← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း (၄၉)။ ။ သူမပါ ဆေးခတ်ခံလိုက်ရတာလား

စုကျန်းသည် သူ့လက်ဖဝါးကို တင်းတင်းဆုပ်ထားရင်း ရွှယ်နင်၏ ကျောပြင်ငယ်လေးဆီသို့သာ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။

အပြင်ဘက်တွင် လေနှင့်နှင်းများက အလွန်အမင်း ထူထပ်လွန်း၏။ မိန်းကလေးငယ်၏ ပုံရိပ်မှာ လူသူမခွဲခြားနိုင်သော နှင်းမုန်တိုင်းထဲသို့ ရုတ်တရက် တိုးဝင်ပျောက်ကွယ်သွားခဲ့သော်လည်း သူက ဇွတ်အတင်း လိုက်လံဖမ်းဆုပ်ခြင်း မပြုခဲ့ပေ။

မော့ပိုင်က ရှေ့တိုးလာသည်။

"ရှီဇီ... ကျွန်တော်တို့ သခင်မလေးရွှယ်ကို သွားပြီး နှစ်သိမ့်ပေးသင့်လား"

စုကျန်း၏ မျက်နှာအမူအရာ အေးစက်သွားသည်။

"မလိုဘူး။ နောက်ရက်အနည်းငယ်ကြာရင် သူ(မ)ဘာသာသူ(မ) အဆင်ပြေသွားလိမ့်မယ်"

...

ဝမ်ရှိုခန်းမဆောင်မှ ထွက်လာပြီးနောက် ရွှယ်နင်သည် တင်းကျပ်စွာ ဆုပ်ကိုင်ထားတဲ့ သူမ၏ လက်ဖဝါးကို နောက်ဆုံး၌ ဖြေလျှော့လိုက်နိုင်တော့သည်။

သူမက နှင်းတောထဲမှာ မတ်တပ်ရပ်ရင်း မာတောင့်လုနီးပါး ဖြစ်နေတဲ့ လက်ချောင်းလေးများကို လှုပ်ရှားလိုက်ကာ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိရန် အချိန်အတော်ကြာအောင် အသက်ကို ထိန်းရှူနေခဲ့ရ၏။

ပေါင်ချန်က သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။

"သခင်မလေး... နောက်ဆုံးတော့လည်း အားလုံးပြီးဆုံးသွားခဲ့ပြီပဲ။ ဒီထက်သာ နည်းနည်းလေး ပိုကြာသွားရင် ကျွန်မတို့တွေ အမှားအယွင်း တစ်ခုခု လုပ်မိသွားမှာကို တကယ် စိုးရိမ်နေတာ... အထူးသဖြင့် ရှီဇီရဲ့ လူတွေ အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်တဲ့ စူးရှလွန်းတဲ့ မျက်လုံးတွေအောက်မှာဆိုရင် ကျွန်မဖြင့် ရင်တုန်လွန်းလို့ သေတော့မလို့..."

ရွှယ်နင်က သတိပေးလိုက်သည်။

"နံရံမှာ နားရှိတယ်... သတိထား"

ပေါင်ချန်က ချက်ချင်းပင် သူမ၏ပါးစပ်ကို ပိတ်လိုက်သည်။

"ဒါဆိုရင် ကျွန်မ ဘာမှဆက်မပြောတော့ပါဘူး"

သခင်နှင့် အစေခံနှစ်ဦးစလုံးသည် တိတ်ဆိတ်စွာဖြင့် ချီယွင်ဆောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ပေါင်ချန်သည် လန်ရှန့်၏ ဆံပင်ပုံစံနှင့် ဆင်တူအောင် ထုံးဖွဲ့ထားတဲ့ ဆံပင်များကို ကပျာကယာ ဖြန့်ချလိုက်ပြီးနောက် သူမ၏ရင်ခွင်ထဲမှ ပုတီးစေ့ဆွဲကြိုးကို ထုတ်ယူကာ သေတ္တာကြီး၏ အောက်ခြေတွင် သေချာဝှက်ထားလိုက်သည်။

