အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆)- လူအများရှေ့ အရှက်ကွဲခြင်း
ဝေ့ကျန့်ယန်သည် အနားတိုးကပ်လာပြီး ရွှယ်နင်၏ ဖြူဖွေးနုနယ်တဲ့ လက်ကောက်ဝတ်လေးကို တင်းနေအောင် ဆုပ်ကိုင်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ခုနတုန်းက ငါ တကယ်ကို စိုးရိမ်သွားတာ။ နင် ဘာမှမဖြစ်လို့ တကယ်ဝမ်းသာတယ်"
ရွှယ်နင်လည်း ဝေ့ကျန့်ယန်၏ လက်ကလေးကို တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ နက်မှောင်သော ဗာဒံစေ့ပုံသဏ္ဌာန် မျက်ဝန်းများထဲတွင် ဝေ့ကျန့်ယန် ဘယ်လိုမှ အဓိပ္ပာယ်ဖော်မရတဲ့ ခံစားချက်မျိုးစုံတို့ လှုပ်ခတ်နေပြီး၊ သူမ၏ စကားထဲမှာ အဆုံးမရှိတဲ့ နာကျင်မှုအရိပ်အယောင်အချို့ ကပ်ပါနေသည်။
"ယန်ယန်... ငါ ဘာမှမဖြစ်ပါဘူး။ လုံးဝစိတ်မပူပါနဲ့... ငါ..."
ပြီးတော့... ငါ နင့်ကိုလည်း ဘာအန္တရာယ်မှ အဖြစ်ခံမှာ မဟုတ်ဘူး...
သူမက ကျန်ရှိနေတဲ့ စကားလုံးများကို ရင်ထဲမှာပဲ မျိုသိပ်ထားလိုက်ပြီး အပြင်သို့ ထုတ်ဖော်မပြောဆိုခဲ့ချေ။
ဒါပေမဲ့လည်း... ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်လို့ သူမက ပေးဆပ်သင့်တဲ့ လူတွေကို သေချာပေါက် တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်စေရမှာဖြစ်ပြီး ကောင်းကောင်းမွန်မွန် ရှင်သန်သင့်တဲ့ လူတွေကိုလည်း ဆက်ပြီးတော့ အေးအေးချမ်းချမ်း ရှင်သန်ခွင့်ရအောင် ဖန်တီးပေးမှာ။
ဝေ့ကျန့်ယန်သည် ရွှယ်နင်၏ ပြတ်သားတဲ့ စိုက်ကြည့်မှုအောက်တွင် စိတ်ထဲမှာ မသက်မသာ တင်းကြပ်သွားသလို ခံစားလိုက်ရ၏။
အဲ့ဒါက စကားလုံးနဲ့ ဖော်ပြရန်ခက်ခဲတဲ့ ထူးဆန်းသည့် ခံစားချက်မျိုးဖြစ်ပေမယ့် သူမ စိတ်ထဲမှာတော့ မီးတောက်တစ်ခုလို ပြင်းထန်စွာ တောက်လောင်သွားသည်။
ညီအစ်မနှစ်ယောက်က တိတ်တဆိတ် လက်ချင်းချိတ်ထားကြရင်း လူအုပ်ကြီး၏ နောက်မှနေ၍ မြင်းဇောင်းရှိရာဆီသို့ လိုက်လာခဲ့ကြသည်။
မကြာခင်အချိန်မှာပင် စူးရှတုန်လှုပ်သော အော်ဟစ်သံကြီးတစ်ခုက လေထုကို ဖြတ်သန်း၍ ပေါ်ထွက်လာ၏။
"အကြီးဆုံးသခင်မလေး. ဘာ.. ဘာတွေ လုပ်နေတာလဲ။"
ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးတစ်ခုလုံး ချက်ချင်းပင် ဗြောင်းဆန်ကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ ရွှယ်နင်၏ နှလုံးခုန်သံများလည်း မြန်ဆန်လာပြီး ဝေ့ကျန့်ယန်ကို ဆွဲကာ အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်။ သူမ ခေါင်းမော့ကြည့်လိုက်တဲ့ အချိန်၌ နေ့ခင်းကြောင်တောင် အလင်းရောင်အောက်တွင်၊ စုရှီးသည် ဝတ်လစ်စလစ်နီးပါး ဖြစ်နေတဲ့ ခန္ဓာကိုယ်ဖြင့်... အရပ်မြင့်၊ထွားကြိုင်းသော မြင်းဇောင်းအစေခံတစ်ဦးကို တင်းကြပ်စွာ ဖက်တွယ်ထားတာကို ဆိုးရွားစွာ မြင်တွေ့လိုက်ရသည်။
