← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 29 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 29 Ch. 405-406

အပိုင်း(၄၀၅)

"မီးလျှံခုတ်ပိုင်းခြင်း"...

ဤကျွမ်းကျင်မှု၏ အမည်ကို ကြည့်ရုံမျှဖြင့် ၎င်းသည် အနီးကပ် တိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်ကြောင်း ကျန်းလျို သိနိုင်ပေသည်။

သူ့ထံတွင် ကိုယ်ပိုင် အနီးကပ် တိုက်ခိုက်ရေး နည်းစနစ်များမှာ အမှန်တကယ်ပင် အလွန် ရှားပါးလှပေသည်။ သေချာ တွေးကြည့်ရပါက လက်ဝါးမိုးကြိုး တစ်ခုတည်းသာ ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် ၎င်းကို အသုံးမပြုမီ ပစ်မှတ်ကို အရင်ဆုံး ဖမ်းဆီးထားရန် လိုအပ်သေးသည်။

သူသည် သူ၏ အထူးပစ္စည်းကိရိယာဖြစ်သော ကျွမ်းကျင်မှုစာအုပ်စင် ဆီသို့ အာရုံလှည့်လိုက်သည်။

လျှပ်စီး မီးလုံး၊ လက်ဝါးမိုးကြိုး နှင့် သိုးအသွင်ပြောင်း နည်းစနစ်...

ဤကျွမ်းကျင်မှုသုံးခုသည် ကျွမ်းကျင်မှုစာအုပ်စင် အတွင်းရှိ နေရာသုံးနေရာလုံးကို အပြည့်အဝ ယူထားခဲ့သည်။

ကျန်းလျိုသည် လက်လှမ်းကာ ကျွမ်းကျင်မှုစာအုပ်စင်ထဲမှ လျှပ်စီး မီးလုံး ကျွမ်းကျင်မှုစာအုပ်ကို ထုတ်ယူလိုက်သည်။

ဒင် - သင်သည် ကျွမ်းကျင်မှတ် ၄ မှတ်ကို ရရှိပါသည်။

ကျန်းလျို ကျွမ်းကျင်မှုစာအုပ်ကို ထုတ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် စနစ်၏ အသိပေးသံသည် သူ၏ စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ လျှပ်တစ်ပြက် မီးလုံး မှ ကျွမ်းကျင်မှတ် ၄ မှတ် ပြန်လည်ရရှိလာခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လျှပ်စီး မီးလုံး ကျွမ်းကျင်မှုသည်လည်း ကျန်းလျို၏ ကျွမ်းကျင်မှု စာရင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

"လျှပ်စီး မီးလုံး ကို ဘယ်လိုသုံးရတာလဲ..."

သူ မှတ်မိနေသေးသည်ဟု ထင်ရသော အရာတစ်ခုကို ရုတ်တရက် မေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျန်းလျိုသည် ပြင်းပြင်းထန်ထန် စဉ်းစားကြည့်သော်လည်း လျှပ်စီး မီးလုံး ကို အသုံးပြုသည့် နည်းစနစ်များကို ပြန်လည် မှတ်မိနိုင်ခြင်း မရှိတော့ပေ။

သူသည် ၎င်းကို ယခင်က အသုံးပြုနိုင်ခဲ့ကြောင်းကိုသာ မှတ်မိနေပြီး ယခုအခါတွင်မူ လုံးဝ အသုံးပြု၍ မရတော့ပေ။

ဤခံစားချက်သည် ကလေးဘဝက စက္ကူလေယာဉ်ပျံများ သို့မဟုတ် စက္ကူဖားများကို ခေါက်ရန် သင်ယူခဲ့ပြီး အလွန်ကျွမ်းကျင်ခဲ့သူ တစ်ဦး၏ ခံစားချက်မျိုးနှင့် ဆင်တူနေပေသည်။

သို့သော် သူတို့ ကြီးပြင်းလာသောအခါ ပြန်လည်စဉ်းစားကြည့်သည့်အခါ ကလေးဘဝက မည်သို့ခေါက်ရမည်ကို သိခဲ့သည်ဟုသာ မှတ်မိနိုင်တော့ပြီး အတိအကျ မည်သို့ခေါက်ရမည်နည်း။ ထိုအရာကိုမူ သူတို့ မေ့သွားခဲ့ကြပြီ ဖြစ်သည်။

ခေါင်းယမ်းလိုက်ပြီးနောက် ကျန်းလျိုသည် "မီးလျှံခုတ်ပိုင်းခြင်း" ကျွမ်းကျင်မှုစာအုပ်ကို ကျွမ်းကျင်မှုစာအုပ်စင် အတွင်းသို့ ထည့်သွင်းလိုက်သည်။

