← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄)။ ။ လီချန်ချဲ့၊ ပထမဦးဆုံးသော

ရွှယ်နင်၏ ဆင်ခြင်တုံတရားမှာ အတွင်းပိုင်းမှနေ၍ အပိုင်းပိုင်းအစစ ပြိုလဲပျက်စီးနေသည်။

သူမက နှုတ်ခမ်းများကို ဟလိုက်ပြီး သူမ၏ လက်ဖမိုးကို တင်းတင်းကျပ်ကျပ် ကိုက်ချပစ်လိုက်သော်လည်း... မျှော်လင့်ထားသကဲ့သို့ စူးရှသော နာကျင်မှုဝေဒနာက ရောက်ရှိလာခြင်း မရှိခဲ့ပေ။

သူမ တုန်တုန်ရင်ရင်ဖြင့် မျက်ဝန်းများကို ဖွင့်ကြည့်လိုက်ချိန်တွင် သူမ၏ နှုတ်ခမ်းဝရှေ့၌ ကာဆီးပေးထားသော ကြီးမားသည့် လက်ဖဝါးပြင်ကြီးကို မြင်တွေ့လိုက်ရသည်။

သူမ၏ သွားများက သူ့လက်မနှင့် လက်ညှိုးကြားရှိ အသားထူထူနေရာကို တင်းတင်းကျပ်ကျပ် ကိုက်ထားမိခြင်း ဖြစ်၏။

သူမ ကိုက်လိုက်တဲ့ အင်အားက အတော်လေး ပြင်းထန်တာကြောင့် သူ့လက်မှာ နက်ရှိုင်းတဲ့ သွားရာကြီး ကျန်ရစ်ခဲ့ပြီး သွေးစက်အချို့ပင် စိမ့်ထွက်လာသည်။

သို့သော် ထိုအမျိုးသားက သူ၏ လက်ဆစ်များကို အနည်းငယ် လှုပ်ရှားလိုက်ရုံမှတစ်ပါး မျက်မှောင်ပင် တစ်ချက်တွန့်ကွေးခြင်း မရှိချေ။

ရွှယ်နင်သည် ထိုအမျိုးသား၏ သန်မာတဲ့ လက်မောင်းကို အတင်းဆုပ်ကိုင်ထားမိရင်း မျက်ရည်စများ ဝေ့သီနေတဲ့ မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

သူမ တောင့်တနေတဲ့ အရာကို ထိတွေ့လိုက်ရလို့ ထင်ပါတယ်။သူမရဲ့ ခန္ဓာကိုယ်လေးက ယိုင်နဲ့သွားပြီး အမျိုးသားရဲ့ ရင်ခွင်ကျယ်ကြီးထဲကို အတင်းအကျပ် တိုးဝှေ့မှီတွယ်လိုက်၏။

သူ့ဆီက အေးစက်တဲ့အငွေ့အသက်များက သူမရဲ့ တစ်ကိုယ်လုံး စိမ့်ဝင်သွားပြီး မခံမရပ်နိုင်လောက်အောင် သက်တောင့်သက်သာရှိတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။

သူမ၏ လက်လေးများက ထိုအမျိုးသား၏ ခါးကို ရစ်ပတ်ထားပြီး ပါးပြင်ကိုပါ သူ့ရင်ဘတ်ကျယ်ကြီးပေါ် စိတ်ကျေနပ်စွာဖြင့် ပွတ်သပ်နေမိတော့သည်။

ပေါင်ချန်သည် တစ်ကိုယ်လုံး ဆွံ့အမှင်သက်သွားခဲ့ပြီး အနေရခက်စွာဖြင့် ထိုနေရာတွင်ပင် အကြောင်သား ထိုင်နေမိသည်။

"သခင်လေးလီ... ကျွန်မ... ကျွန်မတို့ သခင်မလေးက ပုံမှန်ဆိုရင် ဒီလိုမျိုး လုံးဝမဟုတ်ပါဘူး..."

