← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀)။ ။နေမကောင်းဘူးလား

ရွှယ်နင်သည် တုန်ရီပြတ်တောင်းနေသော အသက်ရှူသံများနှင့်အတူ ပူလောင်နေသည့် သူမ၏ ပါးပြင်များကို ပွတ်သပ်ရင်း ဘာလုပ်ရမှန်းမသိအောင် လမ်းပျောက်နေသည်။

အရင်ဘဝတုန်းက သူမက စုကျန်းကို ဆေးခတ်ခဲ့ဖူးပေမယ့် သူမကိုယ်တိုင် အတွေ့အကြုံမရှိတာကြောင့် စိုးရိမ်စိတ်ဝင်ကာ ထိုဆေးရည်ကို တစ်ငုံခန့် မြည်းစမ်းသောက်ခဲ့ဖူးသေးသည်။

ထိုအနည်းငယ်မျှ ဆေးတစ်ငုံသည်ပင် သူမ၏ အသိဉာဏ်များကို ဝေဝါးသွားစေရန်၊ ခြေလက်များကို အားအင်ချည်းနဲ့သွားစေရန်နှင့် ခန္ဓာကိုယ်အတွင်းပိုင်း၌ ဟာတာတာဖြင့် ဖျားချင်သလိုလို ပူလောင်လာစေရန် လုံလောက်ခဲ့ဖူး၏။

နောက်ပိုင်းမှာ စုကျန်းကိုယ်တိုင်ပဲ သူမကိုယ်ပေါ်က ဆေးအာနိသင်ကို ပြေပျောက်အောင် ဖြေပေးခဲ့ခြင်း ဖြစ်သည်...။

ထိုအတွက်ကြောင့် သူမက သူမရဲ့အပျိုစင်ဘဝကို ရင်းနှီးပေးဆပ်ခဲ့ရပြီး နှစ်နာရီကျော် သူမ၏ ခန္ဓာကိုယ်အပေါ် ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက်ပြီး စိတ်ထွက်ပေါက်ရှာခဲ့သမျှကို အလူးအလဲ ခံစားခဲ့ရသည်။

ထိုအချိန်က သူမ မနာကျင်ခဲ့တာတော့ မဟုတ်ပေ။ သို့သော် စုကျန်း၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကြီးနှင့် နီးကပ်စွာ ပူးကပ်လိုက်ရချိန်တွင် သူမ၏ရင်ထဲမှ ပူလောင်မှုများက အနည်းငယ် သက်သာသွားခဲ့ပြီး သူတို့နှစ်ယောက် အတူတူ အိပ်စက်ပြီးနောက်တွင်မှ ထိုရမ္မက်မီးတောက်က နောက်ဆုံး၌ ငြိမ်းအေးသွားခဲ့တာ ဖြစ်သည်။

ထို့ကြောင့် သူမသည် ပေါင်ချန်၏ လက်ကို တင်းကျပ်စွာ လှမ်း၍ ဆွဲကိုင်လိုက်သည်။

ပေါင်ချန်က ဘာမှနားမလည်ဘဲ ဇဝေဇဝါဖြင့် မော့ကြည့်လိုက်ရာ သူမရဲ့ သခင်မလေးက မျက်နှာတစ်ခုလုံး နီမြန်းနေပြီး နှုတ်ခမ်းများလည်း နှုတ်ခမ်းနီဆိုးထားသည့်အတိုင်း. ဖူးပွင့်လုဆဲဆဲ နှင်းစိုနေသော ပန်းပွင့်တစ်ပွင့်ကဲ့သို့ လှပဆွဲဆောင်မှုရှိကာ အရောင်အသွေး စုံလင်နေတာကို မြင်တွေ့လိုက်ရသည်။

ပေါင်ချန်၏ လက်က အေးစိမ့်နေသည်။ရွှယ်နင်က ထိုလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း သူမနဲ့ ပိုမိုနီးကပ်အောင် ဆွဲခေါ်ကာ လက်မောင်းနှစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်တွယ်ထားလိုက်တော့သည်။

