← Chapters

အခန်း ၉၀၆

Vol. 61 Ch. 906

အခန်း ၉၀၆

Vol. 61 Ch. 906

အခန်း (၉၀၆) ချင်းရွှမ် အင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိခြင်း (အပိုင်း -၂)

သူမ အဆင့်ချိုးဖြတ်ပြီး မကြာခင်မှာပင် ဖူလင်း ပင်လယ်နယ်မြေ၏ အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမအတွက် အရှင်သခင်ကြီး ပွဲခံအခမ်းအနား မကျင်းပနိုင်ခင်မှာပင် ပြင်းထန်သော ပင်လယ်သားရဲလှိုင်းလုံး အကြိမ်ကြိမ်ကို ခံစားခဲ့ရလေ၏။

ယခုအချိန်အထိ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းတွင် သူမအတွက် အရှင်သခင်ကြီး ပွဲခံအခမ်းအနား ကျင်းပရန် အစီအစဉ် မရှိတော့ပေ။

အမှန်တကယ်တော့ ဤကာလအတွင်း ဖူလင်း ပင်လယ်နယ်မြေ၌ အဖြစ်အပျက်များစွာ ဖြစ်ပေါ်ခဲ့သည်။

အင်မော်တယ်တံခါး မဟာခန်းမကြီးအတွင်း၌...

တာအိုဆရာမ ချင်းယွီသည် အပြာနုရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ နက်မှောင်သော ဆံပင်ရှည်များ ပခုံးပေါ်သို့ ဖြာကျနေသည်။ အရှင်သခင်ကြီး တစ်ပါး၏ အင်မော်တယ်အရှိန်အဝါများ သူမ၏ မျက်ဝန်းအစုံမှာ စုစည်းနေပြီး အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများကို အကဲခတ်ကြည့်ရှုနေ၏။

သူမ၏ အကြည့်ရောက်ရာ နေရာတိုင်းတွင် မည်သည့် အကြီးအကဲမျှ မျက်လုံးချင်း တည့်တည့် ပြန် မကြည့်ရဲကြပေ။

သူတို့ တစ်ဦးစီသည် ရိုသေလေးစားစွာ ခေါင်းငုံ့ထားကြပြီး အနည်းငယ်မျှပင် အပြစ်မပြုရဲကြ။

ချင်းယွီ၏ ချယ်ရီသီးနှယ် နှုတ်ခမ်းလေးများ အနည်းငယ် ပွင့်ဟသွားပြီး ရောက်ရှိနေသော အကြီးအကဲများ အားလုံးကို အံ့အားသင့်သွားစေမည့် သတင်းတစ်ခုကို ကြေညာလိုက်၏။

"မကြာသေးခင်က ရွှမ်ထျန်း အင်မော်တယ်ကျွန်းကနေ ကျွန်မတို့ ဂိုဏ်းဆီ သတင်းတစ်ခု ရောက်လာတယ်... ဖူလင်း ပင်လယ်နယ်မြေရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ခွန်းလင်သိုက်လို့ ခေါ်တဲ့ ရှေးဟောင်း အပျက်အစီး တစ်ခု ပေါ်ထွက်လာတယ်တဲ့..."

"ဒီ ခွန်းလင်သိုက်ကို ရှေးခေတ်က ပင်လယ်မျိုးနွယ်စု စွမ်းအားရှင်

တစ်ယောက် ချန်ရစ်ခဲ့တာလို့ ပြောကြတယ်... ပြီးတော့ လွန်ခဲ့တဲ့ အချိန်အတော်ကြာက တစ်ခါ ပေါ်ထွက်လာဖူးတယ်တဲ့..."

"အဲဒီအချိန်တုန်းက ကျင့်ကြံခြင်း ကမ္ဘာမှာ လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်စုနဲ့ ပင်လယ်မျိုးနွယ်စုတို့ကြား ဆက်တိုက်ဆိုသလို စစ်ပွဲကြီးတွေ ဖြစ်ပွားခဲ့တာပေါ့..."

"ခွန်းလင်သိုက်ထဲမှာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ကောလဟာလတွေ ထွက်နေတယ်..."