လီချန်ချဲ့သည် ထိုမိန်းကလေးငယ်အား သူ့ရင်ခွင်ထဲသို့ အလိုလို ဆွဲသွင်းလိုက်သည်။ သွေးစက်များ စိမ့်ထွက်တော့မည့်အတိုင်း နီမြန်းနေတဲ့ သူမ၏ ပါးပြင်များကို ကြည့်ရင်း သူက အပြင်ဘက်ကို လေသံပြတ်ပြတ်ဖြင့် အမိန့်ပေးလိုက်၏။

"ဖူရှန်း မင်းကိုယ်တိုင် ဆေးခန်းကို အမြန်သွားပြီး စိတ်ချရတဲ့ သမားတော်တစ်ယောက်ကို လုမိသားစုအိမ်တော်ဆီ အမြန်ဆုံး လိုက်လာခဲ့ဖို့ ခေါ်ခဲ့စမ်း"

ရွှယ်နင်၏ စိတ်အာရုံများသည် ဝေဝါးနေပြီး တခြားအရာများကို တွေးတောဆင်ခြင်ရန် လုံးဝအားမရှိတော့ချေ။

ဆေးအာနိသင်ရဲ့ နှိပ်စက်မှုကို တစ်ညလုံး ခံစားခဲ့ရပြီးနောက် သူမက သူမရဲ့ နောက်ဆုံးစိတ်ထိန်းချုပ်မှုကိုပါ ရာစုနှစ်တစ်ခုစာလောက် ဆုံးရှုံးသွားပြီ။

သူမက မသက်မသာဖြစ်မှုများကြောင့် သူမ၏ ကော်လာစကို ဆွဲဖွင့်လိုက်ရာ... သွယ်လျပြီး ဖြူဝင်းသော လည်တိုင်လေး ပေါ်ထွက်လာခဲ့သည်။ သူမ၏ နီမြန်းပြီး ရမ္မက်မီးတောက်များ တောက်လောင်နေသော မျက်ဝန်းများက ထိုအမျိုးသားအား တည့်တည့် စိုက်ကြည့်နေခဲ့သည်။

ပေါင်ချန်က တစ်ခုခုကို တားဆီးရန် ပြင်လိုက်သော်လည်း... အရာအားလုံးက အချိန်နှောင်းသွားခဲ့ပြီ။

သူမသခင်မလေးရဲ့ အနီရောင်နှုတ်ခမ်းတွေက လီချန်ချဲ့ရဲ့ နှုတ်ခမ်းပါးတွေပေါ် ဖိကပ်သွားပြီ!!!!

အားးးး...သူမ အော်ဟစ်ပစ်လိုက်ချင်ပေမယ့် အော်မရနိုင်ပေ။

လီချန်ချဲ့၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး... သူ့နှုတ်ခမ်းထက်မှ နူးညံ့ပျော့ပျောင်းပြီး မွှေးပျံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ သူ့မျက်ဝန်းများက ညကောင်းကင်ယံအောက်မှ အောက်ခြေမရှိသော ပင်လယ်ပြင်ကြီးကဲ့သို့ နက်မှောင်အုံ့မှိုင်းသွား၏။

သေးငယ်တဲ့ မြင်းရထားငယ်လေးအတွင်း၌ လေထုတစ်ခုလုံးက ပြောပြ၍မရနိုင်လောက်အောင် တင်းမာသွားသည်။

"သခင်လေးလီ... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်ရှင်။ ကျွန်မ သခင်မလေးကို ဆွဲခေါ်လိုက်—"

"မလိုဘူး"

ပေါင်ချန် ကြောင်သွားတယ်။

"..."

လီချန်ချဲ့၏ ချောမောတဲ့ မျက်နှာက တည်ငြိမ်အေးစက်နေဆဲ ဖြစ်သည်။ သူက လက်တစ်ဖက်ဖြင့် ရွှယ်နင်၏ သွယ်လျတဲ့ခါးလေးကို ဆုပ်ကိုင်ထားပြီး ထိုမိန်းကလေး၏ နီမြန်းနေသော မျက်နှာနှင့် ဆွဲဆောင်မှုရှိတဲ့ ညည်းသံတိုးတိုးလေးများ မကြာခဏ ထွက်ပေါ်နေသည့် ချယ်ရီသီးပုံစံ နှုတ်ခမ်းကို စိုက်ကြည့်နေမိသည်။ သူ တစ်ခုခုကို ရိပ်မိနားလည်သွား၏။

သူက ထိုနူးညံ့ပျော့ပျောင်းပြီး မွှေးပျံ့တဲ့ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ပိုပြီးဆွဲဖက်လိုက်ရင်း ပေါင်ချန်အား အေးစက်စက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။

