← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) သူက တကယ်ပဲ လက်ဆောင် ယူလာခဲ့တယ်

"ဟုတ်တာပေါ့..."

မုန်ချောင်ယွီက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး အလွန်တရာ ဂုဏ်ယူနေပုံ ပေါ်ခဲ့လေ၏။

အခြေအနေကို မသိသူဆိုလျှင် ထိုသူက သူမ၏ ချွေးမဟုပင် ထင်မှတ်သွားနိုင်ပေသည်။

ဝမ်ချွေဟွာ၏ မျက်နှာမှာ ချက်ချင်းပင် အကျည်းတန်သွားခဲ့လေ၏။ ယခုတစ်ကြိမ် စက်ရုံ၏ နွေရာသီ အဝတ်အစားများ အလွန်ရောင်းကောင်းရခြင်းမှာ အပြင်မှ ၎င်းတို့ရှာတွေ့ခဲ့သော ဒီဇိုင်နာများကြောင့် အများဆုံး ဖြစ်သည်ဟု သူမ၏ ခင်ပွန်းပြောသည်ကို သူမ ကြားခဲ့ရဖူးလေသည်။

သို့သော် သူမကို အလွန်အမင်း အံ့အားသင့်သွားစေသည်မှာ ထိုသူက ကျိုးမိသားစုမှ လက်ထပ်ခဲ့သော ကျေးလက်မှ ချွေးမ ဖြစ်နေခြင်းပင် ဖြစ်လေတော့သည်။

သို့ရာတွင် သူမသည် တစ်စုံတစ်ရာကို အလျင်အမြန် တွေးမိသွားပြီး ပြုံးလျက် မေးလိုက်လေသည်... ။

"ချန်ယဲ့ ရဲ့ အမေ... ရှင်က တကယ်ကို ကံကောင်းတာပဲ..."

"ချန်ယွီနဲ့ ချန်ရှော့တို့ သယ်လာတဲ့ ဒီအိတ်တွေနဲ့ အထုပ်တွေကို ကြည့်ပါဦး... အဲ့ဒါတွေက မင်းနဲ့ ညွှန် ကြားရေးမှူး ကျိုး တို့အတွက် ဖြစ်မှာပေါ့ ဟုတ်တယ်မလား... ချန်ယဲ့ ရဲ့ ဇနီးက မင်းနဲ့ ညွှန်ကြားရေးမှူး ကျိုး တို့အတွက် ဝယ်ပေးလိုက်တဲ့ ပစ္စည်းကောင်းတွေ ဖြစ်မှာ သေချာတယ်..."

ဝမ်ချွေဟွာမှာ အလျှော့မပေးဘဲ လက်မလွှတ်သည်ကို မြင်လိုက်ရသောအခါ မုန်ချောင်ယွီသည် မျက် မှောင်အနည်းငယ် ကြုတ်လိုက်လေ၏။

သူမ စကားပြောရန် ဟန်ပြင်လိုက်ချိန်မှာပင် ကျိုးချန်ယွီ၏ ကြည်လင်သော အသံက အရင်ထွက်ပေါ် လာခဲ့လေသည်...။

"အန်တီဝမ်... ဒီအထုပ်ထဲမှာ အဖေနဲ့ အမေ့အတွက် လက်ဆောင်တွေ အပြည့်ပါလာတယ်ဆိုတာကို ဘယ်လိုလုပ် သိတာလဲ..."

