← Chapters

အခန်း ၂၈၂၆

Vol. 283 Ch. 2826

အခန်း ၂၈၂၆

Vol. 283 Ch. 2826

အခန်း (၂၈၂၆) - ကြိုတင်အဆုံးသတ်ခြင်း

​“ယဲ့ထျန်းဂူ၊ ငါတို့ကို သတ်ပစ်လိုက်ပါတော့”

​ဟေးကျားစခန်းမှ သူတော်စင်တို့မှာ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပုံရပြီး တိုက်ခိုက်မှုအားလုံးကို ရပ်တန့်လိုက်ကြသည်။ အကြီးအကဲငါးပါး တို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့်အခါတွင်လည်း ရှောင်တိမ်းခြင်း မပြုတော့ဘဲ ငြိမ်သက်နေကြသည်။ သူတို့မှာ ဖန့်ချန်ကို စိုက်ကြည့်နေကြပြီး မျက်လုံးထဲတွင် ပေါ်နေသော အရှက်တကွဲ ဖြစ်ရသည့် ခံစားချက်တို့မှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။

​အကြီးကဲငါးပါး တို့မှာ ထိုမြင်ကွင်းကို မြင်သောအခါ လက်ထဲမှ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ ဖန့်ချန်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။

​“ဒီလောက်ထိတောင် အရှက်တကွဲ ဖြစ်ရတာဆိုတော့ ငါ့အနေနဲ့လည်း တကယ်ကို သည်းခံနိုင်မှာ မဟုတ်ဘူး။”

​လီတောက်ယဲ့က သက်ပြင်းချကာ ရေရွတ်လိုက်သည်။

ထုံယိုဧကရာဇ်မှာ ဖန့်ချန်ကို အမြန်ပင် လှည့်ကြည့်ကာ -

​“အစ်ကိုကြီး၊ သူတို့ရဲ့ သနားစရာဟန်ဆောင်တဲ့ နည်းလမ်းကို အယုံမလွယ်ပါနဲ့။ ဒီတစ်ခါဟာ အသေအလဲ တိုက်ခိုက်ရမယ့်ပွဲ ဖြစ်လို့ သူတို့ သေချာပေါက် သေရပါမယ်။”

​“တကယ်လည်း သူတို့ကို သတ်ပစ်သင့်ပါတယ်။ ငါတို့ရဲ့ ဝူရှန်းပေမြိန့်ကို ပိုပြီး အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ဦးနဲ့ အစားထိုးနိုင်အောင် လုပ်ရမယ်။”

​လောထျန်းဝမ်က အေးဆေးစွာ ပြောလိုက်သည်။ သူတော်စင်များအားလုံးမှာ လောထျန်းဝမ်ဘက်သို့ တစ်ညီတစ်ညွတ်တည်း လှည့်ကြည့်လိုက်ကြသည်။ ဤလူ၏ လေသံမှာ အရင်ကကဲ့သို့ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သည်။

​“တကယ်ကို ထူးဆန်းတယ်၊ အနှိပ်စက်ခံလိုက်ရပြီးမှပဲ ပုံမှန် ပြန်ဖြစ်သွားတယ်ပေါ့။”

​ဘေးအန္တရာယ်ကြယ် များမှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေကြသည်။ သို့သော် သူတို့ မမြင်နိုင်သည်မှာ လောထျန်းဝမ်၏ နောက်တွင် ရပ်နေသည့် ပုံရိပ်သုံးခု ဖြစ်သည်။ ထိုသူတို့မှာ မျက်နှာများ ဖြူဖျော့လျက် အားအင်ကုန်ခမ်းနေပုံရပြီး အလွန်ပင် နွမ်းနယ်နေကြသည်။ ဖန့်ချန်၏ ထိုရိုက်ချက်တစ်ခုတည်းသော အစွမ်းကို သူတို့ကိုယ်တိုင် အပြည့်အဝ ခံစားခဲ့ရဟန်တူသည်။

​“အဆင့်အတန်းနဲ့ ကျင့်စဉ် တူညီတဲ့ သူတော်စင်တွေကိုမှ သတ်နိုင်မှပဲ တကယ့် အမှတ် ရမှာ……”

