← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း(၂၇) - တရားဝင်သား ဝေ့ကျန့်လန်? ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

သခင်မလင်သည် လောကီရေးရာများနှင့် ကင်းကွာကာ အေးအေးချမ်းချမ်း နေထိုင်တတ်သူဖြစ်ပြီး မြို့တော်ရှိ အထက်တန်းလွှာအမျိုးသမီးများ၏ တည်ခင်းဧည့်ခံပွဲများသို့လည်း တက်ရောက်လေ့ မရှိသလောက်ပင် ရှားပါးသည်။

သူမရဲ့ တစ်ဦးတည်းသော သားဖြစ်သူ ဝေ့ကျန့်လန်သည် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးပျူငှာသူ ဖြစ်၏။

တုန်းကျင်းမြို့တော်မှာ အစ်ကိုကြီးကို ဖယ်လိုက်လျှင် သူက အတောက်ပဆုံးနှင့် အလားအလာ အရှိဆုံး လူငယ်ပါရမီရှင်တစ်ဦးပင်။

သူက အစ်ကိုကြီးစုနှင့် တစ်နှစ်တည်းမှာပင် ‘ကျင်ရှီ’ ပထမအဆင့်ကို ရရှိခဲ့သူဖြစ်ပြီး ဧကရာဇ်မင်းမြတ်၏ တိုက်ရိုက်တပည့်ရင်းတစ်ဦး ဖြစ်သဖြင့် အနာဂတ်မှာလည်း အကန့်အသတ်မရှိ တောက်ပနေသည်။

တုန်းကျင်းရှိ မရေမတွက်နိုင်တဲ့ အထက်တန်းလွှာမိန်းမပျိုလေးများ၏ စိတ်ကူးယဉ် အိမ်မက်မင်းသားလည်း ဖြစ်သည်။

"ဘာပြောတယ်!"

စုရှီးက အံ့အားသင့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။

"ရွှယ်နင်လို လူမျိုးက ဝေ့ကျန့်လန်နဲ့ ထိုက်တန်ပါ့မလား"

ထိုအချိန်တွင် စုကျန်းက အဲ့ဒီနေရာ ရောက်ရှိလာပြီး ထိုစကားကို အမှတ်မထင် ကြားလိုက်ရသည်။

ထိုအမျိုးသား‌ဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါမှာ အလွန်ပြင်းထန်ပြီး စုချင်းကို အေးစက်စက် အကြည့်တစ်ချက်ဖြင့်သာ ကြည့်လိုက်သည်။

စုချင်းသည် လန့်ဖျန့်သွားတဲ့ ယုန်ကလေးတစ်ကောင်လိုမျိုး ချက်ချင်းပင် နောက်သို့ တွန့်ဆုတ်သွားကာ စုရှီး၏ နောက်ကွယ်တွင် ခပ်မြန်မြန် ပုန်းကွယ်လိုက်သည်။

စုရှီးက အားတင်း၍ ပြုံးလိုက်သည်။

"စတုတ္ထညီမလေးက အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါ။ အစ်ကိုကြီး... စိတ်ထဲ မထားပါနဲ့နော်"

စုကျန်းသည် အတွင်းဆောင်ရှိ အမျိုးသမီးများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိသလောက်ပင်။

ထို့အပြင် မိန်းမငယ်များရဲ့ အချစ်ရေးနှင့် အချစ်ဇာတ်လမ်းများကဲ့သို့ အသေးအဖွဲ ကိစ္စရပ်များကိုလည်း သူ စိတ်ဝင်စားခဲ့ဖူးတာ မဟုတ်ပေ။

သူ အဲ့ဒီနေရာကနေ ထွက်သွားရန် ပြင်လိုက်သော်လည်း စုရှီး၏ စကားကို ပြန်အမှတ်ရမိသဖြင့် ခြေလှမ်းများကို ရပ်တန့်ကာ မေးလိုက်သည်။

"ခုနက ဘာတွေ ပြောနေကြတာလဲ"

"ဘာ... ဘာမှမဟုတ်ပါဘူး..."

