← Chapters

အခန်း ၂၁၅၈

Vol. 151 Ch. 2158

အခန်း ၂၁၅၈

Vol. 151 Ch. 2158

အပိုင်း ( 2158 ) သိုင်းဧကရာဇ်များကို ကြက်ကလေး ငှက်ကလေးများကဲ့သို့ သတ်ဖြတ်ခြင်း။

လုမင်က တိမျိုးနွယ်စု၏ နက်ရှိုင်းရာအရပ်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။

ယခုလေးတင်၊ သူက မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်ကို သတ်လိုက်သည့်အချိန်မှာ အခြားသော စွမ်းအင်လှိုင်းအချို့ကို ခံစားမိခဲ့သည်။

"နောက်ထပ် ရှိနေသေးတာပဲ။ ထွက်ခဲ့ကြစမ်း"

လုမင်က အေးစက်စွာ ငေါက်ငမ်းလိုက်ပြီး လေထဲသို့ လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်သည်။

ထို့နောက် တိမျိုးနွယ်စု၏ နက်ရှိုင်းရာအရပ် ကောင်းကင်ယံမှ အနှိုင်းမဲ့ကြီးမားသော လက်ချောင်းကြီးတစ်ချောင်း ပေါ်လာ၏။ ၎င်းက နန်းတော်တစ်ခုပေါ်သို့ ဖိနှိပ်ချလိုက်သည်ကို လူတိုင်း မြင်လိုက်ကြရသည်။

ထိုလက်ချောင်းကြီးက နတ်ဘုရားတစ်ပါး၏ လက်ချောင်းကဲ့သို့ပင်။ ၎င်း၏ အရှိန်အဝါက လွန်စွာ အားကောင်းလွန်းသဖြင့် လူများကို ဦးညွှတ်ကိုးကွယ်ချင်စိတ်တို့ပင် ပေါက်ဖွားလာစေသည်။

"ဝုန်း"

ဧရာမ လက်ညှိုးကြီးအောက်တွင် ထိုနန်းတော်က ပေါက်ကွဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံအချို့ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို တုန်ဟည်းသွားစေခဲ့၏။

သန်မာထွားကျိုင်းသော ပုံရိပ်တစ်ခုက ပြေးထွက်လာပြီး လက်သီးဖြင့် ထိုးနှက်ကာ ထိုလက်ချောင်းကြီးကို ဖျက်ဆီးပစ်လိုက်တော့သည်။

ထို့နောက် ကောင်းကင်ယံတွင် ပုံရိပ်သုံးခု ပေါ်လာခဲ့သည်။

သူတို့အားလုံးက မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့က အရပ်အမောင်းမြင့်မားကာ ထွားကျိုင်းပြီး အရှိန်အဝါများမှာလည်း ကြောက်စရာကောင်း၏။

အထူးသဖြင့် ထိုမျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်များထဲမှ တစ်ဦးက အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါမျိုး ရှိသည်။ သူသည် အခြားသော သိုင်းဧကရာဇ်များထက် အဆပေါင်းများစွာ ပိုမို စွမ်းအားကြီးပုံရပေသည်။

"ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ် တစ်ပါးနဲ့ ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် နှစ်ပါးပဲ။ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တွေ ဒီလောက်အများကြီး ဒီနေရာကို ထွက်ပြေးပုန်းအောင်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

လုမင်က မျက်မှောင်ကြုတ်လိုက်သည်။ အေးစက်သောအလင်းတစ်ခုလည်း လက်ခနဲ ဖြစ်သွားခဲ့၏။

"မင်းက ကစဉ့်ကလျားရဲ့ သားတော်ပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းဟာ ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ ရှိသေးတယ်။ မင်းအဆင့်နဲ့ ငါတို့ကို တိုက်ခိုက်ရဲတယ်လား....၊ မင်း သေချင်နေတာပဲ"

မိစ္ဆာနတ်ဘုရားမျိုးနွယ်မှ ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ပြီး လုမင်ထံသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့၏။

မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် တိမျိုးနွယ်စုမှ လူများမှာမူ အလွန်ဝမ်းသာသွားကြတော့သည်။

