အခန်း ၂၈၂၉
Vol. 283 Ch. 2829
အခန်း (၂၈၂၉) - သူက ယန်ဧကရာဇ်၊ ငါက ဟန်ဧကရာဇ်
မျက်လုံးပေါင်း မြောက်မြားစွာမှာ ကောင်းကင်ယံကို ဆက်လက်၍ ငေးမောကြည့်ရှုနေကြဆဲပင်။
သူတို့သည် လောထျန်းဝမ်၏ နောက်ဆုံးရလဒ်မှာ မည်သို့ဖြစ်လာမည်ကို သိလိုကြသည်။ လောထျန်းဝမ်မှာ အသက်မပျောက်ကြောင်း တွေ့လိုက်ရသည့်အခါ သူတို့၏ ရင်ထဲတွင် မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ သက်ပြင်းချနိုင်သွားကြသည်။ ထိုသူ၏ ပုံရိပ်က သူတို့အပေါ် သက်ရောက်စေသည့် ဖိအားပေးမှုမှာ ကောင်းကင်ယံမှတစ်ဆင့်ပင် သူတို့ထံသို့ ရောက်ရှိနေဆဲ ဖြစ်သည်။
ဆက်လက်၍ ကောင်းကင်ယံတွင် တစ်ဖက်သတ် သတ်ဖြတ်မှုများ စတင်လာသည်။ ဟေးကျားစခန်းမှ သူတော်စင်တို့မှာ အရှက်တကွဲ ဖြစ်ရမှုကို မခံနိုင်တော့ဘဲ အသေခံရန် ကြိုးစားသည့်အခါတွင် သတ်ဖြတ်မှုများ စတင်လာသည်။
ဟေးကျားစခန်း နယ်မြေမှာ နောက်တစ်ဖန် အသေကောင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ မျက်လုံးအစုံစုံတို့မှာ ကောင်းကင်ယံကို စိုက်ကြည့်ရင်း ဟေးကျားစခန်းမှ သူတော်စင်တို့ တစ်ဦးပြီးတစ်ဦး ပျက်စီးသွားသည့် မြင်ကွင်းကိုသာ မြင်ယောင်နေကြရသည်။
"ဟဟ…… လုံးဝ ကုန်ဆုံးသွားပြီ၊ ငါတို့ ဟေးကျားစခန်းရဲ့ အခြေခံအုတ်မြစ်တွေ လုံးဝ ပျက်စီးသွားပြီ……"
"ဒီတစ်ခါတော့ အကြီးစား နတ်ဘုရားအင်ပါယာတွေရဲ့ ဆုံးရှုံးမှုတွေက အဆမတန် များပြားတော့မှာပဲ။"
"ဒါပေမဲ့……"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျဲနယဲ့ သူတော်စင်တို့မှာ ရုတ်တရက် အတွေးတစ်ခု ရလာကြသည်။ ဘေးအန္တရာယ်ကြယ် (၁၀၈) ပါးနှင့် သူတို့၏ အပေါင်းအပါများမှာ ယခု စစ်ပွဲတွင် အကုန်လုံးနီးပါး သေဆုံးသွားခဲ့ပြီ။ ထိုသို့ဆိုလျှင် ဆန်းနယဲ့ စစ်မြေပြင်၏ အခြေအနေမှာ ပြောင်းလဲသွားတော့မည် မဟုတ်လော။
သူတို့လို ကောင်လေးတွေ…… တစ်နေ့ကျရင် ဘေးအန္တရာယ်ကြယ် (၁၀၈) ပါးနေရာကို အစားထိုး နေရာယူနိုင်မည့် အခွင့်အရေး ရှိလာနိုင်မည် မဟုတ်လော။
ဟေးကျားစခန်း၏ တိတ်ဆိတ်ခြင်းကို ထိုသို့သော အတွေးလျှပ်စီးများက ဖြတ်သန်းသွားသကဲ့သို့ ဖြစ်လာသည်။ ထိုနေရာမှ ကျဲနယဲ့ သူတော်စင်တို့မှာ အစောပိုင်းက ခေါင်းငိုက်စိုက်ကျကာ မျှော်လင့်ချက် ကင်းမဲ့နေခဲ့ရာမှ ယခုအခါတွင်မူ စိတ်ကူးစိတ်သန်းများ ပြန်လည် နိုးကြားလာပြီး ဦးနှောက်ထဲတွင် အစီအစဉ်များ လည်ပတ်နေကြသည်။
