← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) မင်း သဘောကျရဲ့လား

ခြေသံများကို ကြားလိုက်ရသောအခါ ထျန်ရှောင်ယာသည် ခြံဝင်းတံခါးဘက်သို့ ခေါင်းလှည့်ကြည့် လိုက်ရာ အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လျက် ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသော ခင်ပွန်း ဖြစ်သူကို မြင်တွေ့လိုက်ရလေသည်။

သူမသည် လက်ကို အလျင်အမြန် သုတ်လိုက်ပြီး အနားသို့ ကမန်းကတန်း လျှောက်သွားကာ ပြောလိုက် လေသည်...။

"ဘာတွေ ယူလာတာလဲ... ဘာလို့ ဒီလောက်ပစ္စည်းတွေ အများကြီး သယ်လာရတာလဲ... ကျွန်မကို နည်းနည်း ပေးသယ်ပါဦး..."

"မလိုပါဘူး မလိုပါဘူး... မလေးပါဘူး... ကိုယ့်ဘာသာပဲ အထဲကို ယူသွားလိုက်ပါ့မယ်..."

ကျိုးချန်ယဲ့က ပြုံးလျက် ဘေးသို့ ရှောင်လိုက်ကာ သူ၏ပစ္စည်းများကို သယ်ဆောင်ပြီး ဧည့်ခန်းထဲသို့ တန်းလျှောက်သွားလိုက်လေသည်။

၎င်းတို့နှစ်ဦး ဧည့်ခန်းထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကျိုးချန်ယဲ့သည် သူသယ်လာသော အရာအားလုံးကို စားပွဲပေါ်သို့ ချထားလိုက်လေသည်။

သူက အခန်းထဲကို ဝေ့ကြည့်လိုက်ရာ တိတ်ဆိတ်နေပြီး များသောအားဖြင့် ဆူညံနေတတ်သော သူ၏ သားဖြစ်သူထံမှပင် အသံတစ်သံမျှ မထွက်ပေါ်လာချေ။ ထို့ကြောင့် သူက မနေနိုင်ဘဲ မေးလိုက်လေ သည်...။

"ရှောင်ယွီနဲ့ ရှောင်ရှော့တို့ရော ဘယ်သွားကြလဲ... ဘာလို့ ဒီလောက် တိတ်ဆိတ်နေရတာလဲ..."

ထျန်ရှောင်ယာက မနေနိုင်ဘဲ ရယ်မောလိုက်ပြီး စားပွဲပေါ်ရှိ အထုပ်များကို ကူညီ၍ နေရာချပေးရင်း ညင်သာစွာ ပြောလိုက်လေသည်...။

"ရှောင်ယွီနဲ့ ရှောင်ရှော့တို့က ရှန်ဟိုင်းကို ပြန်တော့မှာလေ... အဲ့ဒါ သူတို့နှစ်ယောက်က ဆန်းဝါနဲ့ ရှောင် ထင်ထင်တို့ကို နှုတ်ဆက်ဖို့ ကျောက်ခဲလေး ကို ခေါ်ပြီး ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ အိမ်ကို သွားကြတယ်လေ..."

ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့မှာ မတတ်သာသလို ပြုံးလိုက်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်း လျက် ပြောလိုက်လေသည်...။

"သူက ကလေးပဲ ရှိသေးတာကို..."

ထိုသို့ပြောပြီးနောက် ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူအား ထိုင်ရန် ဆွဲခေါ်လိုက်ပြီး ၎င်းတို့အတွက် ရေနွေး တစ်ခွက်စီ ငှဲ့ပေးကာ ပြုံးလျက် ပြောလိုက်လေသည်...။

"ဒါနဲ့ ဒါတွေက မိသားစုအတွက် ကိုယ်ဝယ်လာခဲ့တဲ့ ပစ္စည်းတွေပဲ... အချိန်ရရင် ခွဲပြီး နေရာချလိုက်ပါ ဦး..."

"ရှောင်ယွီနဲ့ ရှောင်ရှော့တို့လည်း အိမ်ပြန်ကြတော့မှာဆိုတော့ သူတို့အတွက် လက်ဆောင်တချို့ ပြင်ဆင် လာတာလေ... သင့်တော်ရဲ့လားဆိုတာ ကြည့်ကြည့်ပါဦး..."

ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်ရှိ အထုပ်များကို တစ်ထုပ်ပြီးတစ်ထုပ် ဖွင့်ဖောက်ရန် လက်လှမ်းလိုက်လေသည်။

သူမ၏ အကြည့်များမှာ အထုပ်ထဲရှိ သပ်ရပ်လှပသော အစိမ်းနုရောင် သေတ္တာလေးဆီသို့ ချက်ချင်း ဆွဲ ဆောင်ခံလိုက်ရပြီး သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့လေသည်။

သူမက သေတ္တာလေးကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ အထိအတွေ့မှာ နူးညံ့ ချောမွေ့နေခဲ့ပြီး သူမ၏ ရင်ထဲတွင် ကြည်နူးသွားခဲ့ပေသည်။

နောက်တစ်စက္ကန့်တွင် သူမသည် တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လာကာ ကျိုးချန်ယဲ့ကို စိုက်ကြည့်လာခဲ့လေသည်။

ဇနီးဖြစ်သူ၏ ထိုမျှလောက် စူးစိုက်ကြည့်ရှုခြင်းကို ခံလိုက်ရသောအခါ ကျိုးချန်ယဲ့မှာ အနည်းငယ် နေရ ခက်သွားခဲ့လေတော့သည်။

သူက ချောင်းဟန့်လိုက်ရာ သူ၏ နားရွက်ဖျားများမှာ အနည်းငယ် နီမြန်းသွားခဲ့ပြီး ရှက်ရွံ့နေသည့် အပြုံး လေးဖြင့် ရှင်းပြလိုက်လေသည်...။

"ကိုယ့်သူငယ်ချင်းက အသားအရေထိန်း အလှကုန်ပစ္စည်း အသုတ်တစ်သုတ် ရလာတာနဲ့ မိန်းကလေး တွေ အကုန်လုံး အဲ့ဒါကို ကြိုက်ကြတယ်လို့ ပြောတာနဲ့ပဲ မင်းနဲ့ လိုက်ဖက်မယ့် တစ်ဆက်ကို ရွေးလာခဲ့ တာလေ..."

သူ၏စကားကို ကြားလိုက်ရသောအခါ ထျန်ရှောင်ယာ၏ နားရွက်များမှာ ချက်ချင်းပင် နီရဲသွားခဲ့လေ၏။ သူမသည် ခေါင်းကို အလျင်အမြန် ငုံ့လိုက်သော်လည်း သူမ၏ အကြည့်များမှာ ရှေ့ရှိ အသားအရေထိန်း အလှကုန်သေတ္တာပေါ်၌သာ စွဲကပ်နေခဲ့ပြီး အကြည့်လွှဲရန်ပင် ဝန်လေးနေခဲ့ပေသည်။

"ဖွင့်ပြီး သဘောကျရဲ့လားဆိုတာ ကြည့်ကြည့်ပါလား..."

မျှော်လင့်ချက်အပြည့် ပါဝင်နေသော ကျိုးချန်ယဲ့၏ အသံမှာ သူမ၏ နားထဲသို့ ဝင်ရောက်လာခဲ့လေ သည်။

ထျန်ရှောင်ယာ၏ ရင်ထဲတွင် ချိုမြိန်သော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး သေတ္တာကို နာခံစွာပင် ဖွင့်လိုက်လေ၏။ သပ်ရပ်လှပသော ဖန်ပုလင်း အချို့မှာ အထဲ၌ ငြိမ်သက်စွာ ရှိနေခဲ့ပြီး ဈေးပေါမည့်ပုံ မပေါ်ချေ။

အပြင်ဘက်မှ နွေးထွေးသော နေရောင်ခြည်များက ဖြာကျလာကာ ကြည်လင်သော ဖန်ပုလင်းပေါ်သို့ ကျရောက်သွားရာ ပုလင်းထဲရှိ အရည်များကို နူးညံ့သိမ်မွေ့သော အလင်းရောင်ဖြင့် တောက်ပနေစေပြီး အလွန်တရာ လှပလွန်းသဖြင့် သူမ၏ ရင်ကိုပင် တဒိတ်ဒိတ် ခုန်စေခဲ့လေသည်။

သူမသည် မသိစိတ်မှ အလိုအလျောက် မျက်လုံးများကို ပြူးကျယ်သွားခဲ့ပြီး သူမ၏ လက်ချောင်းထိပ် များက အေးစက်ချောမွေ့နေသော ပုလင်းလေးကို ညင်သာစွာ ထိတွေ့လိုက်ရာ သူမ၏ နှလုံးသားမှာ ရုတ်တရက် အပြင်းအထန် ခုန်ပေါက်လာခဲ့ကာ ဒုတ်ဒုတ်ဒုတ် ဟူသော အသံကို သူမကိုယ်တိုင်ပင် ရှင်း လင်းစွာ ကြားနိုင်လောက်ပေသည်။