ဤနေရာတွင် မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် သိုင်းဧကရာဇ်များ ဤမျှရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အခြားသူများလည်း ဝမ်းသာသွားကြသည်။

ဤသိုင်းဧကရာဇ်က ယခင်ပေါ်လာခဲ့သော သိုင်းဧကရာဇ်ထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်မှာ ထင်ရှားသည်။ လုမင်က သေချာပေါက် အသတ်ခံရတော့မည်။

တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများမှာတော့ စိုးရိမ်သွားကြရသည်။

လူတိုင်းက အံ့သြတုန်လှုပ်သွားကြ၏။

ဒီ‌ေလာက်များတဲ့ သိုင်းဧကရာဇ်တွေ...

ဘယ်လိုကြောင့် သိုင်းဧကရာဇ်တွေ ဒီလောက်အထိ ရှိနေရတာလဲ။

အတိတ်ကာလတုန်းက ပြည်နယ်သုံးခုလုံးတွင် သိုင်းဧကရာဇ် နှစ်ပါးသာ ရှိခဲ့သည်။ တစ်ပါးမှာ ယွင်ဧကရာဇ်ဖြစ်ပြီး ကျန်တစ်ပါးက တိမျိုးနွယ်စု၏ သိုင်းဧကရာဇ် ဖြစ်ပေသည်။

နောက်ပိုင်းတွင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်ပေါ်လာသောအခါမှသာ သိုင်းဧကရာဇ်များ ပိုမိုများပြားလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ သိုင်းဧကရာဇ်များ တစ်ပါးပြီးတစ်ပါး ပေါ်လာခဲ့ပြီ။ နောက်ဆုံးတစ်ပါးဆိုလျှင် အလွန်အမင်း ထိတ်လန့်စရာ ကောင်းလွန်းသည်။

လုမင်က သူတို့ကို တိုက်ခိုက်နိုင်ပါ့မလား။

လူအများက စတင်စိုးရိမ်လာကြတော့သည်။

"ဟိုးတုန်းက ငါဟာ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မြောက်မြားစွာကို သတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သိုင်းဧကရာဇ်နယ်ပယ် မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တွေတော့ အများကြီး မရှိခဲ့ဘူး။ ဒီလိုဆိုမှတော့ မင်းတို့ကနေပဲ အရင်စလိုက်ရအောင်ပါ"

ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ရသော်လည်း လုမင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

"တော်တော်အကြွားသန်တာပဲ။ မင်းက ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ ရှိသေးတာကို ငါ့ကို သတ်ချင်တယ် ဟုတ်လား။ သေစမ်း"

ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသက ပိုမို ကြမ်းတမ်းလာ၏။ သူက လုမင်ထံသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်တော့သည်။

ဤလက်သီးချက်က ဟင်းလင်းပြင်ကို တိုက်ရိုက် ကြေမွသွားစေသည်။ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော အင်အားတစ်ခုက လုမင်ထံသို့ ဝင်ရောက်သွား၏။

အခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤကဲ့သို့သော တိုက်ခိုက်မှုစွမ်းအားက ကြောက်စရာကောင်းလွန်းပေသည်။ ထိုတိုက်ခိုက်မှု၏ လှိုင်းလုံးတစ်ခု သက်ရောက်ခံရလျှင်ပင် သူတို့၏ ဝိညာဉ်များ လွင့်စင်ပျက်သုဥ်းသွားလိမ့်မည်ဟု သူတို့ ခံစားလိုက်ရသည်။

"ဝုန်း"

လုမင်လည်း လှုပ်ရှားလိုက်သည်။ သူသည်လည်း လက်သီးတစ်ချက် ပြန်လည်ထိုးနှက်လိုက်၏။

လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်း ဖြစ်သည်။

ဤလက်သီးချက်တွင် လုမင်က နိယာမငါးမျိုးကို ပေါင်းစပ်ထုတ်ဖော်ထား၏။

လက်သီးနှစ်ခုက တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

လုမင်၏ လက်သီးက အလွန်သေးငယ်သည်။ ရေအင်တုံတစ်လုံးခန့် ကြီးမားလှသော လက်သီးကြီးနှင့် နှိုင်းယှဉ်ပါက ဆင်နှင့်ဆိတ်ပမာ ကွာခြားပေသည်။