ထိုမြင်းဇောင်းအစေခံလည်း အပေါ်အင်္ကျီ ဗလာကျင်းနေခဲ့ပြီး... စုရှီးအား သူ့ခန္ဓာကိုယ်အောက်တွင် ဖိထားခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက ပြင်းထန်တဲ့ ကာမစိတ်များအောက်တွင် ယစ်မူးနေကြဆဲဖြစ်ပြီး သူတို့ ဘေးပတ်ဝန်းကျင်ရှိ မြင်းဇောင်းကြီးအတွင်းသို့ လူအများအပြား ရောက်ရှိနေခြင်းကိုပင် လုံးဝသတိမမူမိကြဘဲ... လူအားလုံး၏ အကြည့်များရှေ့တွင် ဒီလိုအောက်တန်းကျတဲ့ အပြုအမူကို အရှက်ကင်းမဲ့စွာ ပြုလုပ်နေကြတာ ဖြစ်၏။
ဒီနေရာကို ရောက်ရှိနေကြတဲ့ အတွေ့အကြုံရင့် ဂုဏ်သရေရှိ သခင်မကြီးများပင်လျှင် ဒီလောက်အထိ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို တစ်ခါမှ မြင်တွေ့ဖူးခြင်း မရှိခဲ့ပေ။
သူတို့အားလုံး ပျာပျာသလဲ ဖြစ်သွားကြပြီး လက်မထပ်ရသေးတဲ့ မိန်းမပျိုသခင်မလေးများအားလုံးကို ဒီနေရာကနေ အမြန် ခေါ်ထုတ်သွားရန်အတွက် အစေခံများကို အော်ဟစ်အမိန့်ပေးကြတော့သည်။
ဒါပေမဲ့လည်း စုရှီးကတော့ ဖြစ်ပေါ်နေတဲ့ လှုပ်ခတ်မှုများကို လုံးဝသတိမထားမိဘဲ ကာမအရသာ၏ အဆုံးစွန်အောက်တွင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေခဲ့လျက်၊ ထိုအမျိုးသား၏ ခန္ဓာကိုယ်အနှံ့ကို ရစ်ပတ်ဆုပ်ကိုင်နေခဲ့သည်။ သူမ၏ မျက်ဝန်းများက ရီဝေနေခဲ့ပြီး အရှက်ကင်းမဲ့စွာဖြင့် ညည်းတွားတောင်းဆိုနေသည်။
"အစ်ကိုကြီးရှန်... ကျေးဇူးပြုပြီး ကျွန်မကို ပေးပါ... မြန်မြန်လေး လုပ်ပါ.."
မြင်းဇောင်းအစေခံက သူမလောက်အထိ စိတ်လွတ်နေခြင်း မရှိခဲ့ချေ။ သူ၏ ချွေးစေးများဖြင့် စိုစွတ်နေသော ညိုမည်းထွားကြိုင်းသည့် လက်ချောင်းကြီးများဖြင့် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။
အစပိုင်းတော့ သူက သူ့ကိုယ်သူ အိပ်မက်မက်နေတယ်လို့ ထင်ထားခဲ့တာ ဖြစ်သည်။ သို့သော်လည်း... သူတို့နှစ်ယောက်ကို လူအများက ဝိုင်းပြီးစိုက်ကြည့်နေကြတာကို အမှန်တကယ် သတိပြုမိသွားတဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားပြီး၊ သူ့ကိုယ်ပေါ်က စုရှီးကို ဘေးဘက်သို့ ဆတ်ခနဲ တွန်းဖယ်ပစ်လိုက်တော့သည်။
"သခင်မ... သခင်မကြီး..."