စုရှီးက ကမန်းကတန်း ပြန်ဖြေလိုက်သည်။

စုကျန်းက စုရှီးကို ဘေးစောင်းကြည့်လိုက်ပြီး သူ့မျက်ဝန်းများထဲတွင် သည်းခံနိုင်စွမ်း နည်းပါးနေတာကို မြင်နေရသည်။

စုရှီးသည် သူမရဲ့ တည်ရှိမှုတစ်ခုလုံးကို ဖိနှိပ်ထားသည့် အစ်ကိုဖြစ်သူအပေါ် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နှက်နေကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။

"ကျွန်မတို့က ညီမလေးရွှယ်နင်ရဲ့ အသိအမှတ်ပြုပွဲအတွက် နည်းနည်းပါးပါး တိုင်ပင်နေကြတာပါ။ ဆယ်လပိုင်းကုန်ဖို့ကလည်း ရက်နည်းနည်းပဲ လိုတော့တာဆိုတော့... ညီမလေးရွှယ်နင်အတွက် လက်ဆောင် ပေးဖို့ စဉ်းစားနေကြတာ... ဘာပေးရမလဲဆိုတာ မဆုံးဖြတ်ရသေးလို့ပါ..."

စုကျန်း တည်ငြိမ်တဲ့ လေသံဖြင့် သတိပေးလိုက်သည်။

"ဝေ့ကျန့်လန်"

"အာ... သခင်လေးဝေ့..."

စုရှီးက မချိပြုံးပြုံးလိုက်၏။

"ကျွန်မ... ကျွန်မ မှတ်မိပြီ။ ဒီအသိအမှတ်ပြုပွဲအတွက် သခင်မက သခင်လေးဝေ့ကိုလည်း ဖိတ်ထားတာပဲ..."

စုကျန်းသည် စုရှီးကို အကြည့်မခွာဘဲ စိုက်ကြည့်နေသည်။

စုရှီးသည် သူမရဲ့ လက်များကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များပင် ဖြူကုန်သည်။

သူမရဲ့ အစ်ကိုကြီး ဘာလို့ အခုလို ကြည့်နေရတာလဲဆိုတဲ့ အဓိပ္ပာယ်ကို သူမ နားမလည်နိုင်ပေမယ့်၊ သူမအပေါ် ကျရောက်နေတဲ့ ဖိအားကတော့ အလွန်ပင် ကြီးမားသည်။

သူမက ထိုအကြည့်များအောက်တွင် ငိုတော့မလိုပင် ဖြစ်နေပြီး၊ တစ်ခုခုကို ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် စုကျန်းက သူ့ရဲ့ အကြည့်များကို ရုတ်သိမ်းလိုက်သည်။

ထိုအခါမှသာ စုရှီး၏ တင်းမာနေတဲ့ ကျောပြင်မှာ လျော့ကျသွားပြီး၊ ရေနစ်နေရာမှ ပြန်လည်လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

"ဝေ့ကျန့်လန်ရဲ့ ကျော်ကြားမှုကိုတော့ ငါ ကြားဖူးပါတယ်။ သူက အတော်လေး ပါရမီရှိတဲ့သူတစ်ယောက်ပဲ။ အခုတော့ သူက ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ ပြင်နေတယ်လို့ သိရတယ်"

စုရှီးနှင့် အခြားသူများက အတွင်းဆောင်ရှိ အမျိုးသမီးများပဲ ဖြစ်ကြတဲ့အတွက် အပြင်လောကမှာရှိတဲ့ ယောကျာ်းတွေရဲ့ကိစ္စတွေကို ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။

ဝေ့ကျန့်လန်သည် ခန့်ညားချောမောသည်ဟုသာ သူတို့ ကြားဖူးကြသော်လည်း၊ သူ့ရဲ့လက်ရှိ ရာထူးနှနှင့် အရည်အချင်းများကိုတော့ ဘာမှ မသိကြပေ။

စုရှီးက ကမန်းကတန်းပင် ဖြည့်စွက်ပြောလိုက်သည်။

"သူက ဘယ်လောက်ပဲ တော်နေပါစေ... အစ်ကိုကြီးနဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး"

စုချင်းကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

"ဟုတ်တယ်။ အစ်ကိုကြီးကတော့ အတော်ဆုံးပေါ့။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တရားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတောင် ဖြစ်နေပြီပဲ။ နောက်နှစ်အနည်းငယ်ဆိုရင် နန်းတွင်းအတွင်းဝန်ချုပ်ရုံးထဲတောင် ရောက်သွားနိုင်တာ"

