အခန်း ၁၆၂၀
Vol. 115 Ch. 1620
အခန်း ( ၁၆၂၀ ) ရည်မှန်းချက်များ ကြီးထွားလာခြင်း။
ဤအခိုက်အတန့်တွင်၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ ယွမ်မင်းသားငယ်က ပေါ်လာပြီး စူးယုကို ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။
ဒါက မည်သူမျှ မျှော်လင့်မထားခဲ့သော အရာပင်။
သို့သော်လည်း၊ တောင်ပိုင်းကြယ်စင်စုလောကတွင် အထွတ်အထိပ်နေရာအတွက် အားပြိုင်နေကြသော အင်မော်တယ်နတ်ဘုရားမင်းဆက်ကြီးနှစ်ခုအကြောင်းကို တွေးတောမိကြသောအခါ...
လူတိုင်း နားလည်သွားကြသည်။
၎င်းက အောက်ခြေလောကမှ ပုရွက်ဆိတ်တစ်ကောင်ကြောင့်သာ ဖြစ်နေလျှင်ပင် တစ်ဖက်လူကို ကလိရန်အတွက် တိုက်ခိုက်သွားလိမ့်မည်။
ထို့ပြင်၊ စူးယု၏ ယခုလက်ရှိ ပြုမူလှုပ်ရှားမှုများကို ပုရွက်ဆိတ်တစ်ကောင်အဖြစ် ဖော်ညွှန်းရန် ခဲယဉ်းလှသည်။
အနည်းဆုံးတော့ သူသည် ရှန်းလဲ့ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။
သူ၏ ပါရမီက သေချာပေါက် သာမန်မဖြစ်နိုင်ချေ။
'မျှော်လင့်ထားတဲ့အတိုင်းပဲ... အမြဲတမ်း ထွက်ပေါက်ဆိုတာ ရှိနေတာပဲ။ ကြီးမားတဲ့ ကံကြမ္မာက ငါ့ကို ကာကွယ်ပေးထားတယ်... ငါ စူးယုက ဒီလောက်အလွယ်တကူနဲ့ ဘယ်လိုလုပ် ပျက်စီးသွားနိုင်မှာလဲ'
စူးယုက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် သက်ပြင်းချနိုင်လောက်သည့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရလေသည်။
သူသည် ဒေါသတရားများနှင့် သွေးဆူခြင်းက လွှမ်းမိုးသွားခဲ့သဖြင့် ရှန်းလဲ့ကို ဒဏ်ရာရစေခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို တွေးတောမထားခဲ့မိချေ။
ကံကောင်းထောက်မစွာဖြင့်၊ သူဟာ တောင်ပိုင်းကြယ်စင်စုလောက၏ အရွေးချယ်ခံ ဖြစ်သည်။
သေလုမြောပါး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာခဲ့လျှင်ပင်၊ ၎င်းက နောက်ဆုံးတွင် အဆင်ပြေပြေ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
ဥပမာအားဖြင့် ယခုလက်ရှိတွင်လည်း ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ လူများက သူ့ကို ကူညီပေးနေကြသည် မဟုတ်ပါလား။
ဒါက သူဟာ ကံကြမ္မာ၏ ကာကွယ်စောင့်ရှောက်မှုကို ခံထားရသည့် သက်သေပြချက်တစ်ခု ဖြစ်သည်။
ယွမ်မင်းသားငယ်ကဲ့သို့ ဩဇာကြီးမားသော တည်ရှိမှုကို ရင်ဆိုင်ရသော်လည်း ယွင်ရှီမှာ မည်သည့်ကြောက်ရွံ့မှုကိုမျှ မပြသပေ။
သူက အေးစက်စွာ ပြောလိုက်သည်။
"ယွမ်မင်းသားငယ်... တကယ်လို့ ငါ့အစ်ကိုကြီးသာ ဒီမှာ ရှိနေမယ်ဆိုရင် နင် ဒီလောက်အထိ မောက်မာရဲဦးမလား"
ထိုစကားကို ကြားရသော်လည်း မင်းသားငယ်၏ မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိပေ။
သို့သော်လည်း သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
ဒါက မမှားပေ။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်၏ ဧကရာဇ်ငယ်က သူ့အပေါ်တွင် အမြဲတမ်း ဖိနှိပ်ထားသည့် တောင်ကြီးတစ်လုံးကဲ့သို့ ရှိနေခဲ့သည်။
သူ မည်မျှပင် ကြိုးစားပမ်းစား လုပ်ဆောင်ပါစေ သို့မဟုတ် မည်မျှပင် ကောင်းမွန်စွာ စွမ်းဆောင်မျှနိုင်ပါစေ...
