← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) ကမ္ဘာမြေ၏ အတိတ်

ကုန်ကြမ်းပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးနေရန် လိုအပ်ပေသည်။

စက်ရုပ် အသင့်ဖြစ်သွားပြီးနောက် အရာအားလုံးမှာ ချောမွေ့စွာ လည်ပတ်နေပြီး ကြီးမားသော တိုက်ပွဲ ကြီးတစ်ခု၏ အငွေ့အသက်မျိုး မရှိနေသည်ကို ကောင်းယွမ် မြင်တွေ့လိုက်ရလေသည်။

ဤနေရာသို့ ပြောင်းရွှေ့လာပြီးနောက် လူများ၏ ဘဝသည် လုံကျင်းမြို့တွင် နေထိုင်ခဲ့စဉ်ကထက် ပိုမို ကောင်းမွန်လာပုံ ရလေ၏။ လျှပ်စစ်မီး အလုံအလောက် ရရှိပြီး ယခင်က အထက်တန်းလွှာများအတွက် သာ သီးသန့်ဖြစ်ခဲ့သော သဘာဝ အစားအစာအချို့ကို သစ်တောထဲမှ ရရှိနိုင်သည့်အပြင် တရားဝင် ထုတ်ပေးသော အာဟာရအနှစ်များကိုလည်း ရရှိနိုင်ကြလေသည်။

မထွက်ခွာမီ ကောင်းယွမ်သည် တိုက်ပွဲ အခြေအနေကို စုံစမ်းမေးမြန်းလိုက်လေသည်။

"တပ်မှူးလင်း... ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနရဲ့ အခြေအနေ ဘယ်လိုရှိလဲ..."

"အခြေအနေက မျှော်လင့်ထားတာထက် ပိုကောင်းပါတယ်... သူတို့ ကမ္ဘာမြေကနေ အင်္ဂါဂြိုဟ်ကို ထွက် သွားပြီးနောက် သူတို့ ဖန်တီးထားခဲ့တဲ့ လိမ်လည်မှုတွေက ပေါ်ပေါက်သွားခဲ့လို့ ပြည်သူလူထုရဲ့ ထောက် ခံမှု အားလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်..."

"ဒါပေမဲ့ အင်္ဂါဂြိုဟ် အခြေစိုက်စခန်းက သူတို့ရဲ့ ပင်မ အခြေစိုက်စခန်းဖြစ်ပြီး အဲဒီမှာ လူသားသမိုင်းမှာ အပြည့်စုံဆုံး စက်မှုလုပ်ငန်း စနစ်ကြီး ရှိနေတယ်... ပြီးတော့ ကြာသပတေးဂြိုဟ်နဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုတို့နဲ့လည်း နီးကပ်နေတော့ သတ္တုတူးဖော်တာနဲ့ ကျိုချက်တာတွေအတွက် အရမ်းကို အဆင် ပြေနေတယ်လေ..."

တိုက်ပွဲ အခြေအနေက ပြင်းထန်နေသလား ဆိုသည်ကို ကောင်းယွမ် အစိုးရိမ်ဆုံး ဖြစ်ပေသည်။

"ဟင့်အင်း... လုံးဝ မပြင်းထန်ပါဘူး... သူပုန် အရေအတွက် အနည်းငယ်လောက်ပဲ ကမ္ဘာမြေနဲ့ လကမ္ဘာ ကို တိုက်ခိုက်ခဲ့တာပါ... ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက အခုထိ ဘာကြေညာချက်မှ မထုတ်ပြန်သေးသလို ကြီးမားတဲ့ တိုက်ခိုက်မှုတွေလည်း မလုပ်သေးဘူး... တိကျတဲ့ အကြောင်းရင်း တွေကိုတော့ ကျွန်တော်လည်း မသိဘူး... အရာရှိကောင်းက သူတို့နဲ့ စေ့စပ်ဆွေးနွေးနေတာလည်း ဖြစ် နိုင်တယ်..."

