← Chapters

အခန်း ၂၈၂၃

Vol. 283 Ch. 2823

အခန်း ၂၈၂၃

Vol. 283 Ch. 2823

အခန်း (၂၈၂၃) - နည်းနည်းလေးပဲ အနိုင်ရဖို့ခက်မှာပါ

​“ထျန်းဝမ်၊ မလုပ်ပါနဲ့……”

​ရယ်မောသောနတ်ဆိုးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အသံများပင် တုန်ယင်နေသည်။ သူသည် မျက်စောင်းထိုးကာ ဖန့်ချန်ဘက်သို့ ခိုးကြည့်လိုက်ရာ ဖန့်ချန်က ထိုဘက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အမြန်ပင် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လောထျန်းဝမ်ကို မျက်ရိပ်ပြကာ တားမြစ်လိုက်သည်။

​ဖန့်ချန်က ဘေးအန္တရာယ်ကြယ် (၁၂) ပါးကို ကောက်ရိတ်သလို အလွယ်တကူ သတ်ဖြတ်နေသည်ကို မြင်လိုက်ရသည့်အချိန်မှစ၍ သူ၏ စိတ်ခံစားမှုမှာ ယခုအချိန်အထိ ပြန်မငြိမ်သက်နိုင်သေးပေ။ ယခုအချိန်တွင် ‌လောထျန်းဝမ်က ထွက်လာပြီး စိန်ခေါ်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ သူ၏စိတ်မှာ ချောက်ကမ်းပါးထဲသို့ တစ်ရှိန်ထိုး ကျသွားသလိုပင်။

​ခြေဖဝါးမှတစ်ဆင့် ခေါင်းထိပ်အထိ တက်လာသော အေးစက်စက် အငွေ့အသက်တစ်ခုက သူ့တစ်ကိုယ်လုံးကို ထိုးဖောက်ဝင်ရောက်လာသလိုပင် ခံစားလိုက်ရသည်။ ကျန်ရှိနေသော ဘေးအန္တရာယ်ကြယ် (၁၂) ပါးမှာလည်း အသီးသီး ပါးစပ်ဟကာ တိုးတိုးလေး တားမြစ်လိုက်ကြသည်။

​သို့သော် လောထျန်းဝမ်မှာ သူတို့ကို လုံးဝ အရေးမစိုက်ဘဲ ဖန့်ချန်ကိုသာ စူးစိုက်ကြည့်နေသည်။

​“ဒီကောင်ကတော့…… ရောဂါ ပိုဆိုးလာပြီ ထင်တယ်……”

​ထုံယိုဧကရာဇ်မှာ အမူအရာ တစ်မျိုးဖြစ်သွားသည်။ သူ၏ စိတ်ကူးထဲတွင် အကြံတစ်ခု ပေါ်လာသဖြင့် ဖန့်ချန် မပြောခင်မှာပင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

​“လောထျန်းဝမ်၊ မင်းနေမကောင်းရင် ဆေးသောက်လိုက်စမ်းပါ။ ငါ့အစ်ကိုကြီးကို မနှောင့်ယှက်ပါနဲ့။ မင်းက သူ့ကို စိန်ခေါ်ချင်တာလား။ ဒါဆိုရင် အနည်းဆုံးတော့ ငါ့ကို အရင် ကျော်ဖြတ်နိုင်အောင် ကြိုးစားကြည့်ဦး။”

​ပြောပြီးသည်နှင့် ထုံယိုဧကရာဇ်မှာ ထွက်လာကာ လောထျန်းဝမ်နှင့် ဖန့်ချန်ကြားထဲတွင် ပိတ်ရပ်လိုက်သည်။ ထုံယိုဧကရာဇ်နှင့် ရင်းနှီးသည့် ဘေးအန္တရာယ်ကြယ်များမှာ ထိုမြင်ကွင်းကို မြင်သောအခါ နောက်ဆက်တွဲ လမ်းကြောင်းကို မည်သို့ သွားရမည်ကို ချက်ချင်း သိလိုက်ကြသည်။