​“တစ်မှတ်ဆိုရင် ရှေးဟောင်းသူတော်စင်ဧကရာဇ်ရဲ့ သွေး တစ်စက်နဲ့ လဲလို့ရတယ်။”

​ဖန့်ချန် စဉ်းစားဟန်ဖြင့် တွေးလိုက်ပြီး သူ၏ အကြည့်မှာ သူ လူသားလောက နည်းလမ်းဖြင့် ပိတ်လှောင်ထားသည့် ဟေးကျားစခန်းမှ သူတော်စင်အုပ်စုဆီသို့ ရောက်သွားသည်။ ထိုသူတို့မှာ ကျဲနယဲ့ အဆင့်မြင့်များ ဖြစ်ကြသည်။ သူအရင်က သတ်ခဲ့သည့် ဧကရာဇ် (၁၂) ပါးမှာ အဆင့်ကျော် တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် ဆန်းနယဲ့ စစ်မြေပြင်က သူတို့ကို ရှေးဟောင်းသူတော်စင်ဧကရာဇ်၏ သွေးအဖြစ် အမှတ်ပေးမည် မဟုတ်ကြောင်း သူ သိရှိသည်။

​“မင်းတို့မှာ တိုက်ခိုက်လိုစိတ် မရှိတော့ဘူးဆိုရင်တော့ ပြန်လည်ဝင်စားခြင်း ထဲကိုပဲ ပို့ပေးလိုက်တော့မယ်။”

​ဖန့်ချန်က ခေါင်းကို အသာညိတ်လိုက်သည်။ ဟေးကျားစခန်းမှ သူတော်စင်တို့၏ စိတ်ပျက်အားငယ်နေသော မျက်နှာများရှေ့တွင် သူသည် လက်ကို အသာမြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။ ဟေးကျားစခန်းမှ ကျဲနယဲ့ အဆင့်မြင့် သူတော်စင်တို့မှာ တစ်ဦးပြီးတစ်ဦး ပျက်သုဉ်းကာ သေဆုံးသွားကြသည်။ အရေအတွက်မှာလည်း သုံးရာကျော်မျှသာ ရှိသည်။

​“ကျန်တာတွေကိုတော့ မင်းတို့ပဲ လုပ်လိုက်ကြတော့။ ငါ့ရဲ့ လက်အောက်ခံ သူတော်စင်တွေကို အမှတ်တွေ အများကြီး ကျန်ပေးခဲ့ပါ။ သူတို့မှာ ရှေးဟောင်းသူတော်စင်ဧကရာဇ်ရဲ့ သွေးစက်က သိပ်မရှိသေးလို့။”

​ဖန့်ချန်က လီတောက်ယဲ့ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

​“ကောင်းပြီ။”

​လီတောက်ယဲ့က ခေါင်းညိတ်ပြီး လက်ကို ခါယမ်းကာ -

​“စကြတော့”

​တစ်ဖက်သတ် သတ်ဖြတ်မှုမှာ ဆန်းနယဲ့ သူတော်စင်များကို စိတ်လှုပ်ရှားစေသည်။ အလွန်အမင်း စိတ်ပျက်အားငယ်နေသော ဟေးကျားစခန်းမှ သူတော်စင်တို့မှာလည်း နောက်ဆုံးတွင် ဘာမျှ မထူးတော့ကြောင်း သိမြင်သွားကြသည်။ နောက်ထပ် ဘဝတစ်ခုသို့ ပြောင်းလဲသွားရုံသာ ရှိတော့သည်။

​“ဆန်းနယဲ့ စစ်မြေပြင်မှာ သေသွားရင် ငါတို့ရဲ့ ပြန်လည်ဝင်စားခြင်းဟာလည်း အရင်လို မဟုတ်တော့ဘူး။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ပြန်မတွေ့ရတော့ပေမဲ့ အကျိုးတစ်ခုတော့ ရှိတယ်။ နောက်တစ်ခါ ပြန်တွေ့ရင်တော့ ငါတို့ရဲ့ အခြေခံအုတ်မြစ်က အခုထက် အများကြီး ပိုသာလွန်နေမှာ သေချာတယ် ”

