← Chapters

အခန်း ၉၀၃

Vol. 61 Ch. 903

အခန်း ၉၀၃

Vol. 61 Ch. 903

အခန်း (၉၀၃) - အင်မော်တယ်ကို တိုက်ခိုက်ခြင်း၊ ခွန်းလင်အသိုက်

ယခင်က ဟွမ်လင်းကျွန်း၌ တာအိုရုပ်သေး ချန်ရစ်ထားခဲ့သော အဆင့် (၄) နှင့် အဆင့် (၃) အဆောင်လက်ဖွဲ့များ၊ ကိုယ်တိုင် ပြောင်းလဲဖန်တီးထားသည့် အဆင့် (၄) မြင့်မြတ်သော နယ်မြေ၊ အဆင့်နိမ့် အဆင့် (၄) ရုပ်သေးတစ်ရုပ်နှင့် မူလဝိညာဉ်အဆင့် (၂) သို့ ရောက်ရှိနေသော တာအိုဆရာ ကျင်းဖုန်းတို့၏ စွမ်းအားများဖြင့် အခိုင်အမာ ကာကွယ်ထားခဲ့ခြင်း ဖြစ်သည်။

ဤအင်အားစုများကြောင့်သာ လျှို့ဝှက်နယ်မြေကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ခဲ့၏။

သို့ဖြစ်သော်ငြားလည်း ကောင်းယွမ်ယွမ်မှာ မူလဝိညာဉ်အဆင့်သို့ မချိုးဖြတ်နိုင်ခဲ့ဘဲ သက်တမ်းမှာလည်း သိပ်မကျန်တော့ရှာကြောင်း ထင်ရှားနေ၏။

အခြားတစ်ယောက်ဖြစ်သော တာအိုဆရာ ဖူကျန်း သည် လွန်ခဲ့သော နှစ်ငါးဆယ်ကျော်ကတည်းက သက်တမ်းကုန်ဆုံး၍ သေဆုံးသွားခဲ့ရှာပြီ။

ဟွမ်လင်းကျွန်းကို စောင့်ကြပ်ရန် တာအိုရုပ်သေး ချန်ရစ်ထားခဲ့သော လူသုံးယောက်အနက် ယခုအခါ ကောင်းယွမ်ယွမ် နှင့် တာအိုဆရာ ကျင်းဖုန်း တို့သာ ကျန်ရှိတော့သည်။

စုယွီ သည် ကောင်းယွမ်ယွမ် နှင့် တာအိုဆရာ ကျင်းဖုန်း တို့အတွက် စိတ်ဝိညာဉ် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်၏။

နှစ်ယောက်စလုံး အလွန် ဝမ်းသာသွားကြပြီး လက်ဖက်ရည်ခွက်များကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်ကြ၏။

အေးမြသော စိတ်ဝိညာဉ် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ တစ်ကိုယ်လုံးတွင် အေးမြသော ခံစားမှုတစ်ခု လွှမ်းခြုံသွား၏။ စိတ်ဝိညာဉ်များ လန်းဆန်းသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

“ဝေါ…ဝေါ….”

သူတို့၏ စိတ်ထဲတွင် ဉာဏ်အလင်းများ ပွင့်လင်းသွား၏။

အကယ်၍ ဤအခြေအနေမျိုးတွင်သာ ကျင့်ကြံမည်ဆိုပါက သူတို့သည် အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် အောင်မြင်မှု နှစ်ဆကို ရရှိနိုင်မည်မှာ အသေအချာပင်။

၎င်းက သူတို့၏ ကျင့်ကြံခြင်းအတွက် အလွန် အကျိုးရှိလှသည်။

စုယွီ သည်လည်း စိတ်ဝိညာဉ် လက်ဖက်ရည်ကို ဖြည်းညင်းစွာ တစ်ငုံ သောက်လိုက်ပြီးနောက် အောက်ချင်းယွင် ဘက်သို့ လှည့်ကာ မေးလိုက်၏။

"မင်းရဲ့ ဒဏ်ရာတွေ တော်တော် သက်သာသွားပြီလား"

အောက်ချင်းယွင် ခေါင်းညိတ်ပြလိုက်၏။

"အခုတော့ အခြေအနေ တည်ငြိမ်သွားပါပြီ... နောက်ထပ် နည်းနည်းလောက် ထပ်ပြီး တရားထိုင် ကုသလိုက်ရင် လုံးဝ ပြန်ကောင်းသွားမှာပါ... ဒီအတောအတွင်း ရှင့်ကို အများကြီး အနှောင့်အယှက် ပေးမိသွားပြီ"

