← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇) ကမ္ဘာမြေ၏ အတိတ် (၂)

"အဲဒါက သဘာဝအလျောက် ဖြစ်လာတာ မဟုတ်ဘဲ ငါတို့ရဲ့ သခင်တွေက ဖန်တီးထားခဲ့တာလေ... လူ သားတွေရဲ့ ကန့်သတ်ချက်မရှိတဲ့ မျိုးပွားနှုန်းက ဘယ်လောက်အထိ မြန်ဆန်နိုင်မလဲဆိုတာကို သူတို့က ကြည့်ချင်ခဲ့ကြတာ... ဇီဝနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ လူသားတွေရဲ့ သက်တမ်းကလည်း နှစ်ပေါင်း နှစ်ရာနီးပါးအထိ သိသိသာသာ တိုးလာတဲ့အခါ လူဦးရေက အလျင်အမြန် တိုးပွားလာခဲ့ တယ်လေ..."

"လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အဲဒီအချိန်က လူသား ခေါင်းဆောင်တွေဟာ လူတွေကို အကျဉ်းချ ထားဖို့နဲ့ အခြေခံ လုံခြုံရေး ကွန်ရက်တစ်ခု ပံ့ပိုးပေးဖို့ သဘောတူညီချက် ရယူခဲ့ကြတယ်... ဒီနည်းလမ်း က မွေးဖွားနှုန်းကို ထိရောက်စွာ လျှော့ချပေးနိုင်လိမ့်မယ်လေ... တစ်ချိန်တည်းမှာပဲ ပိုပြီး အရေးကြီးတဲ့ အကြောင်းရင်း တစ်ခုလည်း ရှိနေသေးတယ်..."

"လူသားတွေဟာ အရမ်းကို ရည်မှန်းချက် ကြီးမားနေလို့ မရဘူး... လူဦးရေ သန်းပေါင်း ငါးသောင်း ရှိနေ ရင် ဉာဏ်ကြီးရှင်တွေဆိုတာ အမြဲတမ်း ပေါ်ထွက်လာစမြဲပဲ... အကယ်၍ အဲဒီ ဉာဏ်ကြီးရှင်တွေကများ အာကာသ ရူပဗေဒကို စိတ်ဝင်စားသွားခဲ့ရင် လူသားမျိုးနွယ်အတွက် ကမ္ဘာပျက်မလောက် ကြီးမားတဲ့ ဘေးအန္တရာယ်ကြီးကို ဖြစ်စေနိုင်တယ်..."

"ဒါကြောင့် အထက်လူကြီးတွေက လိမ်လည်မှုတစ်ခု ဖန်တီးပြီး လူသားအားလုံးကို စတင် အကျဉ်းချ ထားခဲ့ကြတာပေါ့... ဒါပေမဲ့ အဲဒီအချိန်တုန်းက အထက်လူကြီးတချို့က ဒီလို သက်တမ်းရှည်အောင် နေနေရမယ့်အစား စွန့်စားကြည့်တာက ပိုကောင်းမယ်လို့ ခံစားခဲ့ကြတယ်... အဲဒီလူကတော့ အဲဒီအချိန် က လူသားဖယ်ဒရေးရှင်းရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ကောင်းဆွမ်ပဲ... ဒါပေမဲ့ သူ့ကို အကြီးအကဲက ဖိနှိပ်ထားခဲ့ပြီး သူ့ရဲ့ ရူးသွပ်တဲ့ အကြံအစည်ကို ဘယ်သူကမှ ထောက်ခံမပေးခဲ့ကြဘူး..."

ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။

"ဒါဆို ကောင်းချိုးက အာဏာရလာပြီးနောက်မှာ သူ့အဖေရဲ့ နောက်ဆုံး ဆန္ဒတွေကို အကောင်အထည် ဖော်ဖို့ ကြံစည်ခဲ့တာပေါ့..."

"အစပိုင်းမှာတော့ မဟုတ်ပါဘူး... လူသား အဖွဲ့အစည်းကြီး သုံးခုက နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် ခဲ့ကြတာလေ... နှစ်ပေါင်းများစွာကြာအောင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနဟာ ထိပ် တန်း သိပ္ပံပညာရှင်တွေကို ဖိနှိပ်ဖို့၊ ပြည်သူ့သဘောထားကို ထိန်းချုပ်ဖို့နဲ့ နေအဖွဲ့အစည်းကို ဖွံ့ဖြိုးတိုး တက်အောင် လုပ်ဆောင်ဖို့ တာဝန်ယူခဲ့ရတယ်... ငါတို့က အရမ်းကို စကားနားထောင်ကြောင်း ငါတို့ရဲ့ သခင်တွေကို ပြသနေခဲ့တာပဲ..."

