အခန်း ၁၀၀၁
Vol. 67 Ch. 1001
အခန်း (၁၀၀၁) - ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား
သူတော်စင် ဘိုးဘေးကြီးက ဆိုလိုက်၏။
"ဒါက ငါ မတော်တဆ ရလာခဲ့တဲ့ ရှေးဟောင်း ပန်းချီကား တစ်ချပ်ပဲ... ခေါင်းစဉ် က 'ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား' တဲ့"
"ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား"
နင်ချီသည် သူတော်စင် ဘိုးဘေးကြီး ၏ စကားများကို မှတ်သားလိုက်သော်ငြားလည်း... သူတော်စင် ဘိုးဘေးကြီး ပြောခဲ့သည့် အတိုင်း ပင် ပင်လယ်ဘိုးဘေးကြီးကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး ပင်လျှင် မကြာမီ မေ့လျော့သွားမည် ဖြစ်ရာ... အခြားသူများလည်း သဘာဝကျစွာ ပင် အကျုံးဝင် လေသည်။
သည်အရာက အလွန်တရာ အရေးကြီးသည်ဟု နင်ချီ ခံစားလိုက်ရသည်။ ဒါကို မဖြစ်မနေ မှတ်တမ်းတင် ထားရမည်။
နင်ချီသည် သူ၏ နားလည် သဘောပေါက်နိုင်စွမ်း နှင့် မှတ်ဉာဏ် စွမ်းရည် အပေါ် အမြဲတမ်း အလွန်အမင်း ယုံကြည်မှု ရှိခဲ့၏။
ထို အရာ နှစ်ခု မှာ တစ်ခု နှင့် တစ်ခု အပြန်အလှန် အထောက်အကူ ပြုနေကြသည် မဟုတ်ပါလော။
သို့သော် ယခု အခိုက်အတန့် တွင်မူ... အနည်းငယ် သံသယ ဝင်သွားရတော့သည်။
အကြောင်းမူကား "ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား" ဟူသော စကားလုံး လေးလုံး မှာ သူ၏ မှတ်ဉာဏ် ထဲမှနေ၍ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လာနေ၏။
နင်ချီ ၏ အသိစိတ် များသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန် ဖြင့် လည်ပတ်နေသော်ငြားလည်း... သူ ဘာပဲ လုပ်လုပ် မှတ်ဉာဏ်များ ပျောက်ကွယ်သွားခြင်းကို မတားဆီးနိုင်ခဲ့ပါ။ အလွန်ဆုံး ဆိုလျှင် စက္ကန့် အနည်းငယ်မျှလောက်သာ ကြန့်ကြာသွားအောင် လုပ်ဆောင်နိုင်ရုံသာ။
ဥပမာ အားဖြင့်... သူသည် ကောင်းကင် နှင့် မြေကြီး ၏ အဖိုးတန် ရတနာ မျိုးစုံ ကို ထုတ်ယူလိုက်ပြီး ထို စကားလုံး လေးလုံး ကို ၎င်းတို့ အပေါ် တွင် ရေးထွင်း ထားလိုက်သော်ငြားလည်း... ထို စကားလုံး လေးလုံး တွင် ကြီးမြတ်သော မှော်စွမ်းရည် တစ်ခုခု ပါဝင်နေသည့်အလား အလိုအလျောက် ပျက်ပြယ်သွားကြတော့သည်။
ထို့နောက် နင်ချီသည် အခြား နည်းလမ်း တစ်ခု ကို ထပ်မံ စမ်းသပ် ကြည့်လိုက်၏။ ဥပမာ... စကားလုံး လေးလုံး ကို အစီအစဉ် ပြောင်းပြီး စာကြောင်း တစ်ကြောင်း အဖြစ် ပေါင်းစပ် ကြည့်ခြင်း မျိုး ပင်။
ထို့အပြင် သူသည် အသံတူ စကားလုံး များ သို့မဟုတ် ကဗျာများကို အသုံးပြု၍ မြန်ဆန်သည့် စမ်းသပ်မှုများကိုပါ ပြုလုပ် ကြည့်ခဲ့သေး၏။
