အခန်း ၂၁၅၃
Vol. 151 Ch. 2153
အပိုင်း ( 2153 ) သူက ကျွန်မရဲ့ သခင်လေးပါ။
ကောင်းကင်နတ်ဆိုးဂိုဏ်းထဲတွင် အဘိုးအိုတစ်ဦးက သတ်ဖြတ်မှုများ ပြုလုပ်နေသည်။ သူ၏ ဓားအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တပည့်အများအပြား သေဆုံးကုန်ကြ၏။
ထိုအဘိုးအိုမှာ လုမင်၏ ဆရာဖြစ်သူ တိမ်နဂါးတောင်ကြားသခင် ယွင်လောရှပင်။
"ဒီမိစ္ဆာကောင်တွေကို အကုန်သတ်ပစ်ကြစို့"
ဟိန်းဟောက်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ကျားကြီးတစ်ကောင်က ကောင်းကင်ယံသို့ ပျံတက်သွားသည်။ လက်ဝါးတစ်ချက် ရိုက်ချလိုက်ရုံဖြင့် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တပည့်အချို့ကို သတ်ဖြတ်ပစ်လိုက်၏။
ထိုကျားကြီးက နတ်ဆိုးရဲတိုက်မှ အစွမ်းထက်သော အန္တိမသူတော်စင် တစ်ဦး ဖြစ်သည်။
ထို့နောက် လူအများအပြား ပုန်ကန်ထကြွလာကြသည်။
ဤနှစ်များတစ်လျှောက်လုံး သူတို့သည် ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ခံထားရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။ ယခု ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီ ဖြစ်ရာ လူတိုင်း ချက်ချင်း ပုန်ကန်ထကြွပြီး ဖောက်ထွက်ရန် ကြိုးစားကြတော့သည်။
"မင်းတို့ သေချင်နေတာပဲ"
နတ်ဆိုးတောင်တန်းများအတွင်းမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းတို့က ဤနေရာတွင် အစွမ်းထက် ကျွမ်းကျင်သူအများအပြားကို နေရာချထားခဲ့၏။ ထိုအဘွားအိုနှင့် ကျန်ရှိသူများအပြင် ဤနေရာ၌ အန္တိမသူတော်စင်နယ်ပယ်ရှိသူ ဆယ်ဦးထက်မနည်း ရှိနေသေးသည်။ သို့သော်လည်း ဧကရာဇ်တစ်ပိုင်းများမှာတော့ မရှိကြချေ။ သူတို့အားလုံးမှာ လုမင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
အန္တိမသူတော်စင် ဆယ်ဦးထက်မနည်း ကောင်းကင်ယံသို့ လှမ်းတက်လာပြီး တိမ်နဂါးတောင်ကြားသခင်နှင့် ထိုကျားကြီးထံသို့ ပြေးဝင်သွားကြသည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် လှံအလင်း ဆယ်ခုကျော် စုစည်း ဖြစ်တည်လာခဲ့သည်။
"ရွှစ်... ရွှစ်..."