ဆူးတိုက်က ဆက်ပြောလေ၏။

"လူသားဖယ်ဒရေးရှင်းနဲ့ လွှတ်တော်က တဖြည်းဖြည်း ဘေးဖယ်ခံလာရတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်ကတည်းက မင်းရဲ့ အဘိုး ကောင်းချိုးဟာ အာဏာသိမ်းဖို့ စတင် ကြံစည်ခဲ့တယ်... ဒီအရာ က ပုံမှန်ပါပဲ... နိုင်ငံရေး တိုက်ပွဲတစ်ခုလေ... "

"နေအဖွဲ့အစည်းထဲမှာ ပိတ်မိနေတယ် ဆိုပေမယ့် ဘယ်သူကများ အာဏာကို မထိန်းချုပ်ချင်ဘဲ နေမှာ လဲ... ဒီနှစ်တွေတစ်လျှောက်လုံး မင်းရဲ့ အဘိုး၊ မင်းရဲ့ အဖေတို့နဲ့ ဖြစ်နေတဲ့ ဆက်ဆံရေးဟာ အာဏာလုပွဲ တစ်ခုပဲလို့ ငါ့အဖေက အမြဲတမ်း ထင်ခဲ့တာ... "

"မင်းက လူသားတွေရဲ့ အထွေထွေ လမ်းကြောင်းကို ပြောင်းလဲဖို့ အမှန်တကယ် ကြိုးစားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး... ငါ့အဖေ အင်္ဂါဂြိုဟ်ကို ရောက်သွားပြီးနောက်မှာ သူက စပြီး ဆဲဆို တော့တာပဲ... မင်းရဲ့ အဘိုးက လူသားတစ်ရပ်လုံးကို ဖျက်ဆီးပစ်ချင်နေတာလို့ သူက ပြောတယ်..."

"လူ့အဖွဲ့အစည်း အောက်ခြေက လူအမြောက်အမြားဟာ ထိန်းချုပ်လို့ မရတော့တဲ့အခါ အာကာသ နည်းပညာကို သုတေသန လုပ်ဖို့ဆိုတာ ရှောင်လွှဲလို့ မရနိုင်တော့ဘူး... ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း သခင်တွေက နေအဖွဲ့အစည်း တစ်ခုလုံးကို ဖျက်ဆီးပစ်ကြလိမ့်မယ်... ဘာပဲဖြစ်ဖြစ် စမ်းသပ်ခံရသူတွေဟာ ဆက်တိုက်ဆိုသလို ထိန်းချုပ်မှုကနေ လွတ်ကင်းသွားနိုင်တဲ့ အန္တရာယ် ရှိလာတဲ့ အခါ အကောင်းဆုံး ဖြေရှင်းနည်းက ဖျက်ဆီးပစ်လိုက်တာပဲလေ..."

ကောင်းယွမ်၏ ဦးနှောက်မှာ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရလေသည်။

လူသားများသည် အဆင့်မြင့်ယဉ်ကျေးမှု၏ စမ်းသပ်ကွင်း တစ်ခုဖြစ်ပြီး စကြဝဠာအတွင်း အောက်ဆီ ဂျင် လိုအပ်သော တစ်ခုတည်းသော ဉာဏ်ရည်မြင့် သက်ရှိများ ဖြစ်နေခဲ့ပေသည်။

လူသားများကို အကျဉ်းချထားရန် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ ဆုံးဖြတ်ချက်မှာ အဲဒီအချိန်က ခေါင်းဆောင်တစ်ရပ်လုံး၏ သေချာစွာ စဉ်းစားချင့်ချိန်မှု ရလဒ်ပင် ဖြစ်လေ၏။

ကောင်းမိသားစုသည် စည်းမျဉ်းများကို ဖောက်ဖျက်ခဲ့သူများ ဖြစ်လေသည်။

ကောင်းယွမ်၏ စိတ်ထဲတွင် ဗြောင်းဆန်နေခဲ့ပေသည်။

"ဆူးတိုက်... ကမ္ဘာမြေပေါ်မှာ သတ္တုတူးဖော်လို့ ဘာလို့ မရတာလဲဆိုတာ ခင်ဗျား သိလား..."

