အခန်း ၉၉၉
Vol. 67 Ch. 999
အခန်း (၉၉၉) - ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား
သမုဒ္ဒရာကြီးက ကောင်းကင်ယံ ကို ရောင်ပြန်ဟပ်နေပြီး... တိမ်မည်းကြီး များက အလင်းရောင် ကို ဖုံးကွယ် ထားကာ အဆက်မပြတ် ရွာသွန်းနေသော မိုးဖွဲဖွဲ လေးများ က ကောင်းကင် ၏ အထက် နှင့် အောက် အပိုင်းများကို လုံးလုံးလျားလျား ဆက်သွယ် ပေးထားတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... "အလင်း" ဟူသော စာလုံး ပါရှိသည့် နတ်ဘုရား စာလုံး အခင်းအကျင်း မှာ လုံးလုံးလျားလျား ဖုံးလွှမ်း ခံလိုက်ရပြီး ငြိမ်းသတ် ခံလိုက်ရတော့သည်။
သူတော်စင် ဘိုးဘေးကြီး မှာ အကြီးအကျယ် အံ့အားသင့်သွားတော့၏။
ဤ တစ်ကြိမ် တွင်မူ သူ အမှန်တကယ် ပင် မေ့လျော့သွားခဲ့လေပြီ။ ရေသည်
နေ ၏ အငွေ့ပျံ မှု ကြောင့် တိမ်များ အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး တိမ်မည်း များက အလင်းရောင် ကို ဖုံးကွယ် ထားနိုင်သည်။ ဤအခြင်းအရာမှာ ကောင်းကင် တာအို ၏ နိယာမ ဖြစ်၏။
သူ ဝန်ခံသည် ဖြစ်စေ၊ ဝန်မခံသည် ဖြစ်စေ... သူသည် ပင်လယ်ဘိုးဘေးကြီးကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပြီး ပင်လယ်ဘိုးဘေးကြီးက သေချာပေါက် တစ်ပန်း သာနေခဲ့လေပြီ။
နင်ချီ လည်း အတော်လေး အံ့အားသင့်နေ၏။
ဒါက "အမြင့်မြတ်ဆုံး သော ကောင်းကျိုး တရား ဟာ ရေ နဲ့ တူတယ်" ဆိုတဲ့ စကား ကို အသုံးချ တဲ့ နည်းလမ်းလား။
အမြင့်မြတ်ဆုံး သော ကောင်းကျိုး တရားသည် ရေ နှင့် တူပြီး တာအို နှင့် ပိုမို နီးကပ်သည် ဟု သူ ထင်မှတ် ထားခဲ့သော်ငြားလည်း... ၎င်းမှာ တာအို နှင့် အမှန်တကယ် ပင် ပိုမို နီးကပ်နေရုံ သာမကက သဘာဝ ရေ လည်ပတ်မှု စနစ် ၏ တာအို နှင့် ပို၍ပင် နီးကပ်နေကြောင်း သူ လုံးဝ မထင်မှတ် ထားခဲ့ပါ။
ကဲ... ရေ လည်ပတ်မှု စနစ် ၏ တာအိုသည်လည်း တာအို ၏ တစ်စိတ်တစ်ပိုင်း ပဲ မဟုတ်ဘူးလား။ သူတော်စင် ဘိုးဘေးကြီးကိုယ်တိုင် ပင် အရှုံးပေး ရန် အသင့် ဖြစ်နေသည် ကို မမြင်ဘူးလား။
ကောင်းကင်ယံ အမြင့် တွင်... တိမ်များ၊ မိုး များနှင့် သမုဒ္ဒရာ ၏ ပူးပေါင်း တိုက်ခိုက်မှု အောက်တွင် သူတော်စင် ဘိုးဘေးကြီးသည် သူ၏ "အလင်း" နတ်ဘုရား စာလုံး အခင်းအကျင်း ကို ပြတ်သားစွာ စွန့်လွှတ်လိုက်တော့၏။
သူတော်စင် ဘိုးဘေးကြီး က သူ၏ စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်သော်ငြားလည်း... ပင်လယ်ဘိုးဘေးကြီးကတော့ သူ့ကို လွှတ်ပေးမည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါ။
ကောင်းကင် နှင့် ရေပြင် မှာ တစ်ရောင်တည်း အဖြစ် ပေါင်းစပ်သွားပြီး... တိမ်များ၊ မိုး များနှင့် သမုဒ္ဒရာ တို့ ရုတ်တရက် ပေါင်းစပ်သွားကာ အဆက်မပြတ် ဖိသိပ် စုစည်းလာကြပြီး...နောက်ဆုံး တွင် ကြည်လင် သန့်စင်သော ရေ တစ်စက် အဖြစ်သို့ ပြောင်းလဲသွားကာ ဟင်းလင်းပြင်နေရာလွတ် အတွင်း၌ ညင်သာ ချောမွေ့စွာ လည်ပတ်နေတော့၏။