ပေါင်ချန်က နားမလည်နိုင်ပေ။

"သခင်မလေး... ဘာလုပ်နေတာလဲ"

ရွှယ်နင်၏စိတ်ထဲတွင် နောင်တများဖြင့် ပြည့်နှက်သွား၏။ သူမတို့နှစ်ယောက်၏ ခန္ဓာကိုယ်အပူရှိန်ချင်း ရောယှက်သွားချိန်တွင်မူ သူမရဲ့ ရင်တွင်းပူလောင်မှု ညှဉ်းပန်းနှိပ်စက်မှုများက ပိုမိုပြင်းထန်လာသည်။

သူမက မျက်ရည်ဝဲနေတဲ့ မျက်လုံးဝိုင်းကြီးများကို ပင့်တင်လျက် ပေါင်ချန်အား ဝေခွဲမရစွာဖြင့် စိုက်ကြည့်နေမိသည်။

"ဘာလို့... ဘာလို့ ဆေးက မပြယ်တာလဲ?!"

ပေါင်ချန်သည် သူမရဲ့ သခင်မလေး အခုလိုမျိုး ချစ်စရာကောင်းတဲ့ အမူအရာမျိုး ဖြစ်နေတာကို တစ်ခါမှ မမြင်ဖူးတာကြောင့် ပြုံးလိုက်သည်။

"သခင်မလေး... ဘာက မပြယ်တာလဲဟင်။ ကျွန်မကို တကယ်ပဲ အခုလိုမျိုး ဖက်ထားဖို့ လိုလို့လား"

ရွှယ်နင်၏ အသိဉာဏ်များ တစ်စထက်တစ်စ ပိုမိုဝေဝါးလာခဲ့သည်။ ထို "ရမ္မက်နှောင်ကြိုး အမွှေးတိုင်" ဆေးအာနိသင်အောက်တွင် စုရှီးတစ်ယောက် မြင်းဇောင်းထဲမှာ အရှက်ကင်းမဲ့တဲ့ ကိစ္စများကို ဘာကြောင့် လုပ်ရဲခဲ့သလဲဆိုတာ မဆန်းတော့ဘူး။ ဒီဆေးက အရမ်းပြင်းထန်လွန်းတယ်... သူမ ဟိုးတုန်းက ဝယ်ခဲ့ဖူးတဲ့ ဆေးထက် ဆယ်ဆမက ပိုအာနိသင် ပြင်းတယ်။

အမျိုးသမီးတစ်ဦးကို ဖက်ထားရုံဖြင့် ဘယ်လိုမှ အသုံးမဝင်ချေ၊ သူမက အမျိုးသားတစ်ဦး... ၎င်းအပြင် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး လိုအပ်နေခြင်း ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမက လက်မထပ်ရသေးတဲ့ အပျိုစင်မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ ဦးနှောက်ထဲမှာ ပေါ်လာတဲ့ ပုံရိပ်များက အပြင်ထုတ်ပြောရန် အလွန်အမင်း အရှက်ဖွယ်ကောင်း၏။ သူမရဲ့ မျက်နှာတစ်ခုလုံး နီမြန်းကာ ကျန်ရှိနေတဲ့ အားအင်များကို စုစည်း၍ သူမ၏ အပြင်အင်္ကျီအရှည်ကြီးကို ချွတ်ပစ်လိုက်ရာ ဖြူဖျော့ဖျော့ ပန်းရောင်အတွင်းခံ အင်္ကျီလေးသာ ကျန်ရစ်တော့သည်။ သူမက ပေါင်ချန်ကို ပြောလိုက်သည်။

"ငါ တကယ်ပဲ ပူလွန်းလို့ပါ... ပေါင်ချန်... ရေချိုးခန်းထဲသွားပြီး ရေအေးတစ်ပုံး အမြန်ပြင်ပေးစမ်း... ငါ အခုပဲ လာခဲ့မယ်..."