*သူတို့ တကယ် စစ်မတိုက်ကြသေးဘူးလား…* ဟု တွေးကာ ကောင်းယွမ် အနည်းငယ် အံ့အားသင့်သွား ခဲ့ရလေသည်။

*ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနက တကယ်တော့ ဘာတွေကို စဉ်းစားနေတာပါလိမ့်…*

ကောင်းယွမ်သည် ဆူးတိုက်ကို သတိရသွားပြီး ခဏမျှ တွေဝေနေပြီးနောက် ဦးနှောက်ချိတ်ဆက်မှု ကွန်ရက်ကို အသုံးပြုကာ ဆူးတိုက်ထံသို့ သတင်းစကား တစ်ခု ပေးပို့ရန် ကြိုးစားလိုက်လေသည်။

"သခင်လေးဆူး... အဲဒီမှာ ရှိနေလား..."

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဆူးတိုက်သည် ဆက်သွယ်ရန် တောင်းဆိုမှု တစ်ခုကို ပေးပို့လာခဲ့ လေသည်။ ကောင်းယွမ်သည် တိတ်ဆိတ်သော အခန်းတစ်ခန်းကို ရှာဖွေ၍ ဖုန်းကို ဖြေကြားလိုက်ရာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသော ဆူးတိုက်ကို မြင်တွေ့လိုက်ရပေသည်။

"သခင်လေးဆူးက ရက်အနည်းငယ် အတွင်းမှာတင် အတော်လေး အိုမင်းသွားသလိုပဲနော်..."

ဆူးတိုက်သည် ခါးသီးစွာ ပြုံးလိုက်လေ၏။

"ကောင်းယွမ်... မင်းက တကယ်ကို ကြီးမားတဲ့ ကိစ္စကြီး တစ်ခုကို လုပ်ချလိုက်တာပဲ..."

"ခင်ဗျားတို့က ကျွန်တော့်ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့လို့ မဟုတ်ဘူးလား..."

"မင်းက လူသားမျိုးနွယ်ရဲ့ ကြီးမြတ်လှတဲ့ ရည်ရွယ်ချက်ကြီးကို ဖျက်ဆီးပစ်လိုက်ပြီ..."

ဆူးတိုက်သည် ဝိုင်တစ်ငုံကို သောက်လိုက်လေသည်။

"ခင်ဗျား အခု ဘယ်မှာလဲ..." ဟု ကောင်းယွမ်က မေးလိုက်လေ၏။

"ဘယ်မှာ ရှိရမလဲ... အင်္ဂါဂြိုဟ်မှာပေါ့..."

"ကျွန်တော်တို့ မတွေ့ရတာ တော်တော် ကြာပြီနော်... အချိန်ရရင် ထိုင်ပြီး စကားနည်းနည်းလောက် ပြောကြမလား..."

ဆူးတိုက် ခေါင်းခါလိုက်လေသည်။

"အဲဒီလို အခွင့်အရေးမျိုး ရှိတော့မယ် မထင်ဘူး... မင်းရဲ့ အဘိုးနဲ့ ငါ့အဖေက သေခန်းပြတ် ရန်သူတွေ လေ... ငါတို့က သူတို့ကို မဖြုတ်ချနိုင်သရွေ့ ဒီကိစ္စကို အဆုံးသတ်ဖို့ ခက်ခဲလိမ့်မယ်... မင်းရဲ့ အဘိုးက နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် အရမ်းကို ကောင်းကောင်း ပုန်းကွယ်နေနိုင်ခဲ့တာ... အခု ကောင်းကင် တပ်မတော်ထဲမှာ သူ့လူတွေ အများကြီး ရှိနေပြီ..."

ကောင်းယွမ် ဘာပြောနိုင်မည်နည်း။ အဘိုးကြီးမှာ တကယ်ကို ကောက်ကျစ်စဉ်းလဲကြောင်းသာ သူ ပြောနိုင်တော့ပေသည်။

"အရာအားလုံးက ခင်ဗျားအဖေနဲ့ သူ့လူတွေက လူသားတွေကို အကျဉ်းချထားချင်ခဲ့လို့ ဖြစ်ရတာလေ... သူတို့သာ နည်းနည်းလောက် ပိုပြီး ရိုးသားခဲ့မယ်ဆိုရင် အခြေအနေတွေက ဒီအဆင့်ထိ ရောက်လာမှာ မဟုတ်ဘူး..."