……
……
မသိလိုက်မသိဘာသာဖြင့် ထိုအသံကြီးမှာ ဟိန်းထွက်လာသည်။ ကောင်းကင်ယံတွင် ဖန့်ချန်နှင့် လောထျန်းဝမ်တို့ ကြိုတင် အဆင့်တက်လှမ်းကာ အမှတ်ပေးသည့် မြင်ကွင်း ပေါ်လာသည်။ ထို့နောက်တွင်မူ ထိုသူနှစ်ဦးမှာ မီးခိုးရောင် တံခါးကြီးထဲသို့ ဝင်ရောက်သွားသည့် မြင်ကွင်း ဖြစ်သည်။ ရှူးဖုနှင့် ယွီချန်တို့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့နှစ်ဦးမှာ ကြေးန်ီသူတော်စင်နန်းတော် ၏ အလေးပေးမှုကို ခံရပြီး နောက်တစ်ဆင့်တွင် ကိုယ်စားလှယ် ဖြစ်လာနိုင်ကြောင်း သိရှိသွားကြသည်။
"စခန်းတာဝန်ခံကြီး၊ ယဲ့အစ်ကိုကြီးတို့က ကြေးနီသူတော်စင်နန်းတော်ရဲ့ ကိုယ်စားလှယ်တွေ ဖြစ်သွားကြတာလား "
လီတောက်ယဲ့က ပါးစပ်ကို ပိတ်မရဖြစ်နေသော ရှူးဖုကို ကြည့်ကာ လက်နှစ်ဖက်ယှဉ်၍ မေးလိုက်သည်။
မျက်လုံးပေါင်း များစွာမှာ ရှူးဖုဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားသည်။ ထိုအကြည့်များထဲတွင် ကြောင်တောင်တောင် ဖြစ်မှုများ၊ မယုံကြည်နိုင်မှုများ၊ ထိတ်လန့်မှုများ ရောထွေးနေသည်။
ကြေးနီသူတော်စင်နန်းတော်
ဆန်းနယဲ့ စစ်မြေပြင်၏ ရှေးအကျဆုံး ဒဏ္ဍာရီ၊ စွမ်းအားအကြီးဆုံး ရှေးဟောင်းအင်အားစု (၇) ခုထဲမှ တစ်ခု ထိုနေရာဆိုသည်မှာ သူတို့လို ကျဲနယဲ့ သူတော်စင်များ စိတ်ကူးနှင့်တောင် မမှန်းဆနိုင်သည့် နေရာမျိုး ဖြစ်သည် ယခုအချိန်တွင်မူ ဝူရှန်းပေမြိန့်စခန်းမှ ကြေးနီသူတော်စင်နန်းတော်ထဲသို့ ဝင်ရောက်နိုင်မည့်သူ နှစ်ဦး တစ်ပြိုင်တည်း ပေါ်ထွက်လာခြင်း ဖြစ်သည်။
"အနှောင့်အယှက် မရှိဘူးဆိုရင် သူတို့နှစ်ဦးထဲက တစ်ဦးက ကြေးနီသူတော်စင်နန်းတော်ရဲ့ ကိုယ်စားလှယ် ဖြစ်လာနိုင်ဖို့ သေချာသလောက် ရှိပါတယ်။"
စခန်းတာဝန်ခံက ခေါင်းအသာညိတ်သည်။ ထိုအခိုက်တွင် ဘေးအန္တရာယ်ကြယ် များအပါအဝင် ဆန်းနယဲ့ သူတော်စင်အားလုံးမှာ အံ့အားသင့်ကာ ကြက်သေသေသွားကြသည်။
"စကားကို အတည်ဖြစ်သွားပြီ……"
ယွမ်သခင်လေးက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူသည် ကြေးနီသူတော်စင်နန်းတော်အကြောင်းကို အရင်ဆုံး သွားရောက် အကြောင်းကြားခဲ့သူ ဖြစ်သည်။ မထင်မှတ်ထားသည်မှာ နှစ်အနည်းငယ်အတွင်းမှာပင် ထိုသူမှာ ကြေးနီသူတော်စင်နန်းတော်သို့ သွားရောက်နိုင်သည့် အဆင့်အထိ ရောက်ရှိသွားလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။