“အလိုလေး…”

ချင်းရွှမ် အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများ အားလုံး မျက်လုံးများ ပြူးကျယ်သွားကြပြီး အချို့မှာ အံ့ဩတကြီး သက်ပြင်းရှိုက်လိုက်မိကြ၏။

တာအိုဆရာမ ချင်းယွီကို အံ့အားသင့်မှု၊ စိတ်အားထက်သန်မှုတို့ဖြင့် စူးစိုက်ကြည့်လိုက်ကြသည်။

‘အင်မော်တယ်အဖြစ် တက်လှမ်းနိုင်တဲ့ အခွင့်အရေး... ဒါက..’

"ဂိုဏ်းချုပ်... ဒါ တကယ်ပဲလား... အထဲမှာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်တဲ့ အခွင့်အရေး တကယ် ရှိနေတာလား..."

ဆံပင်ဖြူ အကြီးအကဲ တစ်ဦးက တုန်ယင်သော အသံဖြင့် မေးလိုက်၏။

ဤကဲ့သို့သော အခွင့်အရေးမျိုးနှင့် ရင်ဆိုင်ရလျှင် မည်သူကများ တည်ငြိမ်စွာ နေနိုင်မည်နည်း..။

သို့သော် တာအိုဆရာမ ချင်းယွီက တည်ငြိမ်စွာပင် ဆက်ပြောသည်။

"တကယ် ဖြစ်နိုင်လောက်တယ်... ဒါမှမဟုတ်ရင် အထက်က ပင်လယ်မျိုးနွယ်စုနဲ့ ပင်လယ်သားရဲ သတ္တဝါတွေက ဘာလို့ ဆုတ်ခွာပြီး ပျောက်ကွယ်သွားကြမှာလဲ..."

သူမက စုရုံးနေသော အကြီးအကဲများကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ပြီး သူမ၏ အသံမှာ သေမျိုးလောကနှင့် ကင်းကွာသော လေသံ တစ်ခု ကိန်းဝပ်နေသည်။

"ခွန်းလင်သိုက် ပေါ်ထွက်လာတဲ့ သတင်းကို ကျွန်မ ထုတ်ဖော်ပြောကြားတာက ကျွန်မတို့ ဂိုဏ်းအနေနဲ့ ဒီအခွင့်အရေးကို သွားရှာသင့်၊ မရှာသင့် ဆွေးနွေးဖို့ မဟုတ်ဘူး..."

"အဲဒီအစား ဖြစ်ပေါ်လာနိုင်တဲ့ အကျပ်အတည်းတွေ၊ အန္တရာယ်တွေကို ဂိုဏ်းအနေနဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာကို ဆွေးနွေးဖို့ပါ..."

"ခွန်းလင်သိုက် ပေါ်ထွက်လာတဲ့ သတင်း ပျံ့နှံ့သွားတာနဲ့ ဖူလင်း ပင်လယ်နယ်မြေ တစ်ခုလုံး ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး..."

"ချင်းရွှမ် ကျွန်းစုတွေဟာ အရင်ကထက် ပိုပြီး ရူးသွပ်တဲ့ ပင်လယ်သားရဲလှိုင်းလုံးတွေကို ရင်ဆိုင်ရဖို့ အလွန် ဖြစ်နိုင်ချေများတယ်..."

"ဒါက ကျွန်မတို့ ဂိုဏ်းရဲ့ အသက်ရှင်သန်ရေးနဲ့ သက်ဆိုင်နေတယ်..."

ဤစကားကို ကြားသောအခါ အကြီးအကဲ အများအပြား၏ မျက်နှာထားများ ပြောင်းလဲသွားပြီး အနည်းငယ် သတိဝင်လာကြသည်။

သူမ၏ ဘေးတွင် ထိုင်နေသော ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ပထမ အကြီးအကဲမှာ မျက်မှောင်ကြုတ်သွား၏။

ပထမ အကြီးအကဲသည် အဘွားအို တစ်ဦး ဖြစ်၏။ သူမ၏ ဆံပင်နှင့် မျက်ခုံးမွေးများမှာ ဖြူဖွေးနေပြီ ဖြစ်ကာ မျက်နှာပေါ်တွင်လည်း ဇရာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။

အမြုတေ ဖွဲ့စည်းအဆင့် နဝမအလွှာတွင် ရှိနေသော သူမ၏ သဘာဝ သက်တမ်းမှာ ကုန်ဆုံးရန် မလိုတော့ပေ။

သူမက တာအိုဆရာမ ချင်းယွီကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး သူမ၏ နောက်ကွယ်တွင် မျက်စိမှိတ်၍ အနားယူနေသော ဘိုးဘေးကို တစ်ချက်ကြည့်ကာ တိုးညှင်းစွာ မေးလိုက်၏။

"ဂိုဏ်းချုပ်ရဲ့ အစီအစဉ်က ဘာလဲ..."