ဒင် - မီးလျှံခုတ်ပိုင်းခြင်း ကို သင်ယူရန် ကျွမ်းကျင်မှတ် ၁ မှတ် အသုံးပြုလိုပါသလား။

မည်သည့် တွေဝေမှုမျှ မရှိဘဲ ကျန်းလျိုသည် ၎င်းကို သင်ယူရန် ရွေးချယ်လိုက်သည်။

သင်ယူပြီးနောက်တွင် ကျန်းလျို၏ ရှေ့၌ ကျွမ်းကျင်မှုအသစ်တစ်ခု ပေါ်လာခဲ့ပြီး သူသည် မီးလျှံခုတ်ပိုင်းခြင်း ၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။

မီးလျှံခုတ်ပိုင်းခြင်း (အခြေခံအဆင့် ၁) - မီးတောက်မီးလျှံများ၏ စွမ်းအားကို ဆင့်ခေါ်ကာ သင်၏ လက်နက်တွင် ပူးကပ်စေပြီး ပစ်မှတ်ကို ပြင်းထန်စွာ ခုတ်ပိုင်းတိုက်ခိုက်နိုင်မည်။ တိုက်ခိုက်ရေးစွမ်းအား +၁၀၀၀ +၂၀%၊ စက္ကန့် ၁၀၀ အတွင်း တူညီသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည့် အပိုဆောင်း မီးလောင်ကျွမ်းမှု အာနိသင် ပါဝင်သည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၆၀ စက္ကန့်။

"အင်း... ဒီကျွမ်းကျင်မှုက အခြေခံ တိုက်ခိုက်ရေးစွမ်းအား အမှတ် ၁၀၀၀ တောင် ပေါင်းထည့်ပေးတာဆိုတော့ မဆိုးဘူးလို့ ပြောရမယ်... ၂၀ ရာခိုင်နှုန်း တိုးလာတာက နည်းနည်း နည်းနေပေမယ့်ပေါ့... ဒါပေမဲ့ မီးလောင်ကျွမ်းမှု အာနိသင်ကတော့ တော်တော်လေး အသုံးဝင်တယ်... ထိခိုက်ပျက်စီးမှုကို နှစ်ဆတောင် ဖြစ်သွားစေနိုင်တာပဲ..."

မီးလျှံခုတ်ပိုင်းခြင်း၏ အချက်အလက်များကို ကြည့်ရှုပြီးနောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်ရင်း ကျန်းလျိုသည် တီးတိုးရေရွတ်လိုက်သည်။

"နောက်ပြီး မီးလောင်ကျွမ်းမှု အာနိသင်က စက္ကန့် ၁၀၀ တောင် ကြာရှည်ခံပေမယ့်… ကျွမ်းကျင်မှုရဲ့ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန်က စက္ကန့် ၆၀ တည်းလား... ဒါဆို နှစ်ဆ မီးလောင်ကျွမ်းမှု အာနိသင်တွေကိုပါ သုံးလို့မရနိုင်ဘူးလား..."

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက အခြေခံအဆင့် ကျွမ်းကျင်မှုတစ်ခုပဲလေ... ဒီလို အာနိသင်မျိုး ရှိနေတာကကို တော်တော်လေး ကောင်းနေပါပြီ…”

စိတ်ထဲ၌ ခေတ္တမျှ တွက်ချက်စဉ်းစားပြီးနောက် ကျန်းလျိုသည် အခြား ကျွမ်းကျင်မှုစာအုပ်တစ်အုပ်ကို ဆက်လက်သင်ယူလိုက်သည်။

အကာအကွယ်ဂါထာ အားဖြည့်ခြင်း

ဤသည်မှာ ကရုဏာရှင် ဗောဓိသတ် ၏ နောက်ထပ် အထောက်အပံ့စွမ်းရည် တစ်ခုပင် ဖြစ်သည်။

အထောက်အပံ့ပေးသော အသက်မွေးဝမ်းကျောင်း တစ်ခုအနေဖြင့် မိစ္ဆာနှိမ်နင်းရေး ဂါထာ ကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်ပေးသည့် အထောက်အပံ့စွမ်းရည် ရှိနေမှတော့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသည့် အထောက်အပံ့စွမ်းရည်ကော ဘာကြောင့် မရှိဘဲ နေမည်နည်း။

အဆင့် ၄၄ သို့ ရောက်ရှိသွားသောအခါ သူသည် ကျွမ်းကျင်မှတ် တစ်မှတ် ထပ်မံရရှိခဲ့ပြီး ယခုလေးတင် လျှပ်တစ်ပြက် မီးလုံး ကလည်း သူ့ထံသို့ ကျွမ်းကျင်မှတ် ၄ မှတ်ကို ပြန်လည်ပေးအပ်ခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်းလျိုသည် ကျန်ရှိနေသော ကျွမ်းကျင်မှတ် ၄ မှတ်လုံးကို အသုံးပြုကာ 'အကာအကွယ်ဂါထာ အားဖြည့်ခြင်း' ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်သည်။

