အခန််််း (၁၈၁-၁၈၂)
Vol. 16 Ch. 181-182
အခန်း။ ၁၈၁
ဂူချန်သည် ရွီမော်ဘဏ်၏ ရှေ့နေ ကျန်းယီဖန်ကို စိုက်ကြည့်လိုက်သည်။
"ဒါက ရွီမော်ဘဏ် ပြောနေတဲ့ ဖောက်သည်ကို ဦးစားပေးခြင်းဆိုတာလား။ ဒါက ရွီမော်ဘဏ်က ဖောက်သည်ရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးနေတဲ့ နည်းလမ်းလား။ ဖောက်သည်ရဲ့ငွေကို စီမံခန့်ခွဲပြီး ကာကွယ်ပေးနေတာ ဒီလိုမျိုးလား။ ဖောက်သည်တွေ ဆုံးရှုံးမှုအတွက် ရွီမော်ဘဏ်က တာဝန်ယူမှာလား။ ဒီတာဝန်ယူမှုတွေက ဘယ်ကိုများ ရောက်ကုန်တာလဲ"
ကျန်းယီဖန်မှာ စကားမထွက်နိုင်တော့ဘဲ ငေးငိုင်သွားသည်။
ဂူချန်က ဆက်ပြောလိုက်သည်။
"ဖောက်သည်တွေရဲ့ ဆုံးရှုံးမှုအတွက် ရွီမော်ဘဏ် ဘယ်တုန်းကများ တာဝန်ယူဖူးလို့လဲ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် ဒီလိုဖြစ်ရပ်မျိုး ၂ ခုတောင် ဖြစ်ခဲ့တယ်။ အဲဒီလူနှစ်ယောက်လုံးက ဘာဖြစ်လို့ ကျွန်တော့်ဆီကို ရောက်လာကြတာပဲ"
"ရွီမော်ဘဏ်က ဘယ်လိုဘဏ်မျိုးလဲဆိုတာ အားလုံးသိအောင် ကျွန်တော် ပြသပါ့မယ်"
"ပထမဆုံးအနေနဲ့ ကျွန်တော့်အမှုသည် ကျောက်ရိရှန်းက ဘဏ်မှာ ပိုက်ဆံသွားထုတ်တဲ့အခါ ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားဖြစ်ကြောင်းသက်သေပြဖို့ အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုမျိုး လုပ်ခဲ့တယ်။ နောက်တော့လည်း အမှားကို ဝန်မခံဘဲ ယာယီဝန်ထမ်းရဲ့ ဆုံးဖြတ်ချက်ဆိုပြီး တာဝန်လွှဲချခဲ့တယ်။ ဒါ တကယ်ပဲ ယာယီဝန်ထမ်းလား။ ဒီ ယာယီဝန်ထမ်းက ရွီမော်ဘဏ်မှာ ၃ နှစ်ကျော် လုပ်ကိုင်နေတာ မဟုတ်ဘူးလား ဒါက ဘဏ်ရဲ့ ငွေသွင်းငွေထုတ် စည်းမျဉ်းတွေကို မသိနားမလည်တာမျိုးလား"
"အလုပ်လုပ်တာ ၃ နှစ်ကျော်ပြီဆိုရင် ရွီမော်ဘဏ်ရဲ့ CCTV မှတ်တမ်းတွေကို ပြန်စစ်ကြည့်ရင် သူ ဘယ်လောက်ကြာကြာ လုပ်နေလဲဆိုတာ သိနိုင်မှာ မဟုတ်ဘူးလား"
ဂူချန်က ဆက်၍ "နောက်တစ်ခုကတော့ ကျွန်တော့်လက်ထဲမှာ ရှိနေတဲ့ ဒီအမှုနှစ်ခုပဲ"
"တရားသူကြီးခင်ဗျား သက်သေတွေကို တင်ပြခွင့်ပြုပါ"
တရားသူကြီး ဝမ်ကျုံးက ခေါင်းညိတ်လိုက်သည်။
တရားခွင်ထဲသို့ သက်သေနှစ်ဦး ဝင်ရောက်လာသည်။
ကျန်းယီဖန်သည် အခြေအနေ မကောင်းတော့ကြောင်း ရိပ်မိလိုက်သည်။
ဂူချန်က "ဒီလူကြီးကတော့ လုဟောင်ပါ။ သူက ဘဏ်မှာ ပိုက်ဆံနှစ်ကြိမ် ထုတ်ဖူးပါတယ်။ ကျွန်တော့်ရဲ့ သက်သေကို ရှင်းပြခိုင်းပါ့မယ်" ဟု ပြောလိုက်သည်။
လုဟောင်က ရှေ့သို့တိုးလာပြီး ရွီမော်ဘဏ်၏ ရှေ့နေ ကျန်းယီဖန်ကို ကြည့်ကာ
"ရွီမော်ဘဏ်ရေ ခင်ဗျားတို့ကတော့ တကယ်ပဲ..."