ပေါင်ချန်က လုံးဝ တွေဝေအံ့ဩနေသည်။

လီချန်ချဲ့က ပြောလိုက်၏။

"ဟိုဘက်လှည့်လိုက်"

ထိုအမျိုးသားသည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပေမယ့် သူ၏ အရှိန်အဝါနှင့် ခက်ထန်တဲ့ မျက်နှာအမူအရာတို့က လူများကို အလိုလို ကြောက်ရွံ့စေသည်။

ပေါင်ချန်၏ မျက်နှာတွင် ခံစားချက်မျိုးစုံ ရောယှက်နေပြီးမှ လေသံပျော့ကလေးဖြင့် -

"ဒါပေမဲ့... ကျွန်မက သခင်မလေးကို စောင့်ရှောက်ရမှာပါ..."

လီချန်ချဲ့၏ လေသံက တည်ငြိမ်ပြီး ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

"ငါ မင်းတို့ သခင်မလေးကို ကူညီပေးမယ်"

ထိုအမျိုးသားက သူမရဲ့သခင်မလေးကို ပွေ့ဖက်ထားတာကို ကြည့်ရင်း ပေါင်ချန်၏ မျက်နှာလေးမှာ စိုးရိမ်စိတ်ကြောင့် ရှုံ့မဲ့သွားသည်။

"သခင်လေးလီ... ဒါ... ဒါက... ရှင်... ဘယ်လိုမျိုး... ဘယ်လိုမျိုး ကူညီပေးမှာလဲ"

လီချန်ချဲ့က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

"ဒါက... မင်းလို မိန်းကလေးငယ်တစ်ယောက် မေးရမယ့် ကိစ္စမဟုတ်ဘူး"

ပေါင်ချန်က သူမ၏ နှုတ်ခမ်းကို ပြန်ပိတ်လိုက်ရပြီးမှ မဝံ့မရဲဖြင့် ထပ်မံဖြည့်စွက်ပြောလိုက်ပြန်သည်။

"ဒါပေမဲ့... ကျွန်မတို့ သခင်မလေးက အအေးမိပြီး ဖျားနေတာ မဟုတ်ဘူးလားဟင်..."

လီချန်ချဲ့၏ မျက်ခုံးများ တင်းတင်းကျပ်ကျပ် တွန့်ကွေးသွားပြီး သူ့တစ်ကိုယ်လုံးကနေ လူတွေကို တုန်လှုပ်ခြောက်ခြားစေနိုင်လောက်တဲ့ ဖိအားလှိုင်းလုံးကြီးတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသည်။

ပေါင်ချန်မှာလည်း အခြားရွေးချယ်စရာ မရှိတော့သဖြင့် နာခံစွာဖြင့်ပင် သူမ၏ ကျောပြင်ကိုသာ လှည့်ပေးထားလိုက်ရတော့သည်။

ထိုကျဉ်းမြောင်းတဲ့ မြင်းရထားငယ်လေးအတွင်း၌... ရွှယ်နင်၏ အတင်းအကျပ် ဖိနှိပ်ချုပ်တည်းထားရတဲ့ နာကျင်ဖွယ် အသက်ရှူသံပြင်းပြင်းများနှင့်အတူ မကြာခဏဆိုသလို ရှိုက်ကြီးတငင် ငိုရှိုက်သံတိုးတိုးလေးများသာ ပျံ့လွင့်နေသည်။

ပေါင်ချန်၏ စိတ်ထဲ၌ စိုးရိမ်ပူပန်စိတ်ကြောင့် နာကျင်နေသော်လည်း... မမြင်သင့်တဲ့ မြင်ကွင်းမျိုးကို မြင်တွေ့မိသွားမှာကို စိုးရိမ်တာကြောင့် နောက်သို့ လုံးဝ လှည့်မကြည့်ရဲခဲ့ပေ။

အမွှေးတိုင်တစ်တိုင်စာခန့် ကုန်ဆုံးချိန်တွင် မြင်းရထားသည် ဝီလိုလမ်းကြားရှိ လုမိသားစုအိမ်တော်၏ တံခါးဝရှေ့မှာ ရပ်တန့်သွား၏။

"သခင်လေးလီ... ကျွန်မ ပြန်လှည့်လို့ ရပြီလား..."