​ဟေးကျားစခန်းမှ သူတော်စင်တစ်ဦးမှာ ပြုံးလိုက်ပြီး သူ့ဆီသို့ ရောက်လာသည့် တိုက်ခိုက်မှုများကို လုံးဝ ခုခံခြင်း မပြုတော့ပေ။ ထိုသို့လုပ်ခြင်းမှာ ကစားခံနေရသော သားရဲတစ်ကောင်နှင့် တူနေမည်ကို သူ မလိုလားပေ။ သူသည် ကောင်းကင်ပေါ်ရှိ ပုံရိပ်ကိုသာ စိုက်ကြည့်နေပြီး နောင်ဘဝတွင် ပြန်လည် တိုက်ခိုက်နိုင်စေရန် ထိုသူကို စိတ်ထဲတွင် စွဲမြဲစွာ မှတ်သားထားလိုက်သည်။ သူတော်စင် အများအပြားမှာလည်း သူနှင့်အတူတူပင် သေခါနီးအချိန်တွင် ထိုပုံရိပ်ကိုသာ စိုက်ကြည့်နေကြသည်။ သူတို့ကို ဘယ်သူသတ်သွားသလဲ ဆိုသည်မှာ အရေးမကြီးတော့ပေ။ ထိုလူကို မှတ်မိနေရင်ပဲ လုံလောက်ပြီ ဖြစ်သည်။

​သတ်ဖြတ်ခြင်းမှာ အဆုံးသတ်ခါနီးတွင် ကောင်းကင်ယံမှ မီးခိုးငွေ့များ လွှမ်းခြုံလာပြီး ကြေးခေါင်းလောင်းသံကဲ့သို့ အသံကြီးမှာ စစ်မြေပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

​“ယဲ့ထျန်းဂူ၊ လောထျန်းဝမ်၊ ကြိုတင် တက်လှမ်းခြင်း အောင်မြင်သည်၊ ယခု အမှတ်ပေးမည်။”

​ကြိုတင် တက်လှမ်းခြင်း

​သူတော်စင်အားလုံး၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ထုံယိုဧကရာဇ် မှာ အသက်ကို ပြင်းပြင်းရှိုက်လိုက်မိသည်။

​“ကြေးနီသူတော်စင်နန်းတော်က အစ်ကိုကြီးတို့ကို သဘောကျသွားတာလား ဒါပေမဲ့ လောထျန်းဝမ်က ဘာလို့……”

​သူသည် ကိုယ်တိုင် အနိုင်ယူခံလိုက်ရသည့် မြင်ကွင်းကို ပြန်မြင်ယောင်မိသည်။ ဖြစ်နိုင်သည်မှာ ထိုမြင်ကွင်းသည်လည်း အကြီးအကဲများ၏ မျက်လုံးထဲသို့ ရောက်သွားခြင်း ဖြစ်နိုင်သည်။

​ရွှေရောင်အလင်းတန်းများမှာ ရူးသွပ်စွာ ကြွေကျလာသည်။ ထိုအထဲမှ သုံးရာကျော်မှာ ဖန့်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီး တစ်ဆယ်ကျော်မှာ လောထျန်းဝမ်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ကွာခြားချက်မှာ အလွန်ကြီးမားသည်ဟု ထင်ရသော်လည်း အခြေအနေအရဆိုလျှင် ဖြစ်သင့်သည့်အရာပင် ဖြစ်သည်။ ဟေးကျားစခန်းမှ သူတော်စင်အရေအတွက်မှာ တကယ်တော့ များလှသည် မဟုတ်ပေ။ ထိုအထဲမှ ဧကရာဇ် (၁၂) ပါးကို ဖန့်ချန်က သတ်လိုက်ခြင်းဖြစ်သည်။ ကျန်ရှိသူတို့ကို သူတော်စင်တို့ ခွဲဝေယူလိုက်ကြရာ လောထျန်းဝမ်အနေဖြင့် ရှေးဟောင်းသူတော်စင်ဧကရာဇ်၏ သွေးစက် ဆယ်ကျော်သာ ရရှိလိုက်သည်။ ဤရလဒ်မှာ အရင်က စစ်ပွဲများနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် ကောင်းမွန်သည့် ရလဒ် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ဖန့်ချန်ကြောင့် ဝူရှန်းပေမြိန့်မှာ လုံးဝ ဖိအားပေး အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ကြယ် အတော်များများမှာလည်း လောထျန်းဝမ်ထက် မလျော့နည်းသော သွေးစက်များကို ရရှိလိုက်ကြသည်။