စုရှီးသည် အသိများ ဝေဝါးနေဆဲဖြစ်ရာ ခြေလှမ်းများ ယိမ်းယိုင်သွားပြီး... ကောက်ရိုးပုံကြီးပေါ်သို့ ခွေခေါက်လဲကျသွားခဲ့သော်လည်း၊ လက်ရှိအချိန်အထိ ဘာမှနားမလည်သေးဘဲ ရှိနေသည်။
"ဘုရားရေ... ဒါ... ဒါက တကယ်ပဲ နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သရေရှိပြီး သိက္ခာကြီးမားပါတယ်ဆိုတဲ့ အကြီးဆုံးသခင်မလေး စုရှီး တကယ်ပဲလား။"
ဒီလောက်အထိ အကျင့်စာရိတ္တ ပျက်ပြားပြီး ညှို့ယူဖမ်းစားနေသည့် ဆိုးရွားတဲ့မြင်ကွင်းက တကယ့်ကို ကျက်သရေမရှိတာပဲ!
ပတ်ဝန်းကျင် အခြေအနေတစ်ခုလုံး ပို၍ ဆူညံလာခဲ့ပြီး ပူပြင်းလှသော ဆီအိုးပူကြီးထဲသို့ ရေအေးတစ်ခွက် ဆတ်ခနဲ လောင်းထည့်လိုက်သလို တစီစီနှင့် ဆူပွက်ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
သခင်မကြီးရှဲ့၏ အိုမင်းတဲ့မျက်နှာတစ်ခုလုံး မည်းနက် ခက်ထန်သွားပြီး ကောင်းကင်ယံအထိ ထိုးတက်နေတဲ့ ဒေါသစိတ်များက သူမ၏ ကျန်ရှိနေသေးတဲ့ အသိတရားတို့ကို ဝါးမြိုဖျက်ဆီးပစ်လိုက်တော့သည်။
သူမက ဘာဂုဏ်သိက္ခာကိုမှ အာရုံမစိုက်နိုင်တော့ဘဲ ဒေါသတကြီးဖြင့် အရှေ့သို့ လျှောက်သွားပြီး... စုရှီး၏ မျက်နှာကို လက်ဝါးဖြင့် ဖြန်းခနဲ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"အရှက်မရှိတဲ့ မိန်းမပျက်မ။ နင် ဘာတွေ လျှောက်လုပ်နေလဲဆိုတာကိုရော နင့်ကိုယ်နင် သိရဲ့လား။"
စုရှီးသည် ပြင်းထန်တဲ့ ရိုက်ချက်ကြောင့် မှင်သက်သွားပြီး နီမြန်းနေနှင့်ပြီးသားဖြစ်တဲ့ သူမ၏ ပါးပြင်က ချက်ချင်းပင် ဖူးယောင်တက်လာခဲ့ပေမယ့် သူမ၏ အသိစိတ်များကတော့ ဝေဝါးနေဆဲပင်။
သူမရဲ့ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိမှုအပေါ် အလွန်အမင်း ဒေါသထွက်နေတဲ့ သခင်မကြီးရှဲ့သည် မျက်နှာအမူအရာအမျိုးမျိုး ကွဲပြားနေကြသည့် ဂုဏ်သရေရှိ သခင်မများကို အေးစက်စွာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်၊ နေရာမှာတင် ကျောက်ရုပ်အတိုင်း တုန်လှုပ် တောင့်တင်းနေကြတဲ့ သခင်မတုန်းနှင့် လျိုရှီတို့နှစ်ဦးထံသို့ ဒေါသတကြီး လှည့်ကြည့်လိုက်သည်။
"အစောင့်တွေ... အမြန်လာကြစမ်း။ အိမ်တော်ရဲ့ သိက္ခာကို ချပစ်တဲ့ ဒီအရှက်မရှိတဲ့ မိန်းမယုတ်ကို ချက်ချင်း ဆွဲခေါ်သွားကြစမ်း။"
တောင့်တင်းထွားကြိုင်းတဲ့ အစေခံမိန်းမကြီးအချို့ အပြေးအလွှား ရောက်လာခဲ့ကြပြီး စုရှီး၏ မျက်နှာကို ဝတ်ရုံပွကြီးဖြင့် သေသေချာချာ ဖုံးအုပ်လိုက်ကြပြီးနောက်၊ ထိုနေရာကနေ အတင်းအကြပ် ဆွဲခေါ်သွားကြသည်။
