အခန်း ၂၈၁၆
Vol. 282 Ch. 2816
အခန်း (၂၈၁၆) - ဘေးအန္တရာယ်ကြယ်ဆိုတာ သူ့ကိုတွေ့ဖို့ ဝင်ပေါက်ပဲ
လီတောက်ယဲ့ဆီကနေ ပြန်လာပြီးနောက် ဖန့်ချန်သည် လီတောက်ယဲ့၏ လက်ရှိအခြေအနေကို အနည်းငယ် သဘောပေါက်သွားသည်။
သူ၏ စွမ်းအားမှာ တကယ်ပင် အလွန်ပြင်းထန်နေပြီ ဖြစ်သည်။ အနည်းဆုံးတော့ ဝူရှန်းပေမြိန့် စခန်းတွင် လီတောက်ယဲ့၏ စွမ်းအားသည် လော့ထျန်းဝမ်ထက် အနည်းငယ် ပိုသာနေပြီး နံပါတ် (၁) နေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နေသည်။
နယ်မြေကိုးခုကနေ ထွက်ခွာလာတဲ့ ကောင်းကင်လမ်းစဥ် တစ်ယောက်ကနေ ချက်ချင်းဆိုသလို ကျဲနယဲ့ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်လာခြင်းမှာ အံ့သြစရာကောင်းလှသည်။
ဒီကြားထဲက ပြောင်းလဲမှုတွေက တကယ်ကို ကြောက်ခမန်းလိလိပင်။
ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မတိုင်ခင်ကဆိုရင် သာမန် ကောင်းကင်လမ်းစဥ် အဆင့်ဆိုတာ ကောင်းကင်ငါးပါး နယ်မြေက သူတော်စင်တိုင်းရဲ့ အထင်သေးခြင်းကို ခံခဲ့ရသူမျိုး မဟုတ်ပါလား။
ဒါကလည်း သူ့နောက်ကွယ်မှာရှိတဲ့ ရှေးဟောင်းအင်ပါယာသုံးခု ရဲ့ အခြေခံအင်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ သွယ်ဝိုက်ပြီး သက်သေပြနေသည်။
“ဒါပေမဲ့ ရှေးဟောင်းအင်ပါယာသုံးခုနဲ့ အဘိုးကြီးတို့ကြားမှာရော ဆက်စပ်မှုတွေ ရှိနေတာလား။”
သူ့အနေနဲ့ အခွင့်အရေးရရင် ဒီကိစ္စကို မေးမြန်းကြည့်ဖို့ လိုသေးသည်ဟု တွေးလိုက်မိသည်။
မသိလိုက်မသိသာနဲ့ သူ တည်းခိုခန်းရှေ့ကို ပြန်ရောက်လာချိန်မှာပဲ အလျင်စလို ပြန်လာနေတဲ့ နှာခေါင်းပွန်း၊ မျက်နှာဖူးယောင်နေတဲ့ ဆွေ့ထျန်းဟွမ် နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။
“ညအချိန် လမ်းလျှောက် ခြင်္သေ့ တို့အဖွဲ့က ရိုက်လွှတ်လိုက်တာလား။”
ဖန့်ချန် ချက်ချင်း သဘောပေါက်သွားပြီး အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။
ဆွေ့ထျန်ဟွမ် က တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် အားတင်း၍ ရယ်မောကာ ပြောလိုက်သည်။
“ညအချိန် လမ်းလျှောက် ခြင်္သေ့ တို့ကတော့ ယဉ်ကျေးကြပါတယ်။ သူတို့က မင်းရဲ့ ကမ္ဘာတည်ဆောက်ခြင်း အလယ်အဆင့်ကို အချိန်မတိုင်ခင် တိုးတက်သွားတာအတွက် ကြိုတင်ဂုဏ်ပြုတဲ့အနေနဲ့ နိဗ္ဗာန် တားမြစ်နယ်မြေ တစ်ခုစီ ပေးအပ်ဖို့ သဘောတူလိုက်ကြပြီ။”