"ဘာလို့လဲ ဟုတ်လား... ရိုးရှင်းပါတယ်... ကမ္ဘာမြေဟာ လူသားတွေရဲ့ အခြေစိုက်စခန်း ဖြစ်တဲ့အတွက် သူ့ရဲ့ သခင်တွေက ပိတ်လှောင်ထားခဲ့လို့ပဲလေ... သက်ရှိတွေကလွဲရင် ကမ္ဘာမြေပေါ်က ဒြပ်စင် အားလုံး ဟာ သူတို့ရဲ့ ဂုဏ်သတ္တိတွေကို ပြောင်းလဲပစ်လို့ မရနိုင်ဘူး... တစ်နည်းအားဖြင့် ပြောရရင် အဲဒါတွေကို ကျိုချက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး... ဒါကြောင့်မို့လို့ ငါတို့ရဲ့ စက်မှုလုပ်ငန်းတွေ၊ သတ္တုတွင်းတွေနဲ့ သုတေ သန ဓာတ်ခွဲခန်းတွေ အားလုံးကို ပြောင်းရွှေ့ခဲ့ရတာပေါ့..."

...

ကမ္ဘာမြေ၏ အတိတ်နှင့် ပတ်သက်၍ ဆူးတိုက်၏ အမြင်ကို နားထောင်ပြီးနောက် ကောင်းယွမ်၏ စိတ် ထဲတွင် ရှုပ်ထွေး ဗြောင်းဆန်သွားခဲ့လေတော့သည်။

ဆူးတိုက်၏ စကားများတွင် ကိုယ်ပိုင် ဘက်လိုက်မှု အချို့ ပါဝင်နေလျှင်တောင်မှ ဤမျှ အရေးကြီးသော ကိစ္စရပ်မှာ အခြေခံအားဖြင့် အမှန်တကယ်ပင် ဖြစ်သင့်ပေသည်။

၎င်း၏ အဓိပ္ပာယ်မှာ ကောင်းချိုးသည် အာကာသ ဆုံမှတ်ကို ရှာဖွေတွေ့ရှိပြီးနောက် သူ၏ အစီအစဉ် များကို စတင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်မှာ အနှစ်နှစ်ဆယ်တိုင်တိုင် ကြာမြင့်ခဲ့ကာ သူကိုယ်တိုင် မှာလည်း သူ၏ မဟာဗျူဟာတွင် အဓိကကျသော အချက်ဖြစ်နေခဲ့ခြင်းပင် ဖြစ်လေ၏။

အခြားကမ္ဘာတစ်ခုတွင် သူတို့သည် သခင်၏ ပိတ်လှောင်မှုကို ဖျက်ဆီးကာ အပြင်ဘက်မှနေ၍ ဖောက် ထွက်ကြခြင်း ဖြစ်ပေသည်။

ကမ္ဘာနှစ်ခုလုံးမှ ပူးပေါင်း၍ လွတ်မြောက်နိုင်ရန် လက်ရှိကမ္ဘာ၏ စွမ်းအင်ကို အသုံးပြုကြခြင်း ဖြစ်လေ သည်။

ယခုအခါ ကောင်းယွမ်သည် စကြဝဠာနှင့် ပတ်သက်သော သိပ္ပံပညာရှင်များ၏ သုတေသနများကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်ပေသည်။

သိပ္ပံပညာရှင် အများအပြားသည် ကမ္ဘာမြေကို အဘယ်ကြောင့် အထူးခြားဆုံး ဂြိုဟ်အဖြစ် သတ်မှတ် ထားကြသနည်း။

လှပသော ပတ်ဝန်းကျင်ရှိသည့် ဂြိုဟ်များစွာတွင် ဉာဏ်ရည်မြင့် သက်ရှိများ မရှိသည်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် လေ့လာတွေ့ရှိရသနည်း။

တကယ်တော့...လူသားများသည် ထူးခြားစွာ ကွဲလွဲနေသူများ ဖြစ်နေခဲ့ခြင်းဖြစ်ပေသည်။

အောက်ဆီဂျင် မလိုအပ်သော သက်ရှိများကသာ အဓိက ဇာတ်ကောင်များ ဖြစ်ကြလေ၏။

အကယ်၍ အောက်ဆီဂျင်ကိုပင် မလိုအပ်ဘူးဆိုပါက ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် နေထိုင်မှုပုံစံမှာ လူသားများ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေမည် ဖြစ်ပေသည်။