"ဒီတစ်ခါတော့ မင်းတို့ ပေတိုနတ်ဘုရားအင်ပါယာ က ငါ့ရဲ့ လုံရှန်းနတ်ဘုရားအင်ပါယာ ကို သိမ်းပိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။"
ရှန်ပါဝမ်က ရင်ထဲရှိ အလွန်အမင်း ဝမ်းသာမှုကို ဖိနှိပ်ကာ တဟီးဟီးနှင့် ရယ်မောလိုက်သည်။ ယွမ်သခင်လေးက သူ့ကို တစ်ချက်စောင်းကြည့်လိုက်သည်။
"ဒါပေါ့၊ မင်းတို့ လုံရှန်းနတ်ဘုရားအင်ပါယာ က ဘာများမို့လို့လဲ၊ မင်းတို့အတွက်နဲ့ အစ်ကိုကြီးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ပါ့မလဲ ငါလည်း အဲဒီလောက် မမိုက်မဲသေးဘူး။ ပေတိုနတ်ဘုရားအင်ပါယာ လည်း အဲဒီလောက် မမိုက်မဲပါဘူး။ နောက်ပိုင်းမှာ ငါတို့ ဒီအင်ပါယာတွေအားလုံးက အစ်ကိုကြီးကိုပဲ အားကိုးပြီး ကုန်သွယ်ရေး လုပ်ရတော့မယ် ထင်တယ်။"
ကုန်သွယ်ရေး လုပ်ရတော့မယ် ရှန်ပါဝမ်၏ မျက်လုံးများမှာ တောက်ပသွားသည်။
……
……
ဖန့်ချန်သည် မီးခိုးရောင် တံခါးကို ဖြတ်ကျော်လိုက်သည့်အခါ ခြေထောက်တို့သည် ခိုင်မာသော ကြမ်းပြင်ပေါ်သို့ ရောက်ရှိသွားသည်။ မလှမ်းမကမ်းတွင် လောထျန်းဝမ်လည်း တံခါးထဲမှ ထွက်လာသည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိပြီးနောက် ပတ်ဝန်းကျင်ကို စတင် လေ့လာလိုက်ကြသည်။
ထိုနေရာမှာ ကျယ်ဝန်းလှသော ပလက်ဖောင်း တစ်ခုဖြစ်သည်။ မလှမ်းမကမ်းတွင် နန်းတော်ကြီးတစ်ခု ရှိနေသယောင် ထင်ရသည်။ ထိုအရာမှလွဲ၍ ကျန်သည်မှာ ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။
"ငါတို့ ကြိုတင်ပြီး နောက်တစ်ဆင့်ကို တက်လာကြတာ၊ ငါတို့ရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေ ဖြစ်မလဲလို့ ထင်သလဲ "
လောထျန်းဝမ်က လျှောက်လာပြီး အလေးအနက်ထားကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။
"ငါတို့နဲ့ စွမ်းရည်ချင်း မတိမ်းမယိမ်း ရှိတဲ့ ကျဲနယဲ့ သူတော်စင်တွေပဲ ဖြစ်မှာပေါ့၊ အခြား စခန်းနယ်မြေပေါင်းစုံကနေ ရွေးချယ်ခံလာရတဲ့သူတွေ ဖြစ်မှာပါ။ မပေါ့ဆပါနဲ့။"
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
