← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

🍅 Chapter 120

“တကယ်လို့ သူတို့ တကယ်ပဲကြီးပွားနေပြီဆိုရင် သမီးနဲ့ အိမ်ထောင်ပြုဖို့ စုန့်ကျစ်ချုံးကို အမေ သေချာပေါက် ဖျောင်းဖျပေးပါ့မယ်”

နောက်ဆုံးတွင် ယောကျ်ားလေးများ မွေးဖွားပေးနိုင်သည့် တင်ပါးကြီးမားသော ဇနီးမျိုးကို မည်သူကများ မလိုချင်ဘဲနေမည်နည်း။

ထိုစကားများကို နားထောင်နေသော ချွေးမအကြီးက ယောင်းမဖြစ်သူ၏မည်းနက်ကာ ဇလုံတစ်လုံးကဲ့သို့ ကြီးမားလှသော မျက်နှာ၊ ကျားတစ်ကောင်ကဲ့သို့ ကျောပြင်နှင့် ဝက်ဝံတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး တိတ်တဆိတ် နှုတ်ခမ်းတွန့်ချိုးလိုက်၏။

မျောက်ဝံကြီးတစ်ကောင်ကဲ့သို့သော ဤရုပ်အဆင်းသဏ္ဌာန်မှာ ဒုတိယယောင်းမ၏နူးညံ့သိမ်မွေ့သော မျက်နှာလေးနှင့် နှိုင်းယှဉ်လိုက်ပါက ကွာခြားမှုမှာ အနည်းအကျဉ်းမျှပင် မဟုတ်ပေ။

‘ သူမက ကိုယ့်ကိုယ်ကို တစ်စက်လေးတောင် သတိမထားဘူးလား’

သို့သော် သူမက ထိုစကားများကို အသံထွက်၍ မပြောရဲပေ။

သူမက နောက်သို့ပြန်ဆုတ်သွားကာ သူမ၏ခင်ပွန်းဖြစ်သူအား စုန့်မိသားစုထံသို့ မိခင်ဖြစ်သူနှင့်အတူ ပြဿနာရှာရန် မလိုက်သွားဖို့သာ သတိပေးလိုက်သည်။

သူမအတွက်တော့ ဤကိစ္စက ရှက်စရာကောင်းလွန်းလှပေသည်။

စုန့်မိသားစု အိမ်ဆောက်နေသည်ဟူသော ကောလဟာလများကို အဒေါ်ဖန် ကြားသိခဲ့ရရုံသာမက အခြားတစ်ဖက်ရှိ ဝမ်ရွာတွင်လည်း ထိုကောလာဟလများကို ကြားသိခဲ့ရလေသည်။

အမျိုးသမီးတစ်ဦးက မြှောက်ထိုးပင့်ကော်ကာ ပြောလိုက်လေ၏ယ

“ကျွန်မပြောမယ် အဒေါ်လီ၊ အဲဒီစုန့်မိသားစုက အဒေါ်ရဲ့ကွေ့ချင်ကို တကယ်အလေးမထားတာပဲ၊ သူတို့ ဆင်းရဲပြီး တင်တောင်းငွေမပေးနိုင်ခဲ့တုန်းကဆိုရင် နားလည်ပေးလို့ရပေမဲ့ အခု သူတို့က အုတ်ပြားနဲ့ အုပ်ကြွပ်မိုးအိမ်တွေ ဆောက်နေတာတောင် တင်တောင်းငွေအတွက် ပြန်ဖြည့်ဆည်းပေးဖို့ တစ်စက်လေးတောင်မတွေးကြဘူး”

နောက်တစ်ဦးကလည်း ထောက်ခံလိုက်သည်။

“ဟုတ်တယ်၊ ကျွန်မကို မေးမယ်ဆိုရင်တော့ အဒေါ်လီက သိပ်ကိုကြောက်တတ်လွန်းတာပဲ၊ ရွှံ့ရုပ်လေးတောင်မှ ဒေါသဆိုတာ ရှိသေးတာ၊ ကိုယ့်သမီးကို ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့ရပြီး အလကားသက်သက် ပေးလိုက်ရတာကို အဒေါ်က တကယ်ပဲ ကျေနပ်နိုင်လို့လား”