အခြား မည်သူမျှ စကားမပြောကြဘဲ တာအိုဆရာမ ချင်းယွီကိုသာ တိတ်ဆိတ်စွာ ကြည့်နေကြသည်။

တာအိုဆရာမ ချင်းယွီက ပြောလိုက်၏။

"လက်ရှိ ပင်လယ်နယ်မြေက မတည်ငြိမ်တော့ဘူး... ကျွန်မတို့ ချင်းရွှမ် အင်မော်တယ်ဂိုဏ်းရဲ့ မျိုးဆက် ဆက်လက် ရှင်သန်နိုင်ဖို့ အရန်အစီအစဉ် တစ်ခု လိုအပ်တယ်..."

"ခွန်းလင်သိုက်နဲ့ ပတ်သက်ပြီးတော့ သက်တမ်း ကုန်ဆုံးတော့မယ့် အကြီးအကဲ အချို့က ခွန်းလင်သိုက်က အခွင့်အရေးအတွက် စွန့်စားချင်တယ်ဆိုရင် လူတွေကို ခေါ်သွားလို့ ရတယ်..."

"သူတို့က ကံကြမ္မာ အခွင့်အရေး တစ်ချို့ကို သိမ်းပိုက်နိုင်ပြီး အရှင်သခင်ကြီး အဆင့်ကို ချိုးဖြတ်နိုင်ရင်ဖြစ်ဖြစ်... ဂိုဏ်းရဲ့ အင်အားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်တဲ့ ရတနာတစ်ချို့ ရခဲ့ရင်ဖြစ်ဖြစ် အားလုံး ကောင်းတာချည်းပါပဲ..."

"အကယ်၍ မရခဲ့ရင်တောင်... နောင်တရစရာ ဘာမှ ကျန်ခဲ့မှာ မဟုတ်ဘူး..."

"တခြားတစ်ဖက်မှာတော့ ကျွန်မက ကမ်းရိုးတန်းနဲ့ နီးတဲ့ ဟွမ်လင်းကျွန်းကို သိမ်းပိုက်ဖို့ အစီအစဉ် ရှိတယ်... အဲဒီကနေ တစ်ဆင့် ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာ ခံတပ်တစ်ခု ဒါမှမဟုတ် လျှို့ဝှက်နယ်မြေ တစ်ခု ဖန်တီးဖို့ ကုန်းတွင်းပိုင်းမှာ ကြံစည်ရမယ်..."

"အဲဒီလိုဆိုရင် ပင်လယ်နယ်မြေမှာ တကယ်ပဲ တစ်ခုခု ဖြစ်လာခဲ့ရင် ကုန်းတွင်းပိုင်းကို ဆုတ်ခွာလို့ ရပါမယ်..."

ဤစကားက ချင်းရွှမ် အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများကို ထပ်မံ အံ့အားသင့်သွားစေပြီး မကြာမီမှာပင် အချင်းချင်း စတင် ဝေဖန် အကြံပြုလာကြ၏။

ပင်လယ်မျိုးနွယ်စုနှင့် ပင်လယ်သားရဲများ ပင်လယ်နယ်မြေမှ ဆုတ်ခွာသွားသဖြင့် ချင်းရွှမ် ကျွန်းစုများသည် ကြောက်စရာ သားရဲလှိုင်းလုံးများမှ ခေတ္တမျှ အသက်ရှူချောင်သွားခဲ့ပြီး အနားယူရန် အခွင့်အရေး ရရှိခဲ့သည်။

အကယ်၍ နောက်ပိုင်းတွင် ပင်လယ်နယ်မြေ၌ ကြီးမားသော အပြောင်းအလဲများ တကယ် ဖြစ်ပေါ်လာပြီး ဂိုဏ်းအနေဖြင့် ပိုမို ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဆိုပါက တာအိုဆရာမ ချင်းယွီ၏ အဆိုပြုချက်မှာ အမှန်တကယ်ပင် ဆွေးနွေးထိုက်၏။

"ဒါပေမယ့် ဟွမ်လင်းကျွန်းရဲ့ အင်အားက အားနည်းပုံမရဘူး..."