သူမ၏ အဝတ်အစားများကို လျင်မြန်စွာ လဲလှယ်ပြီးနောက်တွင်မှ အခန်းတွင်းရှိ မီးသွေးအိုးကို မီးမွှေးရန်အတွက် လက်အားသွားသည်

ရွှယ်နင်သည် ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို သူမရဲ့ဦးနှောက်ထဲမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြန်ပုံဖော်နေမိသည်။ သူမက ခုံတွင်ဝင်ထိုင်လိုက်ရုံသာ ရှိသေးပြီး လက်ဖက်ရည်ပူပူတစ်ငုံပင် မသောက်ရသေးခင် အပြင်ဘက်မှ အလျင်စလို ပြေးဝင်လာတဲ့ ခြေသံများကို ကြားလိုက်ရသည်။

ထို့နောက်တွင် သခင်မကျန်း၏ စိုးရိမ်ပူပန်မှုကြောင့် ဖြူလျော်နေသော မျက်နှာသည် တံခါးဝတွင် ပေါ်လာခဲ့တော့၏။

"အမေ... ဘာဖြစ်လို့ အဆောင်ကို အပြေးအလွှား လာရတာလဲ"

သခင်မကျန်းသည် ဧည့်သည်များကို လိုက်လံပို့ဆောင်ပြီးကာစပဲ ရှိသေး၏။ ဝမ်ရှိုခန်းမဆောင်၌ စုရှီးနှင့် စုချင်းတို့က ရွှယ်နင်ကို လုပ်ကြံရန် ပူးပေါင်းကြံစည်ခဲ့ကြကြောင်း ကြားသိလိုက်ရသည်နှင့် သူမက ချက်ချင်း ဒီနေရာကို အပြေးအလွှား ရောက်ရှိလာခဲ့တာ ဖြစ်သည်။

သခင်မကျန်းသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး ရွှယ်နင်၏ တစ်ကိုယ်လုံးကို အထက်အောက် ကြည့်ရှု စစ်ဆေးလိုက်ပြီးနောက် သူမမှာ ဘာထိခိုက်ဒဏ်ရာမှ မရှိတာကို မြင်ရမှသာ ရင်ထဲက အလုံးကြီးကျကာ စိတ်သက်သာရာ ရသွားတော့သည်။

"ဒီလိုကိစ္စကြီး ဖြစ်ပျက်သွားတာကို အမေက ဘယ်လိုလုပ်ပြီး မလာဘဲ နေနိုင်မှာလဲ"

ပြတင်းပေါက်၏ အပြင်ဘက်တွင် နှင်းပွင့်များ တဖွဲဖွဲ ကျဆင်းနေသော်လည်း အခန်းတွင်း၌ ပကတိအတိုင်း တိတ်ဆိတ်လျက် ရှိနေသည်။ ရွှေရောင်ခြယ် သားရဲခေါင်းပုံသဏ္ဌာန် အမွှေးတိုင်အိုးလေးဆီမှ တိုးညင်းသော အမွှေးနံ့သာ ထွက်ပေါ်နေ၏။

ရွှယ်နင်က ပြုံးလိုက်ရင်း သခင်မကျန်း၏ လက်ကို ဆွဲကိုင်ကာ လိုဟန်ကုတင်ပေါ်တွင် အတူတူထိုင်ရန် ခေါ်ဆောင်လိုက်သည်။

"သမီး တကယ်ပဲ ဘာမှမဖြစ်ပါဘူး"

ယနေ့တွင် နယ်စားမင်းအိမ်တော်တစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့သည်။ အိမ်တော်၏ သခင်မတစ်ဦးအနေဖြင့် သခင်မကျန်းတွင် ဖြေရှင်းစရာ ကိစ္စရပ်များစွာ ရှိနေခဲ့၏။ ထို့အပြင် စုရှီး၏ကိစ္စကြောင့်လည်း သူမသည် သခင်မကြီးရှဲ့၏ ရှေ့မှာ အတော်လေး ခေါင်းခဲခဲ့ရသေးသည်။ ကံကောင်းထောက်မစွာဖြင့် သခင်မကြီးရှဲ့သည် ဒီနေ့ လူရောစိတ်ပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် ယခုညတွင် ဒေါသ ထပ်မထွက်တော့ခြင်း ဖြစ်သည်။

