရဲနှင့် သနားစဖွယ် အခြေအနေမျိုးဖြင့် သူ့ထံသို့ အမြဲ ရောက်လာတတ်သည်။

သူ့ရဲ့သဘာဝက စည်းကမ်းကြီးသူဖြစ်တာကြောင့် သူမရဲ့အသုံးမကျမှုကို သူ သည်းမခံနိုင်ခဲ့ဘဲ သူမအပေါ် အမြဲတမ်း တင်းကြပ်စွာ ဆက်ဆံခဲ့သည်။

သူမကို သူ့ရဲ့စင်္ကြံလမ်းပြင်ပတွင် တစ်နေကုန် ထိုင်ခိုင်းထားသည့် အချိန်များပင် ရှိခဲ့ဖူးသည်။

သို့သော် ထိုအချိန်တိုင်းတွင် သူမဘက်မှ မကျေနပ်သည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။

သူ အပြင်ထွက်လာတာကို မြင်ရင် သူမက နားစွင့်လိုက်ကာ မျက်ဝန်းလေးများ ဝိုင်းသွားပြီး သနားစရာကောင်းတဲ့ ကြောင်ကလေးတစ်ကောင်လိုမျိုး သူ့ကို ကြောက်ရွံ့တုန်လှုပ်စွာ ပြုံးပြတတ်သည်။

ရွှယ်နင်က နူးညံ့ပြီး အနိုင်ကျင့်ရလွယ်တဲ့ သဘာဝရှိတယ်လို့ သူ အမြဲ ထင်မှတ်ခဲ့တာ။

ဒါပေမဲ့ ဒီနေ့ သူတို့နှစ်ယောက် မြို့ထဲကို အတူတူ ပြန်လာခဲ့ကြသည်။မြင်းရထားပေါ်တွင် သူမက ပေါင်ချန်ကို မှီကာ အိပ်ပျော်သွားခဲ့သည်။

အိပ်ပျော်နေတဲ့အချိန် သူမရဲ့ခန္ဓာကိုယ်လေးက မတ်မတ်မရှိတော့ဘဲ သူ့ဘက်ယိုင်လာခဲ့သည်။

သူမကို သူက ငိုအောင်လုပ်ခဲ့မိတာကြောင့် အခုတစ်ကြိမ်တော့ သူမကို အလိုလိုက်မယ်လို့ သူ တွေးခဲ့ပေမယ့် သူ့လက်နဲ့ သူမကို ထိလိုက်သည့် ခဏမှာပင် သူမ၏ ကိုယ်လေးက လေးကြိုးတစ်ချောင်းကဲ့သို့ တောင့်တင်းသွားပြီး သူမရဲ့လက်သေးသေးလေးများဖြင့် သူ့ကို အတင်း တွန်းထုတ်ခဲ့သည်။

သူသာ အားစိုက်ပြီး မထိန်းထားခဲ့ရင် သူမက သူ့ရင်ခွင်ထဲမှာ ငြိမ်သက်စွာ ရှိနေမည် မဟုတ်ပေ။

နောက်တော့ အိပ်မက်ဆိုးမက်တာကြောင့်လား ဒါမှမဟုတ် အခြားအကြောင်းကြောင့်လား မသိရဘဲ သူမက တစ်လမ်းလုံး တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။

ထိုပုံစံက အလွန်အမင်း ရင်ကွဲနာကျနေသည့်ပုံစံမျိုး ဖြစ်နေသည်။

သူ မဟုတ်ဘဲ အခြားယောကျ်ားတစ်ယောက်သာဆိုရင် သူမရဲ့ သနားစရာကောင်းတဲ့ ထိုပုံစံကြောင့် သေချာပေါက် မိန်းမောသွားနိုင်သည်။

အဆုံးမှာတော့ ရွှယ်နင်က သူမရဲ့ မျက်နှာနှင့် သနားစဖွယ် မျက်ဝန်းများကို အသုံးချရာတွင် အလွန် ကျွမ်းကျင်နေဆဲပင်။

"ဒါတွေ အားလုံးက ဟန်ဆောင်နေတာပဲ"

စုကျန်းက ခပ်ဖွဖွ ရယ်လိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။

"ဒါက ဟန်ဆောင်နေတာနဲ့ မတူဘူးလို့ ကျွန်တော် ထင်တယ်"

စုယွီက ပြောလိုက်သည်။

"သူ(မ)သာ ဟန်ဆောင်နေတာဆိုရင် အရင်တုန်းက အဘွားကို အခုလိုမျိုး ပြန်ပြောရဲပါ့မလား"

ရွှယ်နင်ရဲ့ ဒီနေ့ အပြုအမူက အမှန်တကယ်ပဲ အံ့အားသင့်စရာ ကောင်းသည်။

စုကျန်း၏ ရှည်လျားသည့် မျက်ခုံးများ အနည်းငယ် ကြုံ့သွားပြီး၊ သူ့ရဲ့ ထူထဲတဲ့ မျက်တောင်များပေါ်တွင် နှင်းပွင့်ပါးပါးလေးများ တင်ကျန်နေခြင်းက သူ၏ ထင်ရှားပြတ်သားပြီး ခန့်ညားတဲ့ မျက်နှာကို ပို၍ပင် တည်ကြည်ခန့်ညားစေသည်။

သူက ပြုံးတာရှားပါးပြီး သူ့ရဲ့ အေးစက်ဖြူဖျော့တဲ့ မျက်နှာထက်တွင် ဖော်ပြရခက်သော အရှိန်အဝါတစ်ခု အမြဲ ကိန်းအောင်းနေတတ်သည်။