သူမ ဝမ်းသာနေသည်ကို မြင်လိုက်ရသောအခါ ကျိုးချန်ယဲ့သည်လည်း ပျော်ရွှင်သွားခဲ့လေ၏။

သူသည် စနစ်နေရာလွတ်ထဲတွင် ကြည့်ရှုခဲ့ရသော ညွှန်ကြားချက်များကို ဇနီးဖြစ်သူအား အလျင်အမြန် စတင်၍ အသေးစိတ် ရှင်းပြလေတော့သည်...။

"ဒါက မျက်နှာသစ်ဆေး... မျက်နှာသစ်ဖို့ သုံးတာ... ဒီပုလင်းက ရေဓာတ်ဖြည့် တိုနာ... ဘေးနားက တစ်ခုက ရေဓာတ်ဖြည့် လိုးရှင်း... ပြီးတော့ ဒီအပြားပုံစံ ဖန်ပုလင်းကတော့ ရေဓာတ်ဖြည့် ခရင်မ် ပဲ..."

သူ၏ ဓာတ်ပုံရိုက်သကဲ့သို့ မှတ်သားနိုင်စွမ်း ကြောင့်သာ အသားအရေထိန်း အလှကုန်များနှင့် ပတ်သက် ၍ ဘာမှနားမလည်သော သာမန် ယောကျ်ားတစ်ဦးဖြစ်သော်လည်း သူသည် အသုံးပြုနည်း လမ်းညွှန် စာအုပ်ကို တစ်လုံးမကျန် အလွတ်ရွတ်ပြနိုင်ခဲ့ခြင်း ဖြစ်လေသည်။

"မင်း သဘောကျရဲ့လား..."

ဇနီးဖြစ်သူ၏ ကြည်နူးနေသော မျက်လုံးများကို ကြည့်ရင်း ကျိုးချန်ယဲ့သည် မသိစိတ်မှ အလိုအ လျောက် တိုးညှင်းသော အသံဖြင့် မေးလိုက်လေသည်။

ထျန်ရှောင်ယာက ခေါင်းအနည်းငယ် ညိတ်လိုက်သော်လည်း သူမ စကားမပြောနိုင်မီမှာပင် သူမ၏ အကြည့်များမှာ ဘေးရှိ အလားတူ လှပသပ်ရပ်နေသော ဝိုင်အရောင် သေတ္တာ နှစ်ခုဆီသို့ ဆွဲဆောင်ခံ လိုက်ရပြီး တစ်ခဏမျှပင် မျက်လုံးမလွှဲနိုင် ဖြစ်သွားခဲ့လေသည်။

ကျိုးချန်ယဲ့က ဇနီးဖြစ်သူ၏ အကြည့်နောက်သို့ လိုက်ကြည့်ကာ နောက်ပြောင်လိုက်လေသည်...။

"ဒီနှစ်ခုကလည်း အသားအရေထိန်း ထုတ်ကုန်တွေပဲ... တစ်ခုက မင်းရဲ့အမေအတွက်၊ နောက်တစ်ခုက ကိုယ့်အမေအတွက်လေ... နှစ်ခုလုံးက အသားဖြူစေဖို့၊ အမဲစက်တွေ မှေးမှိန်စေဖို့နဲ့ အရေးအကြောင်း တွေ လျော့ပါးစေဖို့အတွက်ပဲ... သူတို့နဲ့ဆို အတော်ပဲ ဖြစ်မှာပါ..."

ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာက မျက်တောင်အနည်းငယ် ခတ်လိုက်လေ၏။ သူမက သဘောကျသော်လည်း ၎င်း၏ အာနိသင်များမှာ သူမ၏ အသက်အရွယ်နှင့် မသင့်တော်ကြောင်းကို လည်း သိထားလေသည်။

သို့ရာတွင် ခင်ပွန်းဖြစ်သူသည် သူမကိုသာမက သူမ၏ မိခင်ကိုပါ ဂရုစိုက်ကြောင်း မြင်တွေ့လိုက်ရသော အခါ ထျန်ရှောင်ယာ၏ ရင်ထဲတွင် နွေးထွေးသော ကြည်နူးမှုတစ်ခုကို ခံစားလိုက်ရပေသည်။

