← Chapters

အခန်း (၁၈၉-၁၉၂)

Vol. 16 Ch. 189-192

အခန်း (၁၈၉-၁၉၂)

Vol. 16 Ch. 189-192

အခန်း။ ၁၈၉

စီရင်ချက်ချပြီးသည်နှင့် တစ်ပြိုင်နက် ဤအမှုမှာ ဝေဘို Weibo တွင် ခေတ်စားနေသော အကြောင်းအရာ ဖြစ်လာခဲ့သည်။

သတင်းထောက်များသည်လည်း သူတို့၏ ဆောင်းပါးများကို အမြန်ဆုံး ဖော်ပြနိုင်ရန်နှင့် အင်တာဗျူးများ ပြုလုပ်ရန် အလုအယက် ပြင်ဆင်နေကြသည်။

[အံ့အားသင့်စရာ ရွီမော်ဘဏ်၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကြီးကြပ်ရေးမှူးများနှင့် မန်နေဂျာများအားလုံး ထောင်ဒဏ် အသီးသီး ချမှတ်ခံလိုက်ရပြီ ဥက္ကဋ္ဌမှာ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံရ]

[ကျောက်ရိရှန်း၏ အမှုတွင် အလှည့်အပြောင်း ဖြစ်ပေါ် ကျောက်ရိရှန်းမှာ စွဲချက်ကင်းလွတ်ပြီး လွတ်မြောက်လာပြီ ရွီမော်ဘဏ်ဥက္ကဋ္ဌ ထောင်ကျသွားပြီ]

[ရှေ့နေဂူချန်က ဘယ်လောက်တောင် စွမ်းသလဲ သူ့ကို အမှုတစ်ခု လွှဲပေးလိုက်တာနဲ့ ဘဏ်တစ်ခုလုံးကိုပါ ဖြိုချသွားနိုင်တယ်]

[ထိပ်တန်းရှေ့နေတစ်ယောက် ဖြစ်ဖို့ဆိုတာ ဘာတွေလိုအပ်သလဲ။ ဂူချန်က နောက်ထပ် အမှုတစ်ခုကို အနိုင်ရပြီး အလှည့်အပြောင်း လုပ်ပြသွားပြန်ပြီ။ ဘဏ်တစ်ခုလုံးကိုတောင် ဖြိုချလိုက်နိုင်တယ်]

သတင်းထောက်အုပ်စုကြီးမှာ သူ့ကို ဝိုင်းရံထားကြသည်။

သတင်းထောက်အားလုံးမှာ ဂူချန်ကို အင်တာဗျူးရန် ရောက်ရှိနေကြခြင်းပင်။

မီဒီယာများက ကင်မရာများကို ဂူချန်ဆီသို့ ချိန်ရွယ်ထားကြသည်။

မိုက်ခရိုဖုန်း ကိုင်ထားသည့် သတင်းထောက်အုပ်စုက ဂူချန်ကို အင်တာဗျူးရန် အလုအယက် တိုးဝှေ့နေကြသည်။

"ရှေ့နေဂူ ဒါက ရှေ့နေရဲ့ ရှစ်ခုမြောက် အမှုဆိုတာ ဟုတ်ပါသလား။ ရှေ့နေက အမှု ရှစ်ခုလုံးကို အနိုင်ရအောင် လုပ်ပြခဲ့ပြီး အမှုတိုင်းလိုလို စတင်ဖို့ ခက်ခဲနေသော်လည်း နောက်ဆုံးမှာ အားလုံးကို အနိုင်ရခဲ့ပါတယ်။ ရှေ့နေဂူ ဒီလိုမျိုး ဘယ်လိုလုပ်နိုင်ခဲ့တာလဲ"

"ရှေ့နေဂူ ရွီမော်ဘဏ်ဥက္ကဋ္ဌကို ထောင်ဒဏ် ချမှတ်ခံရအောင် ဘယ်လို လုပ်ဆောင်ခဲ့တာလဲ ဒီအမှုအတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့လဲ စစချင်းကတည်းက အနိုင်ရမယ်လို့ ယုံကြည်ချက် ရှိခဲ့ပါသလား"

"ရှေ့နေဂူ အခုချိန်ထိ ရှေ့နေရဲ့ အနိုင်ရနှုန်းက ၁၀၀% ပါ။ ပြီးတော့ ရှေ့နေကိုင်တွယ်တဲ့ အမှုအားလုံးက ရာဇဝတ်မှုတွေချည်းပဲ။ ဒီလို အောင်မြင်မှုကို ဘယ်လို ရယူနိုင်ခဲ့တာလဲ ရှေ့နေဂူ"

"ရှေ့နေဂူ... ရှေ့နေဂူ..."

သတင်းထောက်များက ဂူချန်ကို တစ်ယောက်ပြီးတစ်ယောက် ဝိုင်းရံထားကြသည်။

ဝိုင်းရံနေသော သတင်းထောက်များကို ကြည့်ကာ ဂူချန်က "အမှုတိုင်းမှာ အနိုင်ရတာဟာ ကျွန်တော် တော်လွန်းလို့ မဟုတ်ပါဘူး။ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။ ဥပဒေဆိုတာ အားလုံးကို လွှမ်းခြုံထားပြီး ဥပဒေကို ချိုးဖောက်သူတိုင်းကတော့ ဥပဒေအရ အပြစ်ပေးခံရမှာပဲ" ဟု ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ ဥပဒေရုံးက အခုမှ စတင်တည်ထောင်တာဖြစ်ပြီး လျင်မြန်စွာ တိုးချဲ့နေပါတယ်။ ကျွန်တော်တို့ ငှားရမ်းထားတဲ့ ရှေ့နေတွေအားလုံးကလည်း အရမ်း အရည်အချင်းရှိကြပါတယ်။ ကျွန်တော်တို့ကို ယုံကြည်နိုင်သလို ကျွန်တော်တို့ရုံးကိုလည်း ယုံကြည်နိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် ဂူချန်ဥပဒေရုံးကို ဖုန်းနံပါတ် ၁၃၈******* မှာ ဆက်သွယ်နိုင်ပါတယ်"

ဂူချန်သည် သူ့ရုံးကို ကြော်ငြာပြီးနောက် ဆက်လက်၍ "တောင်းပန်ပါတယ်။ ကျွန်တော့်မှာ ကိုင်တွယ်ရမယ့် အမှုသစ်တွေ ရှိနေသေးလို့ နောက်ထပ် အင်တာဗျူးတွေကို လက်မခံတော့ပါဘူး။ လိုအပ်ရင် ဂူချန်ဥပဒေရုံးကို ဆက်သွယ်ဖို့ မမေ့ပါနဲ့" ဟု ပြောသည်။

"တရားရေးနယ်ပယ်မှာ သီးသန့်ကျွမ်းကျင်မှု ရှိတဲ့ ရှေ့နေတွေအနေနဲ့ ဂူချန်ဥပဒေရုံးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရုံးက အလွန်ကောင်းမွန်တဲ့ လစာနဲ့ ကော်မရှင် မြင့်မြင့်မားမားအပြင် တစ်ပတ်မှာ လေးရက်ပဲ အလုပ်လုပ်ရတဲ့ စနစ်ကို ပေးထားပါတယ်"

ကြော်ငြာပြီးနောက် ဂူချန်သည် ရွှယ်ချင်းချင်းနှင့်အတူ ထွက်ခွာသွားသည်။

သတင်းထောက်များမှာမူ ဘာဆက်လုပ်ရမှန်း မသိဘဲ ငေးမောကာ ကျန်ရစ်ခဲ့ကြသည်။

သတင်းထောက်များမှာမူ အဓိက အချက်တစ်ခုကို ဖမ်းမိလိုက်ကြသည်။

[မြန်မြန် ရှေ့နေဂူရဲ့ နောက်ထပ်အမှုက ဘာလဲဆိုတာ ရှာကြည့်ကြစမ်း]

[ရှေ့နေဂူက အမှုသစ်တစ်ခုကို ထပ်ကိုင်တွယ်တော့မှာလား။ ဒီတစ်ခါ ဘာတွေ ဖြစ်ဦးမလဲ]

[ရှေ့နေဂူက နောက်ထပ် ဘယ်သူ့ကို ထောင်ထဲ ပို့လိုက်ဦးမှာလဲ]

["ဥပဒေမဲ့မိုက်ရူးရဲ" ဆိုတဲ့ ဂုဏ်ပုဒ်ကို မယုံခဲ့ပေမဲ့ အခုတော့ ယုံသွားပြီ။ ရှေ့နေဂူ အမှုတစ်ခုကို ကိုင်တွယ်တိုင်း လူတစ်ယောက်ယောက်တော့ ထောင်ထဲ ရောက်သွားစမြဲပဲ။ အရင်တုန်းက တရားသူကြီးကိုတောင် ဖြိုချခဲ့တာ အံ့သြဖို့ကောင်းနေပြီ။ အခုတော့ ဘဏ်တစ်ခုလုံးတောင် ပြိုလဲသွားပြီ။ ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ အရာဟုတ်ရဲ့လား]

....

အမှုအနိုင်ရပြီးနောက်တွင် သတင်းမှာ အင်တာနက်ပေါ်၌ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

အထူးသဖြင့် ကြီးမားလှသော ဘဏ်တစ်ခုလုံး စုပေါင်း ဖြိုချခံလိုက်ရခြင်း ဖြစ်သောကြောင့်ပင်။

စွပ်စွဲချက်များကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း အားလုံးမှာ ဂူချန်၏ ကျေးဇူးကြောင့်ပင်။

ဤအမှုမှာ အစပိုင်းတွင် ကျောက်ရိရှန်းနှင့် ဘဏ်ကြားမှ အမှုတစ်ခုသာ ဖြစ်ခဲ့သော်လည်း ကျောက်ရိရှန်းကို အပြစ်ကင်းစင်ကြောင်း သက်သေပြပေးလိုက်ခြင်းက အမှုအား အဆုံးသတ်စေခဲ့သည်။

သို့သော် ဂူချန်က တရားရုံးတွင် တရားစွဲဆိုလိုက်ပြီး ဘဏ်ဥက္ကဋ္ဌကို ထောင်ထဲ ပို့လိုက်သည်။

ရလဒ်မှာ ဘဏ်ဥက္ကဋ္ဌက တကယ်ပင် ထောင်ကျသွားခဲ့ခြင်းပင်။

ထို့တင်မကသေးဘဲ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ အများအပြားမှာလည်း ထောင်ကျသွားကြသည်။

ဒီတစ်ခါတော့ ထောင်ထဲရောက်သွားသူတွေနဲ့ဆိုရင် ဗင်ကားတစ်စီးတောင် မဆန့်လောက်တော့ဘူး…….

