← Chapters

အခန်း ၉၉၁

Vol. 67 Ch. 991

အခန်း ၉၉၁

Vol. 67 Ch. 991

အခန်း (၉၉၁) - နင်ချီ ၏ ဒဏ္ဍာရီ

ထို ကမ္ဘာငယ် လေးများ မှာ ကျယ်ပြန့်သော ကမ္ဘာ ကိုယ်တိုင် မှ မျောလွင့်နေသော ဧရာမ စက်လုံး သေးသေးလေး များ အသွင်... ၊ ဂြိုဟ်ရံ စက်လုံး များ အလား ဖြစ်နေပြီး တစ်ခုစီ တိုင်း မှာ ကျယ်ပြန့်သော ကမ္ဘာ ၏ အလင်းရောင် ကြောင့် ရွှေရောင် ဖျော့ဖျော့ လေးများ သန်းနေကြ၏။

တစ်နည်းအားဖြင့် ဆိုရလျှင်... ကျယ်ပြန့်သော ကမ္ဘာသည် ထို ကမ္ဘာငယ် လေးများ ကို ဝါးမြိုခဲ့ခြင်း မရှိဘဲ... ထိုအစား ၎င်း၏ ကိုယ်ပိုင် စွမ်းအားများဖြင့် သူတို့ကို ပြုစု ပျိုးထောင်ပေးနေခဲ့သည်။

ဤ မြင်ကွင်း ကို မြင်လိုက်ရသောအခါ... နင်ချီ မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရတော့၏။

ကျယ်ပြန့်သော ကမ္ဘာ ၏ လက်အောက် တွင် ရှိနေသော ဤ ကမ္ဘာငယ် လေးများ မှာ... တောင်နှင့် ပင်လယ် ကမ္ဘာ ၏ လက်အောက် တွင် ရှိနေသော ကမ္ဘာငယ် လေးများ ထက် အဆပေါင်းများစွာ ပိုမို ပျော်ရွှင် ချမ်းမြေ့နေကြမည်မှာ သေချာလှသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အောက် တွင်မူ... သူတို့ ၏ အစစ်အမှန်သိုင်းကမ္ဘာ တစ်ခုတည်း သာလျှင် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ရှာဖွေ တွေ့ရှိမခံရသေးပေ... သို့မဟုတ်ပါက ၎င်းသည်လည်း ဝါးမျို ခံရမည့် ကံကြမ္မာ မှ လွတ်ကင်းနိုင်မည် မဟုတ်။

နင်ချီသည် ကမ္ဘာငယ် လေးများ ကို လျစ်လျူရှု ထားလိုက်ပြီး... ထိုအစား မျက်လုံးများကို မှိတ်ကာ ကျယ်ပြန့်သော ကမ္ဘာ ကိုယ်တိုင် ကိုသာ အာရုံခံ သိရှိနိုင်ရန် အပြည့်အဝ အာရုံစိုက် ထားလိုက်တော့၏။

သူ၏ လက်ရှိ ရှုထောင့် နှင့် ဆိုလျှင်... သူသည် သေးငယ်သော ကိစ္စရပ်များကို ဂရုမစိုက် တော့ဘဲ... ကြီးမားလှသော အကျိုးအမြတ်များကိုသာ လောင်းကစား လုပ်ချင်နေတော့သည်။

သေချာသည် ကတော့... အကယ်၍ သူသာ ဤ ကမ္ဘာငယ် လေးများ ကို သိမ်းပိုက်နိုင်ခဲ့မည် ဆိုပါက ၎င်းက အစစ်အမှန်သိုင်းကမ္ဘာ ၏ ခွန်အား ကို သေချာပေါက် တိုးမြှင့် ပေးနိုင်မည် ဖြစ်သော်ငြားလည်း... သူက ရန်သူကို သတိပေးရာ ရောက်မည့် မည်သည့် လုပ်ရပ် ကိုမျှ လုပ်ဆောင် လိမ့်မည် မဟုတ်ပေ။

"ကျယ်ပြန့်သော ကမ္ဘာ ရဲ့ နယ်နိမိတ် နံရံ က တောင်နဲ့ ပင်လယ် ကမ္ဘာ ထက်တောင် ပိုပြီး ထူထဲ သေးတယ်"