ထိုစကားကို ကြားသောအခါ ထိုနေရာရှိ လူတိုင်းမှာ မှင်သက်သွားခဲ့ကြပြီး အမေကျိုး ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့လေတော့သည်။

လွန်ခဲ့သော အချိန်အနည်းငယ်က လင်မယားနှစ်ဦး ပီကင်း မှ ပြန်လာခဲ့စဉ်က ၎င်းတို့၏ ချွေးမဖြစ်သူ သည် ၎င်းတို့နှစ်ဦးစလုံးအတွက် အဝတ်အစားသစ်များ ချုပ်ပေးခဲ့ရုံသာမက။

အခြားသော ပစ္စည်းကောင်းများကို မဆိုထားနှင့် ရှားပါးလှသော နို့မှုန့်ဗူး အချို့ကိုပင် ထည့်ပေးလိုက် သေးသည်ပင်။

၎င်းတို့သည် အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လျက် ပြန်လာခဲ့ကြသောအခါ အိမ်ရာဝင်းထဲတွင် အတော်လေး ဂယက်ရိုက်သွားခဲ့လေတော့၏။

ရှောင်ယဲ့ ဇနီးမောင်နှံမှာ မိဘကို ရိုသေကြသည်ဟု လူတိုင်းက ပြောဆိုနေကြပြီး ဝမ်ချွေဟွာက လုံးဝ မမှတ်မိဘူးဆိုသည်ကို သူမ မယုံကြည်ပေ။

ယခု သူမက ဤသို့မေးနေခြင်းမှာ ရှောင်ယဲ့ ဇနီးမောင်နှံက ၎င်းတို့ထံသို့ မည်သည့်အရာမျှ ထပ်မံပေး ပို့တော့မည် မဟုတ်ဟု သူမက သေချာပေါက် ထင်မှတ်နေခြင်းကြောင့် ဖြစ်ပေသည်။

သို့ရာတွင် သူမကိုယ်တိုင်ပင် သူမ၏ ချွေးမဖြစ်သူသည် ဤခရီးစဉ်၌ သက်ကြီးရွယ်အို ဇနီးမောင်နှံ အတွက် လက်ဆောင်များ တကယ်ပင် ထည့်ပေးလိုက်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ကျိုးချန်ယွီသည် အထုပ်ကို ဖွင့်လိုက်ပြီး သူမ၏ ဒုတိယယောင်းမက မိခင်ဖြစ်သူအတွက် ပေးလိုက် သော အသားအရေထိန်း အလှကုန်များကို ထုတ်ယူလိုက်လေသည်။

သူမက ဤအရာကို ဦးစွာ ထုတ်ယူရခြင်းမှာ သူမတွင် ကိုယ်ပိုင် အကြံအစည်လေး ရှိနေသောကြောင့် ဖြစ်လေ၏။ သူမသည် သူမ၏ ဒုတိယယောင်းမ ဘယ်လောက်ကောင်းကြောင်းကို လူတိုင်းအား သိစေ ချင်ခြင်း ဖြစ်ပေသည်။

သူမ၏ ဒုတိယမရီးမှာ ကျေးလက်မှ လာသူဖြစ်ကြောင်း အိမ်ရာဝင်းထဲရှိ လူများက ကွယ်ရာတွင် အမြဲ တမ်း အတင်းအဖျင်း ပြောဆိုနေကြသည်ကို သူမ မသိဟု တကယ်ပင် ထင်နေကြခြင်းပေလော။

သူမက ရိုင်းစိုင်းပြီး အသိပညာကင်းမဲ့ကာ သူမ၏ ဒုတိယအစ်ကိုနှင့်ပင် မထိုက်တန်ကြောင်း ပြောဆိုနေ ကြခြင်း ဖြစ်ပေသည်။

ဤလူများ၏ ပါးစပ်ကို ပိတ်ရန်သာ မဟုတ်ပါက သူမသည် ဤနေရာ၌ ဝမ်ချွေဟွာနှင့် အချိန်ဖြုန်းချင် မည် မဟုတ်ချေ။

သူမ ဘာကြောင့် ပြန်ပြီး မနားရမည်နည်း။ ခရီးရှည်ကြီး သွားခဲ့ရသဖြင့် သူမမှာ အလွန်တရာ ပင်ပန်းနွမ်း နယ်နေခဲ့ပြီ ဖြစ်လေသည်။

