← Chapters

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း (၉၉၃) - နင်ချီ ၏ ဒဏ္ဍာရီ

ထိုစကား ကို ကြားလိုက်ရသောအခါ... အစောက ပြောဆိုနေသော ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်၏။

"ဟင်း... တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေ နဲ့ ငါတို့ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေ ဟာ အဆင့်အတန်း အားဖြင့် တန်းတူ ညီမျှ ပါပဲ။ ပြီးတော့ ငါတို့ ရဲ့ အဖွဲ့အစည်း ဖွဲ့စည်းပုံ စွမ်းရည် တွေက သူတို့ထက် ပိုပြီး သာလွန်တယ် လို့တောင် ပြောလို့ ရသေးတယ်။ ဒါပေမဲ့..."

သူ၏ မျက်နှာ အမူအရာ မှာ မနှစ်မြို့ဖွယ် ကောင်းသော အတိတ်များကို ပြန်လည် အမှတ်ရသွားသည့်အလား ပြောင်းလဲသွားပြီး... သူ က အံကို တင်းတင်း ကြိတ်ကာ အော်ဟစ်လိုက်တော့၏။

"ဒီ တစ်ကြိမ် ငါတို့ အကြီးအကျယ် ရှုံးနိမ့်ရတာက... လူ တစ်ယောက်တည်း ကြောင့်ပဲ"

"အဲဒီ လူ က ဘယ်သူလဲ"

တစ်စုံတစ်ယောက် က ချက်ချင်း ပင် ဒေါသတကြီး မေးလိုက်၏။

"အဲဒီ လူ က ဘယ်သူလဲ"

အခြားသူများ ကလည်း ဒေါသတကြီး အော်ဟစ် မှု များတွင် ပါဝင်လာကြပြီး... တဖြည်းဖြည်း နှင့် အသံ များမှာ တစ်ခု နှင့် တစ်ခု ရောယှက်သွားကာ ဆူညံ သောင်းကျန်းမှု များ နှင့် အရှိန်အဟုန် ပြင်းထန်လှသော စိတ်ခံစားမှု များက အခန်း တစ်ခုလုံး တွင် ပဲ့တင်ထပ်နေတော့၏။

"အဲဒီ လူ ရဲ့ နာမည် က နင်ချီ တဲ့..."

စစ်ပွဲ တွင် ပါဝင် ခဲ့သော အခြား ကျင့်ကြံသူ တစ်ဦး က တည်ငြိမ်စွာ ဖြင့် ပြောလိုက်၏။

"နင်ချီ..."

"နင်ချီ ဆိုတာ ဘယ်သူလဲ။ ငါတို့ အရင် က တစ်ခါမှ မကြားဖူး ပါဘူး။ တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ကလွဲရင်... တောင်နဲ့ ပင်လယ် ကမ္ဘာ တွေ ထဲမှာ အစွမ်းအထက်ဆုံး ဆိုတာက... ကျောက်ယွီကျွင်း နဲ့ ကုန်းထျန်းတောက် တို့ မဟုတ်ဘူးလား။ ပြီးတော့ ဒီ နင်ချီ က ဘယ်က ရောက်လာတာလဲ"

ပထမဆုံး စကားပြော ခဲ့သော သူ မှာ အံကို တင်းတင်း ကြိတ်ထားဆဲ ပင် ဖြစ်၏။

"နင်ချီ ဆိုတာ... တောင်နဲ့ ပင်လယ် ကမ္ဘာ တွေ ရဲ့ ဝေးလံ ခေါင်ဖျားတဲ့ ဝိညာဉ်နယ်မြေ တစ်ခု ကနေ မွေးဖွားလာတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ။ သူ့ရဲ့ တည်ရှိနေမှု ကြောင့်သာ ငါတို့ ရဲ့ ကျယ်ပြန့်သော ကမ္ဘာ က ဒီလောက်တောင် သနားစရာ ကောင်းတဲ့ အခြေအနေ မျိုး ရောက်သွားရတာ"

"ငါတို့ ဆီမှာ တိုက်ပွဲ ရဲ့ အခြေအနေ ကို ပြောင်းပြန် လှန်ပစ်နိုင်မယ့် အခွင့်အရေး တွေ အကြိမ်ကြိမ် ရှိခဲ့ပေမဲ့... နင်ချီ ကြောင့် အဲဒီ အရာ အားလုံး ပြောင်းလဲသွားခဲ့ရတယ်။ အဲဒီ ကောင်လေး... အဲဒီ ကောင်လေး..."