သူ့ရဲ့ ညီမငယ်များက သူ့ကို အလွန်အမင်း လေးစားအားကိုးကြသဖြင့် စုကျန်း ကျေနပ်သင့်သော်လည်း၊ အကြောင်းရင်းကို မသိရဘဲ ရွှယ်နင်ရဲ့နာမည်ကို ဝေ့ကျန့်လန်နှင့် ယှဉ်ကြားလိုက်ရချိန်တွင် သူ့စိတ်ထဲမှာ ဖော်ပြရခက်တဲ့ စိတ်မသက်မသာဖြစ်မှုနှင့် စိတ်တိုမှုတို့က လှိုင်းတံပိုးကဲ့သို့ ထကြွလာသည်။

ရွှယ်နင်က ဝေ့ကျန့်လန်နှင့် အမှန်တကယ်ပင် မထိုက်တန်ဘူးလို့ သူ တွေးမိတယ်။

ဒါ့အပြင်... ဒီအသိအမှတ်ပြုပွဲကလည်း အမှန်တကယ် ဖြစ်လာနိုင်ပါ့မလားဆိုတာ မသေချာပေ။

အဲ့လိုတွေးလိုက်မှပဲ သူ့စိတ်အနည်းငယ် ပြန်လည်ကြည်လင်လာတော့သည်။

သူက ခေါင်းကို လှည့်လိုက်ပြီး ဘေးနားတွင် ရပ်နေတဲ့ စုမိုင်ကို တစ်ချက် ကြည့်လိုက်သည်။

စုမိုင်က အလိုက်သိပြီး အကဲခတ်ကောင်းသူဖြစ်၏။ စုကျန်း သူ့ကို ကြည့်တာကို မြင်တဲ့အခါ သူက အသာလေး ပြုံးပြီး မေးလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော့်ကို ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ"

စုကျန်း မျက်မှောင်ကြုတ်လိုက်သည်။ စုမိုင်၏ မျက်ဝန်းထဲတွင် ခဏလောက် ဖြတ်ပြေးသွားတဲ့ ထိတ်လန့်မှုကို သူ သတိမထားမိဘဲ မနေပေ။

မနေ့က စုမိုင်သည် အိမ်တော်ဟောင်းမှ ပြန်လာချိန်တွင် အိမ်တော်ရှိ အဆောင်တိုင်းအတွက် လက်ဆောင်များ ယူဆောင်လာခဲ့သည်။

သို့သော် ချီယွင်ဆောင်အတွက် လက်ဆောင်ကိုတော့ အစေခံမှတစ်ဆင့် ပို့ဆောင်ခြင်း မပြုခဲ့ပေ။

စုကျန်းသည် စိတ်မကျေမနပ် ဖြစ်သွားကာ သတိပေးလိုက်၏။

"ရွှမ်းယီနယ်စားမင်းစံအိမ်ရဲ့ နောက်မျိုးဆက်တွေအနေနဲ့ မိသားစုအတွက် ဘယ်လိုအကျိုးပြုရမလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်။ အတွင်းဆောင်က အရေးမပါတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေအပေါ်မှာပဲ စိတ်မရောက်နေနဲ့"

စုမိုင်ရဲ့ချောမောတဲ့ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။

စုကျန်းသည် သူ့ကို ဆက်မကြည့်တော့ဘဲ ထိုနေရာမှ တိုက်ရိုက် ထွက်သွားခဲ့သည်။

...