လုဟောင်က ဒေါသတကြီးဖြင့် စတင်ပြောသည်။
"အရင်က ကျွန်တော် ဘဏ်မှာ ငွေ ၁၀,၀၀၀ ထုတ်တုန်းက စစ်မကြည့်မိလိုက်ဘူး။ ရွီမော်ဘဏ်က ပိုက်ဆံပိုပေးမိတယ်ဆိုပြီး ကျွန်တော့်ကို ပြန်လာပေးဖို့ တောင်းဆိုတယ်။ သူတို့ တကယ်ပဲ ၁၀၀ ပိုပေးလိုက်သလားဆိုတာ ကျွန်တော်တောင် မသိဘူး။ ရက်အတော်ကြာနေပြီကိုး"
"နောက်တော့ သူတို့ CCTV စစ်ကြည့်ပြီး ၁၀၀ ပိုပေးမိတာ သေချာတယ်။ ချက်ချင်း ပြန်လာပေးဖို့၊ မပေးရင် ရဲတိုင်ပြီး တရားစွဲမယ်လို့ ခြိမ်းခြောက်တယ်"
"ကျွန်တော်က ဘဏ်နဲ့ အလှမ်းဝေးတဲ့ နေရာမှာ နေတာ၊ ခင်ဗျားတို့ရဲ့ အမှားအတွက် ကျွန်တော်က ဆီဖိုးကုန်၊ အလုပ်ပျက်ခံပြီး ပြန်လာပေးရမှာလား ဘဏ်က ငွေလက်လွန်သွားရင် တာဝန်မယူဘူးလို့ အမြဲပြောနေကြတာလေ။ အခုကျတော့ ဘာလို့ ခင်ဗျားတို့အမှားကို ကျွန်တော့်ဆီမှာ လာတောင်းနေတာလဲ"
လုဟောင်က ဆက်ပြောသည်။
"မကြာသေးခင်က ကျွန်တော် ပိုက်ဆံထပ်ထုတ်တယ်။ ၁၀,၀၀၀ ထုတ်တယ်။ အခုတစ်ခါတော့ ဘဏ်ပေါက်ဝ ရောက်တာနဲ့ ရေတွက်ကြည့်တယ်။ အရင်တစ်ခါလို ပိုနေလို့ အဝေးကြီးကနေ ပြန်လာပေးရမှာကို ကြောက်လို့ပါ"
"ရေတွက်ကြည့်လိုက်တော့ ၉,၈၀၀ ပဲ ပါတယ်။ ၂၀၀ လျော့နေတယ်။ ဘဏ်မှာ CCTV ရှိတယ်။ ပိုက်ဆံက ကျွန်တော့်လက်ထဲကနေ မထွက်ဘဲ ဘဏ်အပေါက်ဝထိ ရောက်လာတာ"
"ကျွန်တော် ရွီမော်ဘဏ်ကို ယုံကြည်လို့ ချက်ချင်းမစစ်မိတာ ကျွန်တော့်အမှားပေါ့။ ဒါပေမဲ့ ကျွန်တော် ပြန်သွားတဲ့အခါ ဘဏ်က ဘာပြောလဲ သိလား"
"သူတို့က ငွေကို မျက်စိရှေ့မှာ မရေရင် တာဝန်မယူတဲ့ ဘဏ်က ၂၀၀ လျော့ပေးလိုက်တာကို သက်သေပြဖို့ ပြောတယ်။ CCTV စစ်ပေးဖို့ တောင်းဆိုတော့လည်း ဖောက်သည်က CCTV ကြည့်ခွင့်မရှိဘူးလို့ ငြင်းတယ်။ အထောက်အထားမရှိရင် ဘဏ်က လျော့ပေးတယ်ဆိုတာ ဘယ်လိုသက်သေပြရမလဲ"
"သူတို့က မကျေနပ်ရင် တရားစွဲလိုက်တဲ့ ကျွန်တော် အရမ်းကို ဒေါသထွက်တာပဲ"
"သူတို့ ပိုက်ဆံပိုပေးမိတုန်းကတော့ မိုးသည်းကြီးမိုးရွာထဲကနေ အဝေးကြီးကနေ လာပြန်ပေးခိုင်းတယ်၊ ကျွန်တော့်အလုပ်ပျက်တာ၊ ဆီဖိုးကုန်တာ သူတို့ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူတို့ ပိုက်ဆံလျော့ပေးမိတော့ကျတော့ ဘဏ်အပြင်ရောက်တာနဲ့ တာဝန်မယူဘူးတဲ့"
"ရွီမော်ဘဏ် ခင်ဗျားတို့ လုပ်ရပ်ကတော့ တကယ့်ကို..."
