အခန်း ၁၀၀၀
Vol. 67 Ch. 1000
အခန်း (၁၀၀၀) - ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား
တောင်နှင့် ပင်လယ် ကမ္ဘာ တွင် ဘိုးဘေးကြီး နှစ်ပါး ရှိနေပြီး အချင်းချင်း ယှဉ်ပြိုင်နေကြခြင်း ကြောင့်သာ... သူတို့သည် ကျယ်ပြန့်သော ကမ္ဘာ တွင် သူ လုပ်နိုင်သည် ထက် ကမ္ဘာ ကို လွှမ်းမိုး အုပ်စိုးနိုင်မည့် အခွင့်အရေး ပိုများနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။
ဤ အခွင့်အရေး မှာ ကျင့်ကြံခြင်း ၏ ခွန်အား ကို ဆိုလိုခြင်း မဟုတ်ဘဲ... အပြန်အလှန် ရုန်းကန် တိုက်ခိုက် မှု လုပ်ငန်းစဉ် တွင် အချင်းချင်း အပြန်အလှန် မြှင့်တင်ပေးသည်ကို ဆိုလို၏။
သူတော်စင် ဘိုးဘေးကြီး တွင် ကျယ်ပြန့်သော ကမ္ဘာ ၌ ထိုသို့သော အခွင့်အရေး မျိုး မရှိခဲ့ချေ။ စိန်ခေါ် သူ တစ်ယောက် မှ ပေါ်မလာ ခဲ့ပေ။
သူသည် သူ၏ ကိုယ်ပိုင် ပြိုင်ဘက်ကင်း သော အောင်မြင်မှု များ အတွင်း၌ သာယာ နစ်မြုပ်နေခဲ့သည်မှာ အလွန် ကြာမြင့်နေခဲ့ပြီ ပင်။
နင်ချီ နှင့် မတွေ့ဆုံ မီ အချိန် အထိ... သူတော်စင် ဘိုးဘေးကြီးသည် အရှုံး ၏ အရသာ ကို အချိန် အတော် ကြာအောင် မခံစား ခဲ့ရဖူးပါ။
နင်ချီသည် သူ၏ ပန်းချီကား များမှသည် သူ၏ လက်ရေးလှ စာပေများ အထိ... ထို့နောက် သူ၏ ကိုယ်ပွား အထိ သူ့ကို တဖြည်းဖြည်း နှင့် အနိုင်ယူလာခဲ့သည်။
သူတော်စင် ဘိုးဘေးကြီးသည် နင်ချီ အနေဖြင့် သူ၏ အစစ်အမှန် ခန္ဓာကိုယ် ကို မည်သည့် အချိန်တွင် အနိုင်ယူနိုင်မည်နည်း ဆိုသည်ကို မသေချာ သော်ငြားလည်း... ထို အချိန် မှာ သိပ်မဝေး တော့ကြောင်း ခံစားနေရ၏။
သေချာ၏။ နင်ချီ ၏ မွေးဖွားလာမှု မှာ လုံးဝ မတော်တဆ ဖြစ်ရပ် တစ်ခု မဟုတ်။
တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဘိုးဘေးကြီး နှစ်ပါး အကြား ရှိ ပဋိပက္ခများ ကြောင့်သာ... နင်ချီ ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး မွေးဖွားလာခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်။