“ငါ့ကို ရိုက်တာကတော့ အဲဒီ ကအမ္ဘာတည်ဆောက်ခြင်း အလယ်အဆင့်ရှိတဲ့ ဘေးအန္တရာယ်ကြယ် အဖွဲ့ပဲ။ သူတို့က ငါ့ရဲ့ အဆိုပြုချက်ကို ကြားပြီးတာနဲ့ ချက်ချင်း လက်ပါသွားတာ။ ငါကတော့ ဆန်းနယဲ့ စစ်မြေပြင်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခွင့် မရှိဘူးလို့ ထင်ထားတာ၊ လက်သီးနဲ့ ခြေလှမ်းတွေကို မတားမြစ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး။”
“မင်း တကယ်ပင်ပန်းသွားပြီ။ သူတို့က ငါတို့ သဘောတူထားတဲ့ လမ်းကြောင်းအတိုင်း မလိုက်လျောချင်ဘူးဆိုရင်လည်း ငါတို့နည်းလမ်းအတိုင်းပဲ ဆက်သွားကြတာပေါ့။”
ဖန့်ချန်က ဆွေ့ထျန်ဟွမ်ရဲ့ ပခုံးကို ပုတ်ပေးလိုက်သည်။
ဆွေ့ထျန်ဟွမ် က ပါးစပ်ကို ဖြဲ၍ ရယ်လိုက်သည်
“ဒီတစ်ခါတော့ နိဗ္ဗာန် တားမြစ်နယ်မြေ ခြောက်ခု ရလာပြန်ပြီ။ ဒီကိစ္စက ဒီလောက်တောင် လွယ်ကူမယ်လို့ တစ်ခါမှ မတွေးထားခဲ့မိဘူး။”
“နှစ်ဆယ့်ခြောက်ခု ဖြစ်သွားပြီပေါ့။”
ဖန့်ချန်လည်း စိတ်လှုပ်ရှားစွာဖြင့် -
“ဒီဆန်းနယဲ့ စစ်မြေပြင်က တကယ်ကို နေရာကောင်းပဲ။”
ဆွေ့ထျန်းဟွမ် လည်း ထိုစကားကို အပြည့်အဝ ထောက်ခံလိုက်သည်။
ထို့နောက် ဖန့်ချန်သည် တဖန်ပြန်၍ တရားအားထုတ်သည့် အခြေအနေသို့ ဝင်ရောက်သွားပြန်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သူအသုံးပြုနေသည်မှာ အဆင့် (၁) ကြယ်တာရာမျက်ရည်စက်ဖြစ်သည်။
သူ၏ အာနိသင်သည် သာမန် ကြယ်တာရာမျက်ရည်စက်ထက် နှစ်ဆကျော်မျှ ပိုမိုအားကောင်းသည်။
အတွင်းကမ္ဘာ ကြယ်တာရာများကို သန့်စင်သည့် အရှိန်နှုန်းက ပိုမြန်လာရုံသာမက အတွင်းကမ္ဘာ ကြယ်တာရာတစ်ခုကို သန့်စင်ပြီးတဲ့တိုင်အောင် အများစု ကျန်ရှိနေသေးသည်။
“ငါ့အတွက်တော့ သာမန် ကြယ်တာရာမျက်ရည်စက်တွေကပဲ လုံလောက်ပါတယ်။ အချိန်ကုန်သက်သာသွားတာကလည်း ဒီလောက်ပါပဲ။”
“ဒါပေမဲ့ သာမန် သူတော်စင်တွေအတွက်ဆိုရင်တော့ အဆင့် (၁) ကြယ်တာရာမျက်ရည်စက်နဲ့ သာမန် ကြယ်တာရာမျက်ရည်စက်ကြားက ကွာခြားချက်က အလွန်ကြီးမားလွန်းပါတယ်။”
ထိုအကြောင်းကို တွေးမိရင်း ဖန့်ချန်သည် စိတ်အာရုံကို ပြန်လည်စုစည်းကာ အတွင်းကမ္ဘာ ကြယ်တာရာများကို ဆက်လက် သန့်စင်နေသည်။
သူ၏ ကျင့်ကြံခြင်း အရှိန်အဝါသည်လည်း မသိလိုက်မသိသာပင် ကမ္ဘာတည်ဆောက်ခြင်း စောပိုင်းအဆင့်မှ ကမ္ဘာတည်ဆောက်ခြင်း အလယ်အဆင့်သို့ တိုးတက်သွားခဲ့သည်။
တစ်ကိုယ်လုံးတွင် အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ အလွန်ချောမွေ့စွာပင် ဖြစ်သည်။
……
……
“အားလုံးပဲ ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုရင်တော့ ငါ ပြန်တော့မယ်နော် ”