လုဟောင်က ဒေါသတကြီးဖြင့် စကားလုံးအချို့ကို မြိုသိပ်လိုက်သည်။
တရားသူကြီး ဝမ်ကျုံးသည် တူဖြင့် တရားခွင်ကို ရိုက်ခတ်လိုက်သည်။
"တရားခွင်ရဲ့ အမိန့်ကိုနာခံကြပါ"
"တရားရုံးရဲ့ စည်းကမ်းကို လိုက်နာပေးပါ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာနဲံ ရိုင်းစိုင်းတဲ့ စကားလုံးတွေသုံးနှုန်းတာကို တင်းကျပ်စွာ တားမြစ်ထားပါတယ်"
လုဟောင်က "တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောကိုပြောရမယ်။ ရွီမော်ဘဏ်
ကတော့ တာဝန်ယူမူမရှိတဲ့ ဘဏ်ပါ။ အဲဒီပိုက်ဆံ အနည်းငယ်အတွက်တော့ စိတ်မပူပါဘူး။ ခွေးစာကျွေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါမယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေက အရမ်းကို စက်ဆုပ်ဖို့ကောင်းလွန်းလို့ ရွီမော်ဘဏ်ဆိုတာ ဘယ်လိုအဖွဲ့အစည်းလဲဆိုတာ လူတိုင်း သိစေချင်တာပါ" ဟု ပြောလိုက်သည်။
တရားသူကြီး ဝမ်ကျုံးသည် တူဖြင့် ထပ်မံရိုက်ခတ်လိုက်သည်။
"ဒုတိယအကြိမ် သတိပေးလိုက်မယ်။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းနဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေ သုံးတာကို တားမြစ်တယ်"
လုဟောင်က "ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ အဲဒါ ကျွန်တော့်အမှားပါ။ တရားသူကြီးခင်ဗျား ကျွန်တော့် ထွက်ဆိုချက် ပြီးပါပြီ" ဟု ပြောလိုက်သည်။
...
ဂူချန်က "ဒုတိယမြောက် သက်သေကို ထွက်ဆိုခွင့် ပြုပါ" ဟု ပြောသည်။
တရားသူကြီး ဝမ်ကျုံး ခေါင်းညိတ်လိုက်သည်။
ဒုတိယမြောက် သက်သေမှာ ဇိုးကျင်းကျင်း အမည်ရှိ အမျိုးသမီး ဖြစ်သည်။
ဇိုးကျင်းကျင်းက "တရားသူကြီးရှင့် ဘဏ်က ကျွန်မကို အနိုင်ကျင့်နေတာပါ။ ရွီမော်ဘဏ်က ကျွန်မကို အနိုင်ကျင့်နေတာပါ" ဟု ပြောသည်။
ထိုအချိန်တွင် ကျန်းယီဖန်မှာ မနေနိုင်တော့ဘဲ ထိုင်ရာမှ တုန်လှုပ်စွာဖြင့် ဖြစ်လာသည်။
ဤအတိုင်းသာ ဆက်သွားပါက အမှုနိုင်ဖို့ မပြောနှင့် ရွီမော်ဘဏ်၏ ဂုဏ်သိက္ခာပါ ပျက်စီးသွားတော့မည်ပင်။
ကျန်းယီဖန်က "သတိထားပါ။ အထောက်အထားမရှိဘဲ လျှောက်မပြောပါနဲ့။ ရွီမော်ဘဏ်အပေါ် အသရေဖျက်တဲ့ စကားလုံးတွေ မပြောဖို့ သတိပေးတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေက ဘဏ်ရဲ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေတယ်။ မဟုတ်ရင် ဘဏ်ရဲ့ ဥပဒေဌာနက တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားပါမယ်" ဟု ခြိမ်းခြောက်ကာ ပြောလိုက်သည်။
ဂူချန်က လက်ကိုမြှောက်ကာ "တရားသူကြီးခင်ဗျား ကျွန်တော် ကန့်ကွက်ပါတယ် တရားလိုရှေ့နေက ကျွန်တော့်ရဲ့ သက်သေကို ခြိမ်းခြောက်နေပါတယ်" ဟု ပြောလိုက်သည်။
တရားသူကြီး ဝမ်ကျုံးက "ကန့်ကွက်ချက်ကို လက်ခံတယ်။ တရားလိုရှေ့နေကို ဒုတိယအကြိမ် တရားဝင် သတိပေးလိုက်မယ်။ နောက်တစ်ကြိမ် သက်သေတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားရင် တရားခွင်ကနေ ထုတ်ပယ်မယ်" ဟု အမိန့်ပေးသည်။