"ရေအေး ဟုတ်လား။ သခင်မလေး... အဲ့ဒါတော့ မဖြစ်ဘူးလေ။ အခုက ဆယ်လနှောင်းပိုင်း ရောက်နေပြီမလို့ မြို့တော်ရဲ့ ရာသီဥတုက အရိုးကွဲမတတ် အေးစက်နေတာ။ အကယ်၍ သခင်မလေးက ရေအေးထဲမှာ စိမ်နေမယ်ဆိုရင် သခင်မလေးရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ"

ရွှယ်နင်သည် သူမ၏ နီမြန်းနေသော နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း ဘာမှပြန်မပြောခဲ့ပေ။

ဒီလိုနာကျင်မှုကို တောင့်ခံနေရတာက တခြားတစ်စုံတစ်ဦးကို အသနားခံ တောင်းပန်နေရတာထက်စာလျှင် ပိုအဆင်ပြေပါသေးတယ်။

ဒီဘဝမှာတော့ သူမ နာကျင်လွန်းလို့ သေသွားပါစေဦးတော့... စုကျန်း ရှေ့မှာ နည်းနည်းလေးတောင် အရှုံးပေးမှာ မဟုတ်ဘူး။

"အဆင်ပြေပါတယ်။ ငါ ပြောတဲ့အတိုင်းသာ သွားလုပ်စမ်းပါ..."

".. ဒါဆိုရင်လည်း ကောင်းပါပြီ"

ပေါင်ချန်၏ နက်မှောင်သော မျက်ဝန်းများတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။ သူမက သူမရဲ့ သခင်မလေးကို အကဲခတ်သလို အကြိမ်အတော်ကြာ လှည့်ကြည့်ပြီးနောက်တွင်မှ နောက်ဆုံး၌ ထရပ်ကာ အပြင်သို့ ထွက်သွားတော့၏။

ဆေးအာနိသင်၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ရွှယ်နင်သည် ဘယ်သူ့ကိုမှ အနီးကပ် လာရောက်ပြုစုခွင့် မပေးခဲ့ဘဲ ကျန်ရှိနေတဲ့အစေခံများကိုပါ အဝေးသို့ မောင်းထုတ်ထားသည်။

တံခါးပွင့်သွားချိန်တွင် လိုက်ကာစများ၏ ကြားမှနေ၍ စိမ့်အေးသော လေအေးတစ်ချက် တိုးဝှေ့ဝင်ရောက်လာခဲ့၏။

ရွှယ်နင်သည် ဆိုဖာနိမ့်လေးပေါ်တွင် တစ်ကိုယ်တည်း ထိုင်ရင်း သူမ၏ဒူးနှစ်ဖက်ကို ဖက်ထားမိကာ လည်ချောင်းဝတစ်ခုလုံးမှာလည်း တစ်စထက်တစ်စ ပိုမိုခြောက်သွေ့လာခဲ့သည်။

သူမ၏ ရင်ဘတ်ထဲတွင် လောင်မြိုက်နေတဲ့ ရမ္မက်မီးတောက်က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုဖျက်ဆီးပစ်တော့မည့်အတိုင်း ခံစားနေရပြီး ခြေလက်များမှာ အားအင်ချည့်နဲ့ကာ နဖူးပြင်ပေါ်တွင်လည်း ချွေးစေးများ စိမ့်ထွက်လာသည်။

သူမက ဒီလောက်အထိ မသက်မသာ ဖြစ်နေရတာကို ဘယ်လို သက်သာအောင် ပြုလုပ်ရမှန်း မသိတော့ချေ။ သူမ၏ ခြေထောက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ် စေ့ထားမိသော်လည်း ခန္ဓာကိုယ်အောက်ပိုင်းဆီမှ ယားယံပူလောင်လာသော ခံစားချက်ကိုတော့ သိသိသာသာ ခံစားနေရဆဲပင်...။