သခင်မကျန်းသည် သူမရဲ့ယောက္ခမ ခံစားနေရတဲ့ ဒေါသများကို နားလည်တာကြောင့် ပတ်ဝန်းကျင်ရှိ ဧည့်သည်များကို အလျင်အမြန်ပင် ဖျောင်းဖျ၍ လူစုခွဲပေးလိုက်သည်။
ထို့အပြင် သူမက အိမ်တော်ရှိ မော့မော့များကိုလည်း အိမ်တော်က အခြားသခင်မလေးများအားလုံးကို သေသေချာချာနှင့် တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုထားရန်ပါ ထပ်မံအမိန့်ပေးလိုက်သေးသည်။
ဝေ့ကျန့်ယန်သည် အရှေ့မှ မြင်ကွင်းကို ဆက်ချောင်းကြည့်ရန် ကြိုးစားနေဆဲဖြစ်သော်လည်း သခင်မလင်က သူမ၏ မျက်လုံးများကို လက်ဖဝါးဖြင့် အမြန်ဖုံးအုပ်လိုက်ပြီးနောက်၊ အဲ့ဒီနေရာကနေ အတင်းအကြပ် အလျင်အမြန်ပင် ဆွဲခေါ်သွားခဲ့သည်။
ယခုအခါ အပြင်ဘက်မှ ရောက်ရှိနေကြတဲ့ ဧည့်သည်တော်အများစုက အသီးသီး ထွက်သွားကြပြီဖြစ်ရာ၊ ဆူညံပွက်လောရိုက်နေခဲ့တဲ့ ရွှမ်းယီနယ်စားမင်းအိမ်တော်၌... ဖရိုဖရဲ ဖြစ်ကျန်ခဲ့တဲ့ အစေခံများသာ ကျန်နေခဲ့တော့သည်။
မြင်းဇောင်းအစေခံက ဒီနေရာမှာ ဆက်ရှိနေပါက ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ကျရောက်လာတော့မှာကို အလွန်အမင်း စိုးရိမ်ထိတ်လန့်နေပြီး ခြေဦးတည့်ရာသို့ အတင်းထွက်ပြေးရန် ရုန်းကန်နေ၏။ အစေခံအချို့က သူ့ကို မြေပြင်ပေါ် ချက်ချင်း ဖိချုပ်ကာ ဖမ်းဆီးလိုက်ကြသည်။ သူက အပေါ်အင်္ကျီ ဗလာကျင်းနေခဲ့ပြီး၊ သူ၏ ဘောင်းဘီရှည်ကလည်း ဆုတ်ပြဲ၍ ဖရိုဖရဲ ဖြစ်နေကာ... ခန္ဓာကိုယ်ကို အတင်းရုန်းကန်ရင်း နာကျင်စွာဖြင့် အော်ဟစ်နေသည်။
"ဒါ... ဒါက သခင်မလေးကိုယ်တိုင်ကပဲ ကျွန်တော့်ကို အရှက်မရှိ လာပြီးတော့ မြှူဆွယ်ခဲ့တာပါ။ ကျွန်တော့်မှာ ဘာအပြစ်မှ မရှိပါဘူး။"
ရွှယ်နင် ဒီအံ့သြစရာမြင်ကွင်းကို ဝအောင် မကြည့်ရသေးခင်မှာပင် နွေးထွေးသော လက်တစ်စုံက သူမ၏ မျက်ဝန်းများကို နောက်ကနေ ညင်သာစွာ လာဖုံးအုပ်လိုက်သည်။
"မကြည့်နဲ့။"
ထိုအမျိုးသားက စကားတစ်ခွန်းတည်းကိုသာ ပြတ်သားစွာ ပြောလိုက်သည့် အချိန် သူမရဲ့ နောက်ကွယ်က ထင်းရှူးနံ့သင်းသင်းတစ်ခုက လေထဲတွင် ဖြည်းညင်းစွာ ပျံ့လွင့်လာသည်။
"ညစ်ပတ်တယ်။"
ရွှယ်နင်၏ နှလုံးခုန်သံများ ရုတ်တရက် တုန်လှုပ်သွားသည်။ သူမက ခဏလောက် တောင့်တင်းသွားပြီး မျက်တောင်များကို အသာအယာ ခတ်လိုက်သည်။