သခင်မကျန်းက ရင်ထဲမှ သက်ပြင်းတစ်ချက်ကို လွတ်လပ်စွာ ချလိုက်ရင်း အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

"ဒါတွေအကုန်လုံးက အမေ့ရဲ့ ပေါ့ဆမှုကြောင့်ပါ။ ဒီနေ့မှာ လူတွေလည်း အများကြီး၊ လုပ်စရာတွေကလည်း ရှုပ်ယှက်ခတ်နေတော့ စုရှီးက မင်းရဲ့ဝိုင်ခွက်ထဲအထိ ဆေးခတ်ရဲလောက်အောင် ဒီလောက်တောင် ရက်စက်ယုတ်မာလိမ့်မယ်လို့ အမေ တကယ် မတွေးမိခဲ့ဘူး။ တော်သေးတာပေါ့... သူ(မ) လုပ်ခဲ့တဲ့ မကောင်းမှုက သူ(မ)ဆီပဲ ပြန်ရောက်သွားလို့။ အကယ်၍ သမီးသာ အဲ့ဒီဝိုင်ကို သောက်မိသွားခဲ့ရင်... ဖြစ်လာမယ့် နောက်ဆက်တွဲ ရလဒ်တွေကတော့... တကယ်ကို တွေးဝံ့စရာတောင် မရှိဘူး"

ရွှယ်နင်လည်း ဒီအခြေအနေကို ကောင်းစွာ နားလည်ထားပြီးဖြစ်တာကြောင့်သာ အစကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့တာ ဖြစ်သည်။

အမှန်တော့ စုရှီးက သူမကို ဘယ်လိုနည်းလမ်းဖြင့် လုပ်ကြံရန် ကြံစည်နေလဲဆိုတညကို ရွှယ်နင် အစပိုင်းမှာ အသေအချာ မသိခဲ့ပေ။

ဒါပေမဲ့လည်း သူမက အရင်ဘဝတုန်းက စုရှီး၏ တိတ်တိတ်ပုန်းချစ်သူဖြစ်တဲ့ ကုယွမ်ရှန်းထံသို့ သတင်းပို့ရန် ပေါင်ချန်အား ကြိုတင်၍ အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် စုရှီးက သူမအား ရည်ရွယ်ချက်ရှိရှိဖြင့် လာဆွဲခေါ်ကာ ဘေးချင်းယှဉ်ထိုင်စေခဲ့ချိန်တွင် ရွှယ်နင်သည် စုရှီး အာရုံလွတ်သွားတဲ့ ခဏတာအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူမတို့၏ ဝိုင်ခွက်များကို တိတ်တဆိတ် လဲပစ်လိုက်ခြင်းပင်။

ကုယွမ်ရှန်းက ဘာမှမသိနားမလည်တဲ့ တောသားတစ်ဦးသာဖြစ်ပြီး နယ်စားမင်းအိမ်တော်တွင် မြင်းဇောင်းထိန်းအဖြစ် လုပ်ကိုင်ရင်း ဂုဏ်သရေရှိ သခင်မလေးတစ်ဦးနှင့် အိမ်ထောင်ပြုကာ လူ့အသိုင်းအဝိုင်းတွင် မျက်နှာပွင့်ရန် နေ့ညမပြတ် စိတ်ကူးယဉ်နေသူ ဖြစ်သည်။

မမျှော်လင့်ဘဲ စုရှီးသည်လည်း တကယ်ပင် ကုယွမ်ရှန်း၏ မြူဆွယ်ဖြားယောင်းမှုအောက်တွင် ကျရှုံးသွားခဲ့သည်။

သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကပင် အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် စာလွှာများ အပြန်အလှန် ပေးပို့ရင်း တိတ်တဆိတ် ဖောက်ပြန်မှု ဇာတ်လမ်းကို စတင်ခဲ့ကြခြင်း ဖြစ်၏။

ယခုနှစ်တွင်မှ စုရှီးသည် အသက်ဆယ့်ရှစ်နှစ် အရွယ်သို့ ရောက်ရှိလာခဲ့ပြီး မိသားစုက သူမအတွက် အိမ်ထောင်ဖက် ရှာဖွေရန် စတင်စီစဉ်လာကြသောအခါ ကုယွမ်ရှန်းက စိတ်လှုပ်ရှား စိုးရိမ်လာခဲ့သည်။ သူနှင့် စုရှီးတို့၏ တိတ်တဆိတ် တွေ့ဆုံမှုများက ပိုမိုစိပ်လာခဲ့ပြီး တစ်စထက်တစ်စ ပိုမိုရဲတင်းလာခဲ့ကြကာ မိဘများ၏ ကွယ်ရာတွင်လည်း ကာမကျူးလွန်ပြီးသား ဖြစ်နေခဲ့ကြပြီ။

အရင်ဘဝတုန်းက စုရှီးသည် ဒီဖောက်ပြန်မှု ဇာတ်လမ်းကို ဘယ်သူမှ မရိပ်မိအောင် အပြစ်ပြောစရာမရှိ ဖုံးကွယ်ထားနိုင်ခဲ့၏။ သခင်မကျန်းက ထိုကိစ္စကို သိရှိသွားခဲ့ပြီးနောက်တွင်ပင် သူမက လုမိသားစုထဲသို့ အောင်မြင်စွာ လက်ထပ်ဝင်ရောက်နိုင်ခဲ့သည်။

သူမက ရွှယ်နင်၏ ဝမ်းကွဲ လုသခင်လေး၏ ကွယ်ရာတွင်လည်း ကုယွမ်ရှန်းနှင့် ဆက်လက်ဖောက်ပြန်နေခဲ့ပြီး ၎င်း၏သွေးသားကိုပင် ကိုယ်ဝန်ဆောင်၍ မွေးဖွားပေးခဲ့သေးသည်။

ထိုယုတ်မာပက်စက်တဲ့ လူယုတ်မာနှစ်ယောက်က သူမရဲ့ဝမ်းကွဲအစ်ကိုက စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ပြီး အလားအလာရှိတဲ့ အနာဂတ်ကို ပိုင်ဆိုင်လာတာကို မြင်တွေ့ရတဲ့အခါ၊ သူ တုန်းကျင်းမြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီး စစ်သူကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်အထိ စောင့်ဆိုင်းနေခဲ့ကြသည်။

ထို့နောက်တွင်မှ လုမိသားစု၏ အာဏာတစ်ခုလုံးကို သိမ်းပိုက်နိုင်ရန်အတွက် သူ့အစားအစာထဲသို့ အာနိသင်နှေးသော အဆိပ်များကို တဖြည်းဖြည်း ခတ်ခဲ့ကြခြင်း ဖြစ်သည်။

ခြောက်လခန့်အကြာတွင် ဝမ်းကွဲအစ်ကိုသည် ပြင်းထန်စွာ ဖျားနာကာ ကွယ်လွန်သွားခဲ့ရ၏။

စုရှီးလည်း လုမိသားစု၏ အိမ်တွင်းအာဏာပိုင် သခင်မကြီး ဖြစ်လာခဲ့ပြီး ကုယွမ်ရှန်းနှင့်အတူ နေ့ညမပြတ် ကာမစည်းစိမ်များ ခံစားကာ ပျော်ပါးနေခဲ့တော့သည်။

သူတို့၏ သားအရင်းကလည်း လုမိသားစု၏ အမွေဆက်ခံသူ သခင်လေး ဖြစ်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံမှာ မျက်စိရှိခဲ့တာကြောင့် သူမကို အစကနေ ပြန်လည်စတင်ခွင့် ပေးသနားခဲ့သည်။