ဆူးတိုက်သည် အသံထွက်၍ ရယ်မောလိုက်လေ၏။

"ကောင်းယွမ်... မင်းက အရမ်းကို ရိုးအလွန်းနေတုန်းပါပဲလား... လူသားတွေကို အကျဉ်းချထားတယ် ဟုတ်လား... အဲဒါက အဲဒီခေတ်က လူသားမျိုးနွယ်ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ သဘောတူညီချက် ရယူခဲ့ကြတာကွ... အဲဒါသာ မရှိခဲ့ရင် လူသားတွေဟာ လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက မျိုးတုံး ပျောက်ကွယ်သွားခဲ့လောက်ပြီ... "

"ငါတို့က အကျပ်အတည်းကို ကျော်ဖြတ်ပြီးခါစပဲ ရှိသေးတယ်... မင်းရဲ့ အဘိုးက အာဏာကို သိမ်းချင် နေတာလေ... သူက လူသားမျိုးနွယ်ကို သူနဲ့အတူ ဆွဲချချင်နေတာ... ငါတို့ မဟုတ်ဘူး..."

ဤစကားကို ကြားသည့်အခါ ဆူးတိုက်သည် အတွင်းရေး သတင်းအချက်အလက် အချို့ကို သိရှိထား ဖွယ်ရှိကြောင်း ကောင်းယွမ် ခံစားလိုက်ရလေသည်။

"သခင်လေးဆူး... ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာတာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဆို တော့ အဲဒီတုန်းက တကယ်တမ်း ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ပြောပြပါလား..."

ဆူးတိုက်သည် ခါးသီးစွာ ပြုံးလိုက်လေ၏။

"မင်း မသိဘူးလား..."

ကောင်းယွမ် ခေါင်းခါပြလိုက်လေသည်။

"ဟား... ကောင်းမိသားစုက ကလေးတွေ မသိတဲ့ ကိစ္စဆိုတာ ရှိသေးတယ်ပေါ့... နေအဖွဲ့အစည်းက တကယ်တော့ စမ်းသပ်ကွင်း တစ်ခုပဲဆိုတာ မင်း သိလား..."

ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။

ကောင်းချိုးက နေအဖွဲ့အစည်းအတွင်းမှာ ပိတ်ဆို့ခံထားရကြောင်းကိုသာ ယခင်က အကြမ်းဖျင်း ပြောပြ ခဲ့ဖူးလေသည်။ သို့သော် သူသည် အသေးစိတ် အချက်အလက်များအထိ ပြောပြခဲ့ခြင်း မရှိပေ။

"မင်း ဒီအကြောင်းကို သိထားပြီးမှတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာတုန်းက လူသားတွေဟာ လေးဖက် မြင် အာကာသ အပိုင်းအစ တစ်ခုကို ရရှိခဲ့တယ် ဆိုတာကိုလည်း သိထားသင့်တယ်... မှတ်တမ်းတွေအရ အဲဒီခေတ်က ထိပ်တန်း သိပ္ပံပညာရှင်တွေဟာ အဲဒီ အပိုင်းအစကနေ အလင်းထက်မြန်တဲ့ တွန်းကန်အား အင်ဂျင်နဲ့ အာကာသ ခုန်ပျံကူးသန်းနိုင်တဲ့ နည်းပညာကို တီထွင်နိုင်ခဲ့ကြတယ်..."

"ရိုးရိုးရှင်းရှင်း ပြောရရင် လေးဖက်မြင် အာကာသရဲ့ ဂုဏ်သတ္တိတွေကို အသုံးချပြီး ဆန့်ကျင်ဘက် ဒြပ်ထုကို စွမ်းအင်အရင်းအမြစ်အဖြစ်နဲ့ အမှောင်ဒြပ်ထုကို တည်ငြိမ်စေတဲ့ အရာအဖြစ် အသုံးပြုတာ ပေါ့... အရာအားလုံးသာ အဆင်ပြေခဲ့ရင် အာကာသ ခုန်ပျံကူးသန်းနိုင်တဲ့ အာကာသယာဉ် တစ်စင်းကို တည်ဆောက်နိုင်ပြီး နေအဖွဲ့အစည်းကနေ ထွက်ခွာနိုင်မှာပေါ့..."