ဂူချန်ဥပဒေရုံးက တစ်ဖန်ပြန်၍ အများ၏ အာရုံစိုက်မှုကို ခံလိုက်ရပြန်သည်။

ထိုအထဲတွင် လူအများ၏ စိတ်ဝင်စားမှုကို အကြီးမားဆုံး ဖမ်းစားလိုက်သည်မှာ ဂူချန် ပြောခဲ့သည့် စကားတစ်ခွန်းပင်။

ဘဏ်ရဲ့ငွေက တကယ်ပဲ ဘဏ်ရဲ့ငွေဖြစ်ကြောင်း ဘဏ်က ဘယ်လိုသက်သေပြနိုင်မလဲဆိုသည့် မေးခွန်းပင်။

"ဝါး... ဒီအမှုကို ကြည့်ပြီးတာနဲ့ ဂူချန်က တကယ့်ကို ထူးချွန်သူတစ်ယောက်ဆိုတာ ပြောရဲတယ်..."

"ဒါက တကယ့် ဥပဒေမဲ့မိုက်ရူးရဲဆိုတာ ဒါမျိုးကို ခေါ်တာလား လွန်လွန်းနေပြီ။ သူ တကယ်ပဲ ဘဏ်တစ်ခုလုံးကို ဖြိုချလိုက်တာလား"

"ဟုတ်တယ် ကျောက်ရိရှန်း စွဲချက်ကင်းလွတ်ပြီး လွတ်မြောက်သွားသလို ဘဏ်တစ်ခုလုံးလည်း ပြိုလဲသွားခဲ့ပြီ..."

"တရားခွင်မှာ ရှေ့နေဂူ အငြင်းအခုံ လုပ်တာကို မင်းမတွေ့လိုက်ရလို့ပါ။ ထိပ်တန်းရှေ့နေတွေထက်တောင် ပိုကောင်းသေးတယ်"

"ဘယ်ထိပ်တန်းရှေ့နေကများ ရှေ့နေဂူနဲ့ ယှဉ်နိုင်မှာတဲ့လဲ"

"တကယ်ပြောတာ ရှေ့နေဂူဆိုတာ အမှုကို ဘယ်တော့မှ မရှုံးနိုင်တဲ့သူလား"

"သေချာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ ဥပဒေမဲ့မိုက်ရူးရဲရှုံးသွားတာကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။ သံသယဝင်တဲ့သူတွေက အဖမ်းခံဖို့ပဲ ရှာနေကြတာ"

"ဒီတစ်ခါ ရွီမော်ဘဏ်က ရှေ့နေဂူနဲ့ တရားခွင်မှာ ယှဉ်ပြိုင်ခဲ့တာ။ ဘဏ်အမှုဆောင်တွေ လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး နေနေတဲ့အချိန်မှာပဲ ရုတ်တရက် ဝင်စီးပြီး အဖမ်းခံလိုက်ရတာ။ ပါးစပ်သတိထား မဟုတ်ရင် မင်းလည်း အဖမ်းခံရလိမ့်မယ်"

"ငါ့ဆီလည်း အလည်ရောက်လာတယ်…… ရဲတွေက ငါ့ကို လာဖမ်းသွားတယ်..."

....

ဂူချန်နှင့် ရွှယ်ချင်းချင်းတို့ ရုံးသို့ ပြန်ရောက်ကြသည်။

ဤအမှုသစ် နှစ်ခုကို ရုံးသို့ ရောက်လာသည်မှာ တစ်ရက်ပင် ရှိသေးသည်။

ရွှယ်ချင်းချင်းက အလုပ်များကို စနစ်တကျ ပြင်ဆင်နေသည်။

ဂူချန်သည် ရုံးခန်းထဲတွင် ထိုင်ကာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်သည်။

ရွှယ်ချင်းချင်းက စာရွက်စာတမ်း အချို့ကို ကိုင်ဆောင်ကာ ရောက်ရှိလာသည်။

ရွှယ်ချင်းချင်း "သူဌေး အခုလောလောဆယ် ကျွန်မတို့ရုံးမှာ ဒီအမှုနှစ်ခုကို ကိုင်တွယ်ပေးနိုင်မယ့်သူ မရှိသေးဘူး။ အားလုံးက အလုပ်တွေ ရှုပ်နေကြတယ်။ အဓိကကတော့ ကျွန်မတို့ရုံးမှာ အလုပ်တွေ ပိနေလို့ပါပဲ။ တစ်ပတ်ကို လေးရက်ပဲ အလုပ်လုပ်ရမယ်လို့ ဆိုထားပေမဲ့ ရှေ့နေတွေကတော့ အမှုတွေ မပြတ်တဲ့အတွက် အချိန်ပိုတွေ လုပ်နေကြရတယ်"

အကြောင်းမှာ ဂူချန်ဥပဒေရုံးတွင် အမှုတိုင်း အောင်နိုင်မှုအတွက် ကော်မရှင် အမြတ်ငွေ အလွန်များပြားသည့်အပြင် ရှေ့နေများ၏ လစဉ်လစာမှာလည်း နိမ့်ကျသည်မဟုတ်ပေ။

ထို့ပြင် အချိန်ပိုအတွက်လည်း အပိုဆုကြေးများ ပေးအပ်သည်။

ထို့ကြောင့် လူတိုင်းက အချိန်ပိုလုပ်ချင်နေကြသည်။

ရုံးကလည်း လုပ်အားခကို တကယ်ပင် ကောင်းကောင်း ပေးထားသည်။

အချိန်ပို တစ်နာရီလုပ်လျှင်ပင် လုပ်အားခ အပြည့်အဝ ရရှိသည်။

ဤအချက်ကပင် ရှေ့နေအများအပြားကို ဂူချန်ဥပဒေရုံးသို့ ဝင်ရောက်နိုင်ရန် ကြိုးစားအားထုတ်လာစေသည်။

ဂူချန်သည် အမှုတစ်ခုကို လက်ခံလိုက်တိုင်း ရှေ့နေလုပ်ငန်း၏ နာမည်ဂုဏ်သတင်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာစမြဲဖြစ်ပြီး သူကိုယ်တိုင် တည်ထောင်ထားသော ဤရှေ့နေလုပ်ငန်းအကြောင်းကို လူသိများသူ ပိုမိုများပြားလာခဲ့သည်။

လူအများအပြားမှာ ဂူချန်ဟူသော နာမည်ကို မြင်သည်နှင့် ထိုလုပ်ငန်းထံသို့ ဥပဒေကြောင်းအရ အကူအညီတောင်းခံရန် ရောက်ရှိလာကြတော့သည်။

ဝန်ဆောင်ခနှုန်းထားများမှာ အနည်းငယ် ကြီးမြင့်သည်ဟု ဆိုနိုင်သော်လည်း ဂူချန် ရှေ့နေလုပ်ငန်းက အမှန်တကယ်ပင် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်ကြောင်းကို လူတို့ သတိပြုမိလာကြ၏။

မည်သည့်အမှုကိုမဆို အနိုင်ရရှိနိုင်မည့် အခွင့်အလမ်းမှာ အလွန်ပင် ရေပန်းစား ကြီးမားသည်။

အကယ်၍ အမှုရှုံးနိမ့်ခဲ့လျှင်သော်မှ ထိုအရာသည် လူသတ်သမားများကို ခုခံကာကွယ်ရသည့် ရာဇဝတ်မှုမျိုး ဖြစ်နေ၍သာ သေဒဏ်ကျခံရခြင်းမျိုး ဖြစ်ပေလိမ့်မည်...

ယခုရောက်ရှိလာသည့် အမှုနှစ်ခု၏ ရှုပ်ထွေးနက်နဲမှုများကို ထောက်ရှု၍ ရှေ့နေလုပ်ငန်းအတွင်း ဝိုင်းဝန်းတိုင်ပင်ကြပြီးနောက် ဂူချန်ကိုသာ ကိုင်တွယ်ဖြေရှင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

ဂူချန်အနေဖြင့် ဤအမှုနှစ်ခုကို လက်ခံဆောင်ရွက်မည် မဆောင်ရွက်မည်က အလွန်ပင် အရေးပါလှ၏။

ဤအမှုများကို လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်မှာ လုံးဝဥဿုံ သူ၏ သဘောဆန္ဒအတိုင်းသာ ဖြစ်သည်။

ဂူချန်က “ဒီအမှုနှစ်ခုရဲ့ အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ” ဟု မေးလိုက်သည်။

ရွှယ်ချင်းချင်းက “သူဌေး... ပထမတစ်ခုကတော့ ငွေကြေးမတတ်နိုင်ပေမဲ့ ကျွန်မတို့လုပ်ငန်းဆီကနေ အမှုရင်ဆိုင်ဖို့ အကူအညီတောင်းခံလာတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ အသနားခံစာပါ...” ဟု ပြန်လည်ဖြေကြားပြီးနောက်

“နောက်တစ်ခုကတော့ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်ဆီကပါ။ သူ့ဇနီးက ဖောက်ပြန်ခဲ့ပြီး မွေးထားတဲ့ ကလေးသုံးယောက်စလုံးကလည်း သူ့ရဲ့သွေးသားအရင်းအချာတွေ မဟုတ်ကြပါဘူး။ အဲဒီကလေးတွေက သူ့ကို ကြည့်မရကြတဲ့အပြင် နေ့တိုင်းလည်း ကျိန်ဆဲကြပါတယ်။ ဒါပေမဲ့ တရားရုံးကတော့ သူ့ကို ပိုင်ဆိုင်မှုအားလုံး စွန့်လွှတ်ပြီး ထွက်ခွာသွားဖို့နဲ့ ကလေးတွေအတွက် ထောက်ပံ့ကြေးပါ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့အိမ်၊ ကားနဲ့ ရှိသမျှအရာအားလုံးကိုလည်း ဇနီးဖြစ်သူထံ အပ်လိုက်ရပါတယ်” ဟု ဆက်ပြောလိုက်သည်။

အခန်း။ ၁၉၀

ဂူချန်က “ဟမ်” ဟု အံ့အားသင့်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

“တရားရုံးက တကယ်ပဲ ဒီလိုမျိုး အမိန့်ချမှတ်ခဲ့တာလား”

သူက ဆက်မေးလိုက်သည်။

ရွှယ်ချင်းချင်းက ခေါင်းညိတ်၍ “ဟုတ်ကဲ့ သူနဲ့ တရားဝင်မွေးထားတဲ့ ကလေးသုံးယောက်စလုံးက သူ့သွေးသားအရင်းအချာတွေ မဟုတ်မှန်း ပေါ်လွင်နေတာပါ။ ဘယ်လိုပဲကြည့်ကြည့် တရားရုံးအနေနဲ့တော့ သူ့ကို ဘာမှမရဘဲ လက်ဗလာနဲ့ ကွာရှင်းခိုင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့က သူ့ကလေးတွေမှ မဟုတ်တာ ဘာကြောင့်များ တရားရုံးက သူ့ကို ကလေးထောက်ပံ့ကြေး ပေးဆောင်ဖို့ အမိန့်ချရတာလဲ။ ဒါတောင်မှ သူကိုယ်တိုင် ဝယ်ယူထားတဲ့ အိမ်နဲ့ ကားကိုပါ သူ့ဇနီးဟောင်းဆီ အပ်နှံလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ရှင်းပြသည်။

