← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀ - မြှူဆွယ်ခြင်း

ရက်အတော်ကြာအောင် အမှုကို လိုက်လံစုံစမ်းစစ်ဆေးခဲ့ရသဖြင့် စုကျန်း နှစ်ညသုံးညဆက်တိုက် ကောင်းကောင်းမအိပ်ခဲ့ရပေ။အခု သူ့တစ်ကိုယ်လုံးမှာ ပင်ပန်းနွမ်းနယ်မှုများနှင့်အတူ အေးစက်ခက်ထန်သော အမူအရာများ ဖုံးလွှမ်းနေသည်။

ချန်ကျိုးမြို့၏ မြို့ဝန်သည် စုကျန်း အရေးကြီးသော အထောက်အထားတစ်ခုခုကို ရှာဖွေတွေ့ရှိသွားမှာကို စိုးရိမ်တာကြောင့် အပေါ်ယံတွင် ရိုသေလေးစားဟန် ပြသနေသော်လည်း ကွယ်ရာ၌ စုံစမ်းစစ်ဆေးမှုကို နှောင့်နှေးကြန့်ကြာစေရန် အတားအဆီးများစွာကို တိတ်တဆိတ် ဖန်တီးထားခဲ့သည်။

ကံကောင်းထောက်မစွာပင် စုကျန်းသည် ထိုးထွင်းဉာဏ်ရှိပြီး အကဲခတ်တော်သူဖြစ်သဖြင့် သဲလွန်စများစွာကို စုဆောင်းရရှိထားပြီးဖြစ်၏။ ထို့အပြင် သူက ယွီရှီနှင့် သူမ၏သမီးကိုလည်း အပြင်လူများ လာရောက်နှောင့်ယှက်ခြင်းမပြုနိုင်ရန် သူ့လက်အောက်မှာပဲ သေချာထိန်းချုပ်ထားခဲ့သည်။

ထို့ကြောင့်ပင် ယနေ့ည သူက ခဏလောက် အနားယူရန် အချိန်အနည်းငယ် ရရှိခဲ့ခြင်း ဖြစ်သည်။

မြို့ဝန်က သူ့အတွက် ကောင်းမွန်တဲ့ အိမ်ရာဝင်းတစ်ခုကို ပြင်ဆင်ပေးခဲ့သော်လည်း စုကျန်းကတော့ အဆင်ပြေစေရန်အတွက် ရုံးတော်၏ နောက်ဘက်ဆောင်၌သာ တိုက်ရိုက်တည်းခိုရန် ရွေးချယ်ခဲ့သည်။

ရုံးတော်မှ စီစဉ်ပေးထားသော ဧည့်ခန်းဆောင်သည် ကျဉ်းမြောင်းပြီး မီးမှိန်ဖျော့နေကာ ထူထဲသော ကတ္တီပါစောင် ခြုံလွှာခင်းထားသည့် ခုတင်နိမ့်လေး တစ်လုံးသာ ရှိသည်။

ယွီမိသားစု အမှုတွဲစာရွက်စာတမ်းများကို ပြန်လည်သုံးသပ်ပြီးနောက် စုကျန်းသည် ယွီရှီ၏ လင်မယားချင်း သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်အားလုံးကို သေချာစွာ စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး တရားရေးဝန်ကြီးဌာနသို့ တင်ပြမည့် အစီရင်ခံစာကို ပြုစုလိုက်သည်။

အလုပ်ပြီးသွားသောအခါ သူက ပင်ပန်းနွမ်းနယ်နေတဲ့ မော့ပိုင်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ညနက်နေပြီ။ မင်းလည်း သွားပြီး နားတော့"

စုကျန်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခံရသည့်အချိန်မှစ၍ ထိုကိစ္စ၏နောက်ကွယ်မှ လက်သည်တရားခံကို ယခုထက်ထိ ရှာမတွေ့သေးချေ။ မော့ပိုင်ကလည်း မပေါ့ဆရဲတာကြောင့် ပြန်ပြောလေသည်။

"ကျွန်တော် ဘေးအခန်းမှာပဲ စောင့်နေပါ့မယ်။ ရှီဇီ ဘာပဲလိုလို လှမ်းခေါ်လိုက်ပါ"