ထိုအမျိုးသား၏ လေသံက နက်ရှိုင်းကာ အနည်းငယ် ကွဲအက်နေပြီး မူမမှန်တဲ့အငွေ့အသက်များ ရောယှက်နေသည်။

"အင်း..."

ထိုအချိန်ကျမှသာ ပေါင်ချန်သည် နာခံစွာဖြင့် နောက်သို့ မျက်နှာပြန်လှည့်ကြည့်လိုက်တော့၏။

ကံကောင်းထောက်မစွာဖြင့်ပင်... သူမ သခင်မလေး၏ ဝတ်ရုံများက သေသပ် စနစ်တကျ ရှိနေဆဲ ဖြစ်သည်။ အနည်းငယ် ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်များနှင့် နီမြန်းနေတဲ့ ပါးပြင်လေး... ပြီးတော့ အနည်းငယ် ဖူးယောင်နေသော နှုတ်ခမ်းများမှတစ်ပါး အခြားမသင့်တော်တဲ့ အပြုအမူမျိုး ဖြစ်ပွားခဲ့ပုံမရချေ။

သူမက အနားသို့ အမြန် တိုးကပ်သွားလိုက်ပြီးနောက် အားမရှိတဲ့ ရွှယ်နင်အား ညင်သာစွာ မထူလိုက်ရင်း ရင်ခွင်ထဲ မှီစေလိုက်သည်။

လီချန်ချဲ့သည် မြင်းရထားပေါ်မှ ပထမဆုံး ဆင်းသွားခဲ့ပြီး ခန့်ညားတဲ့ မျက်နှာပြင်ကို ခက်ထန်စွာ ထားရှိလျက် လုမိသားစုအိမ်တော်၏ တံခါးကို သွားခေါက်ရန် အစေခံတစ်ဦးအား လေသံပြတ်ပြတ်ဖြင့် အမိန့်ပေးလိုက်၏။

မျက်စိလျင်သော ပေါင်ချန်သည်... ပုံမှန်ဆိုလျှင် ဆီးနှင်းများ ဖုံးလွှမ်းနေတဲ့ ထင်းရှူးပင်များကဲ့သို့ အမြဲတမ်း အေးစက်ကာ ကင်းကွာလွန်းတဲ့ သခင်လေးလီ၏ လည်ပင်းပေါ်မှာ ခပ်ဖျော့ဖျော့ အနီရောင်အမှတ်အသားအချို့ ရှိနေတာကို လှမ်းမြင်လိုက်ရသည်။

သူမ စူးစမ်းလိုစိတ်များ ပြင်းထန်လာတဲ့အချိန်မှာပဲ သခင်လေးလီက ရုတ်တရက် နောက်ကိုပြန်လှည့်လာခဲ့ပြီး သူ့လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်ကာ သူမ၏ ရင်ခွင်ထဲမှ မိန်းကလေးငယ်အား ပွေ့ချီလိုက်ပြီး ဘေးတိုက် အနေအထားဖြင့် ခိုင်မာစွာ ပွေ့ချီလိုက်တော့သည်။

ပေါင်ချန် - "..."

ဒီနေ့ သူမတို့နှင့်အတူ လိုက်ပါလာတဲ့ အစေခံအရေအတွက် အလွန်အမင်း နည်းပါးနေတာ တကယ်ကို ဘုရား ကယ်လိုက်တာပဲ။

အကယ်၍သာ တခြားလူတစ်ယောက်ယောက်က ဒီမြင်ကွင်းကို မြင်တွေ့သွားခဲ့ပါက... သူတို့ စိတ်ထဲမှာ ဘယ်လိုထင်သွားကြမလဲ။

သို့သော် သခင်လေးလီ၏ မျက်နှာအမူအရာမှာက အမှောင်ထုထဲမှ ထွက်ပေါ်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ အရိုးကွဲမတတ် အေးစက်လွန်းသဖြင့်... အလွယ်တကူ သွားရောက် စနောက်၍ရမည့်သူမျိုး လုံးဝမဟုတ်ချေ။

သူမက နှုတ်ခမ်းကို အကြိမ်ကြိမ် ဟလိုက်သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမှ မပြောရဲခဲ့ပေ။

သူမက ရှေ့သို့ အမြန်ဆုံး ပြေးထွက်လိုက်ရင်း... နယ်စားမင်းအိမ်တော်ကနေ ပါလာကြတဲ့ အစေခံများ၏ စူးစမ်းလိုတဲ့ အကြည့်များကိုသာ ခန္ဓာကိုယ်ဖြင့် ကာဆီးပေးထားလိုက်ရတော့သည်။

...