ကျန်းလျို၏ ကျွမ်းကျင်မှုစာရင်းတွင် နောက်ထပ် ကျွမ်းကျင်မှု သင်္ကေတတစ်ခု ပေါ်လာခဲ့ပြီး သူစစ်ဆေးကြည့်လိုက်သောအခါ သက်ဆိုင်ရာ အချက်အလက်များသည် ထွက်ပေါ်လာခဲ့သည်။

အကာအကွယ်ဂါထာ အားဖြည့်ခြင်း (ပြီးပြည့်စုံသောအဆင့်) - မဟာမိတ် ပစ်မှတ်တစ်ခု၏ ကာကွယ်ရေးစွမ်းအားကို +၂၅% မြှင့်တင်ပေးမည်၊ ၃၀၀ စက္ကန့် ကြာရှည်ခံမည်၊ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၆၀ စက္ကန့်။

"ကျေနပ်စရာပဲ..."

အကာအကွယ်ဂါထာ အားဖြည့်ခြင်း ကျွမ်းကျင်မှုကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် ကျေနပ်အားရစွာ မပြုံးဘဲ မနေနိုင်တော့ပေ။

ဤအချိန်တွင် သူသည် ကာကွယ်ရေးပိုင်း၌ အားနည်းချက်များကို နောက်ဆုံးတွင် ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။

တိုက်ခိုက်ရေးအတွက်ဆိုလျှင် သူ့ထံတွင် မိစ္ဆာနှိမ်နင်းရေး ဂါထာ နှင့် မိစ္ဆာနှိမ်နင်းရေး ဂါထာ အားဖြည့်ခြင်း တို့ရှိပြီး ကာကွယ်ရေးအတွက်ဆိုလျှင် အကာအကွယ်ဂါထာ အားဖြည့်ခြင်း၊ ထိခိုက်မှုမှ ကင်းလွတ်ခွင့်ရရန် ဝရဇိန်ဂါထာ တို့ ရှိနေပေသည်။ ကုသရေးပိုင်းတွင် တစ်ဦးတည်းအတွက် ကွမ်းယင် ဂါထာ နှင့် အဖွဲ့လိုက် ကုသရန်အတွက် ကုသခြင်းလက်ဝါး တို့ ရှိနေပေသည်...။

နောက်ဆုံး၌ သူသည် အထောက်အပံ့ပေးသော အသက်မွေးဝမ်းကျောင်းဖြစ်သည့် ကရုဏာရှင် ဗောဓိသတ် တစ်ပါးကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။

"အင်း... အခုလိုနေတာက ရှင်ပြန်ထမြောက်စေတဲ့ ကျွမ်းကျင်မှုဖြစ်တဲ့ ဝိညာဉ်ပြန်လည်ခေါ်ယူခြင်း ဂါထာ ပဲ ကျန်တော့တယ်... အဲဒီ ဝိညာဉ်ပြန်လည်ခေါ်ယူခြင်း ဂါထာကို ရရှိသွားမှပဲ ငါက အမှန်တကယ် ပြီးပြည့်စုံတဲ့ ကရုဏာရှင် ဗောဓိသတ် တစ်ပါး ဖြစ်လာတော့မှာ..."

မိမိ၏ ကျွမ်းကျင်မှုစာရင်းထဲရှိ ကျွမ်းကျင်မှုများကို ကြည့်ကာ ကျန်းလျိုသည် ကျေနပ်အားရသော မျက်နှာထားဖြင့် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ကျန်းလျိုအတွက်မူ ဤဝူကျီတိုင်းပြည်၏ နန်းတော်သို့ လာရောက်ရခြင်းသည် အလွန်တရာ အကျိုးအမြတ်များလှပြီး အလွန် လက်တွေ့အသုံးကျသော ကျွမ်းကျင်မှုစာအုပ် နှစ်အုပ်ကို ရရှိခဲ့ပေသည်။

ထို့အပြင် ရွှမ်ဟွာ ပုဆိန် သည်လည်း ပို၍ပင် အစွမ်းထက်လာခဲ့သေးသည်။

၎င်း၏ ၇၈၀ဝ သော တိုက်ခိုက်ရေးစွမ်းအားကို ဘေးဖယ်ထားလိုက်လျှင်ပင် ကျွမ်းကျင်မှုအားလုံး၏ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၁၀% လျှော့ချပေးခြင်းသည်လည်း အလွန် လက်တွေ့အသုံးကျသောကြောင့် ဤတစ်ကြိမ်တွင် ရရှိလိုက်သော အကျိုးအမြတ်များမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။