သူမက ဘာမှမသိနားမလည်တဲ့ အပျိုစင်တစ်ယောက် မဟုတ်တာကြောင့် ယောကျာ်းနှင့်မိန်းမကြားက ကိစ္စရပ်အချို့ကို ကောင်းစွာ နားလည်ထားပြီးသား ဖြစ်သည်။ ဒါပေမဲ့လည်း အရင်ဘဝတုန်းက စုကျန်းနှင့် ပတ်သက်ခဲ့ရတဲ့ ကာမကိစ္စရပ်များက အလွန်အမင်း နည်းပါးခဲ့ဖူးသည့်အပြင် အကြိမ်တိုင်းတွင်လည်း စိတ်ချမ်းမြေ့စရာ မကောင်းဘဲ နာကျင်စရာများသာ ဖြစ်ခဲ့၏။ ထို့အပြင် ယုံကျိုးရှိ အိမ်ဟောင်းဆီသို့ ငါးနှစ်တိုင်တိုင် နှင်ထုတ်ခံခဲ့ရပြီးနောက်တွင် အဲ့လိုကိစ္စများကို ဘယ်လိုပြုမူဆောင်ရွက်ရမလဲဆိုတာကို သူမ တကယ်ပဲ မမှတ်မိတော့ချေ...။

ဒါ့အပြင် အခုဘဝမှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့သဖြင့် သူမက ငယ်ရွယ်နုပျိုနေသေးတဲ့အပြင်... အိမ်ထောင်လည်း မပြုရသေးချေ...။ မည်သို့ပင်ဖြစ်စေ ဒီလိုအခြေအနေမျိုးနှင့် ကြုံတွေ့နေရချိန်တွင် သမားတော်ကို ဗြောင်ကျကျ ခေါ်ယူ၍မရနိုင်ပေ။

မဟုတ်ပါက နယ်စားမင်းအိမ်တော်မှ လူများ သေချာပေါက် သိရှိသွားကြမှာဖြစ်ပြီး ၎င်းမှာ သူမ၏ ဂုဏ်သိက္ခာအတွက် လုံးဝ ကောင်းကျိုးရှိလာမည် မဟုတ်ပေ။

အခြေအနေတွေက ဘာဖြစ်လို့ ဒီလောက်အထိ ဖြစ်ပျက်လာရတာလဲ။ သူမဘက်က အစစအရာရာ သတိကြီးစွာ ထားခဲ့ပါလျက်နှင့် နောက်ဆုံးမှာ စုရှီး၏ ထောင်ချောက်ထဲ ထပ်ပြီးကျဆင်းခဲ့ရပြန်ပြီ။

အေးစက်တဲ့အရာတစ်ခုခုဖြင့် ထိတွေ့လိုက်ရင်တော့ သူမရဲ့ဝေဒနာကို အနည်းငယ် သက်သာစေနိုင်လိမ့်မယ်လို့ ထင်ရတယ်။

သူမသည် ထရပ်လိုက်ပြီး ကြီးမားတဲ့ ကြွေပန်းအိုးကြီးတစ်လုံးကို ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွတ်သပ်ပွေ့ဖက်ရင်း ကုတင်အစွန်းတွင် မိန်းမောတွေဝေစွာ ထိုင်နေမိသည်။

သူမ၏ အတွေးများက ရှုပ်ထွေးနောက်ကျိနေပြီး အရှုပ်ထုတ်တစ်ခုလို လုံးထွေးနေသည်။

သူမက အပြင်လောကကြီးတစ်ခုလုံးကို မေ့လျော့နေပြီး ရင်တွင်းပူလောင်မှုများနှင့် အသည်းအသန် လုံးပန်းတိုက်ခိုက်နေရသည့် အချိန်တွင်ပင်... ရုတ်တရက်ဆိုသလို တံခါးအပြင်ဘက်က‌နေ အေးစက်တဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။

"ရွှယ်နင်... အပြင်ထွက်ခဲ့"

စုကျန်း၏ အသံကို ကြားလိုက်ရချိန်တွင် ရွှယ်နင်၏ တစ်ကိုယ်လုံး တုန်ရီသွားသည်။

သူမရဲ့ ဝေဝါးထုံထိုင်းနေတဲ့ ဦးနှောက်လည်း ထိုအသံကြောင့် ချက်ချင်း ကြည်လင်ပြတ်သားသွားသည်။

