← Chapters

အခန်း ၁၆၁၂

Vol. 115 Ch. 1612

အခန်း ၁၆၁၂

Vol. 115 Ch. 1612

အခန်း ( ၁၆၁၂ ) လောက၏ကလေးငယ်ကို ရိတ်သိမ်းရန် အစီအစဉ်။

ဒါကို ဘယ်လိုပြောရမလဲ။

ဒါက အိပ်ချင်နေတုန်း ခေါင်းအုံး လာပေးသကဲ့သို့ပင်။

လောက၏အရွေးချယ်ခံက စကြဝဠာတစ်ခုလုံး၏ အစစ်အမှန် ရင်းမြစ်နှင့် ကံကြမ္မာကို ကိုယ်စားပြုသည်။

ဒါက မျိုးမကောင်းသော ကြက်သွန်မြိတ် မဟုတ်ချေ။

၎င်းမှာ စိမ်းလန်းစိုပြည်ပြီး လတ်ဆတ်၍ သန်မာထွားကျိုင်းသော ကြက်သွန်မြိတ်ကြီး ဖြစ်သည်။

အခြားအရာအားလုံးကို ထည့်မတွက်လျှင်ပင်၊ စကြဝဠာ၏ မူလရင်းမြစ် တစ်ခုတည်းက လူတို့၏နှလုံးသားကို လှုပ်ခတ်စေရန် လုံလောက်ပေသည်။

ကျွင်းရှောင်ယောက်၏ အတွင်းစကြဝဠာသည်ပင် ယခုထက်ထိ ကမ္ဘာငယ်အဆင့်သာ ရှိသေးကြောင်း သိထားကြရမည် ဖြစ်သည်။

ထို့နောက် ကျွင်းရှောင်ယောက်သည် တောင်ပိုင်းကြယ်စင်စုလောကသည်သာ လောက၏ကလေးငယ်ကို မွေးဖွားပေးနိုင်ခဲ့လျှင်...

အခြားသော လောကများတွင်လည်း မွေးဖွားလာနိုင်မလားဟု တွေးတောလိုက်မိသည်။

နယ်နိမိတ်ပင်လယ်ကို အဆုံးမဲ့လောကဟု လူသိများ၏။

ထိုသို့ဆိုလျှင် ရေတွက်မရနိုင်သော လောက၏အရွေးချယ်ခံများစွာ မွေးဖွားလာလိမ့်မည်ဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလား။

ဤအခိုက်အတန့်တွင်၊ ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

အတိုင်းအဆမရှိ ကျယ်ပြောလှသော နယ်နိမိတ်ပင်လယ်တစ်ခုလုံးက သူ့မျက်လုံးထဲတွင် အဆုံးမဲ့ကျယ်ပြန့်သည့် စိမ်းလန်းသော ကြက်သွန်မြိတ်ခင်းကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

တစ်ခုချင်းစီက လွန်စွာ လတ်ဆတ်ပြီး အညွှန့်တလူလူ ဖြစ်နေကြသည်။

'နယ်နိမိတ်ပင်လယ်ကို လာခဲ့တာက တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ'

ကျွင်းရှောင်ယောက်က စိတ်ထဲမှနေ၍ တစ်ဖန် သက်ပြင်းချလိုက်မိသည်။

သူ၏ အတွင်းစကြဝဠာက နယ်နိမိတ်ပင်လယ်အတွင်း၌ အကြီးအကျယ် တိုးတက်လာသင့်သည်ဟု သူ ခံစားလိုက်ရပေသည်။

၎င်းကို အနည်းဆုံးတော့ အလတ်စား ကမ္ဘာလောကအထိ မြှင့်တင်နိုင်သင့်သည်။

ရွှမ်ထျန်းဧကရီကိုယ်တိုင်ပင် ဤအရာကို ဘယ်သောအခါမျှ တွေးမိလိမ့်မည် မဟုတ်ချေ။

သူမ၏ နတ်ဆိုးဆန်လှသော သားဖြစ်သူက ထိုလောက၏အရွေးချယ်ခံထံမှ အကျိုးအမြတ်များကို မည်သို့မည်ပုံ ရိတ်သိမ်းရမလဲဟု တွေးတောနေပြီ ဖြစ်သည်။

