← Chapters

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း (၉၉၇) - ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား

ထိုအစား... သူတို့သည် ပို၍ ပို၍ ဇဝေဇဝါ ဖြစ်လာကြပြီး... ဦးတည်ချက် ကင်းမဲ့နေသော တွေဝေမှု မျိုး ကိုသာ ခံစားလာကြရ၏။

အကြောင်းရင်း တစ်ခု မှာ... မိမိကိုယ်ကို ဘိုးဘေးကြီး များထက် သာလွန်နိုင်ပါမည်လား ဟူသော သံသယ များ ရှိနေခြင်း ကြောင့် ဖြစ်ရ၏။ အခြား တစ်ခု မှာ... ပိုမို ကျယ်ပြန့်သော ကမ္ဘာ လောကကြီးသို့ ဝင်ရောက်ရန် လမ်းစ မရှိသောကြောင့်ပင်။

ကျောက်ယွီကျွင်း နှင့် ကုန်းထျန်းတောက် တို့ ပင်လျှင် ဤ အဟန့်အတား၏ ကန့်သတ် ချုပ်ချယ်မှုများကို ခံနေကြရဆဲ ပင်။

နင်ချီသည် စစ်မြေပြင်နယ်မြေ အတွင်း၌... သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ၏ တိုက်ပွဲ အသေးစိတ် ကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့နိုင်စွမ်း ရှိသော တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်၏။ ယ

ပင်လယ်ဘိုးဘေးကြီး နှင့် သူတော်စင် ဘိုးဘေးကြီး တို့ နှစ်ပါး စလုံးသည် စစ်မြေပြင်နယ်မြေ တစ်ခုလုံး ကို သူတို့၏ တိုက်ပွဲ ကွင်းပြင် အဖြစ် အသုံးပြုနေကြ၏။ ကျယ်ပြန့်သော ကမ္ဘာ မှသည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဝင်ပေါက် အထိ...နေရာ အနှံ့အပြား ပျံလွှားကာ အကြိတ်အနယ် တိုက်ခိုက်နေကြ၏။

သူတို့၏ တိုက်ပွဲ မှာ အလွန်တရာ အားကြီးလွန်းလှသဖြင့်... အကယ်၍ သူတို့ ၏ တိုက်ခိုက်မှု အားလှိုင်း အကြွင်းအကျန်များသာ ဘေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ အပေါ်သို့ ကျရောက်သွားခဲ့မည် ဆိုပါက အထူးသဖြင့် ပေါင်းစည်းခြင်း နယ်ပယ် နှင့် ၎င်း အောက် အဆင့် ရှိ ကျင့်ကြံသူများ မှာ... အနည်းငယ်မျှ ပင် ရုန်းကန် ခုခံနိုင်စွမ်း မရှိဘဲ မျက်စိတစ်မှိတ် အတွင်း ပွဲချင်းပြီး သေဆုံးသွားကြရလိမ့်မည်။

တာအို နှင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ အနေဖြင့် အနည်းငယ် ပို၍ သက်သာ သော်ငြားလည်း... သူတို့သည် သူတို့၏ ခန္ဓာကိုယ် အတွင်းရှိ စည်းမျဉ်းများကို စုစည်း ကာ ရှိသမျှ အင်အား အကုန် ထုတ်သုံး၍ ခုခံ ကာကွယ်နေကြရဆဲပင်။

ကျောက်ယွီကျွင်း ကဲ့သို့... ဘိုးဘေးကြီး ၏ လက်အောက်ခံ အင်မော်တယ်ဂိုဏ်း ၏ ဂိုဏ်းချုပ် များ၊ နှင့် ကုန်းထျန်းတောက် တို့ သာလျှင် အချိန် အတန်ကြာ တောင့်ခံ ထားနိုင်စွမ်း ရှိကြသည်။

နင်ချီသည် သူတို့ နှင့် လုံးဝ (လုံးဝ) မတူညီချေ။ ယခုအခါ သူသည် အမျိုးမျိုးသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး သူ ၏ ခွန်အား မှာ ဘိုးဘေးကြီး နှစ်ပါး ကို မမီသေး သော်ငြားလည်း... ထို ကွာဟချက် မှာ အလွန် လျင်မြန်စွာ ကျဉ်းမြောင်းလာနေခဲ့လေပြီ။