သူမက ဆက်လက်၍ “ဒီသတ်လတ်ပိုင်းအရွယ် အမျိုးသားသာ ရှေ့နေတစ်ယောက်ကို ငှားရမ်းခဲ့မယ်ဆိုရင် အမှုက ဒီလိုမျိုး အခြေအနေရောက်သွားဖို့ မဖြစ်နိုင်ပါဘူး” ဟု မှတ်ချက်ပြုသည်။

ဂူချန်က “သူက ရှေ့နေငှားဖို့တောင် ငွေမတတ်နိုင်တာ ဖြစ်ကောင်းဖြစ်မယ်။ သူ့ပိုက်ဆံတွေအားလုံး သူ့ဇနီးဟောင်း လက်ထဲမှာပဲ ရှိနေပြီး သူကတော့ တစ်ပြားမှ မကျန်တော့တာ ဖြစ်နိုင်တယ်လေ” ဟု ပြောလိုက်သည်။

ရွှယ်ချင်းချင်းက “သူက အလုပ်ရှိပါတယ်။ ကျွန်မကြားတာတော့ သူက တစ်လကို တစ်သောင်းသုံးထောင် ရတယ်လို့ သိထားပါတယ်” ဟု ပြန်ပြောသည်။

ဂူချန်က “အိမ်ထောင်ကျပြီးကတည်းက သူက ငွေကြေးအားလုံးကို သူ့ဇနီးဆီ အပ်ထားခဲ့တာလေ။ သူ့လက်ထဲမှာ ဘယ်လိုလုပ် ပိုက်ဆံရှိတော့မှာလဲ” ဟု ရှင်းပြလိုက်သည်။

ရွှယ်ချင်းချင်းက ခေါင်းညိတ်၍ “သူဌေး... ဒီအမှုနှစ်ခုလုံးက မတရားမှုတွေပါ။ အရင်က သူဌေးကိုင်တွယ်ခဲ့တဲ့ အမှုတွေက ရာဇဝတ်မှုတွေဖြစ်ပြီး ဒီအမှုနှစ်ခုကတော့ ဘာအကျိုးအမြတ်မှ ရလာမှာမဟုတ်ပါဘူး။ အမှုသည်နှစ်ဖက်လုံးက ရှေ့နေခ မပေးနိုင်ကြဘူး။ ဒီအမှုတွေကို လက်မခံတာပဲ ကောင်းမလားလို့ပါ” ဟု အကြံပြုသည်။

ဂူချန်သည် ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို အသာအယာ သောက်လိုက်သည်။

ဤကာလအတွင်း သူ တကယ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။

ဤမတရားမှုနှစ်ခုကို လက်ခံရန်အတွက်လည်း စိတ်အားထက်သန်မှု မရှိလှပေ။

ထို့ပြင် လက်ရှိရရှိထားသော အချက်အလက်များမှာလည်း တစ်ဖက်သတ် ပြောဆိုချက်များသာ ဖြစ်နေသေးသည်။

ချမ်းသာသည့် သူဌေးသား၏ ပညာသင်ဆုကို လုယူခံရသည့်အမှုဖြစ်စေ၊ သွေးသားမတော်စပ်သည့် ကလေးသုံးယောက် အမှုဖြစ်စေ ယခင်က သူကိုင်တွယ်ခဲ့သည့် အမှုများနှင့် ယှဉ်လျှင်တော့ အလေးချိန် လျော့နည်းနေသည်။

“ခဏလောက်တော့ ထားလိုက်ဦး။ ငါ အားတဲ့အချိန်မှပဲ ကြည့်လိုက်မယ်။ နှစ်ရက်လောက် နားပြီးမှ ဒီအမှုနှစ်ခုကို လက်ခံမလားဆိုတာ ဆုံးဖြတ်တော့မယ်”

ဂူချန်က ပြောလိုက်သည်။

ယေဘုယျအားဖြင့် မတရားမှုများက အကျိုးအမြတ် နည်းပါးသည်။ ထို့အပြင် ဤအမှုနှစ်ခုမှာ ထူးခြားဆန်းပြားနေသဖြင့် ဝင်ငွေရရှိရန်လည်း မလွယ်ကူပေ။

သူသည်လည်း မကြာသေးမီကမှ အမှုလိုက်လံခြင်းများဖြင့် အဆက်မပြတ် ပင်ပန်းလာခဲ့ရာ အနားယူရန်သာ အရေးကြီးနေသည်။

နောက်တစ်နေ့တွင် ဂူချန်သည် ရှေ့နေလုပ်ငန်းခွင်သို့ ရောက်ရှိလာခဲ့သည်။

ကုမ္ပဏီတွင် ရှေ့နေသစ်များကို အင်တာဗျူး၍ ခန့်အပ်ရန် လုပ်ဆောင်နေကြသည်။

မကြာသေးမီက ရှေ့နေလုပ်ငန်းက အတိုင်းအတာတစ်ခုအထိ အရှိန်အဟုန်ဖြင့် တိုးချဲ့လာခဲ့သည်။

လုပ်ငန်း ပိုမိုကြီးမားလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း လျင်မြန်လာသည်။ သို့သော်လည်း ဂူချန်၏ ရှေ့နေလုပ်ငန်းမှာ ငွေကြေးပိုင်းဆိုင်ရာ၌ အနည်းငယ် လိုအပ်ချက်ရှိနေဆဲပင်။

အကြောင်းမှာ အမှုတိုင်းကို ဂူချန်ကဲ့သို့ လျင်မြန်စွာ ဖြေရှင်းပေးနိုင်သည့်သူ မရှိသောကြောင့်ပင်။ အမြန်ဆုံးအမှုတစ်ခုပင်လျှင် အနည်းဆုံး နှစ်ပတ်ခန့် ကြာမြင့်လေ့ရှိသည်။

သာမန်ဥပဒေကြောင်းအရ အမှုတစ်ခုကို ကိုင်တွယ်ရလျှင် တစ်လမှ နှစ်လခန့် ကြာတတ်ပြီး အချို့အမှုများမှာ ခြောက်လ၊ တစ်နှစ် သို့မဟုတ် ထိုထက်မက ကြာမြင့်တတ်သည်။

တရားရုံးအနေဖြင့် ရုံးချိန်းရွှေ့ဆိုင်းခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းတို့ကို အကြိမ်ကြိမ် လုပ်ဆောင်ရလေ့ရှိသည်။

ပထမရုံးချိန်း၊ ဒုတိယရုံးချိန်းနှင့် နောက်ဆုံးရုံးချိန်းအထိ အဆင့်ဆင့် ရင်ဆိုင်ရမည်ဆိုပါက လုပ်ငန်းစဉ်မှာ ပို၍ ရှည်လျားသွားပေလိမ့်မည်။

ဤလောကတွင် ပထမရုံးချိန်းနှင့် ဒုတိယရုံးချိန်းကြား ကာလမှာ အယူခံဝင်သူက အချိန်ဆွဲလိုခြင်း မရှိပါက များစွာမကြာမြင့်လှသော်လည်း အချိန်ဆွဲပါက တစ်လခန့်အထိ ကြာမြင့်နိုင်သည်။

တကယ်တော့ ဒုတိယရုံးချိန်းက နောက်ဆုံးအဆင့် ဖြစ်လေ့ရှိပြီး ယင်းတွင်ပင် အမှုကိစ္စပြီးပြတ်သွားလေ့ရှိသည်။

အကယ်၍ ထူးခြားသည့်အမှုမျိုးဖြစ်ပါက ဒုတိယရုံးချိန်းအပြီးတွင် ပြန်လည်စစ်ဆေးရန် လျှောက်ထားနိုင်သည်။

သို့သော် ထိုသို့ပြုလုပ်ရန်အတွက် ယခင်တရားစီရင်ချက်များကို ပယ်ဖျက်နိုင်သည့် အထောက်အထားသစ်များ ပြသနိုင်ရမည် သို့မဟုတ် ပထမနှင့် ဒုတိယရုံးချိန်းများတွင် လုပ်ထုံးလုပ်နည်း ချို့ယွင်းချက်ရှိကြောင်း သက်သေပြနိုင်မှသာ ဖြစ်နိုင်သည်။

အမှုအခင်းအများစုမှာ တိုတောင်းသည့်အချိန်အတွင်း အဆုံးမသတ်နိုင်ကြပေ။

ကုမ္ပဏီက တိုးချဲ့လာသည်နှင့်အမျှ ရှေ့နေအသစ်များကို ခန့်အပ်နေရသလို ရုံးခန်းနေရာများကို တိုးချဲ့ခြင်း၊ ရုံးသုံးပစ္စည်းများနှင့် စားပွဲခုံများကို အသစ်လဲလှယ်ခြင်းတို့အတွက်လည်း ငွေကြေးအမြောက်အမြား လိုအပ်လျက်ရှိနေသည်။

ကုမ္ပဏီ၏ ပုံမှန်လုပ်ငန်းလည်ပတ်မှုအတွက် ငွေကြေးလုံလောက်မှုရှိသော်လည်း လက်ရှိတွင် လုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးချဲ့နေမှုကြောင့် ရန်ပုံငွေမှာ လိုအပ်ချက်နှင့် မမျှမတ ဖြစ်နေရသည်။

လုပ်ငန်းကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရင်းအနှီးမှာ အဓိကကျလှသည်။

ရုံးခန်းနေရာငှားရမ်းခြင်း၊ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းအတွက် ငွေကြေးသုံးစွဲရန် လိုအပ်သဖြင့် ဂူချန်သည် ငွေရှာဖွေရန်အတွက် ပိုမိုကြိုးစားရဦးမည်ဖြစ်ကြောင်း ခဏတာ တွေးတောမိလိုက်သည်။

လက်ရှိတွင် ကုမ္ပဏီ၌ ပြင်ပရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ဘဏ္ဍာရေးအထောက်အပံ့ ရရှိထားခြင်းမရှိဘဲ ဂူချန်တစ်ဦးတည်း၏ ငွေကြေးဖြင့်သာ ရပ်တည်နေရသည်။

ဤနည်းအတိုင်းဆိုလျှင် ရှေ့နေလုပ်ငန်း၏ ကြီးထွားမှုမှာ နှေးကွေးနေမည်ဖြစ်ပြီး ငွေကြေးအရင်းအနှီးမလုံလောက်ပါက လုပ်ငန်းကို ထပ်မံတိုးချဲ့ရန် မဖြစ်နိုင်ချေ။

