အခန်း ၉၉၈
Vol. 67 Ch. 998
အခန်း (၉၉၈) - ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား
အလင်းရောင် မှာ မျက်စိတစ်မှိတ် အတွင်း ဝေဝါးသွားပြီး... သမုဒ္ဒရာကြီးကို ဖြတ်သန်းသွားပြီးနောက် တွင်မူ ၎င်းမှာ အကွဲကွဲ အပြားပြား ဖြစ်သွားကာ အလင်း အစက်အပြောက် လေးများအသွင် ပြောင်းလဲသွားတော့၏။
နင်ချီ ၏ အမြင် တွင်... ပင်လယ်ဘိုးဘေးကြီးသည် ပင်လယ် အောက်ခြေ တွင် ပုန်းအောင်းနေသော ငါး များစွာ နှင့် တူနေ၏။နေရောင်ခြည် က ဘယ်လောက်ပဲ ကြောက်စရာ ကောင်းနေပါစေ... သူတို့ အကြား တွင် ထူထဲလှသော ပင်လယ်ရေ လွှာ ကြီး တစ်ခု ရှိနေသရွေ့တော့၊ သူမ ကို အနည်းငယ်မျှ ပင် ထိခိုက် စေနိုင်မည် မဟုတ်ပေ။
"ဝုန်း..."
နောက်တစ်စက္ကန့် တွင်... ပင်လယ်ရေ များမှာ အထက်သို့ တဟုန်ထိုး မြင့်တက်လာပြီး "အလင်း" ဟူသော စာလုံး ကို ပြောင်းပြန် ဖိနှိပ် ချုပ်ချယ် ရန် ကြိုးစားလိုက်သည့်အလား ရှိနေတော့၏။
သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင်... "အလင်း" ဟူသော စာလုံးသည် သေးငယ်သော စာလုံး လေးများ အဖြစ်သို့ ကွဲထွက်သွားပြီး ၎င်း၏ ပတ်လည် တွင် လှည့်ပတ်နေကြတော့သည်။
နင်ချီ ယခင်က အာရုံခံ သိရှိ ခဲ့သည့် အတိုင်းပင်... "နေ"၊ "လ"၊ "ကြယ်"၊ နှင့် "အပူ" ကဲ့သို့သော အလင်းရောင် နှင့် သက်ဆိုင်သည့် နတ်ဘုရား စာလုံး များစွာသည် အလင်း စာလုံး ထဲမှနေ၍ ခွဲထွက်သွားကြ၏။ ၎င်းတို့သည် နတ်ဘုရား စာလုံး အခင်းအကျင်း တစ်ခု အဖြစ် ဖွဲ့တည်သွားကြပြီး... စွမ်းအားများ ဆယ်ဆ မက တဟုန်ထိုး မြင့်တက်သွားတော့၏။
အထက်သို့ တဟုန်ထိုး မြင့်တက်လာသော တာအို မှာ မျက်စိတစ်မှိတ် အတွင်း ဖိနှိပ် ချုပ်ချယ် ခံလိုက်ရပြီး... ၎င်း၏ ခုံးမောက်နေသော ပုံသဏ္ဌာန် မှာ ခွက်ဝင်သွားကာ အားလုံး က အောက်ဘက် ရှိ ပင်လယ်ဘိုးဘေးကြီးကို ဖိနှိပ် ချုပ်ချယ် ရန် ပူးပေါင်းလိုက်ကြတော့သည်။
"အဘိုးကြီး... ရှင် က ဒါလေး နဲ့များ ကျုပ်ကို ဖိနှိပ်နိုင်မယ် လို့ တကယ်ပဲ ထင်နေတာလား"
ပင်လယ်ဘိုးဘေးကြီး ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွား၏။ တူညီသော အခိုက်အတန့်မှာပင် သူမ၏ ဖြူဝင်း လှပသော ကျောက်စိမ်း အလား နဖူးပြင်မှ နေ၍ အလင်းတန်း တစ်ခု ရုတ်တရက် ပစ်ခွင်းထွက်လာတော့၏။ နတ်ဘုရား စွမ်းအား များမှာ ခွက်ဝင်နေသော ပင်လယ်ရေ များ အတွင်းသို့ မျက်စိတစ်မှိတ် အတွင်း ထိုးဆင်းသွားတော့သည်။