ဟွမ်လင်းကျွန်း အပြင်ဘက်ရှိ ပင်လယ်နွယ်ဝင် ပင်လယ်သားရဲ များက တစ်ခါတစ်ရံ တိုက်ခိုက်လာတတ်ကြပြီး စုယွီကို စမ်းသပ်ရန် ဖြစ်နိုင်ချေရှိသည်။

စုယွီ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပေ။ တာအိုဆရာ ကျင်းဖုန်း နှင့် အခြားသူများ မဖြေရှင်းနိုင်ပါက ထိုက်ရွှီကို အပြင်သို့ လွှတ်ကာ ပြဿနာကို ဖြေရှင်းခိုင်းလိုက်၏။

စုယွီ၏ ကာကွယ်မှုကြောင့် အောက်ချင်းယွင် သည် ဤမျှ တည်ငြိမ်သော ပတ်ဝန်းကျင်တွင် ကုသမှု ခံယူနိုင်သည်သာ။

ထို့ကြောင့် အောက်ချင်းယွင် အနေဖြင့် စုယွီ အပေါ် အလွန် ကျေးဇူးတင်နေမိပါ၏။

"ပြောစရာ မဟုတ်ပါဘူး"

စုယွီ သိချင်စိတ်ဖြင့် အောက်ချင်းယွင် ကို ကြည့်လိုက်၏။

"မင်း ဖူလင်း ပင်လယ်ပြင်ကို ဘယ်လိုရောက်လာတာလဲ... မင်းတို့ အင်မော်တယ် ဂိုဏ်းနဲ့ဆို တော်တော်ဝေးမှာပဲ မဟုတ်လား"

အောက်ချင်းယွင် ချက်ချင်း ဖြေကြားခြင်း မပြုဘဲ အတန်ကြာ စဉ်းစားပြီးမှ ပြောလိုက်၏။

"ပင်လယ်နွယ်ဝင် တွေနဲ့ ပင်လယ်သားရဲ တွေ ဖူလင်း ပင်လယ်ပြင်မှာ သောင်းကျန်းနေတယ် ဆိုတာကို ကျွန်မတို့ အင်မော်တယ် ဂိုဏ်းက ကြားခဲ့တယ်လေ... ဒါကြောင့် ပင်လယ်နွယ်ဝင် တွေကို တိုက်ခိုက်ဖို့ ပင်လယ်သားရဲတွေကို အမဲလိုက်ဖို့နဲ့ ဖူလင်း ပင်လယ်ပြင်က လူသား ကျင့်ကြံသူ တွေကို အကျပ်အတည်းကနေ ကယ်တင်ဖို့အတွက် ကျွန်မတို့ကို တာဝန်တစ်ခု ပေးခဲ့တယ်"

"ကျွန်မလည်း အဲဒီ တာဝန်ကို ယူပြီး ဂိုဏ်းတူ မောင်နှမ အချို့နဲ့ အတူ ဒီကို လာခဲ့တာပဲ"

"ဒါပေမယ့်.. မထင်ထားခဲ့တာက..."

အောက်ချင်းယွင် စကားရပ်သွားပြီး စုယွီ ကို ကြည့်လိုက်၏။

"တာအိုမိတ်ဆွေ ပါထျန်း..ရှေးဟောင်း ပင်လယ်ပြင် ပင်လယ်နွယ်ဝင် တွေရဲ့ အရှင်သခင် ခွန်းရဲ့ ခွန်းလင် အသိုက်အကြောင်း ရှင်.. ကြားဖူးလား"

စုယွီ အမှန်တကယ်ပင် မကြားဖူးခဲ့ချေ။ ကုန်းတွင်းပိုင်းမှ ကိစ္စအချို့ကို သူ သိနိုင်သော်လည်း ပင်လယ်ပြင်ရှိ ကောလဟာလများနှင့် ဒဏ္ဍာရီများကိုမူ

ဗဟုသုတ မရှိပါ။

သူ ခေါင်းခါလိုက်ပြီး အောက်ချင်းယွင် ကို ပြန်ကြည့်လိုက်၏။

"အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်မရင်းနှီးဘူး... တာအိုမိတ်ဆွေ အောက်... ကျေးဇူးပြုပြီး ရှင်းပြပေးလို့ ရမလား"