ဂူချန်အနေဖြင့် အမှုတစ်ခုစီတိုင်းအတွက် ယွမ်နှစ်သိန်းခန့် ရရှိသော်လည်း အမှုတစ်ခုလျှင် အနည်းဆုံး နှစ်ပတ်ခန့် ကြာမြင့်နေရသည်။

သူသည် TikTok တွင် တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ပါကလည်း တစ်နေ့လျှင် ယွမ်သောင်းနှင့်ချီ၍ လက်ဆောင်ငွေများ ရရှိနိုင်ပြီး အဆိုးဆုံးနေ့များတွင်ပင် ယွမ်ထောင်နှင့်ချီ၍ ဝင်ငွေရှိသည်။

သို့သော် ဂူချန်မှာ နေ့စဉ်မထုတ်လွှင့်သည့်အပြင် ရှေ့နေလုပ်ငန်းကိုသာ ဦးစားပေးလုပ်ကိုင်နေသူဖြစ်သည်။

သူသည် ပစ္စည်းရောင်းချသည့် တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကို ပြုလုပ်ပါက တစ်လလျှင် ယွမ်သန်းပေါင်းများစွာအထိ ဝင်ငွေရရှိနိုင်သည်မှာ အမှန်ပင်။

သို့သော် ၎င်းသည် ရှေ့နေတစ်ဦး၏ ပရော်ဖက်ရှင်နယ် တန်ဖိုးကို ထိခိုက်စေနိုင်ပြီး သူ၏ အလုပ်သဘောသဘာဝကို ပြောင်းလဲသွားစေမည်ကို သူ မလိုလားချေ။

တစ်ခါတစ်ရံတွင် ဂူချန်သည် လုပ်ငန်း၏ နာမည်ဂုဏ်သတင်း ပိုမိုကောင်းမွန်လာစေရန်အတွက် အမှုများကို အခကြေးငွေမယူဘဲ အခမဲ့ လိုက်ပါဆောင်ရွက်ပေးလေ့ရှိသည်။

အမှန်စင်စစ် ဂူချန်၏ ရှေ့နေလုပ်ငန်းမှာ ငွေကြေးအကျပ်အတည်း ဖြစ်နေသည်တော့ မဟုတ်ပေ။

ကုမ္ပဏီအနေဖြင့် ဝင်ငွေကောင်းစွာ ရရှိထားပြီးဖြစ်သော်လည်း အမှုအများစုမှာ မပြီးပြတ်သေးသဖြင့် နောက်ဆုံးပေးချေရမည့် ငွေကြေးများမှာ ကုမ္ပဏီ၏ ဘဏ်စာရင်းသို့ မရောက်ရှိသေးခြင်းသာ ဖြစ်သည်။

ရန်ပုံငွေ အလုံအလောက် မရှိသေးသည့်အတွက်ကြောင့် ကုမ္ပဏီ၏ အတိုင်းအတာမှာ ကျယ်ပြန့်လာခြင်း မရှိသေးပေ။

ဂူချန်၏ ရည်မှန်းချက်မှာ လာမည့်နှစ်အနည်းငယ်အတွင်း ရှေ့နေလုပ်ငန်းကို နိုင်ငံတစ်ဝန်းလုံးသို့ တိုးချဲ့ရန် ဖြစ်သည်။

သို့သော် ယခုလက်ရှိတွင် ယွမ်မြို့၌ပင် လုပ်ငန်းတိုးတက်မှုနှုန်းမှာ သူမျှော်လင့်သလောက် မမြန်ဆန်လှပေ။

ကြီးမားသည့် ဝင်ငွေလမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံမည့်သူအား ရှာဖွေနိုင်ရန်မှာ လက်ရှိအခြေအနေအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူ ယူဆမိသည်။

ဂူချန်သည် အတွေးနက်နေစဉ်မှာပင် ရွှယ်ချင်းချင်းသည် သူမ၏ ရုံးခန်းအတွင်း၌ မိသားစုဝင်များနှင့် ဖုန်းပြောဆိုနေခဲ့သည်။

သူမ၏ အဘိုးဖြစ်သူ ရွှယ်ယောင်ထင်းက ရယ်မောလျက် “မြေးမလေးရေ... ဂူချန်ရဲ့ ရှေ့နေလုပ်ငန်းမှာ အလုပ်လုပ်နေရတာ ဘယ်လိုလဲ” ဟု မေးလိုက်သည်။

ရွှယ်ချင်းချင်းက “အဘိုးရေ... ဒီမှာ အလုပ်လုပ်ရတာ အသိပညာတွေ အများကြီး ရခဲ့တယ်။ သူဌေးဆီကနေ သင်ခန်းစာတွေလည်း အများကြီးပဲ။ ကျွန်မတို့ သူဌေးက အမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ တကယ်ကို ထူးချွန်တာ။ အဘိုးရယ် ဖန်တရှေ့နေလုပ်ငန်းက ထိပ်တန်းရှေ့နေတွေထက်တောင် ပိုတော်သေးတယ်။ တကယ်ပြောတာပါ။ အဲ့ဒီက ထိပ်တန်းရှေ့နေတွေတောင် ကျွန်မတို့သူဌေးနဲ့ ယှဉ်ရင် မမှီဘူးလို့ ထင်ရတယ်” ဟု ပြန်လည်ဖြေကြားသည်။

“အဲ့ဒီထိပ်တန်းရှေ့နေတွေက သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုတွေ တကယ်ရှိတာ။ အမှုတွေကိုလည်း လှလှပပ ကိုင်တွယ်တတ်ကြတာပေါ့။ ဒါပေမဲ့ အဘိုးရယ်... သူတို့နဲ့ ကျွန်မတို့သူဌေးကြားမှာ အကြီးကြီး ကွာခြားချက်တစ်ခု ရှိနေတယ်”

ရွှယ်ယောင်ထင်းက မြေးဖြစ်သူကို ချစ်ခင်စွာ ကြည့်ရင်း “ဘာကွာခြားချက်လဲ” ဟု မေးလိုက်သည်။

ရွှယ်ချင်းချင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း “သူတို့က အမှုတွေကို အလုပ်တစ်ခုအနေနဲ့ပဲ သဘောထားပြီး ကိုင်တွယ်နေကြသလိုပဲ။ တစ်ယောက်ယောက်က အမှုအပ်မယ်ဆိုရင်တောင် သူတို့က အချိန်အတော်ကြာအောင် စဉ်းစားကြသေးတယ်။ အမှုက သူတို့နဲ့ ကိုက်ညီရဲ့လား၊ လက်ခံသင့်ရဲ့လားဆိုတာမျိုးပေါ့။ အဲ့ဒီတော့မှ လက်ခံရင် လက်ခံမယ်၊ မဟုတ်ရင်တောင် မယူကြဘူးလေ"

“ပြီးတော့ သူတို့က သူဌေးလို တာဝန်သိစိတ် မရှိကြဘူး။ သူဌေးက ကျောက်ရိရှန်းရဲ့ အမှုအတွက် ကိုင်တွယ်ပေးနေရင်းနဲ့တင် ဘဏ်မန်နေဂျာအထိ စစ်ဆေးပြီး အမှုနဲ့ ပတ်သက်သူအားလုံးကို အသေးစိတ် စုံစမ်းစစ်ဆေးသွားလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့မိဘူး"

“အရင်ကလည်း အမှုတစ်ခု လိုက်နေတုန်းမှာ သူဌေးက ပြိုင်ဘက်ရှေ့နေရဲ့ ရှေ့နေလိုင်စင်က အလိမ်အညာနဲ့ ရလာတာဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်။ အဲ့ဒီနေရာမှာတင် ပြိုင်ဘက်ရှေ့နေကို အပြစ်ပေးခံရအောင် လုပ်လိုက်တာ... ဟားဟား အဘိုးရေ... ကျွန်မတို့သူဌေး တကယ်တော်တယ် မဟုတ်လား”

ရွှယ်ချင်းချင်းမှာ ရယ်မောရင်း သူမ၏ ပျော်ရွှင်မှုနှင့် သူဌေးဖြစ်သူ ဂူချန်အပေါ် အလေးစားဆုံးဖြတ်ထားမှုမှာ ထင်ရှားနေသည်။

ဂူချန်နှင့် အလုပ်လုပ်ခဲ့ရသည့် ကာလမှာ တိုတောင်းလှသော်လည်း သူမသည် ဂူချန်၏ အရည်အချင်းများကို အပြည့်အဝ အသိအမှတ်ပြုကာ လေးစားနေမိပြီဖြစ်သည်။

ထိုမျှသာမကဘဲ သူဌေးအနေဖြင့် ကုန်ပစ္စည်းရောင်းချသည့် တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ပြုလုပ်မည်ဆိုပါက ချမ်းသာကြွယ်ဝနေမည်မှာ အသေအချာပင် ဖြစ်သော်လည်း သူသည် ထိုသို့သော လုပ်ရပ်မျိုးကို ဘယ်သောအခါမျှ လုပ်ဆောင်မည်မဟုတ်ချေ။

အခန်း။ ၁၉၁

ဒါက တခြားရှေ့နေတွေနဲ့ လုံးဝမတူညီတဲ့ အချက်ပဲ။

ရွှယ်ချင်းချင်း သိကျွမ်းသော တခြားရှေ့နေများဆိုလျှင် ငွေကြေးရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ဖို့ ဝန်မလေးကြပေ။

တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ကုန်ပစ္စည်းရောင်းချခြင်း၊ ခေတ်စားနေသမျှ ဘာမဆို လုပ်တတ်ကြသည်။

ရှေ့နေအချို့ဆိုလျှင် ကုန်ပစ္စည်းရောင်းချခြင်းက ပို၍ အမြတ်အစွန်းများကြောင်း သိသွားသောအခါ လှိုင်းစီးပြီး အာရုံစိုက်မှုရစေရန် ဗီဒီယိုများတင်ကာ တိုက်ရိုက်ထုတ်လွှင့်ပြီး ကုန်ပစ္စည်းများ ရောင်းချကြတော့သည်။

ထိုရှေ့နေမျိုးတွေဆိုရင် တစ်ခါတိုက်ရိုက်ထုတ်လွှင့်ရုံနဲ့တင် ငွေကြေး သိန်းပေါင်းများစွာ ရနိုင်ကြတယ်။

ထို့နောက်တွင်တော့ သူတို့သည် အမှုလိုက်ခြင်းကို စွန့်လွှတ်ပြီး နေ့စဉ်နှင့်အမျှ အာရုံစိုက်မှုရရန် ဗီဒီယိုများတင်ကာ အမှုအခင်းများကို ဝေဖန်ပြောဆိုခြင်းဖြင့်သာ အချိန်ကုန်စေသည်။