ကျန်းလျိုသည် သူ ယခုလေးတင် သင်ယူထားသော ကျွမ်းကျင်မှုများနှင့် ရွှမ်ဟွာ ပုဆိန် ကို ကိုင်တွယ်ကစားနေစဉ် ရုတ်တရက် အေးစက်သော လေပြေတစ်ချက်ကို သူ ခံစားလိုက်ရသည်။

ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလကဲ့သို့ အပူဆုံးအချိန်ကြီးတွင် အေးစက်သော လေပြေတစ်ချက် တိုက်ခတ်လာသောကြောင့် ကျန်းလျို၏ အသားအရေပေါ်တွင် ကြက်သီးမွေးညင်းများပင် ထသွားခဲ့လေသည်။

"ဘာတွေဖြစ်နေတာလဲ..."

ဤလုံးဝ အကြောင်းပြချက်မရှိသော အေးစက်သည့် လေပြေကြောင့် ကျန်းလျိုသည် တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။

"ထန်ဆရာတော်..."

တစ်ချိန်တည်းမှာပင် ကျောချမ်းဖွယ်ကောင်းသော လေထဲတွင် လွင့်မျောနေသကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းလျို၏ ရှေ့၌ တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နေရသော ပုံသဏ္ဌာန်တစ်ခု ချက်ချင်း ပေါ်လာကာ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။

"သ... သရဲခြောက်နေတာပဲ..."

ထိုပုံသဏ္ဌာန်၏ တစ်ဝက်တစ်ပျက် လွင့်မျောနေသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း ထင်ရှားလာပြီး ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကလည်း နီးကပ်လာသည်ကို မြင်သောအခါ ကျန်းလျို၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူရော်သွာခဲ့လေသည်။ သူသည် နောက်သို့မှီကျသွားပြီး လန့်ဖြတ်ကာ နောက်ဆုတ်သွားခဲ့ရင်း ရှေ့သို့ တိုးလာနေသော ပုံသဏ္ဌာန်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စူးစိုက်ကြည့်နေခဲ့သည်။

"ထန်ဆရာတော်... မကြောက်ပါနဲ့... ကျွန်တော်မျိုးက အန္တရာယ်ပေးဖို့ လာတာ မဟုတ်ပါဘူး..."

ကျန်းလျို၏ ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ ထိုပုံသဏ္ဌာန်သည်လည်း ရပ်တန့်သွားပြီး ပြောလိုက်သည်။

သို့သော် ၎င်းသည် လွင့်မျောနေသော ဝိညာဉ်တစ်ခု ဖြစ်နေပြီး မြေကြီးနှင့် မထိဘဲ လေထဲတွင် လွင့်မျောနေသောကြောင့် ကျန်းလျိုအား မကြောက်ရန် သူ၏ နှစ်သိမ့်စကားများသည် လုံးဝ ယုံကြည်နိုင်စရာ မရှိပေ။

ကျန်းလျို၏ ထိတ်လန့်တကြား အော်ဟစ်သံကြောင့် စွန်းဝူခုန်းနှင့် အခြားသူများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ စွန်းဝူခုန်းသည် တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ အရှိန်ဖြင့် ဝင်ရောက်လာပြီး လွင့်မျောနေသော ဝိညာဉ်ကို ကြည့်လိုက်၏။

"ချီး... ဒီလေလွင့် ဝိညာဉ်က ဘယ်ကနေ ရောက်လာပြီး ငါ့ဆရာတော်ရဲ့ အခန်းထဲကို ရဲရဲတင်းတင်း ဝင်လာရဲတာလဲ…”

စွန်းဝူခုန်း၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာကြောင့် လွင့်မျောနေသော ဝိညာဉ်သည် လုံးဝ ထိတ်လန့်သွားကာ ဘေးတစ်ဖက်သို့ ကပ်သွားခဲ့သည်။

ကျူးပါကျဲမှာမူ အလွန် ဂရုတစိုက်ဖြင့် ကျန်းလျို၏ ဘေးသို့ ရောက်လာကာ သူ၏ ကျောကို ဖွဖွလေးပုတ်ပေးရင်း စိုးရိမ်တကြီးနှင့် အနည်းငယ် နှစ်သိမ့်ကာ မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး… ဘာမှ မဖြစ်တော့ဘူး… ကျုပ် ဝက်ကြီး ဘေးနားမှာ ရှိတယ်”

***

အပိုင်း(၄၀၆)

စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ ဝင်လာသည်ကို မြင်သောအခါ ကျန်းလျို၏ အမူအရာသည် အနည်းငယ် တည်ငြိမ်သွားသော်လည်း သူသည် လေလွင်ါ ဝိညာဉ်ကို ကြောက်ရွံ့နေသော အကြည့်ဖြင့် ကြည့်နေခဲ့သေးသည်။

"ဆရာတော်... ဒါက သာမန် လေလွင့် ဝိညာဉ်တစ်ခုပါ... ကြောက်စရာ ဘာမှမရှိပါဘူး..."