သူ၏ ရင်ဘတ် မှာ ပြင်းထန်စွာ နိမ့်ချည် မြင့်ချည် ဖြစ်နေသော်ငြား... သူ က နောက်ထပ် စကား တစ်ခွန်း မှ ထပ်မပြောနိုင်တော့ပါ။

ထိုအခါ ယခင် က အချက်အလက် များ ဖြည့်စွက် ပေးခဲ့သော တည်ငြိမ်သည့် ကျင့်ကြံသူ က ဝင်ပြောလိုက်၏။

"ငါပဲ ပြောပြလိုက်မယ်လေ။ မင်း ရဲ့ စိတ်ခံစားမှု တွေ က အရမ်း ကို ဆိုးရွားနေပြီ"

ထိုစကား ကို ကြားလိုက်ရသောအခါ... ထိုလူ က ခေါင်းညိတ် ပြလိုက်သည်။

တည်ငြိမ်သော ကျင့်ကြံသူ က သူ၏ ညာဘက် လက် ကို ဝှေ့ယမ်းပြလိုက်ရာ... အခန်း အတွင်း၌ ခုလေးတင် မှ ဆူပူ အုံကြွနေခဲ့သော ဒေါသတကြီး မေးခွန်းများအား မျက်စိတစ်မှိတ် အတွင်း ငြိမ်ကျသွားစေတော့၏။

ဤ သူသည် လူအုပ်ကြီး အကြားတွင် အလွန်တရာ လေးစား ခံရသူ တစ်ဦး သေချာပေါက် ဖြစ်ရမည်။

သူ က ဆက်ပြောသည်။

"အဲဒီနောက်... နင်ချီ က စစ်မြေပြင်နယ်မြေ အတွင်းမှာ မြေပုံ တွေ နဲ့ ဆုံမှတ် တွေကို ထောက်လှမ်းနိုင်တဲ့ သံလိုက်အိမ်မြှောင် တစ်ခု ကို တီထွင် ခဲ့တယ်။ အဲဒါက ငါတို့ကို ပထမဆုံး ခြေလှမ်း ကတည်းက တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေရဲ့ အနောက် ကို ရောက်သွားစေခဲ့တာပဲ"

"ဒုတိယ ခြေလှမ်း အနေနဲ့... နင်ချီ က အဲဒီ အခွင့်အရေး ကို အသုံးချပြီးတော့ ဒေသ တစ်ခုတည်း မှာ ရှိနေတဲ့ ငါတို့ ရဲ့ ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ အဲဒီ ဒေသ တွေကို ဆက်လက် သိမ်းပိုက် ထားခဲ့လို့... အဲဒီ ဒေသ တွေ က တောင်နဲ့ ပင်လယ် ကမ္ဘာ တွေ ရဲ့ လက်ထဲ ကို အရင်ဆုံး ကျရောက်သွားခဲ့ရတယ်။ အဲဒီနောက်မှာ ငါတို့က အသာစီး ရမှု တွေကို ထပ်ပြီး ဆုံးရှုံးလိုက်ရတယ်။ ကံကောင်း ထောက်မစွာ နဲ့... သူတော်စင် ဘိုးဘေးကြီး နဲ့ ကမ္ဘာ့အရှင်သခင် တို့ ရဲ့ အစီအစဉ် တွေ က နောက်ပိုင်း မှာ တိုက်ပွဲ အခြေအနေ ကို ပြန်လည် ပြောင်းပြန် လှန်ပစ်နိုင်ခဲ့တယ်"

လူတိုင်း က ဂရုတစိုက် နားထောင်နေကြပြီး... ကောင်းကင်ယံ အမြင့် တွင် နင်ချီ ကို သယ်ပိုး ထားသော မြင်းနက်ကြီးသည်လည်း သေချာ နားထောင်နေလေ၏။

မြင်းနက်ကြီးသည် အောက်ဘက် သို့ အကြိမ်ကြိမ် ငုံ့ကြည့်လိုက်ပြီး... ထို့နောက် နင်ချီ ကို ပြန်လည် စူးစိုက်ကြည့်နေတော့သည်။

'ငါ မှတ်မိတာ မမှားဘူးဆိုရင်... ငါ့ကျောပေါ်မှာ ရှိနေတဲ့သူကိုလည်း နင်ချီလို့ပဲ ခေါ်တယ်မဟုတ်လား။ ဒီကျင့်ကြံသူတွေ ပြောနေတဲ့ နင်ချီဆိုတာကကော ငါ့ကျောပေါ်ကသူကို ပြောနေတာများလား...'

'ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါ့ကျောပေါ်က သခင်က ကမ္ဘာတွေ အကြား လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ အထိ စွမ်းအားကြီးတဲ့ သူလေ။ သူတို့ ပြောနေတဲ့ နင်ချီ ဆိုတဲ့ ကောင်က ဒီလောက်အထိ ထူးခြားတဲ့သူမှ မဟုတ်တာ...'

သည်အချက်ကို တွေးမိလိုက်သည့်အခါ မြင်းနက်ကြီးက 'သေချာပေါက် နာမည်တူသူ တစ်ယောက်ပဲ ဖြစ်ရမယ်'ဟု ချက်ချင်းပဲ ကောက်ချက်ချလိုက်ပြီး ဆက်လက်ပြီးတော့ နားစွင့်နေလိုက်တော့သည်။

နင်ချီသည် မြင်း ၏ ကျော ပေါ်တွင် ထိုင်နေရင်း... ပတ်ဝန်းကျင် ကို ဝေ့ကြည့်နေ၏။

All Chapters