အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁) ပေါင်မုန့်
ဆန်းဝါသည် ကျောက်ခဲလေးအား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကိုမော့ကာ ပြောလိုက်လေသည်...။
"ဦးလေး... ကျွန်တော် ကျောက်ခဲလေးကို ချီထားလို့ရမလား..."
ကျိုးချန်ယဲ့သည် ပြုံးလိုက်ပြီး ခါးကိုကိုင်းကာ ကျောက်ခဲလေးကို ညင်သာစွာ ကမ်းပေးလိုက်လေ၏။
ဆန်းဝါသည် ကျောက်ခဲလေးအား သူ၏ရင်ခွင်ထဲတွင် သတိထား၍ ပွေ့ဖက်ထားလိုက်ရာ သူ၏ မျက်နှာ လေးမှာ ချက်ချင်းပင် ဝမ်းသာအားရမှုများဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။
ထိုအချိန်၌ ထျန်ရှောင်ယာသည် အစောပိုင်းက တံခါးဝတွင် မြင်တွေ့ခဲ့ရသည်ကို ရုတ်တရက် သတိရ သွားကာ ထျန်ချင်းလင်းအား ဘေးသို့ တိတ်တဆိတ် ဆွဲခေါ်သွားပြီးနောက် အသံကိုနှိမ့်လျက် ပြောလိုက် လေသည်...။
"ဒုတိယအစ်ကို... ခုနလေးတင် ချွေ့ချွေ့ကို ကျွန်မ မြင်လိုက်သလိုပဲ... သူက ဆိုင်ပေါက်ဝမှာ ခဏရပ်နေ ပြီးတော့မှ အထဲမဝင်ဘဲ လှည့်ထွက်သွားတယ်လေ..."
ထျန်ချင်းလင်းသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ခဏတာ စဉ်းစားလိုက်ပြီးနောက် တိုးညှင်း စွာ ပြောလိုက်လေသည်...။
"အရေးကြီးတဲ့ကိစ္စ မဟုတ်လောက်ပါဘူးလေ..."
"ဒါက ဘာအနံ့လေးလဲ... မွှေးနေတာပဲနော်..."
ဒုတိယမရီးဖြစ်သူ ကျောက်ရှောက်ထင်သည် အနံ့ခံကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်များက ထျန်ရှောင်ယာ၏ လက်မောင်းတွင် ချိတ်ဆွဲထားသော ဝါးခြင်းတောင်းလေးပေါ်သို့ ချက်ချင်း ကျရောက် သွားခဲ့လေ၏။
ဒုတိယမရီးက ထိုသို့ပြောလိုက်ပြီးနောက်တွင် အခန်းထဲရှိ လူတိုင်းက သူမအား ကြည့်နေကြသည်ကို ထျန်ရှောင်ယာ သတိပြုမိသွားခဲ့ပေသည်။
သူမသည် ၎င်းတို့၏ အကြည့်များရှိရာသို့ နားမလည်နိုင်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပြီး နောက် ရုတ်တရက် သတိရသွားခဲ့လေသည်...။
"ဪ... ငါ့မှတ်ဉာဏ်ကတော့ ဆိုးလွန်းပါတယ်... ငါ မေ့တောင်မေ့နေတတ်ပြီ..."
ထိုသို့ပြောရင်း သူမသည် အလျင်အမြန် ပြုံးလိုက်ကာ ဝါးခြင်းတောင်းကို ဖုံးအုပ်ထားသော အဝတ်စကို မလိုက်ရာ ဂျုံရနံ့နှင့်အတူ ချိုမြိန်သော အနံ့လေးတစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့လေသည်။
"ဒါက အာယဲ့ တီထွင်ထားတဲ့ မုန့်အသစ်လေ... ပေါင်မုန့်လို့ ခေါ်တယ်... ခုနလေးတင် မီးဖိုထဲက ထုတ် လာတာဆိုတော့ နွေးနေသေးတယ်..."