ရွှယ်နင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အမှန်တကယ်ပင် မကောင်းပေ။ မနေ့က အအေးမိခဲ့တာကြောင့် ဒီနေ့မနက် နိုးလာချိန်တွင် ခေါင်းများ မူးဝေနေခဲ့သည်။ ဆေးတစ်ခွက် သောက်လိုက်ပြီးမှသာ ခုတင်ပေါ်မှ ခက်ခဲစွာ ထနိုင်ခဲ့ခြင်း ဖြစ်၏။

သူမသည် ဝမ်ရှိုဆောင်တွင် ပြုစုရန်အတွက် စောစောထရန် သူမကိုယ်သူမ အားတင်းခဲ့ရသည်။ ထိုသို့ လိမ်မာမှုများကြောင့် သခင်မကျန်းလည်း မကြာသေးမီက သခင်မကြီးရှေ့တွင် မျက်နှာပွင့်လန်းလာခဲ့သည်။

"နှစ်ကုန်ပိုင်းမှာ ဆိုင်အသီးသီးက လာတဲ့ စာရင်းအင်းတွေကို သေသေချာချာ စစ်ဆေးရမယ်။ ပြီးတော့ တခြားစံအိမ်တွေက ပို့လာတဲ့ ပစ္စည်းတွေကိုလည်း မင်းရဲ့လူတွေကို သေသေချာချာ စနစ်တကျ စီစဉ်ခိုင်းလိုက်။ နောက်ပြီးတော့ တခြားမိသားစုတွေရဲ့ ဧည့်ခံပွဲတွေထဲက မငြင်းသင့်တဲ့ ပွဲတွေကိုလည်း တက်ရောက်ရမယ်။ နှစ်ကုန်ပိုင်းဆိုတော့ လူမှုရေးကိစ္စတွေ များလိမ့်မယ်၊ ဘယ်သူ့ကိုမှ အကျန်မခံစေနဲ့"

သခင်မကြီးရှဲ့၏ မှာကြားချက်များကို သခင်မကျန်းက တစ်ချက်ချင်း အသိအမှတ်ပြု နားထောင်နေသည်။ ထို့နောက် သခင်မကြီးက လျိုရှီ နှင့် သခင်မတုန်း တို့ကိုလည်း အချို့ အချက်များကို မှာကြားလိုက်သည်။

ဒုတိယနှင့် တတိယအိမ်ခွဲမှ သခင်နှစ်ဦးစလုံးမှာ နန်းတွင်းရာထူးများ မရှိကြပေ။ သခင်မကြီး ရှိနေသေးသဖြင့် အိမ်ခွဲသုံးခုမှာ သီးခြားစီ မခွဲထွက်ကြသေးရာ၊ ထိုအိမ်ခွဲနှစ်ခုမှ ဇနီးသည်များသည် ပင်မအိမ်တော်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်၍သာ နေထိုင်ကြရသည်။

သခင်မကျန်းက သီလနှင့် ပြည့်စုံသူဖြစ်ပြီး အိမ်ခွဲနှစ်ခုစလုံးမှ ကလေးများကို သူမရဲ့ ကိုယ်ပိုင်သားသမီးများကဲ့သို့ပင် သဘောထားကာ အစားအသောက်၊ အဝတ်အစားနှင့် အသုံးစရိတ်များကို ပင်မအိမ်တော်နှင့် မခြားနားအောင် စီစဉ်ပေးတတ်သည်။

သခင်မကြီးရှဲ့လည်း သခင်မကျန်းအပေါ် အလွန်ကျေနပ်ပေမယ့် သူမက မိသားစုဝင် မဟုတ်တဲ့ ‘မျိုးရိုးမတူသူ’ ရွှယ်နင်အပေါ်မှာ အလွန်အမင်း အာရုံစိုက်နေခြင်းနှင့် စုကျန်းနှင့် ရွှယ်နင်ကို လက်ထပ်ပေးချင်နေခြင်းကိုတော့ မနှစ်မြို့ပေ။

ကံကောင်းထောက်မစွာဖြင့် ရွှယ်နင်ကိုယ်တိုင်က သခင်မကျန်းကို မိခင်အဖြစ် အသိအမှတ်ပြုရန်။ကမ်းလှမ်းခဲ့သည်။ ထို့ကြောင့် မကြာသေးမီကပင် အသခင်မကြီးရှဲ့သည် ပို၍ ပြုံးပျော်လာကာ ဂုဏ်ပြုပွဲသို့ တက်ရောက်မည့် ဧည့်သည်တော်စာရင်းကိုလည်း သူမကိုယ်တိုင် စစ်ဆေးပေးခဲ့သည်။ ဧည့်သည်များထဲတွင် ကောင်းမွန်တဲ့ မိသားစုနောက်ခံရှိသည့် လူငယ် ‘ရှီဇီ’ အချို့ ပါဝင်နေတာကို မြင်ရတဲ့အခါ သူမ ပို၍ပင် ကျေနပ်အားရနေတော့သည်။