ကျိုးချန်ယွီက သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် သပ်ရပ်စွာ စီရီထားသော ဝိုင်အရောင် ဖန်ပု လင်းများကို မြင်တွေ့လိုက်ရလေ၏။

နေဝင်ဆည်းဆာ၏ အလင်းရောင်အောက်တွင် ဖန်ပုလင်းထဲရှိ အရည်များက ညင်သာစွာ လှုပ်ခတ်နေပြီး နက်နဲကာ မြင့်မြတ်လှသော အသွင်ကို ဖော်ဆောင်နေခဲ့ပေသည်။

ပတ်ဝန်းကျင်ရှိ အမျိုးသမီးများမှာ အသက်ရှူရန်ပင် မေ့လျော့နေခဲ့ကြပြီး ပတ်ဝန်းကျင်မှာ အပ်ကျသံကို ပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့ကာ အသံပြုလိုက်ပါက ငြိမ်းချမ်းလှသော ဤမြင်ကွင်းကို ဖျက်ဆီးပစ်မိမည်ကို စိုးရိမ်နေကြသည့်အလား ဖြစ်နေခဲ့လေသည်။

"ဟူး..."

မုန်ချောင်ယွီ၏ မျက်နှာမှာ အသက်အောင့်ထားရသဖြင့် နီရဲလာခဲ့လေ၏။ သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်...။

"ငါတော့ အသက်ရှုရပ်တော့မလို့ပဲ..."

သူမက ပြောပြောဆိုဆိုဖြင့် ရှေ့သို့ တိုးလာကာ ကျိုးချန်ယွီ ကိုင်ထားသော အသားအရေထိန်း အလှကုန် များကို ဂရုတစိုက် ထိတွေ့လိုက်လေသည်။

ဖန်ပုလင်း၏ ထူးခြားလှသော နွေးထွေးမှုသည် သူမ၏ လက်ချောင်းထိပ်များမှတစ်ဆင့် ရင်ထဲသို့ စီးဆင်းသွားခဲ့ရာ သူမမှာ လန့်ဖြန့်သွားပြီး ကျကွဲသွားမည်ကို စိုးရိမ်သဖြင့် လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်လေ၏။

အမေကျိုး သည် သူမ၏ အငယ်ဆုံးသမီးက အသားအရေထိန်း အလှကုန်များကို ထုတ်ယူလိုက်သည်ကို ပထမဆုံး မြင်လိုက်ရချိန်တွင် များစွာ တွေးတောမနေခဲ့မိချေ။

မည်သို့ပင်ဆိုစေကာမူ သူမ၏ မိသားစုမှာ ဆင်းရဲသူများ မဟုတ်ကြဘဲ သူမကိုယ်တိုင်ကလည်း အလှ အပကို မြတ်နိုးသူ တစ်ဦးဖြစ်လေသည်။

သူမသည် ကုန်တိုက်ကြီး မှ မျက်နှာလိမ်းခရင်မ် တစ်ပုလင်း၊ ပယ်ချွဲအင်း ၏ အလှဆီနှင့် မကြာသေးမီ ကမှ အသစ်ထွက်ရှိလာသော ယွီမေကျင်း မျက်နှာလိမ်းခရင်မ် ကိုပင် ဝယ်ယူထားခဲ့လေ၏။

သို့သော် သမီးဖြစ်သူ၏ လက်ထဲရှိ ပုလင်းများကို မြင်လိုက်ရသောအခါ သူမမှာ တကယ်ပင် အံ့အား သင့်သွားခဲ့ရလေသည်။

ဤအရာကို တွေးမိသောအခါ သူမသည် အလျင်အမြန် ရှေ့သို့ တိုးသွားကာ သမီးဖြစ်သူ၏ လက်ထဲမှ ဂရုတစိုက် ယူလိုက်ပြီး သူမဘာသာ တီးတိုးရေရွတ်လိုက်လေ၏။