ဤအချိန်တွင် သူမသည် ကျိုးချန်ယဲ့မှာ သူမ၏ ဘဝတစ်သက်တာကို ပုံအပ်ထားနိုင်သော ယောကျ်ား ကောင်းတစ်ဦးဖြစ်ကြောင်းကို ပို၍ပင် သေချာသွားခဲ့လေတော့သည်။

ကျိုးချန်ယဲ့က သူ၏ မိခင်အတွက်လည်း တစ်ဆက် ပြင်ဆင်ပေးထားခြင်းအပေါ် သူမအနေဖြင့် လုံးဝကို ပုံမှန်ဖြစ်သည်ဟုသာ ခံစားရလေ၏။

အကယ်၍ ယောကျ်ားတစ်ဦးသည် သူ့ကို မွေးဖွားပေးခဲ့သော မိခင်ကိုပင် ဂရုမစိုက်ပါက သူ၏ ဇနီးသည် ကို မည်သို့လုပ်၍ မြတ်နိုးနိုင်ပါမည်နည်း။

ထျန်ရှောင်ယာ၏ အကြည့်များက အခြားအထုပ်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့ပြီး အထဲတွင် အဖြူ ရောင် သူရဲကောင်းဖိနပ် တစ်ရံ ရှိနေခဲ့လေသည်။ မသိစိတ်မှ အလိုအလျောက် သူမ၏ နှုတ်ခမ်းများပေါ် တွင် သဲ့သဲ့အပြုံးတစ်ခု ဖော်ပြလာခဲ့လေသည်။

ရှောင်ယွီက မကြာသေးမီက နေ့တိုင်း သူရဲကောင်းဖိနပ် တစ်ရံ လိုချင်ကြောင်း ပြောနေခဲ့ပြီး သူမ သွား လေရာတိုင်းတွင် ထိုအကြောင်းကို ထည့်ပြောနေခဲ့သည် မဟုတ်ပါလော။ သူမ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

ဤဖိနပ်များမှာ ယောက်မဖြစ်သူအတွက် လက်ဆောင်ဆိုသည်မှာ ရှင်းလင်းနေခဲ့ပေသည်။

ဖိနပ်၏ ဘေးတွင် မှန်ငယ်လေးတစ်ခု ရှိနေလေ၏။ ထျန်ရှောင်ယာက ၎င်းကို ကောက်ယူကာ လက်ထဲ တွင် အလေးချိန် စမ်းကြည့်လိုက်သည်။ မှန်မှာ ကြည်လင်နေပြီး ဘောင်မှာ သပ်ရပ်လှပနေခဲ့လေ၏။ ၎င်းမှာ မိန်းမပျိုလေးများ သဘောကျမည့် ပုံစံမျိုးပင် ဖြစ်ပေသည်။

ဇနီးဖြစ်သူ အာရုံစိုက် ကြည့်ရှုနေသည်ကို မြင်သောအခါ ကျိုးချန်ယဲ့က သူ၏ဘေးရှိ အထုပ်ကို ပေါ့ပါး စွာ ဖွင့်လိုက်ပြီး သူ၏လေသံမှာ ပျော်ရွှင်မှုများ ရောယှက်လျက်ရှိနေခဲ့လေသည်...။

"ကြည့်ပါဦး... ဒါတွေက ငါတို့ ကျောက်ခဲလေး အတွက် အဝတ်အစားသစ်တွေလေ... အသားက နူးညံ့ပြီး အခုက မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အေးစိမ့်စိမ့်ဖြစ်နေတော့ သူ့အတွက် အတော်ပဲ ဖြစ်မှာပါ..."

သူက ပြောပြောဆိုဆိုဖြင့် ဘေးရှိ နို့မှုန့်ဗူး အချို့ကို လက်ညှိုးထိုးပြလိုက်လေသည်...။

"ပြီးတော့ ဒါတွေလေ... သေချာ သိမ်းထားလိုက်ပါ... ငါတို့ သားလေးက ကြီးလာပြီဆိုတော့ အာဟာရ မရှိဘဲ နေလို့မရဘူးလေ..."

