← Chapters

အခန်း ၁၂၁၁

Vol. 114 Ch. 1211

အခန်း ၁၂၁၁

Vol. 114 Ch. 1211

အခန်း ၁၂၁၁ - ဘယ်သူမှ ငါ့ရဲ့ သားရဲကို တိုက်ခိုက်လို့ မရဘူး

"ငါ မင်းကို အမှန်အတိုင်း ပြောလိုက်လို့ သူတော်တော် စိတ်ဆိုးသွားပြီ။ ငါ့ခေါင်းထဲမှာ အော်ဟစ်နေတာပဲ" ​လုံချန်းက မြွေဘုရင်ကို ရဲ့ရဲ့လေးပြုံးရင်း ပြောလိုက်သည်။

​"ကလေးကလား နိုင်တဲ့သူပဲ။ မင်းက အမှန်အတိုင်း ပြောတာကို ဘာလို့ ဒီလောက် စိတ်ဆိုးနေရတာလဲ" ​မြွေဘုရင်က နားမလည်နိုင်ဘဲ မေးလိုက်သည်။

​"နင့်အမေကမှ အမှန်အတိုင်း ပြောတာ။ ငါက ဘယ်နားက ရုပ်ဆိုးလို့လဲ" ​ရွှင်းက မြွေဘုရင် ရှေ့တွင် ပေါ်လာရင်း မကျေမနပ် ရေရွတ်လိုက်သည်။

​မြွေဘုရင်သည် သူမ အသံအား မကြားနိုင်သလို သူမကိုလည်း မမြင်နိုင်ချေ။ ထို့ကြောင့် သူမကို ဖြတ်သန်းသွားသည့်တိုင် သူမက သူ့ရှေ့တွင် ရပ်နေမှန်း သူ လုံးဝမသိခဲ့ပေ။

​"ဟုတ်တယ်။ သူက နည်းနည်း ကလေးဆန်ပြီး နည်းနည်းလည်း အူတူတူနိုင်တယ်။ တစ်ခါတလေ ဘာလုပ်လို့ လုပ်မှန်းမသိတဲ့ ငတုံးမလေးပေါ့။ အခု ပြန်စဉ်းစားကြည့်တော့ သူက မင်းရဲ့ အမျိုးသမီး ပုံစံနဲ့ တူတယ်" ​လုံချန်းက ရွှင်း၏ မကျေမနပ်ဖြစ်မှုများကို လျစ်လျူရှုရင်း မှတ်ချက်ပြုလိုက်သည်။

​"သူက တစ်ခါတလေ ကြွားလည်း ကြွားတတ်သေးတယ်။ တစ်ခုတည်းသော ကွာခြားချက်က မင်းက ပိုကြွားတာပဲ။ သူက မင်းရဲ့ ကွဲကွာနေတဲ့ ညီမလေး ဖြစ်နိုင်တယ်" သူက ထပ်လောင်းပြောလိုက်သည်။

​"သူက ငါနဲ့ တူတယ်ဆိုရင်တော့ မင်းလိမ်နေတာပဲ။ ငါနဲ့တူတဲ့သူက ဘယ်တော့မှ ရုပ်ဆိုးတာ ဒါမှမဟုတ် အူတူတူဖြစ်တာမျိုး မရှိနိုင်ဘူး။ သူက အလှပဂေးလေးနဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ ငါ့လောက် မတော်ရင်တောင် ငါနဲ့ နီးစပ်မှာပေါ့" ​မြွေဘုရင်က ပြန်လည်ချေပလိုက်သည်။

​"မှန်တယ်။ ငါက ပါရမီရှင်ပဲ" ​ရွှင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

​"ဟားဟား... မင်းတို့နှစ်ယောက်ကတော့ တကယ်ကို အရှက်မရှိတာပဲ။ မင်းတို့နှစ်ယောက် ပေါင်းမိရင် တော်တော် သဘောကျကြလိမ့်မယ်။ နောက်ထပ် လနည်းနည်းပဲ လိုတော့တယ်" ​လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။

​ရွှင်းက လုံချန်း၏ စကားကို ကြားပြီးနောက် စကားပြောခြင်း ရပ်လိုက်ကာ သူမ လက်များအား ကြည့်လိုက်သည်။

​'နောက်ထပ် လနည်းနည်းဆိုရင် ငါက လူသားအစစ်အမှန် ဖြစ်တော့မယ်' သူမ စဉ်းစားလိုက်ရင်း ယခုထက်ထိ ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ သူမက တိတ်တဆိတ် ပျောက်ကွယ်သွားပြီး နောက်သို့ ပြန်သွားခဲ့တော့သည်။