မည်သူမျှ သူသည် ထိုဧကရာဇ်ငယ်နှင့် နှိုင်းယှဉ်နိုင်လိမ့်မည်ဟု မထင်ချေ။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ အမတ်ချုပ်က သူ့အား လျှို့ဝှက်စွာ ပြောကြားခဲ့သည်။
အကယ်၍ ယခုတစ်ကြိမ် လေ့ကျင့်မှုအတွက် ဟင်းလင်းပြင်အက်ကွဲကြောင်းဆီသို့ သွားရောက်မည်ဆိုပါက တစ်စုံတစ်ခုကို ရရှိနိုင်လိမ့်မည်။
ထိုအချိန်က၊ ယွမ်မင်းသားငယ်မှာ သေသေချာချာ နားမလည်ခဲ့ပေ။
သို့သော်လည်း ယခုအခါတွင်မူ၊ စူးယုကို မြင်တွေ့ပြီးနောက်...
ယွမ်မင်းသားငယ်၏ စိတ်ထဲမှ မသိစိတ်အရ ခံစားလိုက်ရသည်။
အမတ်ချုပ်ကြီး ပြောကြားခဲ့သော တစ်စုံတစ်ရာမှာ သူ့ရှေ့မှ ဤလူငယ်ပင် ဖြစ်ရမည်။
အောက်ခြေလောကတွင် ကျင့်ကြံခဲ့သော လူငယ်တစ်ဦးက၊ စစ်နတ်ဘုရားသွေး ပိုင်ဆိုင်ထားသော ရှန်းလဲ့ကိုပင် လက်သီးတစ်ချက်တည်းဖြင့် အမှန်တကယ် အနိုင်ယူနိုင်ခဲ့သည်။
ဒါက မထူးခြားနေဘူးလား။
သူ့ထံတွင် ထို ရွှမ်းထျန်းဧကရာဇ်ငယ်ကို ဖြိုလှဲပစ်နိုင်မည့် လျှို့ဝှက်ချက်တစ်ခု ရှိနေနိုင်သည်။
ထို့ကြောင့်သာ ယွမ်မင်းသားငယ်က စူးယုကို ကာကွယ်ရန် စကားဆိုခဲ့ခြင်း ဖြစ်ပေသည်။
"မင်းနာမည်က စူးယု ဟုတ်တယ်မလား။ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်က မင်းကို အလိုမရှိဘူးဆိုမှတော့ မင်း ငါ့ရဲ့ ယွမ်ကျူးနတ်ဘုရားမင်းဆက်ကို ဝင်ရောက်ဖို့ ဆန္ဒရှိလား"
"တကယ်လို့ မင်းသဘောတူမယ်ဆိုရင် ဒီမှာ ရှိနေတဲ့ ဘယ်သူမှ မင်းရဲ့ ဆံပင်တစ်ချောင်းကိုတောင် မထိရဲစေရဘူး"
ယွမ်မင်းသားငယ်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်တည်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
စူးယုက ယွမ်မင်းသားငယ်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထူးခြားသော အရိပ်အရောင်တစ်ခု ဖြတ်ပြေးသွား၏။
သူက မမိုက်မဲပါချေ။
ယွမ်မင်းသားငယ်သည်လည်း သူ့အပေါ်တွင် အကြံအချို့ ရှိနေသည်မှာ ထင်ရှားသည်။
သို့သော်ငြားလည်း၊ အကယ်၍ ယခုအချိန်တွင် ယွမ်ကျူးနတ်ဘုရားမင်းဆက်သို့ မဝင်ရောက်ပါက သူ့ကံကြမ္မာမှာ သေချာပေါက် ပိုမိုကောင်းမွန်လာလိမ့်မည် မဟုတ်ချေ။