ဤအရာက လူသားများ ကိုယ်တိုင်၏ ကန့်သတ်ချက် တစ်ခုပင် ဖြစ်လေသည်။ လူသားများသည် အောက်ဆီဂျင် လိုအပ်သောကြောင့် ပြင်ပကမ္ဘာမှ သက်ရှိများသည်လည်း အောက်ဆီဂျင် လိုအပ်မည် ဟု ပင်ကိုယ်အသိစိတ်အရ ယူဆထားကြခြင်း ဖြစ်ပေသည်။

၎င်းက ဤနှစ်များတစ်လျှောက်လုံး ပြင်ပကမ္ဘာမှ သက်ရှိများကို လေ့လာခြင်းမှ လူသားမျိုးနွယ်အတွက် မည်သည့်အရာကိုမျှ မရရှိစေခဲ့သည့် ရလဒ်ကို ဖြစ်ပေါ်စေခဲ့လေ၏။

ပတ်ဝန်းကျင် ဧရိယာအတွင်းတွင် ပြင်ပကမ္ဘာမှ သက်ရှိများကို မတွေ့ရှိရသော်လည်း ဂြိုဟ်သား အာကာသယာဉ်များကို မကြာခဏ မြင်တွေ့ရတတ်ပေသည်။

ဤအရာက မဖြစ်နိုင်သော အရာတစ်ခုပင် ဖြစ်လေသည်။

အကယ်၍ ပြင်ပကမ္ဘာမှာ သက်ရှိတွေ မရှိဘူး ဆိုရင် အာကာသယာဉ်က သူ့အလိုလို ပေါ်ပေါက်လာခဲ့ ခြင်းလား…။

အကယ်၍ အာကာသယာဉ်များ ရှိနေသည်ဆိုပါက ပြင်ပကမ္ဘာမှ သက်ရှိများကို အဘယ်ကြောင့် မထောက်လှမ်းနိုင်ခဲ့ကြပါသနည်း။

တကယ်တော့ ပြင်ပကမ္ဘာမှ သက်ရှိများသည် ကျွန်ုပ်တို့နှင့် ကွာခြားနေခဲ့ခြင်း ဖြစ်ပေသည်။ သူတို့သည် ကျောက်တုံးများသာ ဖြစ်နိုင်သလို သူတို့၏ ခန္ဓာကိုယ်များမှာ ဖောက်ထွင်းမြင်နိုင်ခြင်းမျိုးလည်း ဖြစ်နိုင် ကာ စကြဝဠာအတွင်း လွတ်လပ်စွာ သွားလာနိုင်စွမ်း ရှိကြခြင်းလည်း ဖြစ်နိုင်လေသည်။

ကောင်းယွမ်သည် တိကျသော အသေးစိတ် အချက်အလက်များကို မသိရှိသော်လည်း သူ အလွန်အမင်း တုန်လှုပ်သွားခဲ့ရပေသည်။

"သခင်လေးဆူး... ခင်ဗျား သိလား..."

ကောင်းယွမ်သည် မေးခွန်းများ ထပ်မေးလိုသေးသော်လည်း သူ၏ရှေ့ရှိ ပုံရိပ်ယောင် မျက်နှာပြင်မှ တစ်ဆင့် ဆူးတိုက်သည် အရက်များ အလွန်အကျွံ သောက်ထားသဖြင့် အိပ်မောကျသွားပြီဖြစ်ကာ မှန်မှန် အသက်ရှူနေသည်ကို မြင်တွေ့လိုက်ရလေသည်။

ကောင်းယွမ် သက်ပြင်းချလိုက်ပြီး ဦးနှောက်ချိတ်ဆက်မှုကွန်ရက်ကို ဖြတ်တောက်လိုက်လေ၏။

ဤတစ်ကြိမ်တွင်မူ မည်သည့် ဦးတည်ချက်ဆီသို့ ကြိုးစားအားထုတ်ရမည်ကို အနည်းဆုံးတော့ သူ သိရှိသွားခဲ့ပြီ ဖြစ်ပေသည်။

ထိုလေးဖက်မြင် နျူထရွန်ကို ထိုလေးဖက်မြင် အာကာသ အပိုင်းအစမှ ထုတ်ယူခဲ့ခြင်း ဖြစ်သင့် ပေသည်။