သူမက ပွင့်နေတဲ့ အင်္ကျီရင်ဘတ်စများကို အလျင်စလို ပြန်စုစည်းလိုက်ပြီး ကျန်ရှိနေတဲ့ အားအင်များကို စုဆောင်းကာ အပြင်အင်္ကျီအရှည်ကြီးကို ကောက်ယူ၍ သေသေချာချာ ပြန်ဝတ်လိုက်သည်။

သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လုံခြုံအောင် တင်းကျပ်စွာ ထုပ်ပိုးပြီးနောက်တွင်မှ တံခါးအပြင်ဘက်မှ အမျိုးသားအား လှမ်းပြောလိုက်၏။

"ညီမ အိပ်တော့မလို့ပါ အစ်ကိုကြီး။ တခြား လိုအပ်တဲ့ကိစ္စ ရှိသေးလို့လား"

စုကျန်း၏ လေသံတွင် စိတ်မရှည်ဟန်များ ရှိနေသည်

"သေချာပေါက်... ရှိလို့ပေါ့"

ရွှယ်နင်သည် သူမ၏ နီမြန်းနေသော နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်လိုက်၏။

"ညီမ နေသိပ်မကောင်းလို့ပါ။ မနက်ဖြန်အထိ စောင့်လို့ မရဘူးလား..."

စုကျန်းက သူမကို ငြင်းပယ်ခွင့် အနည်းငယ်တောင် မပေးခဲ့ချေ။

"ငါ အထဲဝင်ခဲ့မယ်"

ရွှယ်နင်သည် သူမ၏ လက်သည်းများကို လက်ဖဝါးထဲအထိ စူးဝင်သွားအောင် တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး ထိုစူးရှတဲ့ နာကျင်မှုကြောင့်သာ သူမ၏ နောက်ဆုံးကျန်ရှိနေတဲ့ အသိတရားအနည်းငယ်ကို ထိန်းသိမ်းထားနိုင်တာ ဖြစ်သည်။

စုကျန်းသည် အမြဲတမ်း အာဏာရှင်ဆန်ပြီး အတင်းအဓမ္မ ပြုမူတတ်သူ ဖြစ်၏။ အကယ်၍ သူမဘက်က ဇွတ်ငြင်းဆန်နေပါက သူက အစ်ကိုကြီးတစ်ယောက်ရဲ့ အာဏာကို အသုံးပြုပြီး အခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာမှာ သေချာသည်။

သူမ ထိတ်လန့်သွားပြီး လိုက်ကာစကို ဆွဲပင့်လိုက်ကာ တံခါးကို အမြန်ဆုံး တွန်းဖွင့်၍ အပြင်သို့ လှမ်းထွက်လိုက်သည်။

ထိုနေရာတွင် စုကျန်းသည် ရွှေချည်ထိုး ပိုးထည်သေတ္တာလေးတစ်လုံးကို ကိုင်ဆောင်လျက် သူ၏ မြင့်မားထွားကျိုင်းတဲ့ ခန္ဓာကိုယ်ကြီးဖြင့် တံခါးဝ၏ အပြင်ဘက်တွင် မတ်တပ်ရပ်နေပြီဖြစ်၏။

သူမရဲ့ ခြေထောက်များက အစကတည်းက အားအင်မရှိတာကြောင့် တံခါးဝမှ ထွက်လိုက်သည်နှင့် လျှောခနဲ ဖြစ်သွားကာ သူ့ရင်ခွင်ကျယ်ကြီးထဲသို့ တိုက်ရိုက် တိုးဝင်လဲကျသွားတော့သည်။

ထိုအမျိုးသား၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ထူးခြားသည့် အမွှေးနံ့က သူမ နှာခေါင်းထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။