ထျန်ရှောင်ယာ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယွီ၏ မျက်လုံးများမှာ ချက်ချင်း အရောင်တောက်သွားခဲ့လေသည်။
သူမသည် အနီးကပ်ကြည့်ရန်အတွက် ခြင်းတောင်းအနီးသို့ အလျင်အမြန် ကပ်သွားကာ မေးလိုက်လေ သည်...။
"ဒီပေါင်မုန့်တွေ ပုံစံထူးဆန်းလှချည်လား... ခြံထဲမှာ ဒုတိယအစ်ကို လုပ်ထားတဲ့ ပေါင်မုန့်ဖိုနဲ့ ဖုတ်ထား တာလား..."
ထျန်ရှောင်ယာက ပြုံးကာ ခေါင်းညိတ်ပြလိုက်လေ၏။
ကျောက်ခဲလေးကို ချီထားသော ဆန်းဝါသည်လည်း အနားသို့ ရောက်လာခဲ့လေသည်။ သူ၏ မျက်လုံး များက ခြင်းတောင်းထဲရှိ ကွေးကောက်နေသော ခရိုးဆွန့် ပေါင်မုန့်များပေါ်သို့ ချက်ချင်း ကျရောက်သွား ပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိလေသည်...။
"အန်တီ... ဒါက... ဒါက နွားချိုလား... အဲ့ဒါ စားလို့ရလို့လား..."
သူ၏သားဖြစ်သူ၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသောအခါ ထျန်ချင်းလင်းသည် မော့ကြည့် လိုက်ရာ ကလေးငယ်ကို တည်ငြိမ်မှုမရှိဘဲ ပွေ့ချီထားသည်ကို မြင်လိုက်ရလေသည်။ သူသည် ချက်ချင်း ရှေ့သို့တိုးသွားကာ ညင်သာစွာ အော်ပြောလိုက်လေသည်...။
"အို... သတိထားလေ..."
သူသည် ဆန်းဝါ၏ ရင်ခွင်ထဲမှ ကျောက်ခဲလေးကို အလျင်အမြန် လွှဲယူလိုက်ပြီး သူ၏ရင်ခွင်ထဲ၌ တည် ငြိမ်စွာ ပွေ့ချီထားလိုက်ကာ ပြောလိုက်လေသည်...။
"နောက်တစ်ခါ ညီလေးကို ချီရင် အခုလို ပေါ့ပေါ့ဆဆ မလုပ်ရဘူးလေ... မတော်တဆ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ..."
ဆန်းဝါသည် သူ၏ လွတ်ဟာသွားသော လက်များကို ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ဖခင် ရင်ခွင်ထဲသို့ ရောက်သွားပြီဖြစ်သော ညီငယ် ကျောက်ခဲလေးကို စိုးရိမ်စွာ လှမ်းကြည့်လိုက်လေသည်။
သူသည် မွှေးကြိုင်နေသော ပေါင်မုန့်ကို ချက်ချင်း မေ့သွားကာ သူ၏ဖခင်ထံသို့ တန်းတန်းမတ်မတ် ပြေး သွားပြီး ပြောလိုက်လေသည်...။
"အဖေ... ဒါက သားရဲ့ ညီလေးလေ..."
၎င်းတို့အားလုံးသည် ဆန်းဝါနှင့် ဒုတိယအစ်ကိုတို့ ကစားနေကြသည်ကို အတန်ကြာ စောင့်ကြည့်နေပြီးမှ ဘေးရှိ ခြင်းတောင်းထဲမှ လွင့်ပျံလာသော ရနံ့ကြောင့် အာရုံများ ပြန်လည် ရောက်ရှိသွားကြလေသည်။
ဒုတိယမရီး ကျောက်ရှောက်ထင်သည် ခြင်းတောင်းထဲရှိ ချိုမြိန်ပြီး မြည်းစမ်းချင်စရာကောင်းသော ပေါင်မုန့်များကို အရောင်လက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်မိလေသည်...။
"ညီမလေး... ဒီမုန့်တွေအားလုံးကို နင်ကိုယ်တိုင် လုပ်ထားတာလား..."
ထျန်ရှောင်ယာက ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်...။
"အာယဲ့ရဲ့ အကြံဉာဏ်ပါ... ကျွန်မက သူလုပ်ပြတဲ့အတိုင်းကို လိုက်လုပ်ထားတာလေ..."