စုကျန်းက "အင်း" ဟု ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။

မော့ပိုင်သည် အခန်းပြင်သို့ ထွက်သွားပြီး တံခါးကို အသာအယာ ပိတ်လိုက်တော့သည်။

အခန်းထဲတွင် ဆီမီးအိမ်တစ်လုံးသည် ပဲစေ့ခန့်မျှသာ တုန်ခါလင်းထိန်နေသည်။ စုကျန်းသည် အစီရင်ခံစာကို သေသပ်စွာ သိမ်းဆည်းပြီး စားပွဲပေါ်တွင် တင်လိုက်ကာ အဝတ်အစားများလဲ၍ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ ခုတင်ပေါ်တွင် လှဲပြီး မကြာမီမှာပင် တံခါးကို ဖွဖွလေး တွန်းဖွင့်လိုက်သည့် အသံသဲ့သဲ့ကို ကြားလိုက်ရသည်။

မှောင်မိုက်နေသော အမှောင်ထုထဲတွင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ထည်ရှိသည့် အမျိုးသမီးတစ်ဦးက အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး ပြတင်းပေါက်အပြင်ဘက်မှ ဖြာကျနေသော ဆီးနှင်းရောင်အလင်းကို အမှီပြုလျက် ခုတင်နိမ့်လေးဆီသို့ လျှောက်လှမ်းလာခဲ့၏။

စုကျန်းသည် သူ၏ ရှည်လျားသော ဖီးနစ်မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်ပြီး ထိုကျူးကျော်ဝင်ရောက်လာသူကို ကျွမ်းကျင်စွာဖြင့် ဖမ်းချုပ်လိုက်သည်။

သူမရဲ့ လက်မောင်းကို ထိမိလိုက်တဲ့အခါမှသာ ထိုအသားစက ဘယ်လောက်နူးညံ့အိစက်နေကြောင်း သူ သတိပြုမိသွားသည်။

"သခင်ကြီး... ကျွန်မကို လွှတ်ပေးပါ... ကျွန်မမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး..."

ထိုအသံသည် တမင်သက်သက် ချိုသာနူးညံ့အောင် လုပ်ယူထားပြီး အချစ်ရိပ်များ စိမ့်ထွက်နေသလိုပင်။

"ကျွန်မ... ကျွန်မက သခင်ကြီးကို ပြုစုဖို့ လာခဲ့တာပါ"

စုကျန်းသည် အေးစက်စက်မျက်နှာပေးဖြင့် ခုတင်ပေါ်တွင် ထိုင်လိုက်ရာ ထိုနူးညံ့သော ခန္ဓာကိုယ်က သူ၏ ရင်ခွင်ထဲ အတင်းတိုးဝှေ့ဝင်ရောက်လာတာကို ခံစားလိုက်ရသည်။ သွယ်လျသော လက်မောင်းတစ်ခုက သူ့ရင်ဘတ်ပေါ်သို့ ရောက်ရှိလာပြီး သူတို့ပတ်ဝန်းကျင်တွင် အေးမြပြီး သင်းပျံ့သော ရနံ့တစ်ခုက ပျံလွင့်လာသည်။ ထိုအမျိုးသမီးသည် သူ့ပေါင်ပေါ် ခွစီးရန် ကြိုးပမ်းလျက် ပိုမိုနီးကပ်စွာ တိုးကပ်လာခဲ့သည်။

သူ့မျက်ဝန်းထဲတွင် ရွံရှာမုန်းတီးရိပ်များ ဖြတ်ပြေးသွားပြီးနောက် သူမကို သနားညှာတာမှုကင်းမဲ့စွာဖြင့် ကန်ထုတ်လိုက်၏။

ဗုန်းခနဲ အသံနှင့်အတူ ထိုအမျိုးသမီးက အေးစက်သော ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

တိတ်ဆိတ်သော ညဉ့်နက်သန်းခေါင်ယံတွင် သနားစရာကောင်းပြီး နာကျင်ကာ ခံရခက်နေသောအသံက ပဲ့တင်ထွက်လာသည်။

