Chapters

အခန်း ၁၀၀၅

Vol. 67 Ch. 1005

အခန်း ၁၀၀၅

Vol. 67 Ch. 1005

အခန်း (၁၀၀၅) - တောင်ဘိုးဘေးကြီး ဝင်ရောက်လာခြင်း

ရုတ်တရက်... မြေပြင်ကြီး တုန်ခါသွား၏။

“ဝေါ…ဝေါ…”

စစ်မြေပြင်နယ်မြေ တစ်ခုလုံး ၏ ဝိညာဉ်ချီ များ တဟုန်ထိုး မြင့်တက်လာကာ... စည်းမျဉ်း စွမ်းအား များ နောက်တစ်ကြိမ် ပေါက်ကွဲပြန်၏။

ခုလေးတင် မှ ဝမ်းသာ ပျော်ရွှင်နေခဲ့ကြသော သူများ ၏ မျက်နှာများ မှာ... အစေ့ထူ ကြက်ဟင်းခါးသီးကြီး တစ်လုံး ကို အစိမ်း ဝါးစားလိုက်ရသည့်အလား တွန့်သွားကြတော့သည်။

"ကောင်းကင်ဘုံ... ခင်ဗျားမှာ မျက်လုံး မပါဘူးလား"

သူတို့၏ ရင်တွင်း၌ သာ ကြိတ်၍ ကျိန်ဆဲ ရဲကြသော်ငြားလည်း... မျက်လုံးများ အားလုံး မှာမူ သူတော်စင် ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ ရှိရာ အရပ်ဆီသို့ စူးစိုက် ကြည့်နေကြဆဲသာ။

သို့သော်ငြား... အံ့အားသင့်စရာ မှာ ထို နှစ်ဦး စလုံး.. မူလနေရာ တွင်ပင် မတုန်မလှုပ် ဆက်လက် ရပ်နေလေ၏။

သို့သော် ယခု အခါ တွင်မူ... ဘိုးဘေးကြီး နှစ်ဦး စလုံး ၏ အကြည့်များ မှာ သူတို့၏ နောက်ကွယ် ရှိ အရပ်ဆီသို့ အသီးသီး လှည့်ကြည့်လိုက်ကြလေပြီ။

"ပြောရခက်တယ်နော်..."

ကုန်းထျန်းတောက် က အနောက် သို့ ချက်ချင်း လှည့်ကြည့်လိုက်၏။

တောင်ဘိုးဘေးကြီး ၏ လက်အောက်ခံ ကျင့်ကြံသူများ အားလုံး ကလည်း ခေါင်းများ လှည့်ကြည့်လိုက်ကြသည်။

စစ်မြေပြင်နယ်မြေ နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ နယ်နိမိတ် ထိစပ်နေသောနေရာ တွင်... ကြောက်မက်ဖွယ် ကောင်းလှသော အားလှိုင်းများ အဆက်မပြတ် ရိုက်ခတ်နေပြီး လူအုပ်ကြီး၏ နေရာ သို့ ရောက်ရှိလာကာ... လမ်းခရီး တစ်လျှောက် တွင် ဖုန်တထောင်းထောင်း ထစေ၏။

သူတို့ ၏ မျှော်လင့်ချက် များ ကို တုံ့ပြန်နေသည့်အလား... ထိုနေရာ ရှိ နယ်နိမိတ် နံရံ ကြီးမှာ တစ်စုံတစ်ယောက် က စည်တော် ကြီးကို ထုနှက်နေသသလို အပြင်ဘက် သို့ လှိုင်းများ အဖြစ် ဖောင်းကား ထွက်လာနေတော့၏။

"ဒါက မင်းတို့ တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ..ဘိုးဘေးကြီး တွေ ဝိညာဉ်ကမ္ဘာတွေကို ဆက်ဆံတဲ့ ပုံစံလား"

သူတော်စင် ဘိုးဘေးကြီးက ပင်လယ်ဘိုးဘေးကြီးသို့ သံသယ ဝင်စွာဖြင့် မေးလိုက်၏။

သားချော့တေး တစ်ပုဒ် ကို ညည်းဆို နေခဲ့သော ပင်လယ်ဘိုးဘေးကြီးသည် ချက်ချင်း ပင် သတိ ပြန်လည်လာပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ ရှိရာ အရပ်ဆီသို့ စူးစိုက် ကြည့်လိုက်တော့သည်။

မြေကြီးမှာ ဆက်လက် တုန်ခါ နေဆဲ ဖြစ်ပြီး... လူတိုင်း ၏ အာရုံစိုက်မှုကို ဆွဲဆောင် နေလေသည်။

နောက်ဆုံး တွင်တော့... တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အတားအဆီး နံရံ ကြီး ပေါ်တွင် ဧရာမ အပေါက်ကြီး တစ်ပေါက် ပွင့်ထွက်သွား၏။ အလွန်တရာ ကြီးမား ထွားကျိုင်းလှသော ပုံရိပ် တစ်ခု က ၎င်း အတွင်းမှ နေ၍ ထွက်ပေါ်လာတော့၏။

သူသည် ခြေလှမ်း တစ်လှမ်းချင်းစီ ကို အလွန်တရာ ကြီးမားလှသော ခွန်အား များဖြင့် လှမ်း၏။ ခြေလှမ်း တိုင်း မှာ အနည်းငယ်မျှ ပင် ကွာခြားမှု မရှိဘဲ အတိအကျ တူညီသော အကွာအဝေး ရှိနေလေသည်။

တာအို ၏ ခမ်းနား ထည်ဝါလှသော ပုံရိပ်ကြီး မှာ မိုးကုတ်စက်ဝိုင်း တွင် ရှိနေဆဲ ဖြစ်သော်ငြားလည်း... ကုန်းထျန်းတောက် က အရင်ဆုံး ဦးဆောင် ကာ အော်ဟစ်လိုက်တော့၏။

"လက်အောက်ငယ်သား က တောင်ဘိုးဘေးကြီးကို ရိုသေစွာ ကြိုဆိုပါတယ် ခင်ဗျာ"

“တောင်ဘိုးဘေးကြီးကို ကြိုဆို ပါတယ်…”

“တောင်ဘိုးဘေးကြီးကို ကြိုဆို ပါတယ်…”

အော်ဟစ်သံ များက တစ်ခု ပြီး တစ်ခု ထွက်ပေါ်လာပြီး... တစ်စထက် တစ်စ ပိုမို ကျယ်လောင်လာကာ လူအုပ်ကြီးကို စိတ်လှုပ်ရှား တက်ကြွလာစေတော့၏။

နင်ချီကတော့ ထို နေရာ တွင် ရှိနေသော အခြားသူများကို အကဲခတ် လေ့လာ နေလိုက်သည်။