စုယွီ၏ လေသံလည်း ယခင်ကထက် ပို၍ တည်ငြိမ်သွားသည်။ သူက ရယ်မောရင်း ပြောလိုက်၏။

"ဒါပေမဲ့ သူ(မ)ကတော့ အရင်အတိုင်းပါပဲ၊ အစ်ကိုကြီးကို ဖြားယောင်းဖို့ပဲ တစိုက်မတ်မတ် ကြိုးစားနေတာ"

ဝမ်ရှိုခန်းမမှ ထွက်လာပြီးနောက် ညီအစ်ကို နှစ်ယောက်သည် မင်ယွဲ့ဆောင်ဆီသို့ လျှောက်လှမ်းခဲ့ကြသည်။

စာကြည့်ခန်းသို့ ရောက်သောအခါ စုကျန်းက သူ့နှာခေါင်းကို လက်နဲ့ အသာလေး ညှစ်လိုက်ပြီး—

"ဒီတစ်ခေါက်တော့ သူ(မ)ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိတာ ငါ့အမှားပဲ။ မော့ပိုင်... ခဏနေရင် ချီယွင်ဆောင်ကို လက်ဆောင်တစ်ခု ပို့ပေးလိုက်ပါ"

စုယွီက မကျေမနပ်ဖြစ်သွားသည်။

"အစ်ကိုကြီးက ဘာလို့ သူ(မ)အပေါ် အဲဒီလောက်အထိ ကောင်းပေးနေရတာလဲ"

စုကျန်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူ(မ)က ဒီနယ်စားမင်းစံအိမ်မှာ ကြီးပြင်းလာတဲ့သူပဲ။ နောင်တစ်ချိန် အိမ်ထောင်ပြုတဲ့အခါ သူ(မ)က ဒီစံအိမ်ကို ကိုယ်စားပြုရမှာ။ သူ(မ)ရဲ့ ရုပ်ရည်နဲ့ဆိုရင် နယ်စားမင်းစံအိမ်အတွက် နောက်ထပ် အားသာချက်တစ်ခု ဖြစ်လာမှာ သေချာတယ်"

ထိုအခါမှ စုယွီသည် သဘောပေါက်သွားပြီး သူ၏ အကြည့်များမှာ နက်ရှိုင်းသွားတော့သည်။

စစ်ဘက်မှ မိသားစုဝင် အမျိုးသမီးများကို မနှစ်သက်တဲ့ အဘွားဖြစ်သူက ဘာလို့ ရွှယ်နင်ကို စံအိမ်မှာ ထားပြီး ပြုစုပျိုးထောင်ဖို့အတွက် သခင်မကျန်းကို ခွင့်ပြုထားလဲဆိုတာကို သူ နားလည်သွားပြီ။

ဒါက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တစ်ခုပဲပေါ့။

...

မှောင်မည်းနေသော ညဉ့်ဦးယံတွင် လေနှင့်နှင်းများမှာ တဝေါဝေါ တိုက်ခတ်နေသည်။

သေးငယ်သော အိပ်ဆောင်လေးအတွင်း၌ လက်မောင်းတစ်ဝက်ခန့် ထူထဲသော ဖယောင်းတိုင်တစ်တိုင်မှာ ထွန်းညှိထားဆဲပင်။

မီးစာလေးက တဖျတ်ဖျတ် လှုပ်ခတ်နေပြီး အခန်းတစ်ခုလုံးကို နွေးထွေးတဲ့ အဝါရောင် အလင်းတန်းများ ပျံ့နှံ့စေကာ၊ နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသော အဝတ်တန်းပေါ်တွင် ချိတ်ဆွဲထားသည့် ဟောင်းနွမ်းနေတဲ့ ဝတ်ရုံကို ထင်ဟပ်နေစေသည်။

ပေါင်ချန်သည် ထိုဝတ်ရုံကို ခြောက်သွေ့သွားစေရန် အမွှေးနံ့သာလှောင်အိမ်အပေါ်တွင် တင်ထားပြီးဖြစ်၏။ ဝတ်ရုံရဲ့ အသားက ကြမ်းတမ်းပြီး ဖျော့တော့သော အပြာရောင်သန်းသည့် စိမ်းပြာရောင် ဖြစ်သည်။ လက်ရာကလည်း ညံ့ဖျင်းပြီး ဖာထေးရာ အနည်းငယ်ကိုပင် မြင်နေရ၏။ သို့သော် ၎င်းမှာ အပြာရောင် ပိတ်သားအထပ်ထပ်ဖြင့် ပြုလုပ်ထားသဖြင့် လုံလောက်စွာ ထူထဲသည့်အပြင် ထင်းရှူးနံ့ ခပ်သင်းသင်းလေးလည်း စွဲကျန်နေသည်။ ၎င်းက အပြာရောင် ဝတ်ရုံဟောင်းကို ဝတ်ဆင်ထားပြီး ဆင်းရဲနွမ်းပါးသည့်ပုံ ပေါက်နေသော်လည်း ထူးခြားတဲ့ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို အလိုလို ထုတ်ဖော်နေသည့် ထိုလူငယ်လေးနှင့်ပင် တူသည်။

ရွှယ်နင်သည် ရေချိုးခန်းထဲမှ ထွက်လာပြီး ထိုဝတ်ရုံကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ယှက်သန်းသွားသည်။

"ခြောက်သွားပြီလား”

All Chapters