အခြားတစ်ဦးကလည်း ဝင်ရောက်စွက်ဖက်လိုက်၏။

“ဟုတ်တယ်၊ တခြားဟာတွေ မပြောနဲ့ဦး၊ အခု သူတို့ အခြေအနေတွေ ကောင်းလာပြီဆိုတော့ ယောက္ခမကို ကျေးဇူးဆပ်ဖို့ ပစ္စည်းလေးဘာလေးတော့ ယူလာသင့်တယ်မဟုတ်လား၊ တစ်ခုမှကိုမမြင်ရပါလား”

“ကျွန်မကို မေးမယ်ဆိုရင်တော့ အဒေါ့်ရဲ့ကွေ့ချင်ကို ပြန်သာခေါ်လာခဲ့လိုက်ဖို့ ပြောမှာပဲ၊ သူက ကလေးမွေးနိုင်တာပဲ၊ နောက်အိမ်ထောင်ပြုဖို့ ခက်ခဲမှာမဟုတ်ပါဘူး”

“ဒါပေါ့၊ စုန့်မိသားစု ဆင်းရဲတုန်းကကျတော့ အဒေါ်တို့ဆီက ဂုတ်သွေးစုပ်ဖို့ပဲ တွေးနေကြပြီး အခု သူတို့ ချမ်းသာလာတော့ အဒေါ်တို့မိသားစုကို နည်းနည်းလေးတောင် ထည့်မတွေးကြဘူး”

“ဟုတ်တယ်၊ ဒီနှစ်တွေအတွင်း အဒေါ်က ကွေ့ချင်ကို တော်တော်လေး ထောက်ပံ့ခဲ့တယ်မဟုတ်လား၊ ဒီကလေးက ဘာလို့ ကျေးဇူးတင်ရကောင်းမှန်းမသိရတာလဲ”

“ဟုတ်တယ်၊ ဒါက ကျေးဇူးကန်းတဲ့ကောင်ကို မွေးထားသလို ဖြစ်မနေဘူးလား”

အဒေါ်လီမှာ ထိုစကားများကို နားထောင်ရင်း အလွန်အမင်း နေရခက်လာသော်လည်း မည်သို့ပြန်လည်ချေပရမည်ကို မသိအောင် ဖြစ်နေသည်။

ထို့ကြောင့် ချန်မေက ဝင်ရောက်ဟန့်တားလိုက်ရ၏။

“ရှင်တို့အားလုံး ဘာတွေ လျှောက်ပြောနေကြတာလဲ၊ ကျွန်မယောင်းမက မိဘကျေးဇူး သိပ်သိတတ်တာ”

ချန်မေက အဒေါ်လီ၏လက်မောင်းကို ချိတ်လိုက်ပြီး သူမ၏စိတ်ခံစားမှုများ ငြိမ်သက်သွားစေရန် ကျောကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်လေ၏။

“ရှင်တို့ မသိကြဘူးမဟုတ်လား၊ ပြီးခဲ့တဲ့တစ်ခေါက် အမေ စုန့်မိသားစုဆီသွားတုန်းက ယောင်းမက ကြက်နှစ်ကောင်တောင် ထည့်ပေးလိုက်သေးတယ်”

“ရှင်တို့သမီးတွေကရော ရှင်တို့ဆီ ကြက်နှစ်ကောင် ယူလာပေးဖူးလို့လား၊ မယူလာပေးဖူးဘူးမဟုတ်လား”

ပြက်လုံးထုတ်ရန် စောင့်ဆိုင်းနေကြသော အတင်းအဖျင်းပြောတတ်သည့် အမျိုးသမီးအချို့မှာ ထိုစကားကို ကြားသောအခါ အပြိုင်အဆိုင် ပြန်လည်ချေပကြတော့သည်။