ကောင်းယွမ်သည် အလွန်အမင်း အံ့အားသင့်သွားခဲ့ရပေသည်။

*ဒီလို ဖြစ်ခဲ့တာလား…* ဟု သူတွေးလိုက်မိ၏။

"ဒါဆို ဘယ်လိုလုပ်ပြီး ကျရှုံးသွားခဲ့တာလဲ..."

"ငါတို့ မကျရှုံးခဲ့ပါဘူး... အဲဒါက ငါတို့ အရမ်းကို အောင်မြင်သွားခဲ့လို့ ဖြစ်ရတာပဲ..."

ဆူးတိုက်က ရယ်မောလိုက်လေသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"အဲဒါက တကယ်ကို ကြီးမားတဲ့ အောင်မြင်မှုကြီး တစ်ခုပါပဲ... လူသားတွေဟာ အာကာသ ခုန်ပျံကူး သန်းခြင်း စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ကြပြီး ကမ္ဘာမြေကနေ ကိုင်ပါခါးပတ်ဆီကို အောင်မြင်စွာ ခုန်ပျံ ကူးသန်းနိုင်ခဲ့ကြတယ်... ဒါပေမဲ့ အဲဒီ ခုန်ပျံကူးသန်းမှုကပဲ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ဖျက်ဆီးပစ် လိုက်တာလေ..."

ကောင်းယွမ် သိပ်ပြီး နားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။

"ဘာဖြစ်လို့လဲ..."

"ဘာလို့လဲဆိုတော့ နေအဖွဲ့အစည်း ကိုယ်တိုင်က စမ်းသပ်ကွင်း တစ်ခု ဖြစ်နေလို့ပဲလေ... စမ်းသပ်ကွင်း ထဲမှာ နေရာလွတ် တုန်ခါမှုတွေ ဖြစ်ပေါ်လာပြီး မကြာခင်မှာပဲ နေအဖွဲ့အစည်း ပတ်လည်မှာ ကြယ်မုန် တိုင်း တစ်ခု ပေါ်လာခဲ့တယ်... မုန်တိုင်း ငြိမ်သက်သွားပြီးနောက်တော့ လေးဖက်မြင် အာကာသ အပိုင်း အစတွေက ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားခဲ့ပြီး နေအဖွဲ့အစည်း ပတ်လည်မှာ အလွန် ပြင်းထန်တဲ့ အပူချိန်ရှိတဲ့ စကြဝဠာ ရောင်ခြည်ဖြာထွက်မှု ဇုန်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်... တစ်ချိန်တည်းမှာပဲ လူသားတွေရဲ့ အခြေခံ သိပ္ပံကလည်း ပိတ်လှောင်ခံလိုက်ရတော့တာပါပဲ..."

ကောင်းယွမ် တွေးတောနေမိလေသည်။

"သခင်လေးဆူး... ခင်ဗျား ပြောနေတာတွေက ခန့်မှန်းချက်တွေ သက်သက်ပါပဲ... ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ ကိစ္စနဲ့လည်း ဘာမှ မသက်ဆိုင်ဘူးလေ..."

"မဟုတ်ဘူး... အဲဒါတွေက ဆက်စပ်နေပါတယ်... ငါ ဆက်ပြောပါရစေ... အဲဒီအချိန်တုန်းက ဘာကိုမှ သက်သေပြဖို့ မဖြစ်နိုင်ခဲ့ဘူး... အားလုံးက စမ်းသပ်မှုမှာ ချို့ယွင်းချက် တစ်ခုခု ရှိနေပြီး ကြယ်မုန်တိုင်း က တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲလို့ ထင်ခဲ့ကြတာ... သိပ္ပံပညာရှင်တွေ အားလုံးက စိတ်ဓာတ်မကျဘဲ သူတို့ရဲ့ သုတေသနတွေကို ဆက်လုပ်ခဲ့ကြတယ်... လေးဖက်မြင် အာကာသ အပိုင်းအစ ပျောက်ကွယ် သွားခဲ့ပေမယ့် ငါတို့က လေးဖက်မြင် အာကာသ ဥပဒေသရဲ့ အစွန်းတစ်ဖက်ကို ထိတွေ့နိုင်ခဲ့ပြီလေ..."