ဤ တာအိုမိတ်ဆွေ ပါထျန်း ၏ ထူးခြားသော ပါရမီများမှာ ကုန်းတွင်းပိုင်းရှိ အင်မော်တယ် ဂိုဏ်းတစ်ခုမှ ဆင်းသက်လာသည်ဟု အောက်ချင်းယွင်..ခန့်မှန်းထားပြီး ဖြစ်သည်။

ယခု စုယွီ သည် ခွန်း ၏ ဒဏ္ဍာရီကို မရင်းနှီးကြောင်း ကြားလိုက်ရချိန်တွင် သူမ၏ ခန့်မှန်းချက်မှာ အတည်ပြုပြီးသား ဖြစ်သွား၏။

သို့သော် အောက်ချင်းယွင် အနေဖြင့် ကုန်းတွင်းပိုင်းမှ လူသား ကျင့်ကြံသူ များကို ရန်လိုခြင်း မရှိဘဲ အနည်းငယ် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

"ရှေးခေတ် မှတ်တမ်းကျမ်း

တွေထဲမှာတော့ ဒီ ခွန်း က ပင်လယ်ပြင်မှာ အင်မော်တယ် တွေနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး အင်မော်တယ် တွေကိုတောင် ယှဉ်နိုင်တဲ့ ပင်လယ်နွယ်ဝင် စွမ်းအားရှင် တစ်ယောက် ဖြစ်တယ်လို့ မှတ်တမ်းတင်ထားတယ်"

"အချိန်တွေ ကြာလာတာနဲ့အမျှ ဒီ ပင်လယ်နွယ်ဝင် စွမ်းအားရှင်ကြီးရဲ့ သဲလွန်စတွေက ပျောက်ကွယ်သွားပြီး သူ သေသွားလား ဒါမှမဟုတ် တခြား နေရာကို ထွက်သွားလား ဆိုတာ ဘယ်သူမှ မသိကြတော့ဘူး"

"ဒါပေမယ့် သူက ပင်လယ်ပြင်မှာ သူ့ရဲ့ ယခင် နေထိုင်ခဲ့တဲ့ နေရာနဲ့ မြင့်မြတ်တဲ့ နယ်မြေ ဖြစ်တဲ့ ခွန်းလင် အသိုက် ကို ချန်ထားခဲ့တယ်"

"လက်ချိုးမရေနိုင်တဲ့ ဟိုးရှေးကာလက ခွန်းလင် အသိုက် ဟာ ပင်လယ်ပြင်မှာ တစ်ခါ ပေါ်လာဖူးတယ်... အဲဒီတုန်းက ပင်လယ်ပြင် တစ်ခုလုံးက လူသား... မိစ္ဆာ နဲ့ ပင်လယ်နွယ်ဝင် ကျင့်ကြံသူ တွေကို ဆွဲဆောင်နိုင်ခဲ့တာပေါ့"

"ခွန်းလင် အသိုက် ထဲက အင်မော်တယ် တာအို ကံကြမ္မာတွေကို ရယူဖို့အတွက် အဖွဲ့အားလုံးကြားမှာ ရှုပ်ထွေးတဲ့ တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့တယ်"

အင်မော်တယ် များကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပင်လယ်နွယ်ဝင် စွမ်းအားရှင်ကြီး ရှိနေကြောင်း ကြားလိုက်ရချိန်တွင် စုယွီ အလွန် အံ့အားသင့်သွားသည်။

ယွဲ့အင်မော်တယ် နှင့် ယှဉ်လျှင် ဤစွမ်းအားက မည်သို့ ရှိပါမည်နည်း။

အောက်ချင်းယွင် ဆက်ပြောဘာသည်။

"ခွန်းလင် အသိုက် က ကျွန်မတို့ လူသားနွယ်ဝင် တွေရဲ့ အင်မော်တယ် ဂိုဏ်းတွေ နေထိုင်တဲ့ နေရာတွေနဲ့ မတူဘူး... အဲဒီ နေရာက ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေလောက်တဲ့ တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ပြီး အခုတော့ ဟင်းလင်းပြင် အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေတယ်၊ စိတ်ကူးလို့ မရနိုင်တဲ့ မဟာ တာအို စွမ်းအားတွေရဲ့ ဖျက်ဆီးခံထားရပြီး လုံးဝ မရဏ နယ်မြေ တစ်ခု ဖြစ်နေပြီ"