လူကြည့်များပြီး အာရုံစိုက်မှု ရလာသည့်အခါမှာတော့ ရှေ့နေအဖြစ် သူတို့၏ အဓိကတာဝန်ကို စွန့်ပယ်ကာ ကုန်ပစ္စည်းများသာ ရောင်းချတော့သည်။

ရွှယ်ချင်းချင်းသည် ထိုကဲ့သို့သောသူများကို အထင်သေးသည်။

ငွေကြေးအတွက်ဆိုပြီး ရှေ့နေတစ်ဦး၏ အဓိကတာဝန်များကို စွန့်ပယ်ရုံသာမက ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာကိုပါ ပျက်စီးစေသောကြောင့်ပင်။

နေ့စဉ်နေ့တိုင်းဆိုသလို အငြင်းပွားဖွယ်ရာများကို ဖန်တီးကာ လူအာရုံစိုက်မှုနှင့် ဝင်ငွေများ ရရှိရန်အတွက်သာ နည်းလမ်းရှာနေကြသည်။

ရွှယ်ယောင်ထင်းက ရယ်မောလျက် “ဒါဆိုရင်တော့ ဂူချန်ဆီကနေ အတတ်နိုင်ဆုံး သင်ယူထားသင့်တယ်။ သူ့ရဲ့ အမှုလိုက်ပါ ဆောင်ရွက်မှုအဆင့်က သာမန်ရှေ့နေတွေထက် သာလွန်နေတာ အမှန်ပဲ။ သူက ကြယ်ပွင့်ရှေ့နေတစ်ယောက်ထက်တောင် ပိုတော်နေပြီ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူက နိုင်ငံတော်အဆင့် ရှေ့နေတစ်ယောက် ဖြစ်လာနိုင်ပြီး နိုင်ငံကို ကိုယ်စားပြုပြီးတော့ နိုင်ငံခြားအထိ သွားရောက်ပြီး အမှုလိုက်ပေးရတဲ့အထိ ဖြစ်လာနိုင်တယ်” ဟု ပြောလိုက်သည်။

နိုင်ငံတော်အဆင့် ရှေ့နေဖြစ်လာခြင်းက အဆင့်အတန်းမြင့်မားသည့် ရာထူးတစ်ခု ဖြစ်ပြီး ကြယ်ပွင့်ရှေ့နေများထက်တောင် ပိုပြီး အာဏာရှိသည်။

ရွှယ်ချင်းချင်းက “နိုင်ငံတော်အဆင့် ရှေ့နေဟုတ်လား အဲ့ဒါက တရားဝင် ရာထူးတစ်ခုပဲ။ သူတို့မှာ နိုင်ငံတော်ရဲ့ ကျောထောက်နောက်ခံ ရှိတာမို့ တခြားရှေ့နေတွေထက် အများကြီး ပိုပြီး သြဇာအာဏာကြီးမားတယ်။ နိုင်ငံတစ်ဝန်းမှာ အဲ့လိုရှေ့နေမျိုး အများကြီးမှ မရှိတာ မဟုတ်ဘူးလား” ဟု မေးသည်။

ရွှယ်ယောင်ထင်းက ခေါင်းညိတ်၍ “ဟုတ်တယ်။ ဒါပေမဲ့ ဂူချန်က အခုတင်ပဲ နိုင်ငံတော်အဆင့် ဒုတိယတန်းစား ရှေ့နေ ဖြစ်နေပြီလေ။ နောက်လအနည်းငယ်ဆိုရင် ပီကင်းတက္ကသိုလ်မှာ စာသင်ကြားရတော့မှာ။ အတွေ့အကြုံတွေ ရလာပြီဆိုရင်တော့ အဆင့်တက်ဖို့ ပိုပြီး လွယ်ကူလာမှာပေါ့” ဟု ပြန်ပြောသည်။

ရွှယ်ချင်းချင်းက"ဒုတိယတန်းစား ရှေ့နေ ဟုတ်လား။ ဒါပေမဲ့... ဒုတိယတန်းစား အဆင့်ကနေ ပထမတန်းစား ရှေ့နေဖြစ်လာဖို့ဆိုတာ... အနည်းဆုံး ငါးနှစ်လောက် အချိန်ယူရမှာ ဖြစ်သလို နိုင်ငံခြားဘာသာစကား တစ်ခုခုကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရဦးမှာ...

ဒါတင်မကသေးဘူး... ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုပိုင်းမှာလည်း အထွတ်အထိပ် ရောက်နေရမယ်လို့... ပြောကြတယ်...

နိုင်ငံတော်အဆင့် ပထမတန်းစား ရှေ့နေတစ်ယောက်က ပြည်တွင်းတင်မကဘူး၊ ပြည်ပမှာပါ အဓိကကျတဲ့ မတရားမှုကြီးတွေ၊ ရာဇဝတ်မှုကြီးတွေကိုပါ လက်ဖျားခါလောက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်သလိုနိုင်ငံတော်အဆင့် စီမံကိန်းကြီးတွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာတောင် တရားဝင် ပါဝင်ခွင့်ရှိတာတဲ့…"

"ပြောရရင်တော့... နိုင်ငံတော်အဆင့် ပထမတန်းစား ရှေ့နေဆိုတာ... ဒီနိုင်ငံရဲ့ ဥပဒေလောကမှာ အတော်ဆုံးဆိုတဲ့ ထိပ်သီးတွေထဲက တစ်ယောက်ပဲပေါ့...

သူတို့တွေက ဘယ်လောက်ပဲ တော်တော်... ရာထူးနေရာ တရားဝင်မရှိတဲ့ နာမည်ကြီးရုံသက်သက်ကြယ်ပွင့်ရှေ့နေတွေထက်... အပြတ်အသတ်ကို သာလွန်လွန်းတယ်...

ဘာဖြစ်လို့လဲဆိုတော့... ပထမတန်းစား ရှေ့နေတစ်ယောက်ရဲ့ နောက်ကွယ်မှာ... နိုင်ငံတော်တစ်ခုလုံးရဲ့ ပံ့ပိုးကူညီမှုကြီးက... ကျောက်ဆောင်လို ရှိနေတာကိုး..."

"အကယ်၍သာ... လူတစ်ယောက်က ပထမတန်းစား ရှေ့နေအဆင့်အထိ ဖြစ်လာပြီဆိုရင်တော့... သူက တခြား ရှေ့နေအများစုရဲ့ လုပ်ငန်းခွင်တွေကိုပါ အထက်ကနေ လမ်းညွှန်ပြီအမိန့်ပေးနိုင်တဲ့အထိ... သူ့ရဲ့ ရာထူးအာဏာက အဆမတန် ကြီးမားသွားပြီ...

တစ်နိုင်ငံလုံးရဲ့ ဥပဒေလောကထဲက ပြဿနာကြီးတွေကိုတောင် ထိုင်ရာကမထဘဲ ဖြေရှင်းပေးနိုင်တဲ့အထိ အစွမ်းထက်လွန်းတာ..."

ရွှယ်ယောင်ထင်းက “ဂူချန်ဆီကနေ ကောင်းကောင်းသင်ယူထားလိုက်ပါ။ ဂူချန် ပထမတန်းစား ရှေ့နေဖြစ်လာဖို့ အချိန်အကြာကြီး စောင့်ရမယ် မထင်ဘူး... တစ်ခါတရံ နိုင်ငံတော်အဆင့် အထူးတန်းစား ရှေ့နေတောင် ဖြစ်လာနိုင်တယ်” ဟု ပြောလိုက်သည်။

ရွှယ်ချင်းချင်းက “နိုင်ငံတော်အဆင့် အထူးတန်းစား ရှေ့နေဟုတ်လား” ဟု အံ့အားသင့်စွာ မေးလိုက်သည်။

ရွှယ်ယောင်ထင်းက “အဲ့ဒါကတော့ လုပ်ငန်းခွင်ရဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့။ အထူးတန်းစား ရှေ့နေဆိုတာ နာမည်အတိုင်းပဲ နိုင်ငံထဲမှာ ထိပ်ဆုံးမှာရှိတဲ့ ရှေ့နေတွေပဲ။ သူတို့က ပြည်တွင်းက အမှုတွေကို လွယ်လွယ်နဲ့ လက်မခံဘူး။ ဥပဒေကြမ်း ရေးဆွဲတာမျိုးတွေမှာတောင် ပါဝင်နိုင်တယ်။ ဒါ့အပြင် ဒီလိုရှေ့နေတွေက နိုင်ငံတော်ကို ကိုယ်စားပြုတတ်ကြတယ်။ နိုင်ငံအချင်းချင်း အငြင်းပွားမှုတွေ သို့မဟုတ် နိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံတကာ အမှုအခင်းကြီးတွေ ရှိလာရင် အထူးတန်းစား ရှေ့နေတွေကသာ ကိုင်တွယ်ဖြေရှင်းရတာမျိုးပေါ့” ဟု ရှင်းပြသည်။

ရွှယ်ချင်းချင်း၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားရသည်။

သူဌေးသာလျှင် ထိုမျှထိ ထူးချွန်လာနိုင်မည်ဆိုပါက...

ရွှယ်ချင်းချင်းက “အဘိုး... ဖန်တ ရှေ့နေလုပ်ငန်းမှာ အထူးတန်းစား ရှေ့နေတွေ ရှိလား ပထမတန်းစား ရှေ့နေရော ရှိလား” ဟု မေးမြန်းသည်။

ရွှယ်ယောင်ထင်းက ပြုံးလျက် “အထူးတန်းစား ရှေ့နေတွေလား နိုင်ငံတစ်ဝန်းလုံးမှာ ၁၀ ယောက်တောင် မရှိဘူး။ သူတို့အားလုံးက နိုင်ငံတော်ရဲ့ လက်အောက်မှာပဲ ရှိကြတာ။ ငါတို့ ရှေ့နေလုပ်ငန်းမှာ နှစ်ပေါင်းများစွာအတွင်း ပထမတန်းစား ရှေ့နေတစ်ယောက်ပဲ ထွက်ခဲ့ဖူးတယ်။ သူက အခု နိုင်ငံတော် အေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတယ်။ ပထမတန်းစား ရှေ့နေဖြစ်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ နိုင်ငံတော်ကနေပဲ ရွေးချယ်ပေးရတာ။ အမှုတွေကို ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် အဲ့ဒါနဲ့တင် ပထမတန်းစား ဖြစ်လာမှာ မဟုတ်ဘူး"

“ဂူချန်သာ တစ်နေ့နေ့မှာ ပထမတန်းစား ရှေ့နေဖြစ်လာရင် ဂူချန်ရဲ့ လက်ထောက်ဖြစ်တဲ့ မင်းရဲ့ ရာထူးဂုဏ်ရှိန်က မင်းရဲ့ အမေနဲ့ အဖေတို့ထက်တောင် မြင့်မားသွားလိမ့်မယ်”