သို့သော်လည်း ၎င်းတို့ ထိပ်တိုက်တွေ့ဆုံမိသည့်အခါ၊ ရေအင်တုံတစ်လုံးခန့် ကြီးမားသော လက်သီးကြီးက တိုက်ရိုက် ကြေမွသွားခဲ့သည်။ သွေးနှင့် အသားစများ နေရာအနှံ့သို့ လွင့်စင်သွားခဲ့ရ၏။

"အား..."

တစ်ဖက်မှ နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့ ဆုတ်ခွာသွားရတော့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းရဲ့ နိယာမတွေက..."

တစ်ဖက်လူမှာ မယုံကြည်နိုင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။

"သေစမ်း"

လုမင်က တစ်ဖက်လူကို မည်သည့်အခွင့်အရေးမျှ မပေးချေ။ သူက ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားတစ်လက် ပေါ်ပေါက်လာခဲ့၏။

ဤဓားမှာ လုမင် ကိုယ်တိုင်ဖန်တီးထားသော သေခြင်းဓား ဖြစ်သည်။ ၎င်းက လက်ရှိတွင် လုမင်၏ အားအကောင်းဆုံး သတ်ဖြတ်ခြင်း တိုက်ကွက် ဖြစ်၏။

ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် တစ်ဖက်လူ၏ ခန္ဓာမှာ တိုက်ရိုက် နှစ်ခြမ်းကွဲသွားတော့သည်။

လုမင်က သူ့ကို လေထဲတွင်ပင် သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်တစ်ပါးက တိုက်ကွက်တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရပြီ။

လုမင်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ဆိုလျှင် ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်ကို မဆိုထားဘိ။ သေခြင်းဓားကို အသုံးပြုပြီးနောက် သာမန် ကြယ်လေးပွင့် ဗလာနယ်ဧကရာဇ်တစ်ပါးပင် တိုက်ကွက်တစ်ကွက်တည်းဖြင့် အသတ်ခံရမည် ဖြစ်သည်။

ဟုတ်သည်၊ အကယ်၍ နိယာမမျိုးစုံကို နားလည်သဘောပေါက်ပြီး ၎င်းတို့ကို အောင်မြင်စွာ ပေါင်းစပ်ထားနိုင်သည့် ဗလာနယ်ဧကရာဇ်တစ်ပါး ဖြစ်နေလျှင်တော့ ထိုသို့ သတ်ရန် မဖြစ်နိုင်ချေ။

သေသွားပြီ။

ဤတစ်ကြိမ်တွင်လည်း လူတိုင်းက ထပ်မံ၍ ကြက်သေသေသွားရပြန်သည်။

စွမ်းအားကြီးမားသော သိုင်းဧကရာဇ်တစ်ပါးက အသတ်ခံလိုက်ရပြန်ပြီ။ သူသည် လုမင်၏ ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဤမြင်ကွင်းက တုန်လှုပ်စရာ ကောင်းလွန်းပေသည်။

တိမ်နဂါးတောင်ကြားသခင်နှင့် အခြားသူများမှာ လုံးဝ အံ့ဩမင်သက်သွားကြရသည်။

ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်နှင့် တစ္ဆေတစ်ထောင်ဘုရင်တို့မှာ ယခင်က တည်ငြိမ်နေခဲ့သည်။ လုမင်က ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်ကို သတ်လိုက်စဉ်မှာ သူတို့ ထိတ်လန့်သွားခဲ့သော်လည်း ဂရုမစိုက်သေးပေ။

၎င်းက တိမျိုးနွယ်စု၏ နက်ရှိုင်းရာအရပ်တွင် လုမင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်တစ်ပါး ရှိနေသည်ကို သူတို့ သိထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်သည်ပင် လုမင်၏ ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပြီ။ ဤတစ်ကြိမ်တော့ သူတို့ တကယ်ပဲ ထိတ်လန့်တုန်လှုပ်သွားကြပြီ ဖြစ်သည်။