"သခင်ကြီးက ဘာလို့ ဒီလောက်တောင် အချစ်စိတ်မရှိရတာလဲ။ ကျွန်မက သခင်ကြီးကို ပြုစုဖို့ စေလွှတ်ခံရတာပါ။ ကျွန်မရဲ့ ခါးလေးကိုတောင် သေချာ အသုံးမချရသေးဘူး... သခင်ကြီးက ကန်ထုတ်လိုက်တော့ နာသွားတာပေါ့... သခင်ကြီး ကျွန်မကို တာဝန်ယူရမယ်နော်"

စုကျန်းသည် ထရပ်လိုက်ပြီး အခန်းထဲရှိ ဖယောင်းတိုင်ကို ပြန်ထွန်းညှိလိုက်သည်။

မှိန်ဖျော့သော ဖယောင်းတိုင်မီးအောက်တွင် နုနယ်ပြီး သနားစရာကောင်းသော မျက်နှာလေးတစ်ခု ပေါ်လွင်လာသည်။

သူမက ကြမ်းပြင်ပေါ်ကနေ လူးလဲထရပ်လိုက်ပြီး သူမ၏ တင်ပါးများကို ရမ်းခါလျက် စုကျန်း၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ရန် ထပ်မံကြိုးစားပြန်သည်။ ထိုအမျိုးသား၏ လက်ကိုပင် မထိရသေးခင် သူမက နောက်ထပ်တစ်ကြိမ် ကန်ထုတ်တာကို ခံလိုက်ရပြန်၏။

ထိုအမျိုးသမီးက ညည်းတွားသံ ခပ်တိုးတိုး ပြုလုပ်လိုက်ရာ သူမ၏ လေသံနှင့် အသံနေအသံထားက ကာမစိတ်ကို နှိုးဆွပေးသည့် ဆေးတစ်ခွက်ကဲ့သို့ ဆွဲဆောင်မှုရှိပြီး ညှို့ယူဖမ်းစားနိုင်သည်။

စုကျန်းသည် ထိုအမျိုးသမီး၏ ချဉ်းကပ်မှုများကို စိတ်လှုပ်ရှားခြင်းမရှိဘဲ သူ၏ အေးစက်သော မျက်ခုံးများကိုသာ တွန့်ကွေးလိုက်ရင်း အော်လိုက်သည်။

"မော့ပိုင်!"

ထိုအမျိုးသမီးသည် အခြေအနေကို ရိပ်မိခြင်းမရှိဘဲ ဖယောင်းတိုင်မီးအလင်းအောက်တွင် စုကျန်း၏ ချောမောတဲ့ ရုပ်ရည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများက အလိုလို တောက်ပသွားသည်။

"သခင်ကြီး ဘာပြောလိုက်တာလဲဟင်။ မော့ပိုင်ဆိုတာ ဘယ်သူလဲ"

သူမ စကားတောင် မဆုံးသေးမီမှာပင် တံခါးပွင့်သွားပြီး နက်မှောင်သော အရိပ်တစ်ခု ဝင်ရောက်လာကာ သူမကို အပေါ်သို့ ပင့်မ၍ အပြင်သို့ ပစ်ပေါက်ထုတ်လိုက်တော့သည်။

ထိုအမျိုးသမီးက လုံးဝ ဆွံ့အမှင်သက်သွား၏။ သူမက ချန်ကျိုးမြို့ ပြည့်တန်ဆာအိမ်၏ ထိပ်တန်းဖျော်ဖြေရေးမယ်ဖြစ်ပြီး ဤဒေသတစ်ခုလုံးတွင် အလှဆုံးအမျိုးသမီးအဖြစ် ကျော်ကြားသူ ဖြစ်သည်။

လောက၌ သူမကို မြင်လျှင် စိတ်မပျော့ပြောင်းသွားတဲ့ ယောကျာ်းဟူ၍ မရှိချေ။

သို့သော် အခန်းထဲရှိ အေးစက်မြင့်မြတ်သော သခင်လေးစုကတော့ သူမကို ဒုတိယအကြိမ် ကြည့်ရန်ပင် စိတ်မကူးခဲ့ပေ။

သူမက မကျေမနပ်ဖြင့် ပြောလိုက်၏။

"ကျွန်မက ချန်ကျိုးမြို့ရဲ့ နံပါတ်တစ်အလှမယ်ပဲ။ အမတ်မင်းစုက ကျွန်မအပေါ် ဘာလို့ စိတ်မလှုပ်ရှားရတာလဲ"

မော့ပိုင်က နှာခေါင်းရှုံ့ကာ သူမကို အထက်စီးကနေ ငုံ့ကြည့်လိုက်သည်။

"ငါတို့ ရှီဇီရဲ့ ညီမက တုန်းကျင်းမြို့ရဲ့ နံပါတ်တစ်အလှဘုရင်မပဲ။ မင်းက သူ(မ)နဲ့ယှဉ်ရင် ဘာမလို့လဲ။ အဝေးကို လစ်လိုက်တော့... ငါ့ကို လက်ပါအောင် မလုပ်ခိုင်းနဲ့!"