သူက ယွင်ရှီကို နှစ်သက်သော်လည်း ယခုအချိန်တွင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ဝင်ရောက်ရန် မဖြစ်နိုင်တော့သည်မှာ ထင်ရှားသည်။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ဝင်ရောက်လိုက်ပါက ဤပြင်းထန်သော အဆင့်အတန်းခွဲခြားခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။
ထို့ကြောင့်၊ စူးယုမှာ များစွာ တွေးတောမနေတော့ဘဲ ယွမ်မင်းသားငယ်ထံသို့ လက်ယှက်ပြကာ အနည်းငယ် ဦးညွှတ်လျက် ပြောဆိုလိုက်တော့သည်။
"ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဟားဟားဟား... သိပ်ကောင်းတယ်၊ မင်းက အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချလိုက်နိုင်တာပဲ"
ယွမ်မင်းသားငယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချက်ချင်းပင် စူးယုကို စစ်သင်္ဘောပေါ်သို့ တက်ရောက်စေခဲ့သည်။
ယွင်ရှီက ဘာမျှမပြောတော့ပေ။
ရှန်းလဲ့မှာတော့ မျက်စိမျက်နှာ ပျက်နေသည်။
သူသည် ဒဏ်ရာရရှိခဲ့ရုံမျှမက၊ တစ်ဖက်လူမှာလည်း ဆန့်ကျင်ဘက် အင်အားစုထဲသို့ ဝင်ရောက်သွားပြီး လွတ်မြောက်သွားခဲ့ပြီ။
ဒါက လွန်စွာ ဒေါသထွက်စရာ ကောင်းသည်။
"သွားကြစို့"
ယွမ်မင်းသားငယ်က သူ့လက်ကို ဝှေ့ယမ်းလျက် တည်ငြိမ်စွာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်၊ စူးယုက ကုန်းပတ်ပေါ်တွင် ရပ်လိုက်ပြီး ယွင်ရှီကို လှမ်းကြည့်လိုက်၏။
သူက မကြုံစဖူး ပြတ်သားမှုများဖြင့် ပြည့်နှက်နေသော လေသံမျိုးဖြင့် အရှိန်အဝါကြီးစွာ ပြောဆိုလိုက်တော့သည်။
"ယွင်ရှီ... မင်းရဲ့နောက်ကွယ်မှာ ဘယ်လို အင်အားစုမျိုးပဲ ရှိနေပါစေ၊ တစ်နေ့မှာ ကျုပ်က မင်းရဲ့ရှေ့မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ပြပါ့မယ်"
"ပြီးတော့ မင်းရဲ့ အစ်ကိုကြီး... တကယ်လို့ ကျုပ်ကသာ သူ့ကို အနိုင်ယူပြနိုင်ရင် မင်းရဲ့ အသိအမှတ်ပြုမှုကို ကျုပ် ရရှိနိုင်မှာ မဟုတ်လား"
"အဲဒီနေ့က မကြာခင် ရောက်လာလိမ့်မယ်။ ပြီးတော့ ကျုပ်လက်နဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ သူ့ကို အနိုင်ယူပြမယ်"
စူးယုက အခိုင်အမာပြောဆိုနေပြီး သူ့လေသံမှာ သံသယဖြစ်စရာမရှိချေ။
ဤစကားများက ယွင်ရှီ၏ မျက်ဝန်းများကို လုံးဝ အေးစက်သွားစေခဲ့သည်။
အခြားတစ်ဖက်မှာတော့ ယွမ်မင်းသားငယ်က တွေးတောစရာများ ပေါ်လာခဲ့ရပေသည်။
"ဒီကောင်လေးက ယွင်ရှောင်ကို ရင်ဆိုင်ဖို့အတွက် အသုံးပြုရမဲ့ နည်းလမ်း အစစ်အမှန် ဖြစ်နေနိုင်မလား..."
