← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း(၃၈) - ရှီဇီ၏ပျက်ကွက်မှု

သူမ၏ ဆံနွယ်များကို ကျော့ရှင်းလှပတဲ့ ဆံထုံးလေးတစ်ခုအဖြစ် ပြင်ဆင်ပြီးစီးသွားချိန်တွင်၊ နွေဦးမက်မွန်ပန်းပွင့်ကဲ့သို့ လှပတဲ့ အလှတရားတို့က ပါးပြင်ထက်တွင် ထင်ဟပ်လာကာ တိမ်တိုက်လို နူးညံ့လှပသည့် ဆံပင်တို့က နှင်းမြူများအတိုင်း ဖုံးလွှမ်းရစ်ပတ်နေသည်။ ဝင်းပနုနယ်တဲ့ အသားအရေလေးကလည်း မွှေးပျံ့သည့် ရောင်ခြည်တန်းများ ဖြာထွက်နေသကဲ့သို့ ထင်ရ၏။

နံ့သာရည်ကို ခပ်ဖွဖွလေးသာ လိမ်းခြယ်ထားသော်လည်း မှန်ထဲမှ အသက် ၁၅၊ ၁၆နှစ်အရွယ် မိန်းကလေးငယ်၏ အလှတရားက ရင်သပ်ရှုမောဖွယ် ကောင်းလွန်းသည်။

ပေါင်ချန်က အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဘီးကို ချကာ ရတနာသေတ္တာကို ဖွင့်လိုက်သည်။

"သခင်မလေး၊ ဒီနေ့ ဘာဝတ်ဆင်ချင်လဲဟင်။ ဒီ ပုလဲနဲ့ ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ ဆံထိုးလေးဆိုရင်ရော ဘယ်လိုလဲ။"

ရွှယ်နင်ရဲ့ အကြည့်က လွန်ခဲ့တဲ့အချိန်က အပိုင်းပိုင်းပြတ်တောက်သွားခဲ့ပေမယ့် သေသပ်စွာ ပြန်လည်ပြုပြင်ထားသည့် ကျောက်စိမ်းဆံထိုးဆီ ကျရောက်သွားခဲ့သည်။ ချက်ချင်းဆိုသလို သူမ၏နှလုံးသားဆီမှ နာကျင်မှုလှိုင်းတစ်ခု ဖြတ်သန်းသွား၏။

"မလိုပါဘူး။"

ကျောက်စိမ်းဆံထိုးကို ကတ္တီပါသေတ္တာထဲ ဂရုတစိုက် ပြန်ထည့်လိုက်ပြီးနောက်၊ သူမက အနုစိတ်လက်ရာမြောက်တဲ့ ရတနာအနည်းငယ်ကိုသာ အလွယ်တကူ ရွေးချယ်ကာ ဆံပင်ထက်တွင် ဝတ်ဆင်လိုက်သည်။

ယနေ့ကျင်းပမည့်ပွဲက ကြီးကျယ်ခမ်းနားပြီး အရေးပါသည်။ ပုံမှန်ရက်များတွင် သူမ ဘယ်လောက်ပဲ ရိုးရှင်းစွာ ဝတ်ဆင်တတ်ပါစေ၊ ဒီနေ့တော့ နယ်စားမင်းအိမ်တော်နှင့် သခင်မကျန်းတို့၏ မျက်နှာကို မပျက်စေရဘူး။

သူမသည် စိုပြည်လှပတဲ့ ပိန်းပန်းပွင့်ပုံစံများ ပန်းထိုးထားသည့် ငွေနီရောင် ပိုးထည်အင်္ကျီနှင့် ဂါဝန်ရှည်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။

ရွှယ်နင် ထိုဝတ်စုံကို ဝတ်ဆင်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ပုံမှန်အားဖြင့် တိတ်ဆိတ်ပြီး သတိကြီးစွာ နေတတ်ကြတဲ့ အစေခံမလေးနှစ်ယောက်ပင် အံ့ဩတုန်လှုပ်စွာဖြင့် မျက်လုံးအဝိုင်းသား ဖြစ်သွားကြသည်။

"သခင်မလေးက တကယ်ကို လှလွန်းပါတယ်..."