​သူတို့သည် ထုံယိုဧကရာဇ်၏ စကားကို အလျင်အမြန် ထောက်ခံလိုက်ကြသည်။

​“လောထျန်းဝမ်၊ ဆေးသာ ကောင်းကောင်းသောက်လိုက်ပါကွာ။”

​“တချို့ နတ်ဘုရားအစွမ်းတွေကို လွယ်လွယ်နဲ့ မစမ်းသပ်သင့်ဘူး။ နတ်ဘုရားပင့်ဖိတ်ခြင်း၊ နတ်ဘုရားဆင်းသက်ခြင်း ဆိုတဲ့ နည်းလမ်းကို ဆက်မကျင့်ဖို့ ငါ တိုက်တွန်းပါရစေ။”

​သူတို့ ဝင်ပြောပေးသည်ကို မြင်သောအခါ ဖန့်ချန်မှာ အေးအေးဆေးဆေးပင် ပွဲကြည့်သူသဖွယ် ကြည့်နေလိုက်သည်။

​“ငါ စိန်ခေါ်ချင်တာက ယဲ့ထျန်းဂူကိုပဲ၊ မင်းကို မဟုတ်ဘူး။ မင်းက ငါ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး။”

လောထျန်းဝမ်က ခေါင်းကို အသာခါလိုက်သည်။

​“ငလူးလား ငါ မင်းကို ကယ်နေတာလေ ”

​ထုံယိုဧကရာဇ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

​“အခု ဘာဖြစ်နေလဲဆိုတာ မင်း မမြင်သေးဘူးလား။ ဒီကမ္ဘာကြီးက နောက်ဆိုရင် လီဖန်ရဲ့ ကမ္ဘာ မဟုတ်တော့ဘူး၊ ငါ့အစ်ကိုကြီးရဲ့ ကမ္ဘာပဲ ဖြစ်လာမှာ။”

​“ငါ မသေသေးပါဘူး၊ လက်ဖက်ရည်က အေးစက်သွားပြီလား။”

​လီတောက်ယဲ့မှာ နားမလည်နိုင်စွာဖြင့် တွေဝေသွားသည်။

​“မင်း ငါ့အစ်ကိုကြီးကို စိန်ခေါ်ချင်ရင် ငါ့အလောင်းပေါ်ကနေ အရင် နင်းလျှောက်သွားလိုက် ”

​ထုံယိုဧကရာဇ်က အေးစက်စက် ပြောလိုက်ပြီး လုံးဝ အလျှော့ပေးမည်မဟုတ်သည့် ပုံစံဖြင့် ရပ်နေသည်။

​“ဟုတ်တယ်၊ မင်းရဲ့ နတ်ဘုရား ပင့်ဖိတ်ခြင်း နည်းလမ်းကို ငါ့ကို ပြချင်တယ်ဆိုရင် ထုံယိုဧကရာဇ်ကို အရင်အနိုင်ယူပြီး မင်းမှာ ငါနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိကြောင်း သက်သေပြလိုက်ပါ။”

​ဖန့်ချန်၏ အသံမှာ ထွက်ပေါ်လာသည်။ ထုံယိုဧကရာဇ်မှာ အနည်းငယ် ကြောင်သွားပြီး အမူအရာမှာ တစ်မျိုး ဖြစ်သွားသည်။ လောထျန်းဝမ်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

​“ဒီစကား အမှန်လား။ ငါ သူ့ကို အနိုင်ယူလိုက်ရင် မင်း ငါနဲ့ ယှဉ်တိုက်ပေးမှာလား။”

​“အမှန်ပဲ။”

​“ဒါဆိုရင်…… လက်သန်းချင်း ချိတ်လိုက်ကြရအောင်။”

​လောထျန်းဝမ်က ကလေးသံဖြင့် ပြောပြီး သူ့ညာလက်ကို မြှောက်လိုက်ပြီး လက်သန်းကို ဆန့်ထုတ်လိုက်သည်။

​“……”

​“ပြီးပြီ၊ ထျန်းဝမ်တော့……”