နင်ချီ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။

ရုတ်တရက်... သူ၏ သိုလှောင်လက်စွပ် ထဲမှ တစ်စုံတစ်ရာ ကို ထုတ်ယူလိုက်၏။ ၎င်းက သူ၏ ခေါင်းအထက် တွင် လွင့်မျောနေတော့၏။

အောက် တွင် ထိုင်နေသော မြင်းနက်ကြီး မှာ စပ်စုချင်စိတ် ဖြင့် လှမ်းကြည့်လိုက်၏။

ထင်ရှားသော အရွက်ကြောများ ပါရှိသည့် သစ်ရွက် တစ်ရွက် ဖြစ်နေ၏။ သာမန် ဖြစ်ကာ ဘာမှ ထူးခြားမှု မရှိပုံ ပေါ်၏။

နင်ချီ က မြင်းနက်ကြီးကို ဘာမှ ရှင်းပြနေမည် မဟုတ်ပေ။

ယခုအခါ လိုအပ်သော ကြိုတင် ပြင်ဆင်မှု များ အားလုံး ပြီးစီးသွားလေပြီ။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့အား ပေးအပ်ထားသော သစ်ရွက်လေးက ဝိညာဉ်ကမ္ဘာ ကမ္ဘာ့ ဆန္ဒတော် များ ၏ အာရုံခံနိုင်စွမ်း ကို ဖုံးကွယ် ပေးထားနိုင်ပြီ ဖြစ်ရာ...သူသည် ယုံကြည်မှု အပြည့်ဖြင့် ရှေ့ဆက် လှုပ်ရှားနိုင်လေပြီ။

နင်ချီသည် သူ၏ လက်နှစ်ဖက် စလုံး ကို ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ ပေါ်သို့ ဖိချလိုက်၏။

ချက်ချင်း ဆိုသလိုပင်... ထူးဆန်းသော အခင်းအကျင်း ပုံစံ များက သူ၏ လက်အောက် မှ နေ၍ အလိုအလျောက် ပေါ်ထွက်လာပြီး ပြန့်ကားလာတော့၏။

ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ မှာ ရွှေရောင် ဖျော့ဖျော့ အလင်းတန်းများဖြင့် တောက်ပနေပြီး... နင်ချီ ၏ လက်ထဲရှိ အခင်းအကျင်း ပုံစံ များမှာမူ အမည်းရောင် ဖြစ်နေသည်။

သို့သော် ၎င်းတို့က ဆက်လက် ပြန့်ကားလာသည်နှင့် အမျှ... အမည်းရောင် များမှာလည်း ပြောင်းလဲသွားပြီး ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ အရောင် နှင့် တဖြည်းဖြည်း ပေါင်းစပ် ဝင်ရောက်သွားတော့၏။

မြင်းနက်ကြီး တစ်ကောင် ပို၍ ပို၍ ဇဝေဇဝါ ဖြစ်လာစဉ် မှာပင်... နင်ချီ က ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံအား ဖိကပ်ထားရာမှ သူ၏ လက်များကို ရုတ်တရက် ခွာလိုက်တော့သည်။

ပတ်ဝန်းကျင် ရှိ ဟင်းလင်းပြင် မှာ တွန့်ခေါက်လာပြီး... တာအို စွမ်းအားများ အဆက်မပြတ် စုစည်းလာတော့၏။

မြင်းနက်ကြီးကို အံ့အားသင့်သွားစေခဲ့သည် မှာ... ကျယ်ပြန့်သော ကမ္ဘာ ၏ နံရံ မှနေ၍ နွယ်ပင် တစ်ပင် ပေါက်ထွက်လာသည့်အလား ဖြစ်နေပြီး... ၎င်းမှာ သူတို့လာခဲ့သော ဦးတည်ချက် အတိုင်းနောက်သို့ ပြန်လည် ဆန့်တန်းသွားနေသည်ပင်။

“ဝှစ်…”

မကြာမီမှာပင်... ထို နွယ်ပင် များမှာ စတင် ကွဲထွက်သွားကြတော့၏။

နင်ချီ က နွယ်ပင် ကို တစ်ချက် ခတ်ထုတ်လိုက်ရာ... ၎င်းမှာ အနည်းငယ် လျော့ရဲသွားတော့သည်။

သူ က သိမ်မွေ့စွာ ပြုံးလိုက်၏။

"ပြီးသွားပြီ..."