ကျန်းယီဖန်မှာ အံကြိတ်ပြီး သည်းခံလိုက်ရသည်။
သူ မကျေနပ်သော်လည်း အခြားရွေးချယ်စရာ မရှိပေ။
ဇိုးကျင်းကျင်းမှာမူ လှောင်ပြုံးဖြင့် ကြည့်နေသည်။
ခြိမ်းခြောက်တာက သူမအတွက် ဘာမှမထူးခြားပေ။
ဇိုးကျင်းကျင်းက "ကျွန်မ ပြောတဲ့အရာတိုင်းမှာ အထောက်အထားတွေ ရှိပါတယ်။ ကျွန်မလက်ထဲမှာ အထောက်အထား အကုန်ရှိတယ်" ဟု ပြောသည်။
"ဖြစ်ရပ်က ဒီလိုပါ"
"ကျွန်မ ရွီမော်ဘဏ်ရဲ့ ATM စက်မှာ ငွေထုတ်တုန်းက စက်မှာ ချို့ယွင်းချက် ဖြစ်သွားတယ်"
"ကျွန်မက ငွေ ၁၀,၀၀၀ ပဲ ထုတ်ချင်တာ။ ဒါပေမဲ့ စက်က ၂၀,၀၀၀ ထုတ်ပေးလိုက်တယ်"
"ဒါက စက်ရဲ့ အမှားမဟုတ်ဘူးလား ကျွန်မနဲ့ ဘာဆိုင်လို့လဲ ကျွန်မ ဘဏ်ကို ချက်ချင်း ဖုန်းဆက်ပြီး အခြေအနေကို ရှင်းပြတယ်။ ပြီးတော့ ကျွန်မ အလုပ်သွားရမှာမို့ ကျွန်မရဲ့ ငွေ ၁၀,၀၀၀ ကိုပဲ ယူပြီး ကျန်တဲ့ ၁၀,၀၀၀ ကို ATM စက်ရဲ့ ကင်မရာရှေ့မှာပဲ ချထားခဲ့တယ်"
"နောက်တစ်နေ့မှာ ဘဏ်က ဖုန်းဆက်ပြီး ငွေ ၁၀,၀၀၀ ကို ပြန်ပေးဖို့ တောင်းဆိုတယ်။ ဘာလို့လဲလို့ ကျွန်မ မေးတော့"
"ရွီမော်ဘဏ်က ကျွန်မလက်ထဲမှာရှိတဲ့ ငွေ ၁၀,၀၀၀ က ဘဏ်ပိုင်ငွေ ဖြစ်ပြီး ကျွန်မ စက်မှာ ချထားခဲ့တဲ့ ငွေ ၁၀,၀၀၀ ကမှ ကျွန်မပိုက်ဆံလို့ ပြောတယ်"
"သူတို့က ကျွန်မရဲ့ ငွေ ၁၀,၀၀၀ ကို မျက်နှာဖုံးစွပ်ထားသူ တစ်ယောက်က ယူသွားတာမို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး ငွေပြန်တောင်းဖို့ ပြောတယ်"
"ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ ကိစ္စလဲ"
"ကျွန်မလက်ထဲက ငွေက ကျွန်မပိုက်ဆံပါ။ ဘဏ်က သူတို့ပိုက်ဆံကို လုံခြုံအောင် မထိန်းနိုင်တာက ကျွန်မအမှား မဟုတ်ဘူး။ ဘာလို့ ကျွန်မက ပိုက်ဆံပြန်ပေးရမှာလဲ"
"ပြီးတော့ ဘဏ်ဝန်ထမ်းက ကျွန်မကို ဘာပြန်ပြောလဲ သိလား"
"သူတို့က... ရှင်းပြချက် အားလုံးက ဘဏ်ရဲ့ ပိုင်ဆိုင်မှုပဲတဲ့"
အခန်း။ ၁၈၂
ဇိုးကျင်းကျင်းမှာ စိတ်ဆိုးဒေါသထွက်မှုများကြောင့် အသံများပင် တုန်ယင်နေသည်။
"ဘဏ်ကပဲ အရာရာကို ကြိုက်သလို ရှင်းပြခွင့် ရှိတယ်တဲ့လား။ ATM စက်က ချို့ယွင်းချက်ဖြစ်တာလေ ကျွန်မက ပိုက်ဆံ ၁ သောင်းပဲ ထုတ်တာ၊ စက်က ၂ သောင်း ထွက်လာတာကို ကျွန်မ ပိုက်ဆံ ၁ သောင်းက သူတို့ပိုက်ဆံဖြစ်သွားပြီး ကျွန်မပိုက်ဆံ ၁ သောင်းကိုတော့ မျက်နှာဖုံးစွပ်တစ်ယောက်က ယူသွားလို့ ရဲတိုင်ပါတဲ့။ ရွီမော်ဘဏ်ရဲ့ လုပ်ရပ်က တကယ်ကို ရွံစရာကောင်းလွန်းပါတယ်"
"သူတို့က ဖောက်သည်တွေရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပါတယ်လို့ တတွတ်တွတ် ပြောနေတာ မဟုတ်ဘူးလား။ ATM စက်က ချို့ယွင်းချက်ဖြစ်တော့ ဘာလို့ သာမန်ပြည်သူတွေဆီ ပုံချနေတာလဲ။ ဘဏ်ရဲ့ ငွေ ၁ သောင်းကို ကျွန်မပိုက်ဆံလို့ ပြောပြီး အတင်းအကျပ် တောင်းဆိုနေတာ တကယ့်ကို ရယ်စရာကောင်းလွန်းပါတယ်"