"နှစ်ပေါင်း ငါးဆယ်ကြာ သုတေသန လုပ်ပြီးနောက်တော့ လူသား သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့ ကိုယ် ပိုင် စွမ်းရည်နဲ့ အာကာသ ခုန်ပျံကူးသန်းမှုကို သယ်ဆောင်ပေးနိုင်မယ့် အာကာသ ဟင်းလင်းပြင်လှိုဏ် ခေါင်းကို နောက်တစ်ကြိမ် ဖန်တီးနိုင်ခဲ့ကြတယ်... ဟင်းလင်းပြင်လှိုဏ်ခေါင်း စမ်းသပ်မှု အောင်မြင်သွား တာနဲ့ တစ်ပြိုင်နက်တည်း စကြဝဠာကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့တယ်..."

ဤအချိန်တွင် ဆူးတိုက်သည် စာသင်ကြားနေသော ဆရာတစ်ဦးနှင့် တူနေခဲ့ပေသည်။

"မင်း သိလား... ကောင်းယွမ်... အဲဒါက ကမ္ဘာပျက်မယ့် မြင်ကွင်းမျိုးပဲ... နေမင်းကြီးက အလျင်အမြန် ကြီးထွားလာပြီး စကြဝဠာ ရောင်ခြည်တွေက ပုံမှန် မဟုတ်တော့ဘူး... ပြီးတော့ ကမ္ဘာမြေရဲ့ အပူချိန်က လည်း အမြင့်ဆုံးအထိ မြင့်တက်လာခဲ့တယ်... လူသား ခေါင်းဆောင်တွေက လူသားတွေကို အာကာသ နည်းပညာ သုတေသန ဆက်လုပ်တာကနေ တင်းကျပ်စွာ တားမြစ်ထားတဲ့ 'နတ်ဘုရား ညွှန်ကြားချက်' တစ်ခုကို လက်ခံရရှိခဲ့တယ်လေ..."

ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။

*နတ်ဘုရား ညွှန်ကြားချက် ဟုတ်လား...*

*ဒီကမ္ဘာက နည်းပညာကမ္ဘာ ဖြစ်ရမှာ မဟုတ်ဘူးလား… ဒီနေရာမှာ နတ်ဘုရား ညွှန်ကြားချက် ဆိုတာ မျိုး ဘယ်လိုလုပ် ရှိနေရတာလဲ….* ဟု သူ တွေးလိုက်မိ၏။

"ဆူးတိုက်... ခင်ဗျား အရက်သောက်ထားလို့ စိတ်ကူးယဉ်နေတာလား... နတ်ဘုရား ညွှန်ကြားချက် ဆိုတာက ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."

"အဲဒါက သေချာပေါက် နတ်ဘုရား ညွှန်ကြားချက်ပေါ့... သူတို့ရဲ့ ယဉ်ကျေးမှုက လူသားတွေထက် အဆ ပေါင်းများစွာ သာလွန်နေပြီး နေအဖွဲ့အစည်း တစ်ခုလုံးကို စမ်းသပ်ကွင်းအဖြစ် အသုံးပြုနေတာလေ... သူတို့က နတ်ဘုရားတွေ မဟုတ်ဘူးလား... အဲဒီ ဘေးအန္တရာယ်ကြီး ဖြစ်ပွားနေစဉ်အတွင်းမှာ လူသား တွေရဲ့ ထိပ်တန်း သိပ္ပံပညာရှင်တွေက အရေးကြီးတဲ့ သတင်းအချက်အလက် အများအပြားကို ဖော် ထုတ်နိုင်ခဲ့တယ်... ဒါပေမဲ့... သူတို့ ပိုသိလေလေ ပိုပြီး မျှော်လင့်ချက်မဲ့လေလေ ဖြစ်လာခဲ့ရတယ်..."

"ဆူးတိုက်... ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလောက် အများကြီး သိနေရတာလဲ..."