မော့ပိုင်၏ အရှိန်အဝါနှင့် သတ်ဖြတ်ချင်တဲ့ လူသတ်ငွေ့များကို မြင်တဲ့အခါ ထိုအမျိုးသမီးသည် ဒုက္ခရောက်မှာကို စိုးရိမ်သဖြင့် နှုတ်ခမ်းစူကာ မကျေမနပ်ဖြင့် ထွက်သွားတော့သည်။

မော့ပိုင်က လှည့်ပြန်၍ အထဲသို့ ဝင်လာခဲ့သည်။

"ရှီဇီ အဲ့ဒီမိန်းမ ထွက်သွားပါပြီ"

စုကျန်းသည် သူ၏ ထူထဲသော မျက်ခုံးများကို တွန့်ကွေးလိုက်၏။ ထိုအမျိုးသမီး၏ နှောင့်ယှက်မှုကြောင့် သူ၏ အိပ်ချင်စိတ်များအားလုံး ပျောက်ဆုံးသွားပေမယ့် ရင်ဘတ်ထဲတွင် မရင်းနှီးတဲ့ ပူလောင်မှုတစ်ခုက ရုတ်တရက် စတင်ပျံ့နှံ့လာသည်။

သူ၏ အင်္ကျီကော်လာသည် အနည်းငယ် ပွင့်နေသဖြင့် စွဲမက်ဖွယ်ကောင်းသော ရင်ဘတ်ဝက်ခန့်က ပေါ်လွင်နေသည်။ ခုတင်နိမ့်ဘေးတွင် ထိုင်လျက် သူက မော့ပိုင်ကို လှမ်းကြည့်လိုက်၏။

မော့ပိုင်သည် ထိုနက်နဲသော မျက်ဝန်းများအောက်တွင် တုန်လှုပ်သွားရသည်။

"ရှီဇီ အဲ့ဒီမိန်းမရဲ့ အဆင့်အတန်းက တစ်ခုခု မှားယွင်းနေလို့လား"

စုကျန်းက စားပွဲပေါ်ရှိ အမှုတွဲဖိုင်ကို တစ်ချက်ဝေ့ကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"သူ(မ)က ဒေသခံအရာရှိတွေ ပေးတဲ့ လာဘ်ပေးလာဘ်ယူ သက်သက်ပဲ။ အရမ်းလည်း စိတ်ထဲမထားနဲ့။ ဒီအမှုတွဲဖိုင်ကို ဒီညတွင်းချင်း ပို့ရမယ်။ အခုချက်ချင်း သွားပို့မယ့်လူကို ရှာလိုက်"

သူက ထိုသို့ပြောလိုက်သော်လည်း သူ၏ ရင်ဘတ်ထဲရှိ ထူးဆန်းပြီး ဂဏာမငြိမ်သော ပူလောင်မှုက ပိုမိုပြင်းထန်လာခဲ့သည်။

သူက အရွယ်ရောက်နေပြီဖြစ်ပြီး မိန်းမတစ်ယောက်နှင့် တစ်ခါမှ မပတ်သက်ဖူးသော်လည်း ခုနက ထိုအမျိုးသမီးဆီက ရရှိတဲ့ ဖျော့တော့သည့် ရနံ့ဟာ သာမန်မဟုတ်ကြောင်း သူ နားလည်လိုက်သည်။

သူ့ခန္ဓာကိုယ်ထဲရှိ အပူရှိန်အားလုံးက အောက်ဘက်သို့ စုပြုံတိုးဝှေ့သွားသကဲ့သို့ ခံစားရ၏။