အကယ်၍ ထိုသို့သာဆိုလျှင် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနသည် တကယ်တမ်း၌ လူဆိုး များ မဟုတ်ကြပေ။

သို့သော် သူတို့သည် အစကတည်းက ဗက်စတာကို အဘယ်ကြောင့် ပစ်မှတ်ထားခဲ့ကြသနည်း။ ၎င်းမှာ မေးခွန်းတစ်ခုပင် ဖြစ်လေ၏။

ဆူးတိုက် ယခု အိပ်ပျော်နေပြီဖြစ်ရာ နောက်မှသာ သူ့ကို မေးရတော့မည် ဖြစ်လေသည်။ ကောင်းယွမ် သည် လင်းရှောင်အား နှုတ်ဆက်ပြီးနောက် လက်ရှိကမ္ဘာသို့ ပြန်လာခဲ့ပေသည်။

ကိစ္စရပ်များကို အရှိန်မြှင့်တင်ရန် လိုအပ်နေခဲ့ပြီ ဖြစ်လေ၏။

သူ့တွင် တာဝန်နှစ်ခု ရှိလေသည်။ တစ်ခုမှာ ကမ္ဘာမြေ၏ နည်းပညာအဆင့်အတန်းကို တိုးတက်စေရန် ဖြစ်ပြီး နောက်တစ်ခုမှာ လေးဖက်မြင် နျူထရွန်ကို သုတေသန ပြုလုပ်ရန်ပင် ဖြစ်ပေသည်။

ကောင်းယွမ်က အကယ်၍ ဤတစ်ကြိမ်တွင် အာကာသ ခုန်ပျံကူးသန်းခြင်းကို လုပ်ဆောင်ရန် အခွင့် အရေး ရရှိပါက သခင်၏ စောင့်ကြည့်မှုမှ လွတ်မြောက်နိုင်စေရန်အတွက် ၎င်း၏ ပထမဆုံး စမ်းသပ်မှု အဖြစ် နေအဖွဲ့အစည်း၏ အပြင်ဘက်သို့ ခုန်ပျံသွားမည်ဟု ခန့်မှန်းထားလေ၏။

သို့မဟုတ်ပါက အာကာသ ခုန်ပျံကူးသန်းခြင်း စွမ်းရည် ရှိနေသရွေ့ အနာဂတ်တွင် ပိတ်ပင်ခံရမည် ဆို လျှင်တောင်မှ အနည်းဆုံးတော့ လွတ်မြောက်နိုင်စွမ်း ရှိနေမည်သာ ဖြစ်ပေသည်။

သခင်များနှင့် ပတ်သက်၍ သူတို့၏ နည်းပညာမှာ အလွန်အမင်း အဆင့်မြင့်မားကာ လူသားများ၏ စိတ် ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီး သူတို့သည် အလွန်ရှည်လျားသော သက်တမ်းရှိသည့် အောက်ဆီ ဂျင် မလိုအပ်သော သက်ရှိများ ဖြစ်ကြောင်းကိုသာ ဆူးတိုက်က ပြောပြခဲ့လေသည်။

ယခုအခါ ကောင်းယွမ်သည် ကမ္ဘာ့ထိပ်တန်း အာကာသ ရူပဗေဒ သိပ္ပံပညာရှင်များကို ခေါ်ယူရန် ရည် ရွယ်ထားသည့် ထိပ်တန်း လျှို့ဝှက် ဓာတ်ခွဲခန်း တစ်ခုဖြစ်သော 'အာကာသ ရူပဗေဒ ဓာတ်ခွဲခန်း' တည် ထောင်ရေးအတွက် ချက်ချင်း ပြင်ဆင်ရန် လိုအပ်နေခဲ့ပြီ ဖြစ်လေ၏။

ကမ္ဘာပေါ်ရှိ သတင်းအချက်အလက် အားလုံးကို စိစစ်ရန်နှင့် လူများကြားတွင် ပုန်းကွယ်နေသော တ ကယ့် ထိပ်တန်း ပုဂ္ဂိုလ်များကို ရှာဖွေရန်အတွက် ကောင်းယွမ်သည် ရှုရီအား အင်တာနက်ထဲသို့ လွှတ် ကာ အမှောင်ကွန်ရက်၏ အတွင်းပိုင်းအထိ စေလွှတ်လိုက်လေသည်။