​ရှေးဟောင်းသူတော်စင်ဧကရာဇ်၏ သွေးစက်များမှာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ဖန့်ချန်သည် သူ၏ နတ်ဘုရားစွမ်းအားတံဆိပ် များမှာ အလွန်ကောင်းမွန်သော အာဟာရကို ရရှိသွားသကဲ့သို့ တဖြည်းဖြည်း အားကောင်းလာသည်ကို ခံစားလိုက်ရသည်။ သူသည် ဝမ်းသာမှု မရှိဘဲ အေးစက်သော အကြည့်ဖြင့်သာ နတ်ဘုရားစွမ်းအားတံဆိပ်များ ကြီးထွားလာသည်ကို စောင့်ကြည့်နေလိုက်သည်။ မကြာမီပင် သွေးစက် သုံးရာကျော်ကို သူ စုပ်ယူလိုက်နိုင်သည်။

​လီတောက်ယဲ့မှာ တိုးတိုးလေး ရေရွတ်လိုက်သည်။

​“ဒီတစ်ခါတော့ သူ့ရဲ့ အစွမ်းက အများကြီး ပိုသန်မာလာတော့မှာပဲ……”

​နှစ်ဦးစလုံး၏ သွေးစက်များ ရရှိပြီးနောက်တွင် သူတို့နှစ်ဦး၏ ရှေ့တွင် မီးခိုးငွေ့ဖြင့် ပြုလုပ်ထားသော တံခါးတစ်ချပ်စီ ပေါ်လာသည်။ လောထျန်းဝမ်မှာ မယုံကြည်နိုင်စွာဖြင့် ဖန့်ချန်၏ တံခါးကို ကြည့်လိုက်ပြီးနောက် သူ့တံခါးကို ပြန်ကြည့်လိုက်သည်။ တံခါးနှစ်ချပ်မှာ တူညီကြောင်း သေချာသွားသောအခါ ဝမ်းသာအားရဖြင့် တံခါးကို တွန်းဖွင့်ကာ သူတော်စင်တို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။

​“မင်းတို့ ဆက်လုပ်ကြပါ။”

​ဖန့်ချန်က အောက်မှ သူတော်စင်တို့ကို မှာကြားလိုက်ပြီးနောက် သူလည်း တံခါးကို ဖွင့်ကာ ပျောက်ကွယ်သွားတော့သည်။

​“ကဲ၊ ငါတို့လည်း ဆက်လုပ်ကြတာပေါ့။”

​လီတောက်ယဲ့က မနာလိုသော အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

​“ယဲ့အစ်ကိုကြီး ခေါ်လာတဲ့ သူတော်စင်တွေကို အကျိုးရှိအောင် လုပ်ပေးဖို့ မမေ့ကြနဲ့ဦး၊ ဒါက သူတို့အတွက် အကျိုးရှိပါတယ်။”

​သူတော်စင်အားလုံးမှာလည်း နားလည်သွားကြသည်။ တစ်ဖက်သတ် သတ်ဖြတ်ခြင်းမှာ နောက်ပိုင်းတွင် အကြီးအကဲများက စီစဉ်ထားသည့် ပွဲတော်တစ်ခုကဲ့သို့ ဖြစ်လာသည်။ အဓိက အကျိုးခံစားရသူများမှာ အကြီးကဲငါးပါး တို့ပင် ဖြစ်သည်။ ရှဲ့အာမန် နှင့် ဝမ်ချုံစန်း တို့မှာလည်း အံ့အားသင့်ဖွယ် စွမ်းအားများကို ပြသနိုင်သဖြင့် အထူးတလည် ကူညီစရာမလိုဘဲ အပြည့်အဝ အကျိုးခံစားခွင့် ရရှိခဲ့သည်။ မကြာမီတွင် ဟေးကျားစခန်းမှ သူတော်စင် တစ်ဦးမျှပင် မကျန်ရစ်တော့ဘဲ အားလုံး ပြန်လည်ဝင်စားခြင်း ထဲသို့ ရောက်သွားကြသည်။