ရွှယ်ချင်းချင်းသည် အံ့အားသင့်သွားပြီး နိုင်ငံတော်အဆင့် ရှေ့နေတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို စတင်၍ စုံစမ်းကြည့်တော့သည်။

ကြယ်ပွင့်ရှေ့နေဆိုသည်မှာ ရှေ့နေလောကအတွင်းရှိ ထိပ်တန်းပုဂ္ဂိုလ်များသာဖြစ်ပြီး အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်ပါးနပ်ကာ ထိပ်တန်းရှေ့နေလုပ်ငန်းကြီးများတွင် အာဏာရှိသူများ ဖြစ်ကြသည်။

သို့သော်လည်း ထိုရှေ့နေများမှာ လူမှုရေးရာအမှုများကိုသာ ကိုင်တွယ်လေ့ရှိပြီး နိုင်ငံတော်အဆင့် အမှုအခင်းများကိုမူ ထိတွေ့ခွင့်မရှိကြချေ။

နိုင်ငံတော်အဆင့် တတိယတန်းစား ရှေ့နေတစ်ယောက် ဖြစ်လာဖို့အတွက် အနည်းဆုံးလိုအပ်ချက်မှာ ပါရဂူဘွဲ့ရရှိထားရန်၊ အမှုလိုက်ပါ ဆောင်ရွက်မှု ထူးချွန်ရန်၊ နိုင်ငံခြားဘာသာစကား ကျွမ်းကျင်ရမည်ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံ သုံးနှစ်ကျော်ရှိရမည်ပင်။ ထို့ပြင် သူတို့တွင် တရားဝင် ရာထူးနေရာရှိရမည်ဖြစ်ပြီး လုပ်ငန်းနယ်ပယ်အတွင်းရှိ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ရမည်။

နိုင်ငံတော်အဆင့် ဒုတိယတန်းစား ရှေ့နေများအတွက်မူ လိုအပ်ချက်များမှာ ပိုမိုများပြားလှသည်။

တတိယတန်းစား ရှေ့နေအဖြစ် လုပ်ကိုင်နေစဉ်အတွင်း အတွေ့အကြုံနှင့် အသိအမှတ်ပြုမှုများ ရရှိထားရန် လိုအပ်ပြီး နိုင်ငံတော်အဆင့် ထူးချွန်ရှေ့နေ သို့မဟုတ် ပြည်နယ်အဆင့် ထူးချွန်ထက်မြက်သူအဖြစ် ချီးမြှင့်ခံရခြင်း သို့မဟုတ် ဥပဒေရေးရာကဏ္ဍတွင် ထင်ရှားသော သီအိုရီဆိုင်ရာ သုတေသနအောင်မြင်မှုများ ရရှိထားရန် လိုအပ်သည်။

နိုင်ငံတော်အဆင့် ဒုတိယတန်းစား ရှေ့နေဖြစ်လာရန်အတွက် တတိယတန်းစား ရှေ့နေအဖြစ် အနည်းဆုံး ရှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ရမည်ပင်။

သို့သော် ဂူချန်မှာမူ လက်ရှိအချိန်တွင် နိုင်ငံတော်အဆင့် ဒုတိယတန်းစား ရှေ့နေတစ်ဦး ဖြစ်နေပြီဖြစ်သည်။

ရွှယ်ချင်းချင်းက “အဘိုး... ကျွန်မတို့ သူဌေးက ဒုတိယတန်းစား ရှေ့နေတစ်ယောက်နဲ့ ဘာလို့များ ဒီလောက်ဝေးကွာနေသလို ဖြစ်နေရတာလဲ။ သူက ရှေ့နေအဖြစ် လုပ်ကိုင်တာ ရှစ်နှစ်တောင် မပြည့်သေးဘဲနဲ့ ဘယ်လိုလုပ် နိုင်ငံတော်အဆင့် ဒုတိယတန်းစား ရှေ့နေဖြစ်ရတာလဲ” ဟု မေးသည်။

ရွှယ်ယောင်ထင်းက ပြုံးလျက် “ဒါတော့ ရှိတာပေါ့။ ဂူချန်ရဲ့ အရည်အချင်းကို ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက မြင်တွေ့ပြီး အထူးသဖြင့် ညွှန်ကြားချက် ထုတ်ပြန်ပေးခဲ့တာလေ။ ဒီနှစ်ကုန်ရင် သူ အသိအမှတ်ပြုခံရတော့မှာပါ။ ပြည်နယ်အစိုးရကနေပြီးတော့လည်း ဂူချန်က ပြည်နယ်မှာ အတော်ဆုံးရှေ့နေဖြစ်ပြီး နိုင်ငံတော်အဆင့် အသိအမှတ်ပြု ထူးချွန်ရှေ့နေတစ်ယောက်အဖြစ် သတင်းပို့ထားပြီးသားပါ။ ဒါကို ဒီနှစ်ကုန်မှာပဲ တရားဝင် ချီးမြှင့်ပေးမှာဖြစ်ပေမဲ့ အခုလောလောဆယ်တော့ လျှို့ဝှက်ထားရသေးတယ်။ ဒါမှမဟုတ်ရင် ဂူချန်က ဘယ်လိုလုပ်ပြီး ပီကင်းတက္ကသိုလ်မှာ ပါမောက္ခအဖြစ် တိုက်ရိုက် တာဝန်ထမ်းဆောင်နိုင်မှာလဲ” ဟု ရှင်းပြသည်။

တက္ကသိုလ်ဆရာများကို အဆင့်လေးဆင့် ခွဲခြားထားသည်။

လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခနှင့် ပါမောက္ခတို့ ဖြစ်ကြသည်။

ဂူချန်သည် စာမေးပွဲတစ်စုံတစ်ရာ ဖြေဆိုစရာမလိုဘဲ ပီကင်းတက္ကသိုလ်မှ ပါမောက္ခအဖြစ် တိုက်ရိုက်ဖိတ်ကြားခြင်း ခံခဲ့ရသည်။

သူသည် ပီကင်းတက္ကသိုလ် ဥပဒေကျောင်းတွင် စာပေပို့ချပေးရမည်ပင်။

ဤအောင်မြင်မှုမျိုးကို ရွှယ်ယောင်ထင်းတစ်ဦးတည်းက စွမ်းဆောင်ပေးနိုင်မည် မဟုတ်ချေ။ ပြည်နယ်နှင့် နိုင်ငံတော်အဆင့်မှ တာဝန်ရှိသူအားလုံးက ဂူချန်ကို သတိပြုမိနေကြပြီဖြစ်သည်။

ဂူချန် ကိုင်တွယ်သည့် အမှုတိုင်းက အရေးပါသော အာရုံစိုက်မှုများကို ရရှိနေသည်။

ဂူချန်သည် တရားသူကြီးတစ်ဦးကိုပင် စစ်ဆေးခံရအောင် လုပ်နိုင်ခဲ့ပြီး ဥပဒေကို ချိုးဖောက်သော ရှေ့နေများကို ထောင်ချနိုင်ခဲ့သည်။ ၎င်းမှာပင်လျှင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

ဥပဒေနယ်ပယ်တွင် အရေးအကြီးဆုံးအချက်မှာ သမာဓိရှိခြင်းပင်။

တရားစီရင်ရေးစနစ်အတွင်း၌ ပြဿနာများ ရှိနေမည်ဆိုပါက တရားမျှတမှုနှင့် သမာသမတ်ရှိမှုကို မည်သို့မျှ အာမခံနိုင်မည်မဟုတ်ပေ။

ထို့ပြင် ဂူချန်သည် ကျောင်းအုပ်ကြီးအချို့၏ ကျင့်ဝတ်မဲ့သော လုပ်ရပ်များကိုလည်း တည့်မတ်ပေးနိုင်ခဲ့သူဖြစ်သည်။

အမှုတိုင်းသည် အပြုသဘောဆောင်သော စွမ်းအင်များကို ကိုယ်စားပြုနေပြီး ဂူချန်ကို မြို့တော်အဆင့်နှင့် ပြည်နယ်အဆင့်ရှိ တာဝန်ရှိသူများက လျစ်လျူရှုထား၍ မရတော့ပေ။

ရွှယ်ချင်းချင်းက “အဘိုး...သမီးရဲ့ ကိုယ်ပိုင်စုဆောင်းငွေတွေကို ထုတ်ပြီး သူဌေးကို ပေးလိုက်ချင်တယ်။ ဒါမှ ကျွန်မတို့ ရှေ့နေလုပ်ငန်းက ပိုမြန်မြန် ဖွံ့ဖြိုးလာပြီး အမြန်ဆုံး တိုးချဲ့နိုင်မှာလေ။ ဒီရှေ့နေလုပ်ငန်းထဲက ပတ်ဝန်းကျင်နဲ့ လေထုကို သမီး တကယ်သဘောကျတယ်” ဟု ပြောလိုက်သည်။

ရွှယ်ချင်းချင်း၏ မိဘများနှင့် အဘိုးတို့မှာ ဥပဒေရေးရာနှင့် သက်ဆိုင်သော လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများပင်။

သူမ၏ အဘိုးမှာ နိုင်ငံတော်အဆင့် ထိပ်တန်းရှေ့နေလုပ်ငန်းကြီးတစ်ခု၏ ဒါရိုက်တာဖြစ်ပြီး အမှန်တကယ်တွင် ထိုလုပ်ငန်း၏ အကြီးအကဲပင်။

သူမ၏ ဖခင်မှာ တရားသူကြီးချုပ်တစ်ဦးဖြစ်ပြီး မိခင်မှာလည်း ထိပ်တန်းရှေ့နေတစ်ယောက် ဖြစ်သည်။

ရွှယ်ချင်းချင်း၏ အဘွားဖြစ်သူမှာ ဥပဒေနယ်ပယ်နှင့် မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုကို ဦးစီးလုပ်ကိုင်နေသူဖြစ်ပြီး သူမ၏ ကုမ္ပဏီတန်ဖိုးမှာ ယွမ်သန်းပေါင်း သောင်းနှင့်ချီ ရှိသည်။

သူမ၏ ဦးလေးဖြစ်သူမှာလည်း နှစ်စဉ်အမြတ်ငွေ သန်းပေါင်းများစွာ ရရှိသည့် ဂိမ်းကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ချမ်းသာကြွယ်ဝသည့် မိသားစုမှ ဆင်းသက်လာသူဖြစ်သည့်အတွက် ရွှယ်ချင်းချင်းတွင် ငွေကြေးများစွာ ရှိသည်။