အနီးတွင် ရပ်နေသော ဝူကျင်းသည် လွင့်မျောနေသော ဝိညာဉ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းလျိုကို ကြည့်ကာ အနည်းငယ် ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

ဆရာတော် ကိုယ်တိုင်၏ ကျင့်စဉ်အဆင့်သည် နိမ့်ကျမနေဘဲ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ မိစ္ဆာဘုရင်၊ မိစ္ဆာနတ်မင်း များနှင့် ရင်ဆိုင်ရချိန်တွင်ဖြစ်စေ ကွမ်ယင် နှင့် ထိုက်ရှန်းလောင်ကျွင်း တို့ကို ရင်ဆိုင်ရချိန်တွင်ဖြစ်စေ… သူသည် တည်ငြိမ်နေခဲ့ပြီး တိုက်ရှန်းလောင်ကျွင်း နှင့်ပင် အပေးအယူ စည်းကမ်းချက်များကို ဆွေးနွေးနိုင်ခဲ့သေးသည်။

သို့ပါလျက်နှင့် ဆရာတော်က တကယ်ပဲ သရဲကြောက်တတ်တာလား…။

"နေပါဦး အစ်ကိုကြီး... ဒီဝိညာဉ်ရဲ့ ရုပ်က ရင်းနှီးနေသလိုပဲ မဟုတ်ဘူးလား..."

ထိုစဉ် ကျူးပါကျဲသည် ကျန်းလျို၏ အခန်းထဲသို့ ဝင်ရောက်လာသော သရဲကို သေချာစွာ စူးစမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

"ရင်းနှီးနေတယ်... ဟမ်... ဒါက ဝူကျီတိုင်းပြည်ရဲ့ ဘုရင်ရုပ်ကြီး မဟုတ်ဘူးလား... ဒါကြောင့် ငါ စွန်းဝူခုန်း သူ့ကို မြင်မြင်ချင်း အမြင်ကတ်နေတာကိုး..."

ကျူးပါကျဲ၏ သတိပေးစကားကို ကြားသောအခါ စွန်းဝူခုန်းသည် သဘောပေါက်သွားပြီး ပြောလိုက်သည်။

ဝိညာဉ်က ခေါင်းညိတ်ကာ မြေပြင်ပေါ် ဒူးထောက်ချလိုက်၏။

"ဟုတ်ပါတယ် လူကြီးမင်းတို့... ကျွန်တော်မျိုးက တကယ်ပဲ ဝူကျီတိုင်းပြည်ရဲ့ ဘုရင်ပါ... ဒီနေ့ ဖိတ်ခေါ်မထားဘဲ ဝင်လာခဲ့ရတာက တောင်းဆိုစရာလေးတစ်ခု ရှိနေလို့ပါ... ထန်ဆရာတော်က ကျွန်တော်မျိုးကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

"မင်း... မင်းက ငါတို့ဆီက ဘာအကူအညီ လိုချင်လို့လဲ..."

စွန်းဝူခုန်းနှင့် အခြားသူများ ဘေးတွင် ရှိနေသောကြောင့် ကျန်းလျိုသည် အနည်းငယ် ပို၍ တည်ငြိမ်လာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည်လည်း သရဲ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားပြီး သတ္တိမွေးကာ မေးလိုက်သည်။

"မွန်မြတ်လှတဲ့ ဆရာတော်... ကျွန်တော်မျိုးက တကယ်ပဲ ဝူကျီတိုင်းပြည်ရဲ့ ဘုရင်ပါ... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ကျွန်တော်မျိုးဟာ နန်းတော်ဥယျာဉ် ထဲမှာ သွေးသောက်ညီနောင် တစ်ယောက်ရဲ့ လုပ်ကြံတာကို ခံလိုက်ရပါတယ်... သူက ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ်ကို ရေတွင်းထဲ ပစ်ချပြီး ကျွန်တော်မျိုးရဲ့ အသွင်အပြင်ကို ယူလိုက်တာပါ... ဆရာတော်အနေနဲ့ အဲဒီ မိစ္ဆာ ကို နှိမ်နင်းပေးဖို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်..."

မြေပြင်ပေါ်တွင် ဒူးထောက်လျက် ဝူကျီတိုင်းပြည်၏ ဘုရင်က တောင်းပန်စကား ပြောလိုက်သည်။

"မင်း... မင်းဆိုလိုတာက... ဒီနေ့... ဒီနေ့ ငါတို့ ဆရာတပည့် တစ်စုက အဲဒီ မိစ္ဆာ ကို နှိမ်နင်းပြီး သူ့ရဲ့ ဇာတိရုပ်မှန်ကို ဖော်ထုတ်ပေးခဲ့ပြီးပြီလေ... ငါတို့... ငါတို့ မင်းရဲ့ ခန္ဓာကိုယ်ကို ရှာဖွေဖို့တောင် လုပ်နေကြတာ..."