ကမ္ဘာ နှစ်ခု ကို ဆက်သွယ် ပေးထားသော ဤ "နွယ်ပင်" လေး မှာ အရေးမပါသလို ထင်ရသော်လည်း... နတ်ဘုရား မှော်စွမ်းရည် ကဲ့သို့သော လိုအပ်သည့် မှော်ပညာ များမှာ အလွန်တရာ အရေးကြီးလှ၏။ အကယ်၍ အနည်းငယ်မျှသော အမှားအယွင်း လေး တစ်ခု သာ ရှိခဲ့မည် ဆိုပါက... ၎င်းမှာ ရှာဖွေ တွေ့ရှိခံရမည် ဖြစ်ပြီး ဆက်သွယ်မှု လည်း လုံးဝ ပြိုကျ ပျက်စီးသွားမည်သာ။

"နွယ်ပင်" လေးက နင်ချီ ကို... တည်နေရာ ရွှေ့ပြောင်းခြင်း အခင်းအကျင်း တစ်ခု ဖန်တီးခြင်း၊ ဟင်းလင်းပြင် တာအို တစ်ခု တည်ဆောက်ခြင်း၊ ဟင်းလင်းပြင် တာအို ၏ အစစ်အမှန် ကို ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအား အတွင်းသို့ ပေါင်းစပ် ထည့်သွင်းခြင်း၊ ကျယ်ပြန့်သော ကမ္ဘာ ၏ အာရုံခံနိုင်စွမ်း ကို ဖုံးကွယ်ခြင်း အစရှိသော နတ်ဘုရား မှော်စွမ်းရည် အဆက်ဆက် ကို ဖော်ထုတ်စေခဲ့၏။

အကယ်၍ အခြား တစ်ယောက်ယောက် သာ ဆိုလျှင်... ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ အပေါ် တွင် ဤမျှလောက် များပြားလှသော အလုပ်များကို လုပ်ဆောင်ရန် ဆိုသည်မှာ ဝေလာဝေး... ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ ကို ထိတွေ့လိုက်သည့် မျက်စိတစ်မှိတ် အတွင်းမှာပင် ကျယ်ပြန့်သော ကမ္ဘာ ကမ္ဘာ့ဆန္ဒတော် ၏ သေချာပေါက် ရှာဖွေ တွေ့ရှိခံရမည်သာ ဖြစ်၏။

နင်ချီ တစ်ယောက်တည်း သာလျှင် ဤ အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိသည်။

နင်ချီသည် မြင်းနက်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး... မြှူဆွယ်သော လေသံ ဖြင့် မေးလိုက်၏။

"ဝိညာဉ်ကမ္ဘာ ကြီးကိုသွားကြည့်ချင်လား"

"ဟင်..."

မြင်းနက်ကြီး မှာ အံ့အားသင့်သွားရ၏။

ဤနေရာ သို့ ရောက်ရှိလာကတည်းက ၎င်း မှာ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။ အကြောင်းမူကား နင်ချီ ၏ ဆက်တိုက် လုပ်ဆောင်ချက် များက... နင်ချီ ၏ ခွန်အား အပေါ် ၎င်း၏ အကဲဖြတ်မှု ကို မကြုံစဖူး မြင့်မားသော အဆင့်အတန်း တစ်ခု သို့ နောက်တစ်ကြိမ် တဟုန်ထိုး မြင့်တက်သွားစေခဲ့သည်ပင်။

ကွဲပြား ခြားနားသော ကမ္ဘာ နှစ်ခု အကြား တွင်... သူတစ်ပါး ၏ ရှာဖွေ တွေ့ရှိ မခံရဘဲ ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု ကို တည်ဆောက်နိုင်စွမ်း ရှိသူ... နင်ချီ ဆိုတာ တကယ်ပဲ ဘယ်သူများလဲ။