"ကြည့်လိုက်စမ်းပါ။ ကျွန်မလက်ထဲမှာ ဘာရှိလဲ။ ဒါက ဘဏ်ရဲ့ ဥပဒေဌာနက ပေးပို့တဲ့ ရှေ့နေစာပဲ။ သူတို့က ကျွန်မကို တရားစွဲမယ်လို့ ခြိမ်းခြောက်ထားတာပါ။ ရွီမော်ဘဏ် ရှင်တို့က ဖောက်သည်တွေရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပါတယ်လို့ ဟန်ဆောင်နေပေမဲ့ တကယ်တမ်းကျတော့ ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်နေကြတာ မဟုတ်ဘူးလား"
ကျန်းယီဖန်မှာ စကားလုံးများ ဆွံ့အလျက် ဘာမှ ပြန်မပြောနိုင်တော့ပေ။
ဂူချန်က သက်သေတစ်ယောက်ပြီး တစ်ယောက် တင်ပြနေသည်မှာ ရပ်တန့်မည့် အရိပ်အယောင်ပင် မရှိတော့ပေ။
ရွီမော်ဘဏ်ဘက်မှ ချေပရန် လမ်းစပင် မရှိတော့သည့်အပြင် ယခုဆိုလျှင် ဘဏ်၏ ဂုဏ်သိက္ခာမှာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ကျန်းယီဖန်က အားတင်း၍ "ဇိုးကျင်းကျင်း အထောက်အထားပြပါ။ မဟုတ်ရင် ဘဏ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ အရေးယူရလိမ့်မယ်" ဟု ပြောလိုက်မိသည်။
သို့သော် သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဂူချန်က လက်ကို မြှောက်လိုက်သည်။
ဂူချန်က "တရားသူကြီးခင်ဗျား ကျွန်တော့်မှာ ဇိုးကျင်းကျင်းနဲ့ ဘဏ်ဝန်ထမ်းတို့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်တွေ၊ WeChat စာတိုပေးပို့မှု မှတ်တမ်းတွေနဲ့ ဘဏ်က ငွေ ၁ သောင်း ပြန်ပေးဖို့ ဖိအားပေးထားတဲ့ ရှေ့နေစာတွေကို တင်ပြလိုပါတယ်" ဟု တင်ပြလိုက်သည်။
တရားရုံးက အဆိုပါ အထောက်အထားများကို လျင်မြန်စွာ စစ်ဆေးသည်။
တရားသူကြီး ဝမ်ကျုံးက "တရားခံဘက်က ခုခံချေပတဲ့ ရှေ့နေ တင်ပြလာတဲ့ အထောက်အထား အားလုံးကို ရုံးတော်ကနေ သေချာစစ်ဆေးစိစစ်ပြီးပါပြီ။ အဆိုပါ အထောက်အထားတွေက ဥပဒေအရ တရားဝင်မှု၊ အမှုနဲ့ တိုက်ရိုက်သက်ဆိုင်မှုနဲ့ ပြည့်စုံခိုင်လုံမှုတို့ ရှိနေတာကြောင့် ဒီအမှုအတွက် တရားဝင် သက်သေအထောက်အထားအဖြစ် ရုံးတော်ကနေ အတည်ပြုလိုက်တယ်..." ဟု ကြေညာသည်။
တရားလိုရှေ့နေ ကျန်းယီဖန်မှာ ကြောင်တောင်တောင်ဖြစ်နေပြီး စကားမထွက်နိုင်အောင် ဖြစ်သွားသည်။
တရားသူကြီးက သူ့ကို ပြန်လည်ခြေပရန် မေးသော်လည်း သူ ဘာမှ ဆက်မပြောနိုင်တော့ပေ။
တရားသူကြီး ဝမ်ကျုံးက တူဖြင့် ရိုက်ခတ်လိုက်ပြီး
"ရုံးတော်ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ... ရွီမော်ဘဏ်က ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ မင်းတို့ရဲ့ ဖောက်သည်တွေ အပ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေကို စနစ်တကျနဲ့ အကာအကွယ်ပေးဖို့ ဥပဒေအရ တာဝန်အပြည့်အဝ ရှိပါတယ်။ ဒါပေမဲ့ ရွီမော်ဘဏ်က အဲဒီတာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့ရုံတင်မကဘဲ ဖောက်သည်တွေအတွက်ပါ နစ်နာဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်...