ဝူကျီတိုင်းပြည် ဘုရင်၏ စကားများကို ကြားသောအခါ ကျန်းလျိုသည် အနည်းငယ် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"ဗျာ..."

ကျန်းလျို၏ စကားများကြောင့် ဝူကျီတိုင်းပြည်၏ ဘုရင်သည် အံ့အားသင့်သွားပြီး ချက်ချင်းပင် ဝမ်းသာအားရဖြစ်ကာ ကျန်းလျို၏ ရှေ့တွင် နက်ရှိုင်းစွာ ဒူးထောက်ဦးညွှတ်လိုက်သည်။

“ကျေးဇူးကြီးလှပါတယ်… ကျေးဇူးကြီးလှပါတယ်…”

"ကောင်းပြီ... မင်း... မင်း အခု ပြန်လို့ရပြီ... မင်းရဲ့ ခန္ဓာကိုယ်က နန်းတော်ဥယျာဉ် ထဲက ရေတွင်းထဲမှာ ရှိတယ်ဆိုတာပေါ့... ငါ နားလည်ပြီ... မနက်ဖြန်ကျရင် အိမ်ရှေ့မင်းသားနဲ့ အခြားသူတွေကို မင်းရဲ့ ခန္ဓာကိုယ်ကို သွား... သွားဆယ်ခိုင်းလိုက်မယ်..."

ကျန်းလျိုက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ဝူကျီတိုင်းပြည်၏ ဘုရင်အား ပြန်လည်ထွက်ခွာခွင့် ပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာတော်... ကျေးဇူးတင်ပါတယ် ဆရာတော်..."

ဝူကျီတိုင်းပြည် ဘုရင်၏ ဝိညာဉ်သည် အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုပြီးနောက် ချက်ချင်းပင် အပြာရောင် မီးခိုးငွေ့တန်းလေး တစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

သရဲဘုရင် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အခန်းထဲရှိ ကျောချမ်းဖွယ်ကောင်းသော ခံစားချက်နှင့် ခြောက်ခြားဖွယ် အငွေ့အသက်များသည်လည်း အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

ဟူး...

ဝူကျီတိုင်းပြည်၏ ဘုရင် ထွက်ခွာသွားပြီးနောက် ကျန်းလျိုသည် သူ၏ ရင်ဘတ်ပေါ်မှ ဧရာမ ကျောက်တုံးကြီးတစ်ခုကို နောက်ဆုံးတွင် ဖယ်ရှားလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လေပူတစ်ချက်ကို ရှည်လျားစွာ မှုတ်ထုတ်လိုက်သည်။

ထိုကျောချမ်းဖွယ်ကောင်းသော ခံစားချက်သည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် အေးစက်နေသော မြွေအုပ်ကြီး တွားသွားနေသကဲ့သို့ ခံစားရစေပြီး အလွန်တရာ နေရထိုင်ရ ခက်ခဲသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။

လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် စောင့်ဆိုင်းပြီးနောက် ကျန်းလျို၏ မူလက ဖြူရော်နေသော မျက်နှာသည် သွေးရောင် အနည်းငယ် ပြန်လည်လန်းဆန်းလာခဲ့သည်။ ကျူးပါကျဲက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ဆရာ… အဆင်ပြေရဲ့လား…”

"အဆင်ပြေပါတယ်... အဆင်ပြေပါတယ်..."

ကျန်းလျိုက လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် ခေါင်းယမ်းလျက် ပြန်ဖြေလိုက်သည်။

"ဟီးဟီးဟီး... ဆရာတော်... ဆရာတော်က သရဲကြောက်တတ်မယ်လို့ ကျုပ် လုံးဝ မထင်ထားခဲ့ဘူး..."

အနီး၌ရှိနေသော စွန်းဝူခုန်းသည် ကျန်းလျို အပြည့်အဝ နာလန်ထူလာသည်ကို မြင်သောအခါ ရုတ်တရက် အားရပါးရ ရယ်မောလိုက်ပြီး သူ့အား နောက်ပြောင်လိုက်သည်။

"အဲဒါက... အဲဒါက..."