ရွှေရောင် ပျိုနီပန်းပွင့်ကြီးများ ပန်းထိုးထားသော ကတ္တီပါနီရောင် ကန့်လန့်ကာကြီးများ၏ ကြားမှနေ၍ တိုးညင်းသော အလင်းရောင်ဖျော့ဖျော့လေးများ စိမ့်ဝင်လျက် ရှိနေသည်။

အဆောင်တွင်း၌ နွေးထွေးသော အမွှေးနံ့သာရနံ့များ ပြည့်နှက်နေခဲ့ပြီး မီးဖိုအိုးအတွင်းရှိ မီးသွေးခဲများမှာလည်း တိတ်ဆိတ်စွာ တောက်လောင်နေ၏။

ရွှယ်နင်၏ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီးနောက်... ဝေဝါးနေဆဲဖြစ်သော သူမ၏ မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

သူမ နိုးလာချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးက အရင်ကထက် ပိုလန်းဆန်းပေါ့ပါးသွားခဲ့ပြီဖြစ်ကြောင်း ကောင်းစွာ ခံစားလိုက်ရ၏။

အရင်က သူမကို အသည်းအသန် နှိပ်စက်ခဲ့တဲ့ ရမ္မက်ဆာလောင်မှု မီးတောက်လည်း အခု ပြင်းထန်ခြင်း မရှိတော့ချေ။

သူမ၏ မျက်စိရှေ့ရှိ အိပ်ဆောင်က အလွန်အမင်း စိမ်းသက်လွန်းသည်—ဟွမ်ဟွိုင်သစ်သားဖြင့် ပြုလုပ်ထားသော ပရိဘောဂများ၊ အနီရောင် ဆေးသုတ်ထားသော ကန့်လန့်ကာပါ အိပ်ရာကြီးနှင့် အတွင်းဆောင်နှင့် ပြင်ပဆောင်ကို ပိုင်းခြားပေးထားသော ပျိုနီပန်းပွင့်ပုံစံ အကာအရံ။

ထိုအိပ်ဆောင်အတွင်း၌ လူအချို့က မတ်တပ်ရပ်လျက် သော်လည်းကောင်း၊ ထိုင်လျက် သော်လည်းကောင်း ရှိနေကြသည်။

သူမ ပထမဆုံး မြင်တွေ့လိုက်ရတာက လီချန်ချဲ့၏ ချောမောတဲ့ မျက်နှာပင်။

ကျန်ရှိနေသောသူများထဲတွင် သူမ အရင်က ဆုံတွေ့ဖူးခဲ့သည့် လီချန်ချဲ့၏ ကိုယ်ရံတော် ဖူရှန်း၊ ပေါင်ချန်၊ ယခုလက်ရှိ လုမိသားစုအိမ်တော်ကို ဦးစီးနေရသူဖြစ်တဲ့ သခင်မယန်ရှီနှင့်... အနားတွင် ထိုင်လျက် မုတ်ဆိတ်မွှေးကို အသာအယာ သပ်နေသည့် သမားတော်ကြီးတစ်ဦးတို့ ပါဝင်နေကြသည်။

ရွှယ်နင်၏ စိတ်အာရုံများက အနည်းငယ် နောက်ကျိနေသေးသော်လည်း... မြင်းရထားပေါ်၌ လီချန်ချဲ့နှင့်အတူ ဖြစ်ပွားခဲ့တဲ့ ရင်းနှီးကျွမ်းဝင်သည့် မြင်ကွင်းအပိုင်းအစများက သူမ၏ အသိဉာဏ်ထဲမှာ ထင်ရှားစွာ စွဲထင်ကျန်ရစ်သည်။

သူမ၏ မျက်နှာက ချက်ချင် နီမြန်းသွားခဲ့ပြီး... အလောတကြီးဖြင့် အိပ်ရာပေါ်မှ ထိုင်ရန် ကြိုးစားလိုက်မိတော့၏။

"မလှုပ်နဲ့"