လောထျန်းဝမ်မှာ ခဏတာ မိန်းမောသွားပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ၊ ငါ မပေါ့ဆပါဘူး၊ ဝူရှန်းပေမြိန့်စခန်းရဲ့ ဂုဏ်သိက္ခာကိုလည်း မကျဆင်းစေရပါဘူး။"
ထိုအချိန်တွင် လူရိပ်တစ်ခုက ဖြည်းညင်းစွာ လျှောက်လာသည်။ ဖန့်ချန်နှင့် လောထျန်းဝမ်မှာ ထိုသူ မည်သည့်အချိန်ကတည်းက ရှိနေမှန်း မသိလိုက်ပေ။ အစကတည်းက ရှိနေသကဲ့သို့ပင်။ သူသည် ဖျတ်ခနဲ သူတို့နှစ်ဦးရှေ့သို့ ရောက်လာပြီး အေးစက်စက် အကြည့်ဖြင့် လေ့လာလိုက်သည်။
"မင်းတို့ ကြိုတင်ပြီး တက်လာကြတာလား ကြေးနီသူတော်စင်နန်းတော် ကိုယ်စားလှယ် စာမေးပွဲ ဖြေဖို့လား "
တစ်ဖက်လူမှာ စက္ကန့်အနည်းငယ် ကြာမှ ဖြည်းဖြည်းချင်း မေးသည်။
"ဟုတ်ကဲ့။" ဖန့်ချန်က ပြန်ဖြေသည်။
တစ်ဖက်လူက ခေါင်းအသာညိတ်သည်။
"မင်းတို့ အခု ကြေးနီသူတော်စင်နန်းတော် ကိုယ်စားလှယ် ရာထူးအတွက် စာမေးပွဲ ဖြေဆိုဖို့ အရည်အချင်း ရှိသွားပြီ။ စစ်ပွဲက အခုထိ မပြီးသေးဘူး၊ မင်းတို့ ငါ့နောက်ကို လိုက်ခဲ့ပြီး နန်းတော်ထဲမှာ စောင့်နေကြ။"
ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားပြီး နန်းတော်ဆီသို့ လျှောက်သွားသည်။ ဖန့်ချန်နှင့် လောထျန်းဝမ်မှာ တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် ချက်ချင်းပင် လိုက်သွားကြသည်။ နန်းတော်ထဲသို့ ဝင်ရောက်လိုက်သည့်အခါ ထိုသူမှာ အလွန်အေးစက်စွာ ပြောသည်။
"ကြိုက်တဲ့နေရာမှာ ထိုင်ကြ၊ ဒီမှာပဲ စောင့်နေ။"
"ငါက တိတ်ဆိတ်မှုကို ကြိုက်တယ်၊ ဒါကြောင့် ဘာကိစ္စမှ မရှိရင် အသံမထွက်ကြနဲ့။"
"စိတ်ထဲမှာ ဘာမေးခွန်းတွေ ရှိရှိ၊ အောင့်ထားလိုက်။"
"ငါ့ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်မိရင် ဘာဖြစ်လာမလဲ ကိုယ့်ဘာသာ စဉ်းစားကြ။"
လောထျန်းဝမ်၏ အမူအရာမှာ ရုတ်တရက် အေးစက်သွားသည်။ ဖန့်ချန် တားရန် ကြိုးစားသော်လည်း မမီတော့ပေ။
လောထျန်းဝမ်က ထိုသူကို စိုက်ကြည့်ကာ -
"ခင်ဗျားက ကြေးနီသူတော်စင်နန်းတော်က သူတော်စင်လား"
တစ်ဖက်လူမှာ အနည်းငယ် ကြောင်သွားပြီး -
"မဟုတ်ဘူး။"
"မဟုတ်ဘူးဆိုရင် ဘာလို့ ငါတို့ကို ဒီလောက်အထိ မလေးမစား ပြောနေရတာလဲ "
လောထျန်းဝမ်၏ အသံမှာ ပိုမို အေးစက်သွားသည်။
"ဟဟ……"