ဒါတင်မကသေးဘဲ... အခုတရားခွင်အတွင်းမှာ ရွီမော်ဘဏ်ဘက်က တင်ပြလျှောက်လဲခဲ့တဲ့ အချက်အလက်တွေက လုံလောက်တဲ့ သက်သေအထောက်အထား မရှိတဲ့အပြင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်တွေနဲ့လည်း ကိုက်ညီမှု မရှိတာကြောင့် ရွီမော်ဘဏ်ရဲ့ တင်ပြချက်အားလုံးကို ယခုတရားရုံးတော်အနေနဲ့ လုံးဝ လက်မခံဘဲ ပယ်ချကြောင်း အမိန့်ချမှတ်လိုက်တယ်..." ဟု ပြောလိုက်သည်။
ကျန်းယီဖန်မှာ ထိုစကားကို ကြားသောအခါ အရိုးထိအောင် အေးစက်သွားသလို ခံစားလိုက်ရတော့သည်။
အမှုကတော့ ပြီးဆုံးတော့မှာပဲ...
အမှုရှုံးဖို့ သေချာနေပြီ။
အမှုပေါင်း ဒီလောက်များနေတဲ့အထဲမှာ ယာယီဝန်ထမ်းဆိုတဲ့ အကြောင်းပြချက်ကို အမှုတိုင်းအတွက် သုံးဖို့ မဖြစ်နိုင်တော့ဘူးမလား။
ရွီမော်ဘဏ်ရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုတွေက လုံးဝ ပျက်စီးသွားပြီ။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ပရိသတ်များကလည်း မှတ်ချက်များ ပေးနေကြသည်။
[ရွီမော်ဘဏ်က တကယ်ကို လွန်လွန်းတယ်။]
[ဒေါသထွက်စရာပဲ "ကျွန်တော်က ကျွန်တော့်အဖေရဲ့ သားဖြစ်ကြောင်း" သက်သေပြခိုင်းတာကတင် လုံလောက်အောင် အဓိပ္ပာယ်မရှိဘူးလို့ ထင်ထားတာ၊ ရွီမော်ဘဏ်က ဒီ့ထက် ပိုရယ်စရာကောင်းတဲ့အရာတစ်ခု ထပ်လုပ်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူးဖောက်သည်ကို "ကျွန်တော့်ပိုက်ဆံက ကျွန်တော့်ပိုက်ဆံဖြစ်ကြောင်း" သက်သေပြခိုင်းတာတဲ့။ ရွီမော်ဘဏ်က ဒီလောက်တောင် အာဏာရှင်ဆန်တာလား]
[ရွီမော်ဘဏ်က လူယုတ်မာပဲ။ လူတွေကို ပိုက်ဆံပိုပေးမိရင် သူတို့က ဘယ်လိုပဲဖြစ်ဖြစ် ပြန်တောင်းယူနိုင်တယ်။ ဒါပေမဲ့ ပိုက်ဆံလျော့ပေးမိရင်တော့ "ဘဏ်အပြင်ရောက်တာနဲ့ တာဝန်မယူဘူး" တဲ့။ မင်းတို့ပြောကြည့် ဒီရွီမော်ဘဏ်က ဘယ်လောက်တောင် အာဏာရှင်
ဆန်နေတာလဲ။ သူတို့ကိုယ်တိုင် "ဘဏ်အပြင်ရောက်တာနဲ့ တာဝန်မယူဘူး" လို့ ရေးထားပြီးမှ ဖောက်သည်တွေက ပိုက်ဆံထုတ်တဲ့အခါမှာကျတော့ ရွီမော်ဘဏ်က ဒါက ဘဏ်ရဲ့ပိုက်ဆံဖြစ်ပြီး ဘဏ်က စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့ ထပြောနေတာ။]
[ဒီဘဏ်က ဘယ်တော့များ ဒေဝါလီခံမှာလဲ]
[ဒီအမှုကတော့ ပြောစရာတောင် မလိုတော့ဘူး။ ရွီမော်ဘဏ် သေချာပေါက် ရှုံးမှာပဲ။ တစ်ခုတော့ ပြောရမယ်။ ရှေ့နေဂူကတော့ တကယ်ကို အရည်အချင်းရှိတယ်]