သူက ဝမ်းဗိုက်အောက် သုံးလက်မခန့်ရှိသော နေရာဆီသို့ လှမ်းကြည့်လိုက်မိသည်။

ကြွက်သားများ တောင့်တင်းကာ ဂဏာမငြိမ်ဘဲ လှုပ်ရှားရုန်းကြွလာသည်။

တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ရွှယ်နင်၏ နုနယ်ပြီး ကြွေထည်ကဲ့သို့ ဖြူစင်သော မျက်နှာလေးက သူ့စိတ်ထဲတွင် ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။

ဒါပေမဲ့ သူ အဲ့ဒီအကြောင်းကို ဆက်မတွေးရဲပေ။ ထိုသို့ တွေးလိုက်ရုံမျှဖြင့် သူ၏ အောက်ပိုင်းက နာကျင်ကာ ဖောင်းကြွလာသည်။

မော့ပိုင်သည် တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် အလျင်အမြန် ပြောလိုက်သည်။

"ကျွန်တော် အခုချက်ချင်း သမားတော်သွားခေါ်ပါ့မယ်!"

တံခါးပြန်ပိတ်သွားခဲ့ပြီး ရွှယ်နင်၏ နုနယ်ပြီး နီမြန်းနေသော ပါးပြင်လေးများကတော့ သူ၏ စိတ်အာရုံကို ညှဉ်းပန်းနှိပ်စက်နေတော့သည်။

သူက သူ၏ ကြီးမားသော လက်ဖဝါးဖြင့် နဖူးကို အုပ်လိုက်မိပြီး ဘာအကြောင်းကြောင့်မှန်းမသိဘဲ ရွှယ်နင်အား သူ့အောက်တွင် ဖိချုပ်ထားကာ စိတ်ရိုင်းဝင်စွာ ပြင်းပြင်းထန်ထန် တောင်းဆိုနေသည့် မြင်ကွင်းက သူ့စိတ်အာရုံထဲသို့ ရုတ်တရက် ရုန်းကြွပေါ်ပေါက်လာခဲ့သည်။

ထိုမိန်းကလေး၏ အသက်ရှူသံများက မြန်ဆန်ကာ စည်းချက်ပျက်ယွင်းနေခဲ့သည်။

သူမ၏ ကိုယ်လုံးကိုယ်ထည်က အလွန်အမင်း သွယ်လျသော်လည်း သူမ၏ ရင်ဘတ်ကတော့ မခံမရပ်နိုင်လောက်အောင် နူးညံ့အိစက်ပြီး ပြည့်ဖြိုးလွန်း၏။

သူမက နှုတ်ခမ်းကို ကိုက်ထားပြီး မျက်ဝန်းများက ဝေဝါးနေခဲ့သည်။

သူမ၏ နုနယ်သော မျက်နှာလေးက နီမြန်းစိုပြည်နေကာ အရည်လဲ့နေသော မျက်ဝန်းများက အဆုံးမရှိသော ဆွဲဆောင်မှုတို့ဖြင့် တောက်ပနေသည်။

မေ့မရနိုင်ဆုံးအရာကတော့ သူမ၏ ဖိနှိပ်ထားသည့် ငိုရှိုက်သံပင်။

တိုးညှင်းပြီး သနားစရာကောင်းသော်လည်း ဆွဲဆောင်မှုရှိကာ ညှို့ယူဖမ်းစားနိုင်၏။

သူ့နားစည်နားတွင် ကပ်၍ ကြားနေရသကဲ့သို့ပင်...။

စုကျန်းသည် ပို၍ စိတ်မသက်မသာဖြစ်ကာ ဂနာမငြိမ်ဖြစ်လာပြီး ရုတ်တရက် မတ်တပ်ထရပ်ပြီး အပြင်ဘက်သို့ လျှောက်လှမ်းသွားသည်။

ခြံဝင်းထဲရှိ ရေစည်ကြီးထဲတွင် ရေအေးများ ပြည့်နှက်နေသည်။

သူက ရေအေးတစ်ပုံးကို ခပ်ယူလိုက်ပြီး သူ၏ ဦးခေါင်းပေါ်သို့ အမှတ်မထင် လောင်းချလိုက်၏။

သူ၏ စိတ်အာရုံများ ချက်ချင်းပင် ကြည်လင်သွားသည်။

ကံကောင်းထောက်မစွာပင် ၎င်းမှာ အရည်အသွေးနိမ့် ကာမစိတ်နှိုးဆွဆေးသာ ဖြစ်သဖြင့် သူ၏ စိတ်ရိုင်းများကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