လီချန်ချဲ့သည် သူမ၏ ကုတင်ဘေးတွင် ထိုင်နေခဲ့ရင်း... ကုတင်ကန့်လန့်ကာ၏ ကြားမှနေ၍ သူ့လက်ကြီးဖြင့် သူမ၏ လက်မောင်းလေးကို အသာအယာ ဖိနှိပ်တားဆီးလိုက်သည်။

သူမ ကုတင်ပေါ် ပြန်လှဲလိုက်တဲ့အချိန်ကျမှသာ... လက်မောင်းမှာ ငွေအပ်အချို့ စိုက်ထားတာကို သတိပြုမိသည်။ ထို့အပြင် သူမရဲ့ မျက်ခုံးများ၏ အလယ်တည့်တည့်ဆီမှလည်း စူးခနဲ နာကျင်မှုဝေဒနာတစ်ခု ထွက်ပေါ်လျက် ရှိနေသည်။

သူမ ရှေ့မှာရှိတဲ့ သမားတော်ကြီးက ကြင်နာတဲ့ အပြုံးတစ်ခုဖြင့် ပြောလာ၏။

"သခင်မလေး... သမီးက 'ရမ္မက်နှောင်ကြိုး အမွှေးတိုင်'ရဲ့ အဆိပ်ကို ခံစားခဲ့ရတာတောင်... ဒီလောက်အကြာကြီးအထိ အောင့်အီးသည်းခံနိုင်ခဲ့တာ တကယ်ကို ချီးကျူးစရာကောင်းတယ်။ အဘိုးလည်း တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုး ခံနိုင်ရည်ရှိတဲ့သူကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ အခု နောက်ထပ် အပ်အနည်းငယ်လောက်ပဲ စိုက်ပြီးရင်တော့... ခန္ဓာကိုယ်ထဲက ဆေးအာနိသင်အများစုက လုံးဝ ပြယ်သွားမှာမို့လို့... ဒီလောက်အထိ စိတ်မသက်မသာ ဖြစ်မနေတော့ပါဘူး"

ရွှယ်နင်သည် ရှက်သွေးဖြာကာ မျက်နှာလေး နီမြန်းသွားပြီး... ပါးလွှာသော ကုတင်ကန့်လန့်ကာ၏ ကြားမှနေ၍ လီချန်ချဲ့၏ ပြတ်သားတဲ့ ဘေးတိုက်မျက်နှာပြင်ဆီ သူမ၏ အကြည့်များကို မဝံ့မရဲ လှမ်း၍ ကြည့်လိုက်မိသည်။

တကယ်တမ်း သူမက အဲ့လောက်အထိ အစွမ်းထက်ခဲ့တာ မဟုတ်ဘူး။

မြင်းရထားပေါ်တုန်းက သူမကို ကူညီပေးခဲ့တဲ့သူက လီချန်ချဲ့ပဲ။

သူမရဲ့ စိတ်အာရုံတွေ ဝေဝါးနေခဲ့ပေမယ့် သူမက အားမရှိစွာ သူ့ရင်ဘတ်ကို ဖက်တွယ်မှီခိုထားခဲ့ပြီး သူ့ရဲ့ ကိုယ်ငွေ့အေးစက်စက်က သူမကို အလွန်အမင်း သက်တောင့်သက်သာရှိစေခဲ့ကြောင်းကိုတော့ ကောင်းကောင်း မှတ်မိနေခဲ့သည်။

သူမက စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူ့ပါးပြင်ကို ပွတ်သပ်ရင်း သူ့ပုခုံးပေါ်မှာ မေးစေ့တင်ထားမိကာ... သူ့အနားမှာပဲ အဆုံးမရှိ ကပ်တွယ်ထားချင်သည်။

သူမက သူ သူမကို တွန်းထုတ်ပစ်လိုက်ကာ သူမရဲ့ အရှက်အကြောက်မရှိ လှုပ်ရှားမှုများကို ရွံရှာစက်ဆုပ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း—

သူက လုံးဝ တွန်းထုတ်ခဲ့ခြင်း မရှိပေ။ ထိုမျှမက သူ၏ နွေးထွေးသော လက်ကြီးဖြင့် သူမ၏ ခါးလေးကို အသာအယာ ဖိကပ်ထိန်းချုပ်ပေးထားခဲ့သေး၏။