[ဒေါသထွက်စရာပဲ သူက ဥပဒေမဲ့မိုက်ရူးရဲ ဂူချန်လေ။ ဥပဒေမဲ့မိုက်ရူးရဲရဲ့ အလေးချိန်ကို မင်းတို့ သိကြလား]
[ရွီမော်ဘဏ်က ဂူချန်ကို စိန်ခေါ်ရဲတယ်ပေါ့။ အခုတော့ သူတို့ ကိုယ့်သေတွင်းကိုယ်တူးနေတာဆိုတာ သိသွားပြီမလား]
[ရွီမော်ဘဏ်တော့ ပြီးပြီ]
ကောင်းရုန်နှင့် သခင်လေးရွှယ်တို့ကလည်း အမှုကို ကြည့်နေကြသည်။
ကောင်းရုန်က "ဂူချန်က အရမ်းတော်လွန်းနေပြီ။ အမှုကို ဒီလိုဖြစ်အောင် ပြောင်းလဲပစ်လိုက်တာ၊ ဘဏ်ရဲ့ ဥပဒေဌာနတောင် ဂူချန်ကို မနိုင်ဘူး... ဂူချန်က လွန်ခဲ့တဲ့ ငါးနှစ်တာ အမှုတွဲအားလုံးကို တူးဆွထုတ်ဖော်လာလိမ့်မယ်လို့ ဘဏ်က ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ဘူး။ ဘဏ်ကို စကားမပြောနိုင်အောင် လုပ်လိုက်တာပဲ"
သခင်လေးရွှယ်က ခေါင်းညိတ်လိုက်သည်။
"ဒီအမှုက တကယ်ကို အနိုင်ရသွားနိုင်တယ်။ ဂူချန် တကယ်ပဲ လုပ်နိုင်သွားနိုင်တယ်။ ကျောက်ရိရှန်းတောင် အပြစ်မရှိဘူး ဖြစ်သွားနိုင်တယ်။ ဘဏ်ကောင်တာတွေကို ရိုက်ခွဲမိတာအတွက် လျော်ကြေးပဲ ပေးလိုက်ရုံပေါ့"
ကောင်းရုန်က "အခု အမှုကို ကြည့်ရသလောက်တော့ ရွီမော်ဘဏ် ဒုက္ခရောက်ဖို့ များနေပြီ။ ဂူချန်က တခြားအမှုတွေကိုတောင် ရှာတွေ့ထားသေးတယ်... သူ ရွီမော်ဘဏ်ကို လွယ်လွယ်နဲ့ လွှတ်ပေးမယ့်ပုံ မပေါ်ဘူး"
သခင်လေးရွှယ်လည်း အတော်လေး ထိတ်လန့်သွား၏။
အစတုန်းက ငါ ဂူချန် ဒီအမှုကို အနိုင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။
ဒါပေမဲ့ အခု ဂူချန် တကယ်အနိုင်ရတော့မယ်...
ကျောက်ရိရှန်းတောင် ထောင်ကျစရာ မလိုတော့ဘူး….
ဆန့်ကျင်ဘက်အနေနဲ့ ရွီမော်ဘဏ်ကတော့ အခြေအနေ အတော်ဆိုးရွားနေပြီ……
ရွီမော်ဘဏ်၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုတို့မှာ အလုံးစုံ ပျက်သုဉ်းသွားခဲ့ကာ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ယုံကြည်မှုတံတိုင်းမှာလည်း ဤအမှုအခင်း၏ ရိုက်ခတ်မှုအောက်၌ အစိတ်စိတ်အမြွှာမြွှာ ပြိုလဲသွားခဲ့ပြီဖြစ်သည်။
"ဒီအမှုလည်း ပြီးရော ရွီမော်ဘဏ်မှာ ပိုက်ဆံတွေကို ဘယ်သူကများ ဆက်ပြီး အပ်ထားရဲတော့မှာလဲ။
ဒီလောက်အထိ ကြီးမားတဲ့ အရှုပ်ထုပ် အမှုအခင်းကြီး ဖြစ်သွားပြီးတဲ့နောက်မှာတော့... အဲဒီဘဏ်ထဲ ကိုယ့်ပိုက်ဆံ သွားထားဖို့ နေနေသာသာ ဘယ်သူကများ အသက်နဲ့ရင်းပြီး သွားရဲကြတော့မှာလဲ..."