သူမသည် ကွေးနေသော ပေါင်မုန့်တစ်ခုကို လက်ညှိုးထိုးပြကာ အသေးစိတ် ရှင်းပြလိုက်လေသည်...။
"ကြည့်ပါဦး... ဒီတစ်ခုက နွားချိုနဲ့တူတယ်... သူ့ကို ခရိုးဆွန့်လို့ ခေါ်တယ်... အပေါ်ယံလွှာကို ကြွပ်ရွနေ တဲ့အထိ ဖုတ်ထားပြီး အတွင်းပိုင်းကတော့ နူးညံ့ပြီး ပွနေတာပေါ့..."
ထို့နောက် သူမသည် အထုံးပုံစံ ပေါင်မုန့်ကို ကောက်ကိုင်လိုက်လေသည်...။
"ဒီတစ်ခုကတော့ ပရက်ဇယ်ပေါင်မုန့်လေ... သူက ဝါးလို့ကောင်းတယ်... ဆားငန်ရသာလေးရှိပြီး အများ ကြီးစားရင်တောင် အီမသွားဘူးပေါ့..."
နောက်ဆုံးတွင် သူမသည် လေးထောင့်ပုံစံ ပေါင်မုန့်ကို ယူလိုက်လေသည်...။
"ပြီးတော့ ဒီလေးထောင့်ပုံစံကိုတော့ တိုးစ့်ပေါင်မုန့်လို့ ခေါ်တယ်... နို့ရနံ့ သင်းပြီး နူးညံ့ပြီး ချိုတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေစားဖို့ အထူးသင့်တော်တယ်လေ..."
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရနံ့လေးက အခြားသူများအား ဆွဲဆောင်သွားခဲ့ပြီဖြစ်ရာ ၎င်းတို့အား လုံးသည် လက်လှမ်းကာ သေးငယ်သော အပိုင်းလေးတစ်ခုစီကို ဖဲ့ယူ၍ မြည်းစမ်းကြည့်လိုက် ကြလေသည်။
မြည်းစမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့ပြီး အလွန်အရသာရှိကြောင်း အဆက်မပြတ် ချီးကျူးလိုက်ကြလေသည်။
ဒုတိယမရီး ကျောက်ရှောက်ထင်သည် စားသောက်နေရင်းဖြင့် ဘာဖြစ်နေသည်ကို သဘောပေါက်သွားခဲ့ ပေသည်။ သူမသည် ထျန်ရှောင်ယာအား လိမ္မာပါးနပ်သော အကြည့်များဖြင့် မော့ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်...။
"ညီမလေး... ဒီပေါင်မုန့်တွေက... ငါတို့ကို မြည်းစမ်းကြည့်ဖို့ သက်သက် လုပ်ထားတာ မဟုတ်ဘူးမ လား..."
"ငါတို့ဆိုင်မှာ ဒါတွေကို ရောင်းလို့ရနိုင်မလား..."
ထျန်ရှောင်ယာ၏ မျက်လုံးများ အရောင်တောက်သွားခဲ့ပြီး သူမက ပြုံးကာ ပြောလိုက်လေသည်...။
"ဒုတိယမရီး... ကျွန်မတို့လည်း အဲ့လိုပဲ တွေးနေကြတာ..."
"အာယဲ့နဲ့ ကျွန်မလည်း ဒီအကြောင်းကို စဉ်းစားနေခဲ့တာလေ... ဒီပေါင်မုန့်က အသစ်အဆန်းဖြစ်ပြီး တော့ အရသာကလည်း ထူးခြားတယ်မဟုတ်လား..."
"အကယ်၍ ဆိုင်မှာသာ ရောင်းနိုင်ရင် ဖောက်သည်သစ်တွေ အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်..."
ကျိုးချန်ယွီသည် တောက်ပနေသော မျက်လုံးများဖြင့် နားထောင်နေရင်း စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်သပ်ကာ ပြောလိုက်လေသည်... ။
"ဒီလောက် အရသာရှိတဲ့ဟာမျိုးက သေချာပေါက် အရောင်းသွက်မှာပဲ... ငါတို့တော့ ငွေတွေ အများကြီး ဝင်လာတော့မယ်ဆိုတာ သေချာနေပြီ..."
