← Chapters

အခန်း ၁၀၀၃

Vol. 67 Ch. 1003

အခန်း ၁၀၀၃

Vol. 67 Ch. 1003

အခန်း (၁၀၀၃) - တောင်ဘိုးဘေးကြီး ဝင်ရောက်လာခြင်း

ပင်လယ်ဘိုးဘေးကြီးသည် တောင်နှင့် ပင်လယ် ကမ္ဘာ မှ တောင်ဘိုးဘေးကြီး ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့၏။

ဤမျှ အချိန် ကြာမြင့်စွာ တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် တိုက်ပွဲ ဝင်ခဲ့ရပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ မြောက်မြားစွာ ကို မြင်တွေ့ ခဲ့ရပြီးနောက်တွင်... စစ်ပွဲ ၏ အမှန်တရား ကို ဆုပ်ကိုင်နိုင်ခဲ့ပြီ ဟု သူ ခံစားလိုက်ရသည်။

ပင်လယ်ဘိုးဘေးကြီးသည် ကျယ်ပြန့်သော ကမ္ဘာ ကို ကျူးကျော် ဝင်ရောက် လိုသော ရည်ရွယ်ချက် အလွန် နည်းပါး လှ၏။

နင်ချီ နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်တော့... သူတော်စင် ဘိုးဘေးကြီးသည် သူ၏ အနာဂတ် ကို ကြိုတင် ဟောကိန်း ထုတ်ထားခဲ့ပြီး ဖြစ်ကာ အတော်လေး တိကျ မှန်ကန်သော ဟောကိန်း တစ်ခု ကို ရရှိထားသည် ဟု ယုံကြည် ထားလေသည်။

မူလ က သူတော်စင် ဘိုးဘေးကြီးသည် သူသည် အခြားသူများ ကဲ့သို့ပင် အရာရာ ကို ရာခိုင်နှုန်း ပြည့် တိကျ မှန်ကန်စွာ ဟောကိန်း ထုတ်နိုင်စွမ်း ရှိသေးသည် ဟု ယုံကြည် ထားခဲ့၏။ သို့သော်... လမ်းခရီး တစ်လျှောက်လုံး တွင် ကြုံတွေ့ ခဲ့ရသော နင်ချီ ၏ ကြောက်မက်ဖွယ် ကောင်းလှသည့် တိုးတက် ကြီးထွားမှုများကို ထည့်သွင်း စဉ်းစားလိုက်သောအခါ... သူ ၏ ဗေဒင် ဟောကိန်း များတွင် (၂၀) ရာခိုင်နှုန်း ခန့် မသေချာ မရေရာ မှုများကို ထပ်မံ ပေါင်းထည့်လိုက်ရတော့သည်။

နင်ချီ အနေဖြင့် ကျယ်ပြန့်သော ကမ္ဘာ ကို တိုက်ခိုက် လိုသော ဆန္ဒ ရှိရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပါ။

ထို့ကြောင့်... ဝိညာဉ်နယ်မြေ စစ်ပွဲ ကြီးကို အမှန်တကယ် စတင် လောင်ကျွမ်း စေနိုင်သူ မှာ ယခုတိုင်အောင် ပေါ်ထွက် မလာသေးသော တောင်ဘိုးဘေးကြီး တစ်ဦးတည်း သာလျှင် ဖြစ်တော့၏။

ရယ်စရာ ကောင်းသည့် အချက်မှာ... သူတော်စင် ဘိုးဘေးကြီး ၏ ကိုယ်ပိုင် တွက်ချက်မှု များ အရ ဆိုလျှင် ကျယ်ပြန့်သော ကမ္ဘာ ကို အတိုက်ခိုက် ချင်ဆုံး သူ က... ယခု အချိန်အထိ စစ်မြေပြင် သို့ ရောက်မလာ သေးဘူး ဆိုတော့... ဘာတွေ ဖြစ်ကုန်တာလဲ။

သူတော်စင် ဘိုးဘေးကြီးသည် စစ်မြေပြင်နယ်မြေ အတွင်း၌ ကျန်ရှိနေကြသော လူတိုင်း ကို သနား စာနာသော အကြည့် ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်၏။ ထိုအထဲတွင် ပင်လယ်ဘိုးဘေးကြီး နှင့် နင်ချီ တို့လည်း ပါဝင်နေ၏။

‘သူတို့ အားလုံး က အဲဒီ တောင်ဘိုးဘေးကြီး ဆိုတဲ့ ကောင် ရဲ့ အသုံးချ တာကို ခံလိုက်ရပြီ ထင်ပါရဲ့’