"သတ်"

အော်သံတစ်ခုနှင့်အတူ ချင်ယွဲ့က လှုပ်ရှားလိုက်သည်။ သူက ယင်ယန်စက်ဝန်းဖြင့် ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်ကို တိုက်ခိုက်လိုက်၏။

ချင်ယွဲ့က လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို သိရှိထားပြီးဖြစ်သဖြင့် အနည်းငယ်မျှ အံ့ဩခြင်း မရှိချေ။

သို့သော်လည်း ဝိညာဉ်ဝါးမျိုခြင်း ဓမ္မဘုရင်က လုမင်၏ စွမ်းရည်ကို ယခုမှမြင်ဖူးခြင်း ဖြစ်သည်။ လုမင်က ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်အဆင့် မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင်ကို သတ်လိုက်သည်ကို မြင်သောအခါ ကြက်သီးတဖြန်းဖြန်းထသွားတော့သည်။

သူက ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်မျှသာ ဖြစ်သည်။ သူဟာ ချင်ယွဲ့၏ ပြိုင်ဘက်ပင် မဟုတ်ချေ။ ယခုကဲ့သို့ သူ အာရုံလွဲသွားချိန်မှာ ချင်ယွဲ့၏ တိုက်ခိုက်မှုက သူ့ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး ထိုနေရာတွင်တင် ချက်ချင်း သေဆုံးသွားရတော့သည်။

ထို့နောက် ယင်ယန်စက်ဝန်းက လှည့်ပတ်သွားပြီး တစ္ဆေဘုရင်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

"မင်း..."

တစ္ဆေဘုရင်သည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် ချင်ယွဲ့ကို ခုခံနေရင်းမှ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။

လုမင်က ကြောက်စရာကောင်းလွန်းသည်။ သူက ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်ကိုပင် ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့၏။ အကယ်၍ လုမင်သာ သူ့ကို လာသတ်ပါက သူလည်း သေရပေလိမ့်မည်။

သို့သော်လည်း ချင်ယွဲ့က သူ့အတွေးများကို မသိရှိဘဲ နေပါ့မလား။

သူမက သူ့အစွမ်းကုန် ထုတ်ဖော်ပြီး တိုက်ခိုက်နေပေရာ ထွက်ပြေးရန် မလွယ်တော့ပေ။

လုမင်က ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်ကို သတ်လိုက်ပြီးနောက် ရပ်တန့်မနေခဲ့ပါ။ သူ၏ ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားပြီး အခြားသော ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ် နှစ်ပါးကို တိုက်ခိုက်လိုက်သည်။

မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင် နှစ်ဦးလည်း လန့်ဖျပ်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော်လည်း ဓားအလင်းတန်းများ လက်ဖြာသွားသည်နှင့် သူတို့၏ ဦးခေါင်းများမှာ ခန္ဓာကိုယ်ကို စွန့်ခွာသွားရတော့သည်။ သူတို့၏ ဝိညာဉ်များပင် မလွတ်မြောက်ဘဲ ပျက်စီးသွားခဲ့ရသည်။

မျက်လုံးသုံးလုံး နတ်ဘုရားမျိုးနွယ်ဝင် နှစ်ဦးကို သတ်ပြီးနောက် လုမင်က လေဟာနယ်ကို ဖြတ်ကျော်ကာ တစ္ဆေဘုရင်ထံသို့ တိုက်ခိုက်လိုက်သည်။

"မလုပ်နဲ့... မလုပ်ပါနဲ့"

တစ္ဆေဘုရင်က သွေးပျက်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။ သူက အသည်းအသန် ထွက်ပြေးရန် ကြိုးစားရင်း ချင်ယွဲ့ကို တိုက်ခိုက်လိုက်၏။

သို့သော်လည်း ချင်ယွဲ့က သူထက် အားနည်းသူ မဟုတ်ချေ။ သူ လုံးဝ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပါ။

ထိုအချိန်မှာပင် လုမင် ရောက်ရှိလာခဲ့သည်။

"မလုပ်ပါနဲ့... ငါ အညံ့ခံပါတယ်..."