ဤအချိန်တွင် စကားများများစားစား မပြောဘဲနေသော ကျိုးချန်ယဲ့သည် ရှေ့သို့ ထွက်လာခဲ့လေ၏။
သူသည် အိတ်ကပ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော မုန့်လုပ်နည်းနှင့် ပေါင်မုန့်ဖို ပုံကြမ်းတစ်ခုကို ထုတ် ယူကာ ဒုတိယမရီး ကျောက်ရှောက်ထင်ထံသို့ ကမ်းပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။
"ဒုတိယအစ်ကို... ခြံနောက်ဖေးမှာ ပေါင်မုန့်ဖို မြန်မြန်လေး ဆောက်လိုက်ပါဦး... အဆင်ပြေသွားအောင် ဒီရက်ပိုင်းအတွင်းမှာတော့ ကျွန်တော်တို့ဆီကနေ ပေါင်မုန့်ဖုတ်ပြီး လာပို့ပေးပါ့မယ်..."
၎င်းတို့ ဆွေးနွေးပြီးနောက် အစီအစဉ်ကို သဘောတူလိုက်ကြကာ ဒုတိယအစ်ကိုနှင့် မရီးဖြစ်သူတို့သည် ချက်ချင်းပင် အလုပ်စတင်ကြလေတော့သည်။
ဒုတိယမရီး ကျောက်ရှောက်ထင်သည် ကျိုးချန်ယဲ့ ပေးသော ချက်ပြုတ်နည်းအတိုင်း ပေါင်မုန့်လုပ်ရန် သင်ယူခဲ့လေ၏။ သူမသည် အဆင့်တိုင်းတွင် သတိထားကာ စေ့စပ်သေချာပြီး ပါဝင်ပစ္စည်းစာရင်းကို တိကျစွာ လိုက်နာလျက် အနည်းငယ်မျှပင် မပေါ့ဆရဲခဲ့ချေ။
ဒုတိယအစ်ကိုသည်လည်း အုတ်များသယ်ခြင်း၊ ရွှံ့များဖျော်ခြင်းနှင့် ငြမ်းများဆောက်ခြင်းတို့ဖြင့် အလုပ် များနေခဲ့လေသည်။ သူသည် ပုံစံကြမ်းအတိုင်း ခြံနောက်ဖေး၌ ပေါင်မုန့်ဖိုတစ်ခုကို တည်ဆောက်နေရင်း အလွန်အမင်း အလုပ်များနေခဲ့ပေတော့သည်။
ကျိုးချန်ယွီမှာ ယခုအခါတွင် ကိစ္စရပ်များကို သူမကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်နေပြီ ဖြစ်လေ၏။ လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် ဆိုင်၏ လုပ်ငန်းများကို တာဝန်ယူပေးခဲ့သောကြောင့် ဒုတိယ မရီးသည် ပေါင်မုန့်လုပ်နည်းကို လေ့လာခြင်း၌သာ အာရုံစိုက်နိုင်ခဲ့ပေသည်။
မိသားစု၏ တတိယသားဖြစ်သော ဆန်းဝါကိုမူ ကျိုးမိသားစု၏ ခြံဝင်းထဲသို့ ယာယီ စောင့်ရှောက်ရန် ပို့ထားခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ ကလေးကို စောင့်ရှောက်ရမည်ဖြစ်ရာ ရှောင်ထင်ထင်ကိုပါ တစ်ပါတည်း ခေါ်လာလျှင် ကောင်းမည်ဟု ကျိုးချန်ယဲ့ စဉ်းစားမိလိုက်လေ၏။ သို့မှသာ သူ၏ တတိယအစ်ကိုနှင့် မရီးဖြစ်သူတို့ အဝတ်အထည်ဆိုင်တွင် အလုပ်များနေစဉ် ကလေးအတွက် စိတ်ပူစရာ မလိုတော့မည် ဖြစ်ပေသည်။
ဤရက်ပိုင်းအတွင်း အပျော်ရွှင်ဆုံးသူများမှာ အိမ်ရှိ ကလေးငယ်လေးများပင် ဖြစ်လေတော့သည်။
