← Chapters

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း ၉၉၅

Vol. 67 Ch. 995

အခန်း (၉၉၅) - နင်ချီ ၏ ဒဏ္ဍာရီ

သူတို့ ၏ နှလုံးသား ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပွား ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူ တစ်ယောက် ပင်။

မြင်းနက်ကြီးသည် ပုံပြင်များကို နားထောင် ရသည်ကို အလွန် နှစ်သက်ပြီး... အရေးကြီးဆုံး အပိုင်းများကို လွတ်သွား ပါက ၎င်း မှာ အလွန်အမင်း စိတ်ဆိုး ဒေါသထွက် တတ်သည်။

နင်ချီ ဆိုတာ... တကယ်ပဲ ငါ့ ကျောပေါ် က နင်ချီလား။

ဤ မေးခွန်း က ၎င်း၏ စိတ်ထဲတွင် အဆက်မပြတ် မြည်ဟည်းခဲ့သော်ငြားလည်း... နင်ချီ ကို မေးမြန်းရန် အခက်တွေ့နေခဲ့၏။

"သွားကြစို့"

နင်ချီ က မြင်း ၏ ဗိုက် ကို ခြေထောက် ဖြင့် ညှစ်လိုက်သည်။

မြင်းနက်ကြီး မှာ နင်ချီ ၏ အမိန့် များ နှင့် အသားကျနေပြီ ဖြစ်ရာ... ကျယ်ပြန့်သော ကမ္ဘာ တစ်ဝိုက် တွင် ဆက်လက် ပြေးလွှားသွားတော့၏။

သို့သော် ယခုတစ်ကြိမ် တွင်မူ နင်ချီ က ၎င်းအား ရှင်းလင်း ပြတ်သားသော ဦးတည်ချက် တစ်ခု ကို ညွှန်ပြလိုက်သည်။

မြင်းနက်ကြီး ၏ မျက်လုံးများ မှာ အဝေးဆီမှ ကောင်းကင်ယံ တွင် တည်ဆောက် ထားသော ခမ်းနား ကြီးကျယ်လှသည့် ရွှေရောင် ကျွန်း အဆောက်အအုံ ကြီးကို ငေးကြည့်ရင်း တလက်လက် တောက်ပသွား၏။ ၎င်းဆီသို့ ချက်ချင်း ပျံသန်းသွားတော့၏။

ထိုနေရာသည် ကျယ်ပြန့်သော ကမ္ဘာ တစ်ခုလုံး ၏ အလယ်ဗဟို ဖြစ်ပြီး... ဟောက်ရန် အင်မော်တယ်ဂိုဏ်း ၏ တည်နေရာ သေချာပေါက် ဖြစ်ရမည်ပင်။

...

စစ်မြေပြင်နယ်မြေ ၏ အတွင်းဘက် ၌ကား...

နင်ချီ ၏ ဝင်စား ခန္ဓာကိုယ်သည် ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲ ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့၏။

ယခု အချိန် တွင်... ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲ မှာ သိသိသာသာ ပင် အတော်လေး ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။

သမုဒ္ဒရာ လှိုင်းလုံး ကြီးများ ၏ ရိုက်ခတ်သံ များနှင့် ကဗျာ လင်္ကာ များ၊ စာပေ ကျမ်းများကို ရွတ်ဆို သံများ က လေထု ထဲတွင် ပြည့်နှက်နေ၏။

သူတို့ နှစ်ဦး တိုက်ခိုက်နေကြသည် နှင့်အမျှ... စစ်မြေပြင်နယ်မြေ တစ်ခုလုံး ရှိ ဝိညာဉ်ချီ များ မှာ တုန်ခါနေ၏။ ကမ္ဘာ့ စည်းမျဉ်း များ မှာလည်း ဖရိုဖရဲ ဖြစ်နေကာ... ကမ္ဘာပျက်မည့်နေ့ ရောက်ရှိလာသည့်အလား ပင် ထင်မှတ်ရတော့သည်။