သူ့ရဲ့ကြီးမားတဲ့ လက်တစ်စုံက သူမ၏ ခါးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်တဲ့အခါ ထူထဲတဲ့ အဝတ်အစားများ ကာဆီးနေသော်လည်း ထိုလက်ဖဝါး၏ ထိတွေ့မှုကြောင့်ပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မထိန်းချုပ်နိုင်အောင် တုန်ရီသွားသည်။

ရွှယ်နင်၏ မျက်နှာသည် သွေးဆုတ်သွားသကဲ့သို့ ဖြူလျော်သွားပြီး သူ့ကို အလျင်အမြန် တွန်းဖယ်လိုက်သည်။

"တောင်းပန်ပါတယ်... ညီမ... ညီမ ခြေလှမ်းမှားသွားလို့ပါ"

ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းခန့် ကွာဝေးသော နေရာမှနေ၍ စုကျန်းသည် မျက်မှောင်ကြုတ်လျက် ထိုမိန်းကလေးငယ်၏ မျက်နှာအမူအရာကို သေသေချာချာ စုံစမ်းစစ်ဆေးသကဲ့သို့ စိုက်ကြည့်လိုက်သည်။

သူမ၏ မျက်နှာပေါ်တွင် ဖုံးကွယ်မရတဲ့ ခေါင်းမာမှုနှင့်အတူ ဖော်ပြရန်ခက်ခဲသည့် ရှက်ရွံ့မှုများ ရောယှက်နေခဲ့သည်။ အစောပိုင်းက ဖြူဖတ်နေတဲ့ သူမရဲ့ မျက်နှာလေးက ချက်ချင်းဆိုသလို နီမြန်းလာခဲ့ပြီး... သုံးလပိုင်း၏ သစ်ကိုင်းဖျားပေါ်တွင် တုန်ရီနေသော မက်မွန်သီးနုနုလေးတစ်လုံးကဲ့သို့ ဖြူစင်မှုကြားမှ ပန်းရောင်သန်းနေကာ လူတစ်ယောက်အား ဆွတ်ခူးချင်စိတ် ပေါက်လာအောင် ဆွဲဆောင်နေသည်။

အခုရက်ပိုင်းအတွင်း ရွှယ်နင် တကယ်ပဲ တစ်မျိုးပြောင်းလဲသွားခဲ့တယ် မဟုတ်လား။

မော့ပိုင်ကိုယ်တိုင်တောင် သူ့ရှေ့မှောက် သူမ၏ စိမ်းကားအေးစက်နေတတ်ပုံကို အကြိမ်ကြိမ် ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

ဒါပေမဲ့ အခု သူမကို ကြည့်ရတာ မိန်းကလေးငယ်တစ်ယောက်ရဲ့ စိတ်ထဲကခံစားချက်များအားလုံးကို မျက်နှာပေါ်မှာ အထင်အရှား ရေးထားနေပြီ။

အဲ့လို ရှက်ရွံ့နေတဲ့ အမူအရာက သူမ သူ့ကို မြူဆွယ်ဖြားယောင်းဖို့ ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ။

စုကျန်းက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ရင်း လက်ထဲမှ သေတ္တာကို သူမဆီ ကမ်းပေးလိုက်သည်။

"ဒါ မင်းအတွက်။ ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီး မင်း မတရား အစွပ်စွဲခံခဲ့ရတာမလို့"

ရွှယ်နင်သည် စုကျန့်ကဲ့သို့ အေးစက်ပြီး မာနထောင်လွှားတဲ့ ယောကျာ်းတစ်ယောက်က သူမကို အရင်ဆုံး လာရောက်တောင်းပန်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပေ။

သို့သော် ဤအခိုက်အတန့်တွင် သူမ၌ အတွေးလွန်နေရန် စိတ်မရှိချေ။ သူမက ဝေဝါးစိုစွတ်နေတဲ့ မျက်ဝန်းများဖြင့် ထိုအမျိုးသား၏ နက်ရှိုင်းလှပပြီး အပြစ်ပြောစရာမရှိအောင် ခန့်ညားတဲ့ မျက်နှာကိုသာ ဗလာဖြစ်စွာ စိုက်ကြည့်နေမိသည်။