စွန်းဝူခုန်း၏ နောက်ပြောင်သော စကားများကို ကြားလိုက်ရသောအခါ ကျန်းလျိုသည် ပြန်လည်ချေပလိုသော်လည်း သူ၏ ယခင် အပြုအမူများကြောင့် မည်သို့ပင် ချေပစေကာမူ ခွန်အားမဲ့နေခဲ့လေသည်။

‘ငါက သရဲကြောက်တတ်တယ်တဲ့လား…’

အမှန်အတိုင်း ပြောရလျှင် ကျန်းလျိုကိုယ်တိုင်ပင် ထိုအရာကို ထင်မှတ်မထားခဲ့ပေ။

ဤအနောက်သို့ခရီးသွားခြင်း ကမ္ဘာထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး သရဲတစ်ကောင်နှင့်မျှ မဆုံတွေ့ခဲ့ဖူးသောကြောင့် ယခုအခါ သူ၏ ကျင့်စဉ်အဆင့်သည်လည်း နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် သို့ ရောက်ရှိနေပြီဖြစ်ရာ သရဲများကို ကြောက်ရွံ့နေစရာ အကြောင်း ဘာရှိမည်နည်း။

သို့သော် ဝူကျီတိုင်းပြည်၏ ဘုရင်ကို မြင်လိုက်ရချိန်တွင် သူ၏ စိတ်ထဲရှိ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ခဲ့သည်ကို ကျန်းလျိုကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ချေ။

ထိုအချိန်တွင် ကျင်းဆန်းကျောင်းတော် ၌ နေထိုင်ခဲ့သော အချိန်များသည် ကျန်းလျို၏ စိတ်ထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။

သူသည် ကျင်းဆန်းကျောင်းတော် ၌ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး နောင်တော် ရွှမ်ဝူ က သူ ထွက်ခွာမည့်အကြောင်း ပြောပြသည်ကို ကြားသောအခါ ကျန်းလျိုသည် သူနှင့်အတူ လိုက်သွားလိုစိတ် အလွန်ပြင်းပြခဲ့သည်။

သို့သော် နောင်တော် ရွှမ်ဝူ သည် မျက်စိလည်လမ်းမှားနေသော ဝိညာဉ်များကို ကယ်တင်ရန် သွားမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဤကမ္ဘာတွင် မိစ္ဆာများနှင့် သရဲတစ္ဆေများ ရှိနေနိုင်ကြောင်း သဘောပေါက်သွားပြီး မလိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။

ယခု ပြန်စဉ်းစားကြည့်သောအခါ အကြောက်တရားသည် သူ၏ မသိစိတ်ထဲတွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူကိုယ်တိုင် သတိမထားမိခဲ့ခြင်းသာ ဖြစ်‌ပေသည်။

၎င်းမှာ သူ၏ မွေးရာပါ သဘာဝကြောင့် ဖြစ်နိုင်သည်ဟု တွေးတောမိသည်။ထိုအရာသည် အမျိုးသမီးများက ပိုးဟပ်တစ်ကောင်ကို အလွယ်တကူ နင်းခြေနိုင်သော်လည်း ၎င်းတို့ကို အလွန်ကြောက်ရွံ့နေကြခြင်းနှင့် လူအများအပြားသည် ကြွက်တစ်ကောင်ကို နင်းသတ်နိုင်စွမ်း ရှိသော်လည်း ကြွက်များကို အလွန်ကြောက်ရွံ့နေကြခြင်းနှင့် ဆင်တူနေပေသည်။

ထို့အပြင် ကျန်းလျို၏ အမြင်တွင် ၎င်းမှာ သူ၏ ယခင်ဘဝက သရဲကားများကဲ့သို့သော ဆက်စပ် ဇာတ်လမ်းများနှင့် ရုပ်ရှင်များကို အများအပြား ကြည့်ရှုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပြီး ထိုအရာများက သူ၏ စိတ်ထဲတွင် နက်ရှိုင်းသော သြဇာလွှမ်းမိုးမှုများ ချန်ရစ်ထားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

သေချာစွာ စဉ်းစားကြည့်ပြီးနောက် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ သူ သရဲကြောက်တတ်သည်ဆိုသည့် အချက်မှာ ယခုအခါ အမှန်တရားတစ်ခု ဖြစ်လာပြီဖြစ်ကြောင်း ကျန်းလျို နားလည်သွားခဲ့သည်။

ဤကဲ့သို့သော အရာများနှင့် ရင်ဆိုင်ရပါက ခပ်ဝေးဝေးမှ နေခြင်းက ပိုကောင်းပေလိမ့်မည်။

“ဟီး… ဟီး… ဟား… ဟား…”

စကားအချေအတင် ပြောဆိုရာတွင် ပုံမှန်အားဖြင့် နိုင်သည်ထက် ရှုံးသည်က ပိုများလေ့ရှိသော်လည်း ယနေ့တွင်မူ ဆရာတော်၏ အားနည်းချက်တစ်ခုကို နောက်ဆုံး၌ သူ ရှာဖွေတွေ့ရှိသွားခဲ့သောကြောင့် ဝူခုန်း တစ်ယောက် ဝမ်းသာပျော်ရွှင်မှုကို မထိန်းချုပ်နိုင်တော့ပေ။ ထိုအရာက သူ့အား အလွန် ပျော်ရွှင်စေခဲ့ပြီး ရွှင်မြူးလွန်း၍ ဂျွမ်းပင် ထိုးမိမတတ် ဖြစ်သွားစေခဲ့သည်။

"ဆရာတော်က အလွန် ဉာဏ်ပညာကြီးမားပြီး ရင့်ကျက်တယ်ဆိုပေမယ့်… သူက အသက် ၁၆ နှစ်ပဲ ရှိသေးတာလေ..."

