← Chapters

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း ၁၀၀၂

Vol. 67 Ch. 1002

အခန်း (၁၀၀၂) - ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား

ဤ တစ်ကြိမ် တွင်လည်း... ထို စကားလုံး လေးလုံး မှာ ၎င်းတို့ ဘာသာ အလိုအလျောက် ပြေလည်သွားစေမည့် အပြောင်းအလဲ များ ဆက်လက် ဖြစ်ပေါ်နေဆဲ ပင်။

သို့သော် ထို အပြောင်းအလဲ များ စတင် ဖြစ်ပေါ်လာသည် နှင့် တစ်ပြိုင်နက်... လေတိုက်၍ ဖြစ်ဖြစ်၊ သစ်ရွက် ကို ကိုင်ထားတဲ့ နင်ချီ ရဲ့ လက် လှုပ်ရှားသွား၍ ဖြစ်ဖြစ်၊ သို့မဟုတ် သစ်ရွက် က သူ့ဘာသာသူ အလိုအလျောက် လှုပ်ရှားသွား၍ပင်ဖြစ်ဖြစ်... စုတ်ပြဲနေသော သစ်ရွက် ရတနာ လေး မှာ လှုပ်ရှားသွားတော့၏။

ထို စကားလုံး လေးလုံး မှာ ၎င်းတို့ ဘာသာ အလိုအလျောက် မှေးမှိန် ပျောက်ကွယ်နေခြင်း မှ ရပ်တန့်သွားခဲ့လေပြီ။

နင်ချီ မှာ ၎င်းကို သူ၏ စိတ်ထဲမှ မေ့လျော့သွားမည် ကို စိုးရိမ်နေဆဲ ပင်။

သစ်ရွက် ပေါ်ရှိ စကားလုံး လေးလုံး ကို စူးစိုက် ကြည့်နေသော်ငြားလည်း... သူသည် စကားလုံး တစ်လုံး တည်း ကိုသာ မှတ်မိနေတော့၏။

နင်ချီ တစ်ယောက် ထို စကားလုံး လေးလုံး ကို လုံးလုံးလျားလျား မေ့လျော့သွားတော့မည့် ဆဲဆဲ အချိန်လေး တွင်... သူ၏ မှတ်ဉာဏ် များသည် အလွန် လျင်မြန်သော အရှိန်အဟုန် ဖြင့် တိုးပွားလာပြီး ပြန်လည် နာလန်ထူလာကြောင်း ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရတော့သည်။

"ရသွားပြီလား"

နင်ချီသည် စုတ်ပြဲနေသော သစ်ရွက် ကို လက်ထဲတွင် ကိုင်ထားရင်း... အင်မတန် မယုံကြည်နိုင်အောင် ဖြစ်နေရ၏။

သူ ၏ မှတ်ဉာဏ် ထက်ပင် ပိုမို ကောင်းမွန်သော လုပ်ဆောင်ချက် အသစ် တစ်ခု ကို ဤ စုတ်ပြဲနေသော သစ်ရွက် ထဲတွင် သူ ရှာဖွေ တွေ့ရှိသွားခဲ့လေပြီ။

‘ဟူး..ဒါ‌လေးက အခြားသူများထက် ထူးဆန်းတဲ့ အရာ တွေကို မှတ်မိတဲ့နေရာမှာ ပိုပြီး တော်တယ် လို့ ပြောရမှာပေါ့…သစ်ရွက် ကို လက်ထဲ မှာ မကိုင်ထားရင် ဘာတွေ များ ပြောင်းလဲသွားမလဲ'

နင်ချီသည် သိချင်သွားသဖြင့်... စုတ်ပြဲနေသော သစ်ရွက် ကို သိမ်းဆည်းလိုက်တော့၏။

သို့သော် အချိန် အတန်ကြာ စောင့်ဆိုင်း ပြီးနောက် တွင်လည်း... သူသည် လုံးဝ (လုံးဝ) မမေ့လျော့သွားခဲ့ပါ။

သို့မှသာ နင်ချီ တစ်ယောက် နောက်ဆုံး တွင် စိတ်အေးသွားနိုင်တော့သည်။

သူ က ကောင်းကင်ယံ သို့ မျှော်ကြည့်လိုက်ရာ... ပင်လယ်ဘိုးဘေးကြီးက သူတော်စင် ဘိုးဘေးကြီး အား ရုတ်တရက် မေးလိုက်သည် ကို တွေ့လိုက်ရ၏။

"ရှင် ခုနက ကျွန်မကို ဘာပြောလိုက်တာလဲ"

သူတော်စင် ဘိုးဘေးကြီးက ပွင့်ပွင့်လင်းလင်း ပင် ပြန်ပြောလိုက်၏။

"ငါ မင်းကို ပြောပြရင်တောင် မင်း မှတ်မိမှာ မဟုတ်ဘူးလေ။ မင်း ရဲ့ မှတ်ဉာဏ် က အဘိုးကြီး တွေထက် တောင် ပိုဆိုးနေသေးတယ်။ ဒါကြောင့် ထပ်ပြီး မမေးပါနဲ့တော့"

ပင်လယ်ဘိုးဘေးကြီး ၏ မျက်ခုံးတန်းများ တွန့်ချိုးသွားသော်ငြားလည်း... သူမ ခုလေးတင် က မေးခဲ့သော မေးခွန်း ကို ချက်ချင်း ပင် မေ့လျော့သွားပြန်၏။