“ဟက်၊ ဒီနှစ်တွေတစ်လျှောက်လုံးမှ ကြက်နှစ်ကောင်တည်းလား၊ ငါသာဆို လက်တောင်မခံရဲဘူး”

“ဟုတ်တယ်၊ ငါတို့သမီး အိမ်ထောင်ကျတုန်းကဆိုရင် ယောက္ခမတွေက ငွေခြောက်ချောင်းတိတိနဲ့ ဝက်သားတစ်တုံးကြီးတောင် ပေးခဲ့တာ”

“ငါ့သမီး အိမ်ထောင်ကျတုန်းကတော့ သိပ်အများကြီးမပေးခဲ့ပေမဲ့ တင်တောင်းငွေအဖြစ် ငွေငါးချောင်းတိတိ ပေးခဲ့တယ်”

“ငါ့သမီး အိမ်ထောင်ကျတော့ တင်တောင်းငွေ ခြောက်ချောင်းနဲ့ ရှစ်မူးတောင်ပေးတာ”

“ကျွတ်ကျွတ်၊ နင့်မိသားစုက တင်တောင်းငွေမရတဲ့အပြင် သူတို့ကိုတောင် ထောက်ပံ့နေရသေးတယ်၊ နင်က တကယ်ကို တစ်မူထူးခြားနေတာပဲ”

“ဟုတ်တယ်၊ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့ရတဲ့ သမီးက ကျေးဇူးကန်းတဲ့ကောင်မလို တခြားလူနဲ့ လိုက်ပြေးသွားတာလေ၊ အဒေါ်လီ ကျွန်မတော့ အဒေါ့်အတွက် တကယ်ကို မတန်ဘူးလို့ ခံစားရတယ်”

ချန်မေက သူမ ယောက္ခမကို သူမအနောက်သို့ ဆွဲခေါ်လိုက်သည်။

“ဘယ်သူပြောလဲ ကျွန်မယောင်းမဘက်က တင်တောင်းငွေမပေးခဲ့ဘူးလို့”

အဒေါ်လီမှာ သူမ၏ချွေးမဖြစ်သူက စကားနာထိုးနေသည်ကို ကြားသောအခါ စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်များပင် ဝဲတက်လာသည်။

“အို၊ ပေးခဲ့တယ်ပေါ့၊ ဘယ်မှာလဲ”

“ငါတို့က စုန့်မိသားစုက လူတစ်ယောက်မှ ရွာထဲဝင်လာတာကိုတောင် မမြင်ဖူးဘူး၊ ပြီးတော့ တင်တောင်းငွေကိုလည်း သေသေချာချာ လာပို့တာမျိုးမရှိခဲ့ဘူး”

“ဟုတ်တယ်၊ တင်တောင်းငွေ လာပို့ဖို့နေနေသာသာ ဝက်သားတစ်ကျင်းလောက်တောင် လာပို့တာ မမြင်ဖူးဘူး”

သူမယောက္ခမ၏ မျက်နှာပေါ်မှ ယူကြုံးမရဖြစ်နေသော အမူအရာကို မြင်သောအခါ ချန်မေက စိတ်ကို တင်းထားလိုက်ပြီး လည်ပင်းကို မတ်မတ်ထားကာ ပြန်လည်ချေပလိုက်သည်။

“သူတို့ အရင်တုန်းက မပေးခဲ့ဘူးလေ၊ ဒါပေမဲ့ အဒေါ်ဝူက ကျွန်မယောင်းမအတွက် ပြန်ပြီးဖြည့်ဆည်းပေးဖို့ ပြင်ဆင်နေတယ်လို့ပြောတယ်”

“ရှင်တို့ပြောနေတဲ့ အဲဒီငွေငါးချောင်း၊ ခြောက်ချောင်းဆိုတာက အသေးအဖွဲလေးတွေပါ၊ အဒေါ်ဝူက ကျွန်မယောင်းမအတွက် တင်တောင်းငွေအဖြစ် ငွေရှစ်ချောင်းတိတိ ပေးမယ်လို့ပြောတယ်”