ပေါင်ချန်က ထိုမိန်းကလေးများ၏ လောကအမြင် မကြွယ်ဝမှုကို ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်ရင်း မြေခွေးသားရေ ဝတ်ရုံရှည်ကို ယူ၍ သူမရဲ့ သခင်မလေးအတွက် သေသပ်စွာ ခြုံပေးလိုက်သည်။

ထို့နောက် ကြိုတင်ပြင်ဆင်ထားတဲ့ လက်နွေးအိုးလေးကို မိန်းကလေးငယ်၏ အေးစက်နေသည့် လက်ဖဝါးထဲသို့ ထည့်ပေးလိုက်၏။

"နင်တို့တွေ ဒီလောက်လှတဲ့သူမျိုးကို တစ်ခါမှ မမြင်ဖူးကြဘူးမလား။ ငါတို့သခင်မလေးက တကယ်ကို နတ်သမီးလေးတစ်ပါးအတိုင်းပဲ... ရင်သပ်ရှုမောရလောက်အောင် လှပလွန်းတယ်။"

အစေခံမလေးနှစ်ယောက်က အလောတကြီး ခေါင်းညိတ်ပြကြသည်။ အမှန်အတိုင်းပြောရရင် သူတို့ နယ်စားမင်းအိမ်တော်သို့ စတင်ဝင်ရောက်လာခဲ့ကတည်းက အိမ်တော်သခင်များရဲ့ ရုပ်ရည်များကြောင့် အမြဲတမ်း ငေးမော အံ့ဩခဲ့ရသည်။

အိမ်တော်၏ ရှီဇီက လူအများကြားတွင် အချောဆုံးဟု သတင်းကြီးသော်လည်း၊ နှမြောစရာကောင်းတာက သူတို့ သူနှင့် တစ်ခါမှ မဆုံတွေ့ဖူးသေးတာပင်။

ရွှယ်နင်သည် သူမ၏ ထူထဲရှည်လျားတဲ့ မျက်တောင်များကို ပင့်လိုက်ရင်း-

"ဒါနဲ့... ပေါင်ချန်၊ နင်လုပ်ပေးရမယ့် အလုပ်တစ်ခု ရှိတယ်။"

ပေါင်ချန်က ရွှယ်နင်၏ နှုတ်ခမ်းနားသို့ အမြန်ပင် နားစွင့်လိုက်သည်။

ရွှယ်နင်သည် သူမရဲ့ အင်္ကျီလက်အတွင်း ဖုံးကွယ်ထားသည့် အိတ်ငယ်လေးကို အသာလေး ဆုပ်ကိုင်ရင်း ပေါင်ချန်၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

ပေါင်ချန်က စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားသော်လည်း နာခံမှုရှိစွာဖြင့် ပြန်ဖြေလိုက်၏။

"စိတ်ချပါ သခင်မလေး။ ကျွန်မ သေသေချာချာ ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်။"

ပေါင်ချန် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ အချိန်က အနည်းငယ် နှောင်းနေပြီဖြစ်တာကြောင့် ရွှယ်နင်သည် ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။

ဒီနေ့က မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပေမယ့် နှမြောစရာကောင်းတာက နှင်းပွင့်များက မစဲသေးဘဲ အပြင်ဘက်ရာသီဥတုမှာ ခြောက်ကပ်အေးစက်နေဆဲ ဖြစ်သည်။

လေပြင်းနှင့်အတူ နှင်းပွင့်များ တဖွဲဖွဲ လွင့်စင်ကျဆင်းနေသည်။ ခြံဝင်းထဲတွင် သူမ နှစ်ပေါင်းများစွာ ဂရုတစိုက် ပျိုးထောင်ခဲ့တဲ့ မက်မွန်ပင်လေးက အအေးဒဏ်ကြောင့် သေလုမတတ် ဖြစ်နေပြီ။

အရင်ဘဝတုန်းက စုကျန်း ပေးခဲ့တဲ့ ဒီမက်မွန်ပင်လေးအတွက် သူမ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ပြုစုပျိုးထောင်ခဲ့တယ်။