ယွမ်မင်းသားငယ်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
ယွမ်ကျူးနတ်ဘုရားမင်းဆက် ထွက်ခွာသွားခဲ့ပြီ။
ထိုအချိန်တွင်၊ ရွှမ်ကျုံးဂိုဏ်းချုပ်နှင့် အခြားသူများက မြေပြင်ပေါ်သို့ ဒုန်းခနဲ ဒူးထောက်လိုက်ကြသည်။
"အရှင်မင်းသမီး... အဲဒီကောင်စုတ်လေးက ဒီလို အတွေးအကြံမျိုးတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်မျိုး တကယ်ကို မသိခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒါက ကျွန်တော်ရဲ့ အမှားဖြစ်တာကြောင့် ကျေးဇူးပြုပြီး အပြစ်ပေးပါ"
ရွှမ်းကျုံးဂိုဏ်းချုပ် ဦးညွှတ်လျက် ဒူးထောက်ကိုးကွယ် တောင်းပန်လိုက်သည်။
"ထပါ... ဒါက ရှင်နဲ့ ဘာမှမဆိုင်ဘူး"
ယွင်ရှီ ခေါင်းခါယမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး"
ရွှမ်ကျုံးဂိုဏ်းချုပ်နှင့် အခြားသူများလည်း ထရပ်လိုက်ကြပြီး ထိုအခါမှသာ သက်ပြင်းချနိုင်ကြတော့သည်။
ရွှမ်ကျုံးဂိုဏ်း၏ တပည့်အများအပြားမှာလည်း ယွင်ရှီကို လေးစားမှုများဖြင့် ကြည့်ရှုလိုက်ကြသည်။
ကောင်းကင်နတ်မိမယ်လေး ယွင်ရှီက မျှော်လင့်ထားသည့်အတိုင်းပင်။
အခြားတစ်ဖက်တွင်မူ၊ ရှန်းလဲ့က အံကိုတင်းတင်းကြိတ်လိုက်ပြီး ယွင်ရှီထံသို့ လက်ယှက်ပြကာ ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် အရှင်မင်းသမီး... ကျွန်တော်က စေတနာနဲ့ လုပ်ခဲ့တာဖြစ်ပေမဲ့ ကိစ္စတွေကို မှားယွင်းအောင် လုပ်မိသွားတယ်"
ရှန်းလဲ့မှာလည်း ယခုမှသာ ထိုလူငယ်မှာ မည်မျှပါရမီမြင့်မားပြီး အလားအလာရှိကြောင်းကို သဘောပေါက်သွားခဲ့သည်။
လင်းယွင်ဂြိုဟ်ပေါ်တွင် ကျင့်ကြံခဲ့သော ဒေသခံလူငယ်လေးက အင်မော်တယ်အင်အားစုမှ ပါရမီရှင်ဖြစ်သော သူ့ကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့သည်။
သူက ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားနေခဲ့ပြီ။
ရလဒ်အနေဖြင့်၊ ယခုအခါတွင် သူ၏ အထင်မြင်သေးမှုနှင့် အရှက်ခွဲမှုများကြောင့် ထိုပါရမီရှင်က ယွမ်ကျူးနတ်ဘုရားမင်းဆက်ဘက်သို့ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။
အနာဂတ်တွင် စူးယုက မည်မျှတိုးတက်လာနိုင်မည်ကို မည်သူမျှ သေချာမသိနိုင်ပေ။
သို့သော်လည်း အနည်းဆုံးတော့၊ ၎င်းက မဆိုးလှသည့် အခြေအနေ ဖြစ်ပေလိမ့်မည်။
သို့သော်ငြားလည်း ယွင်ရှီက သူမ၏ ခေါင်းကို ခါယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒါက အရေးမကြီးပါဘူး။ ကျွန်မရဲ့ အစ်ကိုကြီး တစ်ယောက်တည်းနဲ့တင် ရွှမ်ထျန်းနတ်ဘုရားမင်းဆက်အတွက် လုံလောက်တယ်"
"အနာဂတ်မှာ... ကျွန်မရဲ့ အစ်ကိုကြီး တစ်ယောက်တည်းက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို ဖိနှိပ်ထားနိုင်ပြီး ဘယ်သူမှ သူ့ရဲ့ ရပ်တည်ချက်ကို စိန်ခေါ်နိုင်မှာ မဟုတ်ဘူး"