"ဟားဟား... ငါက ဆူးမူယန်ရဲ့ သားလေ... ငါက လုံးဝ အသုံးမကျတဲ့သူ ဖြစ်နေရင်တောင် သမိုင်းကို တော့ လေ့လာရမှာပေါ့... အောက်ဆီဂျင် ဆိုတာက တကယ်တော့ အဆိပ်ငွေ့ ဆိုတာ မင်း သိလား... နေအဖွဲ့အစည်း အပြင်ဘက်က ဉာဏ်ရည်မြင့် သက်ရှိအားလုံးက အောက်ဆီဂျင်ကို အသုံးမပြုကြဘူး လေ... အဆင့်မြင့်ယဉ်ကျေးမှုက အောက်ဆီဂျင် ပြည့်ဝနေတဲ့ အခြေအနေအောက်မှာ ဉာဏ်ရည်မြင့် သက်ရှိတွေ တကယ် ပေါ်ပေါက်လာနိုင်မလား ဆိုတာနဲ့ ဒီသက်ရှိတွေရဲ့ ဆင့်ကဲဖြစ်စဉ်က ဘယ်နေရာမှာ အဆုံးသတ်သွားမလဲ ဆိုတာကို ကြည့်ဖို့ ဒီစမ်းသပ်ကွင်းကို ဖန်တီးခဲ့ကြတာ..."

ဤသတင်းက ကောင်းယွမ်ကို တုန်လှုပ်သွားစေခဲ့လေသည်။

ကမ္ဘာမြေပေါ်ရှိ သက်ရှိများ မှီခိုနေရသော အောက်ဆီဂျင်သည် အဆိပ်ငွေ့ ဖြစ်နေသည်လား ဟု သူ တွေးလိုက်မိ၏။

"သံသယ ဝင်မနေပါနဲ့... အဲဒါက တကယ်ကို အဆိပ်ငွေ့ပါပဲ... လူသား သိပ္ပံပညာရှင်တွေက အချက် အလက် အနည်းငယ်ကိုသာ ဖော်ထုတ်နိုင်ခဲ့ပေမယ့် အပြင်ဘက်က ဉာဏ်ရည်မြင့် သက်ရှိတွေဟာ သက်တမ်း ထောင်ပေါင်းများစွာ ရှိပြီး မျိုးပွားဖို့ အရမ်း ခက်ခဲကြောင်းကို အဲဒီ အချက်အလက်တွေက ပြသနေတယ်..."

"အောက်ဆီဂျင် ပေါများတဲ့ ကမ္ဘာမြေပေါ်မှာ ပေါ်ပေါက်လာတဲ့ ပထမဆုံးသော အောက်ဆီဂျင်ကို နှစ် သက်တဲ့ ဉာဏ်ရည်မြင့် သက်ရှိကတော့ လူသားတွေပဲလေ... သူတို့မှာ ရှည်လျားတဲ့ သက်တမ်း မရှိ ပေမယ့် ပြိုင်ဘက်ကင်းတဲ့ မျိုးပွားနှုန်း ရှိနေတယ်... အခု လူသားဦးရေက သန်းပေါင်း ငါးသောင်းကျော် ဘာလို့ ရှိနေလဲဆိုတာ မင်း သိလား..."

ကောင်းယွမ်သည်လည်း အနည်းငယ် တွေဝေသွားခဲ့လေ၏။ ပုံမှန် မွေးဖွားနှုန်းအရဆိုလျှင် လွန်ခဲ့သော နှစ်တစ်ထောင်က ဘီလီယံအနည်းငယ်မျှသာ ရှိခဲ့ခြင်း ဖြစ်သည်။ အဆင့်မြင့် နည်းပညာများနှင့်ပင် နှစ်တစ်ထောင် ကြာပြီးနောက် ထိုအရေအတွက်၏ နှစ်ဆ သို့မဟုတ် သုံးဆသာ တိုးလာရန် ကန့်သတ် ချက် ရှိပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လူ့အဖွဲ့အစည်း ပိုမို ဖွံ့ဖြိုးတိုးတက်လေလေ ၎င်း၏ မွေးဖွားနှုန်း ပိုမို ကျဆင်း လေလေ ဖြစ်ကြောင်း အချက်အလက်များက ပြသနေသည် မဟုတ်ပါလား။

All Chapters