ဤမျှ ရှားပါးသော ပစ္စည်းမျိုးကို သူမကိုယ်တိုင်သာ ကိုင်ထားသင့်ပေသည်။ သူမ၏ သမီးငယ်လေးမှာ အလွန်တရာ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းသဖြင့် သူမက ပြုတ်ကျကွဲသွားစေမည်ကို လုံးဝ အလိုမရှိခဲ့ ပေ။

ကျိုးချန်ယွီမှာမူ မိခင်ဖြစ်သူ၏ အတွေးများကို လုံးဝ သတိမထားမိဘဲ ဝမ်းသာအားရဖြင့် အသံကို မြှင့်ကာ ပြောလိုက်လေသည်...။

"ဒုတိယယောင်းမက ပြောတယ် ဒီအသားအရေထိန်း အလှကုန်က အသားဖြူစေတာရယ် အမဲစက်တွေ ဖယ်ရှားပေးတာရယ် ပြီးတော့ အရေးအကြောင်းတွေကို ကာကွယ်ပေးတဲ့ အာနိသင်တွေ ရှိတယ်တဲ့..."

"ရှီး..."

ချက်ချင်းဆိုသလိုပင် အသက်ရှိုက်သံ အများအပြားသည် သူမ၏ နားထဲသို့ ဝင်ရောက်လာခဲ့ပြီး ကျိုးချန်ယွီ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားခဲ့လေ၏။

ပုံမှန်အားဖြင့် သူမအပေါ် အလွန်ကြင်နာတတ်သော အန်တီမှာ ရုတ်တရက်ဆိုသလို အချိန်မရွေး သူမ အပေါ် ခုန်အုပ်လာတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းသော အကြည့်မျိုး ရှိနေခဲ့လေသည်...။

"အင်း... ချောင်ယွီ... အချိန်လင့်နေပြီ ငါ ပြန်ပြီး ထမင်းဟင်းချက်တော့မယ်..."

ထိုသို့ပြောပြီးနောက် အမေကျိုး သည် အဖြေကိုပင် မစောင့်တော့ဘဲ သူမ၏ အငယ်ဆုံးသမီးနှင့် သားတို့ ကို အိမ်သို့ အလျင်အမြန် ဆွဲခေါ်သွားခဲ့လေတော့သည်။

သူမတို့ အမြန်သွားရပေမည်။ ထိုအမျိုးသမီးများ၏ မျက်လုံးများမှာ မနာလိုမှုများဖြင့် စိမ်းလဲ့နေသည်မှာ သိသာထင်ရှားလှပေသည်။

နောက်ပိုင်းတွင် သူမ၏ လက်ထဲ၌ပင် သေချာ မနွေးသေးသော အသားအရေထိန်း အလှကုန်များမှာ လုံးဝ ပျောက်ကွယ်သွားနိုင်ပြီး ပုလင်း၏ အောက်ခြေလေးပင် ကျန်ရစ်တော့မည် မဟုတ်ချေ။

ဤသည်ကို ချဲ့ကားပြောဆိုနေသည်ဟု ထင်နေကြပေမည်။ ဤအရာမှာ အသားအရေကို ဖြူစင်စေပြီး အမဲစက်များကို ဖယ်ရှားပေးနိုင်သော အလွန်ကောင်းမွန်သည့် ထုတ်ကုန်တစ်ခုဖြစ်ရာ မည်သည့် အမျိုး သမီးကမျှ စိတ်မဝင်စားဘဲ နေနိုင်မည် မဟုတ်ချေ။

အိမ်ရာဝင်း၏ အဝင်ဝရှိ အန်တီများသည် အမေကျိုး ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူမ အတွက် ပူပန်နေရန် အသုံးမဝင်တော့ကြောင်း သိလိုက်ကြသဖြင့် နှစ်ယောက်တစ်စု သုံးယောက်တစ်စု ဖြင့် လူစုကွဲသွားကြလေတော့သည်။

မုန်ချောင်ယွီ၏ မျက်လုံးများသာ တောက်ပသွားခဲ့ပြီး သူမ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေး ညွတ်သွားခဲ့လေသည်...။.