"အမေ...၊ အမေ... သမီးတို့ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အရွေးချယ်ခံက အစ်ကိုကြီး ဖြစ်နေနိုင်မလားဟင်"

ယွင်ရှီက တောက်ပကာ အရည်လဲ့နေသော မျက်ဝန်းလေးများဖြင့် မေးလိုက်သည်။

အကယ်၍၊ ကျွင်းရှောင်ယောက်ကသာ အသက်တစ်ဆယ့်ငါးနှစ်အရွယ်ဖြင့် အဓိပတိနယ်ပယ် သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါက မည်သူမဆို တုန်လှုပ်သွားကြမည် ဖြစ်သည်။

မွေးရာပါ မြင့်မြတ်ခန္ဓာ တာအိုသန္ဓေ ရှိသူတစ်ဦးအတွက်ပင်၊ ဤကျင့်ကြံမှုနှုန်းက လွန်ကဲလွန်းပြီး စံနှုန်းများကို ချိုးဖျက်နေခဲ့ပြီ။

အကယ်၍ အခြားသူတစ်ဦးသာ ဆိုလျှင်လည်း ကျွင်းရှောင်ယောက်ကို လောက၏အရွေးချယ်ခံနှင့် အလွယ်တကူ ဆက်စပ်တွေးတောမိကြမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ၎င်းက ကျယ်ပြောလှသော လောကကြီးတစ်ခု၏ ကံကြမ္မာနှင့် မူလရင်းမြစ်၏ ကောင်းချီးပေးမှုကို ခံရခြင်းပင် မဟုတ်ပါလား။

"ဒါက..."

ရွှမ်ထျန်းဧကရီက ခေတ္တမျှ စဉ်းစားနေပြီးနောက် ပြောလိုက်သည်။

"ရှီအာ... မင်းအစ်ကိုရဲ့ ပါရမီနဲ့ဆိုရင် တောင်ပိုင်းကြယ်စင်စုလောကရဲ့ ပံ့ပိုးမှု မပါရင်တောင်မှ သူ့ရဲ့ အောင်မြင်မှုတွေက ထူးခြားပြောင်မြောက်နေဦးမှာပါပဲ"

သူတို့ဖခင်၏ နောက်ခံအကြောင်းရင်းက ထိုမျှ ရိုးရှင်းသည်မဟုတ်ကြောင်းကို ရွှမ်ထျန်းဧကရီတစ်ဦးတည်းသာ သိရှိပေသည်။

သူ့ထံတွင် ထိုမိသားစု၏ သွေးမျိုးဆက် ရှိသည်။

ထို့ပြင် မြင့်မြတ်ခန္ဓာ တာအိုသန္ဓေနှင့် နတ်ဘုရားချီးမြှင့်သော နာမည်မှတဆင့် သိရှိရသည့် လျှို့ဝှက်ဆန်းကြယ်သော မျိုးရိုးအမည်လည်း ရှိနေသေးသည်။

ဤစွမ်းရည်သုံးခု ပေါင်းစပ်သွားသည့်အခါ...