ထိုလှံများက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အန္တိမသူတော်စင်များထံသို့ ထိုးစိုက်သွား၏။
"အား... မဟုတ်ဘူး"
"မလုပ်နဲ့"
ထိုအန္တိမသူတော်စင်များက အန္တရာယ်ကို ခံစားလိုက်ရသဖြင့် ရှောင်တိမ်းရန် ကြိုးစားကြသော်လည်း အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
အန္တိမသူတော်စင် ဆယ်ဦးထက်မနည်းမှာ လှံများဖြင့် အထိုးခံလိုက်ရပြီး ထိုနေရာတင် ချက်ချင်း သေဆုံးသွားကြတော့သည်။ သူတို့၏ ရုပ်အလောင်းများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
တိမ်နဂါးတောင်ကြားသခင်နှင့် ထိုကျားကြီးတို့လည်း လုမင်နှင့် အခြားသူများရှိရာသို့ အံ့ဩတုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်ကြလေသည်။
လုမင်ကို မြင်လိုက်ရသောအခါ တိမ်နဂါးတောင်ကြားသခင်၏ မျက်လုံးများက ဝမ်းသာမှုဖြင့် တောက်ပသွားခဲ့သည်။
"မင်အာ"
တိမ်နဂါးတောင်ကြားသခင်က အမှန်တကယ်ပင် အတိုင်းအဆမရှိ ဝမ်းမြောက်သွားခဲ့သည်။
ယခုလေးတင် ထိုလှံများကို လုမင်က ပစ်လွှတ်ခဲ့ခြင်း ဖြစ်၏။ အန္တိမသူတော်စင် ဆယ်ဦးထက်မနည်းကို တစ်ခဏအတွင်း သတ်ဖြတ်ပစ်လိုက်ခြင်းက သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
သူတို့ မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက်၊ တပည့်ဖြစ်၏ ကျင့်ကြံမှုမှာ သူ့ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။
"ဆရာ"
လုမင်ကလည်း ပြုံးပြလိုက်လေသည်။
"သတ်ကြစို့... သတ်ပစ်ကြစို့"
ဤအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး လုံးဝ ကမောက်ကမ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
အခြားသူများကလည်း မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုတို့၏ အန္တိမသူတော်စင်များ တစ်ခဏအတွင်း အသတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရ၏။ ယခုအချိန်တွင် အစွမ်းထက်သူများ တစ်ဦးမျှ မကျန်တော့ချေ။ အဓိကဂိုဏ်းကြီးများမှ လူများသည်လည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ လူများကို တန်ပြန်တိုက်ခိုက်ကြတော့သည်။
မြင်ကွင်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်ခဲ့သည်။
"မင်အာ... စကားတွေကို နောက်မှ ပြောကြတာပေါ့။ အရင်ဆုံး ရန်သူကို အပြတ်ရှင်းကြစို့"
တိမ်နဂါးတောင်ကြားသခင်က ပြောလိုက်သည်။ ထို့နောက် သူသည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ လူများထံသို့ ပြေးဝင်သွား၏။
မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ ကျန်ရစ်သူ ကျွမ်းကျင်သူများသည် တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။ အခြေအနေမှာ တစ်ဖက်သတ် ဖြစ်နေခဲ့သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် စန်းပြည်နယ်ရှိ အကျော်အမော် တစ်ဝက်ကျော် စုစည်းရောက်ရှိနေခြင်း ဖြစ်သည်။ အရေအတွက်အားဖြင့် ပြောရလျှင် သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုထက် လူအင်အား များစွာ ပိုမိုများပြားပေသည်။
ယခင်ကမူ လူတိုင်း၏ ဝိညာဉ်များကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းကြောင့် သူတို့ကို စီမံခန့်ခွဲရန် လူအင်အား အများကြီး မလိုအပ်ခဲ့ချေ။ ယခုအခါ ဝိညာဉ်ကန့်သတ်ချက်များ ချိုးဖျက်ခံလိုက်ရသည့်အပြင် ကျွမ်းကျင်သူအားလုံး အသတ်ခံလိုက်ရသဖြင့် အခြေအနေမှာ လုံးဝ တစ်ဖက်သတ် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
'ချင်ယွဲ့... အပြတ်ရှင်းလိုက်တော့'
ထိုအခိုက်အတန့်တွင် လုမင်က ချင်ယွဲ့ထံသို့ အသံလှိုင်း ပေးပို့လိုက်သည်။
ယခင်က ချင်ယွဲ့သည် သူမ၏ စွမ်းအားအပြည့်ကို လုံးဝ အသုံးမပြုခဲ့ချေ။
"ဝုန်း"
ချင်ယွဲ့၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
ယင်နှင့်ယန် နိယာမက ထိတ်လန့်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်ထံသို့ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွား၏။
"ယင်နဲ့ယန် နိယာမပါလား... မင်းက ဘုရင်ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ"
ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"ဒုန်း..."
ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်သည် ချင်ယွဲ့၏ တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်စင်သွားခဲ့ရ၏။ သူက သွေးအမြောက်အမြား အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားရသည်။
"ပြေး... ပြေးမှဖြစ်မယ်"
ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်က ချက်ချင်းပင် နောက်ပြန်လှည့်ကာ ထွက်ပြေးတော့သည်။
သာမန် သိုင်းဧကရာဇ်များက ဘုရင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။
သူ၏ ပါရမီမှာ ကန့်သတ်ချက် ရှိသည်။ သူသည် နှစ်ပေါင်းများစွာကတည်းက သိုင်းဧကရာဇ် ဖြစ်ခဲ့သော်လည်း ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်သာ ဖြစ်ခဲ့ပေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က မသန်မာသဖြင့် ချင်ယွဲ့၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
"သေစမ်း"
ချင်ယွဲ့က အော်ဟစ်လိုက်သည်။ သူမက သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ လခြမ်းကွေးပုံစံ ဓားကောက်နှစ်လက် ပေါ်လာခဲ့၏။ ၎င်းတို့က ယင်ယန် စက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်ထံသို့ တိုးဝင်သွားတော့သည်။
ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်က ဟိန်းဟောက်ကာ ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း လုံးဝ မခုခံနိုင်ခဲ့ပါ။ သူ့ခန္ဓာကိုယ်မှာ ယင်ယန် စက်ဝန်း၏ ခုတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်က သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲယူကာ အသည်းအသန် ထွက်ပြေးသေးသည်။ သို့သော်လည်း ယင်ယန် စက်ဝန်းက အမီလိုက်ကာ ကြိတ်ခြေပစ်လိုက်သည်။
"ဝုန်း..."
ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။ သူ၏ ဝိညာဉ်မှာလည်း နတ်ဆိုးဂိုဏ်းတစ်ခုလုံး ဟိန်းထွက်သွားစေသော အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်သည်လည်း ဖျက်ဆီးခြင်း ခံလိုက်ရပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဝိညာဉ်ဖျက်ဆီးခြင်း ဓမ္မဘုရင် သေပြီ"
"သိုင်းဧကရာဇ်တစ်ပါး အသတ်ခံလိုက်ရပြီ"
လူတိုင်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
သိုင်းဧကရာဇ်တစ်ပါးက ဤကဲ့သို့ပင် အသတ်ခံလိုက်ရပြီ။ လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။
ထို့နောက်မှာတော့ စန်းပြည်နယ်ရှိ အမျိုးမျိုးသော ဂိုဏ်းများ၏ စိတ်ဓာတ်မှာ များစွာ မြင့်တက်လာခဲ့သည်။ အခြားတစ်ဖက်တွင်မူ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစု၏ စိတ်ဓာတ်မှာ များစွာ ကျဆင်းသွားခဲ့၏။ သူတို့က ဖရိုဖရဲဖြင့် စတင် ထွက်ပြေးကြတော့သည်။
"ဆရာတူညီလေး... ငါတို့လည်း သွားပြီး ရန်သူတွေကို သတ်ကြစို့"
လုံယွမ်ရှနှင့် ရန်ထျန်းကျုံးတို့သည်လည်း ရန်သူများထံသို့ ပြေးဝင်သွားကြတော့သည်။