အကယ်၍ နင်ချီ သာ ထို အဘိုးကြီး ဘာတွေ တွေးနေသနည်း ဆိုတာကို သိခဲ့မည် ဆိုလျှင်... သူ က မျက်လုံး ကို အပေါ် လှန်ပြလိုက်ပြီး "ခွေးမသား ကြီး" ဟု ထပ်လောင်း ပြောဆိုလိုက်မည်မှာ သေချာလှသည်။
သူ က တောင်နဲ့ ပင်လယ် ကမ္ဘာ ဘိုးဘေးကြီး နှစ်ပါး ၏ ပဋိပက္ခ တွေ ကြောင့် မွေးဖွားလာခဲ့တာ မဟုတ်ပါလေ။
ယခုအခိုက်အတန့်၌ သူတော်စင် ဘိုးဘေးကြီးသည် သူ့ဆီသို့ ချဉ်းကပ်လာနေသော ရေစက်လေး ကို ရင်ဆိုင်လိုက်၏။
ဤ တစ်ကြိမ် တွင်မူ... သူသည် မည်သည့် နတ်ဘုရား မှော်စွမ်းရည် ကိုမျှ မဖော်ထုတ်တော့ဘဲ ဟင်းလင်းပြင်နေရာလွတ် ထဲမှ အတန်ငယ် ရှေးဟောင်း ဆန်သော ပန်းချီကား လိပ် တစ်ခု ကို ဆွဲထုတ်လိုက်တော့သည်။
ထို ပန်းချီကား လိပ် ကို အနည်းငယ် ဝါကျင့်ကျင့် ဖြစ်နေသော စက္ကူ ဖြင့် ထုပ်ပိုး ထားပြီး... အချို့နေရာ တွင် ခြ ကိုက်ထားသည့်အလား ပင် ထင်မှတ်ရ၏။
နင်ချီသည် ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ အနည်းငယ် အံ့အားသင့်သွားတော့သည်။
‘ဒီ အဘိုးကြီးက တိုက်ခိုက် ဖို့ အတွက် ပန်းချီကား တွေကို ထပ်သုံး ပြန်ပြီပဲ။ သောက်ကျိုးနည်း... သူ တကယ် ဘယ်နှစ်ကား လောက်များ ဆွဲထားခဲ့တာလဲ’
ပင်လယ်ဘိုးဘေးကြီးက လုံးဝ မတုန်လှုပ်ဘဲ... ရေစက်လေး ကို သူတော်စင် ဘိုးဘေးကြီး ဆီသို့ ဆက်လက် ပစ်လွှတ်နေရန် သာ အာရုံစိုက်ထားလိုက်၏။
ရုတ်တရက်... နင်ချီ ၏ မျက်ခုံးတန်းများ အချင်းချင်း ထိစပ် လုနီးပါး ပင် တွန့်ချိုးသွားတော့သည်။
‘အဲဒီ ပန်းချီကား လိပ် မှာ တစ်ခုခု မှားယွင်းနေတယ်။ အကယ်၍ အဲဒါ က တကယ်ပဲ သူတော်စင် ဘိုးဘေးကြီး ရေးဆွဲ ခဲ့တာ ဆိုရင်... ဘယ်လို လုပ်ပြီး ဒီလောက် စုတ်ပြတ်သတ်နေရတာလဲ’
မည်သို့ပင် ဆိုစေကာမူ... သူတော်စင် ဘိုးဘေးကြီးကဲ့သို့သော ကျင့်ကြံသူ တစ်ဦး အတွက်... သူ ဖန်တီးခဲ့သော မည်သည့် ပန်းချီကား မဆို ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ထိန်းသိမ်း ထားနိုင်မည် မဟုတ်ပါလော။
‘ဒါဆိုရင်..’