အသက်တစ်ဆယ့်ငါးနှစ်အရွယ် အဓိပတိတစ်ပါး ဖြစ်လာခြင်းက မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။

ကျွင်းရှောင်ယောက်ကမူ မိမိကိုယ်ကိုယ် လောက၏အရွေးချယ်ခံ ဘယ်တော့မှ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသည်။

သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်က သူ၏ ကိုယ်ပိုင်ကြိုးစားမှုကြောင့်သာ ဖြစ်ပြီး တောင်ပိုင်းကြယ်စင်စုလောကနှင့် သိပ်ပြီး မသက်ဆိုင်ပါချေ။

"အဲဒီလိုဆိုရင် တောင်ပိုင်းကြယ်စင်စုလောကရဲ့ အနာဂတ်အုပ်ချုပ်သူက အဲဒီ လောကရဲ့အရွေးချယ်ခံ ဖြစ်မသွားနိုင်ဘူးလား"

ယွင်ရှီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။

"ရှီအာ... သမီးက ဘာပြောချင်တာလဲ"

ရွှမ်ထျန်းဧကရီ အနည်းငယ် ပြုံးလိုက်သည်။

"သမီးရဲ့ အစ်ကိုကြီးတစ်ယောက်တည်းသာ အနာဂတ်မှာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ အုပ်ချုပ်သူ ဖြစ်လာဖို့ အကိုက်ညီဆုံးပဲ"

ယွင်ရှီက အခိုင်အမာ ပြောဆိုလိုက်၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ပြုံးလျက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"အစ်ကိုက တောင်ပိုင်းကြယ်စင်စုလောကရဲ့ လောကသခင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး"

"အစ်ကို..."

"ရှောင်အာ..."

ယွင်ရှီရော ရွှမ်းထျန်းဧကရီပါ အံ့အားသင့်သွားကြသည်။

လောက၏ သခင်ဖြစ်လာရန်မှာ ရေတွက်မရနိုင်သော တည်ရှိမှုများစွာတို့၏ အိပ်မက်ပင် မဟုတ်လော။

သို့သော်လည်း ကျွင်းရှောင်ယောက်က ၎င်းကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ပြုံးလိုက်ပြီး မည်သည့်အရာကိုမျှ ထပ်မံမရှင်းပြတော့ပါချေ။

တောင်ပိုင်းကြယ်စင်စုလောကက အမှန်တကယ် ကျယ်ပြောပြီး အတိုင်းအဆမရှိသော လောကကြီးတစ်ခု ဖြစ်သည်။

သို့သော်လည်း ဤလောကသည် သူ၏ နောက်ဆုံးဦးတည်ရာ မဟုတ်သေးချေ။

ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းက သူ့အတွက် စတင်ရာအမှတ်တစ်ခုမျှသာ ဖြစ်သည်။

ကျွင်းရှောင်ယောက်တွင် တောင်ပိုင်းကြယ်စင်စုလောကနှင့် ပတ်သက်၍ မိမိကိုယ်ပိုင် အတွေးအခေါ်များ ရှိ၏။

သူက တောင်ပိုင်းကြယ်စင်စုလောကတွင် အချိန်အကြာကြီး နေထိုင်နိုင်မည် မဟုတ်ချေ။

"ရှောင်အာ၊ ရှီအာ... မင်းတို့ ဘာကိုမှ စိတ်ပူနေဖို့မလိုဘူး။ ကောင်းကင်ကြီး ပြိုကျလာရင်တောင်မှ မင်းတို့ရဲ့ အမေနဲ့ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တစ်ခုလုံးက တောင့်ခံထားပေးလိမ့်မယ်"

"အဆိုးရွားဆုံး အခြေအနေ ဖြစ်လာရင်လည်း အမေတို့က တောင်ပိုင်းကြယ်စင်စုလောကကနေ အဝေးကို ရွှေ့ပြောင်းသွားလို့ ရသေးတာပဲ"

"ဒါကြောင့် စိတ်ပူနေစရာ မလိုပါဘူး။ နောက်ပိုင်းမှာ၊ မင်းတို့ အမေကလည်း တာအိုကို သက်သေပြနိုင်ဖို့ နည်းလမ်းတွေကို စတင်စဉ်းစားတော့မှာပါ"

ရွှမ်ထျန်းဧကရီက ပြောလိုက်လေသည်။

သူမ၏ လက်ရှိ နယ်ပယ်မှာ ကိုးကြိမ်မြောက် ကပ်ဘေး ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သည်။

ရွှမ်ထျန်းနတ်ဘုရားမင်းဆက်တွင် ကာကွယ် စောင့်ရှောက်ပေးထားသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေသော်လည်း...