သို့သော် နင်ချီ ကို အံ့အားသင့်သွားစေခဲ့သည် မှာ... ထို စကားလုံး လေးလုံး မှာ သူ၏ မှတ်ဉာဏ် ထဲမှ ဆက်လက်၍ မှုန်ဝါး ပျောက်ကွယ်သွားနေဆဲ ပင် ဖြစ်သည်။
နင်ချီ ကြိုတင် ခံစား သိရှိနေတော့၏။
အကယ်၍ သူသည် ထို စကားလုံးများကို ကဗျာ တစ်ပုဒ် သို့မဟုတ် အသံတူ စကားလုံး များ အနေဖြင့် မှတ်တမ်းတင် ထားနိုင်မည် ဆိုလျှင်တောင်မှ...နောက်ဆုံးတွင် ၎င်းကို လုံးလုံးလျားလျား မေ့လျော့သွားမည်သာပင်။
‘ငါ က စကားလုံး လေးလုံး ကို မြင်နေရရင်တောင်မှ... အဲဒါ ကို လုံးဝ မှတ်မိနိုင်မှာ မဟုတ်ဘူး’
နင်ချီသည် ကိုယ်ပိုင် အသိစိတ် နှင့် စိတ်ဝိညာဉ် အာရုံခံစားမှု များ အပေါ် တွင် ထို စကားလုံး လေးလုံး ကို ရေးထွင်းရန် သူ၏ အလိုဆန္ဒ ကို ဓား တစ်လက် အဖြစ် အသုံးပြုခဲ့သော်ငြားလည်း... ရေးထွင်း ပြီးသည် နှင့် တစ်ပြိုင်နက် ရေးထွင်း ခြင်း လုပ်ငန်းစဉ် ထက်ပင် ပိုမို မြန်ဆန်စွာ မှေးမှိန် ပျောက်ကွယ်သွားတော့၏။
ရုတ်တရက် နင်ချီ မျက်လုံးများကို မှိတ်လိုက်၏။
ဤကဲ့သို့သော ထူးထွေဆန်းပြားသည့် အခြေအနေ မျိုး နှင့် သူ ပထမဆုံး အကြိမ် အဖြစ် ကြုံတွေ့ ရခြင်းပါ။
သူ ၏ ကျန်ရှိနေသော မှတ်ဉာဏ် များ မှာ... သူနောက်တစ်ကြိမ် ရေးထွင်း မှတ်သားရန် အတွက်သာ လုံလောက်တော့ပေ။
"ငါ ဒါကို မမေ့သွားအောင် ဘယ်အပေါ်မှာ ရေးမှတ် ထားရမလဲ"
ရုတ်တရက်... နင်ချီသည် စုတ်ပြဲနေသော သစ်ရွက် တစ်ရွက် ကို ထုတ်ယူလိုက်ရ၏။
ဒါက တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့အား ပထမဆုံး အကြိမ် ပေးအပ် ခဲ့သော စုတ်ပြဲနေသည့် သစ်ရွက်လေး ပင် ဖြစ်တော့၏။
စုတ်ပြဲနေသည့် သစ်ရွက်လေးမှာ မည်သည့် သစ်ပင် ၏ အရွက် ဖြစ်ကြောင်း ကို နင်ချီ မသိပါ။
၎င်းသည် ဝိညာဉ်ကမ္ဘာ ကမ္ဘာ့ ဆန္ဒတော် များ ၏ အာရုံခံနိုင်စွမ်း ကို တားဆီး ပေးနိုင်စွမ်း ရှိလေသည်။
‘ကမ္ဘာ့ဆန္ဒတော် ၏ အာရုံခံနိုင်စွမ်း ကိုတောင် တားဆီးနိုင်သေးတယ် ဆိုမှတော့... တခြား အရာ တွေကို တားဆီး ဖို့ ဆိုတာ လည်း ပြဿနာ မရှိနိုင်ဘူး မဟုတ်လား’
သူ၏ မှတ်ဉာဏ် များ မပျောက်ကွယ်သွားမီ... နင်ချီသည်နောက်ဆုံး တွင် "ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား" ဟူသော စကားလုံး လေးလုံး ကို စုတ်ပြဲနေသော သစ်ရွက် ရတနာ လေး ပေါ်တွင် အောင်မြင်စွာ ရေးထွင်း မှတ်သားနိုင်ခဲ့လေပြီ။
ရှားပါးလှသော စုတ်ပြဲနေသည့် သစ်ရွက် ရတနာ လေး ကို သူ စူးစိုက် ကြည့်နေသည်။ ၎င်း အပေါ်ရှိ စကားလုံး လေးလုံး ကို... ပျက်စီးခြင်း မရှိသေးသော သစ်ရွက် ၏နေရာ တွင် အလွန်တရာ သေးငယ်စွာ ဖြင့် သူ့ ကိုယ်တိုင် အသေအချာ ရေးထွင်း ထားခဲ့လေ၏။