"ဒါ့အပြင် အဲဒီအထဲမှာ ဖော်ပြလို့ မရနိုင်တဲ့ မဟာ တာအို ကန့်သတ်ချက်တွေ ရှိနေတယ်... အသက် တစ်ထောင် အောက် ရှိတဲ့ သက်ရှိ တွေသာ ကံကြမ္မာကို ရှာဖွေဖို့ ခွန်းလင် အသိုက် ထဲကို ဝင်ရောက်ခွင့် ရှိတယ်"

သူမ စုယွီ ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်မရယ်.. ဂိုဏ်းတူ မောင်နှမတွေရယ် အကြီးအကဲတွေရယ် ဖူလင်း ပင်လယ်ပြင် ကို လာခဲ့ရတဲ့ အကြောင်းရင်းက ခွန်းလင် အသိုက် ပေါ်လာလို့ပဲ"

ဤစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် စုယွီ ၊ ကောင်းယွမ်ယွမ် ၊ တာအိုဆရာ ကျင်းဖုန်း နှင့် ကောင်းနျန်အာ တို့၏ မျက်နှာများ တုန်လှုပ်သွားသည်။

ကောင်းယွမ်ယွမ် ၊ တာအိုဆရာ ကျင်းဖုန်း နှင့် ကောင်းနျန်အာတို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိပြီး အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။

ထိုနေရာသည် အင်မော်တယ် တစ်ပါးကို ယှဉ်နိုင်စွမ်းရှိသော ရှေးဟောင်း စွမ်းအားရှင်ကြီး၏ အသိုက် ဖြစ်သည် မဟုတ်ပါလား။

အထဲတွင် အင်မော်တယ် တစ်ပါး၏ ကံကြမ္မာများ ကျန်ရှိနေသေးတာ ဖြစ်ကောင်း ဖြစ်နိုင်၏။

အကယ်၍ သူတို့သာ အနည်းငယ်သော ကံကြမ္မာ အစိတ်အပိုင်းလေး တစ်ခုကို ရရှိနိုင်မည် ဆိုလျှင်ပင် မဟာ အပြောင်းအလဲကြီး ဖြစ်၏။

စုယွီ ၏ မျက်နှာထား အနည်းငယ် လှုပ်ခတ်သွားသော်လည်း ၎င်းမှာ ခွန်းလင် အသိုက် မှ ကံကြမ္မာများ ပေါ်ထွက်လာခြင်းကြောင့် မဟုတ်ပေ။

ခွန်းလင် အသိုက် ပေါ်လာခြင်းနှင့်အတူ ဖူလင်း ပင်လယ်ပြင် သည် တိုက်ပွဲမြေပြင် တစ်ခု ဖြစ်လာမည်။

ဤနေရာတွင် ဆက်နေ၍ မဖြစ်တော့ပေ။

စုယွီ အတွေးများနေစဉ် အောက်ချင်းယွင်က ဆက်လက်ပြောပြလာ၏။

"ခွန်းလင် အသိုက် ရဲ့ တည်နေရာက ပုံသေ မဟုတ်ဘူး... အဆုံးမဲ့ ဟင်းလင်းပြင် ထဲကို လွှင့်ပစ်ခံထားရပြီး ခြေရာခံဖို့ ခက်ခဲတယ်... ပြီးခဲ့တဲ့ အကြိမ်က ပေါ်လာတုန်းက ပင်လယ်ပြင်မှာ နှစ်တစ်ရာတောင် မပြည့်ခင် ပျောက်သွားတယ်လို့ ပြောကြပါရဲ့"

"ဒီတစ်ခါကော ဘယ်လောက်ကြာကြာ နေမလဲ မသိပါဘူးရှင်”

စုယွီ သည် ၎င်းကို စိတ်မဝင်စားသော်လည်း ယခင်က ခွန်းလင် အသိုက် ပေါ်လာခဲ့သော နေရာနှင့် ဟွမ်လင်းကျွန်း မှ မည်မျှ ကွာဝေးသလဲဟု အလျင်စလို.. မေးမြန်းလိုက်၏။

ခွန်းလင် အသိုက် သည် ဖူလင်း ပင်လယ်ပြင် ၏ နက်ရှိုင်းသော နေရာတွင် ပေါ်လာပြီး လောလောဆယ် ဟွမ်လင်းကျွန်း အပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း သိလိုက်ရသောအခါမှသာ စုယွီခမျာ ကြိတ်၍ သက်ပြင်းချလိုက်နိုင်သည်။

All Chapters