ဧကရာဇ်တစ်ပါး ပိုမိုရှိလာခြင်းက အမြဲတမ်း ကောင်းမွန်သောအရာပင် မဟုတ်ပါလား။

ထို့ပြင်၊ အကယ်၍ ရွှမ်းထျန်းဧကရီသာ တာအိုကို သက်သေပြနိုင်ခဲ့လျှင် သူမ၏ စွမ်းအားက အားနည်းနေလိမ့်မည် မဟုတ်ပါချေ။

"ဪ... ဒါနဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်၊ ကျွန်တော် ဧကရာဇ်ယွမ်ရဲ့ သားသမီး တော်တော်များများကို သတ်လိုက်မိတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"အို သတ်လိုက်ရင်လည်း သတ်လိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ယွမ်မှာ သားသမီးတွေ အများကြီး ရှိတာပဲ"

"သူ့ရဲ့သား တစ်ဆယ့်ရှစ်ကို သတ်လိုက်မှသာ သူ ဒေါသတကြီး ဖြစ်လိမ့်မယ်"

ရွှမ်းထျန်းဧကရီ၏ မျက်နှာတွင် ဂရုမစိုက်ဟန် အမူအရာ ရှိနေခဲ့သည်။

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း၊ သူ၏မယ်တော်က လွန်စွာ ကြီးစိုးလှပေသည်။

ရွှမ်ထျန်းဧကရီ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

သူက ခပ်တိုးတိုးလေး ရေရွတ်သွား၏။

"သူ ထွက်ခွာသွားတာက အနက်ရောင်ကပ်ဘေးမျိုးနွယ်ရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေမလား"

ရွှမ်ထျန်းဧကရီလည်း စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်တော့သည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်သည်လည်း တွေးတောဟန် ထွက်ပေါ်နေခဲ့သည်။

တာအိုလမ်းစဉ်ကို သက်သေပြပြီး ဉာဏ်အလင်းပွင့်ရန်မှာ ထိုမျှမရိုးရှင်းပါချေ။

အကယ်၍ နည်းလမ်းတစ်စုံတစ်ရာ ရှိခဲ့လျှင်၊ သူက ရွှမ်ထျန်းဧကရီကို ကူညီပေးလိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ သူက သူ၏မိခင်တစ်ဦးဖြစ်ပေရာ တတ်နိုင်လျှင် ကူညီပေးသင့်သည် မဟုတ်ပါလား။

'တကယ်လို့ ငါသာ တောင်ပိုင်းကြယ်စင်စုလောကရဲ့ မူလရင်းမြစ်ကို ရရှိနိုင်မယ်ဆိုရင်... ဖြစ်နိုင်တာက အမေ့ကို ဉာဏ်အလင်းပွင့်ဖို့ ကူညီပေးနိုင်လိမ့်မယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှ တွေးလိုက်မိသည်။

ဤသို့ ကြည့်မည်ဆိုလျှင်...

တောင်ပိုင်းကြယ်စင်စုလောက၏ အရွေးချယ်ခံက အတော်လေး အသုံးဝင်ပုံရပေသည်။

"အစ်ကို... အစ်ကို ဘာတွေ စဉ်းစားနေတာလဲ"

ယွင်ရှီက တောက်ပသော မျက်ဝန်းလေးများဖြင့် ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။

"မဟုတ်ပါဘူး၊ မင်းသွားပြီး ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်လိုက်ဦး။ ငါလည်း ရွှမ်းထျန်းနန်းတော်ကို အရင် ပြန်တော့မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူ့တွင် ဤအပိုဆုညီမလေးနှင့် ဆက်ဆံရေးကို သေချာ တည်ဆောက်နေရန် အချိန်မရှိချေ။