တစ်ဖက်လူက လောထျန်းဝမ်ကို လှောင်ပြောင်သလို ကြည့်လိုက်ပြီး တိတ်ဆိတ်နေသော ဖန့်ချန်ကိုပါ တစ်ချက်ကြည့်ကာ အပြုံးတို့ ပျောက်ကွယ်သွားသည်။
"ငါ မင်းတို့ကို မလေးမစား ပြောရင် ဘာဖြစ်လဲ မကျေနပ်ဘူးလား မကျေနပ်ရင် အခုပဲ လက်ရေစမ်းကြည့်လိုက်လေ၊ ငါ ဒီမှာပဲ ရပ်နေတယ်။"
"လောထျန်းဝမ်၊ သူက မင်းကို စည်းကမ်းဖောက်ဖျက်အောင် ဆွပေးနေတာ၊ ဒီမှာ တိုက်ခိုက်ရင် ကြေးနီသူတော်စင်နန်းတော် ရာထူးကို လက်လွှတ်လိုက်ရမယ်။"
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
လောထျန်းဝမ် ခဏတာ ကြောင်သွားသည်။
"မင်းပြောတာ…… သူက ငါတို့နဲ့ အတူတူပဲပေါ့"
သူသည် တစ်ဖက်လူကို ကြည့်လိုက်ရာ သံသယများ ဖြစ်ပေါ်လာသည်။
ဖန့်ချန်က ထိုသူကို ကြည့်ကာ ပြုံး၍ -
"မင်းက ငါတို့ထက် စောပြီး ရွေးချယ်ခံရတာပဲ၊ ဘယ်စခန်းနယ်မြေကလဲ၊ နာမည်က ဘယ်သူလဲ "
ဖန့်ချန်၏ လှည့်ကွက်ကို သိသွားသဖြင့် တစ်ဖက်လူမှာ စိတ်ပျက်စွာဖြင့် -
"မင်းတို့နှစ်ယောက်က ငါ့နောက်ကြောင်းကို သိဖို့ အရည်အချင်း မရှိသေးဘူး။ စစ်ပွဲပြီးရင် ငါတို့ကြားမှာ တစ်ပွဲလောက်တော့ တိုက်ဖြစ်ကြဦးမယ်။ မသေခင်မှာ ငါ့နာမည်ကို ပြောပြပေးမယ်။"
"မင်းက ကြေးနီသူတော်စင်နန်းတော်က သူတော်စင် မဟုတ်ဘဲနဲ့ ခုနက ဟန်ဆောင်ပြီး ငါတို့ကို တိုက်ခိုက်ဖို့ ဆွပေးတာ မဟုတ်လား"
လောထျန်းဝမ်၏ မျက်လုံးထဲတွင် ဒေါသတို့ အရောင်တောက်သွားသည်။
"မင်းက ဒီလောက်အစွမ်းထက်ပါလျက်နဲ့ ဒီလိုနည်းလမ်းမျိုး သုံးတာ တကယ်ကို ယုတ်ညံ့တာပဲ။"
"ယုတ်ညံ့သလား မယုတ်ညံ့သလားဆိုတာ မင်းပြောလို့ သိရမှာလား မင်း နာမည်က ဘယ်သူလဲ "
တစ်ဖက်လူက လှောင်ပြောင်စွာ ပြောသည်။
"မင်းနာမည်နဲ့ ဘယ်က လာသလဲဆိုတာ ပြောပြစမ်း။"
"သူက ယန်ဧကရာဇ်၊ ငါက ဟန်ဧကရာဇ်၊ ငါတို့က ဟေးကျားစခန်းက လာတာ။"
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
လောထျန်းဝမ်မှာ စိတ်လှုပ်ရှားသွားသည်။
"မှန်တယ်၊ ငါက ယန်ဧကရာဇ်၊ ဟေးကျားစခန်းက လာတာ၊ ဘာဖြစ်လဲ မင်းက ငါတို့ကို လက်စားချေမယ့် နည်းလမ်း ရှိသေးလို့လား "
"မရှိပါဘူး၊ ကြိုတင်မေးထားတာပါ။ ငါ ကြေးနီသူတော်စင်နန်းတော်ရဲ့ ကိုယ်စားလှယ် ဖြစ်သွားရင် မင်းတို့ဆီ လာပြီး ပျော်ပါးမယ်။"
တစ်ဖက်လူက ရယ်မောလိုက်ပြီး နေရာတစ်ခုတွင် ထိုင်ကာ မျက်လုံးကို မှိတ်လိုက်ပြီး ဆက်မပြောတော့ပေ။