ထိုစကားကို ကြားသောအခါ အတင်းအဖျင်းပြောတတ်သော အမျိုးသမီးများမှာ အလွန်ရယ်စရာကောင်းသော စကားတစ်ခွန်းကို ကြားလိုက်ရသကဲ့သို့ ရှေ့တိုးနောက်ငင်ဖြစ်ကာ အော်ဟစ်ရယ်မောကြတော့သည်။

“ဟက်၊ ငါတို့သာ စုန့်မိသားစုအကြောင်း ဘယ်လိုလဲဆိုတာ မသိခဲ့ဘူးဆိုရင် နင့်စကားကိုယုံမိမှာပဲ”

“ဟုတ်တယ်၊ စုန့်မိသားစုရဲ့ ပိုက်ဆံအားလုံးက အဘွားကြီးဝူရဲ့ လက်ထဲမှာပဲ ရှိတာ၊

တင်တောင်းငွေအတွက် နင့်ကို ငွေရှစ်ချောင်းပေးဖို့နေနေသာသာ ငွေရှစ်ပြားတောင် ထုတ်ပေးနိုင်ပါ့မလား သံသယဖြစ်မိတယ်”

“ဟုတ်တယ်၊ ယောက်ျားတစ်ယောက်ကို လိုချင်လို့ အိမ်ထောင်ပြုတာက ရှက်စရာကောင်းတယ်၊ ဒါက ငါတို့ရွာရဲ့ ဓလေ့ထုံးစံတွေကို ဖျက်ဆီးနေတာမဟုတ်ဘူးလား”

“အဒေါ်လီ၊ ကျွန်မတို့က အဒေါ့်ကို အပြစ်တင်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဒေါ်က ဒီလိုပုံစံမျိုး ချမှတ်လိုက်ရင် နောင်ကျရင် အဒေါ့်မိသားစုက မိန်းကလေးတွေ ဘယ်လိုလုပ် အိမ်ထောင်ပြုကြမလဲ”

“ဟုတ်တယ်၊ အဲဒါက ကျွန်မတို့ရွာက မိန်းကလေးတွေအားလုံး အိမ်ထောင်ပြုဖို့ ခက်ခဲသွားစေနိုင်တယ်၊ လူတိုင်းကများ အဒေါ်တို့မိသားစုလိုမျိုး တင်တောင်းငွေမပေးဘဲ နေကြရင် ဘယ်လိုလုပ်မလဲ”

“ဟုတ်တယ်လေ”

“အဒေါ်လီ၊ အဒေါ်က ကိုယ့်မိသားစုက မိန်းကလေးတွေအတွက် မတွေးရင်တောင်မှ ကျွန်မတို့ရွာက မိန်းကလေးတွေအတွက်တော့ တွေးပေးသင့်တယ်”

“ဟုတ်တယ်”

အနိုင်ကျင့်ခံရသဖြင့် ယောက္ခမဖြစ်သူ၏မျက်လုံးများထဲတွင် မျက်ရည်များ ရစ်သိုင်းလာသည်ကို မြင်သောအခါ ချန်မေက ဝက်စာခွက်ထဲမှ ဝက်စာတစ်မှုတ်ကို ခပ်ယူကာ အတင်းအဖျင်းပြောနေသော အမျိုးသမီးများဆီသို့ ပြင်းထန်စွာ ပက်ချလိုက်သည်။

“ဒီမှာ အတင်းအဖျင်းလာမပြောကြနဲ့၊ ဒါက တင်တောင်းငွေကိစ္စပါ၊ တခြားလူတွေမှာ မရှိတဲ့အတိုင်းပဲ”

“အဒေါ်ဝူ ခဏနေရင် လာပို့ပေးလိမ့်မယ်”

“အကုန်ထွက်သွားကြစမ်း”

All Chapters