​……

​……

​ဝူရှန်းပေမြိန့်တွင် သူတော်စင်တို့မှာလည်း မိမိတို့ လုပ်ငန်းဆောင်တာများဖြင့် အလုပ်ရှုပ်နေကြသည်။ ယခင်နှစ်များက စစ်ပွဲများမှာ အချိန်အတော်ကြာမှ ပြီးဆုံးလေ့ရှိသည်။ ကောင်းကင်ယံရှိ မြင်ကွင်းကိုလည်း မည်သူမျှ သတိမထားမိကြပေ။ သူတော်စင်တစ်ဦး မတော်တဆ မော့ကြည့်လိုက်မှသာ စစ်ပွဲမှာ အချိန်တိုအတွင်း ပြီးဆုံးသွားကြောင်း သိလိုက်ရသည်။

​“ချူချန်း၊ ဒီတစ်ခါ စစ်ပွဲက အသေအလဲ သတ်ပွဲလို့ ကြားတယ်။ အစိမ်းရောင် မျက်လုံးကျား က ဘေးအန္တရာယ်ကြယ် ၁၂ပါး နေရာကနေ ထွက်သွားရတာကလည်း ကံကောင်းတယ်လို့ ဆိုရမှာပဲ။”

​ကျန်းစီလုံ က သက်ပြင်းချကာ ပြောသည်။ ချူချန်းက ခေါင်းညိတ်လိုက်ပြီး စကားမပြောဘဲ ငြိမ်သက်နေသော အစိမ်းရောင် မျက်လုံးကျားကို တစ်ချက် ကြည့်လိုက်သည်။

​“ဘယ်သူက ပြောနိုင်မှာလဲ၊ ငါတို့ ကံကောင်းတယ်လို့ပဲ မှတ်ရမှာပေါ့။ ဒုတိယညီ၊ စိတ်မကောင်း မဖြစ်ပါနဲ့။ ဒီစစ်ပွဲပြီးရင် ဘေးအန္တရာယ်ကြယ် နေရာမှာ နေရာလွတ်တွေ ပေါ်လာမှာ သေချာပါတယ်၊ မင်း အချိန်မရွေး တက်နိုင်ပါတယ်။”

​အစိမ်းရောင် မျက်လုံးကျားမှာ စကားမပြောပေ။ ရုတ်တရက် သူတစ်ခုခုကို သတိပြုမိသွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ အမူအရာမှာ အလွန်ပင် တည်ကြည်သွားပြီး မတ်တတ်ရပ်လိုက်သည်။

​“စစ်ပွဲ…… ပြီးသွားပြီ။”

​“ဒီလောက်တောင် မြန်တာလား”

​ချူချန်းနှင့် ကျန်းစီလုံတို့မှာ အံ့ဩသွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

​အခြားတစ်ဖက်တွင်လည်း ယွမ်သခင်လေး နှင့် ရှန်ပါဝမ် တို့မှာ လက်ဖက်ရည်သောက်ရင်း နောင်တွင် ဖြစ်လာမည့် မဟာမိတ်ကိစ္စများကို ဆွေးနွေးနေကြသည်။

​“ယွမ်သခင်လေး၊ စစ်ပွဲ ပြီးသွားပြီ ပြန်ကြည့် ခိုင်းလိုက်ပါ။”

​“ပြီးသွားပြီလား”

​ယွမ်သခင်လေးနှင့် ရှန်ပါဝမ်တို့မှာ မတ်တတ်ရပ်လိုက်ပြီး လက်ဖက်ရည်ဆိုင်မှ အမြန်ထွက်ကာ ကောင်းကင်ယံကို ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် မြင်ကွင်းမှာ နှစ်ဦးသား ပထမဆုံးအကြိမ် ညှိနှိုင်းနေသည့် အချိန်သို့ ရောက်နေပြီဖြစ်သည်။

​

All Chapters