ဤ အခိုက်အတန့် တွင်... သူ၏ မျက်လုံးများ ထဲ၌ သူတော်စင် ဘိုးဘေးကြီး မှာ တရား စာပေများကို ရွတ်ဖတ် သရဇ္ဈာယ်နေသော ဘုန်းတော်ကြီး တစ်ပါး အလား ဖြစ်နေပြီး သူ၏ ပါးစပ် ထဲမှနေ၍ စည်းမျဉ်း များဖြင့် ဖွဲ့စည်း ထားသော စာလုံး များမှာ အဆက်မပြတ် ပျံထွက်လာနေတော့၏။

နတ်ဘုရား စာလုံး တစ်လုံးစီ တိုင်း မှာ... ကြီးမြတ်သော မဟာ တာအို တစ်ခု ပင်။

ဥပမာ အားဖြင့်... "အလင်း" ဟူသော စာလုံး ၏ နတ်ဘုရား စာလုံး။

၎င်းသည် ပျံထွက်လာသည် နှင့် တစ်ပြိုင်နက်... မျက်စိကျိန်းမတတ် စူးရှ တောက်ပလာပြီး အလင်းဗုံး တစ်လုံး အလား... တိုက်ပွဲ ကို စောင့်ကြည့်နေကြဆဲ ဖြစ်သော ကျင့်ကြံသူ အများအပြား ကို မျက်စိ ကန်းသွားစေကာ စစ်မြေပြင်နယ်မြေ တစ်ခုလုံး ကို လင်းထိန်သွားစေတော့၏။

ဤကဲ့သို့သော မျက်စိ ကန်းသွားမှု မျိုး မှာ... အမြင်အာရုံ ပိုင်း ဆိုင်ရာ တွင်သာ မကဘဲ၊ စိတ်ဝိညာဉ် အာရုံခံစားမှု များ ကိုပါ ဆုံးရှုံးသွားစေသည်ပင်။

ထို မျက်စိတစ်မှိတ် အတွင်းမှာပင်... ကျင့်ကြံသူ အများစု ကြီး မှာ အာရုံ ငါးပါး လုံးကို ဆုံးရှုံးသွားခဲ့ရပြီး သာမန် သေမျိုး လူသား များနှင့် အနည်းငယ်မျှ ပင် မကွာခြား တော့ချေ။

ထို့အပြင်... ၎င်းမှာ အဓိက ပစ်မှတ် ပင် မဟုတ်သေး။ သို့ဖြစ်ရာ ပင်လယ်ဘိုးဘေးကြီး ရင်ဆိုင်နေရသော အင်အား မှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းမည်ကို တွေးကြည့်နိုင်ပါ၏။

နင်ချီသည် လုံးဝ (လုံးဝ) ထိခိုက်မှု မရှိခဲ့ပါ။ သူသည် ထို "အလင်း" ဟူသော စာလုံး တစ်လုံး တည်း ၏ အတွင်းဘက် ၌ ပိုမို များပြားသော အရာများကို မြင်တွေ့လိုက်ရ၏။

၎င်း အတွင်း၌ "နေ"၊ "လ"၊ နှင့် "ကြယ်" တို့၏ ခမ်းနား ကြီးကျယ်လှသော စွမ်းအား များ ပါဝင်နေရုံ သာမကက အလင်းရောင်၊ သန့်ရှင်း စင်ကြယ်မှု၊ အပူဓာတ်၊ နှင့် လောင်ကျွမ်းမှု တို့၏ အမျိုးမျိုးသော အဓိပ္ပာယ် များလည်း ပါဝင်နေပြီး အမျိုးမျိုးသော ထိန်းချုပ်မှု နှင့် စွမ်းအား မြှင့်တင်မှု နည်းလမ်းများကိုပါ ပေါင်းစပ် ထည့်သွင်း ထားသေး၏။

ယခုအခိုက်အတန့်၌ အလင်း စာလုံး က ကခုန် လှုပ်ရှားနေပြီး... ပင်လယ်ဘိုးဘေးကြီးကို ဖိနှိပ် ချုပ်ချယ်လိုက်တော့သည်။

ပင်လယ်ဘိုးဘေးကြီးသည် သူမ၏ လက်ကို ချက်ချင်း ပင် မြှောက်လိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်... သူမ၏ ခေါင်းအထက် ၌ ကျယ်ပြောလှသော သမုဒ္ဒရာ အလင်းတန်း ကြီး တစ်ခု ပေါ်ထွက်လာပြီး ဝင်ရောက်လာသော အလင်းရောင်များကို ပိတ်ဆို့ တားဆီးလိုက်တော့သည်။

All Chapters