အကြီးအကဲ တစ်ဦးက တုံ့ဆိုင်းစွာ ပြောလိုက်၏။

ဟွမ်လင်းကျွန်း ကုန်းယွဲ့ ကုန်သွယ်ရေး သင်းသည် သူတို့၏ လက်ထဲတွင် မူလဝိညာဉ် အရှင်သခင်ကြီး တစ်ပါးမက အသက်ဆုံးရှုံးစေခဲ့ဖူးရာ ၎င်း၏ အင်အားမှာ သေချာပေါက် အားနည်းမည် မဟုတ်ပေ။

၎င်းသည် ချင်းရွှမ် အင်မော်တယ်ဂိုဏ်းက သူတို့ကို အရင်က အရေးမယူခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။

ထို့အပြင် သူတို့၏ ယခင် ဂိုဏ်းချုပ်နှင့် ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲတို့သည် ကုန်းတွင်းပိုင်းတွင် ကျဆုံးခဲ့ရကြောင်းကိုလည်း သတိပြုရပေမည်။

ယခုတိုင်အောင် ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်းသည် သူတို့၏ အကြီးအကဲအတွက် လက်စားမချေသေးပေ။

ထိုသို့သော အခြေအနေမျိုးတွင် မိမိတို့က ကုန်းတွင်းပိုင်းသို့ အမှန်တကယ် တိုးချဲ့ရန် စီစဉ်နေကြခြင်းလော။

တာအိုဆရာမ ချင်းယွီ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ဖြတ်ပြေးသွား၏။ သူမသည် ကုန်းတွင်းပိုင်းတွင် ခြေကုပ်ယူကာ ဩဇာလွှမ်းမိုးမှုကို တဖြည်းဖြည်း တိုးချဲ့ရန် ချင်းရွှမ် အင်မော်တယ်ဂိုဏ်းကို ဦးဆောင်ရန် ဆုံးဖြတ်ထားသည်။

တစ်နေ့တွင် သူမသည် တာ့ယွဲ့ နယ်မြေသို့ သွားရောက်ကာ ဆရာဖြစ်သူ၏ သေဆုံးမှုအတွက် လက်စားချေရန် အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ၏ ဝိညာဉ်ကို နှစ်သိမ့်ပေးရမည်။

အကယ်၍ သူမ ဤသို့ မလုပ်ပါက သူမ၏ သစ္စာဆိုချက်ကို မည်သို့ ဖြည့်ဆည်းနိုင်မည်နည်း။

သူမ၏ နောက်ကွယ်တွင် ထိုင်နေသော ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးက မျက်လုံးကို ဖွင့်လိုက်ပြီး ရောက်ရှိနေသူများကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်၏။

"ဒီအတိုင်းပဲ လုပ်ကြတာပေါ့... ခွန်းလင်သိုက်ကို သွားပြီး ကံကြမ္မာ အခွင့်အရေး ရှာချင်တဲ့သူနဲ့ ဂိုဏ်းအတွက် လမ်းစဖောက်ဖို့ နေခဲ့ချင်တဲ့သူ ကိုယ့်ဘာသာ ရွေးချယ်ကြ..."

နေ့တဝက် ကြာပြီးနောက်

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ပထမ အကြီးအကဲနှင့်အတူ သက်တမ်း ကုန်ဆုံးခါနီး အမြုတေ ဖွဲ့စည်းအဆင့် အကြီးအကဲ အချို့နှင့် ဂိုဏ်း၏ စီမံခန့်ခွဲသူ၊ တပည့် အယောက်နှစ်ဆယ်တို့သည် နေရာ ရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် ထွက်ခွာသွားကြသည်။ သူတို့သည် ခွန်းလင်သိုက်ရှိ အခွင့်အရေးများကို အသုံးချရန် ရည်ရွယ်ကာ ရွှမ်ထျန်း အင်မော်တယ်ဂိုဏ်းဆီသို့ ဦးတည်သွားကြ၏။