ကျူးပါကျဲကတော့ စဉ်းစဉ်းစားစား ပြောသည်။ ကျန်းလျိုနှင့်အတူ ခရီးသွားလာခဲ့သည်မှာ အတော်ကြာပြီဖြစ်သော်လည်း ယခုမှ ပထမဆုံးအကြိမ် ကျန်းလျို ကြောက်ရွံ့နေသည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်လေရာ ၎င်းမှာ အတော်လေး ဆန်းသစ်သည်ဟု သူ ခံစားရပြီး ဆရာတော်သည်လည်း ပို၍ လက်တွေ့ကျသော လူသားဆန်သည့်ပုံ ပေါ်လာစေခဲ့သည်။

တကယ်တော့ သူသည်လည်း ကြောက်ရွံ့မှုကို ခံစားတတ်သော သာမန်လူသားတစ်ယောက် ဖြစ်နေပေသည်။

"ဆရာတော်... ဆရာတော်က အောင်မြင်ကျော်ကြားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကျွမ်းကျင်နေမှတော့… ကျုပ်တို့ ငရဲပြည်ကို တစ်ခေါက်လောက် သွားကြမလား... အဲဒီမှာ ဝိညာဉ်တွေ၊ သရဲတွေ အများကြီးရှိတယ်... အဲဒါက ဆရာတော့်အတွက် သူတို့ကို ကောင်းကောင်းကြီး နှိမ်နင်းဖို့ အခွင့်အရေး ရသွားနိုင်တယ်လေ..."

စွန်းဝူခုန်းသည် အားရပါးရ ရယ်မောလိုက်ပြီး ကျန်းလျိုအား အကြံပြုလိုက်လေသည်။

"မျောက်စုတ်... ဒီအချိန်တွေတစ်လျှောက်လုံး ငါ မင်းအပေါ် နည်းနည်းလေး လျစ်လျူရှုမိသလို ဖြစ်သွားခဲ့တယ်... အဲဒါ ငါ့အမှားပါ..."

ကျန်းလျိုက စွန်းဝူခုန်းကို လေးနက်စွာ ကြည့်ကာ သူ၏အမှားကို ဝန်ခံလိုက်သည်။

"ကျူးပါကျဲအတွက်ဆိုရင်တောင် ငါက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လို သိမ်းပိုက်ရမယ်ဆိုတဲ့ နည်းလမ်းတချို့ကို သင်ပေးခဲ့သေးတယ်... ဝူကျင်းအတွက်ကျတော့ရော... ကရုဏာရှင် ဗောဓိသတ် ရဲ့ ရှေ့မှာတောင် ငါက သူ့အတွက် အာမခံပေးခဲ့သေးတယ်... ဒါပေမဲ့ မင်းအတွက်တော့ ငါ ဘာတစ်ခုမှ မလုပ်ပေးခဲ့ရသေးဘူးထင်တယ်..."

"အယ်..."

မျှော်လင့်မထားသော ကျန်းလျို၏ နက်ရှိုင်းလှသည့် ဤမေတ္တာ စကားများကြောင့် စွန်းဝူခုန်းသည် မှင်သက်သွားပြီး သူ၏ နောက်ပြောင်မှုများကို ဆက်လက် မလုပ်ဆောင်နိုင်တော့ပေ။

‘ဆရာတော်က ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာများလား…’’

"ဝူခုန်း... ရက်ပိုင်း ဆရာတော်က လက်နက်သန့်စင်ခြင်း ကျင့်စဉ် ကို လေ့ကျင့်နေတာဆိုတော့ မင်းအတွက် ကျားရေစကတ် တစ်ထည် ချုပ်ပေးရမလား... မင်းဒါကို ပူဆာနေတာ တစ်နှစ်တောင်ရှိပြီ… ငါ မချုပ်ပေးရသေးဘူးဆိုတော့ အဲဒါက ငါ့အပြစ်ပါ..."

စွန်းဝူခုန်း၏ နှလုံးသားထဲတွင် စတင်ဖြစ်ပေါ်လာခါစဖြစ်သော ကြည်နူးစိတ်ကလေးသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့သည်။

***

All Chapters