လုမင်က ကောင်းကင်ယံသို့ လှမ်းတက်လိုက်သည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် လှံရှည်အမြောက်အမြား စုစည်း ဖြစ်တည်လာခဲ့၏။ ရံဖန်ရံခါတွင် လှံရှည်တစ်စင်းစီ ပျံသန်းထွက်ပေါ်သွားတတ်သည်။ လှံရှည်တစ်စင်း ပျံသန်းသွားသည့် အကြိမ်တိုင်းတွင် ရန်သူအဖွဲ့မှ အစွမ်းထက်သော ပုံရိပ်တစ်ခုကို သတ်ဖြတ်ပစ်လေ့ရှိပေသည်။
ဤတိုက်ပွဲတွင် မည်သည့် သံသယဖြစ်ဖွယ်ရာမျှ မရှိခဲ့ချေ။ မကြာမီမှာပင် မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမိသားစုမှ လူအားလုံးနီးပါး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ အခြေခံအားဖြင့် မည်သူမျှ လွတ်မြောက်သွားခြင်း မရှိချေ။
ဤအခိုက်အတန့်တွင် ချင်ယွဲ့က ကောင်းကင်ယံမှ လုမင်၏ ဘေးသို့ လျှောက်လာခဲ့သည်။
လူတိုင်း၏ အကြည့်များက ချင်ယွဲ့ထံသို့ ကျရောက်သွားခဲ့၏။
သူက သိုင်းဧကရာဇ်တစ်ပါး ဖြစ်သည်။ ဤမျှ ငယ်ရွယ်နုပျိုပြီး ချောမောလှပသည့်အပြင် သိုင်းဧကရာဇ်တစ်ပါး ဖြစ်နေခြင်းမှာ အလွန် အံ့ဩစရာကောင်းသည်။
တိမ်နဂါးတောင်ကြားသခင်၊ ထိုကျားကြီးနှင့် အခြားသူတချို့မှာ အန္တိမသူတော်စင်များ ဖြစ်ကြသည်။ ယခုအခါ သူတို့သည် ချင်ယွဲ့ထံသို့ ပျံသန်းလာခဲ့ကြပေသည်။
"ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဧကရာဇ်အရှင်မ"
"ကျေးဇူးတင်ပါတယ် ဧကရာဇ်အရှင်မ"
တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများက ချင်ယွဲ့ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
သူတို့၏ မျက်လုံးထဲတွင် သိုင်းဧကရာဇ်တစ်ပါးက အမြင့်မြတ်ဆုံးသော ဖြစ်တည်မှု ဖြစ်သည်။ ချင်ယွဲ့က ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေမှ ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းလိုက်ကြ၏။
သူတို့ အံ့ဩခဲ့ရသည်။ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေက အမှန်တကယ် မြင့်မြတ်သော နယ်မြေတစ်ခု ဖြစ်ထိုက်သည်။ သူတို့တွင် ဤမျှ ငယ်ရွယ်နုပျိုသော သိုင်းဧကရာဇ်တစ်ပါး ရှိနေခြင်းမှာ အံ့ဩစရာကောင်းလှပေသည်။
ချင်ယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။ သူက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး တိုးညှင်းစွာ ပြောလိုက်၏။
"ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ သခင်လေးက ကျွန်မကို လုပ်ခိုင်းလို့ လုပ်ရတာပါ။ ဒါ့အပြင် ရှင်တို့က သခင်လေးရဲ့ အသိအကျွမ်းနဲ့ မိတ်ဆွေတွေပဲဟာ... ကျွန်မ ကူညီသင့်ပါတယ်"
ဘာကြီး...
သခင်လေး ဟုတ်လား။
လူတိုင်း ကြက်သေသေသွားကြသည်။ ချင်ယွဲ့ကဲ့သို့ အတုမရှိသော မိန်းမလှလေးတစ်ဦးက အမှန်တကယ်ပင် တစ်စုံတစ်ဦး၏ အစေခံမိန်းကလေး ဖြစ်နေပါသလား။
ဤမျှ ငယ်ရွယ်နုပျိုသော သိုင်းဧကရာဇ်တစ်ပါးက အစေခံမိန်းကလေးတစ်ဦး ဖြစ်နေသည်တဲ့လား။
သို့ဆိုလျှင် ချင်ယွဲ့ရည်ညွှန်းသော သခင်လေးဆိုသူမှာ မည်ကဲ့သို့သော လူမျိုး ဖြစ်နေလိမ့်မည်နည်း။
လူအများက ဘေးဘီဝဲယာသို့ လှည့်လည်ကြည့်ရှုရင်း ချင်ယွဲ့ ပြောဆိုသော "သခင်လေး"ကို လိုက်လံရှာဖွေကြတော့သည်။
ဤအခိုက်အတန့်တွင် ချင်ယွဲ့က လုမင်၏ ဘေးသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။
"သခင်လေး"
ချင်ယွဲ့က တိုးညှင်းစွာ ခေါ်ဆိုလိုက်၏။
ဟိုက်...