ယွင်ရှီက စူးယုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူက ယွမ်ကျူးနတ်ဘုရားမင်းဆက်ဘက်သို့ ပါဝင်သွားလျှင်ပင် ဘာဖြစ်သေးသနည်း။
သူမ၏ အစ်ကိုကြီး ရှိနေသရွေ့မူ၊ စူးယု အယောက်တစ်ရာ ရှိနေလျှင်ပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ယွင်ရှီသည် လုံးဝ စိတ်ထဲမထားခဲ့ပါ။
မကြာမီမှာပင်၊ ယွင်ရှီနှင့် အခြားသူများက လင်းယွင်ဂြိုဟ်မှ ထွက်ခွာသွားခဲ့ကြပြီး ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အခြားသော အင်မော်တယ်အင်အားစုများမှာလည်း အလားတူပင်။
လင်းယွင်ဂြိုဟ်ပေါ်ရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းမှာမူ လုံးဝ ပြန်လည်စေ့ပိတ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း တောင်ပိုင်းကြယ်စင်စုလောကကြီးက ငြိမ်းချမ်းနေလိမ့်မည် မဟုတ်ချေ။
ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာ တစ်ခုပြီးတစ်ခု ထပ်မံပေါ်လာဦးမည် ဖြစ်သည်။
ထို့ပြင်၊ ၎င်းတို့ ပေါ်လာသည့် အကြိမ်တိုင်းတွင်လည်း ပေါ်လာမည့် နတ်ဆိုးများမှာ ပိုမို အစွမ်းထက်လာကြလိမ့်မည်။
သို့သော်လည်း ၎င်းက နောက်ပိုင်းမှသာ ပြောရမည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
ယွင်ရှီက ရွှမ်ထျန်းနတ်ဘုရားမင်းဆက်သို့ ပြန်လည်ရောက်ရှိသွားချိန်တွင်...
စူးယုသည်လည်း တောင်ဘက် ပေယွမ်နယ်မြေတွင်ရှိ ယွမ်ကျူးနတ်ဘုရားမင်းဆက်သို့ ရောက်ရှိသွားခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် မြင်တွေ့ရသော မြင်ကွင်းများနှင့် အတွေ့အကြုံများက စူးယု၏ အမြင်အာရုံကို သဘာဝအတိုင်း ပိုမိုကျယ်ပြန့်စေခဲ့ပေသည်။
"ဒါကမှ စစ်မှန်တဲ့ တောင်ပိုင်းကြယ်စင်စုလောကလား..."
စူးယုက စကြဝဠာထဲရှိ ကြယ်မြစ်ကြီးကို လှမ်းကြည့်လိုက်မိသည်။
၎င်းက အဆုံးမရှိသော ကြယ်တာရာများဖြင့် ပြည့်နှက်နေခဲ့၏။
ထို့ပြင်၊ ၎င်းတို့ထဲရှိ ကြယ်တာရာတစ်ခုချင်းစီက လင်းယွင်ဂြိုဟ်နှင့် ဆင်တူသည်။
ဤလောကကြီးက ကျယ်ပြန့်လွန်းပေသည်။
ထို့ပြင်၊ သူ စူးယုကတော့ အနာဂတ်တွင် ဤကဲ့သို့ ကြီးမားကျယ်ပြန့်သော လောကကြီး၏ သခင် ဖြစ်လာလိမ့်မည် ဖြစ်သည်။
ဤအရာကို တွေးမိသောအခါ စူးယုက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
ယွမ်ကျူးနတ်ဘုရားမင်းဆက်သို့ ပြန်လည်ရောက်ရှိပြီးနောက်...
ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးက စူးယုကို လက်ခံတွေ့ဆုံခဲ့သည်။
ထိုလူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လွန်စွာ ဆန်းကျယ်ပုံရ၏။
သူက သဘာဝကျစွာပင် ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ အမတ်ချုပ်ကြီးပင်။
"အမတ်ချုပ် အကြီးအကဲ..."