မူလက သူသည် တောင်ပိုင်းကြယ်စင်စုလောကတွင် နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့် တိတ်တဆိတ် ကျင့်ကြံနေနိုင်လိမ့်မည်ဟု တွေးတောထားခဲ့ခြင်း ဖြစ်သည်။

သူ၏ စွမ်းအားများကို အပြည့်အဝ ပြန်လည်ရရှိပြီးနောက် သို့မဟုတ် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိပြီးမှသာ ကျန်းစန်းယီ ၏ ဝိညာဉ်လေးခုကို သွားရောက် ရှာဖွေသင့်ပေသည်။

ယခုအခါတွင်မူ၊ ပါ့မျိုးနွယ်စု၏ ကျူးကျော်မှုနှင့်အတူ...

တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးမှာ မုန်တိုင်းတစ်ခု၏ အစွန်းနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အချိန်က နည်းပါးလွန်းပေရာ၊ ကျွင်းရှောင်ယောက်အနေဖြင့် ကျင့်ကြံရန်အတွက် အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချရတော့မည်။

ကျွင်းရှောင်ယောက်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ယွင်ရှီမှာ တစ်စုံတစ်ခုကို ပြောရန် ပါးစပ်ဟလိုက်သည်။

သို့သော်လည်း နောက်ဆုံးတွင်မူ ၎င်းကို ပြန်လည် မျိုသိပ်လိုက်ရတော့သည်။

သူက ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုကို မနှောင့်ယှက်ချင်ပါချေ။

"အခြေအနေက ဒီလိုဖြစ်နေမှတော့၊ ငါလည်း ကြိုးစားအားထုတ်ရမယ်၊ ပြီးတော့ အစ်ကိုနဲ့ အမေ့ကို စိတ်ပျက်အောင် မလုပ်ဘူး"

သူမနှင့် ကျွင်းရှောင်ယောက်ကြားရှိ ကျင့်ကြံမှုအဆင့် ကွာဟချက်မှာ စာဖွဲ့၍မရနိုင်အောင် ဖြစ်နေသော်လည်း...

ယွင်ရှီက ဤအရာကြောင့် စိတ်အားငယ်မသွားခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက သူမ၏ ကျင့်ကြံခြင်းဆိုင်ရာ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုမို လှုံ့ဆော်ပေးခဲ့သည်။

ကျွင်းရှောင်ယောက်ကမူ ရွှမ်းထျန်းနန်းတော်သို့ ပြန်လည်ရောက်ရှိပြီးနောက်...

ပထမဦးစွာ၊ သူက ဟင်းလင်းပြင်အက်ကွဲကြောင်းတွင် လက်မှတ်ရေးထိုး ဝင်ရောက်ခြင်းဖြင့် ရရှိခဲ့သော ပါ့မျိုးနွယ်၏ဧကရီပုလဲကို ထုတ်ယူကာ ခတ္တမျှ စစ်ဆေးကြည့်ရှုလိုက်သည်။

တစ်ခါတစ်ရံတွင်၊ လက်မှတ်ရေးထိုးဝင်ရောက်ခြင်းမှ ရရှိသည့် ပစ္စည်းများနှင့် လက်မှတ်ရေးထိုးဝင်ရောက်ခဲ့သည့် တည်နေရာတို့မှာ တစ်စုံတစ်ရာသော နည်းလမ်းဖြင့် ဆက်စပ်နေတတ်သည်။

ပါ့မျိုးနွယ်၏ ဧကရီပုလဲ၏ ကိစ္စရပ်မှာလည်း ဤအတိုင်းပင် ဖြစ်လိမ့်မည်။

၎င်းက ပါ့မျိုးနွယ်စုနှင့် သိသိသာသာ ဆက်စပ်နေခဲ့သည်။

ဧကရီပုလဲထံမှ ထွက်ပေါ်လာသော စွမ်းအားက ကျွင်းရှောင်ယောက်၏ စွမ်းအားနှင့် အနည်းငယ်ပင် ကိုက်ညီမှုမရှိပေ။