တစ္ဆေဘုရင်က အရူးတစ်ပိုင်းဖြစ်ပြီး အော်ဟစ်လိုက်သည်။

သို့သော်လည်း သေခြင်းဓားက ကျရောက်လာပြီး တစ္ဆေဘုရင်၏ ခန္ဓာကိုယ် နှစ်ခြမ်းကွဲကျသွား၏။ သေခြင်းဓား၏ စွမ်းအားအောက်တွင် တစ္ဆေဘုရင်၏ ခန္ဓာကိုယ်က အစအနမကျန်ဘဲ ကွယ်ပျောက်ပျက်စီးသွားတော့သည်။

လူတိုင်းက မည်သို့မည်ပုံ တုန်လှုပ်ရမည်မှန်းပင် မသိတော့ပေ။

သေကုန်ကြပြီ။

သိုင်းဧကရာဇ် အားလုံး သေကုန်ကြပြီ။

လုမင်သည် စတင်တိုက်ခိုက်သည့် အချိန်မှစ၍ သိုင်းဧကရာဇ် ငါးပါးကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်ခဲ့သည်။ လူတိုင်းက အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်နေကြတော့သည်။

အထူးသဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်တို့ ဖြစ်ကြသည်။ သူတို့က သေးထွက်ကျလုနီးပါး ကြောက်လန့်သွားကြတော့သည်။

"သွားစို့... အမြန်သွားကြမယ်"

သူတို့က အော်ဟစ်လိုက်ပြီး တစ်စုံတစ်ဦးကို သူတို့အား ခေါ်ထုတ်သွားရန် ပြောလိုက်ကြသည်။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်က သူတို့၏ရှေ့မှောက်တွင် ပေါ်လာခဲ့ပြီ။

"ငါ ပြောခဲ့ပြီးပြီ... ဒီနေ့ မင်းတို့ကို ဘယ်သူမှ မကယ်နိုင်ဘူး၊ မင်းတို့ သေရမယ်"

လုမင်က အေးစက်စွာ ပြောလိုက်သည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်နှင့် ကောင်းကင်နတ်ဘုရားဂိုဏ်းချုပ်တို့ စိတ်ပျက်အားငယ်သွားကြရ၏။

ဤအခိုက်အတန့်တွင် သူတို့က အနည်းငယ်မျှပင် ခုခံရန် စိတ်မကူးနိုင်ကြတော့ပါ။ ၎င်းက စစ်မှန်သော စိတ်ပျက်အားငယ်မှု ဖြစ်သည်။

ယခင်က သိုင်းဧကရာဇ်များ ပေါ်လာသည်ကို မြင်ရစဉ်က သူတို့ အလွန်အမင်း ဝမ်းမြောက်ခဲ့ကြသည်။ သိုင်းဧကရာဇ်တစ်ပါးက လုမင်ကို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြ၏။

သို့သော်လည်း လုမင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူတို့၏ မျှော်လင့်ချက်များထက် များစွာ ကျော်လွန်နေခဲ့သည်။ လုမင်၏ ရှေ့မှောက်တွင် သိုင်းဧကရာဇ်များသည်ပင် ကြက်၊ ငှက်၊ ခွေးများကဲ့သို့ ဖြစ်နေခဲ့ပေသည်။ သူတို့က တိုက်ကွက်တစ်ကွက်မျှပင် တောင့်ခံနိုင်ခြင်း မရှိကြချေ။

အချိန်တိုလေးအတွင်းမှာတင် သူတို့၏ စိတ်အခြေအနေက ကောင်းကင်ဘုံမှ ငရဲသို့တိုင် ထိုးကျသွားခဲ့ရသည်။

"လုမင်... ငါ့ရဲ့ ကျင့်ကြံမှုတွေလည်း ပျက်စီးသွားခဲ့ပြီပဲ။ မင်းက ဘာလို့ ငါ့ကို သတ်ချင်နေရသေးတာလဲ။ ငါ့အသက်ကို ချမ်းသာပေးပါ!"

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က အော်ဟစ်တောင်းပန်လိုက်သည်။

All Chapters