​ရယ်မောသောနတ်ဆိုးနှင့် ဘေးအန္တရာယ်ကြယ် (၁၂) ပါးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ငိုချင်စိတ်ပင် ပေါက်သွားကြသည်။

​“လောထျန်းဝမ်က ရောဂါ အလွန်ဆိုးရွားနေတာလား။”

​“အရင်က နည်းနည်းပါးပါး ပြဿနာရှိပေမယ့် အခုလောက်တော့ မဟုတ်ပါဘူး……”

​“ဧကရာဇ် (၁၂) ပါး သေသွားတာက သူ့ကို ထိခိုက်သွားတာများလား။”

​“တကယ်ပဲ ဖြစ်နိုင်တယ်……”

​တီးတိုးပြောဆိုသံများမှာ ဆက်တိုက် ထွက်ပေါ်နေသည်။ နေရာတွင် ရှိနေသည့် ဘေးအန္တရာယ်ကြယ်များမှာလည်း တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေကြပြီး ‌လောထျန်းဝမ်ကို ကြည့်သည့် အကြည့်များမှာလည်း ထူးဆန်းလာကြသည်။

​“သခင်လေး၊ သူ့အနားကို အခုချက်ချင်း မကပ်တာ အကောင်းဆုံးပဲ၊ တစ်ခုခုတော့ မှားနေပြီ။”

​လီတောက်ယဲ့မှာ အနည်းငယ် စိုးရိမ်သောစိတ်ဖြင့် ပြောသည်။

​လောထျန်းဝမ်က ဆက်ပြောသည်။

“လက်သန်းချင်း ချိတ်ထားမှ ငါ ယုံမှာ။”

​“ဒါဆိုလည်း ဖြစ်တာပေါ့။”

​ဖန့်ချန်က ခေါင်းကို အသာညိတ်လိုက်သည်။

​“ဒါ……”

​သူတော်စင်အားလုံးမှာ ဤ 'ယဲ့ထျန်းဂူ' က လောထျန်းဝမ်၏ လုပ်ရပ်ကို တကယ်လိုက်လျောလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် လောထျန်းဝမ်၏ လက်ရှိလုပ်ရပ်မှာ အလွန်ပင် ရူးမိုက်နေသောကြောင့်ဖြစ်သည်။

​ထို့နောက် လူအများ၏ အကြည့်အောက်တွင် သူတို့နှစ်ဦးမှာ လက်သန်းချင်း ချိတ်ကာ ကတိပြုလိုက်ကြသည်။ လောထျန်းဝမ်မှ ထုံယိုဧကရာဇ်ကို ကြည့်လိုက်သည်။

​“ထုံယို၊ မင်းက ငါ့ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူးလို့ ငါ ပြောခဲ့တယ်နော်။ ငါ တစ်ချက်တည်းနဲ့ မင်းကို အနိုင်ယူနိုင်တယ်၊ တကယ်ဆိုရင် မင်းကို သတ်တောင် သတ်နိုင်တယ်။ ဒါပေမဲ့ ဒီနေ့က ပြိုင်ပွဲနေ့လေ၊ ဝူရှန်းပေမြိန့်ရဲ့ စည်းကမ်းအရ ငါတို့ အချင်းချင်း မသတ်ရဘူး။ ငါ မင်းအသက်ကို ချမ်းသာပေးမယ်။”

​“မင်းအမေ”

​ထုံယိုဧကရာဇ်က အော်ပြောလိုက်သည်။

“တော်လိုက်တော့၊ ဘာတွေ ရူးမိုက်ပြီး ပြောနေတာလဲ။ မင်းက ငါ့ထက် အဆင့်မြင့်ပေမယ့် ငါ့ကို အနိုင်ယူဖို့က ဒီလောက် မလွယ်ပါဘူး။ တစ်ချက်တည်းနဲ့ သတ်မယ်ဆိုတဲ့ စကားတွေ ရပ်လိုက်တော့။ ဒီနေ့တော့ ငါ မင်းကို အမှန်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးမယ်။”