ဖြူစင်တဲ့ နှင်းပွင့်လေးများသည် စုကျန်း၏ ကျယ်ပြန့်သော ပုခုံးစွန်းများပေါ်တွင် လာရောက်တင်မှီနေကြ၏။ သူက ကတ္တီပါရောင်ကဲ့သို့ နက်မှောင်လှသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် သားရေပတ်ကို တင်းကျပ်စွာ ပတ်နှောင်ထားရာ သူ၏ သွယ်လျထွားကျိုင်းသော ခါးအလှကို ပိုမိုပေါ်လွင်စေသည်။

ပြင်းထန်တဲ့ ဆေးအာနိသင်ကြောင့် ရွှယ်နင်သည် သူမ၏ အကြည့်များကို သူ့ဆီကနေ ဘယ်လိုမှ လွှဲဖယ်၍မရနိုင်ဘဲ ဖြစ်နေသည်။

သူတို့နှစ်ယောက် အတူတူ ဖြတ်သန်းခဲ့ဖူးတဲ့ ပထမဆုံးညကို ပြန်အမှတ်ရမိချိန်တွင် သူမ၏ ရင်ထဲမှ ဟာတာတာ ဖြစ်နေတဲ့ ခံစားချက်က အောက်ခြေမရှိတဲ့ ချောက်နက်ကြီးတစ်ခုကဲ့သို့ သူမအား အသည်းအသန် နှိပ်စက်ညှဉ်းပန်းနေတော့သည်။

တခြားအရာတွေကို ခဏဖယ်ထားဦးတော့... စုကျန်းက တကယ်ကို အဆင့်အတန်းမြင့်မားပြီး ထိပ်တန်းကျတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံမျိုးကို ပိုင်ဆိုင်ထားတာ။

အရင်ဘဝတုန်းက သူ သူမရဲ့ကိုယ်ပေါ်မှာရှိတဲ့အခါတိုင်း သူ့နည်းစနစ်များက ကြမ်းတမ်းပြီး မနူးညံ့ခဲ့ပေမယ့် သူမကို မခံမရပ်နိုင်လောက်အောင် ပြင်းထန်တဲ့ သာယာမှုကို ပေးစွမ်းနိုင်ခဲ့တယ် မဟုတ်လား။

သူမ၏ နဖူးပြင်ပေါ်တွင် ပူလောင်သော ချွေးစေးများ ထွက်ပေါ်လာခဲ့ပြီး နီမြန်းနေသော မျက်ဝန်းများမှာလည်း ထိတ်လန့်တုန်လှုပ်လျက် အလျင်စလို အကြည့်ကို လွှဲဖယ်လိုက်ရသည်။

"ညီမမှာ ဘာမတရားတာမှ မရှိပါဘူး အစ်ကိုကြီး... ဒါတွေ တကယ်မလို—"

"မင်း ပြန်ဖျားနေတာလား"

စုကျန်း၏ ကြီးမားပြီး အေးစက်နေသော လက်ဖဝါးကြီးသည် သူမ၏ နဖူးပြင်ပေါ်သို့ အုပ်မိုး၍ ကျရောက်လာသည်။

ရွှယ်နင်၏ စကားလုံးများက လည်ချောင်းဝတွင် ရပ်တန့်သွားပြီး သူမ၏ သူငယ်အိမ်များ အနည်းငယ် ပြူးကျယ်သွားကာ မျက်နှာတစ်ခုလုံးလည်း မထိန်းချုပ်နိုင်အောင် ပိုမိုနီမြန်းလာတော့သည်။

ထိုအမျိုးသား၏ ထိတွေ့မှုအောက်တွင် သူမ၏ နားရွက်နှစ်ဖက်မှာ နီရဲနေပြီး အရည်ပျော်ကျတော့မလို ဖြစ်နေ၏။

စုကျန်း၏အသံက ခပ်တိုးတိုးပင်။

"ဟမ်?...”

All Chapters