သူ့လက်ဖဝါးကို ထိုမိန်းကလေးငယ်၏ ရှည်လျားနုနယ်တဲ့ မျက်တောင်လေးများက လာရောက်ပွတ်သပ်သွားတာကြောင့် စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲတဲ့ ယားကျိကျိခံစားချက် ဖြစ်ပေါ်သွားပြီး လီချန်ချဲ့၏ လှုပ်ရှားမှုများ ခဏလောက် ရပ်တန့်သွားသည်။အဲ့ဒီနောက်... သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်၏။
ရွှယ်နင်က လှည့်ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေတဲ့ အမူအရာလေးဖြင့် ခေါင်းကို မော့လိုက်ရင်း၊ သူမရဲ့ နောက်မှာ အရပ်မြင့်မြင့် ရပ်နေတဲ့ ထိုထူးခြားတဲ့ အမျိုးသားအား မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေမိသည်။ သူက အခုအချိန်အထိ ဒီနေရာမှာ ရှိနေသေးတာကို သူမ တကယ်အံ့ဩသွားတယ်။
လီချန်ချဲ့သည် ထိုမိန်းကလေးငယ်၏ မျက်ဝန်းများထဲက မေးခွန်းများကို ချက်ချင်းနားလည်သဘောပေါက်တာကြောင့် တည်ငြိမ်စွာပင် ရှင်းပြလာ၏။
"ကိုယ် နယ်စားမင်းစုနဲ့ စကားပြောပြီးသွားပြီ။ ရှေ့နှစ်မှာ ကျင်းပမယ့် နွေဦးတော်ဝင်စာမေးပွဲမတိုင်ခင်အထိ ကိုယ် ဒီနယ်စားမင်းအိမ်တော်မှာပဲ ခဏ နေသွားမှာ"
ရွှယ်နင်သည် သူ၏ စက်ဝိုင်းပုံသဏ္ဌာန် ထက်မြက်ပြတ်သား ချောမောသည့် မျက်နှာကို ငေးကြည့်နေမိရင်း စိတ်ထဲမှာ ဘယ်လိုမှ ပြောပြမရနိုင်လောက်အောင် ထူးဆန်းတဲ့ ခံစားချက်လှိုင်းအချို့က ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
ဘာလို့လဲဆိုတော့ သူမရှေ့မှာ ရှိနေတဲ့ ဒီအမျိုးသားက နောင်တစ်ချိန်မှာ စုကျန်းနဲ့တောင် ရင်ဘောင်တန်းနိုင်လောက်မယ့်....အာဏာကြီးမားတဲ့ အစိုးရအဖွဲ့၏ ထိပ်တန်းဝန်ကြီးချုပ် ဖြစ်လာမယ့်သူ မဟုတ်လား။
လက်ရှိအချိန်မှာ သူက ဘဝအခြေအနေ အနည်းငယ် နိမ့်ပါးနေပြီး... သူ ဝတ်ဆင်ထားသော ဝတ်ရုံနက်ကြီးမှာပင် အကြိမ်ကြိမ် လျှော်ဖွတ်ထားသဖြင့် အရောင်အသွေးများ မှေးမှိန်နေခဲ့သည်။
ဒါပေမဲ့လည်း သူမလို မိန်းကလေးတစ်ယောက်က လီချန်ချဲ့လို ကောင်းကင်ပေါ်က ပါရမီရှင်အပေါ် ဘယ်လိုလုပ် ရှုပ်ထွေးတဲ့အတွေးတွေ တွေးရဲမှာလဲ။
သူမ လုပ်နိုင်တာက အရင်ဘဝတုန်းက သူမအသက်ကို ကယ်တင်ပေးခဲ့တဲ့ သူ့ကျေးဇူးတရားများကိုပဲ အစွမ်းကုန် ပြန်ပေးဆပ်ရန် ဖြစ်သည်။
သူမသည် ထိုအမျိုးသား၏ နက်ရှိုင်းတဲ့ မျက်ဝန်းများကနေ အကြည့်များကို ရှောင်လွှဲလိုက်ရင်း... ခေါင်းလေးကို အသာနှိမ့်ချကာ ပြုံး၍ ပြောလိုက်သည်။
"သခင်လေးလီ... လွန်ခဲ့တဲ့ တစ်ခေါက်က ကျန့်ကော်ဘုရားကျောင်းမှာတုန်းက..."