ရွီမော်ဘဏ်မှာ နိုင်ငံ၏ ထိပ်တန်းဘဏ်ကြီးလေးခုတွင် ပါဝင်ခြင်းမရှိဘဲ အတိုးနှုန်းကို အနည်းငယ်ပိုပေးရုံမျှဖြင့် ဆွဲဆောင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ အရာအားလုံး ပေါက်ကွဲထွက်သွားခဲ့ပြီဖြစ်သည်။
ရွီမော်ဘဏ်၏ ကံကြမ္မာမှာမူကား အဆုံးသတ်သွားပြီဟုသာ ဆိုရတော့မည်ပင်။
မည်မျှပင် များပြားသော ငွေကြေးအင်အားဖြင့် တန်ပြန်ဖြေရှင်းစေကာမူ သာမန်ပြည်သူတို့၏ ယုံကြည်မှုကို ပြန်လည်ရယူရန်မှာ မဖြစ်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ကျန်းယီဖန်မှာ အထိန်းအကွပ်မဲ့စွာဖြင့် အသံကိုမြှင့်၍ "ကျွန်တော် ကန့်ကွက်ပါတယ် ဘာပဲဖြစ်ဖြစ် ဒီအမှုမှာ ရွီမော်ဘဏ်က နစ်နာသူပါ။ ကျွန်တော်တို့ဘဏ်မှာ လုယက်ခံခဲ့ရတာဖြစ်ပြီး ငွေကြေးအမြောက်အမြား ဆုံးရှုံးခဲ့ရတာပါ။ ဘဏ်က ဖောက်သည်တွေရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးနေတာပါ။ ပြီးတော့ ခုခံချေပတဲ့ရှေ့နေက အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို လျှောက်ပြောနေတာပါ။ ဒီသက်သေတွေရဲ့ စကားကို ဘယ်လိုယုံကြည်ရမှာလဲ သူတို့ထွက်ဆိုချက်တွေ အကုန်လုံးက ကိုယ်ပိုင်အာဃာတတွေနဲ့ အတုအယောင်တွေချည်းပါပဲ" ဟု အော်ဟစ်လိုက်သည်။
ကျန်းယီဖန်မှာ အရာရာကို ဂရုမစိုက်တော့ဘဲ ဘဏ်၏ ဂုဏ်သိက္ခာကို နောက်ဆုံးအကြိမ်အဖြစ် အသည်းအသန် ကာကွယ်ရန် ကြိုးစားလိုက်ခြင်းပင်။
ဂူချန်က ပြန်လည်တုံ့ပြန်ရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် တရားသူကြီး ဝမ်ကျုံးက
"ဒီတရားရုံးအနေနဲ့ တရားလိုရှေ့နေရဲ့ ကန့်ကွက်မှုကို တရားမဝင်ကြောင်း ကြေညာလိုက်တယ်။ တရားရုံး လုပ်ထုံးလုပ်နည်းအရ တရားလိုဘက်ကို ပြန်လည်ချေပဖို့ အခွင့်အရေး လုံလုံလောက်လောက် ပေးအပ်ပြီးဖြစ်သလို တရားရုံးကလည်း ၎င်းကို အသိအမှတ်ပြုပြီးသား ဖြစ်တယ်။
အမှု၏ အချက်အလက်များနှင့် ဥပဒေရေးရာ ဆက်စပ်မှုတို့ကို စစ်ဆေးပြီးနောက်မှာ ရှင်းလင်းသွားပြီဖြစ်သည်။
အမှုအချက်အလက်များကလည်း ပေါ်လွင်ကာ ထင်ရှားနေပြီး သက်သေအထောက်အထားများကလည်း ခိုင်လုံလွန်းသည်။
“ဥပဒေနှင့်အညီ တရားရုံးက အပြီးသတ် စီရင်ချက် ချမှတ်တော့မှာပါ"
တရားသူကြီးချုပ်က တရားခွင်တစ်ခုလုံး ပဲ့တင်ထပ်သွားအောင် ကြေညာလိုက်သည်။