ဤ အရာက တောင်နှင့် ပင်လယ် ကမ္ဘာ ကို နောက်ချန် ထားခဲ့လေပြီ။

ကျင့်ကြံသူများမှာ ခါးသီးစွာ ညည်းတွားနေကြရ၏။

နင်ချီ ကတော့ အချိန် အတော် ကြာကတည်းက ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့၏ အကာအကွယ် အောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ... ဒေသ နှစ်ခု လုံး ၏ စစ်တပ်ကြီး များမှာ မတုန်မလှုပ် ရှိနေကြပြီး အခက်အခဲ ကြီးကြီးမားမား မခံစားခဲ့ကြရပေ။

မလှမ်းမကမ်း တွင်... လမင်းပင်လယ် အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် ကျောက်ယွီကျွင်းသည်လည်း... ပင်လယ်ဘိုးဘေးကြီး ၏ လက်အောက်ရှိ ကျင့်ကြံသူများကို ကာကွယ်ပေးနေ၏။

ဓားဘိုးဘေးကြီး ၏ ကာကွယ်မှု နှင့် နှိုင်းယှဉ် ကြည့်မည် ဆိုပါက... ကျောက်ယွီကျွင်း ၏ ကာကွယ်မှု အောက်တွင်ပင် ချီခယ်ချင်း နှင့် အခြားသူများ မှာ ဧရာမ လှိုင်းလုံးကြီးများ အကြား ရွက်လွှင့်နေရသော သေမျိုး လူသား များအလား... သူတို့ ၏ ခြေလှမ်း များ မှာ မခိုင်မတည် ဖြစ်နေသည် ဟု ခံစားနေကြရသည်။

တောင်ဘိုးဘေးကြီး ၏ လက်အောက်ရှိ ကျိုးရှန်း အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် ကုန်းထျန်းတောက် နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... သူ က တိုးတိတ်စွာ ကျိန်ဆဲနေမိတော့၏။

‘သောက်ကျိုးနည်း... ဘဝ က တဖြည်းဖြည်း နဲ့ ပိုပို ခက်ခဲလာနေပြီပဲ’

တောင်ဘိုးဘေးကြီး ၏ ကွပ်ကဲမှု အောက်ရှိ ဤ ကျင့်ကြံသူများကို ကုန်းထျန်းတောက် တစ်ယောက်တည်း က လုံလောက်အောင် မကာကွယ် ပေးနိုင်‌ပေ။ ဘေးအိမ် က ကျောက်ယွီကျွင်း ပေးစွမ်းနေသော ကာကွယ်မှု နှင့် နှိုင်းယှဉ် ကြည့်မည် ဆိုလျှင် ပို၍ပင် ဆိုးရွားနေသေးသည်။

အကြောင်းမူကား ကျောက်ယွီကျွင်းသည် ပင်လယ်ဘိုးဘေးကြီး ၏ မျိုးနွယ်စု မှ ဆင်းသက်လာသူ ဖြစ်ပြီး... သဘာဝကျစွာ ပင် ပင်လယ်ဘိုးဘေးကြီး ၏ စွမ်းအား နှင့် အသားကျနေသောကြောင့် ပင် ဖြစ်သည်။

ထို့ကြောင့်... သူတို့သည် သူတော်စင် ဘိုးဘေးကြီး ၏ စွမ်းအား လှိုင်းဂယက်များကိုသာ ခုခံ ကာကွယ် ရန် လိုအပ်ပြီး ပင်လယ်ဘိုးဘေးကြီး မှတစ်ဆင့် လက်ဆင့်ကမ်းလာသော ဓမ္မ မျိုးဆက်များကိုလည်း ၎င်းကို ခုခံ တိုက်ခိုက် ရန် အသက်သွင်းနိုင်ကြ၏။