"နင်နင်—"

ရွှယ်နင်သည် အတွေးကမ္ဘာထဲမှနေ၍ လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။

သခင်မကျန်းက သက်ပြင်း ခပ်ဖွဖွတစ်ချက် ချလိုက်၏။

"ဒီကိစ္စပြီးရင်တော့ နယ်စားမင်းအိမ်တော်ရဲ့ သခင်မလေးတွေက ဂုဏ်သိက္ခာရော၊ အရှက်တရားပါ အတူတူ မျှဝေခံစားကြရတော့မှာပဲ။ အမေတစ်ယောက်အနေနဲ့ ဒီအခြေအနေကို ပြန်ကုစားနိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ သမီးရဲ့ အိမ်ထောင်ရေးအတွက် ဘာမှမစိုးရိမ်နဲ့... အမေ သမီးအတွက် ဂုဏ်ဒြပ်ချင်း တူညီတဲ့ မိသားစုကောင်းတစ်ခုကနေ သေချာပေါက် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ရှာပေးမယ်"

ရွှယ်နင်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း သခင်မကြီးကျန်း၏ ပုခုံးပေါ်သို့ သူမ၏ ခေါင်းမှီထားလိုက်သည်။

"အမေ ရှိနေတာပဲ... သမီး ဘာမှမစိုးရိမ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ကိစ္စ ဖြစ်ပြီးသွားတော့ သခင်မကြီးက အမေ့ကို ထပ်ပြီးတော့ အပြစ်တင်ဦးမှာလားဟင်"

သခင်မကျန်းသည် "ထပ်ပြီးတော့" ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သတိမမူမိဘဲ ထိုမိန်းကလေးငယ်၏ နားထင်နားက နူးညံသော ဆံနွယ်လေးများကို ကြင်နာစွာဖြင့် သပ်တင်ပေးနေခဲ့သည်။

သူမလည်း ဒီပြဿနာက အလွယ်တကူနှင့် ပြီးဆုံးသွားမည်မဟုတ်ကြောင်း သဘာဝအတိုင်း နားလည်ထားပြီးသား ဖြစ်သည်။ မနက်ဖြန် သခင်မကြီး စိတ်ပြန်လည်တည်ငြိမ်သွားသည်နှင့် သေချာပေါက် နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာလိမ့်မည်။

"ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ။ စုချင်းက ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ကို ခိုးရောင်းပြီး 'ရမ္မက်နှောင်ကြိုး အမွှေးတိုင်' ဆေးကို ဝယ်ခဲ့တယ်၊ အဲ့ဒါကို သခင်မတုန်းက စုရှီးကို ထပ်ဆင့်ပေးခဲ့တာလေ။ ငါက အိမ်တွင်းရေးကိစ္စတွေကို တာဝန်ယူထားရတဲ့ အိမ်တော်သခင်မတစ်ဦးအနေနဲ့ အုပ်ချုပ်မှု ညံ့ဖျင်းတယ်ဆိုတဲ့ အပြစ်လောက်ပဲ ခံရမှာပါ။ အခုတော့ လျိုရှီရော၊ သခင်မတုန်းပါ သူတို့ရဲ့ အဆောင်ထဲမှာပဲ အပိတ်ခံထားရပြီ။ လောလောဆယ် ဒီအိမ်တော်ကြီးက အမေ မရှိရင် မဖြစ်သေးဘူးလေ။ အဲ့ဒီတော့ အချင်းချင်း ကိုက်နေကြတဲ့ ခွေးအုပ်ကြီးကိုပဲ အရင်ဆုံး စောင့်ကြည့်ရုံပေါ့"

သခင်မကျန်းက သူမကို ရယ်မောနောက်ပြောင်နိုင်စဲ ရှိနေတာကို မြင်ရတဲ့အခါ ရွှယ်နင်သည် နူးညံ့စွာ ပြုံးလိုက်၏။