သူမသည် ဥပဒေနယ်ပယ်ကိုသာ စိတ်အားထက်သန်စွာ ချစ်မြတ်နိုးသူဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ပြည်နယ်တစ်ဝန်း အမှတ်အများဆုံးဖြင့် ပီကင်းတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့ပြီး ယခုတွင်မူ ပီကင်းတက္ကသိုလ်မှ မဟာဘွဲ့ရရှိထားသူဖြစ်သည်။

သူမ၏ ဘဝရည်မှန်းချက်မှာ ရှေ့နေတစ်ယောက်ဖြစ်လာပြီး သူမလုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန်ဖြစ်သည်။

ထိုကြောင့် ရွှယ်ချင်းချင်းသည် သူမ၏ သူဌေးဖြစ်သူ ဂူချန်၏ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။

အခန်း။ ၁၉၂

ဂူချန်မှာ အံ့အားသင့်သွားပြီး “အယ်…..” ဟုသာ တုံ့ပြန်လိုက်သည်။

“ဒီကတ်ထဲမှာ ယွမ်တစ်သန်း သိန်းတစ်ရာ ရှိတယ်ဆိုတာ အမှန်ပဲလား။ မင်းက ငါတို့ရဲ့ ရှေ့နေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တာပေါ့လေ”

ဂူချန်က မေးလိုက်သည်။

ရွှယ်ချင်းချင်းက ခေါင်းညိတ်၍ “သူဌေး... အခု ရှေ့နေလုပ်ငန်းမှာ ငွေကြေးလိုအပ်နေတာ မဟုတ်လား။ ငွေရှိမှပဲ လုပ်ငန်းကို တိုးချဲ့ပြီး ပိုမိုအားကောင်းလာအောင် လုပ်နိုင်မှာပါ။ ကျွန်မတို့သာ တစ်ဆင့်ချင်းစီ လုပ်နေမယ်ဆိုရင် နိုင်ငံရဲ့ ထိပ်တန်းရှေ့နေလုပ်ငန်းဖြစ်ဖို့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ကြာသွားနိုင်ပါတယ်။ အဲ့ဒါက အချိန်နဲ့ ငွေကြေးကို အများကြီး လိုအပ်တာပါ။ ဒါပေမဲ့ ငွေကြေးသာ အလုံအလောက် ရှိမယ်ဆိုရင်တော့ ကျွန်မတို့ လုပ်ငန်းက အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု ရှင်းပြသည်။

ဂူချန်က ခေါင်းညိတ်လိုက်သည်။

ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ငွေကြေးအရင်းအနှီး လိုအပ်နေသည်မှာ အမှန်ပင်။

သူသည် ရှေ့နေတစ်ဦးဖြစ်သည့်အားလျော်စွာ ဤကိစ္စရပ်တွင် အမြတ်ထုတ်ခံရမည်မဟုတ်ကြောင်းကိုလည်း ကောင်းကောင်းသိသည်။ ကုမ္ပဏီ ကြီးထွားလာသည်နှင့်အမျှ ဝင်ငွေများမှာလည်း တိုးပွားလာမည်သာဖြစ်သည်။

“လက်ရှိမှာတော့ ငါတို့ကုမ္ပဏီက သိပ်မကြီးသေးဘူး။ ယွမ်တစ်သန်းအတွက်... မင်းက ရှယ်ယာဘယ်လောက် လိုချင်တာလဲ” ဟု ဂူချန်က မေးသည်။

ရွှယ်ချင်းချင်းက “သူဌေး... ကျွန်မ ရှယ်ယာမလိုချင်ပါဘူး။ ဒီယွမ်တစ်သန်းကို ကုမ္ပဏီအတွက် ကျွန်မပေးတဲ့ ချေးငွေလို့ပဲ သဘောထားပေးပါ။ နောင်တစ်ချိန် ကုမ္ပဏီမှာ ငွေကြေးအဆင်ပြေလာတဲ့အခါ အတိုးနဲ့ ပြန်ဆပ်ပေးရင် ရပါပြီ။ ကျွန်မလိုချင်တာက သူဌေးဘေးမှာ လက်ထောက်အနေနဲ့ ဆက်နေပြီး အသိပညာတွေ သင်ယူခွင့်ရဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောလိုက်သည်။

ဂူချန်က “အမ်….” ဟု ငြိမ်သက်သွားပြီးနောက် “ရှယ်ယာမပေးဘဲနဲ့တော့ မဖြစ်နိုင်ဘူး” ဟု ပြောလိုက်သည်။

ရွှယ်ချင်းချင်းက “သူဌေးက မပေးမနေရ ပေးမယ်ဆိုရင်တော့ ၁ ရာခိုင်နှုန်းပဲ ပေးပါရှင်။ ဒီလိုဆိုရင် ကျွန်မလည်း ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတာပေါ့။ ရှယ်ယာဘယ်လောက်ရရ ကျွန်မအတွက် အရေးမကြီးပါဘူး။ ကျွန်မ ဒီလိုလုပ်တာ ငွေအတွက်ကြောင့် မဟုတ်ပါဘူး...” ဟု ပြန်ဖြေသည်။

ရွှယ်ချင်းချင်းသည် ဂူချန်၏ ရှေ့နေလုပ်ငန်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိနေသည်။

ဂူချန်ဆိုသည်မှာ တခြားကြယ်ပွင့်ရှေ့နေများ၊ ထိပ်တန်းရှေ့နေများနှင့် လုံးဝကွဲပြားခြားနားသူ ဖြစ်သည်။

ရွှယ်ချင်းချင်း၏ မိသားစုအခြေအနေကို ဂူချန် အနည်းငယ် သိထားသည်။

သူမသည် တစ်ဦးတည်းသောသမီးဖြစ်၍ မိသားစုက အလိုလိုက်ထားသည်။

သူမ၏ တစ်နှစ်စာ အသုံးစရိတ်ပင် မည်မျှရှိမှန်း ခန့်မှန်းရခက်သည်။

သူမသည် ပီကင်းတက္ကသိုလ်မှ ဥပဒေမဟာဘွဲ့ရထားသည့် ချမ်းသာကြွယ်ဝလှသော သူဌေးသမီးလေးဖြစ်ပြီး တက္ကသိုလ်ကျောင်းသူ အလှမယ်တစ်ဦးလည်း ဖြစ်သည်။

ထိုသို့သောသူက သူ၏ လုပ်ငန်းအသေးစားလေးတွင် လက်ထောက်အဖြစ် လာရောက်လုပ်ကိုင်နေခြင်းပင်။

ထိုသို့ဖြင့် ဂူချန်၏ ရှေ့နေလုပ်ငန်းသည် ရွှယ်ချင်းချင်းထံမှ ယွမ်တစ်သန်း ရင်းနှီးမြှုပ်နှံမှုကို လက်ခံရရှိခဲ့သည်။

ရွှယ်ချင်းချင်းသည် ရှယ်ယာ ၁ ရာခိုင်နှုန်းကိုသာ တောင်းဆိုခဲ့ပြီး ဂူချန်က မပေးမနေရ ပေးအပ်ခဲ့ခြင်း မဟုတ်ပါက သူမအနေဖြင့် ရှယ်ယာယူရန်ပင် ငြင်းဆန်ဖွယ်ရှိသည်။

ကုမ္ပဏီအနေဖြင့် ငွေကြေးအရင်းအနှီး ရရှိပြီးနောက် ရုံးခန်းအဆောက်အအုံ ငှားရမ်းခြင်း၊ ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ အလှဆင်ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နိုင်ခဲ့သည်။

ညနေပိုင်းတွင် ဂူချန်သည် Douyin တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သည်။

ဤထုတ်လွှင့်မှု၏ အဓိကရည်ရွယ်ချက်မှာ ဥပဒေအသိပညာပေးရန် ဖြစ်သည်။

ဂူချန်အနေဖြင့် ရှေ့နေလုပ်ငန်းကို တိုးချဲ့ပြီး လူအများ ဥပဒေလောကထဲသို့ ဝင်ရောက်လာကာ လူမှုတရားမျှတမှုကို ကာကွယ်စောင့်ရှောက်စေချင်သည်။

ငွေရှာခြင်းအတွက်ဆိုလျှင်လည်း မည်သူကမျှ ပိုက်ဆံနည်းလွန်းသည်ဟု မညည်းညူကြပေ။

ဂူချန်သည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ထင်ရှားသော အမှုအခင်းများစွာကို ဆွေးနွေးတင်ပြခဲ့သည်။

ကြည့်ရှုသူများမှာလည်း မှတ်ချက်များဖြင့် အဆက်မပြတ် တုံ့ပြန်နေကြသည်။

[၆၆၆၆၆၆၆၆၆၆၆၆]

[အသစ်အဆန်းတွေ အများကြီး သင်ယူလိုက်ရတယ်။]

[ဥပဒေမဲ့မိုက်ရူးရဲလို့ နာမည်ကြီးတာ တကယ်ပဲ။ အခု ငါ ဥပဒေချိုးဖောက်မိရင်တောင် အထဲရောက်သွားနိုင်မလား]

[သတိထားကြပါ။ ဥပဒေမဲ့မိုက်ရူးရဲက တိုက်ရိုက်ပဲ ထောင်ထဲပို့လိုက်လိမ့်မယ်]

အမှုအခင်းအချို့ကို ဆွေးနွေးပြီးနောက် ဂူချန်သည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အခြားသူများနှင့် ချိတ်ဆက်စကားပြောရန် စတင်လိုက်တော့သည်။

ချိတ်ဆက်မှုများမှာ မည်သူမည်ဝါမှန်းမသိရဘဲ လုံးဝကျပန်း ဖြစ်ပေါ်လာခြင်းပင်။

ဂူချန်သည် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးနှင့် ချိတ်ဆက်မိသွားသည်။

ဂူချန် “မင်္ဂလာပါ"

တက္ကသိုလ်ကျောင်းသူလေး၏ ချိုသာသော အသံဖြင့် “မင်္ဂလာပါ ရှေ့နေဂူ"

မိန်းကလေး၏အသံကို ကြားလိုက်ရသည်နှင့် ကြည့်ရှုသူများမှာ စိတ်လှုပ်ရှားသွားကြပြီး မှတ်ချက်များဖြင့် တရစပ် စာတိုများ ပေးပို့လာကြသည်။

[ဇနီးလေး……]

[ဝါး... အသံလေးက တကယ်ကို ချိုသာတာပဲ။]

[ကျွန်တော်တော့ ချစ်မိသွားပြီ။ မိန်းကလေးရေ WeChat အကောင့်လေး ပေးလို့ရမလား။]

[ဒီအသံလေးက တကယ်ချိုတာပဲ။ သူ့ပရိုဖိုင်ကို ဝင်ကြည့်လိုက်တာ တကယ့်အလှလေးပဲ။ အလှပဂေးလေးပါလား ငါ့ဇနီးလေး]