အချို့သော ထိပ်တန်း ပုဂ္ဂိုလ်များကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ရန် လိုအပ်နိုင်ပြီး အကယ်၍ ၎င်းမှာ မဖြစ်နိုင်ပါက အခြားသော နည်းလမ်းများကို အသုံးပြုရမည် ဖြစ်ပေသည်။

ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် အရောင်းမြှင့်တင်ရေးတို့အတွက်မူ ကျန်းပိုင်ရီအပေါ်တွင်သာ မူတည်နေလေ၏။

ငွေကြေးက အရေးမကြီးပေ။ ယခု သူ၏ လက်ထဲတွင် အာကာသစစ်သင်္ဘော ရှိနေပြီဖြစ်ရာ သူ လို ချင်သမျှကို ယူလိုက်ရုံပင် ဖြစ်လေသည်။

ကောင်းယွမ်သည် အာကာသ ဓာတ်လှေကား တည်ဆောက်ရန် ပြင်ဆင်နေစဉ်မှာပင်...၊

ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုကြီးမှာ တဖြည်းဖြည်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေတော့ သည်။

ကူးစက်ရောဂါသည် ကမ္ဘာတစ်ဝန်းသို့ ပြန့်နှံ့သွားခဲ့ပြီး ကောက်ပဲသီးနှံ အားလုံးနီးပါးကို ဖျက်ဆီးပစ်ကာ အစားအစာ စစ်ပွဲကြီးတစ်ခုကို တရားဝင် စတင်လိုက်ပြီး ရှနိုင်ငံ အပြင်ဘက်ရှိ နိုင်ငံအားလုံးကို လျင်မြန် စွာ လွှမ်းခြုံသွားခဲ့ပေတော့သည်။

အစားအစာ မရှိသူများသည် စစ်ပွဲမှတစ်ဆင့် ၎င်းကို လုယူရန် လိုအပ်လာပြီး အစားအစာ ရှိသူများသည် ၎င်းကို ကာကွယ်ရန် စစ်ပွဲကို အသုံးပြုရန် လိုအပ်လာခဲ့လေသည်...။

ရှနိုင်ငံ တစ်နိုင်ငံတည်းကသာ ၎င်းတို့နှင့် မပတ်သက်ဘဲ ကျန်ရစ်နေခဲ့ခြင်းဖြစ်လေ၏။

အကြောင်းမှာ အခြားသူများကို လုယက်ခြင်းက သေဆုံးခြင်းသို့ ဦးတည်သွားနိုင်သော်လည်း ရှနိုင်ငံကို လုယက်ခြင်းကတော့ သေချာပေါက် သေဆုံးစေမည်ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသောကြောင့်ပင် ဖြစ်ပေသည်။

ရှနိုင်ငံ အစိုးရသည်လည်း ဆန်ရိက္ခာ ခွဲတမ်းချစနစ် တစ်ခုကို ထုတ်ပြန်ခဲ့လေသည်။ ယခုမှစ၍ ဆန်ရိ က္ခာ အားလုံးကို ခွဲတမ်းဖြင့် ပေးဝေမည် ဖြစ်ပေသည်။ ရှနိုင်ငံ နိုင်ငံသားတိုင်းသည် ၎င်းတို့၏ မှတ်ပုံ တင်ကတ်ကို အသုံးပြု၍ တစ်ပတ်လျှင် ဆန် ဆယ်ကျင်း ရရှိနိုင်မည် ဖြစ်လေ၏။ ဆန်ရိက္ခာ ဝယ်ယူ ခြင်းနှင့် ရောင်းချခြင်း ပါဝင်သည့် စီးပွားရေး လုပ်ငန်းများ အားလုံးကို ဈေးကွက်အတွင်း၌ တားမြစ်ပိတ် ပင်ထားခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် အာဏာပိုင်များသည် ရှနိုင်ငံ၏ ဆန်ရိက္ခာ အရန်သိုလှောင်မှုမှာ တစ်နိုင်ငံလုံးကို သုံးနှစ်တိုင်တိုင် ကျွေးမွေးရန် လုံလောက်ကြောင်း ပြည်သူများကို စိတ်ချစေခဲ့လေသည်။ လူတိုင်းကို မထိတ်လန့်ကြရန် တိုက်တွန်းထားပြီး ဆန်ရိက္ခာကို သိုလှောင်ခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်း ပြုလုပ်သူ မည်သူ့ကိုမဆို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်လေသည်။

All Chapters