ရွှမ်းယီနယ်စားမင်းအိမ်တော်က အလွန်ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိပေမယ့် အာဏာဆိုတာ ဘယ်လောက်ပဲ များပြားပါစေ ပိုလျှံသည်ဟူ၍ မရှိပေ။ ဂုဏ်ဒြပ် မြင့်မားလေလေ မိမိအတွက် မဟာမိတ်များကို ပိုမိုရှာဖွေထားရန် လိုအပ်လေလေ ဖြစ်သည်။

နောင်တစ်ချိန်တွင် နန်းတွင်းအခြေအနေများ ပြောင်းလဲလာခဲ့လျှင် မျိုးနွယ်စုကြီးများ စုပေါင်း၍ တစ်ဦးကိုတစ်ဦး ဖေးမကူညီနိုင်ရန်အတွက် ဒါဟာ အမြော်အမြင်ရှိတဲ့ ပြင်ဆင်မှုပင်။

သခင်မကြီးရှဲ့သည် ထိုအမည်စာရင်းများကို ကြည့်ရင်း စိတ်ထဲမှနေ၍ အစီအစဉ်အချို့ကို ရေးဆွဲနေခဲ့သည်။

စုကျန်းနှင့် အခြားသူများက ရွှယ်နင်ရဲ့ နောက်မှ ရောက်ရှိလာကြပြီး မိသားစုတစ်ခုလုံး ဆူညံပွက်လောရိုက်ကာ စည်ကားသွားတော့သည်။

မင်းသမီးရှို့နင်းသည် စုကျန်းး၏ ဝတ်ရုံလက်ကို ဆွဲကိုင်ကာ တုန်းကျင်းမြို့ထဲမှ အရသာရှိတဲ့ မုန့်များကို ဝယ်ပေးရန် ပူဆာနေသည်။

၎င်းမှာ ကိစ္စကြီးတစ်ခုမဟုတ်သဖြင့် စုကျန်းကလည်း သူမ တောင်းဆိုသမျှကို လိုက်လျောခဲ့သည်။

သူက ဒီနေ့ နံနက်ပိုင်းတာဝန်များအတွက် အပြင် မထွက်ရသေးတာကြောင့် ညနေပိုင်း တာဝန်ပြီး၍ ပြန်လာချိန်တွင် မင်းသမီးရှို့နင်းအတွက် ဝတ္ထုစာအုပ်များနှင့် မုန့်များကို သေချာပေါက် ဝယ်ယူလာပေးလိမ့်မယ်။

ဒါကြောင့် သူက မိန်းကလေးတစ်ယောက်ကို ဘယ်လို ကြင်နာယုယရမယ်ဆိုတာကို မသိတာမဟုတ်ဘဲ၊ ရွှယ်နင်အပေါ်မှာပဲ စိတ်ရှည်သည်းခံမှု မရှိခဲ့တာ ဖြစ်သည်။

ရွှယ်နင်သည် သူမရဲ့ အကြည့်များကို အောက်သို့ နှိမ့်ချထားလိုက်ပြီး သူမ ရှေ့မှ ထိုအမျိုးသားနှင့် အမျိုးသမီးကို ဆက်မကြည့်တော့ပေ။

သူမက ထောင့်တစ်နေရာတွင် အေးအေးဆေးဆေး ထိုင်နေရင်း အားလုံးက သခင်မကြီးကို နှုတ်ဆက်စကား ပြောဆိုပြီးဆုံးသည်အထိ လိမ်လိမ်မာမာ စောင့်ဆိုင်းနေခဲ့သည်။

"ကဲ... တော်ကြပြီ။ ငါလည်း ခဏနေရင် ဘုရားဆောင်ကို သွားရဦးမယ်။ အားလုံးပဲ ပြန်ကြတော့"