သူမသည် သူမ၏ ကျောက်စိမ်း အလား လှပသော လက် ကို ဆန့်ထုတ်ကာ သူမ၏ နဖူး ကို ဖိထားလိုက်သော်ငြား... သူမ၏ စိတ်အာရုံ မှာ ဝေဝါးနေပြီး ဘာတွေ ဖြစ်ပျက်သွားသနည်း ဆိုတာကို သူမ ကိုယ်တိုင် ပင် နားမလည်နိုင်အောင် ဖြစ်နေရသည်။

"ငါ က နယ်မြေများ ပင်လယ် ရဲ့ စွမ်းအား တွေကို အသုံးပြုလိုက်တဲ့ ထောင်ချောက် ထဲကို နောက်တစ်ခါ ထပ်ကျသွားပြန်တာလား" သူမ ဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ နင်ချီ ပင်လျှင် အံ့အားသင့်သွားတော့သည်။

သူတော်စင် ဘိုးဘေးကြီး နှင့် ရင်ပေါင်တန်းနိုင်သော အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် ပင်လယ်ဘိုးဘေးကြီး တောင်မှ မှတ်မိနိုင်စွမ်း မရှိဘူးလား။

နင်ချီ ၏ အကြည့်များ က သူတော်စင် ဘိုးဘေးကြီး ဆီသို့နောက်တစ်ကြိမ် ရောက်ရှိသွားပြန်၏။

သူတော်စင် ဘိုးဘေးကြီး ၏ လက်ထဲရှိ ရှေးဟောင်း ပန်းချီကား လိပ် မှာ အချိန် အတော် ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ။ သူတော်စင် ဘိုးဘေးကြီးက ၎င်းကို ဖုံးကွယ် သိမ်းဆည်းလိုက်ခြင်း ပင် ဖြစ်၏။

သူတော်စင် ဘိုးဘေးကြီး မှာ ဤ မှတ်ဉာဏ် ပျောက်ကွယ်သွားမှု ၏ သက်ရောက်ခံရပုံ မပေါ်ကြောင်း နင်ချီ ခံစားလိုက်ရသည်။

ဒါ က သူတော်စင် ဘိုးဘေးကြီး ကိုယ်တိုင် က ပန်းချီကား လိပ် ကို ပိုင်ဆိုင် ထားလို့ များလား။

မည်သို့ပင် ဆိုစေကာမူ... နင်ချီသည် ၎င်းကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့၏။ သူသည် ၎င်းကို သူ၏ လက်ထဲသို့ ရယူလိုသော်ငြားလည်း... လောလောဆယ် တွင်တော့ ဘာမှ မလုပ်ဘဲ ငြိမ်နေရန် သာ ရွေးချယ်လိုက်သည်။

သူတော်စင် ဘိုးဘေးကြီး ၏ သိုလှောင်လက်စွပ် ကို ဖွင့်လှစ် ရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲ လွန်းလှသည်လေ။

ထို အခိုက်အတန့် တွင်... သူတော်စင် ဘိုးဘေးကြီးကလည်း နင်ချီ ကို တစ်ချက် အကဲခတ်ကြည့်လိုက်၏။

နင်ချီ ၏ တွန့်ချိုးနေသော မျက်ခုံးတန်းများကို မြင်လိုက်ရသော အခါ... သူတော်စင် ဘိုးဘေးကြီး မှာ နှစ်ထောင်းအားရ ဖြစ်သွားတော့သည်။

‘ကောင်လေး... မင်း တောင် မှတ်မိလို့ မရတဲ့ အရာ တွေ ရှိနေသေးတယ် မဟုတ်လား’

နင်ချီသည် သူတော်စင် ဘိုးဘေးကြီး ၏ အကြည့် ကို သဘာဝကျစွာ ပင် သတိပြုမိသွားပြီး... သူ ဘာလုပ်နေသနည်း ဆိုသည်ကိုလည်း ကောင်းကောင်းကြီး နားလည်လိုက်၏။

‘ဟင်း... အဘိုးကြီး... ခင်ဗျား ကို ကျွန်တော် အရင်ဆုံး လုံခြုံတယ် လို့ ခံစားရအောင် လှည့်စား ထားဦးမယ်။ စစ်ပွဲ ကြီး ပြီးသွားတဲ့ အချိန်ကျရင် ခင်ဗျား ဆက်ပြီး ရယ်နိုင်ပါသေးတယ် လို့ ကျွန်တော် မျှော်လင့်ပါတယ်’

စစ်မြေပြင်နယ်မြေ ၏ အတွင်းဘက် ၌ကား...

သူတော်စင် ဘိုးဘေးကြီးက ထို ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား ကို ထုတ်ယူလိုက်ခြင်း ကြောင့်... ယခုလေးတင် မှ အသေအလဲ တိုက်ခိုက်နေခဲ့ကြသော ထို နှစ်ဦး မှာ ထူးဆန်းသော တိတ်ဆိတ် ငြိမ်သက်သွားကြ၏။ မည်သူ ကမျှနောက်ထပ် စစ်ပွဲ တစ်ခု ကို စတင် ရန် ရည်ရွယ်ချက် မရှိကြတော့ပေ။

ပင်လယ်ဘိုးဘေးကြီးသည် သူမ၏ နဖူး ကို ဆက်လက် ဖိထားဆဲ ဖြစ်ပြီး... သူတော်စင် ဘိုးဘေးကြီးကမူ မြင်ကွင်း တစ်ခုလုံး ကို ဝေ့ဝဲ ကြည့်ရှု လေ့လာနေလေသည်။

All Chapters