သူတော်စင် ဘိုးဘေးကြီးသည် သူ၏ ကိုယ်ပိုင် လက်ရာ မဟုတ်သော ပန်းချီကား တစ်ချပ် ကို ထုတ်ယူလိုက်ခြင်း ပင် ဖြစ်ကြောင်း နင်ချီ သဘောပေါက်လိုက်၏။
‘ဒီ ပန်းချီကား က အတိအကျ ဘာကြီးလဲ’
နင်ချီ ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူတော်စင် ဘိုးဘေးကြီးကို စူးစိုက်ကြည့်လိုက်၏။
ရေစက်လေး မှာ စိန် တစ်ပွင့် အလား တလက်လက် တောက်ပနေသည်။
အလင်းရောင် ၏ အလင်းယိုင် မှု အောက်တွင် ရေစက်လေးသည် ခုနှစ်ရောင်ခြယ်ကာ တဖျတ်ဖျတ် လင်းလက်နေတော့၏။
သူတော်စင် ဘိုးဘေးကြီးသည် ပန်းချီကား လိပ် ကို လက်တစ်ဖက် ဖြင့် ကိုင်ထားပြီး... သူ၏ ကိုယ်ပိုင် စွမ်းအားများကို ၎င်း အတွင်းသို့ လောင်းထည့်လိုက်သည်။
ရုတ်တရက်... ပန်းချီကား လိပ် မှာ ဖြည်းညင်းစွာ ပွင့်ဟလာပြီး ခရု တစ်ကောင် ၏ အရှိန်အဟုန် အလား မယုံနိုင်လောက်အောင် နှေးကွေး လွန်းလှ၏။
ဆန့်ကျင်ဘက် အနေဖြင့်... ပင်လယ်ဘိုးဘေးကြီး ၏ ရေ တစ်စက်တည်း မှာ သူတော်စင် ဘိုးဘေးကြီး ဆီသို့ ရောက်ရှိနေလေပြီ။
နင်ချီသည် မှုန်ဝါးဝါး မြင်ကွင်း တစ်ခု ကို ပထမဆုံး အကြိမ် အဖြစ် မြင်တွေ့လိုက်ရ၏။
သူ နောက်တစ်ကြိမ် ပြန်လည် ကြည့်ရှုလိုက်သောအခါ... ဟင်းလင်းပြင်နေရာလွတ် အတွင်း၌ ကျဆင်းနေခဲ့သော ရေစက် ၏ အရိပ်အယောင် များ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
သူတော်စင် ဘိုးဘေးကြီး ထုတ်ယူ ခဲ့သော ရှေးဟောင်း ပန်းချီကား လိပ် မှာ... တစ်ခါမှ မဖွင့်ခဲ့ ဖူးသည့်အလား ပြန်လည် ပိတ်သွားခဲ့ပြီ ဖြစ်၏။
"ဟင်..."
နင်ချီ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရတော့သည်။
သူသည် ထို မြင်ကွင်း ကို သူ၏ စိတ်အာရုံ ထဲတွင် အဆက်မပြတ် ပြန်လည် ဖွင့်ကြည့်နေပြီး... ၎င်းကို အနှေးပြကွက် ဖြင့် ပြသ ကာ မှတ်မိ စေရန် အရေးကြီးသော အပိုင်းများကို ရွေးထုတ်နေသော်ငြားလည်း... ထို အပိုင်းအား တွေးမိလိုက်တိုင်း မှုန်ဝါးသွားတော့၏။
ပို၍ ကြောက်စရာ ကောင်းသည်မှာ... ပန်းချီကား နှင့် ပတ်သက်သော သူ၏ မှတ်ဉာဏ် များ မှာလည်း တစ်နေ့တခြား ပိုမို မှုန်ဝါးလာနေကြောင်း ကို နင်ချီ တွေ့ရှိလိုက်ရခြင်း ပင်။
နင်ချီသည် သူ၏ ကျောရိုး တစ်လျှောက် စိမ့်ခနဲ အေးစက်သွားသည်ကို ပထမဆုံး အကြိမ် အဖြစ် ခံစားလိုက်ရ၏။
"ငါ တောင် မှတ်လို့ မရတဲ့ အရာ က ဘာများလဲ..."
ပင်လယ်ဘိုးဘေးကြီးသည် သူမ နှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားသော ရေစက်လေး ကို ခံစားလိုက်ရပြီးနောက်... စကား စလာကာ မေးလိုက်၏။
"ခုနက အဲဒါ က ဘာကြီးလဲ"
သူတော်စင် ဘိုးဘေးကြီးသည် သူ၏ လက်ထဲရှိ ပန်းချီကား ကို ချိန်ဆ ကြည့်လိုက်ပြီး ရယ်မောလိုက်၏။
"အဟဲ.. ငါ မင်းကို ပြောပြရင်လည်း ကိစ္စ မရှိပါဘူးလေ... ဘာဖြစ်လို့လဲ ဆိုတော့ မင်း မကြာခင် မေ့သွားတော့မှာမို့လို့ပဲ"
ပင်လယ်ဘိုးဘေးကြီး မှာ တိတ်ဆိတ်သွားတော့၏။