"သခင်မကြီး..." ရွှယ်နင်က လေသံကို အနည်းငယ် မြှင့်လိုက်ပြီး မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"မင်းသမီးရှို့နင်းက တုန်းကျင်းကို ရောက်တာ မကြာသေးပါဘူး။ ပြီးခဲ့တဲ့ အမေ့ရဲ့ မွေးနေ့ပွဲတုန်းကလည်း လူတိုင်းက မင်းသမီးကို ဂရုမစိုက်မိဘဲ ရှိခဲ့ကြတယ်။ ဒီနေ့တော့ အားနင်က မင်းသမီးအတွက် ကြိုဆိုတဲ့လက်ဆောင် မပေးရသေးတာကို သတိရမိလို့၊ ဒီ ‘ကျောက်စိမ်းဖီးနစ်ရုပ်ရွှေဆံထိုး’ လေးကို မင်းသမီးကို လက်ဆောင်ပေးချင်ပါတယ်။ မင်းသမီး သဘောကျပါ့မလား မသိဘူး"

မင်းသမီးရှို့နင်းသည် အံ့အားသင့်သွားပြီး စုကျန်းထံမှ သူမရဲ့အကြည့်များကို လွှဲလိုက်တော့သည်။

ရွှယ်နင်ရဲ့ စကားကို ကြားသောအခါ စုကျန်းလည်း သူ့ရဲ့ ခန့်ညားတည်ကြည်တဲ့ မျက်ခုံးများကို ပင့်လိုက်မိပြီး၊ ရွှယ်နင်၏ ဖြူဖျော့နုနယ်သည့် မျက်နှာလေးပေါ်သို့ အကြည့်များ ကျရောက်သွားသည်။

အခြားသူများလည်း ရွှယ်နင်ကို လှည့်ကြည့်လိုက်ကြသည်။ သူမလို တိတ်ဆိတ်တဲ့သူတစ်ယောက်က တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးရန် ဦးဆောင်လာလိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားကြပေ။

"အို... ဟုတ်လား"

သခင်မကြီးရှဲ့က ပြောလိုက်သည်။

ရွှယ်နင်က သူမရဲ့ ဝတ်ရုံလက်အတွင်းမှ ကတ္တီပါသေတ္တာလေးကို သေသေချာချာ ထုတ်ယူကာ၊ သင့်တင့်တဲ့ အကွာအဝေးမှနေ၍ မင်းသမီးရှို့နင်းကို ပေးလိုက်သည်။

မင်းသမီးရှို့နင်းသည် သေတ္တာကို ယူလိုက်ပြီး သခင်မကြီးကို တစ်ချက်လှမ်းကြည့်ကာ၊ သခင်မကြီးက ခေါင်းငြိမ့်ခွင့်ပြုလိုက်မှသာ သေတ္တာကို ဖွင့်ကြည့်လိုက်သည်။

အတွင်း၌မူ အမှန်တကယ်ပင် အနုစိတ်လှပစွာ ပြုလုပ်ထားသော ရွှေဆံထိုးတစ်ချောင်း ရှိနေသည်။ ထိုဆံထိုး၏ တောက်ပပြောင်လက်မှုက သူမကို တစ်ချက်မြင်ရုံနှင့်တင် စွဲလန်းသွားစေတော့သည်။

စုကျန်း မျက်မှောင်ကို အနည်းငယ် ကြုံ့လိုက်မိတယ်။ အဲ့ဒီရွှေဆံထိုးကို တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိနေပေမယ့် ဘယ်နေရာမှာ မြင်ဖူးခဲ့လဲဆိုတာကို သူ ချက်ချင်း စဉ်းစားမရပေ။

"ဒီဆံထိုးက တကယ်ကို လှတာပဲ"

မင်းသမီးရှို့နင်း၏ မျက်ဝန်းများ တောက်ပသွားပြီး၊ ရွှေဆံထိုးပေါ်ရှိ အသက်ဝင်လှသည့် ကျောက်စိမ်းဖီးနစ်ရုပ်လေးကို သူမရဲ့လက်ချောင်းများဖြင့် ညင်သာစွာ ထိကြည့်နေသည်။

ရွှယ်နင်၏ နှုတ်ခမ်းထက်တွင် နူးညံ့သိမ်မွေ့တဲ့ အပြုံးလေးတစ်ခု ပေါ်လာပြီး မေးလိုက်သည်။

"မင်းသမီး... သဘောကျရဲ့လား"

All Chapters