သို့တည်းမဟုတ်၊ ၎င်းက မည်သည့် သက်ရှိသတ္တဝါနှင့်မဆို အနည်းငယ်ပင် သဟဇာတမဖြစ်ဘဲ သီးခြားဖြစ်နေသည်ဟု ဆိုရပေမည်။

၎င်းက ပါ့မျိုးနွယ်စုအတွက်သာ သီးသန့်ဖြစ်သော စွမ်းအားလှိုင်းတစ်ခု ဖြစ်ပုံရသည်။

ဒါက ကျွင်းရှောင်ယောက်ကို ပါ့မျိုးနွယ်စု၏ "ဧကရာဇ်တစ်ပါးနှင့် ဘုရင်သုံးပါး" ဟု ခေါ်ဆိုသည့်အရာကို တွေးတောမိစေသည်။

ထိုဧကရာဇ်နှင့် ဤဧကရီပုလဲကြားတွင် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိနေပါမည်လော။

သို့ရာတွင်၊ ဤဧကရီပုလဲက ပါ့မျိုးနွယ်စုအတွက်လွန်စွာ အရေးကြီးနိုင်သော်လည်း...

လက်ရှိ သူ့အတွက်တော့ အသုံးမဝင်သည်မှာ သေချာသည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က ၎င်းကို ပြန်လည် သိမ်းဆည်းလိုက်ပေသည်။

"လက်ရှိ အခြေအနေအရဆိုရင် ငါ လုပ်နိုင်တာက ဆက်လက် ကျင့်ကြံနေပြီး လောကကလေးငယ်ရဲ့သတင်းကို စောင့်ဆိုင်းနေဖို့ပဲ"

"လောကတစ်ခုလုံးရဲ့ မူလရင်းမြစ်နဲ့ ကံကြမ္မာက အတိုင်းအဆမရှိ တန်ဖိုးကြီးလွန်းတယ်"

ယခင်ကလည်း၊ ကျွင်းရှောင်ယောက်သည် လောက၏ မူလရင်းမြစ်ကို ရရှိခဲ့ဖူးသည်။

၎င်းက အင်မော်တယ်နယ်မြေ၏ အောက်ကမ္ဘာ ဆယ်ခု၏ မူလရင်းမြစ် ဖြစ်ပေသည်။

သို့သော်လည်း၊ အောက်လောကဆယ်ခု၏ မူလရင်းမြစ်က မဟာကမ္ဘာလောကကြီးတစ်ခု၏ မူလရင်းမြစ်နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။

"လောကရဲ့ကလေးငယ်တွေ၊ ပါ့မျိုးနွယ်၊ အနက်ရောင်ကပ်ဘေးမျိုးနွယ်ရဲ့ ကျူးကျော်မှု၊ ဧကရာဇ်တစ်ပါးနဲ့ ဘုရင်သုံးပါး၊ ဖျက်ဆီးခြင်း အနက်ရောင်ကပ်ဘေး..."

ကျွင်းရှောင်ယောက်တွင် ထည့်သွင်းစဉ်းစားရန် ကိစ္စရပ်များ ပိုမိုများပြားလာခဲ့သည်။

သူက သူ၏ နောက်ထပ် အစီအစဉ်ကို တွေးတောနေစဉ်မှာပင်။

ကျွင်းရှောင်ယောက်၏ ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းမှ စွမ်းဆောင်ရည်မှာ...

တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို နည်းလမ်းမျိုးဖြင့် ပေါက်ကွဲထွက်၍ လှုပ်ခတ်သွားစေခဲ့ပေသည်။

All Chapters