သူမကိုယ်တိုင် ရေလောင်းခဲ့ပြီး၊ ကိုယ်တိုင် မြေဩဇာ ကျွေးခဲ့ပေမယ့် ၎င်းက ဘယ်တုန်းကမှ စိမ်းလန်းစိုပြည်စွာ ရှင်သန်မလာခဲ့ချေ။

နွေဦးရာသီတိုင်းတွင် ပန်းပွင့်များ ကျဲပါးစွာသာ ပွင့်တတ်ပြီး၊ အသီးသီးဖို့ဆိုတာ အဝေးကြီးပင်။

သူမ အရင်ဘဝက... နယ်စားမင်းအိမ်တော်ကို လက်ထပ်ဝင်ရောက်ပြီး မင်ယွဲ့ဆောင်သို့ ပြောင်းရွှေ့သွားခဲ့ရသည့်တိုင်အောင်၊ ဒီမက်မွန်ပင်လေးကို ပြုစုရန်အတွက် နေ့တိုင်း ပြန်လာခဲ့သေးသည်။

သို့သော်လည်း... သူမနှင့် စုကျန်းတို့ လက်ထပ်ပြီး ဒုတိယမြောက်နှစ်သို့ ရောက်ရှိချိန်တွင်၊ ထိုအပင်လေးက လုံးဝ ညှိုးနွမ်းခြောက်သွေ့၍ သေဆုံးသွားခဲ့သည်။

မက်မွန်ပင်များတောင် နာမ်ဝိညာဉ် ရှိကြတဲ့အတိုင်းပဲ... စုကျန်းနှင့် ဝေးဝေးနေဖို့အတွက် သူမကို တိတ်တဆိတ် သတိပေးနေခဲ့တာ ဖြစ်ပုံရတယ်။

သူမက လွမ်းဆွတ်တမ်းတသည့် အပြုံးလေးတစ်ခုဖြင့် စင်္ကြံဆီ လျှောက်လှမ်းသွားပြီး သူမ၏နောက်ရှိ အစေခံမလေးကို အမိန့်ပေးလိုက်သည်။

"ရှီဇီ အခု ဘယ်မှာလဲဆိုတာ သွားစုံစမ်းချေ"

ထိုအစေခံမလေး၏ အမည်မှာ ပေါင်ယွီ ဖြစ်ပြီး သခင်မကျန်းက အသစ်စေလွှတ်ပေးထားတာ ဖြစ်၏။

အသက်အရွယ် ငယ်ရွယ်ပြီး အပြင်ကနေ အသစ်ဝယ်ယူလာခါစ ဖြစ်တာကြောင့် နယ်စားမင်းအိမ်တော်၏ စည်းကမ်းများကို သေချာ မသိသေးချေ။ဒါပေမဲ့လည်း သခင်မလေးရဲ့ စကားကို နားထောင်ပြီး ချီယွင်ဆောင်၏ ခြံဝင်းထဲကနေ နာခံမှုရှိစွာ ထွက်သွားသည်။

သိပ်မကြာမီမှာပင် ပေါင်ယွီသည် လေနှင့်နှင်းများကို ဖြတ်ကျော်ကာ အပြေးအလွှား ပြန်လည်ရောက်ရှိလာ၏။

"သခင်မလေး... တံခါးစောင့်တွေ ပြောတာတော့ ရှီဇီ အိမ်တော်ကို မပြန်လာတာ ရက်အတော်ကြာပြီတဲ့။ ဒီနေ့လည်း မင်ယွဲ့ဆောင်မှာ မရှိပါဘူး။ ကျွန်မ အရှေ့ဘက် တံခါးကြီးဆီမှာ သွားမေးကြည့်တော့ ရှီဇီက မကြာသေးခင်ကတည်းက သူ့ရဲ့ ရုံးတော်မှာပဲ နေထိုင်နေတာလို့ ပြောတယ်။"