၎င်းတို့သည် ခရိုးဆွန့်၊ ပရက်ဇယ်နှင့် တိုးစ့် ပေါင်မုန့်များကို အလှည့်ကျ စားသုံးကြပြီး ၎င်းတို့အားလုံးမှာ နေ့စဉ် လတ်လတ်ဆတ်ဆတ် ဖုတ်ထားခြင်းဖြစ်လေသည်။
ထို့အပြင် ကျိုးချန်ယဲ့သည် တစ်ခါတစ်ရံတွင် သူ၏ စနစ်နေရာလွတ်ထဲမှ သရေစာအမျိုးမျိုးကို ထုတ်ယူ ကျွေးမွေးလေ့ရှိရာ ကလေးငယ်များ၏ မျက်နှာလေးများမှာ စားသောက်ရင်းဖြင့် ဝိုင်းစက်ကာ ဖောင်းအိ လာကြသဖြင့် ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်လှပေသည်။
မုန့်ဆိုင်၏ ကောင်တာပေါ်တွင် ပေါင်မုန့်ကို တရားဝင် တင်ရောင်းလိုက်သည်နှင့် တစ်ပြိုင်နက် စီးပွားရေး မှာ ချက်ချင်းပင် အောင်မြင်သွားခဲ့လေတော့သည်။
လူအများအပြားသည် ဆိုင်မှဝယ်ယူရန်အတွက် တကူးတက လမ်းလွှဲကာ လာရောက်ခဲ့ကြပြီး ဆိုင်၏ နာမည်ကျော်ကြားမှုမှာ ယခင်ကထက် သိသိသာသာ တိုးတက်လာခဲ့ပေသည်။
မွန်းတည့်ချိန်ခန့်တွင် ဆိုင်သို့ မကြာခဏ လာရောက်လေ့ရှိသော အန်တီကြီးတစ်ဦးသည် မုန့်အချို့ကို ရွေးချယ်ပြီးနောက် ကောင်တာဘေးတွင် ရပ်ကာ ဒုတိယမရီး ကျောက်ရှောက်ထင်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေခဲ့လေသည်...။
"ရှောက်ထင်... ညည်းတို့ရဲ့ မုန့်တွေက စားလို့အကောင်းဆုံးပဲ... အရသာကလည်း စစ်မှန်ပြီး ဟိုလမ်း ထောင့်က ဆိုင်မှာ ရောင်းတဲ့ဟာတွေထက် အများကြီး ပိုကောင်းတာပဲ..."
ကျောက်ရှောက်ထင်သည် ချိန်ခွင်ပေါ်တွင် အလေးချိန်နေခြင်းကို ခေတ္တရပ်လိုက်ပြီး ချက်ချင်း မော့ ကြည့်ကာ မေးလိုက်လေသည်...။
"အန်တီ... လမ်းထောင့်က ဆိုင်ကို ပြောနေတာလား... အဲ့ဒီဆိုင်က ကျွန်မတို့နဲ့ အတူတူပဲ ရောင်းတာ လား..."
"ဟုတ်တယ်လေ... အမျိုးအစားတွေက... ညည်းတို့နဲ့ ဆင်တူတယ်လေ... ညည်းတို့ဆီက အသစ်ရောင်း တဲ့ ပေါင်မုန့်မရှိတာကလွဲလို့ပေါ့..."
"ဒါပေမဲ့ အရသာကတော့ ညည်းတို့ရောင်းတဲ့ဟာလောက် လုံးဝ မကောင်းပါဘူးလေ... အနံ့ကလည်း ညည်းတို့ဟာလောက် မမွှေးဘူး... သူ့ဈေးက ပိုသက်သာပေမဲ့ ငါကတော့ ညည်းတို့ဟာကိုပဲ ပိုကြိုက် တယ်..." ဟု အန်တီကြီးက ပြုံးလျက် ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ ဒုတိယမရီး ကျောက်ရှောက်ထင်က အလျင်အမြန် ပြုံးကာ ပြန်ဖြေလိုက် လေသည်....။
"ကျွန်မတို့ မိသားစုကို အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အန်တီ... ဒီနေ့ ဒီမုန့် တွေအတွက် အန်တီ့ကို နှစ်ဆယ် ရာခိုင်နှုန်း လျှော့ပေးလိုက်မယ်နော်..."