ထို့နောက် သူမသည် အဝေး၌ ရပ်နေဆဲဖြစ်သော ဝမ်ချွေဟွာကို လှမ်းကြည့်လိုက်ပြီး နှာမှုတ်ကာ လှည့် ထွက်သွားခဲ့လေသည်။

————————————

ပီကင်း မြို့….။

ကျိုးချန်ယဲ့ ဇနီးမောင်နှံသည် ၎င်းတို့က ကျိုးချန်ယွီ အား အမေကျိုး ထံသို့ ယူသွားပေးရန် ပြောထားခဲ့ သော အသားအရေထိန်း အလှကုန်များက အိမ်ရာဝင်းထဲတွင် မည်ကဲ့သို့သော ရုတ်ရုတ်သဲသဲ အခြေ အနေမျိုးကို ဖြစ်ပေါ်စေခဲ့ကြောင်း လုံးဝ မသိရှိခဲ့ကြချေ။

ယခုအချိန်တွင်မူ ၎င်းတို့နှစ်ဦးသည် ဆေးရုံရှိ မိခင်အသစ်လေးများထံ သွားရောက်လည်ပတ်ရန် အလုပ် များနေခဲ့ကြလေသည်။

မှန်ပေသည်၊ ကျိုးချန်ယွီနှင့် သူမ၏မောင်ဖြစ်သူတို့ ထွက်သွားပြီးနောက် မကြာမီမှာပင် သူမ၏ ဒုတိယ မရီးသည် ကလေးမွေးဖွားခဲ့လေသည်။

ဒုတိယမရီး ကျောက်ရှောက်ထင် ကလေးမွေးဖွားခဲ့ရုံသာမက နောက်ရက်များတွင် ဟျောင်ရှင်းရှင်း နှင့် ထျန်လီလီ တို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် မွေးဖွားခဲ့ကြလေသည်။

ထျန်ရှောင်ယာသည် မိုးမလင်းမီကတည်းက အစောကြီးထကာ အလုပ်များနေခဲ့ပြီး ကြက်မကြီး သုံး ကောင်ကို တစ်ပြိုင်နက်တည်း ပြုတ်နေခဲ့လေ၏။

ဇနီးမောင်နှံနှစ်ဦးသည် ကျောက်ခဲလေး ကို ချီပိုးကာ ပူနွေးနေသော ကြက်စွပ်ပြုတ် အိုးကြီး သုံးလုံးကို သယ်ဆောင်လျက် ဆေးရုံသို့ တိုက်ရိုက် သွားရောက်ခဲ့ကြလေသည်။

ကံကောင်းထောက်မစွာဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးဦးစလုံးမှာ အတူတကွ ရှိနေခဲ့ကြသဖြင့်သာ တော်ပေတော့သည်။ သို့မဟုတ်ပါက ၎င်းတို့နှစ်ဦးသည် နောက်ထပ် လူနာဆောင် အနည်းငယ်သို့ သွား ရောက်ခဲ့ရမည် ဖြစ်လေသည်။

"ဒေါက် ဒေါက် ဒေါက်..."

တံခါးခေါက်သံကို ကြားလိုက်ရသောအခါ လူနာဆောင်ထဲရှိ လူအားလုံးက မော့ကြည့်လိုက်ကြရာ တံခါး ဝတွင် ရပ်နေသော ကျိုးချန်ယဲ့နှင့် သူ၏ မိသားစုကို မြင်တွေ့လိုက်ရလေ၏။

"ယောက္ဖ... ညီမလေး... မင်းတို့ ရောက်လာကြပြီကိုး..."