"သခင်မလေး... သခင်မကြီးရှဲ့က သခင်မလေးကို ဝမ်ရှိုခန်းမဆောင်ဆီ အခုချက်ချင်း လာခဲ့ဖို့အတွက် လှမ်းခေါ်ခိုင်းလိုက်ပါတယ်"
ပေါင်ချန်သည် အဝေးမှနေ၍ အလျင်အမြန်ပင် ပြေးလာခဲ့ပြီး ရွှယ်နင်၏ စကားကို စိုးရိမ်တကြီးဖြင့် ကြားဖြတ် ပြောလိုက်၏။
ရွှယ်နင်လည်း အခြေအနေများကြောင့် အခြားရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်ရသည်။
"သခင်လေး... အားနင် အခုချက်ချင်း သွားရတော့မယ်။ နောက်ပိုင်းကျလို့ အခွင့်အရေး ကြုံမယ်ဆိုရင်တော့... သခင်လေးရဲ့ အသက်ကယ်ကျေးဇူးကို သေသေချာချာ ထပ်ပြီးတော့ လာကျေးဇူးတင်ပါ့မယ်။"
လီချန်ချဲ့က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ရင်း... သူ၏ နက်ရှိုင်းတဲ့ မျက်ဝန်းများဖြင့် ရွှယ်နင်၏ လှည့်ထွက်သွားတဲ့ ကျောပြင်လှလှလေးကို စူးစိုက်ငေးကြည့်နေမိသည်။
"သခင်လေး... ကျွန်တော်တို့တွေ တကယ်ပဲ ဒီရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ဆက်ပြီးတော့ နေကြမှာ လား"
ဖူရှန်းသည် သူကိုင်ဆောင်ထားတဲ့ ဓားရှည်ကို ရင်ခွင်ထဲမှာ ပိုက်ထားရင်း ခေါင်းကို တစ်ချက် စောင်းကာ မေးလိုက်သည်။
"သခင်လေးလုက ကျွန်တော်တို့ကို... လုအိမ်တော်မှာပဲ လာပြီးတော့ တည်းခိုဖို့အတွက် အကြိမ်ကြိမ် ဖိတ်ခေါ်ထားခဲ့တာ မဟုတ်ဘူးလား။"
တိုက်ခတ်နေသည့် ဆီးနှင်းမြူမှုန်များအလယ်တွင်... လီချန်ချဲ့၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်ကာ ချိုသာစွာ ပြုံးလိုက်ရင်း အဖြေပေးလိုက်သည်။
"သူက... ငါ့ကို သူ့ရဲ့ ဝမ်းကွဲညီမလေးကို သေသေချာချာ ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် မှာခဲ့တာလေ။ အကယ်၍... ငါသာ သူ(မ)ကို ငါ့ရဲ့ မျက်စိအောက်မှာ အမြဲတမ်း အနီးကပ် မစောင့်ကြည့်ထားဘူးဆိုရင်... ဘယ်လိုနည်းနဲ့ သူ(မ)ကို ကာကွယ်ပေးနိုင်မှာလဲ။"
ရွှယ်နင်အကြောင်းကို ကြားလိုက်ရချိန်၌ ဖူရှန်း၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။