ရွှယ်နင်၏ ရင်ထဲတွင် မဖော်ပြတတ်သည့် ဆန်းကြယ်တဲ့ ခံစားချက်တစ်ခု ပြည့်နှက်သွားသည်။ စုကျန်း မရှိကြောင်း ကြားလိုက်ရချိန်မှာ သူမရဲ့စိတ်ထဲ စိတ်ပျက်အားငယ်မှုလှိုင်းတစ်ခု ဖြတ်သန်းသွားသည်။

သူမက သခင်မကျန်းရဲ့ သမီး... ဒါမှမဟုတ် စုကျန်းရဲ့ ညီမလေးတစ်ယောက်အဖြစ် တရားဝင် ဖြစ်တည်လာမယ့် အခိုက်အတန့်ကို စုကျန်းကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်စေချင်ခဲ့တာ။

ဒါပေမဲ့လည်း... သူမရဲ့ အရေးအကြီးဆုံး ဒီနေ့ထူးနေ့မြတ်ကိုတောင် သူ မေ့နေလိမ့်မယ်လို့ သူမ ထင်မထားခဲ့မိဘူး။

အမှန်ပါပဲ... သူ့ရဲ့ နှလုံးသားထဲမှာ သူမနဲ့ ပတ်သက်တဲ့ ဘယ်အရာကမှ အရေးမပါခဲ့တာပဲ။

"ထားလိုက်တော့။"

သူ ဒီမှာ မရှိတာလည်း ကောင်းတာပါပဲ။

ဒီနေ့ ပြီးသွားရင်တော့... သူမနဲ့ သူက မောင်နှမတွေ ဖြစ်သွားကြတော့မှာ။

...

ရွှမ်းယီနယ်စားမင်းအိမ်တော်၏ တံခါးမကြီးရှေ့တွင်မူ ရထားလုံးများနှင့် မြင်းများစွာ စုဝေးရောက်ရှိနေကြပြီး၊ ကျောက်မျက်ရတနာများ ဆင်မြန်းထားသည့် ထီးချက်မိုးကာ တိမ်တိုက်များအလား ရှုပ်ယှက်ခတ်နေသည်။

ဂုဏ်သရေရှိ လာရောက်ကြတဲ့ ဧည့်သည်တော်များကို အစေခံများက စနစ်တကျ လမ်းညွှန်ပြသရင်း နယ်စားမင်းအိမ်တော်၏ အနောက်ဘက် ခြံဝင်းအတွင်းသို့ ခေါ်ဆောင်ခဲ့ကြသည်။

နယ်စားမင်းအိမ်တော်၏ အကျယ်အဝန်းက အလွန်ကျယ်ဝန်းပြီး မျှော်စင်များ၊ အဆောက်အအုံများနှင့် ခန့်ညားထည်ဝါတဲ့ ခန်းမဆောင်ကြီးများက ဝံ့ကြွားစွာ တည်ရှိနေကြသည်။ မကြာမီမှာပင် လူတိုင်းက ပျော်ရွှင်စွာ စကားစမြည် ပြောဆိုရယ်မောရင်း ယီဟယ်ခန်းမဆီသို့ ဦးတည်လျှောက်လှမ်းလာခဲ့ကြ၏။

ခန်းမဆောင်ကြီး၏ အတွင်းပိုင်းတွင် ကြမ်းပြင်အောက် မီးဖိုအပူပေးစနစ်ကို မြှင့်တင်ထားပြီး၊ ကြီးမားတဲ့ အခန်းကန့် အကာအရံ တံခါးချပ်ကြီး ၁၂ချပ်ကို အကျယ်ကြီး ဖွင့်လှစ်ထားသဖြင့် နွေးထွေးပြီး မွှေးပျံ့သည့် လေထုလှိုင်းများက အခန်းအနှံ့ ပျံ့လွင့်နေသည်။

သခင်မကြီးရှဲ့သည် သခင်မကျန်းနှင့်အတူ ခန်းမအဝင်ဝတွင် စောစောစီးစီးကတည်းက ဧည့်သည်တော်များကို ဆီးကြိုနှုတ်ဆက်နေခဲ့သည်။