​စကားဆုံးသည်နှင့် သူ၏ ပုံရိပ်မှာ အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားသည်။ လောထျန်းဝမ်မှာ ထိုမြင်ကွင်းကို မြင်သောအခါ နူးညံ့သိမ်မွေ့သော ရယ်သံတစ်ချက်ကို ထုတ်လွှတ်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ လိုက်သွားသည်။

​နေရာရှိ သူတော်စင်တို့မှာ ထိုကဲ့သို့သော တိုက်ပွဲမျိုးကို လက်လွတ်မခံချင်ကြသဖြင့် ချက်ချင်းပင် အကောင်းဆုံး ကြည့်ရှုနိုင်မည့် နေရာသို့ ရောက်ရှိလာကြသည်။ အရပ်လေးမျက်နှာလုံးတွင် ကြည့်ရှုသူ သူတော်စင်များဖြင့် ပြည့်နှက်နေသည်။ အလယ်တွင်မူ လောထျန်းဝမ်နှင့် ထုံယိုဧကရာဇ်တို့ ရှိနေသည်။

​ထုံယိုဧကရာဇ်မှာ လောထျန်းဝမ်ကို ကြည့်ကာ အဆက်မပြတ် အေးစက်စက် ရယ်မောနေသည်။

​“လာခဲ့လေ၊ မင်းက ငါ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မယ် ဆိုတော့လေ။”

​“လာခဲ့ လီဖန်တောင် ငါ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မယ်လို့ မပြောရဲဘူး၊ မင်းလို အရူးက ဘာမို့လို့လဲ။”

​လီတောက်ယဲ့မှာ ထုံယိုဧကရာဇ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ လက်ဖက်ရည်က အေးစက်သွားရုံတင် မဟုတ်တော့ဘူး၊ လုံးဝကို အေးခဲသွားပြီ။

​လောထျန်းဝမ်က ထုံယိုဧကရာဇ်ကို ကြည့်ကာ တိုးတိုးလေး ပြောသည်။

​“ငါ ပြောခဲ့တယ်လေ၊ ငါ ရူးမနေဘူးလို့။”

​“ငါက နတ်ဘုရားတွေကို မြင်နိုင်တယ်၊ မင်းက မမြင်နိုင်ဘူး။ ဒါက မင်းနဲ့ ငါကြားက ကွာခြားချက်ပဲ။”

​သူ၏ အသံမှာ နက်ရှိုင်းနေပြီး စကားပြောနေစဉ်မှာပင် ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုမှာ လေနှင့်အတူ ထွက်ပေါ်လာသည်။ ကြယ်တာရာ အလင်းစက်များမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် တလက်လက် တောက်ပနေသည်။

​ထုံယိုဧကရာဇ်မှာ ထိုမြင်ကွင်းကို မြင်သောအခါ အေးစက်စက် အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားသည်။ တူညီသော အဆင့်ရှိသည့် သူတော်စင်များပင်လျှင် အမူအရာ ပြောင်းလဲသွားသည်။ ထုံယိုဧကရာဇ်၏ လက်ရှိအရှိန်အဝါမှာ သူတို့ထက် နှစ်ဆနီးပါး ပိုမိုအားကောင်းနေသည်။ ထိုကွာခြားချက်မှာ မသေးငယ်လှပေ။

​“တစ်၊ နှစ်၊ သုံး……”

​အတွင်းနယ်မြေ ကြယ်တာရာ (၃၅) လုံး။

​သူတော်စင်ပေါင်းများစွာမှာ အံ့ဩတကြီး အသက်ရှူမှားသွားကြသည်။ ထုံယိုဧကရာဇ်က အစွမ်းကုန် တိုက်ခိုက်သည်ကို မြင်ရခဲသည်။ ယခုမြင်လိုက်ရမှသာ သူ၏ နာမည်ဂုဏ်သတင်းမှာ အလကားမဟုတ်ကြောင်း သိလိုက်ရသည်။