ချက်ချင်း ဆိုသလိုပင်... ကျဆင်းလာသော ပင်လယ်ရေ များ၏ ပုံသဏ္ဌာန် မှာ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ပင်လယ် ဆူးချွန် များ အဖြစ်သို့ အသွင်ပြောင်းသွားကာ... "အလင်း" ဟူသော နတ်ဘုရား စာလုံး အခင်းအကျင်း ဆီသို့နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်သွားကြတော့၏။
ဤအခြင်းအရာမှာ အလင်း နှင့် ရေ တို့ ၏ တိုက်ပွဲ ပင်။
နေမင်း ကြီးက ပင်လယ်ရေများကို အငွေ့ပျံသွားအောင် လုပ်နိုင်မလား... ပင်လယ်ရေ ကပဲ အလင်းရောင် ကို ငြိမ်းသတ် ပစ်နိုင်မလား။
အရာအားလုံး မှာ မသေချာ မရေရာ သေးပေ။ သို့တည်းမဟုတ် သူတို့ နှစ်ခု အကြား ရှိ အကွာအဝေး၊ ၎င်းတို့၏ အရည်အသွေး နှင့် အရေအတွက် အပေါ် တွင်သာ မူတည်နေသည် ဟု ဆိုရပေမည်။
အလင်းရောင် မှာ တိတ်ဆိတ် ငြိမ်သက်နေပြီး... သမုဒ္ဒရာကြီးကတော့ ဟိန်းဟောက်နေတော့၏။
"ဝှစ်..."
ကောင်းကင်ယံ အမြင့် တွင်... ၎င်းတို့ နှစ်ခု အပြင်းအထန် ဝင်တိုက် မိသွားကြသည်။
ဤ အခိုက်အတန့် တွင်... ၎င်းတို့ နှစ်ခု စလုံး မှာ လုံးဝ (လုံးဝ) ရောနှော၍ မရနိုင် သည့်အလား ဖြစ်နေသော်ငြားလည်း တစ်ချိန်တည်းမှာပင် နှစ်ခု မှာ တစ်သားတည်း ပေါင်းစပ်သွားသည့်အလား လည်း ရှိနေတော့၏။
တာအို သမုဒ္ဒရာကြီးမှာ အမြင့် သို့ တဟုန်ထိုး တက်သွားပြီး... "အလင်း" နတ်ဘုရား စာလုံး အခင်းအကျင်း မှာ တာအို သမုဒ္ဒရာကြီး ထဲသို့ ကျဆင်းသွားတော့သည်။
သူတို့ နှစ်ခု စလုံး မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း မသေချာ မရေရာ စွာ တဖျတ်ဖျတ် လင်းလက်နေကြ၏။
သမုဒ္ဒရာကြီး မှာ ညင်သာစွာ လှိုင်းဂယက် ထနေပြီး... လှိုင်းတံပိုး များစွာ ကို ဖန်တီးနေကာ အလင်း စာလုံး ၏ နတ်ဘုရား စာလုံး များ မှာလည်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတော့သည်။
ဘိုးဘေးကြီး နှစ်ပါး မှာ... မည်သူ က ပိုမို အစွမ်းထက်သော လက်နက်များကို ပိုင်ဆိုင် ထားသနည်း ဆိုသည်ကို ယှဉ်ပြိုင်နေကြသည်သာ။
နင်ချီ နားလည် သဘောပေါက်လိုက်၏။
"အမြင့်မြတ်ဆုံး သော ကောင်းကျိုး တရား ဟာ ရေ နဲ့ တူတယ်”
ရုတ်တရက်... ပင်လယ်ဘိုးဘေးကြီးက အေးစက်စက် အသံ ဖြင့် ရေရွတ်လိုက်၏။