[စုမုချိုကိုသာ လက်ထပ်ခွင့်ရမယ်ဆိုရင် ဘယ်ကားပဲ မောင်းရမောင်းရ ကျွန်တော် ဝန်မလေးဘူး။]

[မင်းတို့က အကုန်လုံးကိုပဲ လိုချင်နေကြတာလား။]

ကျောင်းသူလေး “ရှေ့နေဂူ... ကျွန်မနာမည်က စုမုချိုပါ။ ရှေ့နေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချိတ်ဆက်မိဖို့ အကြာကြီး စောင့်နေခဲ့ရတာပါ။ ကျွန်မရဲ့ အတန်းဖော် ကျန်းထောင်မှာ ပြဿနာတစ်ခု ကြုံနေရလို့ပါ။ ရှေ့နေရဲ့ အကူအညီ လိုချင်ပါတယ်ရှင်"

ဂူချန် “ဘာပြဿနာလဲ ပြောပြပါ"

စုမုချို “အခြေအနေက ဒီလိုပါ... ကျန်းထောင်က ကျွန်မတို့ကျောင်းက ကျောင်းသားတစ်ယောက်ဖြစ်ပြီး အထက်တန်းကျောင်းကနေ တက္ကသိုလ်အထိ သူငယ်ချင်းတွေပါ။ သူက မိဘမဲ့တစ်ယောက်၊ အရမ်းဆင်းရဲပြီး ပညာသင်စရိတ်အတွက် ပညာသင်ထောက်ပံ့ကြေးကိုပဲ အားကိုးနေရတာပါ။ ဒါပေမဲ့ သူ့ရဲ့ ထောက်ပံ့ကြေးကို ချမ်းသာတဲ့ သူဌေးသားတစ်ယောက်က လုယူသွားခဲ့ပါတယ်။ ကျွန်မတို့ကျောင်းမှာလည်း ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ အများကြီးပဲ ထောက်ပံ့ကြေး မရခဲ့ကြဘူး။ လျှောက်လွှာတင်ထားပေမဲ့ ဘာမှ မရခဲ့ကြဘူး။ ဒါပေမဲ့ အချို့သော ချမ်းသာတဲ့ သူဌေးသားကျောင်းသားတွေကပဲ ရွေးချယ်ခံလိုက်ရတယ်။ ဒါမှာ တစ်ခုခုမှားနေတယ်လို့ ကျွန်မ ခံစားရတယ်။ ဒါကြောင့် ရှေ့နေဂူဆီမှာ အကူအညီတောင်းပြီး တရားစွဲချင်တာပါရှင်"

စုမုချိုက ဆက်လက်၍ “ကျွန်မ အရင်ကတည်းက အကူအညီတောင်းတဲ့ စာတစ်စောင် ရေးပြီး ပို့ထားခဲ့ဖူးပါတယ်။ ရှေ့နေဂူ ဒီအမှုကို လက်ခံမလားဆိုတာတော့ မသိဘူး။ အကယ်၍ မလက်ခံဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ တခြားရှေ့နေတွေကိုပဲ ရှာလိုက်ပါတော့မယ်။ ရှေ့နေဂူက အမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အရမ်းတော်တာကို ကျွန်မ သိပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားထောင်ပေါင်းများစွာအတွက် ကိုယ်စားစကားပြောပေးချင်ပြီး ကျွန်မတတ်နိုင်သလောက်လေး လုပ်ပေးချင်ရုံသက်သက်ပါရှင်"

ဂူချန် “ဒီအမှုကိစ္စကို မနေ့ကမှ ကျွန်တော် ကြည့်လိုက်မိတယ်။ တစ်ယောက်ယောက်က ကျွန်တော်တို့လုပ်ငန်းဆီကို အကူအညီတောင်းတဲ့ စာပို့ထားတာကို တွေ့လိုက်ရတယ်။ အဲဒါ မင်းရေးလိုက်တာလား အမှုရဲ့ အသေးစိတ်ကို ပြောပြပါ"

စုမုချို “အမှုက ဒီလိုပါ...”

“ရှေ့နေဂူ... ကျွန်မရဲ့ အတန်းဖော် ကျန်းထောင်က အရမ်းဆင်းရဲပြီး ဆင်းရဲနွမ်းပါးကျောင်းသား ထောက်ပံ့ကြေးကို လျှောက်ထားခဲ့တာပါ"

“သူ့ရဲ့ လျှောက်လွှာ အထောက်အထားတွေက အကုန်ပြည့်စုံပါတယ်။ ကျွန်မတောင် ပြန်စစ်ပေးခဲ့သေးတယ်။ ဒါပေမဲ့ လျှောက်လွှာတင်ပြီးတဲ့နောက်မှာ သူ ဘာထောက်ပံ့ကြေးမှ မရခဲ့ဘူး"

“အဲဒီအစား ကျွန်မတို့အတန်းထဲက ချမ်းသာတဲ့ သူဌေးသားတစ်ယောက်က ထောက်ပံ့ကြေး ရသွားခဲ့တယ်။ အဲဒီသူဌေးသားရဲ့ မိသားစုက အတော်လေး ချမ်းသာပြီး တက္ကသိုလ်စတက်တဲ့အချိန်မှာတင် ပေါ်ရှေးကားစီးပြီး ကျောင်းတက်နေတာပါ။ သူက ပေါ်ရှေးကားတောင် စီးနိုင်နေမှတော့ ဘာလို့များ ဆင်းရဲနွမ်းပါး ကျောင်းသားထောက်ပံ့ကြေးကို အရည်အချင်းပြည့်မီနေရတာလဲ။ ဒါမျိုးက တကယ်ဆင်းရဲတဲ့ ကျောင်းသားတွေအတွက်ပဲ ဖြစ်သင့်တာ မဟုတ်ဘူးလားရှင်”

“ကျန်းထောင်က တစ်ခုခုတော့ မှားနေပြီလို့ ခံစားရတဲ့အတွက် အကြံပေးဆရာ၊ အတန်းပိုင်ဆရာနဲ့ ကျောင်းသားသမဂ္ဂကော်မတီအထိ သွားတိုင်ကြားခဲ့ပါတယ်"

“ကျောင်းကတော့ အလေးအနက် စုံစမ်းစစ်ဆေးပေးမယ်လို့ ပြောပြီး ကျန်းထောင်ကို လှည့်စားခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ထောက်ပံ့ကြေး ရွေးချယ်မှုမှာ ဘာပြဿနာမှ မရှိဘူးလို့ပဲ အကြောင်းပြန်ခဲ့ကြတယ်...”

“ကျန်းထောင်က စိုးရိမ်တကြီးနဲ့ ဘယ်လိုလုပ် ဘာပြဿနာမှ မရှိရတာလဲလို့ မေးခဲ့ပေမဲ့...”

“ဘယ်သူကမှ ကျန်းထောင်ကို ဂရုမစိုက်ခဲ့ကြသလို သူလည်း အကူအညီတောင်းစရာ နေရာမရှိတော့ဘူး ဖြစ်နေခဲ့တယ်...”

“ကျောင်းသားသမဂ္ဂက သူငယ်ချင်းတစ်ယောက်က ကျန်းထောင်ကို ပြောပြတာကတော့ ထောက်ပံ့ကြေး ရွေးချယ်မှုက ဒီလိုမျိုးပဲ နှစ်ပေါင်းများစွာ လုပ်လာခဲ့တာဖြစ်ပြီး ဒါကပဲ ထုံးစံလို ဖြစ်နေပြီဆိုတာပါပဲ"

“ကျန်းထောင် အရမ်းဒေါသထွက်ခဲ့ရတာက သူတစ်ယောက်တည်း ထောက်ပံ့ကြေး မရတာမဟုတ်ဘဲ ဆင်းရဲတဲ့ ကျောင်းသားအများစုကလည်း မရခဲ့ကြလို့ပါ...”

“ကျန်းထောင်ရဲ့ အခန်းဖော်တစ်ယောက်ဆိုရင် အမြဲတမ်း ရေနွေးငွေ့နဲ့ပေါင်းထားတဲ့ မုန့်နဲ့ အချဉ်ထုပ်ကိုပဲ စားနေရတာပါ။ သူ့မိသားစုက အရမ်းဆင်းရဲပြီး သူကိုယ်တိုင်လည်း နေ့တိုင်း အချိန်ပိုင်း အလုပ်လုပ်နေရသူပါ။ သူ့ရဲ့ တစ်လစာ လူနေမှုစရိတ်က ယွမ်နှစ်ရာတောင် မကျော်ပါဘူး။ အသားတောင် မစားနိုင်တဲ့သူက နောက်ဆုံးတော့လည်း ဆင်းရဲနွမ်းပါးကျောင်းသားအဖြစ် ရွေးချယ်မခံခဲ့ရဘူး"

“အဲဒီအစား ပေါ်ရှေးကားစီးတဲ့ ချမ်းသာတဲ့ သူဌေးသားတစ်ယောက်နဲ့ မာစီဒီးဘန့် S ကားစီးတဲ့ နောက်တစ်ယောက်ကပဲ ထောက်ပံ့ကြေးကို ရသွားခဲ့ကြတာ...”

“ကျန်းထောင် တစ်ခုခုတော့ မှားနေပြီလို့ ခံစားမိတဲ့အတွက် ရှင်းပြချက်တစ်ခု ရဖို့ ကြိုးစားနေခဲ့တာပါ"

“ဒါကြောင့် ကျန်းထောင်က လူထုရဲ့ အာရုံစိုက်မှုနဲ့ တရားမျှတမှု ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဖြစ်အပျက်အားလုံးကို Weibo နဲ့ Douyin မှာ တင်ခဲ့တာပါ"

“ဒါပေမဲ့ ဗီဒီယိုတင်ပြီး ခဏအကြာမှာပဲ ကျောင်းသားသမဂ္ဂက ဆရာတစ်ယောက်က ကျန်းထောင်ကို ခေါ်သွားပြီး ဗီဒီယိုအားလုံးကို ဖြုတ်ချဖို့နဲ့ တောင်းပန်ဖို့ အမိန့်ပေးခဲ့တယ်"

“ကျန်းထောင်က ငြင်းဆန်ခဲ့ပြီး ရှင်းပြချက်တစ်ခုကိုပဲ တောင်းဆိုခဲ့ပေမဲ့ ဘာမှလုပ်လို့ မရခဲ့ဘူး... တစ်ညအိပ်ပြီး မနက်ရောက်တဲ့အခါမှာတော့ ကျန်းထောင်ရဲ့ Douyin အကောင့်နဲ့ Weibo အကောင့်တွေအားလုံး ပိတ်ပင်ခံလိုက်ရပြီး တရားမျှတမှု တောင်းဆိုထားတဲ့ ဗီဒီယိုတွေလည်း အားလုံး ပျောက်ကွယ်သွားခဲ့တာပဲ...”

All Chapters