ထျန်ရှောင်ယာက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး သားဖြစ်သူနှင့် သူမအတွက် လက်ဆောင်များကို ဂရုတစိုက် ပြန်လည်ထုပ်ပိုးလိုက်ကာ နောက်မှ သိမ်းဆည်းရန် အထဲသို့ ယူသွားရန် ရည်ရွယ်လိုက်လေ သည်။

သူမ၏ အကြည့်များ ပြောင်းလဲသွားခဲ့ပြီး ဘေးနားရှိ ပိုက်ကွန်အိတ် ထဲမှ အသစ်စက်စက် ဘတ်စကက် ဘော တစ်လုံးပေါ်သို့ ကျရောက်သွားခဲ့လေ၏။ ၎င်းမှာ ရှောင်ရှော့ အတွက် ဖြစ်ကြောင်း သူမ ယုံမှား သံသယမရှိ သိလိုက်ပေသည်။

ဤအရာကို တွေးမိသောအခါ သူမသည် ကျိုးချန်ယဲ့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ အပြုံးကြောင့် ကွေးညွတ်သွားခဲ့ပြီး ပြောလိုက်လေသည်....။

"ကျွန်မလည်း ဒီကာလအတွင်းမှာ ရှောင်ယွီနဲ့ ရှောင်ရှော့တို့အတွက် အဝတ်အစားသစ် တစ်စုံစီ ချုပ်ပေး ထားသေးတယ်..."

"သူတို့ ပြန်လာရင် ကျွန်မတို့ လက်ဆောင်တွေကို အတူတူ ထုတ်ပေးကြတာပေါ့... သူတို့ အရမ်း ပျော် သွားကြမှာ အသေအချာပဲ..."

ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့၏ အပြုံးမှာ ပို၍ နက်ရှိုင်းသွားခဲ့လေ၏။ သူက လက်ဆန့်ထုတ် ကာ သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူ၏ အသံမှာ ကြင်နာယုယမှုများ အပြည့် ပါဝင်နေခဲ့လေသည်...။

"မင်းက တကယ့်ကို အကြံဉာဏ်ကောင်းတာပဲ... မင်းက လက်ရာလည်း ကောင်းတယ် ပြီးတော့ အမြင် လည်း ရှိတယ်လေ... မင်း ချုပ်ပေးတဲ့ အဝတ်အစားတွေကို သူတို့ အရမ်း သဘောကျကြမှာပါ..."

ထျန်ရှောင်ယာက ခင်ပွန်းဖြစ်သူကို မျက်စောင်းထိုးလိုက်ပြီး တစ်စုံတစ်ရာ ပြောမည်ပြုစဉ် ခြံဝင်းအပြင် ဘက်မှ ကြည်လင်ပြီး တက်ကြွသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"ဒုတိယအစ်ကို ဒုတိယမရီး ကျွန်တော်တို့ ပြန်ရောက်ပြီ..."

ကျိုးချန်ရှော့၏ ကျယ်လောင်သော အသံမှာ ခြံဝင်းအပြင်ဘက်မှ ဦးစွာ ဝင်ရောက်လာခဲ့လေ၏။

ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာတို့သည် အချင်းချင်း ပြုံးပြလိုက်ကြပြီး ထရပ်ကာ ဧည့်ခန်းထဲမှ အတူတ ကွ ထွက်လာခဲ့ကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ခြံဝင်းထဲသို့ ခြေချလိုက်ကြလေသည်။

အမှန်တကယ်တော့ အပြင်ဘက်တွင် လူသုံးဦးအပြင် ကလေးငယ်တစ်ဦးပါ ပါဝင်နေခြင်း ဖြစ်ပေသည်။

၎င်းတို့နှစ်ဦးကို မြင်လိုက်ရသောအခါ ကျိုးချန်ရှော့သည် ပြုံးဖြီးသွားခဲ့ပြီး သူ၏ လက်ထဲရှိ စက္ကူထုပ်ကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ ကြေညာလိုက်လေသည်...။

"ဒုတိယအစ်ကိုနဲ့ ဒုတိယမရီး... ဒါက ဒီနေ့ညအတွက် အထူးဟင်းလျာအဖြစ် လုပ်စားရအောင် အစ်ကို ချင်းလင်း က ကျွန်တော့်ကို ယူလာခိုင်းတဲ့ အသားပြုတ် တွေလေ..."

ကျိုးချန်ယဲ့က ပြုံးလျက် ရှေ့သို့ လျှောက်သွားကာ ကျိုးချန်ယွီ၏ လက်မောင်းထဲမှ ကျောက်ခဲလေး ကို ယူလိုက်ပြီး သူ၏ ရင်ခွင်ထဲတွင် ညင်သာစွာ ပွေ့ချီထားလိုက်ကာ နောက်ပြောင်လိုက်လေသည်...။

"အို... မင်းတို့ရဲ့ ခရီးစဉ်ကနေ အတော်လေး ရလာခဲ့တာပဲ..."

All Chapters