"အမေ ဘေးကင်းကင်းနဲ့ အဆင်ပြေနေသရွေ့... သမီးအတွက် အဲ့ဒါဆိုရင်ပဲ လုံလောက်ပါပြီ"

သခင်မကြီးကျန်းက တခစ်ခစ် ရယ်မောလိုက်သည်။

"ကဲပါ... အမေတစ်ယောက်အနေနဲ့ သမီးလို ကလေးတစ်ယောက်ကို စိတ်ပူခိုင်းရမလား။ လိမ္မာတယ်... စောစောစီးစီး အနားယူတော့နော်"

ရွှယ်နင်က ထပ်ပြောလိုက်သည်။

"ဒါနဲ့ အမေ... လော်မိသားစုအကြောင်းကို အမေ သိလား"

သခင်မကျန်းသည် အစောပိုင်းတုန်းက ရွှယ်နင်တစ်ယောက် လော်ဝမ်ကျွင်းနှင့်အတူ မြှားပစ်ကစားပွဲ ကစားခဲ့တဲ့အကြောင်းကို ကြားထားပြီးဖြစ်သည်။

"သမီးက လော်ဝမ်ကျွင်းရဲ့ မိသားစုအကြောင်းကို ပြောတာလား"

ရွှယ်နင်၏ ပါးပြင်ကလေးနှစ်ဖက်မှာ ရှားရှားပါးပါး ရုတ်တရက် အနည်းငယ် နီမြန်းသွားသည်။

"ဟုတ်ပါတယ်"

သခင်မကျန်းက စနောက်လိုတဲ့ အပြုံးတစ်ခုဖြင့် -

"တို့ နင်နင်လေးက သူ့ကို သဘောကျသွားတာလား"

ရွှယ်နင်က အသေးစိတ် ရှင်းမပြဘဲ ပြောလိုက်သည်။

"အမေ အချိန်ရရင် သမီးအတွက် အဲ့ဒီမိသားစုအကြောင်းကို နည်းနည်းလောက် စုံစမ်းပေးလို့ ရမလားဟင်"

သခင်မကြီးကျန်းက ခဏလောက် စဉ်းစားလိုက်ပြီးနောက် အလိုလိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ... အမေ့ကိုပဲ လွှဲထားလိုက်တော့"

သခင်မကျန်းတွင် ဖြေရှင်းစရာ ကိစ္စများစွာ ကျန်နေသေးသဖြင့် ရွှယ်နင်ကို စိတ်မချ၍ လာကြည့်ခြင်းသာ ဖြစ်သည်။

မိန်းကလေးငယ်၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များကို မြင်တွေ့ရတဲ့အခါ သူမက ရွှယ်နင်၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း စောစောအနားယူရန် ထပ်မံတိုက်တွန်းကာ ထွက်ခွာသွားသည်။

ကြီးမားတဲ့ ပြဿနာအချို့ကို တစ်ခုပြီးတစ်ခု အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သဖြင့် ရွှယ်နင်သည် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူမက သခင်မကျန်းကို ချီယွင်ဆောင်အပြင်ဘက်သို့ လိုက်လံပို့ဆောင်ပေးပြီးနောက် အခန်းထဲသို့ ပြန်လှည့်အဝင်တွင် ရုတ်တရက်ဆိုသလို စိတ်ထဲကနေ ရင်းနှီးပြီး ထိတ်လန့်စရာကောင်းတဲ့ ပူလောင်မှုလှိုင်းလုံးကြီးတစ်ခုက အရှိန်အဟုန်ဖြင့် တိုးဝှေ့တက်လာသည်။

ထိုအပူရှိန်သည် ခန္ဓာကိုယ်၏ နက်ရှိုင်းသောအတွင်းပိုင်းမှ စတင်ကာ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး သူမ၏ ခြေထောက်များက အားအင်ချည်းနဲ့သွားကာ နှင်းတောထဲတွင် လဲပြိုကျလုနီးပါး ဖြစ်သွား၏။

ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။

သူမက ဝိုင်ခွက်ချင်းကို သေသေချာချာ လဲလှယ်ပစ်ခဲ့တာပဲလေ၊ ဘာဖြစ်လို့ သူမဆီမှာ ဆေးအာနိသင်က ပြလာရသေးတာလဲ။

သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။

အပြင်ဘက်မှ တိုက်ခတ်နေသော စိမ့်အေးသည့် လေပြင်းနှင့် နှင်းမုန်တိုင်း၊ အလွန်အမင်း အေးစက်သော ရာသီဥတုတို့ကသာ သူမ၏ ပူလောင်မှုကို အနည်းငယ် သက်သာစေနိုင်ခဲ့သည်။

ဒီလိုအခြေအနေမျိုးကို အရင်ဘဝတုန်းက ကိုယ်တိုင်ကြုံတွေ့ဖူးခဲ့သူပီပီ... သူမက ပြင်းထန်တဲ့ ဆေးဝါးများ၏ နှိပ်စက်မှုကို ခံစားဖူးပြီးဖြစ်တာကြောင့် အခု ကာမစိတ်ကြွဆေး၏ ကြောက်မက်ဖွယ်ကောင်းပုံကို အသိဆုံး ဖြစ်သည်။

စိတ်ထဲတွင် သံသယများနှင့် ပြည့်နှက်နေသော်လည်း သူမ မတုံ့ဆိုင်းရဲဘဲ ပေါင်ချန်အား ကပျာကယာ လှမ်းခေါ်လိုက်သည်။

ပေါင်ချန်က အပြေးအလွှား ရောက်ရှိလာပြီး သူမ၏ သခင်မလေးကို တွဲပေးသည်။

"သခင်မလေး... ဘာဖြစ်လို့လဲဟင်"

အဆောင်ဝင်းတစ်ခုလုံးတွင် လူတွေ၏ မျက်စိများနှင့် နားများက ဝန်းရံနေသဖြင့် ရွှယ်နင် အနည်းငယ်မျှ ပေါ့ဆ၍မရပေ။ သူမက နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ခဲထားရင်း ခေါင်းကိုသာ ခါယမ်းပြလိုက်ကာ ပေါင်ချန်အား သူမကို အခန်းထဲသို့ အရင်တွဲခေါ်သွားရန် အချက်ပြလိုက်၏။

အခန်းထဲသို့ ရောက်ရှိသွားချိန်တွင် မီးသွေးအိုးမှ ထွက်ပေါ်နေသော အပူရှိန်ကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်းမှ မအီမသာဖြစ်မှုများက ပိုမိုပြင်းထန်လာသည်။

သူမက ဆိုဖာနိမ့်လေးပေါ်ရှိ ခေါင်းအုံးကို မှီတွဲလျက် လှဲနေမိပြီး မကြာမီမှာပင် သူမ၏ ပါးပြင်နှစ်ဖက်မှာ နီမြန်းလာခဲ့တော့သည်။

"သခင်မလေး... သခင်မလေး ဖျားပြန်ပြီလား မသိဘူး"

ဘာမှမသိနားမလည်သေးတဲ့ ပေါင်ချန်က စိုးရိမ်တကြီးဖြင့် သူမ၏ လက်ကို ရွှယ်နင်၏ နဖူးပေါ်သို့ တင်ကာ စမ်းကြည့်ရင်း မေးလိုက်သည်။

"ကျွန်မ သမားတော်ကို သွားခေါ်ပေးရမလားဟင်"

ရွှယ်နင်က အလျင်စလို လက်လှမ်းကာ ပေါင်ချန်၏ လက်ကို တားဆီးလိုက်သည်။

"မသွားနဲ့... ဘာသံမှ... ဘာသံမှ အပြင်ကို မထွက်စေနဲ့"

ပေါင်ချန်က စိုးရိမ်ပူပန်နေသည်။

"ဒါပေမဲ့ သခင်မလေးရဲ့ မျက်နှာတစ်ခုလုံးက တကယ်ကို နီရဲနေပြီ”

All Chapters