သူမကို သူ့ရဲ့သန်မာတဲ့ ခါးအထက်တွင် တင်းကျပ်စွာ ပွေ့ဖက်ထားပေးရင်း... သူမ စိတ်ထဲမှ မသက်မသာဖြစ်မှုများကို ဖြည်းညှင်းစွာ ဖြေဖျောက်ပေးခဲ့သည်။

ထိုအမျိုးသား၏ ခန္ဓာကိုယ်ကနေ ခပ်ဖျော့ဖျော့ အေးစက်စက် အမွှေးနံ့ရနံ့ တစ်ခုကလည်း ပျံလွင့်နေခဲ့သည်။

သူ့နှာတံက မြင့်မားကာ ထင်ရှားပေသည်။ သူမ သူ့ ရင်ခွင်ထဲ မှီတွယ်လိုက်ရင်း သူမ၏ မျက်ခုံးများကို သူ့နဖူးပြင်ထက်တွင် ဖိကပ်ထားမိချိန်၌... သူတို့နှစ်ဦး၏ ထွက်သက်ဝင်သက်များက လေထဲ၌ အပြန်အလှန် ရောယှက်နေခဲ့ကြပြီး... သူမ၏ နှလုံးသားကလည်း ရင်ဘတ်ထဲမှနေ၍ အပြင်သို့ ခုန်ထွက်မတတ် ပြင်းထန်စွာ လှုပ်ခတ်နေခဲ့သည်။

သို့သော်လည်း သူမက ခန္ဓာကိုယ်ထဲက တောက်လောင်နေတဲ့ ရမ္မက်မီးတောက်ကို ဘယ်လို ငြှိမ်းသတ်ရမလဲဆိုတာကို မသိတာကြောင့် သူ့လည်ပင်းကိုပဲ တစ်ကြိမ်ပြီးတစ်ကြိမ် အငမ်းမရ ကိုက်နေမိတော့သည်။

သူမ ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ သူက သူမကို တွန်းထုတ်ပစ်ခြင်း မရှိဘဲ... သူမ စိတ်ကြိုက် ပြုမူသမျှကိုသာ ငြိမ်ခံပေးထားခဲ့သည်။

ရွှယ်နင်သည် ဤအကြောင်းအရာများကို ပြန်တွေးမိလေလေ... ပိုမို၍ ရင်ခုန်သံများ မြန်ဆန်ကာ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။

သူတို့နှစ်ဦး၏ ကြားတွင် ကာဆီးထားသော ထူထဲသည့် ကုတင်ကန့်လန့်ကာကြောင့်... ထိုအမျိုးသား၏ အရပ်အမောင်း မြင့်မားတဲ့ လူရိပ်ကိုသာ မရေမရာ ဝေဝါးစွာ မြင်တွေ့နေရသည်။

သူမ၏ မျက်နှာက နီမြန်းနေဆဲဖြစ်ပြီး နှလုံးခုန်သံများမှာလည်း တဒုန်းဒုန်း မြန်ဆန်နေသည်။

စုကျန်းကလွဲပြီး သူမက အခြားယောကျာ်းတစ်ယောက်နဲ့ အခုလိုမျိုး ရင်းနှီးကျွမ်းဝင်စွာ ထိတွေ့ဆက်ဆံဖူးခြင်း လုံးဝမရှိခဲ့ပေ။

လီချန်ချဲ့က ပထမဆုံးပင်။

လေထုတစ်ခုလုံးက အနည်းငယ် နေရခက်စရာ ကောင်းသဖြင့် ရွှယ်နင်သည် တိတ်ဆိတ်စွာဖြင့်သာ ငြိမ်သက်နေမိတော့၏။

"အခု ဘယ်လိုနေသေးလဲ..."

လီချန်ချဲ့၏ အသံက ပြတ်သားပြီး ကြည်လင်သည်။

ရွှယ်နင် အခု သတိပြန်လည်လာပြီဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် သူက ကန့်လန့်ကာ၏ ကြားမှနေ၍ သူမကို တစ်ချက်မျှ ဝှေ့ကြည့်လိုက်၏။

ရွှယ်နင်သည် သူမ၏ နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် ကိုက်ထားမိရင်း... ရှက်သွေးဖြာကာ ပါးပြင်နှစ်ဖက်စလုံး ပူလောင်နေသည်။

"အများကြီး... အများကြီး ပိုပြီးတော့ သက်သာသွားပါပြီ.."

All Chapters