နှစ်ပေါင်းများစွာ မတွေ့ရတဲ့ မိတ်ဆွေဟောင်းတစ်ဦးနှင့် ဆုံတွေ့ရချိန်တွင် သခင်မကြီးရှဲ့၏ မျက်နှာထက်၌ တက်ကြွရွှင်လန်းတဲ့ အမူအရာများ ပေါ်လွင်လာခဲ့သည်။ သူမက ထိုအသက်ကြီးအမျိုးသမီးကြီး၏ လက်ကို ဆွဲကိုင်ကာ အဆင့်အတန်းမြင့်မားတဲ့ စကားများအပြန်အလှန်ပြောဆိုရန် အတွင်းခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။

သခင်မကျန်းသည် ဂုဏ်သရေရှိ အမျိုးသမီးကြီးများနှင့် သခင်မလေးများကို ခန်းမထဲသို့ လမ်းညွှန် ပို့ဆောင်ပေးနေသည်။ ထိုစဉ် အဝေးတစ်နေရာမှ အမတ်ကြီးဝေ့၏ ဇနီးဖြစ်သူ သခင်မလင်သည် သူမ၏ သမီး ဝေ့ကျန့်ယန်နှင့်အတူ အခန်းကန့်တံတိုင်းနောက်မှ ထွက်ပေါ်လာတာကို လှမ်းမြင်လိုက်ရ၏။

သူမက မျက်လုံးများ တောက်ပသွားပြီး နွေးထွေးပျူငှာစွာဖြင့် ရှေ့သို့ အမြန်လှမ်းတက်ကာ သခင်မလင်၏ လက်ကို ဝမ်းသာအားရ ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်သည်။

"နောက်ဆုံးတော့လည်း ရောက်လာခဲ့ပြီပဲ။ ဒီနေ့ မလာဖို့အတွက် တခြားဆင်ခြေတစ်ခုခု ရှာနေဦးမလားလို့ ငါ တွေးနေတာ။"

သခင်မလင်သည် ဖြူစင်နူးညံ့တဲ့မျက်နှာအလှနှင့်အတူ ပန်းချီကားတစ်ချပ်ကဲ့သို့ အနုစိတ်လှပသော ရုပ်ရည်သွင်ပြင် ရှိသူဖြစ်သည်။ ထိုစကားကို ကြားလျှင် သူမက ပြုံးလိုက်ပြီး ပြန်ဖြေသည်။

"ငါ တခြားဧည့်ခံပွဲတွေကို ကျော်ဖြတ်ရင် ကျော်ဖြတ်လိမ့်မယ်၊ ဒါပေမဲ့ နင့်သမီးရဲ့ ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးကိုတော့ ငါ ဘယ်လိုလုပ် ပျက်ကွက်မှာလဲ။"

သခင်မကျန်းနှင့် သခင်မလင်တို့သည် အပျိုဖော်ဝင်ကတည်းက အလွန်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးများ ဖြစ်သည်။

အတိအကျ ပြောရမယ်ဆိုပါက... ထိုနှစ်များတုန်းက သူမတို့နှစ်ယောက်လုံး ရွှယ်နင်၏ မိခင်ဖြစ်သူ လုရော့ နှင့် ပိုမိုရင်းနှီးခဲ့ကြသည်။

နှမြောစရာကောင်းတာက သူတို့ရဲ့ သူငယ်ချင်းဟောင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီလောကကြီးကို စွန့်ခွာသွားခဲ့ပြီး မြေကမ္ဘာအောက်မှာ အေးချမ်းစွာ အိပ်စက်နေခဲ့ပြီဖြစ်သည်။ဤလူ့လောကအလယ်တွင် သူမရဲ့ သမီးငယ်တစ်ဦးတည်းကိုသာ ချန်ထားခဲ့သည်။

သခင်မလင်သည် သူမ၏နောက်သို့ လှမ်းကြည့်လိုက်ရင်း စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

"ကလေးမလေးရော ဘယ်မှာလဲ။"

