အခန်း ၉၉၆
Vol. 67 Ch. 996
အခန်း (၉၉၆) - ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား
သေချာသည် ကတော့... ဒါက ဒုတိယ အချက် ဖြစ်၏။ အရေးအကြီးဆုံး အချက် ကတော့ နင်ချီ ၏ ခွန်အား က အရမ်း ကို မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့၍ပင်။
သူ ကိုယ်တိုင်တောင် နင်ချီ ကို အထက်စီးမှ မော့ကြည့်ရမည့် အခြေအနေ ရောက်နေလေပြီ။
ဤကဲ့သို့သော တည်ရှိမှု မျိုး ကို ရင်ဆိုင် ရချိန် တွင်... ကုန်းထျန်းတောက် ၌ ၎င်းကို စမ်းသပ် ရန် ယုံကြည်မှု လုံးဝ မရှိခဲ့ပါ။
အကယ်၍ သူ သာ ငြင်းပယ် ခံရမည် ဆိုပါက... ဘယ်လောက်တောင် အရှက်ကွဲ စရာ ကောင်းလိုက်မလဲ။
အရှက်ကွဲ တာက တစ်ပိုင်း... အကယ်၍ သူ ကများ နင်ချီ ကို ဒေါသထွက် အောင် လုပ်မိခဲ့လျှင် သူ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပါလေ။
နင်ချီ ၏ ရှေ့တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ကုန်းထျန်းတောက် သတိထားမိသွားရသည်။ သူသည် နင်ချီ ၏ ရှေ့မှောက် တွင် တစ်နေ့တခြား နှိမ့်ချ နေနေရသလို ခံစားလာရ၏။
တစ်ချက် ကြည့်လိုက်ရုံ ဖြင့်... သူသည် ကျိုးရှန်း အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် ပင်။ ထိုမျှ ကြီးမြတ်လှသော ဂုဏ်ပုဒ် နှင့် ရာထူး ကို ပိုင်ဆိုင် ထားပါလျက် နှင့်... ရုတ်တရက် ထွက်ပေါ်လာသော ပါရမီရှင် လေး တစ်ယောက် ဖြစ်သည့် နင်ချီ ကို အထူးတလည် ဂရုစိုက်နေရမည်ဟု ဘယ်သောအခါ မှ စိတ်မကူးဖူးပါ။
ယခင်က ဆိုလျှင် သူသည် နင်ချီ အား လှောင်ပြောင် သရော်သည့် စကား အချို့ကိုပင် ပြောဆို ရဲခဲ့သေးသည်။
အကယ်၍ ထိုအချိန်က ကျောက်ယွီကျွင်း သာ အနားတွင် မရှိခဲ့လျှင်... ထို့အပြင် ကျယ်ပြန့်သော ကမ္ဘာ နှင့် တိုက်ခိုက် ရမည့် ကျင့်ကြံသူများ၏ စစ်ပွဲကြီးကိုပါ ပူးပေါင်း ဆောင်ရွက် ရမည် မဟုတ်လျှင်... ကုန်းထျန်းတောက်သည် မာန ထောင်လွှားလှသော ဤ ပါရမီရှင် လေး နင်ချီ ကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်း တစ်ခု ပေးခဲ့မည်သာ။
သို့သော် ယခုအခါ တွင်မူ... သူ့ကို လုပ်ခိုင်းလျှင်ပင် သူ လုံးဝ (လုံးဝ) မလုပ်ရဲတော့ပါ။
ကုန်းထျန်းတောက်သည် အလွန်တရာ နှိမ့်ချနေရလွန်း သဖြင့်... နင်ချီ ၏ မျက်နှာသာပေးမှုကို ရရှိရန် အတွက်ပင် တွေးတောနေမိတော့၏။
မည်သို့ပင် ဆိုစေကာမူ... သူ ဘာပဲ လုပ်လုပ် နင်ချီ ကို ဘယ်တော့မှ အနိုင် မယူနိုင်တော့ဘူး ဆိုတာကို သူ ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားခဲ့ချေပြီ။
စကားပုံ တစ်ခု ရှိသည် မဟုတ်ပါလော... ‘တစ်စုံတစ်ယောက် နှင့် မင်း အကြား ကွာဟချက် က သိပ်မကြီးမား ဘူး ဆိုရင် သူတို့က မင်းကို မုန်းတီး ပြီး တိုက်ခိုက် ဖျက်ဆီး ဖို့ ကြိုးစား ကြလိမ့်မယ်။ ဒါပေမဲ့ မင်း နဲ့ သူတို့ အကြား ကွာဟချက် က အရမ်း ကြီးမားသွားပြီ ဆိုရင်တော့... သူတို့က မင်းကို ဖားယားပြီး မျက်နှာသာပေးခံရဖို့သာ ကြိုးစား ကြတော့မှာပဲ…’ ဟူ၍။
အထူးသဖြင့်... အားကြီး သူကသာ လွှမ်းမိုး အုပ်စိုးသော ကျင့်ကြံသူများ၏ လောကကြီး တွင် ဤ အချက်မှာ ပို၍ပင် မှန်ကန်နေတော့၏။
ကုန်းထျန်းတောက်သည် နင်ချီ ကို ရံဖန်ရံခါ လှမ်းကြည့်နေသော်ငြားလည်း... နင်ချီ ကမူ သူ့ကို အနည်းငယ်မျှ ပင် ဂရုမစိုက်ခဲ့ပါ။