​လုံချန်းက သူပထမဆုံး တွေ့ရှိသော တည်းခိုခန်းအတွင်းသို့ ဝင်သွားပြီး အခန်းတောင်းလိုက်သည်။ ကံမကောင်းစွာဖြင့် တည်းခိုခန်းမှာ လူပြည့်နေပုံရပြီး ရနိုင်သော အခန်း မရှိချေ။ သူသည် တည်းခိုခန်းမှ ထွက်ခွာခဲ့ပြီး အခြားတစ်ခုကို လိုက်လံရှာဖွေခဲ့သည်။

​တစ်ခုပြီးတစ်ခု သူသည် မြို့ထဲရှိ တည်းခိုခန်းများကို လိုက်လံ စစ်ဆေးခဲ့သော်လည်း အားလုံးမှာ ပြည့်နေပုံရသည်။ သူသည် လွတ်နေသော တည်းခိုခန်း တစ်ခန်းမှ မတွေ့ခဲ့ချေ။ နောက်ဆုံးတွင် သူသည် မြို့ထဲရှိ နောက်ဆုံး တည်းခိုခန်း၏ ရှေ့တွင် ရပ်လိုက်သည်။

​သူ တည်းခိုခန်းထဲ ဝင်သွားသောအခါ ဧည့်ကြိုကောင်တာထံသို့ တည့်တည့် လျောက်သွားခဲ့သည်။

​"ရနိုင်တဲ့ အခန်းရှိလား" ​သူက ဧည့်ကြိုကို မေးလိုက်သည်။

​"ရှိပါတယ်ခင်ဗျာ" ဧည့်ကြိုက ပြောလိုက်သည်။ "ဘယ်နှစ်ခန်း လိုချင်လို့လဲခင်ဗျာ"

​"တစ်ခန်းပဲ လိုတယ်။ ပိုမလိုဘူး" ​သူတစ်ယောက်တည်း ဖြစ်သောကြောင့် လုံချန်းက ပြန်ဖြေလိုက်သည်။

​ထိုအချိန်မှာပင် အခြားအဖွဲ့တစ်ဖွဲ့က ဧည့်ကြိုထံသို့ ရောက်လာခဲ့သည်။ "ငါတို့ အခန်းတွေ လိုချင်တယ်။ ဒီမှာ အခန်းရှိတယ်လို့ ကြားလို့"

​လုံချန်း ထိုအဖွဲ့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ ယခင်က တွေ့ဆုံခဲ့ဖူးသည့် အဖွဲ့ဖြစ်နေသည်ကို သတိပြုမိသွားသည်။ သူတို့က သူ့ကို လမ်းဖယ်ပေးရန် ပြောခဲ့သူများ ဖြစ်ကြသည်။

​"ရပါတယ်ခင်ဗျာ။ ဘယ်နှစ်ခန်း လိုချင်လို့လဲ" ​ဧည့်ကြိုက အဖွဲ့အသစ်ကို မေးလိုက်သည်။

​"ငါတို့ ရှစ်ခန်း လိုတယ်" အဖွဲ့ကို ဦးဆောင်လာသည့် ဆံပင်နက်နှင့် လူငယ်က ပြောလိုက်သည်။

​"တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ဆီမှာ ခုနစ်ခန်းပဲ ကျန်ပါတော့တယ်။ အရင်က ရှစ်ခန်း ရှိခဲ့ပေမဲ့ အခုလေးတင်ပဲ ဒီလူကြီးမင်းက တစ်ခန်း ယူလိုက်လို့ပါ။ အဲဒါကြောင့် ခုနစ်ခန်းပဲ စီစဉ်ပေးရမလားခင်ဗျာ" ဧည့်ကြိုက မေးလိုက်သည်။

​ဆံပင်နက်နှင့် လူက အခန်းယူလိုက်သူကို လှမ်းကြည့်လိုက်ရာ သော့ကို စောင့်ရင်း တည်ငြိမ်စွာ ရပ်နေသော လုံချန်းကို သတိပြုမိသွားသည်။

​"ကုဝမ်... သူက ပြီးခဲ့တဲ့ အကြိမ်တုန်းက ငါတို့လမ်းကို ပိတ်ခဲ့တဲ့ ကောင်မလား။ သူက ဘာလို့ ငါတို့သွားလေရာတိုင်းမှာ ပြဿနာ လိုက်ရှာနေရတာလဲ" လူငယ်များထဲမှ တစ်ယောက်က အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဆံပင်နက်နှင့် လူငယ်ကို မေးလိုက်သည်။