သခင်မကျန်းက ပြုံးလိုက်သည်။

"သူ(မ)ရဲ့ ခြံဝင်းထဲမှာပဲ ရှိသေးတယ်။ ခဏနေရင် ဂါရဝပြုပွဲအတွက် ဒီဘက်ကို ထွက်လာလိမ့်မယ်။"

"နင်ကတော့ အခုထိ သူ(မ)ကို အလိုလိုက်ပြီး ဒီလိုမျိုး ဝှက်ထားတုန်းပဲ။ ဒီနှစ်တွေထဲမှာ ငါ အဲဒီကလေးကို ခက်ခက်ခဲခဲပဲ မြင်ဖူးတော့တယ်။"

စကားပြောရင်း သခင်မလင်၏ မျက်ဝန်းများက အနည်းငယ် နီမြန်းလာခဲ့သည်။

"အားရော့ ဒီနေ့ထူးနေ့မြတ်ကို မမြင်ရတာ တကယ်ကို နှမြောစရာပဲ။"

သခင်မကျန်းသည် လက်ကိုင်ပဝါဖြင့် မျက်ဝန်းထောင့်ကို အသာအယာ တို့လိုက်ရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ငိုစရာ ဘာရှိလို့လဲ။ ဒီနေ့က ငါတို့နင်နင်လေးရဲ့ အထူးခြားဆုံးနေ့ပဲလေ။ နောင်ဆိုရင် သူ(မ)က ငါ့ရဲ့ သမီးအရင်း ဖြစ်သွားပြီ။"

သခင်မလင်က မျက်ရည်များကြားမှ ပြုံးလိုက်၏။

"နင်သာ အရင်လက်ဦးမှု မယူခဲ့ရင် နင်နင်လေးက ငါ့ရဲ့ကလေး ဖြစ်နေလောက်ပြီ"

သခင်မကျန်းက အဓိပ္ပာယ်ပါပါ နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး မေးလိုက်သည်။

"နင့်ယောကျာ်းရော ဘယ်မှာလဲ"

သခင်မလင်က နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"သူက လူစုလူဝေးတွေကို မကြိုက်ဘူးလေ။ အပြင်ဘက် ခြံဝင်းထဲမှာ တခြားသခင်လေးတွေနဲ့အတူ စာကြည့်ခန်းထဲမှာ နယ်စားမင်းစုနဲ့ စကားပြောနေကြတယ်"

ရွှယ်နင်က သခင်မကျန်းကို မိခင်အဖြစ် တရားဝင် အသိအမှတ်ပြုမည့်ကိစ္စကို တွေးမိလေလေ သခင်မလင်က ပို၍ ဝမ်းသာပီတိဖြစ်ကာ ကျေနပ်မိလေလေ ဖြစ်သည်။

"ငါ့အမြင်ကို ပြောရရင်တော့ ငါက အမြော်အမြင်ရှိလို့ပါ။ နင်က ဒီကလေးကို ပျိုးထောင်ပေး၊ နောင်ကျရင် သူ(မ)က ငါ့အိမ်တော်ကို လက်ထပ်ဝင်လာပြီး ငါ့ရဲ့ ချွေးမလေး ဖြစ်လာမှာလေ။ အဲဒီကျရင် ငါ့ဘဝရဲ့ ကျန်တဲ့အချိန်တွေကို အဖော်ပြုပေးလိမ့်မယ်။ ဒါက မိခင်တစ်ယောက် ဖြစ်ရတာထက် အဆပေါင်းများစွာ ပိုကောင်းတာပေါ့။"

သခင်မကျန်းက စနောက်ဟန်ဖြင့် ညည်းတွားလိုက်သည်။

"နင်ကတော့ တကယ့်ကို အိပ်မက်မက်နေတာပဲ။ ကလေးနှစ်ယောက်ကြားက အဆင်ပြေမပြေဆိုတာ နင်နင်လေးရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်လိမ့်မယ်။"

သခင်မလင်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။

"ငါ့သားက ချောမောခန့်ညားပြီး ပါရမီရှိတဲ့သူပဲ။ နင်နင်လေးက သူ့ကို အထင်သေးလိမ့်မယ်လို့ ငါတော့ မယုံဘူး။"