၎င်း လည်ပတ်နေသည် နှင့်အမျှ... အဆက်မပြတ် တုန်ခါနေပြီး အဆုံးအစ မရှိသော အသွင်ပြောင်းလဲမှု မျိုးစုံ ကို ဖန်တီးနိုင်စွမ်း ရှိသည့်အလား ထင်မှတ်ရသည်။
ရေ တစ်စက် ၏ စွမ်းအား ကို အထင် မသေးလိုက်နှင့်... ၎င်းမှာ သေးငယ် သော်ငြားလည်း သမုဒ္ဒရာကြီး ၏ စွမ်းအား များ ကိန်းအောင်းနေလေသည်။
၎င်းသည် လောက ရှိ အရာခပ်သိမ်း ကို ရောင်ပြန်ဟပ်နိုင်စွမ်း ရှိပြီး အလင်းရောင် ကို အလင်းယိုင် စေကာ... အရာခပ်သိမ်း ကို ပြုစု ပျိုးထောင် ပေးနိုင်စွမ်း ရှိသလို အရိပ် အားလုံး ကိုလည်း ထုတ်ဖော် ပြသနိုင်စွမ်း ရှိ၏။
အချုပ်အားဖြင့် ဆိုရလျှင်... သူတော်စင် ဘိုးဘေးကြီး နှင့် အချိန် အတော် ကြာအောင် တိုက်ခိုက် ပြီးနောက် မဟာ တာအို အပေါ် ပင်လယ်ဘိုးဘေးကြီး ၏ နားလည် သဘောပေါက်မှု မှာ ပို၍ ပို၍ သန့်စင် ထက်မြက်လာခဲ့လေပြီ။
သို့သော်ငြား... အများဆုံး အသိအမြင် တရား များ ရရှိခဲ့သူ မှာ ဘေးမှ နေ၍ စောင့်ကြည့်နေသော နင်ချီ ပင် ဖြစ်တော့၏။
နင်ချီသည် ဘိုးဘေးကြီး နှစ်ပါး ၏ တိုက်ပွဲ နှင့် ပတ်သက်သမျှ အရာအားလုံး ကို သူ၏ စိတ်အာရုံ ထဲတွင် မှတ်တမ်းတင် ထားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင် ကို အံတုနိုင်သော နားလည် သဘောပေါက်နိုင်စွမ်း ကို အသုံးပြုကာ ၎င်းတို့ကို မိမိ၏ ကိုယ်ပိုင် အသိပညာ များ အဖြစ်သို့ အဆက်မပြတ် ပေါင်းစပ် ထည့်သွင်းနေခဲ့သည်။
ပင်လယ်ဘိုးဘေးကြီးသည် သူတော်စင် ဘိုးဘေးကြီး နှင့် တိုက်ခိုက်ခြင်း ဖြင့် သူမ၏ မဟာ တာအို ကို တိုးတက် အောင်မြင် စေခဲ့၏။ သူတော်စင် ဘိုးဘေးကြီး တွင်လည်း အလားတူ အတွေးမျိုး ရှိနေခဲ့သော်ငြားလည်း နင်ချီ ကမူ သူတို့ နှစ်ဦးစလုံး ၏ မဟာ တာအိုများကို မိမိ၏ ကိုယ်ပိုင် စနစ် ကြီး တစ်ခုလုံး အတွင်းသို့ ပေါင်းစပ် ထည့်သွင်းနေလေသည်။
ကမ္ဘာ့အရှင်သခင် အဖြစ် ရှိနေသော သူ၏ ပင်မ ခန္ဓာကိုယ် ရော၊ ဤ ဝင်စား ခန္ဓာကိုယ် ပါ... ဘိုးဘေးကြီး နှစ်ပါး ၏ နတ်ဘုရား မှော်စွမ်းရည် များနှင့် စွမ်းအား များ အားလုံး ကို စုပ်ယူ ဝါးမျိုနေကြပြီး ၎င်းတို့ အပေါ် တွင် ဆန်းသစ် တီထွင်မှုများကို ပြုလုပ်နေကြ၏။
နင်ချီ ၏ မျက်လုံးများ လျှပ်စီးတန်းများအလား တောက်ပသွားတော့၏။
ဤ အခိုက်အတန့် တွင် သူသည် သူတော်စင် ဘိုးဘေးကြီးကိုရော ပင်လယ်ဘိုးဘေးကြီးကိုပါ မမြင်တွေ့ ရတော့ဘဲ... မဟာ တာအို ၏ လည်ပတ် လှုပ်ရှားနေမှုများကိုသာ တွေ့မြင်နေရတော့သည်။