ကျန်ရှိနေသော အဖွဲ့ဝင်များကို ဂိုဏ်းချုပ် တာအိုဆရာမ ချင်းယွီက ရွေးချယ်ခဲ့ပြီး ချင်းရွှမ် ကျွန်းစုများမှ စစ်သင်္ဘော အချို့ဖြင့် ရွက်လွှင့်ရန် အသင့်ရှိနေသော ကျင့်ကြံသူ ငါးရာကို ရွေးချယ်လိုက်၏။

သူတို့သည် ဘိုးဘေးနှင့်အတူ ဟွမ်လင်းကျွန်းကို သိမ်းပိုက်ရန် စီစဉ်ထားကြသည်။

သို့သော် ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးနှင့် တာအိုဆရာမ ချင်းယွီတို့သည် ဂိုဏ်းမှ လူများကို ဦးဆောင်ကာ ဟွမ်လင်းကျွန်းဆီသို့ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် မျက်နှာ ပျက်ယွင်းသွားရ၏။

*

ချင်းရွှမ် ကျွန်းစုများ ပတ်လည်ရှိ ပင်လယ်နယ်မြေ အထက်ဝယ်

ဟင်းလင်းပြင်များ ညင်သာစွာ လှိုင်းထသွားပြီး လှေပျံတစ်စင်း လေထဲမှ ထွက်ပေါ်လာသည်။

လှေပျံပေါ်ဝယ်

စုယွီက ရှေ့ဆုံး၌ ရပ်ကာ တစ်ချက်ကြည့်ရုံဖြင့် အဆုံးမရှိသော တိုက်ကြီး တစ်တိုက်နှင့်တူသော ကျွန်းကို ငုံ့ကြည့်နေ၏။

ထိုကျွန်းကြီး၏ ပတ်လည်တွင် သေးငယ်သော ကျွန်းငယ်လေး ရာနှင့်ချီ၍ ရှိနေသည်။

သူ ကိုယ်တိုင် ချင်းရွှမ် ကျွန်းစုများသို့ တစ်ခါမျှ မရောက်ဖူးသော်လည်း သူ၏ တာအို ရုပ်သေးမှာ နှစ်ကြိမ်ထက်မက ရောက်ဖူးပြီး ထိုနေရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်သည်။

ထိုအချိန်တွင် စုယွီက တစ်ခုခုကို ခံစားလိုက်ရသည်။ သူ၏ ရွှေရောင် မျက်လုံးများက ချင်းရွှမ် အင်မော်တယ်ဂိုဏ်း တည်ရှိရာ ချင်းရွှမ် အင်မော်တယ်ကျွန်း၏ နက်ရှိုင်းသော နေရာများဆီသို့ ကြည့်လိုက်ကာ အံ့အားသင့်စွာ ရေရွတ်လိုက်၏။

"အလို..."

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ အထက်တွင် စစ်သင်္ဘော အချို့ ရပ်နားထားပြီး တစ်စီးစီတွင် ကျင့်ကြံသူ ရာချီ ပါဝင်သည်။

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း တစ်ခုလုံးတွင် လေးနက်ပြီး ဆိုးရွားသော လေထုက ဖုံးလွှမ်းနေသည်။

ထိုစစ်သင်္ဘောများထဲတွင် မူလဝိညာဉ် အရှင်သခင်ကြီး နှစ်ပါးနှင့် အမြုတေ ဖွဲ့စည်းအဆင့် ကျင့်ကြံသူ ဆယ်ဦးထက်မက ပါဝင်နေသည်။

‘သူတို့ ဘာလုပ်ဖို့ စီစဉ်နေကြတာလဲ…’

စုယွီ အနည်းငယ် သိချင်သွားသည်။ ကျင့်ကြံသူ အများအပြား စုဝေးနေပြီး သူတို့၏ လုပ်ရပ်များက အခြားသော အင်အားစု တစ်ခုကို တိုက်ခိုက်ရန် ပြင်ဆင်နေပုံ ပေါ်၏။

‘ဒါပေမယ့် ဒါက ငါ့အတွက် ကောင်းပါတယ်... ချင်းရွှမ် အင်မော်တယ်ဂိုဏ်းက လူအများကြီး စုဝေးနေတာက ငါ့အတွက် အားစိုက်ရ သက်သာစေတယ်’

“ဝှစ်..”