​"ဟုတ်တယ်။ ငါလည်း သတိထားမိတယ်။ ဒါနဲ့ဆို နှစ်ကြိမ်ဆက်တိုက် ရှိပြီ။ ဒါက တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး။ သူက ငါတို့ လကွယ်ဂိုဏ်းကို ပြဿနာရှာဖို့ ရန်ဘက်ဂိုဏ်းက စေလွှတ်လိုက်တဲ့သူများလား" အခြားလူငယ်တစ်ဦးက မေးလိုက်သည်။

​"ဖြစ်နိုင်တယ်။ သူက ငါတို့ကို တမင်သက်သက် အခက်တွေ့အောင် လုပ်နေတာပဲ" ​အခြား တစ်ယောက်ကလည်း ဝင်ပြောသည်။

​ကုဝမ်က မျက်မှောင်ကုတ်ရင်း လုံချန်းကို စိုက်ကြည့်လိုက်သည်။ သူက ထိုစွပ်စွဲချက်များကို အလေးအနက်ထား စဉ်းစားနေပုံရသည်။

​"ကောင်လေး... ငါတို့ကို လာရှုပ်ဖို့ မင်းကို ဘယ်သူက လွှတ်လိုက်လဲဆိုတာ ငါဂရုမစိုက်ဘူး။ မင်း မသေချင်ရင် အခုချက်ချင်း ထွက်သွားလိုက်။ ဒါက နောက်ဆုံးအခွင့်အရေးပဲ။ ငါ သနားညှာတာပေးတာကို ဝမ်းသာလိုက်ဦး" သူက လုံချန်းကို အမိန့်ပေးလိုက်ပြီးနောက် ဧည့်ကြိုထံသို့ အကြည့်ကို ရွှေ့လိုက်သည်။

​"သူက ထွက်သွားတော့မှာဆိုတော့ အခန်းယူမှာ မဟုတ်တော့ဘူး။ အခန်း ရှစ်ခန်းလုံးကို ငါတို့ကိုပဲ ပေးလိုက်" သူက ဧည့်ကြိုကို ပြောလိုက်သည်။ ထို့နောက် သူတို့အနီးတွင် ရပ်နေသော သက်ကြီးရွယ်အို တစ်ဦးကို လှည့်ကြည့်ကာ ဆိုလိုက်သည်။ "အကြီးအကဲဝူ... သူတို့ကို ငွေရှင်းပေးလိုက်ပါ"

​ဧည့်ကြိုက ခေါင်းညိတ်လိုက်ပြီး ကျန်ရှိနေသော သော့ရှစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ ကံမကောင်းစွာဖြင့် သူ ထိုသော့များကို ထိုအဖွဲ့ထံသို့ မပေးမီမှာပင် လုံချန်းက ကြားဖြတ် ဝင်ပါလာခဲ့သည်။

​"ငါ အခန်းမယူဘူးလို့ ဘယ်သူပြောလဲ။ အဲလိုပြောတဲ့ သူက သူ့နားကို သွားစစ်ဖို့ လိုနေပြီ။ ဒါမှမဟုတ် ထင်ကြေးမပေးဘဲ နားထောင်ဖို့ သင်ယူသင့်တယ်။ ငါကတော့ အခန်းကို သေချာပေါက် ယူမှာပဲ။ ငါက အရင်ရောက်တာလေ" ​လုံချန်းက ပြောလိုက်သည်။

​ဧည့်ကြိုသည် မည်သို့ လုပ်ရမှန်းမသိဘဲ ထိုလူနှစ်ယောက်ကို ကြည့်ရင်း ရပ်တန့်သွားခဲ့သည်။ လုံချန်းက အရင်ရောက်သဖြင့် အခန်းနှင့် ထိုက်တန်သော်လည်း အခြားအဖွဲ့က ပိုကြီးပြီး ပို၍လည်း အားကောင်းပုံရသည်။ သူမ ကြားထဲက ဝင်မပါတော့ဘဲ ထိုနှစ်ယောက်ကိုသာ အချင်းချင်း ဆုံးဖြတ်ခွင့်ပြုလိုက်သည်။