ဘိုးဘေးကြီး နှစ်ပါး စလုံး မှာ ဝိညာဉ်ကမ္ဘာ နှစ်ခု မှ ဆင်းသက်လာသူများ ဖြစ်ကြပြီး... ဝိညာဉ်ကမ္ဘာ နှစ်ခု ၏ အမှန်တကယ် ရွေးချယ် ခံရသူများ ဖြစ်ကြကာ သာမန် လူ တစ်ယောက် ဘဝ မှနေ၍ အမြင့်ဆုံး အထွတ်အထိပ် သို့ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့ကြသူများ ပင်။
နင်ချီသည် ဤ လူ နှစ်ယောက် ကို အလွန်တရာ အထင်ကြီး လေးစားနေပါ၏။
သူ့မှာ ထိုသို့ ကံကြမ္မာ မျိုး မရှိပါ။
နားလည် သဘောပေါက်နိုင်စွမ်း ၏ အကူအညီ ဖြင့်... သူ၏ ကျင့်ကြံခြင်း သက်တမ်း မှာ နှစ်ပေါင်း တစ်ထောင် ပင် မပြည့်သေးပါ။ သို့သော် ထို အဘိုးကြီး အဘွားကြီး နှစ်ယောက် ၏ ကျင့်ကြံခြင်း သက်တမ်း မှာမူ... အနည်းဆုံး နှစ်ပေါင်း ငါးသိန်း ကျော် ရှိနေခဲ့ပြီ မဟုတ်ပါလော။
နင်ချီသည် စိတ် ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး... ဆက်လက် စောင့်ကြည့်နေလိုက်၏။
ပင်လယ်ဘိုးဘေးကြီးသည် သူမ၏ လက်ညှိုး တစ်ချောင်းတည်း ကိုသာ ဆန့်ထုတ်လိုက်ပြီး... ကောင်းကင်ယံ ၌ မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သော ရေ တစ်စက်အား ပစ်လွှတ်လိုက်၏။
"သွားစမ်း"
ထို ရေစက်လေးသည် ဟင်းလင်းပြင်နေရာလွတ် ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားပြီး... သူတော်စင် ဘိုးဘေးကြီး ဆီသို့ ပျံသန်းသွားတော့၏။
သူတော်စင် ဘိုးဘေးကြီး ၏ မျက်နှာ အမူအရာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။
သူသည် ကျယ်ပြန့်သော ကမ္ဘာ ၏ သူတော်စင် ဘိုးဘေးကြီး ၊ ကျယ်ပြန့်သော ကမ္ဘာ အတွင်း၌ အရာအားလုံး ကို ဆုံးဖြတ် ပိုင်ခွင့် ရှိသူ... တာအို နှင့် အမှန်တကယ် ပေါင်းစပ် ပြီး အင်မော်တယ် ၏ အဆင့်အတန်း ကို ရရှိရန် နီးကပ်လာပြီ ဟု အမြဲတမ်း ယုံကြည် ထားခဲ့၏။
ဝိညာဉ်နယ်မြေ စစ်ပွဲ ကြီး စတင် ခဲ့ပြီးနောက် တွင်ပင်... ဤ ယုံကြည်ချက် ကို ဆက်လက် ထိန်းသိမ်း ထားခဲ့ပြီး တောင်နှင့် ပင်လယ် ကမ္ဘာ မှာ သိပ်ပြီး ထူးခြားလှသည် မဟုတ်ဟု ထင်မှတ် ထားခဲ့သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ ရှိ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့မှာ အမြဲတမ်း အချင်းချင်း သဘောထား ကွဲလွဲနေကြ၏။ သူတို့ ၏ ရန်ငြိုး ရန်စများကို ထည့်တွက် မည် ဆိုလျှင်... သူတော်စင် ဘိုးဘေးကြီး အနေဖြင့် သူ ရှုံးနိမ့် ရမည် ဟု မည်သည့် အကြောင်းပြချက် မျှ မရှိခဲ့သလို အာရုံ များစွာ ထွေပြားနေသော သူတို့ ထက် သူက ပို၍ အားနည်း သင့်သည် ဟုလည်း အကြောင်းပြချက် မရှိခဲ့ပါ။
၏
မိမိကျယ်ပြန့်သော ကမ္ဘာသည် ဝိညာဉ်နယ်မြေ စစ်ပွဲ ကြီး တွင် သေချာပေါက် အနိုင် ရလိမ့်မည် ဟု သူတော်စင် ဘိုးဘေးကြီး ယုံကြည်ထားခဲ့၏။
သို့သော် ယခုအခါ တွင်မူ... သူသည် ထို အမြင် ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အခြားသော အမြင် တစ်ခု ကို ရရှိလာခဲ့လေပြီ။