ဆွေ့ထျန်းဟွမ် သည် စာချုပ်ပေါ်တွင် သူ၏ လက်မှတ်ကို ရိုက်နှိပ်လိုက်ပြီးနောက် ညအချိန် လမ်းလျှောက် ခြင်္သေ့ အဖွဲ့ကို ပြုံးရွှင်စွာဖြင့် လက်ယှက်၍ အရိုအသေပေးလိုက်သည်။
ညအချိန် လမ်းလျှောက် ခြင်္သေ့တို့အဖွဲ့၏ မျက်နှာအမူအရာမှာ မကောင်းလှသော်လည်း အခြေအနေအရ အတင်းအကြပ် ပြုံးပြကာ ခေါင်းကို ညိတ်လိုက်ကြသည်။
“ပြန်ရောက်ရင် ငါတို့ကိုယ်စား နှုတ်ဆက်ပေးလိုက်ပါဦး။”
“အေးပါ၊ ပြောလိုက်ပါ့မယ်။”
ဆွေ့ထျန်ဟွမ် က ရယ်မော၍ ပြောသည်။
အနီးနားရှိ ဆန်းနယဲ့ သူတော်စင်များမှာ အလွန်တရာ အံ့အားသင့်နေကြသည်။
ခဏအကြာတွင် စခန်းတာဝန်ခံက စာချုပ်ပါ အကြောင်းအရာကို ကြေညာလိုက်သည်။
ထိုအကြောင်းအရာမှာ ကြားရသူတိုင်း ကြက်သီးထရလောက်အောင်ပင် ဖြစ်သည်။
ထိုဘေးအန္တရာယ်ကြယ်များက တိုက်ခိုက်ခြင်းမရှိဘဲ အရှုံးပေးလိုက်ကြပြီး တစ်ဦးချင်းစီက နိဗ္ဗာန် တားမြစ်နယ်မြေ တစ်ခုစီကို ပေးအပ်ကာ ယဲ့ထျန်းဂူ ကို ပြိုင်ပွဲမစတင်မီ ညအချိန် လမ်းလျှောက် ခြင်္သေ့ အလယ်အဆင့်သို့ တိုးတက်စေရမည်ဟု တောင်းဆိုထားသည်။
ဤသတင်းသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှပြီး သူတို့အားလုံးမှာ ဆွေ့ထျန်းဟွမ် တို့အဖွဲ့ ထွက်ခွာသွားသည်အထိ ဘာမှပြန်မပြောနိုင်ဘဲ ငေးမောနေမိသည်။
“မြင်လိုက်ကြတဲ့အတိုင်းပဲ ကျန်းစစ်လုံ သူရဲ့ နာမည်တစ်ခုတည်းနဲ့တင် ညအချိန် လမ်းလျှောက် ခြင်္သေ့တို့ကို ကြောက်လန့်သွားအောင်လုပ်ပြီး နိဗ္ဗာန် တားမြစ်နယ်မြေတွေ တစ်ခုစီ ထုတ်ပေးလိုက်ရတာ။”
“သူက ငါတို့ဆီကနေ နိဗ္ဗာန် တားမြစ်နယ်မြေ ခြောက်ခုကို အပင်ပန်းခံပြီး ရယူခဲ့တယ်လို့ ထင်နေတာလား၊ အမှန်တော့ သူက လူချင်းတောင် မတွေ့လိုက်ရဘဲ အရေးမပါတဲ့ လက်အောက်ငယ်သား တစ်ယောက်ကို စေလွှတ်လိုက်ရုံနဲ့ ညအချိန် လမ်းလျှောက် ခြင်္သေ့တို့လို ဘေးအန္တရာယ်ကြယ်တွေ လက်ထဲကနေ အစာကို အလုအယက် ရယူသွားတာပဲ။”
အဆောက်အအုံ လသာဆောင်တွင် ချူချန်း သည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျန်းစစ်လုံကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့ အမြင့်မြတ်ဆုံး အင်ပါယာ က ယဲ့ထျန်းဂူဆီကနေ အဲဒီ နိဗ္ဗာန် တားမြစ်နယ်မြေတွေကို ပြန်တောင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။”
“သူနဲ့ လီဖန် ကလည်း အရင်ကတည်းက ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ၊ ဒီအချက်က ငါတို့ အလေးအနက် စဉ်းစားရမယ့် အချက်ပဲ။ ကံကောင်းလို့ ငါ့ညီက လူဖြောင့်မို့လို့သာ မင်းရဲ့ စကားတွေကို ယုံပြီး သူ့ကို မဖိနှိပ်မိတာ။”