"ကျွန်တော် တကယ်ကို မထင်ထားခဲ့ဘူး... သခင်လေးလုရဲ့ ဝမ်းကွဲညီမလေးက ဒီလောက်အထိ လှလွန်းလိမ့်မယ်လို့ပေါ့။ ဒါပေမဲ့... သူ(မ) ဒီနယ်စားမင်းအိမ်တော်ထဲမှာ နေရတာ တကယ်ပဲ စိတ်မချမ်းသာဘူးလို့ ကျွန်တော် အမြဲတမ်း ခံစားနေရတယ်။ ဒီနေ့ ကျင်းပတဲ့ ဒီအသိအမှတ်ပြုပွဲကရော... နယ်စားမင်းအိမ်တော်မိသားစုက တကယ်ပဲ ဖြူစင်တဲ့ စေတနာအမှန်တွေနဲ့ ကျင်းပပေးခဲ့တာ ဟုတ်ရဲ့လား။ သခင်လေးလုသာ ဒီနေရာမှာ ရှိရင် သခင်မလေးရွှယ်က အဲ့ဒီ စုရှီဇီရဲ့ ရှေ့မှာ ဘယ်လောက်အထိ သနားစရာကောင်းအောင် သိက္ခာချပြီး အောက်ကျို့နေခဲ့ရလဲဆိုတာကို သူကိုယ်တိုင် တွေ့သွားရမှာ... တကယ် နှမြောစရာကောင်းတယ်"
လီချန်ချဲ့သည် သူ့ပုခုံးမှာ တင်နေတဲ့ ဆီးနှင်းမြူမှုန်များကို လက်ဖဝါးဖြင့် အသာအယာ ခါထုတ်ပစ်လိုက်သည်။ သူ့မျက်နှာ၌ မည်သည့် ခံစားချက်အရိပ်အယောင်မျိုးမျှ မရှိဘဲ တည်ငြိမ်နေဆဲဖြစ်ကာ... ဝတ်ရုံပွကြီးကို ခန္ဓာကိုယ်မှာ သေသေချာချာ ပြန်ပြင်ဝတ်လိုက်ရင်း စင်္ကြံလမ်းရှည်ကြီးရှိရာဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။
သူက ခပ်အေးအေးပင် ပြောလိုက်၏။
"ဒါကြောင့်လည်း... ငါ ဒီအိမ်တော်မှာ သေချာပေါက် ဆက်ပြီးတော့ နေရမယ်။ လုစစ်လင်ရဲ့ ညီမက... ငါ့ရဲ့ ညီမပဲလေ။"
ဖူရှန်းက အခြေအနေကို နားလည်သွားသလို ခေါင်းကို အသာလေး ညိတ်ပြလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ။ ဒါဆိုရင်. ကျွန်တော် အခုပဲ တည်းခိုရမယ့် ခြံဝင်းကို သွားပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားလိုက်ပါ့မယ်။"
မဟုတ်ရင်လည်း... မိန်းမတွေကို အမြဲတမ်း အဝေးမှာပဲ ခပ်ကင်းကင်း ထားတတ်တဲ့ သူ့သခင်ရဲ့ ခက်ထန်တဲ့ စိတ်ထားအရ... မိန်းကလေးငယ်တစ်ဦးကို ကာကွယ်ပေးဖို့ သက်သက်နဲ့တင် ဒီနယ်စားမင်းအိမ်တော်ထဲမှာ ဘယ်လိုလုပ် အောက်ကျို့ပြီး ဆက်နေထိုင်ပါ့မလဲ။
သူ့သခင်က အခု အသက်နှစ်ဆယ်ကျော်နေပြီ ဖြစ်ပေမယ့် ဘေးနားတွင် ဘယ်တုန်းကမှ မိန်းမတစ်ယောက်တောင် ရှိမနေခဲ့ဖူးချေ။
သူ့သခင်ရဲ့ ရုပ်ရည်ကြောင့် ရူးသွပ်သွားခဲ့ကြတဲ့ လှပလွန်းတဲ့ သခင်မလေးအများအပြားမှာ... သူ၏အနားသို့ ပျားပိတုန်းများနှင့် လိပ်ပြာကလေးများအတိုင်း ဝိုင်းဝန်းရစ်ပတ်ကာ အတင်းအကြပ် လာရောက်မြှူဆွယ်ခဲ့ကြဖူးသော်လည်း၊ သူ့သခင်ကတော့ သူတို့ကို အနည်းငယ်မျှပင် စိတ်ဝင်စားမှု ပြသခြင်း မရှိခဲ့ပေ။