ဒုတိယအစ်ကို ထျန်ချင်းလင်း က သူ့အား နှုတ်ဆက်ရန် အလျင်အမြန် ထရပ်လိုက်ပြီး ကျိုးချန်ယဲ့၏ ရင်ခွင်ထဲမှ ကျောက်ခဲလေး ကို ယူကာ သူ၏ တင်ပါးလေးကို ပြုံးလျက် ပုတ်လိုက်လေသည်... ။

"အိုမလေး... ငါတို့ ကျောက်ခဲလေး က ထပ်ပြီး ဝလာပြန်ပြီပဲ..."

ထျန်ရှောင်ယာသည် အငွေ့တထောင်းထောင်း ထနေသော ကြက်စွပ်ပြုတ် ပန်းကန်တစ်ခုကို သယ် ဆောင်လျက် အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့လေ၏။ မွေးကင်းစ ကလေးငယ်များကို နှောင့်ယှက် မိမည် စိုးသဖြင့် သူမ ဝင်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ အသံကို ချက်ချင်း နှိမ့်ချလိုက်လေသည်။

"ဒါက ကျွန်မ ပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်ပါ... လူတစ်ယောက်ကို တစ်အိုးစီ ခန္ဓာကိုယ်ကို အားဖြည့်ဖို့ အတွက်လေ..."

ဒုတိယမရီး ကျောက်ရှောက်ထင် သည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေဆဲဖြစ်သော်လည်း ထျန်ရှောင်ယာကို မြင်သည်နှင့်တစ်ပြိုင်နက် ပြုံးလိုက်လေ သည်...။

"ညီမလေး... ပင်ပန်းသွားပြီ ကျေးဇူးပါပဲ..."

"ရှောင်ယာ... ပင်ပန်းသွားပြီ ကျေးဇူးပါပဲ..."

ထျန်လီလီ ကလည်း ကျေးဇူးတင်စကားကို အလျင်အမြန် ဆက်ပြောလိုက်လေ၏။

"ငါတို့တွေက ညီအစ်မတွေပဲလေ... ဒီလောက် အားနာနေစရာ မလိုပါဘူး..."

ထျန်ရှောင်ယာက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်ပြီး သူမ၏ လက်ထဲရှိ ကြွေအိုးများကို ဆေးရုံ ကုတင်ရှေ့ရှိ ဗီရိုငယ်လေးပေါ်သို့ တစ်လုံးပြီးတစ်လုံး တင်ထားလိုက်လေသည်။ သူမက ပြုံးလျက် ပြော လိုက်လေသည်...။

"မင်းတို့အားလုံးက အခုလေးတင် ကလေးမွေးထားတာဆိုတော့ အားနည်းနေကြမှာပဲ... ခန္ဓာကိုယ်ကို အားဖြည့်ဖို့ ကြက်စွပ်ပြုတ် များများ သောက်သင့်တယ်... ဒါမှ မိခင်နို့ အလုံအလောက်ရပြီး ကလေးတွေ လည်း သန်သန်မာမာ ကြီးပြင်းလာမှာလေ..."

ဟျောင်ရှင်းရှင်း သည် လေထဲတွင် ပျံ့လွင့်နေသော ကြက်စွပ်ပြုတ်၏ မွှေးပျံ့သော ရနံ့ကို ရလိုက်သော အခါ သူမ၏ ရင်ထဲတွင် အနည်းငယ် ဆွေးမြေ့သွားသကဲ့သို့ ခံစားလိုက်ရလေ၏။

သူမက ထျန်ရှောင်ယာ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ သူမ၏ အသံမှာ အနည်းငယ် တုန် ယင်နေခဲ့လေသည်...။

"ရှောင်ယာ... နင့်အနေနဲ့ ငါ့အတွက် တကယ်ကို အများကြီး ပင်ပန်းခဲ့ရပြီ... ဒါသာ မဟုတ်ရင်... ငါ..."

All Chapters