ပြောပြီးနောက် ချူချန်းက အခြားတစ်ဖက်တွင် ထိုင်နေသော အစိမ်းရောင် မျက်လုံးကျား ကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် စိတ်ကျေနပ်မှု အပြည့်ဖြင့် ပြုံးပြလိုက်သည်။
အစိမ်းရောင် မျက်လုံးကျား မှာမူ ထူးဆန်းသော အမူအရာဖြင့် ခေါင်းငုံ့၍ ဘာမျှပြန်မပြောပေ။
ကျန်းစစ်လုံမှာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ -
“ချူချန်းအစ်ကို၊ မင်းမှာ အခု ဘာအကြံပေးစရာ ရှိသေးလဲ။”
“အခု အခြေအနေ နှစ်ခု ရှိတယ်။ တစ်ခုက ပြိုင်ပွဲက မကြာခင် စတော့မယ်၊ ယဲ့ထျန်းဂူ တစ်ယောက် ပြိုင်ပွဲထဲမှာပဲ သေသွားနိုင်တယ်။”
ချူချန်းက တည်ငြိမ်စွာဖြင့် -
“မင်း စောင့်ကြည့်နေလို့ ရသလို၊ ပြိုင်ပွဲမစခင်မှာပဲ သူ့ဆီသွားပြီး တောင်းပန်လိုက်လို့လည်း ရတယ်။ သူက မင်းတို့ကို ဘာမှ လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဒီအချိန်အခါက အရေးကြီးတယ်။ ပြိုင်ပွဲစပြီးမှ သူက အသက်ရှင်လျက် ပြန်ထွက်လာရင် မင်းသွားတောင်းပန်လည်း ရိုးသားမှု မရှိတော့ဘူး၊ မင်း ဘယ်လို ထင်လဲ။”
ကျန်းစစ်လုံမှာ တွေဝေသွားပြီး နောက်ဆုံးတွင် အံကိုကြိတ်၍ -
“ထားပါတော့၊ သွားပြီး တောင်းပန်လိုက်တာပဲ ကောင်းပါတယ်။ ကြယ်တာရာမျက်ရည်စက် တစ်လုံး လက်ဆောင်ပေးလိုက်ရင် ရမှာပါ။ ငါတို့ အမြင့်မြတ်ဆုံး အင်ပါယာက မကြာခင် အခြေခံ အရင်းအမြစ် တိုက်ပွဲတစ်ခုကို စတင်တော့မှာမို့လို့ အဲဒီတုန်းက ဆုံးရှုံးမှုကို ပြန်ဖြည့်နိုင်မှာပါ။”
“ပြောရဦးမယ်၊ မင်းတို့ အမြင့်မြတ်ဆုံး အင်ပါယာက အခု နောက်ထပ် ပုရွက်ဆိတ်နယ်မြေ တစ်ခု ထပ်တွေ့ထားတာလား။ ဖိနှိပ်ရ လွယ်ရဲ့လား။ ငါ့ဘက်က အကူအညီ လိုသေးလား။”
ချူချန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကျန်းစစ်လုံမှာ သတိထားမိသည့်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး မကျေနပ်စွာဖြင့် -
“ချူချန်းအစ်ကို၊ အမြင့်မြတ်ဆုံး အင်ပါယာကိုသာ မင်းတို့ ရှာတွေ့သွားရင် အကုန်လုံး ခေါင်းပန်းဖြတ် ခံရမှာပဲ၊ နောက်တစ်ခါ ငါ့ကို လာမစမ်းပါနဲ့တော့။”
“ကျန်းစစ်လုံ၊ တကယ်တော့ မင်းက ဉာဏ်ကောင်းတဲ့ကောင်လို့ ငါထင်တယ်။”
“မင်း ငါ့ဆီကို ခိုလှုံဖို့ မစဉ်းစားဖူးဘူးလား။”
“မင်း ငါ့ဆီမှာ ရနိုင်မယ့် အရာတွေက မင်း အမြင့်မြတ်ဆုံး အင်ပါယာမှာ ရနိုင်တာထက် အများကြီး ပိုများမှာ သေချာတယ်။ ငါတို့က ဒီလမ်းကို လျှောက်နေမှတော့ အပေါ်ကိုပဲ အရောက်လှမ်းဖို့ ကြိုးစားရမှာပေါ့။”
ချူချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ကျန်းစစ်လုံက စကားကို လိုရင်းတိုရှင်းသာ ပြန်ဖြေပြီး အလျင်အမြန်ပင် ထွက်သွားတော့သည်။
ခဏအကြာတွင် သူသည် ဖန့်ချန်တို့ တည်းခိုနေသော တည်းခိုခန်းသို့ ရောက်ရှိလာသည်။
တည်းခိုခန်းတွင် ယာယီတည်းခိုနေကြသော ဆန်းနယဲ့ သူတော်စင်အချို့အတွက်မူ ထိုမြင်ကွင်းမှာ သာမန် ဖြစ်စဉ်တစ်ခုလို ဖြစ်နေပြီဖြစ်သည်။
အရင်က ထိုလူမိုက်အဖွဲ့တွေ မရောက်ခင်တုန်းက ဒီနေရာဟာ လင်နယဲ့ သူတော်စင်တွေ စုဝေးရာနေရာသာ ဖြစ်သည်။
ဒါပေမဲ့ ဒီကာလအတွင်းမှာ သူတို့ မြင်နေရတဲ့ ကျဲနယဲ့ အဆင့်မြင့် သူတော်စင်တွေက လင်နယဲ့ တွေထက်တောင် ပိုများနေသည်။
“ကျန်းစစ်လုံ၊ မင်း ဒီကို ဘာလာလုပ်တာလဲ။”
ဝင်းထဲတွင် အကြီးကဲငါးပါးသည် ဆွေ့ထျန်းဟွမ် တို့နှင့်အတူ နိဗ္ဗာန် တားမြစ်နယ်မြေ ခြောက်ခုအကြောင်း ပြောဆိုနေကြရာ ကျန်းစစ်လုံကို မြင်လိုက်သည်နှင့် မျက်လုံးများတွင် သတိထားဟန်များ ပေါ်လာသည်။
သူက အခြား ဆန်းနယဲ့သူတော်စင်တွေနဲ့ မတူဘူး၊ သူတို့က ဆန်းနယဲ့ စစ်မြေပြင် အပြင်ဘက်မှာ ဒီလူနဲ့ ထပ်တွေ့ဖို့ အခွင့်အရေး အများကြီး ရှိနေသေးသည်။
“အားလုံးပဲ အထင်မလွဲကြပါနဲ့။ ကျွန်တော် ဒီနေ့လာတာက ရွှေစာရေး ကြောင့် ဖြစ်ခဲ့တဲ့ အထင်အမြင်လွဲမှားမှုတွေကို ဖြေရှင်းချင်လို့ပါ။”
ကျန်းစစ်လုံက ပြုံး၍ လက်ယှက်ကာ အရိုအသေပေးပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
“ယဲ့အစ်ကို ရှိလား။”
“ယဲ့ထျန်းဂူက အခု တရားအားထုတ်နေတယ်။ ကမ္ဘာတည်ဆောက်ခြင်း အလယ်အဆင့်ကို အဆင့်တက်နေတာ။ ညအချိန် လမ်းလျှောက် ခြင်္သေ့ တို့နဲ့ ငါတို့ သဘောတူထားတဲ့ စာချုပ်အကြောင်းကို မင်းလည်း သိပြီးသား ဖြစ်မှာပါ။”
စီကုကျိ က မျက်ခုံးပင့်ကာ -
“မင်းက ငါတို့နဲ့ပဲ ပြောသွားလို့ရတယ်။ ယဲ့ထျန်းဂူကို တွေ့ချင်ရင်တော့ အနည်းဆုံး ဘေးအန္တရာယ်ကြယ် အဆင့်လောက်တော့ ဖြစ်မှ အရည်အချင်း ပြည့်မီမှာ။”
“……”
ကျန်းစစ်လုံသည် စိတ်ထဲက ဒေါသကို အံကြိတ်၍ ဖိနှိပ်ထားပြီးနောက် လက်ယှက်ကာ -
“ယဲ့အစ်ကိုကို စကားတစ်ခွန်းလောက် သယ်ပေးကြပါဦး။ နောက်တစ်ခါ ဆန်းနယဲ့ စစ်မြေပြင်ကို လာတဲ့အခါ ကြယ်တာရာမျက်ရည်စက် တစ်လုံးကို ယူလာပြီး အပြစ်ကို ဝန်ခံတောင်းပန်ပါ့မယ်။”
ကြယ်တာရာမျက်ရည်စက် ဟုတ်လား
သူတော်စင်အပေါင်း၏ မျက်လုံးများ တောက်ပသွားသည်။ ကြယ်တာရာမျက်ရည်စက်နဲ့ အပြစ်တောင်းပန်မယ်ပေါ့။
စီကုကျိ က တွေးတောရင်း -
“ကောင်းပြီ၊ ငါတို့ သိပြီ။ ယဲ့ထျန်းဂူဆီ စကားပြန်ပြောပေးလိုက်ပါ့မယ်။”
“ဒါဆိုရင်တော့ ကျွန်တော် ပြန်ပါတော့မယ်။”