သို့သော် မြင်းနက်ကြီး မှာ မျက်စိတစ်မှိတ် အတွင်း တုံ့ပြန်လိုက်တော့၏။

"ဟုတ်ကဲ့... သေချာပေါက်သွားချင်တာပေါ့။ ကျေးဇူးပြုပြီး... လူကြီးမင်း ကျွန်တော့်ကို အထဲ ခေါ်သွားပေးပါ။ ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ"

နင်ချီ က ပြုံးလိုက်ပြီး... ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ ကို ချက်ချင်း လက်ညှိုး ထိုးပြလိုက်သည်။

ရုတ်တရက်... ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ ပေါ်တွင် လူ တစ်ယောက် နှင့် မြင်း တစ်ကောင် ဖြတ်သန်းသွားလာနိုင်ရန် လုံလောက်သော အပေါက်ငယ်လေး တစ်ခု အလိုအလျောက် ပွင့်ဟလာတော့၏။

မြင်းနက်ကြီးသည် နင်ချီ ကို ချက်ချင်း သယ်ပိုး ကာ... ကျယ်ပြန့်သော ကမ္ဘာ အတွင်းသို့ တဟုန်ထိုး ပျံသန်း ဝင်ရောက်သွားတော့သည်။

ကျယ်ပြန့်သော ကမ္ဘာသည် မှေးမှိန်သော ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး... နယ်မြေများ ပင်လယ် ၏ အတွင်းဘက် ၌ တလက်လက် တောက်ပနေသော ကြယ် တစ်ပွင့် အလား ပင်။

နင်ချီ နှင့် မြင်းနက်ကြီး တို့မှာ... ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်နိမိတ် နံရံ အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

'ဒီကမ္ဘာရဲ့ နယ်နိမိတ်နံရံကြီးက တကယ့်ကို ထူလွန်းလှချည်လား... လူလိမ်ပေါက်စီဆိုင်က ဝယ်လာတဲ့ ပေါက်စီတွေနဲ့ တစ်ပုံစံတည်းပဲ...

ပထမတစ်ကိုက် ကိုက်လိုက်တော့လည်း အစာမပါဘူး။ ဒုတိယတစ်ကိုက် ထပ်ကိုက်တော့လည်း အစာကို မတွေ့ရသေးဘူး။ နောက်ဆုံး... ပေါက်စီတစ်ခုလုံး ကုန်လုနီးပါးဖြစ်သွားတဲ့ အချိန်ကျမှ အစာလေး နည်းနည်း ပေါ်လာပေမယ့် ပေါက်စီကတော့ ကုန်သွားပြီလေ...

ဒါပေမယ့် သေချာတာ တစ်ခုကတော့ ဒီကျယ်ပြန့်တဲ့ ကမ္ဘာက အဲဒီလူလိမ်ပေါက်စီတွေနဲ့တော့ မတူဘူးပေါ့... သူ့ရဲ့ နယ်နိမိတ်နံရံက ဒီလောက်တောင် ထူထဲနေရတာက သူ့အတွင်းဘက်ကမ္ဘာက အရမ်းကို ကျယ်ပြောခမ်းနားလွန်းလို့ အထဲက သက်ရှိတွေကို ပိုပြီး ကောင်းကောင်း အကာအကွယ်ပေးနိုင်ဖို့အတွက်ပဲ ဖြစ်ရမယ်…’

နင်ချီ ၏ အောက် တွင် စီးနင်း ထားသော မြင်းနက်ကြီးကို မမြင်တွေ့ ရပါ။ ၎င်း၏ ချွန်မြမြ မည်းနက်သော နားရွက် အရှည် ကြီး နှစ်ဖက် မှာ လေရဟတ် တစ်ခု အလား အလွန် လျင်မြန်စွာ လှုပ်ရှားနေပြီး... ၎င်း၏ အလွန်အမင်း စိတ်လှုပ်ရှားနေမှုကို ထုတ်ဖော် ပြသနေတော့၏။

မြင်းနက်ကြီး မွေးဖွားလာကတည်းက ကမ္ဘာ ၏ အပြင်ဘက် ၌သာ နေထိုင်လာခဲ့ရပြီး... ၎င်း၏ အကြီးမားဆုံးသော ဆန္ဒ မှာ ကမ္ဘာ ၏ အတွင်းဘက် သို့ ပြန်လည် ဝင်ရောက်ရန် ပင် ဖြစ်သည်။