ငါတို့ ခုနက ဘာကိုကြားလိုက်ရတာလဲ။
ထိုနေရာတွင် ရုတ်ချည်းဆိုသလို တိတ်ဆိတ်မှုက စိုးမိုးသွားခဲ့သည်။ လူတိုင်းက ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြ၏။ သူတို့အားလုံးက လုမင်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြကာ သူတို့၏ မျက်လုံးအိမ်များ ပြူးထွက်လုနီးပါး ဖြစ်နေတော့သည်။
ချင်ယွဲ့ ပြောဆိုနေသော သခင်လေးဆိုသူမှာ အမှန်တကယ်ပင် လုမင် ဖြစ်နေသတဲ့လား။
လုံယွမ်ရှန်နှင့် ရန်ထျန်းကျုံးတို့သည်လည်း ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြသည်။
ယခင်က ချင်ယွဲ့ကို လုမင်က ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေမှ ဖိတ်ခေါ်လာခဲ့သော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ချင်ယွဲ့က အမှန်တကယ်ပင် လုမင်၏ အစေခံမိန်းကလေး ဖြစ်နေလိမ့်မည်ဟု သူတို့၏ အိမ်မက်ထဲတွင်ပင် ထည့်မက်ဖူးခြင်း မရှိခဲ့ချေ။
ငယ်ရွယ်သော သိုင်းဧကရာဇ်တစ်ပါးက အစေခံမိန်းကလေးတစ်ဦးအဖြစ် ရှိနေခြင်း...
လူတိုင်းက သူတို့၏ အသိအမြင်အားလုံး ကပြောင်းကပြန် ဖြစ်ကုန်သလို ခံစားလိုက်ကြရသည်။
"လုမင်... သူက လုမင်ပဲ"
"တကယ်ကို လုမင်ပဲဟ"
လူအများအပြား အော်ဟစ်လိုက်ကြသည်။ သူတို့က နောက်ဆုံးတွင် လုမင်ကို မှတ်မိသွားကြပြီ။
လုမင်၏ နာမည်က စန်းပြည်နယ်ကို လှုပ်ခတ်စေခဲ့ဖူးသည်။ သူသည် စန်းပြည်နယ်တွင် နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့၏။ သူ့အကြောင်းကို လူတိုင်း သိရှိထားကြသည်။ ယခုအခါ လူအများက အခြေအနေကို သဘောပေါက်သွားကြသောအခါ ပို၍ပင် တုန်လှုပ်သွားကြတော့သည်။
"ဆရာ... ဒုတိယဆရာနူအစ်ကို... တတိယဆရာတူအစ်ကို... ချင်ယွဲ့က ကျွန်တော့်ရဲ့ အစေခံမိန်းကလေးဆိုပေမဲ့ ကျွန်တော်ကတော့ သူ့ကို အမြဲတမ်း ကျွန်တော့်ရဲ့ မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားခဲ့တာပါ"
လုမင်က ချင်ယွဲ့၏ လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြုံးလျက်ပြောလိုက်သည်။
လူတိုင်းက 'ငါနားလည်ပြီ'ဟူသော အမူအရာမျိုးဖြင့် ပြုံးလိုက်ကြလေသည်။