ဤမြင်ကွင်းအား မြင်လိုက်ရသော အခါ ကုန်းထျန်းတောက် ၏ ရင်တွင်း၌ မကျေမနပ် ဖြစ်သွားရသော်ငြားလည်း... သူ၏ မကျေနပ်မှုများကို ဖုံးကွယ်ထားရုံမှ လွဲ၍ အခြား မတတ်နိုင်ခဲ့ပေ။
နင်ချီသည် စစ်မြေပြင်နယ်မြေ ကိုသာ စူးစိုက် ကြည့်နေလေသည်။
သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ တိုက်ပွဲ အရှိန်အဟုန် မှာ အလွန်တရာ မြန်ဆန် လွန်းလှသဖြင့်... မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူများ အနေဖြင့် သူတို့ကို လုံးဝ (လုံးဝ) မြင်တွေ့နိုင်စွမ်း မရှိကြတော့ချေ။ သူတို့ ခံစား သိရှိနိုင်သည် မှာ...နေရာ အနှံ့အပြား တွင် ပေါက်ကွဲ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် တုန်ခါမှုများ နှင့် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများ သာလျှင် ဖြစ်၏။
စည်းမျဉ်း စွမ်းအား များနှင့် စတင် ထိတွေ့လာပြီ ဖြစ်သော... တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူများ သာလျှင် စစ်မြေပြင်နယ်မြေ အတွင်းရှိ ဖရိုဖရဲ ဖြစ်နေသော စည်းမျဉ်းများကို အာရုံခံ သိရှိနိုင်ကြ၏။ ၎င်းက သူတို့ကို အလွန်အမင်း သက်တောင့်သက်သာ မရှိ ဖြစ်စေသော်ငြားလည်း သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ဘယ်နေရာ တွင် ရှိနေသနည်း ဆိုသည်ကိုတော့ သူတို့ လုံးဝ မမြင်တွေ့နိုင်ကြသေးပါ။
ပေါင်းစည်းခြင်း နယ်ပယ် သို့ ရောက်ရှိနေသော ကျင့်ကြံသူများ သာလျှင်... ပုံရိပ် အချို့ကို အနိုင်နိုင် ဖမ်းဆုပ်နိုင်ကြသော်ငြားလည်း ထို ပုံရိပ် များမှာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားကြ၏။ အကွဲကွဲ အပြားပြား ဖြစ်နေသော ပုံရိပ် အပိုင်းအစ လေးများ ကိုသာ ချန်ရစ် ထားခဲ့လေသည်။
နောက်တစ်ဆင့် သို့ တက်လှမ်း ထားသော တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူများနှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့ သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိကြသော်ငြားလည်း သူတို့ အတွက် အလွန်တရာ ခက်ခဲ ပင်ပန်း လွန်းလှ၏။
အကြောင်းမူကား ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲ မှာ တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)၏ အဆင့်အတန်း ကို လုံးလုံးလျားလျား ကျော်လွန်သွားခဲ့ပြီး... မဟာ တာအို ၏ အဆင့်အတန်း သို့ ရောက်ရှိနေပြီ ဖြစ်နေလေ၏။
သူတို့ကို တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ ဟု ခေါ်ဆို ကြသော်ငြားလည်း... သူတို့ ပေါင်းစပ် ထားသည် မှာ ဝိညာဉ်ကမ္ဘာ ၏ တာအို သာပင်။ ၎င်းသည် ဝိညာဉ်ကမ္ဘာက သူတို့အား စည်းမျဉ်း စွမ်းအား များ အပေါ် ထိန်းချုပ်ခွင့် တစ်စိတ်တစ်ပိုင်း ကို ပေးအပ် ထားခြင်း နှင့် အတိအကျ တူညီလှသည်။
ဒဏ္ဍာရီ များ အရ... တာအို နယ်ပယ် သို့ တက်လှမ်း လိုသော ထူးချွန် ပြောင်မြောက်သည့် ပါရမီရှင် တိုင်းသည် ဤ အဆင့်အတန်း နှင့် ဘယ်သောအခါ မှ ကျေနပ် ရောင့်ရဲနေမည် မဟုတ်ဘဲ... သူတို့ ၏ ကိုယ်ပိုင် အစစ်အမှန် မဟာ တာအို ကို သေချာပေါက် ဖန်တီး တည်ဆောက် ကြမည် ပင် ဖြစ်၏။
သို့သော် သူတို့ အတွက် ကတော့... လူ အများစု ကြီး မှာ ဤ အချက်ကို လုံးဝ (လုံးဝ) နားလည် သဘောပေါက်နိုင်စွမ်း မရှိကြသေးပေ။ အကယ်၍ လူ တစ်စု က ဤ အတွေးအခေါ် ကို ရရှိသွားမည် ဆိုလျှင်တောင်... ၎င်းမှာ မည်မျှ အထိ ခက်ခဲ လွန်းလှသနည်း ဆိုသည်ကို ကောင်းကောင်းကြီး သိရှိနေကြသည်။