သခင်မကျန်းသည် ဒီနေ့ တကယ်ကို စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်နေသည်။ ထိုစကားကို ကြားလျှင် သူမက ပွင့်လင်းရိုးသားတဲ့ အပြုံးကြီးတစ်ခုဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ သူ(မ)ရဲ့ မျက်လုံးထဲမှာ နင့်သားတစ်ယောက်ပဲ ရှိစေရပါ့မယ်။ မြန်မြန်... ယန်ယန်ကို ခေါ်ပြီး အတွင်းထဲမှာ ဝင်ထိုင်နှင့်ဦး။ ငါ ဧည့်သည်တွေကို နှုတ်ဆက်ပြီးတာနဲ့ နင့်ဆီ လာခဲ့မယ်"

သခင်မလင်သည် ဝေ့ကျန့်ယန်နှင့် တခြားသခင်မအချို့ကို ဦးဆောင်ကာ သခင်မကြီးရှဲ့အား ဂါရဝပြုရန် အတွင်းခန်းမဆောင်သို့ ဝင်ခဲ့ကြသည်။

ထိုစဉ် ကျန်းမိသားစု၏ အကြီးအကဲ သခင်မကြီးသည် ကျော့ရှင်းပြီး ရိုးရှင်းတဲ့ ဝတ်စုံကို ဆင်မြန်းထားသည့် ကျန်းကျစ်ယွီနှင့်အတူ အနောက်ဘက်ခြံဝင်းသို့ ရောက်လာခဲ့သည်။ သူတို့က မိသားစုဝင်များဖြစ်ကြတာကြောင့် သခင်မကျန်းသည် တရားဝင် အခမ်းအနားထုံးစံများဖြင့် အချိန်မဖြုန်းတော့ဘဲ၊ မျက်ဝန်းတောက်ပပြီး အသားအရေဝင်းပနေတဲ့ မိန်းကလေးငယ်ကို အတွင်းထဲ ခေါ်ဆောင်သွားရန် သခင်မကြီးကျန်းအား ရိုးရှင်းစွာပင် တောင်းဆိုလိုက်သည်။

စုမန်သည် သူမရဲ့ ဝမ်းကွဲအစ်မကို မြင်သည်နှင့်တစ်ပြိုင်နက် ကျန်းကျစ်ယွီအား ထိုင်ခုံတွင် ဝင်ထိုင်ရန် အလောတကြီး ဆွဲခေါ်လိုက်သည်။

"ဝမ်းကွဲအစ်မ၊ နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကဲ... ဘယ်လိုလဲ။ ဒီနေ့ တကယ်ကို စည်ကားသိုက်မြိုက်တယ်မဟုတ်လား။"

ကျန်းကျစ်ယွီ၏ အပြုံးက အေးစက်ပြီး အနည်းငယ် ကင်းကွာနေဟန်ရှိသည်။

"ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။"

စုမန်က ပြုံးကာ စနောက်လိုက်၏။

"ဒါက သခင်လေးတွေ ရောက်မလာသေးလို့ပါ။ သူတို့ ရောက်လာပြီဆိုရင်တော့ တုန်းကျင်းမြို့တော်မှာ ဘယ်လောက်တောင် ချောမောခန့်ညားတဲ့ ပါရမီရှင်တွေ ရှိလဲဆိုတာ အစ်မ မြင်ရလိမ့်မယ်။ ဪ... ဒါနဲ့ ဝမ်းကွဲအစ်မ၊ ခဏနေရင် မျက်လုံးကို အကျယ်ကြီး ဖွင့်ထားဦးနော်... အဲဒီလူတွေထဲမှာ ငါ့ရဲ့ အစ်မအတွက် ပြီးပြည့်စုံတဲ့ ဖူးစာဖက် ပါလာမလားဆိုတာ ကြည့်ရအောင်။"

ကျန်းကျစ်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း၊ မောက်မာတဲ့အမူအရာဖြင့် ထိုင်ခုံတွင် ဝင်ထိုင်ကာ ရေနွေးကြမ်းတစ်ခွက်ကို ယူလိုက်သည်။

All Chapters