ဒါကြောင့် သူ့သခင်က ရွှယ်နင် လှပလွန်းနေရုံဖြင့်တော့... သူမအပေါ် ထူးခြားတဲ့ ဂရုစိုက်မှုမျိုးကို ဘယ်လိုနည်းနဲ့မျှ ပေးလိမ့်မည် မဟုတ်ချေ။
ဒီအရာအားလုံးက သခင်လေးလုနှင့် သူ့သခင်တို့ကြား သေတူရှင်ဖက် ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက် သံယောဇဉ်ကြီးမားမှုကြောင့်ပဲ ဖြစ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညီနောင်ချင်း သစ္စာစောင့်သိမှုအရ၊ သူက သခင်လေးလုရဲ့ ဝမ်းကွဲညီမ ရွှယ်နင်ကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
ဒါ့အပြင် ရွှယ်နင်ရဲ့ လက်ရှိအခြေအနေအရ၊ လီမိသားစုထဲ ထိမ်းမြားလက်ထပ်ပြီး ဝင်ရောက်နိုင်ဖို့ဆိုတာ ကောင်းကင်ကို လှမ်းတက်ရသလို ခက်ခဲလွန်းတဲ့ အရာဖြစ်သည်။
ကံကောင်းတာက သူ့သခင်လေးက ရွှယ်နင်အပေါ် စိတ်ဝင်စားမှု မရှိတာပင်။
ဒါ့အပြင် ရွှယ်နင်ကလည်း စုမိသားစုရဲ့ ရှီဇီအပေါ်မှာပဲ ခံစားချက်ရှိနေတာဆိုတော့... သူမလည်း သူ့ရဲ့ သခင်လေးကို စိတ်ဝင်စားလာမှာ မဟုတ်ပါဘူး... ဟုတ်တယ်မလား။
ဖူရှန်း၏ ရင်ထဲ၌ မရေမတွက်နိုင်သော အတွေးစုံတို့က လေပွေလှိုင်းတစ်ခုလို ဗြောင်းဆန်နေပြီးနောက်... နောက်ဆုံးတွင် သူက ထိုအတွေးများကို ဘေးဖယ်ထားလိုက်မိရင်း စိတ်သက်သာရာ ရသွားသည်။
ဒီနေ့ ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ဒီလောက်အထိ ကြီးမားတဲ့ အရှက်ခွဲမှု ပြဿနာကြီး ဖြစ်သွားတာကြောင့် ရှေ့ဆက်ပြီးတော့လည်း ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခုက ဆက်လက်၍ စောင့်ကြိုနေဦးမှာ သေချာပေါက်ပင်။
ထို့ကြောင့်... သူက နယ်စားမင်းစု လွှတ်လိုက်တဲ့ အိမ်တော်ထိန်းကြီးကို လှမ်းခေါ်လိုက်ပြီးနောက်... သူတို့ တည်းခိုရမည့် ဝမ်ရှင်းခြံဝင်းရှိရာ လမ်းကြောင်းကို သေသေချာချာ မေးမြန်းအတည်ပြုလိုက်ပြီး၊ ခရီးပန်းလာမှုများကို အနားယူရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရန်အတွက် ဦးတည်လျှောက်လှမ်းသွားတော့သည်။