အခြား တစ်ဖက် တွင်မူ နင်ချီ က ပို၍ပင် အစွမ်းထက်နေသေးသည်။

နင်ချီ ကိုယ်တိုင် က ဘိုးဘေးကြီး ၏ ကိုယ်ပွား များနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိပြီး... တိုက်ပွဲ တွင် အနိုင်ရနိုင်မည့် အခွင့်အရေး လည်း ရှိနေဆဲ ဖြစ်ရာ ဘိုးဘေးကြီး နှစ်ပါး ၏ စွမ်းအား ရိုက်ခတ်မှု ကို ခုခံ တောင့်ခံနိုင်ရန် ဆိုသည်မှာ သဘာဝကျစွာ ပင် ပြဿနာ မရှိနိုင်ပါ။

ဆန့်ကျင်ဘက် အနေဖြင့်... ကုန်းထျန်းတောက် ကဲ့သို့သော တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူများ အားလုံး မှာမူ အချဉ်တည် ထားသော ခရမ်းသီး များအလား ဖြစ်နေကြတော့၏။

သူတော်စင် ဘိုးဘေးကြီးက ပင်လယ်ဘိုးဘေးကြီး နှင့် တိုက်ခိုက် သောအခါ... သူတို့သည် ဘိုးဘေးကြီး နှစ်ပါး ၏ စွမ်းအား ရိုက်ခတ်မှု ကို ခုခံ တောင့်ခံနေကြရသည်။

ကျင့်ကြံသူ အများအပြား မှာ မျက်နှာများ ဖြူရော်နေကြပြီး... အများအပြား မှာနေရာ တွင်ပင် သွေးအန်နေကြကာ အပြင်းအထန် ဖျားနာနေသူများအလား ယိမ်းယိုင်နေကြတော့၏။

သူတို့ အားလုံးသည် နင်ချီ ၏ ကျင့်ကြံသူများကို သေချာပေါက် မနာလို ငြူစူသော အကြည့် များဖြင့် လှမ်းကြည့်နေကြသည်။

‘မှန်ကန်တဲ့ သူ ရဲ့နောက်ကိုလိုက်ရတာ ဘယ်လောက်တောင် လွယ်ကူလိုက်သလဲ။

ဒါပေမဲ့ ငါတို့က မှားယွင်း တဲ့ သူ ရဲ့နောက်ကိုလိုက်မိခဲ့တာလား။ မလိုက်မိခဲ့ပါဘူး... တောင်ဘိုးဘေးကြီးက အစွမ်းမထက်ဘူးလား။

ဒါပေမဲ့ တောင်ဘိုးဘေးကြီးက ဆင်းသက် မလာဘူးလေ... ကိုယ်ပွား တစ်ခု ကိုတောင် တစ်ခါလေး မှ ဆင်းသက် မလာစေချင် ဘူး။

ထို့အပြင်... ကုန်းထျန်းတောက် မှာလည်း အဲဒီလောက် ကြီး အလုပ် မကြိုးစား ခဲ့ဘူးလေ။ သူတို့ကို ကူညီဖို့ အတွက် သူ့ရဲ့ အစွမ်းအစ တွေကို အကုန်အစင် ထုတ်မသုံး ခဲ့ဘူး’

တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူများ အားလုံး တွင်... ပြောပြ၍ မရနိုင်သော မကျေနပ်မှု နာကြည်းချက် များ ကိုယ်စီ ရှိနေကြ၏။

တကယ်တမ်း တွင်... ကုန်းထျန်းတောက်သည် နင်ချီ ၏ ဘက်ကို အကဲခတ်နေခဲ့သည်မှာ အချိန် အတော် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

သူ … နင်ချီ ကို အကူအညီ တောင်းချင်နေမိ၏။

သို့သော် သူ က နင်ချီ အပေါ် ယခင် က ပြုမူ ဆက်ဆံ ခဲ့သော သူ၏ သဘောထား ကို ပြန်လည် တွေးတော ကြည့်လိုက်သော အခါ... သူ ဘယ်လိုမှ ဖွင့်ပြော၍ မရနိုင်အောင် ဖြစ်နေရသည်။

All Chapters