ဤ စကားလုံး လေးလုံး ကို ရွတ်ဆိုလိုက်သည် နှင့် တစ်ပြိုင်နက်... ၎င်းမှာ လောကကြီး ၏ အမြင့်မြတ်ဆုံး သော အမှန်တရား ပင် ဖြစ်နေသည့်အလား ထင်မှတ်ရတော့၏။
ကောင်းကင်ယံ အမြင့် ရှိ သမုဒ္ဒရာကြီးမှာ... တစ်ခါတစ်ရံ တွင် စိမ့်စမ်း ရေစီးကြောင်း လေး တစ်ခု ၊ တစ်ခါတစ်ရံ တွင် ကြမ်းတမ်း ပြင်းထန်သော မြစ်ဝါ မြစ် ကြီး အလား၊ တစ်ခါတစ်ရံ တွင် တိတ်ဆိတ် ငြိမ်သက်နေ၏။ တစ်ခါတစ်ရံ တွင်မူ နက်ရှိုင်းသော သမုဒ္ဒရာ ၏ ဆူနာမီ လှိုင်းလုံး ကြီး များအလား ရှိနေတော့သည်။ ဤ အပြောင်းအလဲ များ အားလုံး မှာ ရေ ၏ ပုံသဏ္ဌာန် တစ်ခုတည်း အတွင်း၌ သာ ကန့်သတ် ထားဆဲ ပင် ဖြစ်၏။
သို့သော်ငြားလည်း... ပင်လယ်ဘိုးဘေးကြီး ၏ စွမ်းအား များ ထည့်သွင်း ပေးပြီးနောက် ၎င်းတို့ အားလုံး မှာ စွမ်းအား ပိုင်း တွင် အလွန်တရာ ကြီးမားလှသော တိုးတက်မှုများကို ကြုံတွေ့ ခဲ့ရလေသည်။
၎င်းတို့ တွင်... အလင်း စာလုံး နတ်ဘုရား စာလုံး အခင်းအကျင်း ကို လုံးလုံးလျားလျား ဖျက်ဆီး ပစ်ရန် အလားအလာ များ ရှိနေတော့၏။
သူတော်စင် ဘိုးဘေးကြီး ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွားသော်ငြားလည်း... သူ က ဆက်လက် စကား ပြောနေဆဲ ပင်။
"ကမ္ဘာ လောကကြီး ဟာ အလင်းရောင် ကို လိုအပ်တယ်... ဒါကြောင့် အလင်းရောင် ပေါ်ထွက်လာခဲ့တယ်"
ဤ စကား ကို သူ ပြောလိုက်သည် နှင့် တစ်ပြိုင်နက်... အလင်း ၏ နတ်ဘုရား စာလုံး မှာ ကြယ် တစ်ပွင့် အလား ချက်ချင်း ပင် စူးရှ တောက်ပလာပြီး စကြဝဠာ ၏ အမှောင်ထု နှင့် အထီးကျန် ဆန်မှု ကို ထိုးဖောက် ကာ... လောက ရှိ သက်ရှိ အားလုံး ၏ အရှေ့တွင် ထွက်ပေါ်လာတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... သမုဒ္ဒရာ ရေ များ၏ ထက်ဝက် ခန့်မှာ အငွေ့ပျံသွားခဲ့လေပြီ။
ကြည့်ရသည်မှာ သူတော်စင် ဘိုးဘေးကြီးက အသာစီး ရသွား၏။
သို့သော်ငြား... အောက်ဘက် ရှိ ပင်လယ်ဘိုးဘေးကြီး ၏ မျက်နှာ ပေါ်တွင် အထင်အမြင် သေးသော အရိပ်အယောင် အချို့ ပေါ်ထွက်လာတော့သည်။
နင်ချီ က လှမ်းကြည့်လိုက်ရာ... ကောင်းကင်ယံ အမြင့် တွင် တိမ်မည်းကြီး တစ်လိပ် ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
တိမ်မည်းကြီး နှင့် အောက်ဘက် ရှိ သမုဒ္ဒရာ တို့ ၏ စွမ်းအား များမှာ တစ်ခု နှင့် တစ်ခု ပူးပေါင်း လုပ်ဆောင်နေကြပြီး... တစ်ခု က အပေါ် တွင် တစ်ခု က အောက် တွင်နေရာ ယူထားကြလေသည်။