စူးယုက အနည်းငယ် ဦးညွှတ်လိုက်သည်။
သူက ဆင့်ခေါ်ခြင်း ခံရသည့်အချိန်ကတည်းကပင် သူ့ရှေ့ရှိ ပုဂ္ဂိုလ်ကြီး၏ အထောက်အထားကို သိရှိထားခဲ့ပြီး ဖြစ်သည်။
"ငါ မင်းကို စူးယု လို့ ခေါ်ရမလား ဒါမှမဟုတ် တောင်ပိုင်းကြယ်စင်စုလောကရဲ့ အနာဂတ် အုပ်ချုပ်သူလို့ ခေါ်ရမလား"
အမတ်ချုပ်ကြီး၏ စကားများက စူးယုကို ထိတ်လန့်သွားစေခဲ့သည်။
"အံ့အားသင့်မနေပါနဲ့၊ ပြီးတော့ သတိထားနေစရာမလိုဘူး။ ငါက မင်းရဲ့ဘက်ကပါ"
အမတ်ချုပ်က အသာအယာပြုံးရင်း ပြောလိုက်လေသည်။
"အကြီးအကဲ ကျွန်တော်ကိုတွေ့ချင်တာက ဘာကိစ္စရှိလို့လဲ"
စူးယုက လေးနက်သော လေသံဖြင့် မေးလိုက်သည်။
သူက ဤလျှို့ဝှက်ချက်ကို သူနှင့် သူ့ဆရာ အဘိုးကြီးသာ သိရှိထားသည်ဟု ထင်ထားခဲ့ခြင်း ဖြစ်ပေသည်။
"ဟားဟားဟား... တောင်ပိုင်းကြယ်စင်စုလောကရဲ့ အနာဂတ်အုပ်ချုပ်သူကို ကူညီခွင့်ရတာ ဘာကြောင့် ဂုဏ်ယူစရာ မဟုတ်ရမှာလဲ"
"ငါက မင်းကို ယွမ်ကျူးနတ်ဘုရားမင်းဆက်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်"
"ပြီးတော့ မင်းကလည်း အပြန်အလှန်အနေနဲ့ ယွမ်ကျူးနတ်ဘုရားမင်းဆက်ကို ပိုအစွမ်းထက်လာအောင် ကူညီပေးနိုင်တယ်။ နောက်ဆုံးမှာတော့ ဒါက မင်းကို တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးကို စုစည်းနိုင်ဖို့ ကူညီပေးလိမ့်မယ်"
အမတ်ချုပ်က ပြောလိုက်သည်။
ဤစကားများကို ကြားရသည့်အခါ၊ သူ ယခင်က မြင်တွေ့ခဲ့ရသော ကျယ်ပြန့်လှသည့် စကြဝဠာကြီးကို ပြန်လည်သတိရမိသွားသည်။
စူးယု၏ ရည်မှန်းချက်များမှာလည်း မီးတောင်ပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာတော့သည်။
"ဒါဆိုရင်... ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ကိုလည်း ချုပ်ကိုင်လို့ ရနိုင်မလား"
စူးယုက ရုတ်တရက် မေးမြန်းလိုက်သည်။ သူ၏ မျက်ဝန်းများမှာ လင်းလက်သွား၏။
"သေချာတာပေါ့။ မင်းက တောင်ပိုင်းကြယ်စင်စုလောကရဲ့ သခင် ဖြစ်လာတဲ့အခါ ရွှမ်းထျန်းနတ်ဘုရားမင်းဆက်တောင်မှ မင်းရှေ့မှာ ဒူးထောက် အညံ့ခံရလိမ့်မယ်"
အမတ်ချုပ်က ပြောလိုက်သည်။
စူးယု၏ မျက်ဝန်းများမှာလည်း စိတ်အားထက်သန်မှုများဖြင့် တောက်လောင်သွားတော့သည်။
"ယွင်ရှီ... မင်းက ငါ့အတွက်ပဲ ဖြစ်လာစေရမယ်"