​"အဲလိုလား။ ဒါဆို မင်းက တကယ်ပဲ သေချင်နေတာပေါ့" ကုဝမ်က လုံချန်းကို မေးလိုက်သည်။

​"ဟေး... ကောင်စုတ်၊ မင်းက ဘာလို့ ငါတို့ရဲ့ စကားတွေကို လာခိုးနေတာလဲ။ မင်းအဖေရဲ့ စကားတွေကို လာခိုးမယ့်အစား အသစ်အဆန်းတစ်ခုခုကို မစဉ်းစားနိုင်ဘူးလား။ မင်းအမေက မင်းကို အခြေခံယဉ်ကျေးမှုတောင် မသင်ပေးခဲ့ဘူးဆိုတာ ငါမယုံနိုင်ဘူး" ​လေထုက တင်းမာနေစဉ် မည်သည့်နေရာမှန်းမသိဘဲ စူးရှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​ထိုဆဲဆိုသံများကို ကြားလိုက်ရသောအခါ ကုဝမ်၏ မျက်နှာတစ်ခုလုံး ရဲတက်သွားခဲ့သည်။ ထိုသူသည် သူ့အား လှောင်ပြောင်ရုံတင်မကဘဲ သူ့အမေကိုပါ စော်ကားလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ လုံချန်း ပြောလိုက်ခြင်း မဟုတ်သည်ကို သူ သေချာပေါက် သိသော်လည်း အသံမှာ အနီးအနားမှ ထွက်ပေါ်လာပုံရသည်။

​"ဘယ်သူပြောတာလဲ။ သတ္တိရှိရင် ထွက်ခဲ့စမ်း" ကုဝမ်က အော်ဟစ်လိုက်သည်။

​"ဘာသတ္တိလဲ။ မင်းအဖေက ဘယ်သူ့ကို ကြောက်ရမှာလဲ။ ငါက မင်းရဲ့ မျက်စိရှေ့တည့်တည့်မှာ ရှိနေတာကို။ ဘုရားရေ... ငါ့ရဲ့ အလန်းစား မျိုးဆက်တွေက ဒီလောက်အထိ ညံ့ဖျင်းသွားလိမ့်မယ်လို့ ငါမယုံနိုင်ဘူး။ ငါ့သားက ရှင်းရှင်းလင်းလင်းတောင် မမြင်နိုင်တော့ဘူးပဲ။ အို... ဝမ်းနည်းစရာ ကောင်းတဲ့ ကံကြမ္မာပါပဲလား" ​မြွေဘုရင်က လောကကြီး တစ်ခုလုံး၏ ဝမ်းနည်းမှုများ သူ့ပခုံးပေါ် ရောက်နေသကဲ့သို့ ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။

​လုံချန်းသည်လည်း ထိုဆဲဆိုသံများကို ကြားရသောအခါ မရယ်ဘဲ မနေနိုင်ခဲ့ချေ။ မြွေဘုရင်သည် အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။ သူက လူတစ်ယောက်ကို လက်ဖျားနှင့်ပင် မထိဘဲ သွေးအန်သွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။

​"ဒီတိရစ္ဆာန်စုတ်။ သူတော်စင် နယ်ပယ် သားရဲ တစ်ကောင် သက်သက်ပဲ ရှိတာကို ဒီလောက်အထိ ထောင်လွှားဝံ့တယ် ဟုတ်လား"

​ကုဝမ်က မြွေဘုရင်ကို ဖမ်းဆွဲပြီး ချေမှုန်းပစ်ရန် လက်အား ဆန့်ထုတ်ရင်း ဟိန်းဟောက်လိုက်သည်။

​"ဘာ... ဘာကြီးလဲ" ​နောက်ထပ် ဖြစ်ပျက်သွားသည့် အရာကို မြင်လိုက်ရသောအခါ လကွယ်ဂိုဏ်း၏ အဖွဲ့ဝင်အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

​လုံချန်းက လက်ကို လှုပ်ရှားလိုက်ပြီး ကုဝမ်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ သို့သော် သူတို့ကို တုန်လှုပ်သွားစေသည့် အရာမှာ သူ့အရှိန်အဟုန်ပင် ဖြစ်သည်။ သူ့အရှိန်က မြန်လွန်းသဖြင့် သူတို့ မျက်စိဖြင့်ပင် မမြင်နိုင်ခဲ့ကြချေ။ လကွယ်ဂိုဏ်း၏ အကြီးအကဲများပင်လျှင် သူ့လက် မည်သို့ လှုပ်ရှားသွားသည်ကို မမြင်လိုက်ရချေ။ ၎င်းမှာ မြန်လွန်းလှသည်။

​"ငါ့အထင်တော့ မင်းကသာ ထောင်လွှားနေတာပဲ။ ဘယ်သူမှ ငါ့ရဲ့ သားရဲတွေကို တိုက်ခိုက်လို့ မရဘူး၊ အဲဒါက မင်းလည်း အပါအဝင်ပဲ" ​လုံချန်းက ပြောလိုက်လေသည်။

All Chapters