ယခုအခါ... နင်ချီ နှင့် တွေ့ဆုံ ပြီးနောက် ၎င်း၏ ဆန္ဒ မှာ ဤမျှ လျင်မြန်စွာ ပြည့်ဝသွားခဲ့လေရာ... ၎င်း အနေဖြင့် ဘယ်လိုလုပ်ပြီး စိတ်လှုပ်ရှား မနေဘဲ နေနိုင်ပါမည်နည်း။

လူ တစ်ယောက် နှင့် မြင်း တစ်ကောင် တို့သည် ကျယ်ပြန့်သော ကမ္ဘာ ၏ အတွင်းပိုင်း သို့ ဆက်လက် ချီတက်သွားကြ၏။

မကြာမီမှာပင်... သူတို့သည် ကျယ်ပြန့်သော ကမ္ဘာ ၏ အတွင်းဘက် သို့ နောက်ဆုံး တွင် ဖောက်ထွင်း ဝင်ရောက်သွားနိုင်ခဲ့ကြလေပြီ။

သူတို့သည် နယ်နိမိတ် နံရံ ကို ဖြတ်ကျော်လာခဲ့သောနေရာ တွင် ရပ်တန့်လိုက်ကြပြီး... အတွင်းဘက် ရှိ မြင်ကွင်း ကို အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။

ကျယ်ပြန့်သော ကမ္ဘာ ၏ အတွင်းဘက် ၌... အရာအားလုံး မှာ အသက် စွမ်းအင် များဖြင့် ပြည့်နှက် ရှင်သန်နေကြ၏။

ဝိညာဉ်ချီ များ ညီညွတ် မျှတနေပြီး... စည်းမျဉ်း များ စနစ်တကျ ရှိနေသော အခါ တွင်... မဟာ တာအိုသည် မျက်စိဖြင့် မမြင်နိုင်သော လောက တွင် လည်ပတ် လှုပ်ရှားနေလေ၏။ ကမ္ဘာ တစ်ခုလုံး တွင် ခမ်းနား ကြီးကျယ်လှသော အရှိန်အဝါ တစ်ခု ကို သဘာဝကျစွာ ပင် ဖြစ်ပေါ်လာစေတော့သည်။

နင်ချီသည် အတွင်းဘက် ရှိ မြင်ကွင်း ကို စူးစိုက် ကြည့်နေရင်း... ခေတ္တမျှ စဉ်းစားခန်း ဝင်နေမိ၏။

'ဒီလောက်ကြာကြာ တိုက်ပွဲဝင်ခဲ့ပြီးမှပဲ... သူတော်စင်ဘိုးဘေးကြီးနဲ့ ဒီကျယ်ပြန့်သော ကမ္ဘာရဲ့ ကမ္ဘာ့ဆန္ဒတော်ကြားက ပတ်သက်မှုကို ငါ သဘောပေါက်သွားတော့တယ်... သူတော်စင်ဘိုးဘေးကြီးက သူ့ကိုယ်ပိုင် စွမ်းဆောင်ရည်သက်သက်နဲ့တင် ဒီကမ္ဘာ့ဆန္ဒတော်ကို တပည့်အဖြစ် လက်ခံနိုင်ခဲ့တာပဲ... ဒါ တကယ့်ကို အံ့မခန်းနိုင်လွန်းတဲ့ ကိစ္စကြီးပဲ မဟုတ်ဘူးလား... သူ့ရဲ့ အုပ်ချုပ်မှုအောက်က ဒီကမ္ဘာကို ကြည့်လိုက်စမ်းပါဦး... အရာအားလုံးက စနစ်တကျနဲ့ ဖွံ့ဖြိုးတိုးတက်နေတာပဲ... ကမ္ဘာကို စီမံအုပ်ချုပ်တဲ့ နေရာမှာတော့ သူတော်စင်ဘိုးဘေးကြီးက ငါ့ထက် အများကြီး သာလွန်နေတာ အမှန်ပဲ…’

All Chapters