စုယွီ၏ အတွေးများ လှုပ်ရှားသွားသည်နှင့်အတူ လှေပျံနှင့်အတူ ချင်းရွှမ် ကျွန်းစုများ၏ အပြင်ဘက်မှ ပျောက်ကွယ်သွားသည်။

အခြားတစ်နေရာတွင်

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးနှင့် တာအိုဆရာမ ချင်းယွီတို့သည် စုယွီနှင့် အဆင့်မြင့် အဆင့် (၅) လှေပျံ ရောက်ရှိလာသည်ကို မမြင်တွေ့ခဲ့ရပေ။ သို့သော် သူတို့ နှစ်ဦးစလုံးသည် အကြောက်တရားနှင့် ရိုသေလေးစားမှုတို့ဖြင့် နှလုံးခုန် မြန်စေသည့် အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရ၏။

အဆင့်မြင့် အဆင့် (၅) လှေပျံ တစ်စင်းသည် ဝိညာဉ် ခွဲထွက် အဆင့် နောက်ပိုင်း သို့မဟုတ် အထွတ်အထိပ် အဆင့်နှင့် ညီမျှသည်။

မြေကမ္ဘာ အင်မော်တယ်စံအိမ် အတွင်း၌ပင် ၎င်းကို ပြိုင်ဘက်ကင်း ရတနာတစ်ခုအဖြစ် သတ်မှတ်ထား၏။

မူလဝိညာဉ် အဆင့်သာ ရှိသေးသော ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးနှင့် တာအိုဆရာမ ချင်းယွီတို့အတွက်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

တာအိုဆရာမ ချင်းယွီသည် အကြောင်းပြချက် မရှိသော အကြောက်တရားအား ခံစားလိုက်ရပြီး ကြီးမားလှသော ထိတ်လန့်ဖွယ်ရာ တစ်ခုခု ကျရောက်လာတော့မည့် အလားပင်။

သူမက တုန်ယင်သော အသံဖြင့် လှမ်းပြောလိုက်၏။

"ဘိုးဘေး... ဘာဖြစ်နေတာလဲဟင်..."

"အဲဒီ အရှိန်အဝါက ဘာကြီးလဲ..."

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး စကားမပြောနိုင်ခင်မှာပင် စစ်သင်္ဘော ငါးစီး၏ အရှေ့ဘက် ဟင်းလင်းပြင်တွင် ရေကန်မျက်နှာပြင်ပေါ်ရှိ လှိုင်းဂယက်များကဲ့သို့ လှိုင်းထသွားသည်။

နောက်တစ်ခဏတွင် စစ်သင်္ဘောများထက် များစွာ သေးငယ်သော လှေပျံတစ်စင်း လေထဲမှ ထွက်ပေါ်လာ၏။

သို့သော် ၎င်း၏ အရွယ်အစား သေးငယ်သော်လည်း ဤလှေပျံမှ ထွက်ပေါ်လာသော အရှိန်အဝါက ချင်းရွှမ် အင်မော်တယ်ဂိုဏ်းမှ လူတိုင်းကို ကြက်သီးထသွားစေပြီး မျက်နှာများ ဖြူရော်သွားစေသည်။

ချင်းရွှမ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးနှင့် တာအိုဆရာမ ချင်းယွီတို့သည် အလွန်အမင်း တုန်လှုပ်သွားကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။

‘ဒီ လှေပျံက...

အဆင့် (၄) မဟုတ်ဘူး... အဆင့် (၅) ပဲ..’

နောက်တစ်ခဏတွင် သူတို့ အလွန် ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုက လှေပျံပေါ်မှ အေးအေးလူလူ ဆင်းလာပြီး သူတို့ရှေ့တွင် ပေါ်လာသည်။

သူမသည် ဟွမ်လင်းကျွန်း.. ကုန်းယွဲ့ ကုန်သွယ်ရေးအသင်း၏ ခေါင်းဆောင် ကောင်းယွမ်ယွမ် ပင်ဖြစ်လေတော့သည်။

All Chapters