​လောထျန်းဝမ်ဘက်မှ အရှိန်အဝါမှာမူ ထုံယိုဧကရာဇ်၏ ဖိအားပေးမှုအောက်တွင် တိမ်မြုပ်သွားသလိုပင်။ လောထျန်းဝမ်၏ ခန္ဓာကိုယ်တွင် ကြယ်တာရာ (၃၀) ခန့်သာ ရှိနေသလိုပင်။

​“လာခဲ့ တစ်ချက်တည်းနဲ့ ငါ့ကို အနိုင်ယူလိုက်လေ ”

​ထုံယိုဧကရာဇ်၏ အသံမှာ မိုးခြိမ်းသလို ထွက်ပေါ်လာသည်။

​“တည်ငြိမ် ”

​လောထျန်းဝမ်၏ ပါးစပ်မှ နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံ တစ်သံ ထွက်ပေါ်လာသည်။

​ထုံယိုဧကရာဇ်၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။ ထိုအရာများထဲတွင် သူ၏ စိတ်အာရုံများလည်း ပါဝင်သည်။ အရာအားလုံးမှာ အလွန်ပင် နှေးကွေးသွားသလိုပင်။ အချိန်မှာ ပိတ်ဆို့သွားပြီး လည်ပတ်ရန် ခက်ခဲနေသည်။

​“ဘာဖြစ်တာလဲ။”

​ထုံယိုဧကရာဇ်မှာ စိတ်ထဲတွင် ထိတ်လန့်သွားသည်။

​“သတ်”

​လောထျန်းဝမ်၏ အသံမှာ အလွန်ပင် နက်ရှိုင်းသွားသည်။ တစ်ခဏချင်းတွင် အရိပ်ပေါင်း ထောင်သောင်းမက ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့များမှာ ကောင်းကင်တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။ ထိုလူသတ်ငွေ့များ၏ ဗဟိုချက်မှာ ထုံယိုဧကရာဇ်ပင် ဖြစ်သည်။

​“အမလေး”

​ထုံယိုဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ နောက်တစ်ခဏတွင် ဘာတွေဖြစ်သွားမှန်း သူတော်စင်များ နားမလည်လိုက်ကြပေ။ အရိပ်ပေါင်း ထောင်သောင်းတို့မှာ ထုံယိုဧကရာဇ်ကို ဖုံးလွှမ်းသွားသည်။

​ခဏအကြာတွင် အရိပ်များ ပျောက်ကွယ်သွားသည်။

​ထုံယိုဧကရာဇ်မှာ ဒဏ်ရာများနှင့်အတူ မြေပြင်ပေါ်သို့ ဒေါင်လိုက် ထိုးကျသွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ မြေကြီးထဲသို့ နစ်ဝင်သွားပြီး အချိန်အတော်ကြာသည်အထိ လှုပ်ရှားမှု မရှိတော့ပေ။

​တစ်ချက်တည်း၊ တစ်ချက်တည်းဖြင့်ပင်……

​နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူတော်စင်များမှာ လောထျန်းဝမ်ကို ကြောင်အစွာ ကြည့်နေကြသည်။ သူတို့သည် လောထျန်းဝမ်ကို ပထမဆုံးအကြိမ် မြင်ဖူးသလိုပင် ခံစားလိုက်ရသည်။

​“သူက ငါတို့ရဲ့ ထျန်းဝမ် တကယ်ပဲလား။”

​ရယ်မောသောနတ်ဆိုးမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။

​“ဒီကောင်……”

​လီတောက်ယဲ့၏ အမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေသည်။

​“အကယ်၍ မင်းသာ သူနဲ့ တိုက်ခိုက်ခဲ့ရင် သူ့ကို အနိုင်ယူနိုင်မလား။”

​ဖန့်ချန်၏ အသံမှာ လီတောက်ယဲ့၏ နားထဲတွင် ပေါ်လာသည်။

​လီတောက်ယဲ့မှာ မကျေမနပ်ဖြစ်ကာ -

​“သေချာတာပေါ့…… ဒါပေမဲ့ နည်းနည်းလေးပဲ အနိုင်ရဖို့ ခက်မှာပါ။”

All Chapters