မော့ပိုင် သမားတော်ကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာချိန်တွင် စုကျန်းသည် အတော်လေး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။

"မြို့တော်က အိမ်တော်ဘက်က သတင်းဘာတွေရလဲ"

မော့ပိုင်က ပြန်ဖြေလိုက်သည်။

"သခင်မကြီးက စာတစ်စောင် ရေးလိုက်ပါတယ်၊ အိမ်မှာ အားလုံး အဆင်ပြေပြေရှိလို့ ရှီဇီ စိုးရိမ်ပူပန်နေဖို့ မလိုဘူးလို့ ပြောပါတယ်"

စုကျန်းသည် သူ၏ မှောင်မည်းပြီး မျက်တောင်ရှည်များ ဝန်းရံထားသော မျက်ဝန်းအစုံကို ပင့်တင်လိုက်သည်။

"ရွှယ်နင်ရော ဘယ်လိုလဲ"

မော့ပိုင်က ပြောလိုက်၏။

"စာထဲမှာ သူ(မ)အကြောင်းကို တစ်ခွန်းမှ မပြောထားပါဘူး"

စုကျန်းသည် ခဏလောက် တိတ်ဆိတ်နေမိသည်။ သူ့အဘွားက ရွှယ်နင်ကို လုံးဝ သဘောမကျတာကြောင့် ၎င်းမှာ မဆန်းပေ၊ ထို့အပြင် သူကိုယ်တိုင်လည်း သူမ၏ သတင်းကို သိရှိရန် မလိုအပ်ပေ။

ထိုမိန်းကလေးက ကြောင်တောင်တောင်နိုင်ပြီး ငြီးငွေ့စရာကောင်းကာ နေ့စဉ် ခြံဝင်းထဲ၌ ပန်းပင်များကို ပြုစုပျိုးထောင်ခြင်း၊ ပန်းထိုးခြင်းနှင့် ဟင်းချက်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေတတ်သူ ဖြစ်၏။ သူမမှာ စာထဲ ထည့်ရေးသားလောက်စရာ ဘာများ ရှိနေမှာလဲ။

သို့သော်လည်း ယခု ကာမစိတ်နှိုးဆွဆေး၏ အာနိသင်ကြောင့် သူမကို တွေးမိသွားတာ ဒါမှမဟုတ် သူ မထွက်သွားခင်က ခုတင်ပေါ်တွင် လှဲလျောင်းနေသော သူမ၏ ကိုယ်ဟန်က သူ့စိတ်ထဲမှာ ဖုံးကွယ်ထားခဲ့တဲ့ စိတ်ဆန္ဒကို နှိုးဆွနိုင်ခဲ့လို့ ဖြစ်စေ... သူမက လော်ဝမ်ကျွင်းကို လက်ထပ်မယ်လို့ ပြောခဲ့တဲ့ စကားကို သူ ပြန်သတိရမိသွားသည်။

ရုတ်တရက် မရှင်းလင်းသော ထိတ်လန့်တုန်လှုပ်မှုတစ်ခုက သူ့ကို ဖမ်းစားလိုက်၏။

သူသည် စားပွဲပေါ်မှ အမှုတွဲဖိုင်ကို ကောက်ကိုင်လိုက်ပြီး မော့ပိုင်ထံသို့ ကမ်းပေးလိုက်သည်။

"ဒါကို တုန်းကျင်းမြို့ကို ညတွင်းချင်း အရောက်သွားပို့ခိုင်းလိုက်"

"ဟုတ်ကဲ့"

မော့ပိုင်က ပြန်လည်ဖြေကြားပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

"ပြီးတော့..."

စုကျန်း၏ အရှိန်အဝါက ပိုမိုအေးစက်ခက်ထန်လာပြီး အခြားလူများကို အဝေးသို့ တွန်းပို့နေသည့် အမူအရာမျိုးရှိနေသည်။

"ရွှယ်နင်ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်။ သူ(မ)ဘက်က သံသယဖြစ်စရာ လှုပ်ရှားမှုတစ်ခုခု ရှိတာနဲ့ ငါ့ဆီ ချက်ချင်း သတင်းပို့ရမယ်"

All Chapters