“ကောင်လေး... မင်း ဘယ်အချိန် အထိ ပျင်းရိနေဦးမှာလဲ။ ဒီ စစ်ပွဲ ထဲမှာ မင်း က အကြီးမားဆုံး အကျိုးအမြတ် တွေကို ရယူ ချင်သေးတာ မဟုတ်ဘူးလား”

ရုတ်တရက်... သူတော်စင် ဘိုးဘေးကြီးက နင်ချီ ထံသို့ သတင်းစကား တစ်ခု ပေးပို့လိုက်တော့သည်။

နင်ချီ တစ်ယောက် စကားဆွံ့အသွားရ၏။

ဤ လူ က သူ့ကိုနောက်တစ်ကြိမ် ထပ်ပြီး ဖျောင်းဖျ ရန် ကြိုးစားနေပြန်လေပြီ။

တစ်ချိန်တည်းမှာပင်... သူတော်စင် ဘိုးဘေးကြီးသည် နဖူး ကို ဖိကိုင်ထားသော ပင်လယ်ဘိုးဘေးကြီး နှင့်လည်း တစ်ခုခု ကို ဆွေးနွေး တိုင်ပင်နေ၏။

ပင်လယ်ဘိုးဘေးကြီးသည် ပထမဆုံး အကြိမ် အဖြစ် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဒေါသတကြီး ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

"နောက်ထပ် စကား တစ်ခွန်း ထပ်ပြောကြည့်စမ်း... ဘာပဲ ပေးဆပ် ရပါစေ.. ကျုပ်.. ခင်ဗျားကို သတ်ပစ်မယ်"

သူ အလွန်အမင်း ဖျောင်းဖျ လိုသော ပုဂ္ဂိုလ် နှစ်ဦး စလုံး က သူ့ကို လျစ်လျူရှု ထားခဲ့ကြသဖြင့်... သူတော်စင် ဘိုးဘေးကြီး အလွန်တရာ အရှက်ကွဲသွားခဲ့ရတော့၏။

"ဒီ ဝက် ဦးနှောက် တွေ က တောင်နဲ့ ပင်လယ် ကမ္ဘာ ကို တကယ်ပဲ အဲဒီလောက်တောင် သစ္စာ ရှိနေကြတာလား... ငါ့ရဲ့ ကျယ်ပြန့်သော ကမ္ဘာ ကို အနိုင်ရအောင် ကူညီဖို့ တခြား နည်းလမ်း လေး တစ်ခုခု တောင် မစဉ်းစားနိုင်ကြဘူးလား"

သူ က နင်ချီ ကို ရည်ညွှန်း ပြောဆိုနေခြင်းလား... သို့တည်းမဟုတ် ပင်လယ်ဘိုးဘေးကြီးကို ရည်ညွှန်းနေခြင်းလား ဆိုသည်ကိုတော့ အတိအကျ မသိရှိနိုင်ပါ။

...

တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အတွင်းဘက် ၌ကား...

ကောင်းကင်ဘုံ ချိတ်ဆက် တောင်ထွတ် ၏ အထက် တွင်...

တောင်ဘိုးဘေးကြီးသည် တောင်ထိပ် ပေါ်တွင် မတ်မတ်ရပ်နေပြီး... လေ၊ မိုးကြိုး၊ နှင်းခဲ၊ သို့မဟုတ် ပူပြင်းလှသော အပူရှိန် တို့ကို အနည်းငယ်မျှ ပင် ဂရုမစိုက်ခဲ့ချေ။

သူသည် စစ်မြေပြင်နယ်မြေ ၏ မျက်နှာ ကို စူးစိုက် ကြည့်နေပြီး... ၎င်းမှာ ဓား နှင့် ပုဆိန် တို့ဖြင့် ထွင်းထု ထားသည့်အလား သုံးဖက်မြင် ပုံစံ ပေါက်နေ၏။

တောင်ဘိုးဘေးကြီးသည် ငယ်ရွယ်စဉ် အချိန် က အလွန်တရာ ချောမော ခန့်ညားသော အမျိုးသား တစ်ဦး သေချာပေါက် ဖြစ်ခဲ့ရမည် ပင်။

သူတော်စင် ဘိုးဘေးကြီးက ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကား ကို ထုတ်ယူလိုက်သည့် အချိန်လေး မှာပင်... တောင်ဘိုးဘေးကြီးက ရုတ်တရက် အော်ဟစ်လိုက်၏။

All Chapters